YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mysterious Lotus Casebook 2023 E07 720p WEB-DL CM.mp4

273.61 MB 720p video/mp4 564 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Looop Lapeta
6.1

ဘောလိဝုဒ်ရုပ်ရှင်တွေမှကြိုက်ပါတယ်ဆိုတဲ့ CM ရဲ့ပရိတ်သတ်တွေအတွက် ဒီနေ့မှ အသစ်စက်စက်ထွက်ထားတဲ့ အိန္ဒိယရုပ်ရှင်ကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ မင်းသမီးကလဲ တာ့ပ်ဆီးပန်းနုဆိုတော့ သရုပ်ဆောင်ပိုင်းမှာလဲ အတော်လေး မိမိုက်နေတာကို မြင်ရဦးမှာပါ ဒီဇာတ်လမ်းက ပုံမှန်တွေ့နေကျ ဟာသဇာတ်လမ်းတွေနဲ့ မတူပဲ အတော်လေးထူးခြားတယ်ဗျ။ ရီရတယ်ဆိုတာထက် ရင်တဖိုဖိုနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတယ်ဆိုရင် ပိုမှန်မယ်။ ဆာဗီဆိုတဲ့ အပြေးအားကစားမယ်လေးနဲ့ ဆပ်သ်ရာက အပြန်အလှန်မေတ္တာမျှနေကြတာပေါ့။ သူတို့ရဲ့ တွေ့ဆုံပုံကလည်း တယ်ထူးဆန်းပါတယ်။ အပြေးမယ်လေး ဆာဗီဟာ မတော်တဆမှုကြောင့် သူ့ရဲ့အားကစားမယ်ဘဝကို အဆုံးသတ်ရဖို့ အကြောင်းဖန်လာတဲ့အခါ ဆာဗီတစ်ယောက် စိတ်ဓာတ်ကျပြီး ဆေးရုံခေါင်မိုးပေါ်ကနေ ခုန်ချမလို့လုပ်ခဲ့ပါတယ်။ အဲ့အချိန် ခေါင်မိုးထပ်မှာ ဆေးလိပ်လာသောက်တဲ့ ဆပ်သ်ရာက ဆာဗီကို ကယ်လိုက်ရာကနေ သူတို့နှစ်ဦး ဖူးစာဆုံခဲ့ကြတာပေါ့။ ဒီလိုနဲ့ပဲ နှစ်ဦးသား အလုပ်ကိုယ်စီလုပ်ရင်း အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ အဲ့ဒီနေ့ကို မရောက်ခင်အချိန်အထိပေါ့။ ဆာဗီက သူမမှာ ကိုယ်ဝန်ရှိကြောင်း ဆပ်သ်ရာဆီ ဖုန်းဆက်ပြောမဲ့နေ့မှာပဲ ဆပ်သ်ရာတစ်ယောက် ပြဿနာတစ်ခုကို အကြီးအကျယ် ရှာလိုက်ပါတော့တယ်။ အဲ့ဒါကတော့ ဆပ်သ်ရာက သူ့ရဲ့သူဌေး ဗစ်တာဆိုတဲ့ မာဖီးယားဂိုဏ်းချုပ်ရဲ့ ငွေ ၅ မီလီယံကို ဖျောက်လိုက်တာပါပဲ။ ဟော....မာဖီးယားခေါင်းဆောင်ဆီမှာ အသတ်ခံရတော့မယ့် သူ့ကောင်လေးကို ကယ်ဖို့ ဆာဗီခမျာ ပြေးလွှားရတော့တာပေါ့ဗျာ။ ဆပ်သ်ရာမွှေသမျှ အရှုပ်တွေကိုလိုက်ရှင်းရင်း ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲ။ တစ်ချိန်က သူ့အသက်ကို ကယ်တင်ခဲ့တဲ့ ဆပ်သ်ရာကိုရော ဆာဗီက သူ့အလှည့်မှာ ပြန်လည်ကယ်တင်နိုင်ပါ့မလား။ " ဘဝတစ်ခုပြောင်းလဲဖို့ နေ့ရက်လေးတစ်ရက်ပဲလိုတာ ဆာဗီ '' ဆပ်သ်ရာပြောနေကျ ဒီစကားအတိုင်း ဘဝတစ်ခုလုံး ဇောက်ထိုးမိုးမျှော်ပဲဖြစ်သွားမလား။ ရွှေဘုံပေါ်ရောက်ပြီး ကောင်းစားမလားဆိုတာကို မထင်မှတ်ထားတဲ့ လှည့်ကွက်တွေနဲ့ ဒီဇာတ်လမ်းမှာ အပီအပြင် ခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။ File size…2.8GB / 1.02Gb / 600MB Quality…1080p AAC 5.1CH / 720p NF WEB DL AAC 2.0CH / 720p HEVC Small Size Format…mp4 Duration….2h 11min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pwint & Shwe Pyae & HM & Haruko

Drama • Fantasy • Horror
6.1 2022 131 mins
Looop Lapeta
Kuttey
6.1

Kuttey (2023) IMDb-6.4/10 ဇိုးတွေကြားကပဋိပက္ခတွေ လှည့်ကွက်ပရိယာယ်တွေ ကြိုက်တဲ့ညိုကီတို့အတွက်ရုံတင်ဇာတ်ကားကောင်း သရုပ်ဆောင်စွမ်းရည်ကောင်းတယ်လို့ နာမည်ကြီးတဲ့ အာဂျွန်ကပူးလ်နဲ့ Drishyam ထဲကရဲမေမင်းသမီးကြီးက ဒီထဲမှာလည်းရဲမေအဖြစ်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ Aasmaan Bhardwaj ဆိုတဲ့ တက်သစ်စဒါရိုက်တာတစ်ယောက်ရဲ့ ပွဲဦးထွက်ကားပါ ကိုယ့်လိုအပ်ချက်နဲ့ကိုယ် ငွေပမာဏကြီးကြီးလိုချင်နေကြသူတွေ ငွေရပေါက်ကြီးကိုမထင်မှတ်ပဲအားလုံးပြိုင်တူလိုက်မိချိန်မှာ..... ဇလည်းရှိ ဉာဏ်လည်းများတဲ့သူတို့တွေ ဒီငွေတွင်းကို ဘယ်လိုအနိုင်တိုက်ယူကြမလဲ မြွေမြွေချင်းခြေမြင်နေကြတဲ့သူတွေအချင်းချင်း ဘယ်လိုတွေအကွက်ကျော်ရိုက်ချကြမလဲခံစားကြည့်ပါဦး File size…1.54GB / 700MB Quality…1080p TRUE WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~ Khin Khin

Comedy • Drama • Romance
6.1 2023 112 mins
Kuttey
The Devil Wears Prada
7.4

The Devil Wears Pradaဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်းပါပဲ။ Prada‌ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်မဂ္ဂဇင်းလောကရဲ့ ဒိတ်ဒိတ်ကြဲအမျိုးသမီးတစ်ဦးနဲ့ ကြုံဆုံခဲ့ရပုံကို ရိုက်ကူးထားတဲ့ကားလေးပါပဲ။ ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ကြည့်ကောင်းပြီး ဆုတွေအများကြီးရခဲ့တဲ့ကားပါ။ ဇာတ်လမ်းထဲက မဂ္ဂဇင်းအယ်ဒီတာချုပ် မီရန်ဒါ ပရိစ်စလီဟာဆိုရင် အလုပ်ကို အရမ်းကြိုးစားသူ၊ လက်အောက်ငယ်သားတွေက စက်စက်ယိုအောင်ကြောက်ရသူပေါ့၊ တစ်ခါတလေကျ သူ့လက်ထောက်ကို ဖြစ်နိုင်မဖြစ်နိုင်မသိ ခိုင်းချင်ရာခိုင်းပြီး ကြပ်တတ်ပါသေးတယ်။ ဘယ်လိုလဲဆိုရင်တော့ ဟယ်ရီပေါ်တာစာအုပ်ရဲ့ မထွက်သေးတဲ့ စာမူကိုရအောင်ယူခိုင်းတာမျိုးပါ။ ဒီဇာတ်ကောင်နဲ့ သူ့ရဲ့ ဟာသတချို့ဟာ အင်္ဂလန်ဘုရင်မ Queen Elizabeth IIကို ဇာတ်လမ်းထဲပုံဖော်ထားပါ။ လက်ထောက်ဖြစ်သူက ကော်ဖီလာမပို့သေးလို့ "ကော်ဖီမရောက်သေးပါလား၊ သူသေသွားပြီလား"မေးလို့မေး ဟာရီကိန်းမုန်တိုင်းတိုက်နေတာကို "မိုးဖွဲလေးကျနေတာပါ"လို့ ပြောလို့ပြော တစ်ခုခုခိုင်းပြီးရင် "ဒါပဲ"ဆိုပြီး ပြောလွှတ်တတ်တဲ့ မူဟန်လေးတွေထည့်သွင်းရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သတင်းထောက်ဖြစ်ချင်သူ အန်ဒီဟာ အလုပ်ရှာနေရင်းနဲ့မှာ နာမည်ကြီးဖက်ရှင်အယ်ဒီတာချုပ်ရဲ့လက်ထောက်အဖြစ်အလုပ်ရသွားပါတယ်။ သူလုပ်ချင်တာတော့ စာရေးချင်တာပါ။ ဒါပေမဲ့ ဒီအလုပ်မှာတော့ ကော်ဖီယူပေး ဖုန်းကိုင်ပေးနဲ့ စာမရေးရတဲ့အပြင် အယ်ဒီတာ့စိတ်ကြိုက်အတိုင်းနေပေးရပါတယ်။ ဖက်ရှင်အယ်ဒီတာ့စိတ်ကြိုက်ဆိုတော့လည်း အဝတ်အစားအပိုင်း အပြင်အဆင်ကအစ ခန္ဓာကိုယ်အချိုးအစားပါ ဖက်ရှင်ကျအောင်နေပေးရရင်းက ကိုယ်ပိုင်ဘဝလေးကိုပါထိခိုက်လာရော။ အလုပ်ကိုအရမ်းကြိုးစားရင် ကိုယ့်ဘဝမှာအချိန်ပေးရမှာတွေကို ပေးသင့်သူတွေကို လျစ်လျူရှုမိတာ ဓမ္မတာပဲလေ၊။ ဒီတော့ အန်ဒီတစ်ယောက် အယ်ဒီတာက ခဏခဏကြပ်တဲ့အလုပ်မှာပဲ ဆက်လုပ်မလား ဘာတွေရွေးချယ်ရင်း ဘယ်လိုခရီးဆက်မယ်ဆိုတာကို ဇာတ်လမ်းလေးထဲမှာ ပျော်ပျော်လေးကြည့်ရှုနိုင်ပါပြီ။ (နာမည်ကြီး Fashion brandတွေ၊ Designer နာမည်တွေ၊ Studioနာမည်တွေအများကြီးပါတာမို့ မြန်မာလိုနာမည်ပြန်မရေးဘဲထားခဲ့တာ မျက်စိရှုပ်မသွားပါနဲ့ဦးဗျ)

Action • Adventure • Science Fiction
7.4 2006 109 mins
The Devil Wears Prada
Uncle Frank
7.4

ဘက်ဆိုတဲ့ကောင်မလေးမှာ ရည်မွန်လှတဲ့ဖရန့်ဆိုတဲ့ဉီးလေးတစ်ယောက်ရှိတယ်... ပညာထူးချွန်တယ်...စာပေဗဟုသုတပြည့်စုံသလို ကြင်နာသနားတတ်တဲ့ဟန်ကြောင့် ဘက်က သူ့ဉီးလေးကို သဘောလည်းကျသလို အားလည်းအားကျတယ်... ခက်တာက ဒီလိုမျိုးဉီးလေးကို ဘက်ရဲ့အဘိုး (ဖရန့်ရဲ့အဖေ)က ခါးခါးသီးသီးပဲ... မိသားစုထဲမှာ ဖရန့်တစ်ယောက်ကိုပဲ အဘိုးဖြစ်သူက လျှစ်လျူရှုထားတာ...မိသားစုဝင်တော်တော်များများကလည်း အဖေနဲ့သားကြားက ြပဿနာကို အတိတ်နိုင်ဆုံးထိန်းညှိရင်း မသိချင်ယောင်ပဲဆောင်နေကြတယ်.... ဒီလိုနဲ့ဖရန့်လည်း တခြားမြို့တစ်မြို့မှာ ပါမောက္ခအဖြစ်နဲ့အသက်မွေးနေလေရဲ့...အဲ့ဒီမြို့မှာပဲ သူ့တူမလေး ဘက်က ကျောင်းတက်နေတယ်...၄နှစ်အကြာမှာတော့ ဖရန့်ရဲ့အဖေဆုံးလို့ ဇာတိမြို့လေးကို ပြန်ဖို့အကြောင်းဖန်လာတယ်.. တူဝရီး(၂)ယောက်တူတူပြန်ကြတာပေါ့...အဲ့ဒီနောက်မှာတော့ ဖရန့်ရဲ့ မိသားစုမယ် ဖယ်ကျဉ်ခံထားရတဲ့အကြောင်းတွေကို တစ်စ တစ်စ သိလာရပါတော့တယ်... ဒီကားက Dramaဖြစ်နေပြီး အညွှန်းအရ အနည်းငယ်ဇာတ်အေးကြီးလို့ထင်ရပေမဲ့ ဒီဇာတ်ကားထဲကလို ြဖစ်စဉ်တွေ ကျွန်တော့်တို့ နိုင်ငံမိသားစုဝင်တွေအများကြီးမှာဖြစ်နေရတာပါ.. ကျွန်တော်တို့လက်တစ်ကမ်းအကွာမှာပဲ ဒီလိုမျိုးတွေကြုံတွေ့နေရပါတယ်... ခံစားကြည့်ကြပါဉီးဗျို့... File Size :(884MB) and (331MB) Quality : WEB-DL 720p Format…mp4 Duration…01:35:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by  Khine Khine Wai Encoded by Phyo Pyae

Sci-Fi & Fantasy
7.4 2020 95 mins
Uncle Frank
The Star
7

1944 ခုနှစ်မှာ ဆိုဗီယက်ပြည်‌‌ထောင်စုရဲ့တပ်နီကြီးက‌နေ ဂျာမန်နာဇီတွေကိုအလဲထိုးပြီး ဘာလင်ကိုမျက်စောင်းထိုးနိုင် စေခဲ့တဲ့ထိုးစစ်ဖြစ်တဲ့ Operation Bagrationကိုအောင်မြင် စေနိုင်ခဲ့တဲ့ကင်းထောက်တပ်တခုရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေး တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ Operation Bagration မတိုင်ခင် ၁၉၄၄ခုနှစ် မေလအတွင်း။ ဆိုဗီယက်တွေမှာ ပြဿနာတက်နေတာက ဂျာမန်ခုခံစစ်တွေရဲ့ နောက်တန်းမှာ လူပြန်စုနေတယ်လို့သတင်း ရထားပေမယ့် အတိအကျက ထောက်လှမ်းမရနိုင်သေးဘူး။ လွှတ်ထားသမျှကင်းထောက် တပ်ဖွဲ့ နှစ်ဖွဲ့ကလည်းအဆက်အသွယ် ပြတ်သွားခဲ့ပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် ကြိုးစားပြီး ဒုဗိုလ်‌လေး တရာ့ဗ်ကင်ဦးဆောင်တဲ့ကြယ်ပွင့်လို့ အမည်ရတဲ့ကင်းထောက်အဖွဲ့ တခုကိုထပ်လွှတ်ဖို့ဖြစ်လာပါတော့တယ်။ဒီကင်းထောက်အဖွဲ့ရဲ့ ဂျာမန်ရှေ့တန်းတွေအကြားအရဲစွန့်ခဲ့တာတွေ ဂျာမန်တွေရဲ့ စစ်အင်အားတွေကို တပ်ဖွဲ့တွေအကြားထောက်လှမ်းသတင်း ပို့‌ပေးခဲ့တာတွေကိုရင်တဖိုဖိုနဲ့ကြည့်ရှူခံစားကြရမှာပဲဖြစ်ပါတယ်။ ကင်းထောက်တပ်ဖွဲ့လေးတစ်ခုက ဒီစစ်ဆင်ရေးကြီးကိုဘယ်လိုမျိုး ပြောင်းလဲပေးနိုင်ခဲ့မလဲဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး။ File size…2.07GB / 992MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 37m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Music
7 2002
The Star
Família

Familia (2023) ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ သုံးယောက်အကြား အကြောင်းအရာတွေ ဘယ်လိုချိတ်ဆက်ပြီး ကံကြမ္မာဆိုးကို ကျော်သွားနိုင်မလားဆိုတာကိုတော့ ဒီ Familia ဇာတ်ကားကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ကြပါစို့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 834MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

Thriller
0 2023 121 mins
Família
[18+] The Sex Film

************************ ဂန်ဂျင်ဂယူဆိုတဲ့ သူဟာ အပြာကားကုမ္ပဏီတစ်ခုရဲ့ လက်ထောက်ဒါရိုက်တာဖြစ်တယ် .. ဒါပေမဲ့သူက အပြာကားကို ရိုးရိုးတန်းတန်း မင်းသားနဲ့ မင်းသမီး ဆုံကြ ဆန်မှုန့်ထောင်းကြတာမျိုးချည်း မရိုက်ချင်ဘဲ မင်းသားနဲ့ မင်းသမီးရဲ့ အချစ်စိတ်တွေ ခံစားချက်တွေကိုပါ ပေါ်လွင်အောင် ရိုက်ပြချင်နေတယ် အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူ့အထက်လူကြီးဖြစ်တဲ့ ဒါရိုက်တာနဲ့လည်း အမြဲပြဿနာ တက်နေရသူဖြစ်တယ် ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ အပြာကားရုပ်ရှင်လောကရဲ့ ရိုက်ချက်တွေကို ဂျင်ဂယူတစ်ယောက် ပြင်နိုင်မလား သူရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးတွေကို ရိုက်လာနိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော် အပြာကားရုပ်ရှင် ရိုက်ကူးတဲ့ ဇာတ်ကွက်တွေ အများကြီးပါတာမို့ မင်းသားနဲ့ မင်းသမီးတို့ ဆန်မှုန့်ခဏခဏထောင်းတာကို မြင်‌တွေ့ကြရမှာမို့ မိသားစုနဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါနော်… File Size : 1.1GB & 597MB Quality : WEB-DL1080p, 720p Format…mp4 Duration…01:13:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2007
[18+] The Sex Film
The Hand that Rocks the Cradle
6.7

ပုခက်လွှဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားကို ကျွန်တော်တို့အားလုံး ကြားဖူးတာချည်းပါပဲ။ ဒါပေမဲ့ အုပ်စိုးတယ်ဆိုတဲ့ စကားလုံးက ကောင်းတာရောဆိုးတာရော ဖြစ်နိုင်တာကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။ ကလဲရ်နဲ့မိုက်ကယ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အမ်မာဆိုတဲ့ ချစ်ဖို့ကောင်းပြီး သိပ်စကားတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ရဲ့ ဂုဏ်ယူနေတဲ့မိဘတွေဆိုလည်းမမှားပါဘူး။ ဒီ့အပြင် ကလဲရ်မှာလည်း ဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။ အလုပ်ကလည်းအဆင်ပြေ ရင်သွေးရတနာလည်းစုံလင်နေတဲ့ ဒီဇနီးမောင်နှံ လေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ်လာပါတယ်။ ဒါကတော့ ကလဲရ်ရဲ့အရင် OG ပင်စင်ယူသွားလို့ ဆရာဝန်ပြောင်းပြချိန်မှာ OG အသစ်ဖြစ်တဲ့ ဗစ်တာမော့တ်က စမ်းသပ်တာလိုလို လက်သိုင်းကျင့်တာလိုလိုနဲ့ ကလဲရ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်လိုက်တာပါပဲ။ သိပ်ကိုအားနာတတ် သူများကိုတွေးပေးတတ်လွန်းတဲ့ကလဲရ်က မှားယွင်းစွပ်စွဲမိမှာကို စိုးရိမ်ပြီး ဘာမှမလုပ်ချင်ပေမဲ့ မိုက်ကယ်ရဲ့အားပေးမှုနဲ့ပဲ ကျန်းမာရေးဘုတ်အဖွဲ့ကို တက်တိုင်လိုက်ပြီးနောက်မှာတော့ မကောင်းသတင်းက ဟိုးလေးတကျော်ဖြစ်ပြီး ဗစ်တာမော့တ်တစ်‌‌ယောက် သူ့ကိုယ်သူ အ‌ဆုံးစီရင်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူရော ဗိုက်ထဲကရင်သွေးလေး‌ရော မိခင် ဖြစ်ခွင့်ကိုပါ တစ်ပါးတည်းအတူဆုံးရှုံးလိုက်ရတဲ့အပြင် အမှုအခင်းဖြစ်နေတာ ကြောင့် ပိုင်ဆိုင်မှုပါ အကုန်သိမ်းခံလိုက်ရတဲ့ ဗစ်တာမော့တ်ရဲ့ဇနီးဖြစ်တဲ့ပေတွန် တစ်ယောက် ပြဿနာအရင်းခံဖြစ်တဲ့ ဘာတယ်မိသားစုကို လက်စားချေဖို့ ကလေးထိန်းအနေနဲ့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…3.3 GB / 862 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Comedy • Adventure
6.7 1992 110 mins
The Hand that Rocks the Cradle
Brother Bear 2
6.1

The Brother Bear 2 (2006) IMDb Rating – 6.1/10 Rotten Tomatoes – 50% နီတာက ရွာမှာ အက်ခ်ကာလို့ခေါ်တဲ့လူတစ်ယောက်နဲ့ မင်္ဂလာပွဲကျင်းပနေချိန်မှာ ရုတ်တရက် ရေခဲပြင်တွေ ကွဲအက်လာပါတယ်။ ဒါဟာ ဝိညာဉ်တော်တွေရဲ့နမိတ်ပဲလို့ ယူဆတဲ့ နီတာက ရွာနတ်ဆရာမဆီ သွားမေးတဲ့အခါ နီတာ့မှာ ချည်နှောင်ပြီးသားကြိုးရှိနေလို့ လက်ဆက်လို့မရကြောင်း သိခဲ့ရပါတယ်။ အဲဒါကတော့ တခြားမဟုတ်ဘဲ ကလေးဘဝတုန်းက ခင်ခဲ့ရတဲ့ သူငယ်ချင်း ခီနိုင်းပါပဲ။ ချည်နှောင်ပြီးသား ကံကြမ္မာကို ဖြတ်တောက်ဖို့အတွက်ဆိုရင် ခီနိုင်းပေးခဲ့ဖူးတဲ့ အဆောင်လေးကို လက်ခံရရှိခဲ့တဲ့နေရာဖြစ်တဲ့ ဟိုကာနီရေတံခွန်မှာ နှစ်ယောက်အတူတူ မီးရှို့ဖျက်စီးမှ ရမှာပါ။ တစ်ဖက်မှာလည်း အကြောင်းတစ်ခုကြောင့် ဝက်ဝံအဖြစ် ပြောင်းသွားခဲ့တဲ့ခီနိုင်းက တောထဲမှာ ခိုဒါလို့ခေါ်တဲ့ဝက်ဝံပေါက်လေးနဲ့ ဘယ်ရီသီးတွေစားဖို့ ခရိုးဘယ်ရီတောင်ကြားကို ပျော်ပျော်ကြီးသွားနေပါတယ်။ နီတာတစ်ယောက် ခီနိုင်းကို တောထဲမှာ လိုက်ရှာရင်းတွေ့သွားတဲ့အခါ အကျိုးအကြောင်းပြောပြလိုက်ပါတယ်။ ခီနိုင်းတစ်ယောက် နီတာနဲ့အတူ ဟိုကာနီရေတံခွန်ကို လိုက်သွားတဲ့လမ်းမှာ ဘယ်လိုတွေကြုံတွေ့ရမလဲ… နောက်ဆုံးမှာ ခီနိုင်းတစ်ယောက် ဘယ်လိုတွေ ပြောင်းလဲသွားမလဲ… File size… 1.2 GB / 553 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Animation /Adventure / Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Benni

6.1 2006
Brother Bear 2
The Killer
7.8

The Killer (1989) ဟောင်ကောင်ရုပ်ရှင်ရဲ့ ရွှေခေတ်… ဂျွန်ဝူးရဲ့ရွှေခေတ်…. ချောင်ယွန်ဖတ်ရဲ့ရွှေခေတ်က အက်ရှင်ကားတစ်ကားပေါ့။ တစ်ချို့ကတော့ ဒီရုပ်ရှင်ကို ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးကားလို့ သတ်မှတ်ကြတယ်။ဟောင်ကောင်အက်ရှင်တွေရဲ့ ဘုရင်ဟောင်းဂျွန်ဝူးရဲ့ Ratingအကောင်းဆုံးကားဆိုလည်း မမှားဘူး။ အဖွင့်မှာတင်ပါလာတဲ့ နောက်ခံသီချင်းလေးကလည်း တော်တော့်ကို ကောင်းတာပါပဲ။ ပုံစံကခပ်အေးအေး အကြည့်က ခပ်စူးစူးနဲ့ တစ်ချက်ပစ်ရင် လူတစ်ယောက်ထိကိုထိတဲ့ နာမည်ကျော်ကြေးစားလူသတ်သမားတစ်ယောက်ရှိတယ်။ စင်တင်စားသောက်ဆိုင်တစ်ခုမှာ ပစ်မှတ်ကို သွားသတ်ရင်း အဆိုတော်မလေးရဲ့ မျက်လုံးကို ကျည်နဲ့ ရှပ်ထိသွားပြီး ကောင်မလေးရဲ့ မျက်လုံးဟာ ကန်းတော့မယ့်လုဆဲဆဲ ဖြစ်သွားခဲ့တယ်။ လူသတ်သမားပေမဲ့ ကိုယ်ပိုင်စည်းမျဉ်းနဲ့ သိက္ခာရှိရှိနေတဲ့ ချောင်ယွန်ဖတ်ရဲ့ ကျည်ဟာ ဘယ်တော့မှ အပြစ်မရှိသူရဲ့ အရေပြားပေါ် မဖိတ်စဉ်ဖူးဘူး။ ဖိတ်စဉ်မိခဲ့ရင်လည်း သူ့တာဝန် သူယူတတ်တဲ့သူဆိုတော့ အနားယူဖို့စီစဉ်ထားပေမဲ့ ကောင်မလေးရဲ့ မျက်လုံးကို ပြန်ကုပေးဖို့ နောက်ဆုံးအလုပ်တစ်ခုကို လက်ခံလိုက်တယ်။ ကံဆိုးချင်တော့ နောက်ဆုံးအလုပ်မှာ သူ့ကိုခိုင်းတဲ့သူတွေက သူ့ကိုပြန်နှုတ်ပိတ်သတ်ဖို့ကြံရာက ရဲတွေရော ရာဇဝတ်ဂိုဏ်းတွေကပါ သူ့နောက်ကိုလိုက်ကြတော့တာပါပဲ။ ဇာတ်အိမ်က သူ့ခေတ်က ထူးပေမဲ့ နောက်ပိုင်း ဒီပုံစံတွေ တွေ့ဖန်မြင်ရများလို့ မဆန်းတော့တဲ့ ဇာတ်အိမ်ပါပဲ။ သို့ပေမဲ့ လတ်ဆတ်တုန်းက အပြုံးချိုချိုနဲ့ ချောင်ယွန်ဖတ်နဲ့ လိုက်ဖက်လွန်းနေတဲ့ သိက္ခာရှိတဲ့ ကြေးစားလူသတ်သမားဇာတ်ကောင်က ဒီဇာတ်လမ်းကို ဘယ်တော့မှမဟောင်းမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားအောင် အရောင်တင်ပေးခဲ့တယ်။ သဘောကျစရာကောင်းတာက နောက်ပိုင်းကားတွေထဲက ဇာတ်လိုက်တွေလို လူလွန်မသားတွေ ဖြစ်မနေဘူး။ ကြမ်းတယ် ကျည်တစ်ချက်တစ်ကောင်သေတယ်။ သို့ပေမဲ့ ဒဏ်ရာလည်း အသေရတယ်.. ရရင်လည်း လူပီပီ နာပြကျင်ပြ ခံစားပြတယ်။ လူကိုး။ ခိုးကိုးရာမဲ့ချိန် တစ်ချိန်ချိန်မှာ စိတ်ရဲ့အမြင့်ကလည်း ပြုတ်ကျလာတတ်တာပဲ။ဒီအက်ရှင်ကားရဲ့ တစ်ချို့အခန်းတွေဟာ ရင်ထဲနင့်စရာ သိပ်ကောင်းတယ်။ ဂျွန်ဝူးဟာ သူ့ခေတ်သူ့အခါက တကယ်တော်ခဲ့တဲ့ ဆရာတစ်ပါးပါပဲ။ ရုပ်ရှင်ကိုတောင် ရိုက်နေရင်းမှ ဇာတ်ညွှန်းရေးခဲ့တဲ့သူ တစ်ယောက်ပါ။ နောက်ဒီရုပ်ရှင်ကို ရိုက်ရာမှာ ပီပီပြင်ပြင်ရှိစေဖို့ ဂျွန်ဝူးဟာ တကယ့်သေနတ်အစစ်တွေသုံးပြီး ရိုက်ခဲ့တယ်။ လမ်းမပေါ် ရိုက်တဲ့အချိန်ဆို ဖြတ်သွားဖြတ်လာ လူတွေကတောင် ဓားပြတိုက်နေတယ်လို့တောင် ထင်ခဲ့ကြတဲ့အထိပါပဲ။ 1991မှာ အနောက်ကလူတွေက ဒန်ဇယ်ဝါရှင်တန်နဲ့ Remakeလုပ်ဖို့ ကြံခဲ့ကြပါတယ်။ နောက်ကျ ဟောလိဝုဒ်က ဒန်ဇယ်နဲ့ Remake လုပ်ဖို့ အဆင်မပြေတော့ ကီယာနူးရိဗ်ကို ငှားခဲ့ပေမဲ့ သူကတော့ ငြင်းလိုက်ပါတယ်။ မငြင်းရင်လည်း အဆင်ပြေမယ်မထင်ပါဘူး။ သို့ပေမဲ့ ကီယာနူးရိဗ်ဟာ John Wickမှာမှ The Killerကို Inspiration ယူခဲ့တယ်။ အစမှာတော့ ချောင်ယွန်ဖတ်ရဲ့ အကောင်းဆုံးရုပ်ရှင်လို့ ပြောကြတာကို နည်းနည်းလွန်တယ် ထင်မိပေမဲ့ ဇာတ်အသိမ်းမှာတော့ ငြင်းဆန်နိုင်စွမ်း မရှိတော့ဘူး။ ဒါရိုက်တာဟာ ပြန်ပြောပြဖို့တော်တော်ခက်လိမ့်မယ့် အရသာတစ်ခုကို ထပ်ဆောင်းပေးခဲ့လိုက်ပြီ။ ဒီအရသာက ကျွန်တော် ဘယ်တော့မှ မေ့တော့မှာမဟုတ်တဲ့ အရသာတစ်ခုပဲ။ ရုပ်ရှင်အပြီးမှာ တစ်ခုသောစာသားကလေးကိုပဲ ကျွန်တော် ပြေး သတိရမိတယ်။ ” ဘဝသည် နာကျင်ဖွယ်အတိနဲ့ ကြင်နာတတ်ကြောင်း ပြလိမ့်ဦးမည်”တဲ့…… (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size – 1.3GB, 890MB Quality – 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 51Min Type – Action, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.8 1989 110 mins
The Killer
Narcotics Heroes
5.8

ရဲအရာရှိယိယုံကျန့်ဟာ တာဝန်ပြီးဆုံးလို့ ခွင့်ရက်ရှည်ယူချင်နေပေမယ့် မူးယစ်ဆေးဝါအသစ်တစ်မျိုးပေါ်လာတဲ့အတွက် အန်းယင်ဆိုတဲ့ အတိတ်ကမြို့လေးဆီပြန်သွားရဖို့ဖြစ်လာခဲ့တယ်။ အရင်မူးယစ်ဆေးတွေထပ် အာနိသင်ပြင်းတဲ့ ကောင်းကင်ဘုံငှက်လို့ခေါ်တဲ့ ဒီဆေးဟာ ဆေးသုံးသူတွေကြားမှာအရမ်းရောင်းရနေပြီးတော့ ဆေးလွန်ပြီးသေတဲ့လူငယ်တွေလဲများလာခဲ့တယ်။ အဲဒါကြောင့် မူးယစ်ဆေးကြောင့် ဒုက္ခရောက်တဲ့သူတွေထပ်မရှိလာဖို့ လူငယ်တွေကိုကယ်တင်ဖို့အတွက် မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့အတွက် ဒီမူးယစ်ဆေးရောင်းသူတွေကိုဖော်ထုတ်ဖို့ အရမ်းအရေးကြီးလာခဲ့တယ်။ ရဲအရာရှိယိဟာ သဲလွန်စတွေနောက်လိုက်ရင်း သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဟာ မူးယစ်ဆေးဖြန့်ချီရေးနဲ့ပတ်သက်နေတဲ့ ကုမ္ပဏီကြီးမှာ အလုပ်လုပ်နေတာသိလိုက်ရတယ်။ မွေးရာပါရောဂါဖြစ်နေတဲ့သားလေးအတွက် ဘာမဆိုလုပ်ဝံ့တဲ့သူငယ်ချင်းကို အမှားတွေဆက်မလုပ်ဖို့တားရင်း ကြီးမားတဲ့မူးယစ်ဆေးဂိုဏ်းကြီးကို ဖော်ထုတ်တဲ့ မှုခင်းဇာတ်လမ်းဖြစ်ပါတယ်။

5.8 2023
Narcotics Heroes
The Bouncer
5

ဒီတစ်ခါမှာတော့ ပရိသတ်တွေကို အက်ရှင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ 2024 တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ Massimiliano Cerchi က ဒါရိုက်တာအဖြစ် ရိုက်ကူးပေးထားပါတယ်။ အဓိကသရုပ်ဆောင်တွေအဖြစ် John Ozuna, Costas Mandylor, Rosmary Yaneva နဲ့ Vincent Rivera တို့က ပါဝင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် ဖရန့်ခ်ဟာ ဘားတစ်ခုမှာ လုံခြုံရေးအစောင့်လုပ်ပါတယ်။ လူမိုက်ခေါင်းဆောင်တစ်ယောက်က အဲဒီဘားကို ညတိုင်း ကောင်မလေးတစ်ယောက်နဲ့အတူ လာပါတယ်။ အဲဒီကောင်မလေးက ပြန်ပေးဆွဲခံလာရတဲ့သူမှန်းသိတဲ့အခါ သူ့ကို ကယ်ထုတ်ဖို့အတွက် ကြိုးစားပါတော့တယ်။ လူမိုက်တွေရဲ့လက်ထဲကနေ လွတ်အောင်ထွက်ပြေးနိုင်မလား၊ သစ္စာဖောက်မှုတွေ လှည့်ကွက်တွေကြားထဲကနေ အောင်မြင်အောင် ဘယ်လိုထွက်ပြေးကြမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ။ File size… (1.30 GB) / (613 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 18m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

5 2024 79 mins
The Bouncer
The King Rise Again
5.8

စစ်ဘုရင်တစ်ပါးဟာ နယ်မြေတွေပေါင်းစည်းပြီး သာယာဝပြောတဲ့ရည်ရွယ်ချက်နဲ့ တခြားမျိုးနွယ်စုတွေကိုသိမ်းပိုက်ဖို့ကြိုးစားပါတယ်။ တစ်နေ့မှာ မျိုးနွယ်စုတစ်စုရဲ့မင်းသမီးလေးတစ်ပါးကိုမြင်မြင်ချင်းချစ်မိသွားပါတယ်။ အစပိုင်းမှာ ကိုယ့်တိုင်းပြည်ကိုကျူးကျော်လာတဲ့စစ်ဘုရင်ကို မင်းသမီးကရွံမုန်းပေမယ့် ဘုရင်ကြီးရဲ့အချစ်စစ်ကိုခံစားရတဲ့နောက်ပိုင်းမှာ မင်းသမီးလေးကလဲပြန်ချစ်လာခဲ့တယ်။ သူတို့နှစ်ယောက်ဟာ လှပတဲ့ရှုခင်းတွေကိုအတူကြည့်ရင် အချစ်တွေနဲ့အချိန်တွေကိုဖြတ်သန်းကြတယ်။ ဒါပေမယ့်လှပတဲ့အရာတွေဟာရေရှည်မခံပါဘူး စစ်ဘုရင်ကြီးဟာ သူ့ရဲ့တာဝန်နဲ့ရည်မှန်းချက်အတွက် မင်းသမီးလေးကိုထားခဲ့ရပါတယ်။ အဲဒီအချိန်မှာမင်းသမီးလေးဟာ သူ့ရဲ့ကိုယ်ဝန်ကိုလွယ်ထားနေရပေမယ့် နားလည်ပေးစွာပဲ ဘုရင်ကြီးကိုလက်လွှတ်ခဲ့ပါတယ်။ တစ်နေ့မှတော့ ဘုရင်ကြီးဟာရုတ်တရက်လုပ်ကြံခံလိုက်ရပါတယ်။ ရာဇပုလ္လင်ကိုတက်မက်နေတဲ့ညီတော်ရဲ့ရန်ကိုကြောက်နေရပြီးတော့ ပြည်သူတွေရဲ့အသက်အိုးအိမ်ကိုစိုးရိမ်ရလာတဲ့အတွက် မိဖုရားခေါင်ကြီးဟာ ဘုရင်ကြီးသားတော်ဖြစ်သူကိုပြန်ခေါ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့မင်းသားလေးရဲ့ပြည်တော်ပြန်ဇာတ်လမ်းတစ်ပုဒ်ဟာစတင်လာခဲ့ပါတယ်……

Comedy
5.8 2025
The King Rise Again
Bullet Train Explosion
6.5

Bullet Train Explosion (2025) **************************** IMDb….. 6.5 ဂျပန်နိုင်ငံမှာရှိတဲ့ အရှေ့ပိုင်းဂျေအာ ကုမ္ပဏီပိုင်အတွင်းမှာ ပုံမှန်ပြေးဆွဲလျက်ရှိတဲ့ ဟာယဘူဆာ အမှတ်-၆၀ ရထားမှာ ဗုံးထောင်ထားတယ်ဆိုပြီး ဆက်သွယ်ရေးစင်တာကို ဖုန်းဝင်လာခဲ့ပြီး ထောင်ထားတဲ့ဗုံးဟာ တစ်နာရီ ကီလိုမီတာ ၁၀၀ အောက် ကျတာနဲ့ ပေါက်ကွဲမှာဖြစ်ကြောင်းလည်း အသိပေးလာပါတယ်။ ဒီအခါမှာ အဲဒီရထားရဲ့ ဝန်ထမ်းတွေနဲ့ဆက်သွယ်ပြီး ရထားကို အရှိန်မလျှော့ဘဲ တစ်နာရီ ၁၂၀ ကီလိုမီတာနှုန်းနဲ့ မောင်းနှင်ရင်း ထိန်းထားဖို့ လုပ်ရပါတော့တယ်။ ရထားကို အရှိန်ထိန်းမောင်းနှင်ရင်းနဲ့ ခရီးသည်တွေကိုလည်း ထိတ်လန့်မှုမဖြစ်စေဖို့အတွက် ထိန်းရပါသေးတယ်။ ဂျပန်ရဲ့ မူဝါဒမှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းဘူးဆိုတဲ့ အချက်ရှိတဲ့အတွက် အစိုးရဟာလည်း ဗုံးထောင်သူနဲ့ ညှိနှိုင်းမှုမလုပ်ဘဲ ခရီးသည်များ လုံခြုံရေးအတွက်ကိုသာ ဦးစားပေး လုပ်ဆောင်လျက်ရှိပေမဲ့ ဗုံးထောင်သူဘက်ကနေ ဗုံးဖြုတ်နည်းပြောပြပေးရမယ်ဆိုရင် သူ့ကို ယန်း ၁၀၀ ဘီလီယံ ပေးရမယ်လို့ ဆိုလာပါတယ်။ ဒီလိုတောင်းဆိုတာကလည်း အရှေ့ပိုင်း ဂျေအာကုမ္ပဏီထံမှာမဟုတ်ဘဲ ဂျပန်ပြည်သူများထံမှ တောင်းဆိုတာဖြစ်ပါတယ်။ ဗုံးထောင်သူရဲ့ တောင်းဆိုလာမှုအပေါ်မှာ အကြမ်းဖက်သမားများနဲ့ မညှိနှိုင်းရေးမူဝါဒကို ကိုင်စွဲထားတဲ့ အစိုးရနဲ့ အရှေ့ပိုင်းဂျေအာရဲ့ တာဝန်ရှိသူများ ပူးပေါင်းပြီး ဗုံးထောင်ခံထားရတဲ့ ရထားပေါ်က ခရီးသည်တွေကို ဘယ်လိုကယ်တင်သွားမလဲ ဆိုတာကို ကြည့်ရှုရမဲ့ စိတ်ဝင်စားဖွယ် မှုခင်းဒရာမာ အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Char Ou မှ ရေးသားထားပေးပါတယ်။) File Size : 2.91GB/ 1.34GB Quality : WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration…02:18:12 Genre : Action, Adventure, Thriller, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Mary, CharOu, DaoPhyo & KIM Encoded by Tiff

6.5 2025 137 mins
Bullet Train Explosion
Kummattikali

Kummattikali 2025 ကမ်းရိုးတန်းက စွန့်စားခန်းများ ဒန်နီ အမီးရ် လူကာနဲ့ ဘိုင်ရာဗန်တဲ့ ကလေးဘဝတည်းက အတူဆော့ အတူအိပ် အတူကြီးပြင်းခဲ့ကြတဲ့ သူငယ်ချင်း ၄ယောက် ကြီးလာတော့လည်း စီးပွားရှာလည်းအတူ ရန်ဖြစ်လည်းအတူနဲ့ ဒီလူငယ် သူတို့လေးယောက်က ပျော်ရွှင်မှုတွေ အိပ်မက်တွေနဲ့ အတူ ရိုးရှင်းတဲ့ဘဝကို ဖြတ်သန်းနေကြပါတယ် သူတို့ကို မိခင်သဖွယ်စောင့်‌ရှောက်ပေးတဲ့ အင်ဒီရာဆိုတဲ့ ဇာတ်ကောင်ကလည်း ရုပ်ရှင်ရဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ပေးထားပါတယ် အပြောင်းအလဲက ဘယ်ကစမလဲဆိုတာကတော့ ဒီ၄ယောက်က ရက်စက်ကြမ်းကြုတ်တဲ့ပြစ်မှုတစ်ခုထဲ ပတ်သက်မိတဲ့ အဖြစ်အပျက်တစ်ခုကနေ စမှာပါ ပင်လယ်ကမ်းရိုးတန်းဒေသရဲ့ လှပတဲ့ ယဉ်ကျေးမှုကို ခံစားရင်း သူငယ်ချင်းတွေရဲ့ စွန့်စားခန်းတွေကို စိတ်လှုပ်ရှားစွာ ကြည့်ရှုလိုသူတွေအတွက် လက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ် မမျှော်လင့်တဲ့ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရချိန်မှာ လူငယ်တွေရဲ့ ရုန်းကန်လှုပ်ရှားမှုနဲ့ ခင်မင်ရင်းနှီးမှုရဲ့ တန်ဖိုးကို ဒီရုပ်ရှင်ကကောင်းကောင်း ပေါ်လွင်စေမှာပဲဖြစ်ပါတယ်ရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Music • Family • Fantasy
0 2025
Kummattikali