YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My Youth (2025) E08 720p WEB-DL [RMC].mp4

672.62 MB 720p video/mp4 7 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
By the Time It Gets Dark
5.9

By the Time It Gets Dark ကို ကိုယ်ပိုင်အမြင်အရပြောရမယ်ဆိုရင်တော့ ယုန်တွင်းထဲ လိုက်ဝင်သွားတဲ့ အဲလစ်လိုပါပဲ...။ ယုန်တွင်းထဲမှာတော့ ၁၉၇၆ ခုနှစ်တုန်းကာလ ထိုင်းနိုင်ငံရဲ့ ကျောင်းသားသပိတ်ရှိနေပြီး လိုက်ပြတဲ့ ယုန်လေးကတော့ ဒီကားရဲ့ အဓိကဇာတ်ဆောင်လို့ ပြောလို့ရလောက်မယ့် ဒါရိုက်တာ မိန်းမငယ်လေးပေါ့...။ အဲဒီယုန်လေးနောက် အပြေးလိုက်ရင်း အပိုင်းအစတွေ အမှတ်တရတွေကို လိုက်ပါခံစားကြည့်ရမယ့် ရုပ်ရှင်ချစ်သူတိုင်းကတော့ အဲလစ်လေးတွေပါပဲ။ ငါတို့အားလုံးသည် အဲလစ်များသာပေါ့။ အံ့ဖွယ်ကမ္ဘာထဲက အဲလစ် (Alice in Wonderland) နဲ့မတူမှာဆိုလို့ ယုန်တွင်းထဲရှိနေတာဟာ Wonder (အံ့ဖွယ်တွေ) မဟုတ်ဘဲ Massacre (လူမဆန်စွာ သတ်ဖြတ်ခံရခြင်း)တွေ ဖြစ်နေတာပါပဲ။ ဒီဇာတ်ကားကို ဘန်ကောက်မြို့ သမ်မာဆတ်တက္ကသိုလ်မှာ ကြုံတွေ့ခဲ့တဲ့ ၁၉၇၆ ကာလတုန်းက ကျောင်းသားသပိတ်ရဲ့ သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ အမျိုးသမီးရဲ့ဇာတ်လမ်းကို ရုပ်ရှင်ပြန်ရိုက်ဖို့ ကြိုးစားနေတဲ့ ဒါရိုက်တာမိန်းမငယ်လေး၊ ခြံလုပ်သားတဖြစ်လဲ နာမည်ကြီးသရုပ်ဆောင်ကောင်လေး၊ အလုပ်တွေတောက်လျှောက်ပြောင်းနေတဲ့ သာမန်မိန်းကလေးတစ်ယောက်၊ ဒီလို တစ်ယောက်ချင်းစီကြားက ဖြတ်သန်းမှုတွေ စတဲ့ အပိုင်းအစတွေနဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ခုရှိတာက ဒီဇာတ်လမ်းဟာ အသင့်ခွံ့ကျွေးထားတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်ကြေညက်အောင်ဝါးစားဖို့ အချိန်ပေးရမယ့် ဇာတ်လမ်းမျိုးပါ။ ထိုင်းနိုင်ငံရဲ့ သမိုင်းဖြစ်ရပ်တစ်ခုကို အခြေခံထားတယ်ဆိုပေမဲ့ Festival Type ရုပ်ရှင်မျိုးဖြစ်တာမို့ အပြနှေးနှေးနဲ့ စိတ်ရှုပ်စရာကောင်းတယ်လို့ထင်တဲ့ကားမျိုးကို မကြိုက်ရင်တော့ ကြိုတင်သတိချပ်စေလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 850MB Quality - 1080p, 720p IMDb Rating - 6.4/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Adventure • Drama
5.9 2016 106 mins
By the Time It Gets Dark
OSS 117: From Africa with Love
5.7

CM ပရိတ်သတ်ကြီးတွေကို ဒီတစ်ခါမှာတော့ ပြင်သစ်စုံထောက်ဇာတ်လမ်းကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ တကယ်လို့ ပရိတ်သတ်ကြီးတွေကJames Bonds ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တယ်၊ နောက်ပြီး Johnny English လိုဟာသဆန်ဆန် စုံထောက်အေးဂျင့်ကားမျိုးကို သဘောကျတတ်တယ်ဆိုရင် ဒီကားလေးကိုလည်း လက်လွတ်မခံသင့်ပါဘူး။ ဒီဇာတ်လမ်းလေးထဲမှာတော့ ဇာတ်လိုက်စုံထောက်ကျော်ရဲ့ လျှို့ဝှက်နံပါတ်က OSS 117 ပါတဲ့။ ဇာတ်လမ်းအစမှာတင် စုံထောက်ကျော် OSS 117 ကို အရေးကြီးတဲ့ လျှို့ဝှက်မစ်ရှင်တစ်ခုကိုဆောင်ရွက်ဖို့ အာဖရိကတိုက်ကို စေလွှတ်လိုက်ပါတယ်။ သိကြတဲ့အတိုင်းအာဖရိကဆိုတာ သားရဲတိရစ္ဆာန်တွေပြည့်နှက်နေပြီး မတူညီတဲ့လူမျိုးစုတွေနေထိုင်ရာနေရာဖြစ်တာမို့ တော်ရုံအေးဂျင့်စုံထောက်တွေ လက်ဖျားခါလောက်တဲ့ နေရာဆိုလည်းမမှားပါဘူး စုံထောက်ကျော်ဇာတ်လိုက်ကြီးကတော့ အာဖရိကကို မရောက်စဖူးရောက်သွားပြီး လျှို့ဝှက်မစ်ရှင်ကိုဆောင်ရွက်နေချိန်မှာပဲ ထင်မထားလောက်တဲ့ ကိစ္စတွေဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်။ ပိုအရေးကြီးတဲ့အချက်က ဒီမစ်ရှင်သာကျဆုံးသွားခဲ့ရင် အာဖရိကတိုက်ရဲ့အနာဂတ်ကိုပါထိခိုက်နိုင်သလို ပြင်သစ်နဲ့အာဖရိကတို့ရဲ့ နှစ်ပြည်ထောင်ချစ်ကြည်ရေးကိုပါ ပြိုလဲသွားစေနိုင်မှာဖြစ်လို့ OSS 117 တစ်ယောက်ဘယ်လိုဆက်ပြီးဖြေရှင်းသွားမလဲ.... အာဖရိကမှာ ဘယ်လိုအသက်ဘေးတွေနဲ့ကြုံရပြီး ဘယ်လိုလက်နက်ဆန်းတွေနဲ့ရန်သူတွေကိုချေမှုန်းနိုင်မလဲဆိုတာ စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်... ပုံမှန်ကြည့်နေကျစုံထောက်ကားတွေလို ရိုးအီနေတဲ့ဇာတ်လမ်းမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့်အပြင် ဘယ်လိုအလွဲတွေလုပ်ရင်း ဒုက္ခရောက်လေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတာမို့လို့ အခုပဲကြည့်ကြည့်လိုက်ဖို့ ညွှန်းပါရစေ။ ဒီဇာတ်လမ်း​လေးထဲမှာ​တော့ - ပြင်သစ်မင်းသားကြီးJean Dujardin က OSS 117အဖြစ်၊ - Pierre Niney က OSS 1001အဖြစ်၊ - မင်းသမီး​​ချော​လေး Fatou N'Diaye က Zéphyrine Sangawe Bambaအဖြစ် ပါဝင်သရုပ်​ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က​တော့ Richard Wai ဖြစ်ပါတယ်) Genre.....Action, Comedy Quality….WEB-DL 1080p and 720p and 360p File size…1.6GB and 832MB and 265MB Format…mp4 Duration….1h 57min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder ..... August

Action • Science Fiction
5.7 2021 117 mins
OSS 117: From Africa with Love
Somewhere in Time
7.5

Somewhere in Time (1980) ~ IMDb rating - 7.2/10 ~ အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 1980 ရဲ့ Old but Gold ကားကောင်းတစ်ကားဖြစ်ပြီး Time Travel, Romance အမျိုးအစားဖြစ်ပါတယ်။ ဟိုးတုန်းက Original Superman မင်းသား Christopher Reeve ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့... 1972 မှာ ရစ်ချတ်ကော်လီယာဆိုတဲ့ဘဲဟာ ပြဇာတ်တစ်ခုကို စီစဉ်ကပြနေတုန်း ထူးထူးဆန်းဆန်း အဖွားကြီးတယောက်ရောက်လာပြီး ခေတ်ဟောင်းနာရီတလုံး ပေးသွားတယ်။ ပြီးတော့ သူ့ဆီပြန်လာခဲ့ပါဆိုပြီး ရစ်ချတ်ကို ပြောသွားတယ်။ ၈နှစ်လောက်ကြာပြီး တစ်ရက်မှာ ရစ်ချတ်က Grand Hotel ကို ရောက်လာရင်းနဲ့ ဟိုးတုန်းက မင်းသမီးတယောက်ရဲ့ပုံကိုတွေ့ပြီး စွဲလမ်းသွားတယ်။ မင်းသမီးရဲ့အကြောင်းကို လိုက်ရှာရင်းနဲ့ အသက်ကြီးသွားတဲ့ပုံကိုတွေ့တော့ အဲဒီမင်းသမီးက သူ့ကိုနာရီလာပေးသွားတဲ့အဖွားကြီးဖြစ်မှန်းသိလိုက်ရတယ်။ တစ်နည်းနည်းနဲ့ မင်းသမီးကို သွားပြန်တွေ့မယ်လို့ ဆုံးဖြတ်လိုက်တဲ့ရစ်ချတ်ဟာ အိပ်မွေ့ချတဲ့နည်းနဲ့ 1912 ကို အချိန်နောက်ပြန်သွားလိုက်ပါတယ်။ အဲဒီမှာ မင်းသမီး အဲလိစ်နဲ့တွေ့ပြီး နှစ်ယောက်သား ချစ်မိသွားတယ်ဆိုပေမဲ့ အဲလိစ်ရဲ့မန်နေဂျာက မကျေနပ်ပဲ ကန့်ကွက်ပါတယ်။ မန်နေဂျာရဲ့ သဘောမတူတဲ့ကြားက သူတို့နှစ်ယောက်ရဲ့ အချစ်ရေးက ခိုင်မြဲပါ့မလား... ရစ်ချတ်ကရော 1912 မှာ ဆက်ရှိနေနိုင်မှာလား... နှစ်​ယောက်သားရဲ့အချစ်ရေးက ဘယ်လိုအဆုံးသတ်နဲ့ကြုံရမလဲဆိုတာကတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.95GB, 795MB Quality - 1080p, 720p IMDb Rating - 7.2/10 Format - mp4 Duration - 1H 43Min Genre - Drama, Fantasy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Action & Adventure • Sci-Fi & Fantasy
7.5 1980 103 mins
Somewhere in Time
Don’t Make Me Go
6.5

Don’t Make Me Go (2022) ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ…? အချိန်လား…? ငွေလား…? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား…? ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don’t Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။ အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ရုပ်ရှင်ကားလေးက ကြည်နူးစရာကောင်းလိုက်၊ အမြင်ကတ်လိုက်၊ အားကျလိုက်၊ ပြန်တွေးလိုက်နဲ့ ကုန်ဆုံးသွားရမယ့် ၂ နာရီ‌တောင်မပြည့်တဲ့ အချိန်လေးအတွင်းမှာ ရသမျိုးစုံကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးနဲ့ အတွေးနယ်ပယ်ထဲ လွင့်​မျောချင်ရင်တော့ Don’t Make Me Go ကို အလွတ်မပေးဖို့ အကြံပြုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 850MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 49Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama
6.5 2022 109 mins
Don’t Make Me Go
Girls From Dubai
5

Girls from Dubai(2021) “ရှင် ဂိုဏ်းစတားကားတွေ ကြိုက်လား။ လူတွေက အဲဒီရုပ်ရှင်တွေထဲမှာ ဘယ်လောက်ပဲ နှိပ်စက်၊ မုဒိမ်းကျင့်၊ သတ်ဖြတ်နေကြပါစေ ကြိုက်ကြတာပဲ။ ဒါပေမဲ့ ကျွန်မတို့ကိုတော့ မုန်းကြတယ်။ ကျွန်မတို့အကြောင်း ရုပ်ရှင်ဆိုတာရော ရှိလာပါဦးမလား” ဒါက ဒီဇာတ်ကားထဲက နောက်ဆုံးပိုင်းလေးမှာ အမ်မီ ပြောခဲ့တဲ့ Dialogue လေးပါပဲ။ ဒီဇာတ်ကားထဲမှာ ငယ်ငယ်က Miss ဖြစ်ချင်ခဲ့တဲ့ အမ်မီတစ်ယောက် Miss ပြိုင်ပွဲတွေဝင်ရင်းနဲ့ အထက်တန်းလွှာက ပြည့်တန်ဆာလုပ်ငန်းထဲ ခြေချမိသွားရာကစလို့ ကြုံလာရမယ့်အရာတွေ၊ အချင်းချင်း ခွင်ကျော်ကြပုံတွေ၊ နောက်ကျောဓားနဲ့ ထိုးကြပုံတွေ၊ ငါးစာအောက်က ငါးမျှားချိတ်ကို မြင်ရက်နဲ့ လျှော့တွက်ခဲ့ရာက ဒုက္ခကြုံရပုံတွေကို ရိုက်ပြထားပါတယ်။ ဒီကားထဲမှာတော့ လိင်အလုပ်သမတွေရဲ့ ဘဝအကြောင်းကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးတော့ တကယ့်ပျော်ရွှင်မှုအစစ်လို့ ထင်မှတ်မှားခဲ့တဲ့အရာတွေက တစ်ချိန်ချိန် တကယ့်ပျော်ရွှင်မှုအစစ်ကို ရှာတွေေ့တဲ့အခါ အနောက်ကနေ အရိပ်မည်းကြီးလို လိုက်လာတတ်ပုံကိုလည်း သင်ခန်းစာ ပေးထားပါတယ်။ ဒီကားလေးက ၂၀၂၁ ခုနှစ်က ထွက်ရှိထားတာ ဖြစ်ပြီး IMDB rating 5 နဲ့ Rotten Tomatoes မှာ Audience Score (80%) ထိ ရရှိထားပါတယ်။ ရုပ်ရှင်ဆုတစ်ဆုနဲ့ တစ်ကြိုစာရင်း တစ်ကြိမ် ဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leo ပဲ ဖြစ်ပါတယ်။ Genre…..Drama Quality…. 1080p | 720p | 480p File size…2.4GB | 1.3GB | 512MB Format… mp4 Duration….2h 26min Subtitle…. Myanmar Subtitle (Hardsub) Translator …..Leo Encoder …..August

Drama • Fantasy • Horror
5 2021 136 mins
Girls From Dubai
Ghodwa
6.1

Poetry,Politics and Promises are lies “ နိုင်ငံရေး၊ကဗျာတွေနဲ့ ကတိတွေဆိုတာ အလိမ်အညာတွေကွတဲ့။ မှတ်မှတ်ရရ Pacific Rim ထဲမှာ ကြားဖူးတဲ့စကား။ အခု ဒီ Ghodwa ဆိုတဲ့ဇာတ်ကားကို ကြည့်အပြီးမှာ အဲ့စကားကို ပြန်သတိရသွားတယ်။ Ghodwa ဆိုတာ မြန်မာလိုအလွယ်ပြန်ရရင် မနက်ဖြန် (ဒါမှမဟုတ်) မျှော်လင့်ခြင်းလို့ အဓိပ္ပာယ်ရတယ်။ ဒီဇာတ်ကားက Jasmine Revolution လို့ခေါ်တဲ့ တူနီးရှန်းတော်လှန်ရေးအပြီး ဆယ်နှစ်အကြာမှာဇာတ်အိမ်တည်ထားပြီး ဟာဘစ် လို့ခေါ်တဲ့ လူ့အခွင့်အရေးရှေ့နေတစ်ယောက် နဲ့ သူ့သားအာမက်တို့ရဲ့ဘဝကို ရိုက်ပြထားတာ။ ဟာဘစ်ဆိုတဲ့ လူဟာ လွန်ခဲ့တဲ့ဆယ်နှစ် တူနီးရှန်းတော်လှန်ရေးမှာ အဖမ်းဆီးခံ၊အနှိပ်စက်ခံရတဲ့ စိတ်ဒဏ်ရာနဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရပြီး သူ့စိတ်ထဲမှာလည်း လူတွေအတွက် တရားမျှတမှုဘယ်လိုဆောင်ကြဉ်းပေးရမလဲဆိုတာကိုပဲ အမြဲတမ်းတွေးနေတတ်တယ်။ အာမက်ဆိုတာကတော့ သူ့ရဲ့သားပေါ့။ဆယ်ကျော်သက်ချာတိတ်လေး။ဒါပေမယ့် အရွယ်နဲ့ မလိုက်အောင်ကို တစ်ဖက်သားအတွက် တွေးပေးတတ်ပြီး ရောဂါသည် သူ့အဖေကိုလည်း တစ်ချိန်လုံးပူပန်စောင့်ရှောက်ပေးနေရတယ်။ ဒီဇာတ်ကားဟာ သူတို့နှစ်ယောက်အကြောင်းကိုအခြေတည်ပြီး တူနီးရှန်းပြည်သူတွေရဲ့ လက်ရှိဘဝတွေ၊တရားစီရင်ရေးစနစ်ရဲ့ ပျက်ကွက်မှုတွေ၊တူနီးရှန်းတော်လှန်ရေးရဲ့ မပြီးပြတ်သေးတဲ့ရည်မှန်းချက်တွေအကြောင်းကို တည့်တည့်ကြီးမီးမောင်းထိုးပြထားတယ်။ ပြီးခဲ့တဲ့နှစ်ကလုပ်တဲ့ Cairo International Film Festival မှာလည်း International Federation of Critics’ Award ဆုကိုလည်း ရထားသေးတယ်။ ဒီဇာတ်ကားကို ကြည့်ပြီးရင် ခင်ဗျားစိတ်ထဲမှာ တွေးစရာတွေ အများကြီးပေါ်လာလိမ့်မယ်။ရင်မောစရာတွေ အများကြီး ပေါ်လာလိမ့်မယ်။ ကျွန်တော့်လို တွေးချင်ငေးချင်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ social drama ကားကောင်း တစ်ကားပေါ့ဗျာ။ File size…(1.98GB) / (1GB) /502MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:36:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

6.1 2021
Ghodwa
Gooische Vrouwen 2
5.9

Gooische Vrouwen 2 (2014) ==================== IMDb Rating – 5.9/10 (ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်) ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။ အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size……….(1.74 GB) / (765 MB) / (452 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 46Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Kaung Paing Encoder……….SWM

Thriller • TV Movie
5.9 2014
Gooische Vrouwen 2
Angry Annie
6.8

Angry Annie (2022) =============== IMDb Rating – 6.8/10 ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(2.31 GB) / (937 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 59Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thwal Htoo Zin Encoder……….SWM

6.8 2022
Angry Annie
Strange Darling
7.5

Strange Darling (2024) IMDb Rating (7.5) / Rotten Tomatoes (95%) Horror, Thriller ကားသစ်တစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတာ ဟုတ်ချင်ဟုတ်မယ် မဟုတ်ချင်မဟုတ်ဘူးဆိုတဲ့ကားအမျိုးအစားပါပဲ။ ဇာတ်ကွက်ကို အစဉ်လိုက်ဖော်ပြတာမဟုတ်ဘဲ Non-linear အနေနဲ့ Chapter အခန်းတစ်ခုစီနဲ့ ၆ ခန်း ပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစဉ်လိုက်ကတော့ ကြည့်ပြီးရင် အလိုလို ရှင်းသွားမှာပါ။ ဒီအတိုင်းစီထားတာ ဖြစ်ပါတယ်။ Chapter 3: WILL YOU HELP ME? PLEASE? Chapter 5: HERE KITTY, KITTY Chapter 1: MISTER SNUFFLE Chapter 4: THE MOUNTAIN PEOPLE Chapter 2: DO YOU PARTY? Chapter 6: WHO’S GARY GILMORE? Epilogue: THE ELECTRIC LADY ဇာတ်လမ်းအကျဉ်း မိန်းကလေးငယ်တစ်ယောက်နဲ့ သက်လတ်ပိုင်းယောကျာ်းတစ်ယောက်တို့ ဘားမှ ခင်မင်လာပြီး ဟိုတယ်တစ်ခုမှ အပျော်ရှာဖို့ ဝင်တည်းကြတယ်။ နှစ်ယောက်လုံးက စိတ္တဇသမားတွေဖြစ်နေပြီး အပျော်ရှာတဲ့ညကနေ စိန်ပြေးလိုက်တမ်း လူတွေသတ်တမ်းကစားပွဲအဖြစ် ပြောင်းလဲသွားပါတော့တယ်။ သူတို့နှစ်ယောက် အချင်းချင်းသတ်ဖို့ ကြိုးစားရင်း တွေ့တဲ့သူတွေကိုလည်း ကြုံသလိုသတ်ရင်း ဗြောင်းဆန်နေတာကို ကြည့်ရမှာပါ။ ဒါမျိုးကြိုက်တတ်ရင်‌တော့ ကြည့်သာကြည့်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) File size…(5.4 GB) / (1.7 GB) / (830 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:37:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mr.Anderson

7.5 2024 98 mins
Strange Darling
Stella. A Life. Stella. Ein leben.
6.2

Stella. A Life. (2023) IMDb Rating (6.2) ဒုတိယကမ္ဘာစစ်ကာလ ဂျာမနီမှာ ဂျူးတွေအသတ်မခံရခင်ကနေ စပြီးဇာတ်အိမ်တည်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံရုပ်ရှင်ပါ။ ဒါပေမဲ့ ဒီရုပ်ရှင်မှာတော့ စစ်ကို အရိပ်တောင်မြင်ရမှာမဟုတ်ဘဲ ဂျူးတွေရဲ့ အဖြစ်ဆိုးတွေကိုပဲ အခြေတည်ထားပါတယ်။ ဆိုပေမဲ့လည်း ဂျူးတွေအသတ်ခံရတာက အဓိကပေမဲ့ အဲဒါကိုလည်းမပြထားပါဘူး။ တကယ်တမ်း ဒီရုပ်ရှင်က ဒုတိယကမ္ဘာစစ်ကာလ ဂျူးခြောက်သန်းအသတ်ခံရခြင်းမှာ ဂျူးတွေကို သစ္စာဖောက်ခဲ့တဲ့ ဂျူးတွေကိုယ်တိုင်လည်း တရားခံအဖြစ်ပါနေတာ ကို ပြထားတဲ့ရုပ်ရှင်ပါပဲ။ စတယ်လာဆိုတဲ့ အမျိုးသမီးရဲ့ စစ်ကြီးမတိုင်ခင်ကနေ သစ္စာဖောက်ပုံတွေကနေ ဒီစစ်ကြီးအပြီး သူပြန်ခံခဲ့ရတဲ့ဒဏ်တွေကိုပါ ပြထားတယ်။ ဖြစ်ရပ်မှန်ပေါ် အခြေတည်ထားတဲ့ ဂျူးတွေရဲ့သမိုင်းတစ်ထောင့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.4 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Drama,History,war Duration….02:01:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Science Fiction
6.2 2023 121 mins
Stella. A Life. Stella. Ein leben.
Alexander and the Terrible, Horrible, No Good, Very Bad Road Trip
5.1

Alexander and the Terrible, Horrible, No Good, Very Bad Road Trip (2025) IMDb Rating (5.1) / Rotten Tomatoes (58%) Alexander and the Terrible, Horrible, No Good, Very Bad Road Trip ဟာ ၂၀၁၄မှာထွက်ခဲ့တဲ့ Alexander and the Terrible, Horrible, No Good, Very Bad Dayရဲ့ Remakeပါ။ Alexander and the Terrible, Horrible, No Good, Very Bad Road Trip ဟာ Family Drama , Road Drama ကားလို့‌ ပြောလည်းရပေမဲ့ သူက မှော်တွေ စုန်းတွေနဲ့ တန်ဆာဆင်ထားပါတယ်။ ဇာတ်လမ်းကတော့ မိသားစုတစ်စုက အဘေးဟာ ကြီးပွားချမ်းသာအောင် စုန်းမတွေဆီက အဆောင်ရုပ်တုတစ်ခုကို ခဏငှားခဲ့ပါတယ်။ ဒါပေမဲ့ သူက စုန်းမတွေကို ပေးရမယ့်အချိန်မှာ ပြန်မပေးခဲ့ပါဘူး။ ဒီနောက်မှာ သူတို့မိသားစုဟာ မျိုးဆက်အဆက်ဆက်ကျိန်စာသင့်သွားခဲ့တယ်။ ဒီကျိန်စာကို‌ သတိထားမိသွားတာက အလက်ဇန္ဒားဆိုတဲ့ သူတို့မိသားစုထဲက အငယ်ဆုံးလေးပါ။ ဒီအငယ်ဆုံးလေးက ထပ်ခိုးထပ်ကနေ ရုပ်တုကိုတွေ့ပြီး မိသားစုခရီးကို သွားရင်း ဒီကျိန်စာပြဿနာကို အဖြေရှာကြတာကို မြင်ရမယ့် ပျော်စရာကောင်းတဲ့ မိသားစုဇာတ်လမ်းလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(5.7 GB) / (2 GB) / (920 MB) Quality….WEB-Rip 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,,Family Duration….01:35:07 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Comedy • Drama
5.1 2025 96 mins
Alexander and the Terrible, Horrible, No Good, Very Bad Road Trip
Beauty and the Beast
8

Beauty and Beast (1991) IMDB : 8 Rottern Tomatoes : 95% Genre : Family/Fantasy ကိုယ်တွေ ကလေးဘဝတုန်းက ဘုမသိဘမသိနဲ့ ကာတွန်းကားဆိုပြီးတော့ ကြည့်ခဲ့ကြတဲ့ ဇာတ်လမ်းလေးတွေကို အသက်အရွယ်တစ်ခုရောက်လို့ သိတတ်တွေးတတ်တဲ့ အချိန်မှာ ပြန်ကြည့်မိရင် ရတဲ့ ခံစားချက်က ကလေးဘဝတုန်းက ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို အိမ်ပြန်တဲ့တစ်ရက်မှာ စိမ်ပြေနပြေ အယ်လ်ဘမ်ကို ပြန်ဖွင့်ပြီး ထိုင်ကြည့်ရတဲ့ ခံစားချက်နဲ့တောင် ခပ်ဆင်ဆင်လို့ ပြောလို့ရတယ်။ တချို့သော ကာတွန်းကားလေးတွေက ဆယ်ကျော်သက်မကလို့ နှစ်ဆယ်ကျော်သွားတောင် ကြည့်ရတဲ့ အရသာပြောင်းလဲမသွားတဲ့ ဘယ်တော့ပြန်ကြည့်ကြည့် အဓိပ္ပါယ်ရှိနေမယ့် ဇာတ်ကားလေးတွေလို့တောင် ပြောလို့ရပါတယ်။ အန်နီမေးရှင်းအရုပ်လေးတွေကို မြင်ရင်ပဲ သဘောကျနေတတ်တဲ့ ကလေးလေးတွေကနေစပြီးတော့ အသက်အရွယ်တစ်ခု ရောက်သွားတဲ့အချိန်ထိတောင် ကျွန်တော်တို့ သဘောတကျနဲ့ ပြန်ကြည့်မိမယ့် အယ်လ်ဘမ်လေးထဲက ဇာတ်ကားလေးတွေကို ရွေးကြည့်စမ်းပါလို့ဆိုရင် (၁၉၉၁)တုန်းက ထွက်ခဲ့တဲ့ “Beauty and the Beast” ဆိုတဲ့ ဒစ်စနေးရဲ့ ဇာတ်ကားလေးကလည်း မပါမဖြစ်ပါလောက်ပါတယ်။ “Beauty and the Beast”(1991)ဆိုတဲ့ ဇာတ်ကားလေးမှာတော့ မြတ်နိုးတန်ဖိုးထားခံရတဲ့ ဘဲလ်ဆိုတဲ့ ဇာတ်ကောင်နဲ့ သွင်ပြင်ဆိုးဆိုး သားရဲကောင်ကြီးတို့ကြားက (သေချာလေး ကြည့်ကြည့်မိရင် သတိထားမိရင်) အဓိပ္ပါယ်တွေများစွာရှိတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ စာဂျပိုးလေးလို့ ပြောလို့ရတဲ့ ဘဲလ်ဟာ သူ့မြို့ငယ်လေးမှာတော့ လူတောမတိုးတဲ့ မိန်းကလေးတစ်ယောက်လို၊ ထူးဆန်းပြီး ကြောင်တောင်တောင်လို့ ထင်မြင်ခံရတဲ့ မိန်းကလေးတစ်ယောက်လို သတ်မှတ်ခံရတဲ့ မိန်းကလေးတစ်ယောက်ပေါ့။ နိစ္စဓူဝငြီးငွေ့စရာ (အဲ့ဒီအချိန်တွေတုန်းက) သတ်မှတ်ထားတဲ့ စံဆိုတာတွေနဲ့ မကိုက်လို့ လူဝင်မဆန့်သလိုဖြစ်နေတဲ့ မိန်းမလှလေး ဘဲလ်နဲ့ လူတွေအဝေးမှာ သီးခြားပုန်းအောင်းရှင်သန်နေတဲ့ ကျိန်စာသင့် သားရဲကောင်မင်းသားလေးတို့ရဲ့ ဇာတ်လမ်းလေးကို ငယ်ဘဝတုန်းက ဇာတ်ကားတွေကို ကြည့်ချင်လာလို့ပဲဖြစ်ဖြစ်၊ စိတ်ပြေလက်ပျောက် အန်နီမေးရှင်းကားလေးတွေ ကြည့်ချင်လို့ပဲဖြစ်ဖြစ် ကြည့်ချင်တဲ့ သူတွေအတွက် CMကနေပြီးတော့ ဟောင်းပေမယ့်လည်း ကောင်းနေဆဲဖြစ်တဲ့ “Beauty and the Beast”ကို တင်ဆက်ပေးလိုက်ရပါတယ်။ File size… 5GB / 1.8 GB / 900MB Quality… Web-DL 4K / 1080p / 720p Format… mp4, mkv Audio… AAC Duration…. 1h 27m Genre ….. Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros

Thriller
8 1991 84 mins
Beauty and the Beast
Café Noir
7.5

Café Noir (2009) ************************** IMDb – 7.5 ဒီတစ်ခါမှာတော့ Extreme Job, Beyond Evil, The Auditors အစရှိတဲ့ ဇာတ်ကားတွေနဲ့ ပရိသတ်တွေ သိလာကြတဲ့ မင်းသားကြီး Shin Ha Kyun နဲ့ မင်းသမီး Moon Jeong Hee, Jung Yu Mi တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Cafe Noir ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါ့မယ်။ ရုရှားစာရေးဆရာ Fyodor Dostoyevsky ရဲ့ “White Nights” နဲ့ ဂျာမန်စာရေးဆရာ Johann Wolfgang von Goethe ရဲ့ “The Sorrows of Young Werther” စာအုပ်ကို အခြေခံထားပြီး အချစ်နဲ့အလွမ်းအဆွေးကို တစ်ပြိုင်နက်တည်း ခံစားရနိုင်တဲ့ ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ******************** ယောင်းဆူ (Shin Ha Kyun) ဟာ ဂီတဆရာတစ်ဦးဖြစ်ပြီး ကျောင်းသားမိဘဖြစ်တဲ့ မီယွန်း (Moon Jeong Hee) နဲ့ ချစ်ကျွမ်းဝင်ခဲ့ကြပါတယ်။ ဒါပေမဲ့ မီယွန်းရဲ့ ခင်ပွန်းဖြစ်သူ ပြန်လာတဲ့အခါမှာ မီယွန်းက လမ်းခွဲသွားခဲ့တဲ့အတွက် မီယွန်းရဲ့ ခင်ပွန်းကို သတ်ဖို့ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ နောက်ဆုံးမှာတော့ သူချစ်ရတဲ့အမျိုးသမီးကို ပျော်ရွှင်စေဖို့အတွက် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုမျိုး စိတ်ဒဏ်ရာတွေနဲ့ ယောင်းဆူဟာ တစ်နေ့မှာ ဆွန်းဟွာ (Jung Yu Mi) ဆိုတဲ့ အမျိုးသမီးနဲ့ တွေ့ဆုံပြီးနောက် ဆွန်းဟွာရဲ့ ဇာတ်ကြောင်းတွေကို နားထောင်ပေးရင် ချစ်မြတ်နိုးမိလာပါတော့တယ်။ ဒါပေမဲ့ ဆွန်းဟွာနဲ့ ပတ်သက်ပြီးတော့လည်း ထပ်တူညီတဲ့ စိတ်ဒဏ်ရာကိုပဲ ထပ်ရလာတဲ့အခါမှာတော့…. ဇာတ်အိမ်က ရုတ်တရက်ကြည့်ရင်တော့ ရိုးရှင်းတယ်ထင်ရပေမဲ့ ဇာတ်သိမ်းပြီးသွားတဲ့အခါမှာတော့ တွေးစရာတစ်ခု ချန်ထားပေးနိုင်တဲ့ ရုပ်ရှင်လို့ပဲ ပြောရပါလိမ့်မယ်။ ချစ်ခြင်းမေတ္တာနဲ့ အလွမ်းအဆွေးတွေအကြောင်းကို အနုပညာဆန်ဆန် ကြည့်ရှုခံစားလို့ရနိုင်တဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တာကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Nyein Sandiက ရေးသားထားပါတယ်) File Size – 3.68 GB/ 1.31 GB Quality – WEB-DL 1080p/ 720p Duration – 3h 41m Format – mp4 Genre – Romance, Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Nyein Sandi Encoded by – Treasure Htet

7.5 2009 198 mins
Café Noir