YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Youth (2025) E03 1080p WEB-DL [RMC].mp4

1011.5 MB 1080p video/mp4 6 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Alkhallat+
6.9

ဆော်ဒီနိုင်ငံ နဲ့ Nextflix ပူးပေါင်းမှုရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ Alkhallat+ ပါ။ Alkhallat ဆိုတဲ့ series က ဆော်ဒီရဲ့ Youtube မှာနာမည်ရပြီးသားစီးရီးတစ်ခုဖြစ်ပါတယ်။ ၁.၅ဘီလီယံဗျူးတောင် ရထားတယ်ဆိုပါတယ်။။ ဒီ Alkhallat+ ကိုတော့ဇာတ်ကားအဖြစ်ပဲရိုက်ကူးထားပြီး ဟာသဇာတ်လမ်းငယ်လေးတွေ လေးခုနဲ့ဖွဲ့စည်းထားပါတယ်။ IMDb လဲ ၇ ဆိုတော့ပွဲဦးထွက်လှတယ်ပြောရပါမယ် အာရပ်နိုင်ငံတွေဟာ များသောအားဖြင့်သီးသန့်နေကြတဲ့နိုင်ငံတွေပါ။ အမူအကျင့်ဓလေ့စရိုက်တွေကလဲ တခြားအာရှနိုင်ငံတွေနဲ့ တော်တော်ကိုထူးခြားကွဲဲပြားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုတွေကလဲနည်းပါးတော့ အပြင်ကလူတွေအနေနဲ့ အာရပ်ကမ္ဘာကိုသိရဖို့ခက်ခဲပါတယ်။ ဒီဇာတ်လမ်းမှာတော့ အာရပ်ကမ္ဘာရဲ့ပင်မဖြစ်တဲ့ ဆော်ဒီကိုကြည့်ခွင့်ရမှာပါ။ ဆော်ဒီနိုင်ငံသားတွေရဲ့ အကျင့်ပျက်မှုတွေ ကြောင်သူတော်ဆန်မှုတွေကိုလဲ ပါးပါးလေးပုတ်ပြီးပြထားပေမယ့် ဟာသကိုပဲအဓိကဦးတည်တယ်လို့ ဒါရိုက်တာကပြောထားပါတယ်။ ဇာတ်လမ်းလေးပုဒ်လုံးမှာတော့ လူတွေဟာဆင်းရဲချမ်းသာမရွေး ကျဥ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားရင် အဲဒီအခြေအနေကလွတ်ဖို့ ရရာနည်းလမ်း ရရာလူကိုအသုံးချတတ်တာကို အတည်ပေါက်ကြီးနဲ့အူတတ်စေမယ့် ဆော်ဒီသားတွေက သရုပ်ဆောင်ဖော်ပြထားတာမို့ တမူထူးပြီးကြည့်သင့်တဲ့ dark comedy တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Mystery Quality…. 1080p | 720p | 480p File size… 1.78GB | 886MB | 186MB Format… mp4 Duration…. 1b 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Action • Animation • Comedy • Family
6.9 2022 116 mins
Alkhallat+
Ishq-e-Nadaan
7

Ishq-e-Nadaan 2023 ယခုတစ်ခါမှာတော့ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ ဟင်ဒီအချစ်ဒရာမာကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသမီးကြီးနီနာဂူပတာတို့ အဓိကပါဝင်ထားပြီး ဘောလိဝုဒ်နာမည်ကြီး သရုပ်ဆောင်တွေများစွာပါဝင်ထားပါတယ်။ ဇာတ်လမ်းတစ်ပုဒ်ထဲမှာ စုံတွဲသုံးတွဲတို့ရဲ့အချစ်ဇာတ်လမ်းကို အချိတ်အဆက်မိမိတင်ဆက်ထားပါတယ်။ - ဘဝကိုရုန်းကန်နေရပြီး တစ်နေ့မှာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးနဲ့ဆုံတွေ့ခဲ့တဲ့သူတစ်ဦး - သားနဲ့ချွေးမဖြစ်သူတို့အိမ်ကို အလည်သွားရမှ မထင်မှတ်ထားတဲ့လူတစ်ယောက်နဲ့ဆုံပြီး အချစ်‌တွေပြန်ပေါက်ဖွားလာသူ - မချစ်ရက်တော့တဲ့သူတစ်ဦးနဲ့ ချစ်တတ်လွန်းသူတစ်ဦးတို့ဆုံကြရာဝယ်... ဒီလိုနဲ့အချစ်ရဲ့ အဓိပ္ပာယ်ကိုယ်စီရှာဖွေရင်း အချစ်ဆိုတဲ့ဟာကို သူတို့ဘယ်လိုခံယူထားကြတယ်ဆိုတာ အသီးသီးအဖြေရှာကြရင်း ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းရှုပ်ယှက်ခတ်သွားတာမျိုးမဖြစ်စေဘဲ သူ့ဇာတ်ကောင်နဲ့သူ အံဝင်ခွင်ကျနဲ့ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~BpL~V~Zwe~Cherry~YH တို့ပဲဖြစ်ပါတယ်။ File size…1.75 GB / 643.3 MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder…YK Translated by Moon~BpL~V~Zwe~Cherry~YH

Action • Adventure • Drama • Family
7 2023
Ishq-e-Nadaan
Yesterday
6.7

esterday ဆိုတဲ့ ရုပ်ရှင်လေး ကြည့်ကြရအောင်။ Musical ကားလေးပါပဲ။ ကမ္ဘာပေါ်မှာ အကောင်းဆုံး အဆိုတော်အဖွဲ့လို့ ပြောပြီဆို လူအတော်များများ ပြေးမြင်မိကြမှာ ဘီတယ်စ်ပါပဲ။ အအောင်မြင်ဆုံးနဲ့ အကောင်းဆုံး သီချင်းတွေကို ရေးဖွဲ့ခဲ့ကြပါတယ်။ ဒီရုပ်ရှင်ကတော့ ဘိုဟီးမီးယန်းတို့ ရော့ကတ်မန်းတို့လို ဘိုင်အိုပစ် မဟုတ်ပါဘူး။ ဘီတယ်စ်ကိုအခြေခံထားတဲ့ စိတ်ကူးယဉ် ဂီတ ရုပ်ရှင်လေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ အင်္ဂလန်ရဲ့ မြို့လေးတစ်မြို့မှာ အရမ်းကြိုးစားပေမယ့် မအောင်မြင်တဲ့ အဆိုတော်လေး တစ်ယောက် ရှိတယ်ပေါ့။ တစ်နေ့တော့ သူဟာ အဆိုတော်ဘဝကို လက်လျှော့လိုက်တော့မယ် အချိန်မှာ အဖြစ်ဆန်းတစ်ခု ကြုံလိုက်ရပါတော့တယ်။ အဲဒါကတော့ ကမ္ဘာပေါ်က လျပ်စစ်အားလုံး ၁၂ စက္ကန့် ပြတ်တောက်သွားပြီး အမှောင်ကျသွားတာပါပဲ။ အဲဒီ ၁၂ စက္ကန့်အပြီးမှာ ကမ္ဘာပေါ်က အရာအချို့ဟာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး လူတွေက ရှိခဲ့တယ်ဆိုတာကိုတောင် မသိတော့ပါဘူး။ ကိုကာကိုလာတို့ စီးကရက်တို့ကို လူတွေ မသိကြတော့ပါဘူး။ အဲဒီအထဲမှာ ဘီတယ်စ် အဖွဲ့လည်း ပါသွားတယ်ပေါ့။ အဲဒီ သီချင်းတွေနဲ့ သူတို့လေးယောက်ကို မှတ်မိနေသူက ဂျက် မာလစ် တစ်ယောက်ပဲ ရှိပါတော့တယ်။ ဒီတော့ သူဟာ ဘီတယ်စ်ရဲ့ သီချင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုသလို အသက်သွင်းဖို့ ကြိုးစားရင်း ကမ္ဘာကျော်ဖြစ်ဖို့အခွင့်အရေးကြုံလာတဲံအခါ.. ဒီရုပ်ရှင်ကိုကြည့်ပြီးရင် ဘီတယ်စ်ကို အရင်က မသိခဲ့သူတွေတောင် ဘီတယ်စ် သီချင်းတွေကို ကြိုက်သွားကြမှာ သေချာပါတယ်။ ခံစားကြည့်လိုက်ပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်……

Action
6.7 2019 116 mins
Yesterday
The Princess Diaries
6.3

မင်းသမီးချော Anne Hathaway ရဲ့ ငယ်ရွယ်စဉ်က အလှတွေကို တစ်ဝကြီးမြင်ရမယ့် တောင်းဆိုမှုများတဲ့ ကားဟောင်းကောင်းလေးတစ်ကား လာပါပြီ။ ၂၀၀၁ ခုနှစ်က ထွက်ရှိထားပြီး ငယ်ငယ်က Hollywood မူဗီတွေရဲ့ vibe ကို အပြည့်အဝပေးစွမ်းတဲ့ ကားလေးပါ။ မီယာဟာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဆစ္စကိုက လူမသိသူမသိနေရာလေး တစ်ခုမှာ အမေတစ်ခု သမီးတစ်ခု နေထိုင်ရင်း ဘဝကို အသက်ဆက်နေသူပါ။ ရှာမှရှားတဲ့ တစ်ဦးတည်းသော သူငယ်ချင်းလေးနဲ့အတူ ကျောင်းသွားရင်း ကျောင်းရဲ့ ဘူလီခံ စတိုင်လ်မကျု ရုပ်ဆိုးမလေးပေါ့၊ ဒါပေမဲ့ တစ်နေ့ သူဟာ ဂျနိုဗီယန် နိုင်ငံရဲ့ နန်းတက်မင်းသမီးတစ်ပါးပါဆိုပြီး အဘွားဖြစ်သူ ဘုရင်မကြီး ရောက်လာတဲ့ သတင်းနဲ့အတူ သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော်တွေဖြစ်ကုန်ပါတော့တယ်။ ဒီတော့ သာမန်ဘဝနဲ့ပဲ ဖြတ်သန်းချင်တဲ့ မီယာနဲ့ မြေးဖြစ်သူကို တော်ဝင်မျိုးနွယ်စုထဲ ဇွတ်တွေ သွပ်သွင်းချင်တဲ့ ဘွားဘွားတို့ ဘယ်လို အတိုက်အခံတွေဖြစ်ကြမလဲ ကြည့်ရှုလိုက်ကြပါဦး File size…(2.03GB/(1.03MB)/(686MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre…Comedy / Family / Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yoon Sandi Aung

Comedy • Crime • Drama
6.3 2001
The Princess Diaries
Three Ways
5.7

စတေစီဟာ ထက်မြက်ပြီးတော့ စိတ်သဘောထားကောင်းပြီး အလုပ်အကိုင်ကောင်းတဲ့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ လိင်မှုကိစ္စတွေမှာ မကျွမ်းကျင်ဘဲ ဇီဇာကြောင်တတ်တဲ့အတွက် အချစ်ရေးကံခေတဲ့သူပါ။ တစ်နေ့မှာတော့ သူ့ကိုအရှိအတိုင်းချစ်ပေးနိုင်တဲ့ ဂျပ်စတင်ဆိုတဲ့ကျောင်းဆရာနဲ့တွေ့ပြီး သမီးရည်းစားတွေ ဖြစ်သွားကြပါတယ်။ သူမရဲ့ လိင်မှုကိစ္စလိုအပ်ချက်ကြောင့် ဂျပ်စတင်က သူမကိုငြီးငွေ့လာမှာစိုးတာကြောင့် လိုက်လျောပေးတဲ့အနေနဲ့ ဂျပ်စတင်ရဲ့ ကျောင်းနေဖက်သူငယ်ချင်းဖြစ်တဲ့ လော်ရိန်းနဲ့ သုံးယောက်သား သရီးဆမ်းကြဖို့ ဖြစ်လာပါတော့တယ်။ တစ်ဖက်မှာ လော်ရိန်းကလည်း ကျောင်းတုန်းကတည်က ဂျပ်စတင်ကိုသဘောကျနေတာပါ။ သူတို့သုံးဦးသား အတွေးကိုယ်စီနဲ့ သရီးဆမ်းကြမယ့်အဖြစ်ကို ဟာသအနည်းငယ်နှောပြီး ကြည့်ရှုရမှာဖြစ်ပါတယ်။ Quality….Webrip 720p Format…mp4 Duration….01:32:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

5.7 2022
Three Ways
Thin Ice
6.2

IMDB – 6.2 , Rotten Tomatoes – 70 % ဇာတ်ညွှန်းတောင်သိပ်ဖတ်မနေပဲ ဒေါင်းကြည့်လိုက်ပါလို့ ပြောလိုက်ချင်ပါတယ်။ ရှည်ရှည်ဝေးဝေးမပြောတော့ဘူး။ ဇာတ်လမ်းအကျဉ်းကတော့ မက်ကီက လိုင်စင်ရအာမခံ အရောင်းသမားတစ်ယောက်ပါ။ ဒီနှစ် အာရူဘာကိုအပန်းဖြေခရီးထွက်ရမယ့် ပထမဆုကို ကုမ္ပဏီကပေးမယ့်အတွက် ဒီဆုရရေး သူ့အရေးဖြစ်နေပါတယ်။ တစ်နေ့ ဟိုတယ်မှာ သူဟောပြောပွဲလုပ်ပြီးနောက်မှာ သူ့ဟောပြောပွဲကိုလာတက်တဲ့ ဘော့ဘ်ကို ကုမ္ပဏီမှာ သူကြိတ်ပြိုင်နေတဲ့ ဖီးလ်ပီတာ လက်အောက်မှာမလုပ်စေချင်တဲ့အတွက် ကော်မစ်ရှင်ခ ပိုပေးမယ်ဆိုပြီး ဆွဲစိလိုက်ပါတယ်။ဘော့ဘ် ကလည်းအရမ်းဝမ်းသာသွားပြီးတော့လက်ခံလိုက်တယ်။ နောက်တော့ ဘော့ဘ်က ပိုက်ဆံချမ်းသာတဲ့ လယ်သမား အဖိုးကြီးတစ်ယောက်က ပိုင်ဆိုင်မှုအာမခံလုပ်ချင်နေကြောင်း မစ်ကီကိုပြောပြတယ်။ အစပိုင်းမယုံသလိုနဲ့ နောက်ပိုင်းမှာ အဖိုးကြီးရဲ့ ပိုင်ဆိုင်မှုတွေကိုတစ်ခုပြီးတစ်ခုသိလာတော့ မရရအာင် အာမခံလုပ်ခိုင်းလိုက်တယ်။အဖိုးကြီး အာမခံလုပ်ပြီးနောက်မှာ မထင်မှတ်ထားတဲ့အရာတွေ တစ်ခုခုပြီးတစ်ခုဖြစ်လာပါတော့တယ်။ File size…1.37GB / 669MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Crime • Drama • Action
6.2 2011
Thin Ice
Wild Bill
7.2

ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။ တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။ Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ Rating တွေနဲ့အညီ တကယ် မိုက်တဲ့ကားပါပဲ။ ဒါနဲ့ဒီထဲက သရုပ်ဆောင်နှစ်ယောက်က နာမည်ကျော် meme characters တွေပါ။ File size…(690 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:38:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Romance • Comedy
7.2 2011 98 mins
Wild Bill
Five Breakups and a Romance
5.5

Five Breakups and A Romance (2023) ချစ်ခြင်းမပြယ် IMDb-5.7/10 ဖိလစ်ပိုင်အချစ်ဇာတ်လမ်းတွေနဲ့ ခွဲထားလို့မရတဲ့ပါးချိုင့်လေးနဲ့အပြုံးချိုချိုမင်းသားလေး Alden Richards နဲ့ မင်းသမီးချောလေး Julia Montes တို့ရဲ့ အနောက်ဥရောပနိုင်ငံတွေထိရုံတင်ကြည့်ရှုနှုန်းတွေနဲ့ ရုံ‌တင်ငွေ သန်း 100 ထိရခဲ့တဲ့ အချစ်ဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် လူတစ်ယောက်ကို စတွေ့လိုက်တဲ့အချိန်တည်းကစခဲ့တဲ့အချစ် ။ အချိန်တွေဘယ်လောက်ကြာကြာ ဘဝအနေအထားတွေ ဘယ်လိုပဲပြောင်းလဲသွားသွား ပျောက်ပြယ်မသွားတဲ့ အချစ်တစ်ခု…ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်ရှိအောင် သည်းခံတတ်အောင် ခံနိုင်ရည်ရှိအောင် ဒီလိုပြုပြင်ပေးတဲ့လူက ဘေးနားမှာရှိနေတယ်ဆိုတာ ကံကောင်းခြင်းတစ်မျိုးပဲမဟုတ်ပါလား တစ်ယောက်တည်းကြံ့ကြံ့ခံရင်း အချိန်မရွေးပြိုလဲလို့ရနေတဲ့ရင်ခွင်တစ်စုံက ကိုယ့်ကို ဘယ်လောက်ထိအောင်မြင်မှုတွေပေးကြောင်း ဘေးနားကလူကြောင့် ပြောင်းလဲသွားရတဲ့ ကိုယ်ကိုယ်တိုင်အဖြစ်ခံစားရင်း ဆက်လက်ရှုစားကြဖို့ညွှန်းဆိုလိုက်ပါတယ်…. အချစ်ဆုံးသူငယ်ချင်းတွေအကြောင်းပြုပြီး လန့်စ်နဲ့ ဂျက်စတင်းတို့ ဆုံတွေ့ခဲ့ကြတဲ့ concert ညတစ်ည ဖက်ရှင်ဒီဇိုင်နာဖြစ်ဖို့ ဖိလစ်ပိုင်ကထွက်ပြီး စင်ကာပူမှာလာကြိုးစားနေတဲ့ဂျက်စတင်း နဲ့ ဆေးပညာအသိုင်းအဝိုင်းမိသားစုကြား မိသားစုသဘောကျ ဆေးပညာကိုပဲ သင်ယူနေရတဲ့လန့်စ်တို့ မြင်မြင်ချင်း ချစ်မိသွားကြတယ် ကိုယ့်ဘဝကိုယ်ကိုယ်တိုင် စိတ်ကြိုက်ခြယ်သနိုင်တဲ့ဂျက်စတင်းနဲ့ မိဘအလိုကျကြိုးစားရတဲ့ဆေးကျောင်းသားလေးတို့ အချစ်ဇာတ်လမ်း။ ။ ချစ်ရသူနဲ့ အမှားတစ်ခုကြောင့်တစ်နှစ်အကြာမှာ အဖုအထစ်လေးတွေနဲ့ပြတ်စဲခဲ့ကြတဲ့အချိန်က လူတွေတဖြုတ်ဖြုတ်သေကြတဲ့ ကိုဗစ်ကာလကြီးပေါ့ ကျန်းမာရေးဝန်ထမ်းတွေ အထိဆုံးကာလတစ်ခုမှာ ကိုယ့်ဘေးနား ဝန်ထမ်းတွေ လူနာတွေနဲ့ပဲရှိပြီး တစ်ယောက်တည်းအထီးကျန်မှုတွေနဲ့ ၂ပါးသွားနေခဲ့ရတဲ့ ဒေါက်တာလေး လန့်စ်က စိတ်ထောင်းကိုယ်ကြေဖြစ်နေချိန် အချိန်တစ်ခုအကြာမှာ ပြန်ဆုံတွေ့ခဲ့ကြပြီး တစ်ဖန်ပြန်နိုးထလာတဲ့ သူတို့အချစ်ဇာတ်လမ်းဟာ အဖုအထစ်တွေထပ်ပေါ်လာဦးမလား အချစ်နဲ့ဘဝကိုရင်ဆိုင်ပြီး ဖြတ်သန်းသွားနိုင်ကြမလားဆိုတာတော့…. အချစ်ဇာတ်လမ်းလေးတွေနာမည်ကြီးတဲ့ ဖိလစ်ပိုင်ကားတွေထဲကမှ ဆွတ်ပျံ့ကြည်နူးဖို့ကောင်းတဲ့ အချစ်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Yunni တို့ပဲဖြစ်ပါတယ်

Drama • Action • Thriller
5.5 2023 102 mins
Five Breakups and a Romance
Teddiscare

အမွေးပွတိရိစ္ဆာန်ကမ္ဘာ အရုပ်ကုမ္ပဏီပိုင်ရှင်ကြီး မသေဆုံးခင် သားဖြစ်သူ ‌ဒန်ကန်ကိုဆင့်ခေါ်ပြီး ရှေ့နေ့မယ်လိုရီက‌ အမွေအားလုံးကို လွှဲအပ်ပေးမှာဖြစ်ကြောင်း ပြောရင်းနဲ့ တစ်ဆက်တည်းမှာပဲ သစ်တောမြေကွက်လပ်ကို လုံးဝမသွားဖို့ မှာကြားခဲ့ပါတယ်။ ဒီသစ်တောမြေကွက်လပ်ဟာ ဒန်ကန့်ငယ်ဘဝရဲ့ သုခဘုံဖြစ်နေတာကြောင့် ဖခင်ဖြစ်သူ တားတဲ့ကြားထဲကနေ ရအောင်ပြန်သွားခဲ့ပါတယ်။ အဲဒီသစ်တောမြေကွက်လပ်မှာ ဘယ်လိုကိစ္စတွေဖြစ်နေလဲ၊ ဒန်ကန့်အဖေက ဘာကြောင့် မသွားခိုင်းတာလဲဆိုတာကို စောင့်စားကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.2 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina

0 2024
Teddiscare
Proof of Innocence
6.5

Proof of Innocence (2016) ************************* Detective K ရုပ်ရှင်ကားတွေနဲ့ ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊ ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ အပြစ်ကင်းတဲ့မျက်နှာနဲ့ ချစ်ခင်သနားဖွယ်ဇာတ်ရုပ်တွေကို အများအပြား သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊ Along with the Gods ရုပ်ရှင်ကားတွေထဲ နတ်မင်း ၃ ပါးကြားက တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့ မြန်မာပရိသတ်တွေ စတင်လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊ Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လို ဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီး အရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက် အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီး သေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။ သူမသတ်ပါဘူးဆိုပြီး ဘယ်လိုပဲအသည်းအသန် ငြင်းဆန်ပေမဲ့ နားထောင်ပေးသူမရှိတဲ့အခါ သတင်းစာဖြတ်ပိုင်းမှာတွေ့တဲ့ စံပြရဲအရာရှိဖြစ်သူ ရဲကြပ်ကြီး “ချွဲဖီဂျယ်” ဆီကို အသနားခံစာတစ်စောင် ရေးပို့လိုက်ပါတယ်။ တစ်ဖက်မှာလည်း အဖေဖြစ်သူက ထောင်မင်းသားဖြစ်ခဲ့တာကြောင့် ကိုယ့်အတွက်ရော၊ ကိုယ့်အဘိုးအတွက်ပါ အကျိုးမပေးတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ ရဲကြပ်ကြီး ချွဲဖီဂျယ်။ ထောင်သား၊ အပြစ်သား၊ ရာဇဝတ်မှုကျူးလွန်သူဆိုတာနဲ့ ရွံမုန်းလွန်းလို့ စစ်ဆေးမေးမြန်းတိုင်း လက်ပါတဲ့သူ့ကို ချနင်းပြီး ရာထူးတိုးဖို့အသုံးချသွားတဲ့ တွဲဖက်ဖြစ်သူကြောင့် ရဲအလုပ်ကနေ နှုတ်ထွက်လိုက်ရပြီး တရားမဝင် ဥပဒေအကျိုးဆောင်လုပ်နေတဲ့သူ… တစ်နေ့မှာ သူရရှိခဲ့တဲ့ အသနားခံစာထဲက အမှုက သူ့တွဲဖက်ဟောင်းနဲ့ပတ်သက်နေတယ်ဆိုတာကို သိရပြီး အဲဒီအမှုနဲ့ ပြန်အကြပ်ကိုင်၊ လက်စားချေဖို့ကြိုးပမ်းရာက… ဒီအမှုဟာ တွဲဖက်ဖြစ်သူနဲ့ ပတ်သက်တဲ့ သာမန်လာဘ်ပေးလာဘ်ယူ အမှုမျိုးမဟုတ်ဘဲ နောက်ကွယ်က ပိုကြီးမားတဲ့ လက်မည်းကြီးတွေကို သိလာရတဲ့အခါ… ထောင်သားတွေကို သေမလောက်မုန်းတီးတဲ့ ချွဲဖီဂျယ်တစ်ယောက် မတရားစွပ်စွဲခံရတာပါဆိုတဲ့ ပြစ်မှုဟောင်းရှိ၊ ထောင်သား ဂွမ်ဆွန်းထယ်ကို အပြစ်မရှိကြောင်းပြဖို့ ဘယ်လိုကူညီမလဲ… အမှန်တရားကို ဘယ်လိုပေါ်ပေါက်အောင် ကြိုးပမ်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်… ဒီလိုမိသားစု Drama လေးနဲ့ မှုခင်းကားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဇာတ်ကားက ဂွမ်ဆွန်းထယ်ရဲ့သမီးဖြစ်သူနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး ဂင်ဟျန်းဂီရဲ့ Innocent Witness ဆိုတဲ့ ဇာတ်ကားလေးကိုလည်း ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… အညွှန်းကို Chothet_mlmt မှ ရေးသားထားပေးပါတယ် .. File size… 1.59 GB / 650 MB Quality… WEB-SL 1080p / 720p Format… mp4 Duration…. 2h 02m Genre ….. Mystery, Law, Crime, Life Subtitle…. Myanmar Subtitle (Hard Sub) Encoder…. AHtet Translated by Chothet_mlmt

6.5 2016
Proof of Innocence
Pretty Boys
5.5

ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံက လူချောလေးတွေနဲ့ ရိုက်ကူးပုံဖော်ထားပြီး LGBTQ+(Romance & Comedy)အမျိုးအစား ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကမှ ထွက်ရှိလာခဲ့တဲ့ အသစ်စက်စက် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂရေးဆိုတဲ့ မိန်းမချောပုံစံကျောင်းသားလေးနဲ့ ယောက်ျားဆန်ဆန်ခန့်ချောနေတဲ့ ဂျိုနပ်စ်ဆိုသူ ဂေးနှစ်ယောက်ဟာငယ်စဉ်ကတည်းကနေ လက်ရှိတက္ကသိုလ် တက်တဲ့အချိန်ထိ အရင်းနှီးဆုံး အကောင်းဆုံး သူငယ်ချင်းဖြစ်ကြပါတယ်။ တက္ကသိုလ်မှာ ဂျိုနပ်စ်က လူကြိုက်များနာမည်ကြီးသူဖြစ်တဲ့အလျောက် ရည်းစားထည်လဲ တွဲပြီးပျော်ပါးနေသူလည်း ဖြစ်ပါတယ်။ ဂရေးကတော့ သူပုံစံက မိန်းမလျာပုံစံဖြစ်နေတဲ့အတွက် ချိန်းတွေ့မယ် လုပ်လိုက်တိုင်းသူ့ပင်ကိုယ်ပုံစံမြင်လိုက်ကြတာနဲ့ အငြင်းခံရပြီး အချစ်ရေးမှာ ကံခေနေတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့ ဂရေး ငယ်စဉ်က တစ်ဖတ်သက်ကျိတ်ပြီး ချစ်ခဲ့ရသူ အချစ်ဦး ရိတ်စ်ဆိုတဲ့ ကျောင်းသားက အမေရိကနေ သူတို့တက္ကသိုလ်ကို ကျောင်းပြောင်းလာတဲ့အခါမှာတော့ အခြေအနေတွေက အလှည့်အပြောင်းဖြစ်သွားဖို့ ဖြစ်လာပါတော့တယ်။ ရိတ်စ်က အမေရိကားကနေ ဖိလစ်ပိုင်ကို ဘာလို့ပြန်လာခဲ့တာလဲ… ဂရေးတစ်ယောက် သူ့အချစ်ဦးနဲ့ လက်တွဲသွားခွင့်ရပါ့မလား… ဂျိုနပ်စ်ကရော သူရဲ့အချစ်စစ်ကို ရှာတွေ့နိုင်ပါ့မလား… အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 923MB | 476MB Format… mp4 Duration…. 1h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

5.5 2024
Pretty Boys
Music Teacher
5.3

Music Teacher (2019) “ဂီတဆရာ” IMDb 6.3 ၂ ၀၁၉ က ရိုမန့်တစ်/ဒရာမာ ဟင်ဒီဇာတ်လမ်းဟောင်းလေးတစ်ပုဒ်အား ပြန်လည်တင်ဆက်လိုက်ပါတယ် ဘီနီဆိုတဲ့ သက်လတ်ပိုင်းဂီတသမားတစ်ယောက်ဟာ အတိတ်ကချစ်သူကြောင့် အခုထိအိမ်ထောင်မပြုသေးဘဲရှိပါတယ် သူဟာ တချိန်က ထက်ထက်မြက်မြက်ရှိလှတဲ့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ဂီတဆရာဖြစ်ခဲ့ပြီး အကြောင်းတစ်စုံတစ်ရာကြောင့် သူတို့ဝေးခဲ့ရပါတယ် ထိုမိန်းကလေးတစ်ယောက် နာမည်ကျော်အဆိုတော်ဖြစ်လာတဲ့အခါ သူ့ရဲ့ဆရာဟောင်းနဲ့ ပြန်လည်တွေ့ဆုံဖို့ အကြောင်းဖန်လာရာမှာတော့ေ ကြေကွဲဇာတ်လမ်းလေးပဲ ဖြစ်မလား ပျော်ရွှင်တဲ့အဆုံးသတ်လေးပဲဖြစ်မလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

5.3 2019 101 mins
Music Teacher
The Grapes of Wrath
8.1

The Grapes of Wrath (1940) IMDb Rating (8.1) / Rotten Tomatoes (100%) ဂျွန်စတိုင်းဘတ်ရဲ့ ၁၉၃၉ထွက် The Grapes of Wrathဝတ္တုကို ဂျွန်ဖို့ဒ်ရိုက်ထားတဲ့ The Grapes of Wrath ( 1940 )ဟာ အော်စကာ၆ဆု ဆန်ခါတင်ဝင်ခဲ့ပြီး ဂျွန်ဖို့ဒ်က ဒါရိုက်တာဆု , ဇာတ်ဆောင်ရဲ့အမေနေရာက သရုပ်ဆောင်ခဲ့တဲ့ Jane Darwellက ဇာတ်ပို့မင်းသမီးဆု ရခဲ့တယ်။ ဟင်နရီဖွန်ဒါလည်း မင်းသားဆု ဆန်ခါတင် ဝင်ခဲ့ပေမဲ့ ရတော့မရခဲ့ဘူး။ ဒီရုပ်ရှင်ကို one of the greatest films of all timeလို့တော့ သတ်မှတ်ထားကြတယ်။ ဒါပေမဲ့ သိပ်မကြိုက်လှတဲ့လူတွေလည်းရှိပါတယ်။ စာအုပ်ကို အရင်သွားဖတ်မိတဲ့လူတွေပေါ့။ ဒီစာအုပ်ကို မောင်ထွန်းသူက ဒေါသမာန်ဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ပေးထားတယ်။ ဇာတ်လမ်းကတော့ ၁၉၃၀မှာ ဇာတ်အိမ်တည်ထားတယ်။ တစ်ကမ္ဘာလုံး စီးပွားပျက်ကပ်နဲ့ ကြုံနေရတဲ့ကာလ Great Depression ကာလပေါ့။ အဲဒီကာလမှာ အိုကလာဟိုမာက လယ်သမားတွေဟာ လူအားနဲ့ လယ်ထွန်ယက်စိုက်ပျိုးနေတဲ့ လူတွေနေရာမှာ ထွန်စက်တွေကို အစားထိုးခံလိုက်ရလို့ အိုးမဲ့အိမ်မဲ့ဖြစ်ကြရင်း ဘဝတွေပျက်ကြတာကို ပုံဖော်ထားတယ်။ အိုကလာဟိုမာမှာ အိမ်အဖျက်ခံရမယ့် ညမှာ အလုပ်တွေပေါတယ်ဆိုတဲ့ ကယ်လီဖိုးနီးယားအထိ ကားစုတ်ကြီးနဲ့ မိသားစုလုံးကျွတ် ခရီးနှင်လာခဲ့ပြီးတဲ့နောက် အိမ်ပျက်ရာကနေ အိပ်မက်တွေဆက်ပျက်ရတဲ့အကြောင်းတွေပေါ့။ အဆိုးတွေကြားမှာ ဇာတ်အိမ်ကို သရုပ်ဖော်ထားပေမဲ့ အကောင်းတွေလည်း ရောပြွန်းနေတဲ့ ဇာတ်လမ်းလို့ပြောလို့ရတယ်။ ရုပ်ရှင်ကတော့ အဆုံးနားကို နည်းနည်းလှည့်လိုက်ပြီး ဝတ္တုရဲ့မာစတာပိစ်ဖြစ်လှတဲ့ ဇာတ်သိမ်းခန်းအထိ မပြခဲ့တာကလွဲ စတိုင်းဘတ်ရဲ့ ဝတ္တုအတိုင်းပဲ အတိအကျ ပုံဖော်ထားတယ်။ ခုနပြောခဲ့သလို စာအုပ်ကို အရင်ဖတ်မိတဲ့လူတွေ ဒီကားကို အားမရတဲ့ပြဿနာတော့ရှိတယ်။ ဘာလို့ဆို ဂျွန်စတိုင်းဘတ်ရဲ့ အရေးအသားက‌ တော်တော်လေး အသေးစိတ်ကျတဲ့ အရေးအသားဖြစ်နေလို့ပဲ။ သူ့ အဓိကဇာတ်အိမ်က ခုနမိသားစုရဲ့ခရီးရှည်ကြီးသက်သက်ပဲ ပြောရရင် ဒီကားမှာပြထားသမျှက အဓိကကျောရိုးအကုန်ပဲ။ ပြောရရင် ကာလတောင် အဲဒီလောက်မရှည်လှတဲ့အချိန်မှာပဲ ဇာတ်အိမ်တည်ထားတာ။ ဒါပေမဲ့ စတိုင်းဘတ်က ဇာတ်အိမ်ထက် ပုံဖော်မှုကို ပိုအသားပေးထားတယ်။ သူက ဇာတ်ကောင်တစ်ကောင်ရဲ့ ဒီကာလအတွင်းက အတွေ့အကြုံ လုပ်ရပ်တွေကို သေးသေးလေးကအစ သေချာထင်ရှားအောင်ပုံဖော်ထားသလို အဓိကကျောရိုးကို တစ်ခန်းနှစ်ခန်းရေးပြီးတာနဲ့ သူဇာတ်အိမ်တည်ထားတဲ့ ခေတ်ကြီးတစ်ခုလုံး စာဖတ်သူမျက်စိထဲ ကွက်ကွက်ကွင်းကွင်းပေါ်လာအောင် ကြားဖြတ်အခန်းလေးတွေလည်း အဆုံးအထိ ဖြတ်ဖြတ်ရေးသွားတယ်။ ဒါတွေကို ဂျွန်ဝိန်းက မထည့်သွားသလောက်ပဲ သူထိသွားပုံရတဲ့တစ်ခုတော့ ထည့်ထားတယ်။ ပြောရရင် ထည့်လို့လည်းမပြေပါဘူး။ ခေတ်ကြီးတစ်ခုလုံးကို ထင်ဟပ်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ၂နာရီစာ ဇာတ်ကားထဲထည့်ဖို့ဆို မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဂျွန်ဝိန်းက သူရတဲ့၂နာရီစာဆိုတဲ့ အချိန်အတွင်းတော့ ဖြုတ်သင့်ဖြုတ် ပေါင်းသင့်တာပေါင်းပြီး အသပ်ရပ်ဆုံး ပုံဖော်သွားခဲ့တာကိုတော့ အာမခံလို့ရတယ်။ ဒီကားရဲ့ အဓိကပြဿနာက Run Time အရမ်းနည်းနေတာပါပဲ။ အဲဒီခေတ်ပရိသတ်ကလည်း ဒီ၂နာရီစာဆိုတဲ့ အချိန်လောက်ကိုပဲ လက်သင့်ခံကြတာကလည်း တစ်ပိုင်းပါတယ်။ ဒီလိုဆိုလို့ သူ့အရင် ထွက်တဲ့ Gone With The Windကျ ၄နာရီစာဖြစ်နေတဲ့အချက်ကိုတော့ ထောက်ပြစရာရှိမယ်။ လေရူးသုန်သုန်ရုပ်ရှင်က ၄နာရီကြာတာမှန်သလို အဲဒီခေတ်ပရိသတ်က ၂နာရီပဲ အများစုလက်ခံကြတာလည်းအမှန်ပါပဲ။ လေရူးသုန်သုန်က Civil War-era epic ဇာတ်အိမ်မျိုးရှိပေမဲ့ ဒေါသမာန်ကတော့ သူ့မျက်မှောက်ခေတ်နဲ့ သိပ်မကွာလှတာလည်းပါလိမ့်မယ်။ စတိုင်းဘတ်ကိုယ်တိုင် စာအုပ်မှာ တစ်ချို့လူတွေ ဖောင်းထုတာ ခံခဲ့ရတဲ့အပိုင်းကြောင့်လည်း ပါကောင်းပါမယ်။ ထုတ်လုပ်ရေးပိုင်းကြောင်းလည်းပါတယ်။ ဒေါသမာန်ကိုတော့ စတူဒီယိုက သာမန်လျှံကာပဲ ထုတ်ခဲ့ပေမဲ့ လေရူးသုန်သုန်ကိုတော့ စတူဒီယိုက prestige blockbuster ဖြစ်လာဖို့ ရည်ရွယ်ပြီး ထုတ်ခဲ့တယ်။ ဆိုတော့ ခေတ်အရရော ရုပ်ရှင်နဲ့စာအုပ်ရဲ့ ကွာခြားချက်အရရောကြောင့် ဒီကားကို အားမရတဲ့လူတွေ အားမရပေမဲ့လည်း ရုပ်ရှင်ကောင်းတော့ ဖြစ်နေတုန်းပါပဲ။ ဇာတ်ဝင်ခန်းတစ်ခန်းမှာပေါ့။ အဘိုးကြီးတစ်ယောက်က ကားလမ်းဘေးက စားသောက်ဆိုင်ကလေးထဲ ဝင်လာတယ်။ ဆိုင်ထဲမှာ ကားဒရိုင်ဘာတစ်ယောက်နဲ့ စကားပြောနေတဲ့ စားပွဲထိုးမကတော့ ဒီအဆင် ဒီအဆင်တွေဟာ အကျိုးပေးမယ်မှန်းမသိတော့ ခပ်ချေချေပေါ့။ အဘိုးကြီးက ဝင်လာတာနဲ့ ” ကျုပ်တို့ကို ပေါင်မုန့်လေးတစ်လုံးလောက် ရောင်းပေးနိုင်မလား”လို့ပြောတော့ စားပွဲထိုးမက ငါထင်သလိုပဲဆိုတဲ့ မျက်နှာပေးမျိုးနဲ့ ” ဒါကုန်စုံဆိုင်မဟုတ်ဘူး ကျွန်မတို့မှာ ဆန်းဒဝစ်လုပ်ဖို့ပဲ ရှိတယ်”လို့ ပြန်ပြောတာပေါ့။ အဘိုးကြီးက မျက်နှာလေးအိုအိုနဲ့ ” သိပါတယ် မဒမ်ရာ အမေကြီးအတွက်မို့ပါ။ သူကသွားမရှိဘူးလေ ရေနဲ့နှူးပြီး ကျွေးမှ ဝါးနိုင်တာ သူဗိုက်ဆာနေလို့ပါ”လို့ပါ တောင်းပန်တယ်။ မလျှော့တဲ့ စားပွဲထိုးမက “ဆန်းဒဝစ်ပဲဝယ်လိုက်ပါလား ကျွန်မတို့ဆီက ဆန်းဒဝစ်တွေက သိပ်ကောင်းတာ”လို့ ခွန်းတုံ့ပြန်ပြန်ရော။ ဇီးရွက်လောက်ပဲ ကျန်တော့တဲ့ မျက်နှာနဲ့ အဘိုးကြီးကတော့ ထပ်ရှင်းပြရှာတယ်။ “ဟုတ်ကဲ့ ကျွန်တော်လည်း ဝယ်ချင်ပေမဲ့ မဒမ်ရယ်… ကျွန်တော်တို့မှာ ပေါင်မုန့်ဖိုးက၁၀ဆင့်ပဲရှိတာ အဲဒါမှခရီးအတွက်လောက်မှာမို့ပါ”လို့ပေါ့။ ဒါပေမဲ့လည်း စားပွဲထိုးမက မလျှော့ပြန်ပါဘူး “၁၀ဆင့်နဲ့ ဘာပေါင်မုန့်မှမရဘူး ပေါင်မုန့်တစ်လုံးကို အနည်းဆုံး၁၅ဆင့်တန်ပဲရှိတယ်”လို့ ပြောပြန်တယ်။ စားဖိုမှူးက ပေးလိုက်စမ်းပါကွာလို့ပြောတော့လည်း စားပွဲထိုးမက ပေါင်မုန့်ကားမလာခင် ပေါင်မုန့်ကုန်သွားရင် ဘယ်လိုလုပ်ကြမလဲလို့ စောဒကတက်ပြန်တာပါပဲ။ စိတ်မရှည်တော့တဲ့ စားဖိုမှူးက ” အေး ကုန်တော့လည်းကုန်ပါစေ ကုန်ပါစေပေါ့”လို့ပြောပြီး ဘုတောလိုက်မှ စားပွဲထိုးမက ပေါင်မုန့်သွားယူလာပြီး အဘိုးကြီးကို ရောင်းပေးတော့တယ်။ ဒါလည်း ချိုချိုသာသာမဟုတ်ပါဘူး။ ဆောင့်ကြီးအောင့်ကြီးနဲ့ပဲ။ စားပွဲထိုးမပေါင်မုန့်သွားယူနေတဲ့အချိန်မှာ ကလေးလေး၂ယောက်က အဘိုးကြီးနောက်ကို လိုက်လာပြီး ဆိုင်ထဲဝင်လာခဲ့တယ်။ ငွေရှင်းတဲ့ကောင်တာနားက ချိုချဉ်တွေကို တွေ့သွားတဲ့အချိန် သူတို့အခြေအနေကိုလည်း သူတို့သိနေတော့ ဘာမှမပူဆာဘဲ မျက်လုံးအဝိုင်းသားလေးနဲ့ ကြည့်နေခဲ့ကြတယ်။ အဘိုးကြီးလည်း မနေသာတော့ ” ဟိုးက ချိုချဉ်တွေက တစ်ဆင့်တန်တွေလား”လို့ စားပွဲမကိုမေးလိုက်တယ်။ စားပွဲထိုးမက…” မဟုတ်ဘူး”လို့ ပြောပြီးမှ သူ့ကောင်တာရှေ့တည့်တည့်က ကလေးလေး၂ယောက်ရဲ့ မျက်လုံးကို မြင်သွားပြီး ဆောင့်ကြီးအောင့်ကြီးဖြစ်နေခဲ့တဲ့ သူ့မျက်နှာပေါ်ဝမ်းနည်းရိပ်သန်းလာခဲ့တယ်။ ” အာ မဟုတ်ဘူး ၂ချောင်းတစ်ဆင့်”လို့ ပြာပြာသလဲဖြေလိုက်တယ်။ အဘိုးကြီးကလည်း တစ်ဆင့်ပေးပြီး ကလေးနှစ်ယောက်ကို ချိုချဉ်တစ်ယောက်တစ်ခု ဝယ်ကျွေးနိုင်ခဲ့တယ်။ အဘိုးကြီးတို့ ထွက်သွားပြီးတော့ ခုန စားပွဲထိုးမနဲ့ စကားပြောနေတဲ့ ကားဒရိုင်ဘာက ” အဲဒါတွေက နှစ်ချောင်းတစ်ဆင့်တန်မဟုတ်ဘူးလေ တစ်ခုကို ၅ဆင့်မလား”လို့ မချိုမချဉ်မျက်နှာပေးနဲ့ စားပွဲထိုးမကို လှမ်းပြောလိုက်တာပေါ့။ စားပွဲထိုးမကတော့ ” ရှင့်အပူပါလို့လား”လို့ပဲ ပြန်ပြောခဲ့တယ်။ ခဏနေတော့ ကားဒရိုင်ဘာ ငွေရှင်းဖို့ ထလာတယ်။ ပိုက်ဆံပေးပြီးတဲ့နောက် တံခါးဝဆီတန်းသွားခဲ့တယ်။ စားပွဲထိုးမက ” နေပါဦး ပြန်အမ်းငွေယူသွားဦးလေ”လို့ ပြောတော့ ဒရိုင်ဘာကလည်း တစ်ခွန်းပဲ ပြန်ပြောခဲ့တယ်။ ” မင်းအပူပါလို့လား”တဲ့။ ဂျွန်ဖို့ဒ် နည်းနည်းပြင်ရိုက်ထားတဲ့ ဒီဇာတ်ဝင်ခန်းလေးကိုပဲ ဂျွန်စတိုင်းဘတ်က သူ့စာအုပ်ထဲ ပုံဖော်ထားတာက စာမျက်နှာ၂၀နီးနီးရှိတယ်။ စတိုင်းဘတ်က အဲဒီလောက် အသေးစိတ်ကျကျ ရေးတဲ့လူဆိုတော့ ဂျွန်ဖို့ဒ် ဒီလောက်ထိလုပ်ပြနိုင်တာပဲ ဟုတ်တော့ဟုတ်နေတဲ့ သဘောပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3.8 GB) / (2.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:09:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Animation • Adventure • Family • Comedy
8.1 1940 129 mins
The Grapes of Wrath
Ne Zha
7.6

Ne Zha (2019) IMDb Rating (7.4) ဒါကတော့ Classic novel တစ်ခုဖြစ်တဲ့ The Investiture of the Gods ကိုအခြေခံထားတဲ့ နာမည်ကြီး Chinese Donghua ပါ။ ၀တ္ထုအရ အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းနဲ့သူ့ရဲ့တတိယသားတော်အောင်းပင်း၊ နီကျားတို့ရဲ့ အကြောင်းကိုတော့ တော်တော်များများရင်းနှီးကြပါတယ်။ မဟာရန်သူတော်အောင်းပင်းနဲ့နီကျားက ဒီ Movie မှာတော့ သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ကောင်းကင်ရဲ့နတ်စွမ်းအင်တွေကနေ ဟွမ့်ယွမ်ပုလဲလုံးဖွားမြင်လာခဲ့ပြီး ထိန်းမရဖြစ်ခဲ့တာကြောင့် ကောင်းကင်အရှင်မင်းက မိစ္ဆာပုလဲလုံးနဲ့ကောင်းကင်ပုလဲလုံးဆိုပြီးခွဲခြားလိုက်ပါတယ်။ ကောင်းကင်ပုလဲလုံးကို ချန်ထန်ကွမ်းရဲ့အုပ်ချုပ်သူလီကျန့်ရဲ့သားတော်အဖြစ်ဖွားမြင်စေပြီး မိစ္ဆာပုလဲအပေါ်မှာတော့ နောက်သုံးနှစ်အကြာ ကောင်းကင်မှစီရင်ချက်ခံရမယ်ဆိုပြီးကျိန်စာထားထားခဲ့ပါတယ်။ တပည့်တွေအနက် တပည့်အကြီး ထိုက်ယီကျန်းရန်ကို အဲ့ဒီတာ၀န်အပ်နှင်းခဲ့တော့ ‌ ကျန်တပည့်ရှန်းကုန်းပေါင်က မနာလိုမုန်းတီးစိတ်တွေဖြစ်လာပြီး ကောင်းကင်ပုလဲလုံးကိုခိုးကာ ‌ အရှေ့ပင်လယ်အောက်နဂါးနန်းတော်မှာချုပ်နှောင်ထားခြင်းခံရတဲ့ နဂါးမင်းအောင်းကွမ်းရဲ့တတိယသားတော်နဲ့ ကောင်းကင်ပုလဲလုံးကိုပေါင်းစပ်ပေးဖို့အပေးအယူထားထားခဲ့ပါတယ်။ မိစ္ဆာပုလဲလုံးကတော့ လီကျန့်ဇနီးသည်ဆီမှာ ဖွားမြင်ခဲ့ပြီး ထိန်းချုပ်မရလို့ ချန်းခွင်းရွှေကွင်းနဲ့ထိန်းထားခဲ့ရပြီး လီကျင့်နဲ့သူ့ဇနီးသည်မျက်နှာနဲ့ ထိုက်ယီကျန်းရန်က မတတ်နိုင်ပဲ ရှင်သန်ခွင့်ပေးခဲ့ရပါတယ်။ ဒါပေမယ့်လည်း သုံးနှစ်အကြာမှာ ကောင်းကင်စီရင်ချက်အရ မိုးကြိုးဒဏ်နဲ့ဖျက်ဆီးခံရမှာမို့ အဲ့ဒီသတ်မှတ်ခံထားရတဲ့ကံကြမ္မာကို နီကျားတစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။ အဆက်ကလည်း ရုံတင်နေပြီဖြစ်ဖို့ ကြည့်ပြီးရင်လည်းပြန်ကြည့်လိုက်ကြပါ။ ဒုတိယကားမှာဆိုလည်းပင်လယ်နဂါးမင်းအောင်းကွမ်းရဲ့လူပုံစံကြီးကိုပါမြင်ရတော့မှာပါ။ အရှေ့ပင်လယ်နဂါးမင်းအောင်းကွမ်းမှာသား‌တော်သုံးပါးရှိပါတယ်။ သူတို့အကြောင်းပိုသိချင်ရင်တော့ ဒါကိုအခြေခံထားတဲ့ Aobing Zhuan ဆိုတဲ့ Manhua လေးလည်းရှိတယ်နော်။ ဒီ Movie ကတရုတ်မှာတင်မက နိုင်ငံတစ်ဝှမ်းမှာတော်တော်လေးအောင်မြင်ခဲ့ပြီး Donghua တွေထဲမှာ Animation ကလည်းမိုက်ပြီး တော်တော်လေးကိုကောင်းတဲ့ကားပါ။ မကြည့်ရသေးရင် ကြည့်ကြည့်လိုက်ကြပါ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Phu Thet Khin မှ တင်ဆက်ထားပါတယ်။) ယခင်တင်ထားတုန်းက Eng သံဖြစ်နေလို့ ယခုတော့ မူရင်းတရုတ်သံနဲ့ ဘာသာပြန်လိုအပ်ချက်တချို့ကိုပါ ပြုပြင်ထားပြီး 4K DD5.1 Quality ထိပါ တင်ဆက်လိုက်ပါတယ်။

7.6 2019 110 mins
Ne Zha