YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Zombabe 2024 1080p.mp4

1.1 GB N/A video/mp4 49 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
About My Father
6.1

About My Father (2023) သားတစ်ယောက်က လက်ပေါက်ကပ်တဲ့သူ့အဖေအကြောင်း ဖောက်သည်ချထားတဲ့ပုံစံ အမေရိကန်ဟာသရုပ်ရှင်ပါ။ သားအဖနှစ်ယောက်အဖြစ် Sebastian Maniscalco နဲ့ ဂန္ထဝင်မင်းသားကြီး Robert De Niro တို့က အတွဲညီညီသရုပ်ဆောင်ထားပါတယ်။ ~ ဇာတ်လမ်းအကျဥ်း ~ ဆီဘက်ရှန်တို့မိသားစုက အီတလီနိုင်ငံ စစ္စလီကျွန်းက မန်နီစကယ်ကိုမျိုးဆက်ဖြစ်ပြီး ချီကာဂိုအမေရိကန်ကိုပြောင်းရွှေ့ခဲ့ကြတဲ့ Immigrant မိသားစုပါ။ ဆီဘက်ရှန်ဟာ ဖခင်ရဲ့တင်းကြပ်တဲ့ အုပ်ထိန်းမှုအောက်မှာ ရှိတာနဲ့ရောင့်ရဲတတ်ဖို့ ရှက်တတ်ကြောက်တတ်ဖို့ သင်ယူကြီးပြင်းခဲ့ရတယ်။ ဆီဘက်ရှန်ရဲ့ချစ်သူ အယ်လီကတော့ ပွင့်လင်းတဲ့အမေရိကန်သူဖြစ်ပြီး မျိုးရိုးမြင့်တဲ့ ကြေးရတတ်မိသားစုကနေ ဆင်းသက်လာတဲ့သူပါ။ အယ်လီ့ကို လက်ထပ်ခွင့်တောင်းဖို့ အချိန်ခါကောင်းကိုစောင့်နေတုန်း အယ်လီ့မိသားစုက ဆီဘက်ရှန်ကို ဗာဂျီးနီးယားက သူတို့ရဲ့နွေရာသီစံအိမ်ကို အားလပ်ရက်လာလည်ဖို့ ဖိတ်လိုက်ပါတယ်။ ကံဆိုးတာကတော့ ဆီဘက်ရှန်ရဲ့အဖေပါလိုက်လာတာပါပဲ။ သားအဖနှစ်​ယောက်ရဲ့ တကျက်ကျက်ဆက်ဆံရေး၊ ယဥ်ကျေးမှုမတူတဲ့ မိသားစုနှစ်ခုရဲ့ဂယက်တစ်သိန်းနဲ့တွေ့ဆုံမှု၊ ဆီဘက်ရှန်တစ်ယောက် သူ့အဖေလူ့ဂွစာကြီးနဲ့ အယ်လီတို့မိသားစုကြား ဗျာများရပုံတွေကို တစိမ့်စိမ့်တွေးပြီးရယ်ရတဲ့ဟာသတွေနဲ့ တင်ဆက်ထားလို့ ကြည့်ရကျိုးနပ်စေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 580MB Quality - 1080p, 720p IMDb Rating - 5.8/10 Format - mp4 Duration - 1H 30Min Genre - Comedy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action • Science Fiction
6.1 2023 90 mins
About My Father
Arthur: Malediction
3.2

ဒီကားက ဟိုးတုန်းက နာမည်ကျော်ခဲ့တဲ့ Arthur and the Invisibles Trilogyကို Theme ယူပြီး ရိုက်ထားတဲ့ ဆိုက်ကိုလိုဂျီကယ် ဟော်ရာကား။ ဟော်ရာကားတွေထဲ ဆိုက်ကိုလိုဂျီကယ်ဟော်ရာတွေ ဘယ်လောက်စားလဲ သိကြတယ်မလား။ ဒီကားကလည်း အဲဒီလိုခပ်စားစားကား။ စစချင်းမှာ ကြည့်ရင် အရောင်စိုစို ကလေးဘဝဆန်ဆန် စိတ်ကူးယဉ်ဆန်ဆန်လိုလေး အာသာကားတွေလို ဖြစ်တော့မလိုလိုပုံလေးပြထားတယ်။ အမှန်ပြောရရင် ဒီကားကို ကျွန်တော် ဘာကားလဲ ရှာမကြည့်မိဘူး။ ဒီတိုင်းပဲကြည့်လိုက်မိတာ ဆိုတော့ ဘာအမျိုးအစားလဲတောင် မသိခဲ့ဘူး။ တစ်ဝက်လောက်ထိကို ဖန်တက်စီကားလေးလိုလိုပဲထင်နေခဲ့တာ တစ်ဝက်နားကျမှ အရိပ်အယောင်တွေပြ ဘာတွေပြနဲ့ ဒီကားမဟုတ်တော့မဟုတ်တော့ဘူးလို့ သိလိုက်တယ်။ နောက်ကျမှပဲ သတ်တာဖြတ်တာတွေ ပါလာတော့မှ ဒီလိုကားကိုးလို့ သိလိုက်တာ။ ပြောချင်တာက ဒီတိုင်းကြည့်တဲ့လူတစ်ယောက်ဆို ဘာကားမှန်းတောင် သတိထားမိမှာမဟုတ်ဘူး။ တစ်ဝက်လောက်ကျမှ သတ်ချသွားမယ့် အချိုးအကွေ့ကြမ်းတဲ့ ရုပ်ရှင်ပေါ့။ ဆန်းတာက ဒီကားက ဟိုကားထဲက အဖြစ်တွေ တကယ်မရှိနေသလို ပါတော့ပါပေမဲ့ ဟိုကားထဲကလို မှော်ဆန်နေတာမျိုးမဟုတ်ဘူး။ ဒါပေမဲ့ ဒီကားကို Spin-off အဖြစ် သတ်မှတ်ထားတယ်။ ဆန်းတော့ဆန်းပါတယ်။ မကြာခင်မှာ ဂရင့်ဟော်ရာတွေ ဝင်နီသည်ပူးလ် ဟော်ရာတွေလာဦးမှာဆိုတော့ အာသာကိုဟော်ရာပြောင်းပစ်တဲ့ ဒီကားကို ကြည့်ပြီး ကြိုကြိုတင်တင် စိတ်ညစ်ကြလို့ရပါပြီ။ ဒီကားကတော့ အဲဒီ၂ကားလောက် တိုက်ရိုက်မဟုတ်တော့ အဲဒီ၂ကားလောက်တော့ ဖျက်လိုဖျက်ဆီးဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ဘယ်လိုအရသာမျိုးဖြစ်မလဲ အပေါ့စားမြည်းစမ်းကြည့်ကြပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 695MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Horror Subtitle - Myanmar Subtitle (Hardsub)

Action & Adventure • Drama • Sci-Fi & Fantasy
3.2 2022 87 mins
Arthur: Malediction
Munich: The Edge of War
6.9

ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်.. ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီ ဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ.... နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ် ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် သမိုင်းတွေအရ ဟစ်တလာကတော့ နယ်မြေချဲ့ထွင်မှုကိုဆက်လက် လုပ်ဆောင်ချင်တာကြောင့် ပိုလန်ကို ကျူးကျော်စစ်ဆင်နွှဲပြီး ဒုတိယကမ္ဘာစစ်ကိုဦးတည်ခဲ့ပါတော့တယ် ဒါက ဒီရုပ်ရှင်မှာပါတဲ့ သမိုင်းဖြစ်စဉ်ပါ... 1917 ရုပ်ရှင်နဲ့ အော်စကာဇကာတင် မင်းသား Geroge MacKay က မြုူးနစ်ကိုသွားပြီး ဟစ်တလာနဲ့ညှိနှိုင်းမဲ့ ဗြတိန်ကိုယ်စားလှယ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ် ဒီကားဟာ ဒုတိယ ကမ္ဘာစစ်ကိုတာဆူတော့မယ့် နာဇီတွေနဲ့ ဗြိတိန်တို့ကြားက ဆက်ဆံရေးနဲ့ အဲ့ဒီခေတ်က ဟစ်တလာ၊ ချိန်ဘာလိန်၊ မူဆိုလီနီတို့ကြားက ဆက်ဆံရေးကို သေချာရိုက်ပြထားပါတယ် ကမ္ဘာ့သမိုင်းနိုင်ငံရေးတစ်ခေတ်ကို Cast ကောင်းကောင်း Dialogue ကောင်းကောင်းတွေနဲ့ပြန်ကြည့်ရမယ့် Netflix ရုပ်ရှင်ဖြစ်လို့ ကိုယ်တိုင်ကြည့်ဖို့ပဲတိုက်တွန်းချင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(2.1 GB)/(1.1 GB)/(550 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:03:00 Genre...Drama, History, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

Action • Drama • Horror • Science Fiction • Thriller
6.9 2022 129 mins
Munich: The Edge of War
Introduction
6.2

Introduction (2021) ~ IMDb – 6.2/10, Rotten Tomatoes – 81% ~ တောင်ကိုရီးယား Art House ဒါရိုက်တာ Hong Sang-Soo ဟာ ၂၀၂၁မှာ နှစ်ကားထွက်ခဲ့ပါတယ်။ မနှစ်က တော်တော်ကောင်းခဲ့တဲ့ In Front of Your Face ထဲမှာ သူ့နဲ့ Right Now, Wrong Then နောက်ပိုင်း ဆက်တိုက်တွဲရိုက်နေကျ နောက်ပိုင်း သူနဲ့ပါ ညားသွားတဲ့ ဂင်မင်ဟီးကို မသုံးခဲ့ပါဘူး။ Introduction ထဲမှာတော့ ဂင်မင်ဟီးပြန်ပါလာပေမဲ့ အဓိကဇာတ်ဆောင်နေရာကတော့ မဟုတ်ပါဘူး။ ဒီနှစ်ထွက်မယ့် The Novelist’s Film မှာလည်း ဂင်မင်ဟီးကို ပြန်သုံးထားပါတယ်။ Introductionရော နောက်ထွက်လာမယ့် The Novelist’s Film ရောဟာ အဖြူအမဲနဲ့ ရိုက်ပြထားတဲ့ ရုပ်ရှင်တွေပါ။ Introduction ရဲ့ Introduction ဆိုတဲ့ စကားလုံးဟာ Hong Sang-Soo ရုပ်ရှင်တွေရဲ့မိတ်ဆက်ကို ဆိုလိုတာဖြစ်နိုင်သလို The Novelist’s Film ရဲ့ မိတ်ဆက်လည်းဖြစ်နိုင်တာပါပဲ။ နှစ်ခုလုံးလည်း ဖြစ်နိုင်ပါတယ်။ Introduction ဟာ Introduction ဆိုတဲ့ နာမည်နဲ့လိုက်အောင် ဇာတ်ကောင် ဇာတ်အိမ် ဘာမှသေသေချာချာမပြသွားဘဲ မိတ်ဆက်သဘောလောက်သာ အနည်းအကျဉ်းပြသွားပါတယ်။ Hong Sang-Soo ဟာ Nonlinear narrative ပုံစံနဲ့ပြသွားပြီ ဘာအရင်လာလဲ သိသိသာသာ မြင်ရတဲ့နေရာတွေရှိသလိုပဲ ဘာအရင်လဲ မသိသာတာတွေလည်း ရှိနေပါတယ်။ အဲဒီကြားက အချိန်ကွာဟချက်ဘယ်လောက် ဘာညာကိုလည်း မပြသွားပါဘူး။ ဟိုရောက်နေတယ်ထင်ရင်း ဒီရောက်သွားသလိုပေါ့။ အဆုံးထိလည်း အဆုံးဖြစ်နိုင်တဲ့ဟာနှစ်ခုမှာ ဘယ်ဟာက တကယ့် Timeline အဆုံးသတ်လဲဆိုတာလည်း မသိလိုက်ပါဘူး။ Hong Sang-Soo ရုပ်ရှင် အကုန်နီးပါး ကြည့်ဖူးကြတဲ့ ဝေဖန်ရေးသမားတွေကတော့ Hong ဟာ Nonlinear narrative အသုံးများတဲ့ လူလို့ဆိုပါတယ်။ “TIME IS NOT a real thing.”လို့ Hong Sang-Soo ကိုယ်တိုင်က ရုပ်ရှင်တစ်ကားမှာ ပြောဖူးထားတော့ ‌Introduction ဟာ Hong Sang-Soo မိတ်ဆက်လို့ ဆိုလို့ရတဲ့ ရုပ်ရှင်ပါပဲ။‌ သို့ပေမဲ့ ဒီရုပ်ရှင်ဟာ ဘာလင်ရုပ်ရှင်ပွဲတော်မှာ ဇာတ်ညွှန်းဆု ရခဲ့ပါတယ်။ Introduction ဟာ ဘာအကြောင်းအရာမှ သေချာမပါသလို ဘယ်ဇာတ်ကောင်ကိုမှလည်း သေချာပုံဖော်မသွားတဲ့ ဘာမှရမှာမဟုတ်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Hong Sang-Soo အရသာကို မြည်းစမ်းကြည့်ချင်မှပဲ ကြည့်သင့်တဲ့ရုပ်ရှင်ပါ။ ရုပ်ရှင်ဟာ ဒီတိုင်း အရသာခံဖို့အတွက်ပဲ မဟုတ်လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 990MB, 460MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 6Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Mystery • Thriller
6.2 2021 66 mins
Introduction
The Get Together
4.7

The Get Together (2022) ================== Plot twist တွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ပါ။ သောကြာနေ့ညရဲ့ ပါတီပွဲတစ်ခုကို အခြေခံထားပြီး အဲဒီပါတီပွဲက ဇာတ် လမ်းလေးတွေနဲ့ပဲ တစ်ညတည်း အပြီးရိုက်ပြထားသလိုမျိုးလေးပေါ့။ ကဲလက်ဘ်၊ ဘက်စီ၊ ဒေမီယန်၊ လူးကက်စ်၊ လေစီ၊ မက်ကောလ် စတဲ့ သူငယ်ချင်းတွေ တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းလေးတွေကို playback ပြန်ပြန်ပြပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားပါတယ်။ အားလုံးက သောကြာ ညလေးမှာ အခြေခံထားတာဆိုတော့ သူတို့ဆီက လူငယ်တွေ ပါတီပွဲ ဖြတ်သန်းကြပုံတွေ၊ ပျော်ကြပါးကြပုံတွေကိုတော့ တဝကြီး ကြည့်ရှု့ရမှာပါ။ စုံတွဲတစ်တွဲရဲ့ လက်ထပ်ခွင့်တောင်းပုံတောင်းနည်းအဆန်းလေးကိုလည်း မြင်ရပါလိမ့်မယ်။ ဟာသဇာတ်မြူးကားလေးဆိုပေမယ့် ကလိထိုးရယ်ခိုင်းတဲ့ plot တွေမပါဘဲ တွေးတွေးပြီးနားလည်ကြရမယ့် ပုံစံမျိုးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(922 MB) / (467 MB) Quality…………WebDL 1080p / 720p Duration………1Hr 14mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….SWM

History • War
4.7 2022
The Get Together
Bob Marley One Love
7

Bob Marley One Love(2024) ************************* 20 ရာစုရဲ့ အထင်ရှားဆုံး ရက်ဂေးအဆိုတော် ဘော့မာလီ၊ ကမ္ဘာအနှံ့က တရားမျှတမှု၊ ငြိမ်းချမ်းရေး၊ စည်းလုံးရေး သီချင်းတွေရဲ့ဖခင်ကြီး၊ ကမ္ဘာ့အအောင်မြင်ဆုံး အယ်ဘမ်တွေထဲက တစ်ခုဖြစ်တဲ့ Exodus ဆိုတဲ့ masterpiece ရဲ့ ဖန်တီးရှင်အကြောင်းကို တင်ဆက်ထားတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ King Richard လို ဘိုင်အိုဂရပ်ဖီ ကားကောင်းတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Reinaldo Marcus Green ရဲ့ လက်ရာဖြစ်ပြီး Marvel Secret Invasion, The OA, Peaky Blinders တို့လို နာမည်ကျော်စီးရီးတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသား Kingsley Ben-Adir က ဘော့မာလီအဖြစ် သရုပ်ဆောင်ထားပါတယ်။ သီချင်းကောင်း၊ ဇာတ်လမ်းကောင်း၊ သရုပ်ဆောင်ကောင်းတွေနဲ့မို့ ကြည့်လိုက်ကြပါဦး။ ဇာတ်လမ်းအကျဉ်း ဘော့မာလီဟာ အစမှာ အာဖရိကလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လူသိအရမ်းများတဲ့အဆိုတော်ဖြစ်ခဲ့ပါတယ်။ ဂျာမေကာနိုင်ငံဟာ ၁၉၆၂ မှာ ဗြိတိန်လက်အောက်ကနေ လွတ်လပ်ရေးရခဲ့တာပါ။ ၁၉၇၆ မှာ ဂျမေကာနိုင်ငံဟာ ဆိုရှယ်ဒီမိုကရက် People’s National Party နဲ့ ကွန်ဆာဗေးတစ် Jamaica Labour Party တို့အကြား ပြိုင်ဆိုင်မှုကနေ လက်နက်ကိုင် ပဋိပက္ခတွေအဖြစ်ပြောင်းလဲလာပြီး ပြည်တွင်းစစ်ကြီးဖြစ်ဖို့ အရမ်းနီးကပ်လာခဲ့ပါတယ်။ အဲဒီတင်းမာမှုတွေကို လျှော့ချချင်လို့ ဘော့မာလီဟာ ဂျမေကာအပြုံးဆိုတဲ့ ရှိုးပွဲကြီးတစ်ခုကို စီစဉ်ခဲ့ပေမဲ့ နိုင်ငံရေး အမြင်မတူမှုတွေကြောင့် အိမ်ထဲထိဝင်ပြီး လုပ်ကြံဖို့ ကြိုးစားခံခဲ့ရပါတယ်။ အသက်ဘေးကလွတ်လာပြီးတော့ ဗြိတိန်ကို ထွက်ပြေးခဲ့ပြီးနောက်မှာ Exodus အခွေကို ထုတ်နိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးရဲ့ ရက်ဂေးဂီတာ အိုင်ကွန်၊ ရာ့စတာဖာရိုင် ဘာသာရေးအိုင်ကွန်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျမေကာကို အသက်အန္တရာယ်ရှိတဲ့ကြားထဲက ပြန်လာပြီး အတိုက်အခံ ပါတီခေါင်းဆောင်နှစ်ယောက်ကိုပါ စင်ပေါ်ခေါ်တင်ပြီး ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ကူညီခဲ့ပါတယ်။ (ရုပ်ရှင်ထဲမှာ ဒီလိုပြပေမဲ့ အပြင်မှာတော့ ဂျမေကာဟာ ပါတီနှစ်ခု အားပြိုင်မှုတွေ၊ ဂိုဏ်းအကြမ်းဖက်မှုတွေ၊ လူသတ်မှုတွေနဲ့ ၂၀၂၄အထိတောင် မတည်ငြိမ်သေးပါဘူး) 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ File size…5GB/1.7GB/ 736MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 54min Genre …..Biography,Music , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Mr.Anderson

Horror • Thriller
7 2024
Bob Marley One Love
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Divine Intervention
5.4

Divinaal Senal က မက္ကဆီကို ဒါရိုက်တာ ပတ်ဒရို ပါဘလို လာဘရာ ရိုက်ကူးထားတာ ဖြစ်ပါတယ် ဂိုင်းစတား မိုက်ကြေးခွဲနေကြသူ နှစ်ယောက် ကံကြမ္မာရဲ့ မျက်နှာသာပေးမှုနဲ့ မထင်မှတ်ထားတဲ့ အံ့ဖွယ်ဖြစ်ရပ်တွေကြုံတွေ့ရတဲ့ အချိန်မှာတော့ ကောင်းတဲ့ လုပ်ရက်တွေပဲ လုပ်ဖို့ ကြိုးစားကြတဲ့ ချူးမားနဲ့ ချက်ကို ကို ကြည့်ရမှာပါ မိသားစု နွေးထွေးမှုတွေ ချစ်ချင်းမေတ္တာ တရားတွေနဲ့ စိတ်ကောင်းရှိတဲ့ လုပ်ရပ်တွေ လူတွေရဲ့ နေထိုင်မှုဘဝ တွေ ကိုပါ ရှုထောင့် နှစ်ဘက်ကြည့်နိုင်အောင် ရိုက်ကူးပေးထားလို့ ကြည့်ဖို့ လက်မလွတ်သင့်တဲ့ကားပါ File size…(1.6 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

5.4 2023
Divine Intervention
Le Samouraï
8

Le Samouraï (1967) ~ IMDb – 8/10, Rotten Tomatoes – 100% ~ Jean-Pierre Melville ဟာ ပြင်သစ်နယူးဝေ့ကို စတင်ခဲ့တဲ့ဒါရိုက်တာတချို့ရဲ့ စိတ်ကူးတွေမြစ်ဖျားခံရာဖြစ်သလို ပြင်သစ်နယူးဝေ့ရဲ့ အမြင်တွေပေါ်ပေါက်လာစေခဲ့တဲ့သူတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ ပြင်သစ်နယူးဝေ့ရဲ့ အခရာကျတဲ့ ဒါရိုက်တာစာရင်းမှာတော့ မထည့်ကြပေမဲ့ ပြင်သစ်နယူးဝေ့ရဲ့ Spiritual Father လို့ဆိုကြတယ်။ ပြင်သစ်နယူးဝေ့ထွက်ပေါ်လာတဲ့အထဲ သူ့လွှမ်းမိုးမှုတော်တော်ကြီးခဲ့တယ်။ သူ့ရဲ့ Independence ဖြစ်တဲ့ တင်ပြပုံနဲ့ အတုလုပ်ထားတဲ့ရိုက်ကွင်းမသုံးဘဲ တကယ့်နေရာအစစ်မှာ ရိုက်ကူးခြင်းတွေကို နယူးဝေ့ဒါရိုက်တာတွေဟာ အတုယူခဲ့ကြတယ်။ ပြင်သစ်နယူးဝေ့ရဲ့ နာမည်အကျော်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Jean-Luc Godard ဟာ ရိုက်ထားတာတွေကို တည်းဖြတ်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့အချိန် Melville က ဂိုးဒတ်ကို သူဆို သူရိုက်ထားတဲ့ထဲက အကောင်းဆုံးအပိုင်းတွေကို ဖြတ်ယူလိုက်တာပဲလို့ ပြောပြခဲ့တယ်။ ဂိုးဒတ်ကလည်း အဲဒီနည်းကို နောက်ပိုင်းလည်း ဆက်တိုက်သုံးခဲ့တယ်။ Melville ဟာ Neo-noir တွေကို အရိုက်များခဲ့ပြီး နောက်ပိုင်း Neo-noir ကားတွေ Crime, Action ကားတွေရိုက်တဲ့ ဒါရိုက်တာတွေအားလုံးနီးပါးအပေါ် လွှမ်းမိုးမှုရှိခဲ့တယ်။ ဂျွန်ဝူးကတော့ The Killer ဆိုတဲ့ နာမည်နဲ့ ချောင်ယွန်ဖတ်ကိုသုံးပြီး ဇာတ်ကောင်ကိုနည်းနည်းမှီး ဇာတ်လမ်းကျောရိုးကိုနည်းနည်းမှီးပြီး ဒီအသွားအတိုင်းကို ပြန်ရိုက်ပြီး Heroic Bloodshed ကားတွေလို့ Genre ကွဲတစ်ခု တည်ဆောက်နိုင်ခဲ့တယ်။ ဒါလည်း ဆန်းတော့မဆန်းဘူး။ ဟောင်ကောင် Crime Action တွေဟာ ပြင်သစ်ကားတွေကို ပြန်လည်ဆန်းသစ်ပြီးရိုက်ထားခဲ့ကြတာများတယ်။ Infernal Affairs တို့ City on Fire တို့လည်း ဒီလိုပါပဲ။ ဖြစ်သင့်တဲ့ကိစ္စပဲမလား။ ဂိုးဒတ်တော့ပြောဖူးတာပဲ… ရုပ်ရှင်အတွက် အဓိကလိုတဲ့ Element က သေနတ်တစ်လက်နဲ့ မိန်းမလှတစ်ယောက်ဆိုပဲ။ အက်ရှင်နဲ့ လိင်မှုပေါ့။ Le Samouraï ဟာ ဘယ်လိုရုပ်ရှင်လဲဆို… Hitman တစ်ယောက်အကြောင်းသက်သက်ပဲ။ Hitman တစ်ယောက်က အလုပ်လက်ခံတယ်။ သူ့အလုပ်သူလုပ်တယ်။ ဒါကိုပြတဲ့အထိတော့ သိပ်တော့မဆန်းဘူး။ ဇာတ်ကောင်ပြောခဲ့သလိုပဲ။ လူသတ်ဖို့ငွေပေးထားလို့ သူက လူသတ်ပေးလိုက်ရုံပဲ။ ဒါပေမဲ့ အမှတ်မထင် အဲဒီအလုပ်က နောက်ဆက်တွဲပြဿနာတွေရှိလာတယ်။ ဒီပြဿနာတွေကို သူဖြေရှင်းတဲ့ပုံစံကနေ သူက ဘယ်လိုစိတ်ဓာတ်နဲ့ ဘယ်လိုလူမျိုးလဲဆိုတာကို ကာရိုက်တာတည်ဆောက်ပြသွားတယ်။ ဒီမှာထူးတာက သူ့အပြိုင်ဇာတ်ကောင်ဖြစ်တဲ့ ရဲအရာရှိကိုလည်း သူ့လောက်အချိန်မပေးထားပေမဲ့ သူ့လောက်နီးနီး ခိုင်မာအောင် အခန်းနည်းနည်းနဲ့ တည်ဆောက်ပြသွားတာပဲ။ မင်းသမီးကို သူလိုချင်တဲ့အတိုင်း ထွက်ဆိုလာအောင် နားချတဲ့အခန်းမှာ ဒီရဲဇာတ်ကောင်ကလည်း သူ့အလုပ်သူဖြစ်မြောက်ဖို့ ဘာမဆိုလုပ်မယ့်ဇာတ်ကောင်မျိုးဆိုတာကို မြင်သာစေခဲ့တယ်။ ဒါကြောင့်လည်း Hitman ဇာတ်ကောင်ရဲ့ အခြေအနေက ပိုကျပ်တည်းသွားသလို ကျပ်တည်းသွားတဲ့ အခြေအနေမှာ သူ့ခံယူချက်နဲ့ သူ့စိတ်ဓာတ်က ပိုထင်းလင်းလာတယ်။ ဒါကို Melville က အရိပ်တွေ အမှောင်တွေ အငြိမ်တွေသုံးပြီး ဒိုင်ယာလော့နည်းနည်းနဲ့ တင်ဆက်ထားတဲ့ ရုပ်ရှင်ပါပဲ။ သေချာတာတော့ Le Samouraï မှာ သေနတ်တစ်လက်နဲ့ မိန်းမတစ်ယောက်ပါတယ်။ ဒါပေမဲ့ အဲဒီသေနတ်ကလည်း အငြိမ် အဲဒီမိန်းမကလည်း အငြိမ်ပဲ။ “Action is the enemy of Suspense” ဆိုတဲ့စကားရှိပေမဲ့ Le Samouraï ကတော့ Action မှာ Suspense တွေ တွဲလွဲခိုနေတဲ့ ရုပ်ရှင်လို့ပြောရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.4GB, 700MB Quality – BluRay 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 1H 41Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
8 1967 105 mins
Le Samouraï
The Price of Nonna’s Inheritance
5.2

ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ ကဲ ရှုစားလိုက်ကြပါဦးဗျာ။ File size…(1.5 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:30:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thaw Ko Ko Zin

5.2 2024 90 mins
The Price of Nonna’s Inheritance
Ad Vitam
6

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ပြင်သစ်အက်ရှင်ဒရမ်မာကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာဆိုရင် ပြင်သစ်အထူးတပ်ဖွဲ့ဝင်ဟောင်း ဇနီးမောင်နှံနှစ်ယောက်တို့ရဲ့ အသက်ရှင်သန်ဖို့ရုန်းကန်ရမှုကို ဒရမ်မာဆန်ဆန်ဇာတ်အိမ်ဖွဲ့ရိုက်ကူးတင်ဆက်ထားပါတယ်.. ပြင်သစ်အထူးတပ်ဖွဲ့အရာရှိများဖြစ်ကြတဲ့ Franck Lazareff နဲ့ Leo တို့ဇနီးမောင်နှံဟာ အပတ်စဉ်တူသင်တန်းသားများဖြစ်ပြီး အရာရှိဘဝမှာလည်း တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရင်း ဘဝကိုပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေကြသူတွေဖြစ်ပါတယ်.. ဖခင်ဆုံးရှုံးလိုက်ရတဲ့ အတိတ်ဖြစ်ရပ်ဆိုးကြောင့် ကလေးယူဖို့ ကြောက်ရွံ့နေသူ Franck Lazareff နည်းတူ Leo ဟာလည်း ကလေး မလိုချင်ခဲ့သူဖြစ်ကာ နှစ်ယောက်တည်းကမ္ဘာကို ပျော်ရွှင်စံစားနေရင်း နှစ်အနည်းငယ်အကြာမှာတော့ Leo မှာ ကိုယ်ဝန်ရှိလာခဲ့ပါတယ် ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်း ယောက်ျားဖြစ်သူကို ပြောပြဖို့ လုပ်နေချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် စစ်ဆင်ရေးလုပ်ရမယ့် အမှုအခင်းတစ်ခုပေါ်ပေါက်လာပါတော့တယ်.. ၎င်းအမှုအခင်းမှာပဲ အရင်းနှီးဆုံး အဖွဲ့ဝင်တပ်သားနှစ်ယောက် သေနတ်ပစ်ခံခဲ့ရတဲ့မှုအတွက် တာဝန်ရှိသူ Franck Lazareff တစ်ယောက် တပ်ဖွဲ့ကနေထုတ်ပယ်ခြင်းခံရဖို့ ဖြစ်လာပါတယ် ထုတ်ပယ်ခံရပြီးသိပ်မကြာခင်မှာပဲ ထိုအမှုအခင်းဟာ သာမန်ဓားပြတိုက်မှု သက်သက်မဟုတ်နိုင်ကြောင်း သံသယဝင်သွားတဲ့ Franck Lazareff တစ်ယောက်တစ်ကိုယ်တော်စုံစမ်းမှုတွေလုပ်ရင်း အကြောင်းမှန်ကို သိရှိသွားချိန်မှာတော့… ဒီဇာတ်ကားလေးဟာဆိုရင် ပျော်ရွှင်စရာ အထူးတပ်ဖွဲ့အရာရှိဘဝများ မိသားစုဘဝများကို ဒရမ်မာကားသဖွယ်ရိုက်ကူးထားတာဖြစ်လို့ အက်ရှင်ကားချစ်ပရိသတ်များသာမက ဒရမ်မာချစ်ပရိသတ်များကိုလည်း ကျေနပ်စေနိုင်တဲ့ဇာတ်ကားလေးဖြစ်တာကြောင့် လက်မလွတ်ကြရစေဖို့ ညွှန်းပေးလိုက်ပါတယ်ခင်ဗျာ… File size… (1.92GB) / (1.03GB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre ….. Action , Crime , Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Romance • Comedy
6 2024 97 mins
Ad Vitam