YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Wife E14 CM.mp4

279.41 MB N/A video/mp4 32 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Blind Side
7.7

The Blind Side (2009) IMDb Rating (7.7) / Rotten Tomatoes (66%) မင်းသမီး ဆန်ဒရာဘူးလော့ခ် (Sandra Bullock ) အော်စကာဆု ရရှိခဲ့တဲ့ဇာတ်ကားဖြစ်ပြီးတော့ ရိုက်ကူးစဉ်က Budget $29 million သာကုန်ကျခဲ့ပေမယ့် Box Office ဝင်ငွေ $309.2 million ထိရရှိခဲ့တာကြောင့် အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကိုအခြေခံရိုက်ကူးထားတာကြောင့် ပိုပြီးထိရှခဲ့ရတဲ့ဇာတ်ကားလဲ ဖြစ်ပါတယ်။ American football ကစားသမား Michael Oher ရဲ့ဇာတ်ကြောင်းဖြစ်ပြီးတော့ အိမ်ခြေမဲ့ လူမည်းကလေးတစ်ယောက် နာမည်ကျော်အားကစားသမားဖြစ်လာဖို့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတယ်ဆိုတာကို တင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ကြည့်ဖူးသူတိုင်း အကြိုက်ဆုံးရုပ်ရှင်စာရင်းထဲ ထည့်လိုက်ရတဲ့ထိ ကောင်းမွန်ပြည့်စုံတဲ့ရုပ်ရှင်ဖြစ်တာကြောင့် မကြည့်ရသေးရင် လက်လွတ်မခံသင့်ပါကြောင်း။ File size…(3.2 GB)/ (1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….02:08:33 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by HaDes

Crime • Thriller
7.7 2009 129 mins
The Blind Side
Plan A Plan B
6.1

အခုတစ်ခါထွက်ရှိထားတဲ့ ကားလေးကတော့ မင်းသားရီတေရှ်ဒေရှ်မွခ်နဲ့ မင်းသမီးချောလေး တမန်နားဘာတီယားတို့ရဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်... တစ်ယောက်က ကွာရှင်းပြတ်စဲပေးတဲ့ ရှေ့နေလေး ကော်စီ... နောက်တစ်ယောက်က အောင်သွယ်တော်လုပ်ပေးတဲ့ အိမ်ထောင်ရေးအေဂျင်စီမလေး နီရာလီ... ကော်စီက အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တယ် လက်ရှိအိမ်ထောင်ရေးအဆင်မပြေဘူး နီရာလီကတော့ ညှင်သာနူးညံ့လွန်းပြီး သူ့ကိုဖြတ်သွားတဲ့ ရည်းစားကို မမေ့နိုင်သေးတဲ့ ကောင်မလေး... အလုပ်မတူ စာရိတ္တချင်းမတူ စိတ်ဓါတ်မချင်းမတူတဲ့ ဒီလူနှစ်ယောက်ဟာ အဆောက်အဦးတစ်ခုထဲက ဘေးချင်းကပ်အခန်းမှာ ရုံးခန်းကိုယ်စီထိုင်ဖြစ်ကြတဲ့အခါ... သူတို့တွေ ကြောင်နဲ့ကြွက်လိုမျိုး ဘယ်လိုရန်ဖြစ်ကြမလဲ... တလွဲဟာသလေးတွေနဲ့ ဘယ်လိုတွေခွီရမလဲဆိုတာကို ဆက်လက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်... အချစ်ဆိုတာက ဆန်းကြယ်တယ်လို့ ပြောစမှတ်တွင်ခဲ့ကြသလိုမျိုးပဲ သူတို့နှစ်ဦးကိုယ်စီကြားမှာ သံယောဇဉ်တွေ ရှိလာနိုင်မလားဆိုတာကို ဇာတ်ကားထဲမှာ ရှုစားပေးကြပါဦးနော် File size…1.8GB /  841MB Quality…1080p NF WEBDL AAC5.1CH / 720p Format…mp4 Duration….1h 45m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & BpL & Taylor

Action • Adventure • Thriller
6.1 2022 106 mins
Plan A Plan B
Absolute Power
6.6

အက်ရှင်ကားတွေရဲ့မင်းသားကြီးဖြစ်တဲ့ အော်စကာဆုများရှင် ကလင့်အိစ်ဝုဒ်က ခေါင်းဆောင်မင်းသား‌ေနရာက‌ေန ပါဝင်သရုပ်‌ေဆာင်ထားပြီး ကိုယ်တိုင်ရိုက်ကူးထုတ်လုပ်ထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရေးပုံစံကိုအခြေခံထားတဲ့ Action, Thriller ဇာတ်လမ်းအမျိုးအစားဖြစ်တာမလို့ ဒီလိုgenereတွေကို ကြိုက်တဲ့သူတွေအတွက် လက်မလွှတ်စတမ်းကြည့်ရှုသင့်ပါတယ်။ ကလင့်အိစ်ဝုဒ်သရုပ်‌ေဆာင်ထားတဲ့ အဓိကဇာတ်ကောင် လူသာဝစ်တနီဟာ ဖောက်ထွင်းနိုင်စွမ်းအကောင်းဆုံးတွေထဲက အမိုက်စားသူခိုးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာ သူဟာ ဘီလျံနာသူဌေးကြီးတစ်ယောက်ရဲ့အိမ်ကို ‌ဖောက်ထွင်းရာကနေ လူသတ်မှုတစ်ခုနဲ့ပါဝင်ပတ်သက်သွားပါတော့တယ်။ အဲဒီလူသတ်မှုရဲ့အဓိကတရားခံဟာလည်း နိုင်ငံရဲ့ဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်ဖြစ်နေချိန်မှာတော့ လူသာက ဒီအမှုရဲ့သံသယရှိသူ‌ေနရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ပြီး ဥပဒေဘောင်အပြင်ဘက်ကနေ တရားခံကိုဘယ်လိုအပြစ်ပေးမယ်ဆိုတာတွေကို ရင်တဖိုဖိုနဲ့ကြည့်ရမှာဖြစ်ပါတယ်။ သူခိုးအကျော်အမော်လူသာဝစ်တနီနေရာကနေ ကလင့်အိစ်ဝုဒ်၊ အမေရိကန်သမ္မတအယ်လန်ရစ်ခ်ျမွန်းနေရာကနေ ဂျီးန်ဟက်ခ်မန်း၊ အထက်တန်းစုံထောက်ဆက်သ်ဖရန့်နေရာကနေ အက်ခ်ဟဲရစ်နဲ့ ကိတ်ဝစ်တနီနေရာကနေ လော်ရာဝင်းနေးတို့က အသီးသီးပါဝင်သ‌ရုပ်ဆောင်ထားကြပါတယ်။ 1997မှာ ရုံတင်ထားတာဖြစ်ပါတယ်။ File size…(2.02GBGB)  / (`1019MB) / (486MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:01:00 Genre...  Drama / Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Choi Ellie

Crime
6.6 1997 121 mins
Absolute Power
The Curious Case of Tianjin
10

ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော် ချင်ဖန်ဟာတရုတ်ရိုးရာသမားတော်တစ်ယောက်ဖြစ်ပြီး ကျင်းမန်ဆိပ်ကမ်းမှာနေပါတယ်။ငြိမ်းချမ်းရေးကိုလိုလားပြီးအေး​အေးဆေးဆေးနေချင်သူပေါ့။ ​ဆိပ်ကမ်းရဲ့အဖွဲ့ကြီးနှစ်ဖွဲ့ဖြစ်တဲ့ "ရိက္ခာပို့ဆောင်ရေးအဖွဲ့" နဲ့ "ချင်းလုံအဖွဲ့" တို့ စားကျက်လုရင်းရန်ပွဲတွေဖြစ်ကြတဲ့အခါမှာ ချင်ဖန်ဟာဘုမသိဘမသိဝင်ပါမိရော။ သူဟာဖျန်ဖြေဖို့ရည်ရွယ်ချက်နဲ့ဝင်ပါခဲ့ပေမယ့်၊ မထင်မှတ်ထားစွာဘဲ လူနှစ်ယောက်သေသွားတဲ့အခါ မှော်အတတ်သုံးတယ်လို့စွပ်စွဲခံရပြီးထောင်နန်းစံရပါလေရော။ သူ့ရဲ့အပြစ်ကင်းမှုကိုသက်သေပြဖို့​ထောင်ထဲကခိုးထွက်ပြီး ရင်ခွဲရုံမှာအလောင်းခွဲစိတ်တာကိုသွားကြည့်နေတဲ့အချိန်မှာပဲ ဆေးတစ်မျိုးကြောင့်မေ့မျောသွားပါတော့တယ်။ အလောင်းကလည်းပျောက်ဆုံးသွားတယ်။ အကုသိုလ်ဟာအဖော်အပေါင်းနဲ့လာတယ်ဆိုသလိုပဲ သူ့ဘာသာသူမေ့မျောပြီး ဆောင်ကြာမြိုင်တစ်ခုကိုဘယ်လိုရောက်လို့ရောက်မှန်းမသိ နှပ်နေစဥ်မှာပဲ၊ အဲ့ဒီညမှာဆိပ်ကမ်းကလူတချို့ဟာ ထိန်းချုပ်ခံရသလို အသိစိတ်မရှိတော့တဲ့ပုံစံတွေနဲ့ရေထဲခုန်ချပြီးသေသွားကြရော။ ဆိုတော့ တစ်မှုပေါ်တစ်မှုဆင့်ပြီး လူသတ်မှု၊ အလောင်းခိုးမှု၊ ထောင်ဖောက်မှုတွေအပြင် ၊ လူအများရဲ့မှော်အတတ်သုံးတယ်ဆိုတဲ့ စွပ်စွဲချက်ပါထပ်လောင်းလာတဲ့အခါမှာတော့… ချင်ဖန်ဟာသူ့ရဲ့ဖြူစင်မှုကိုသက်​သေပြဖို့အတွက်ကြိုးစားရပါတော့တယ်။ ဒီအမှုတွေရဲ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ။ မှော်အတတ်တွေနဲ့ရောသက်ဆိုင်နေတာလား။ ချင်ဖန်ကရောဒီထူးဆန်းတဲ့အမှုတွေကိုဖော်ထုတ်နိုင်ပါ့မလား။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Fantasy , Adventure Runtime : 1h 23min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime
10 2022 83 mins
The Curious Case of Tianjin
Studio 666
6.1

IMDb 5.9/10 ============================== ဒီတစ်ခါ သည်းထိတ်ရင်ဖို ဇာတ်လမ်းမျိုးကိုမှ ရင်တဖိုဖိုနဲ့ ကြည့်ချင်တဲ့ Channel Myanmar ပရိသတ်တွေအတွက် 2022 မှာမှ အသစ်ထွက်ထားတဲ့ Musical thriller/horror အမျိုးအစား ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးက ကြောက်စရာကောင်းသလောက် သွေးထွက်သံယိုအခန်းတွေ၊ အော်ကလီဆန်စရာအခန်းတွေ ပါဝင်တာမို့လို့ ရွံတတ်သူများ ကြောက်တတ်လန့်တတ်သူများ မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ။ ဇာတ်လမ်းအကျဥ်းလေးကတော့ နာမည်ကြီး ရော့ခ်ဂီတအဖွဲ့တစ်ဖွဲ့က သူတို့ရဲ့ ဆယ်နှစ်ပြည့် သီချင်းခွေထုတ်ဖို့ စီစဥ်နေကြပါတယ်။ သူတို့လိုအပ်နေတာက အသံတိတ်ဆိတ်ပြီး သီချင်းသွင်းလို့ကောင်းမယ့် အိမ်တစ်အိမ်ပါပဲ။ ဒီအိမ်ကို လိုက်ရှာကြတဲ့အခါ ရှေးဟောင်းအိမ်ကြီး တစ်အိမ်ကို ရောက်ပြီး အဖွဲ့ခေါင်းဆောင်က အိမ်ကြီးကို ရွေးလိုက်ပါတယ်။ အဖွဲ့သားတွေကတော့ ဒီအိမ်ကြီးကို မသိုးမသန့်ဖြစ်ပြီး စိတ်အလိုမကျပေမယ့် သီချင်းသွင်းဖို့ အဆင်ပြေတဲ့အတွက် သဘောတူလိုက်ကြပါတယ်။ ဒါပေမဲ့ ကြမ္မာဆိုးက ဝင်ချင်တော့ တစ်ရက်ပြီး တစ်ရက် နိမိတ်ဆိုးတွေ ဖြစ်ရပ်ဆိုးတွေ ဆက်တိုက်ကြုံလာရပါတော့တယ်။ ဒါ့အပြင် သူတို့ရဲ့ တီးဝိုင်းခေါင်းဆောင်ကလည်း တစ်မျိုးတမည် ပြောင်းလဲလာပါတော့တယ်။ သူတို့စိတ်ကပဲထင်နေတာလား.... ဒီအိမ်ကြီးရဲ့ ညှို့ငင်မှုကြောင့်လား.... သူတို့တီးနေတဲ့ သီချင်းခွေကရော ဘယ်လိုသံစဥ်တွေဖြစ်လာမလဲဆိုတာ..... စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ ညဖက်တစ်ယောက်တည်း စောင်ခြုံပြီး ကြည့်သင့်တဲ့ ကြည့်ရင်းတန်းလန်း အိမ်သာမသွားသင့်တဲ့ ဇာတ်လမ်းလေးဖြစ်လို့ မလွတ်တမ်းအားပေးကြပါဦးခင်ဗျာ။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။ Genre..... Comedy, Horror, Music Quality….WEB-DL 1080p and 720p amd 480p File size…1.5GB and 769MB and 278MB Format…mp4 Duration….1h 46min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder ..... August

Crime • Drama • Thriller
6.1 2022 106 mins
Studio 666
My Husband's Worst Mistake
7.7

My Husband's Worst Mistake (2023) မိန်းမကို တစ်ခါလေး သစ္စာမရှိလိုက်တာက လူသတ်မှုနဲ့ အဖမ်းခံရတဲ့အထိပါ ဖြစ်သွားနိုင်တာလား? ကန့် နဲ့ ဆာရာတို့ လင်မယားက လူစီဆိုတဲ့ သမီးလေးတစ်ယောက်ရှိပေမယ့် ကန့်က အလုပ်ကိုပဲအမြဲဦးစားပေးနေလို့ အိမ်ထောင်ရေးက အေးတိအေးစက်ဖြစ်နေတာ ကြာပါပြီ။ တစ်ရက်တော့ ကန့်တစ်ယောက် မထင်မှတ်ထားဘဲ အလုပ်ကဝန်ထမ်းအငယ်မလေး အေမီနဲ့ တစ်ညအိပ်မိသွားတယ်ပေ့ါ။ ဖြစ်ချင်တော့ သူအိပ်မိလိုက်တဲ့ ဝန်ထမ်းမလေးကလည်း မထင်မှတ်ဘဲ ဆုံးသွားပြီး သူ့ရဲ့ အလုပ်က ပြိုင်ဖက် မီဂူရယ်ကလည်း သူနဲ့ ဝန်ထမ်းမလေးဓာတ်ပုံတွေနဲ့ သူ့ကိုပြန်ခြိန်းခြောက်လာတော့ မိန်းမကို ဖောက်ပြန်မိတဲ့အကြောင်းပြောပြလိုက်ရပါတော့တယ်။ အရင်ကတည်းက စိတ်ပျက်နေတဲ့ မိန်းမဖြစ်သူက ဒီကိစ္စပါ ဖြစ်လာတော့ ကန့်ကို အိမ်ခွဲနေခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။ အိမ်ခွဲနေတုန်းမှာ ဆာရာက ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဘရက်နဲ့ရင်းနှီးလာပါတယ်။ တစ်ဖက်မှာလည်း လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကန့်နဲ့ ဆာရာမကွဲကွဲအောင် ဓာတ်ပုံတွေ ပို့လာတော့ ကန့်လည်း အလုပ်က ပြိုင်ဖက် မီဂူရယ်ထင်ပြီးပြဿနာသွားရှာတော့တာပေါ့။ သူပြဿနာသွားရှာခဲ့တဲ့ မီဂူရယ်တစ်ယောက် မထင်မှတ်ဘဲ ဆုံးသွားပြီး ကန့်တစ်ယောက် သံသယရှိတဲ့လူသတ်သမားအနေနဲ့ အဖမ်းခံရတာကြောင့် ဆာရာက သူတွဲနေတဲ့ ရှေ့နေဖြစ်သူဘရက်ကို အမှုလိုက်ဖို့ အပ်လိုက်တဲ့အခါ ဘရက်တစ်ယောက် ကန့်ကို တကယ်ရော ရှေ့နေလိုက်ပေးချင်ရဲ့လား သူ့မှာ ဖုံးကွယ်ထားတဲ့ ဘာအချက်တွေရှိလဲဆိုတာကို ဆက်ပြီး ရှုစားကြည့်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Cho Zin Than ပဲ ဖြစ်ပါတယ်။

Comedy • Drama • Romance
7.7 2023 85 mins
My Husband's Worst Mistake
The Square
6.8

IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်… စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ် အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : SWEDISH.720p.WEB-DL.XviD.AC3-FGT Translated by Myo Myint Oo (Arakanese) Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.8 2017 151 mins
The Square
The Bling Ring
7

The Bling Ring(2013)အညွှန်း ************************** မာ့ခ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ဓာတ်ကျမှုတွေနဲ့ ကျောင်းအသစ်ကိုပြောင်းရွှေ့လာခဲ့ရပါတယ်။ လူတွေနဲ့ရှောင်ဖယ်နေတတ်လို့ သူငယ်ချင်းမရှိခဲ့ဖူးတဲ့ မာ့ခ်အတွက် ရေဘက်ကာဟာ ပထမဆုံးသူငယ်ချင်းဖြစ်လာခဲ့ရာကနေစလို့ မာ့ခ်ဟာ ရေဘက်ကာနဲ့ပိုမိုခင်မင်နိုင်ဖို့ ရေဘက်ကာ တောင်းဆိုသမျှကို လိုက်လျောလာပါတော့တယ်။ အဲဒီလိုက်လျောမှု‌တွေထဲ မာ့ခ်နဲ့ ရေဘက်ကာအပြင် နစ်ကီ၊ ခလိုးဝီ၊ ဆမ် စတဲ့သူငယ်ချင်းအုပ်စုတစ်ခုလုံးရဲ့ ဘဝကိုပြောင်းလဲပစ်ခဲ့တဲ့ လိုက်လျောမှုတစ်ခုကတော့ နာမည်ကျော်တွေရဲ့အိမ်ကို‌ခိုးဝင်ဖို့ မာ့ခ်ကူညီခဲ့တာပဲဖြစ်ပါတယ်။ သာမန်ခေတ်လူငယ်လေးတွေဟာ နာမည်ကျော်မင်းသမီးတွေရဲ့အိမ်ထဲက တန်ဖိုးကြီးပစ္စည်းတွေကို လိုက်လံစပ်စုကြရင်း မသိသာအောင် အနည်းငယ်စီခိုးယူလာခဲ့တဲ့နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ File Size : (2 GB) (800 MB) and (268 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:30:00 Genre : Biography, Drama,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Reum Encoded by Phyo Pyae

Drama
7 2013
The Bling Ring
The Exorcist: Believer
6.7

The Exorcist: Believer(2023) ************************* ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။ အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီး ဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့ အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ…. ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။ သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။ အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ ဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။ လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ကားအထိ ကြေညာထားပြီး အခုတင်ထားတဲ့ရုပ်ရှင်ကတော့ ၆ ကားမြောက်ဖြစ်ပါတယ်။ ချန်နယ်မြန်မာမှာ မတင်ရသေးတဲ့ ရုပ်ရှင်တွေလည်း တင်ပေးသွားမှာပါ။ The Exorcist (1973) Exorcist II: The Heretic (1977) The Exorcist III (1990) Exorcist: The Beginning (2004) Dominion: Prequel to the Exorcist (2005) The Exorcist: Believer (2023) The Exorcist: Deceiver (2025) တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မူလရုပ်ရှင်အပြီး နှစ် ၅၀ အကြာ အချိန်ကို အခြေခံထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ထဲက သားအမိနှစ်ယောက်လည်း လူကြီးပုံတွေနဲ့ ပြန်ပါဝင်ထားပါတယ်။ ၁၉၇၃ တုန်းက နတ်ဆိုးအပူးခံရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Linda Blair ကပဲ ဒီကားထဲက ကလေးမလေးတွေကို သရုပ်ဆောင်အကြံပေးအဖြစ် ကူညီထားပါသေးတယ်။ Imdb 8.1 ထိရောက်တဲ့ ဟော်ရာရုပ်ရှင်ဆိုတာ လက်ချိုးရေလို့ရပေမဲ့ Exorcist 1973 ကတော့ ရခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ဒါရီုက်တာကြီးကတော့ ဆက်ပြီးမရိုက်စေချင်တာမို့ ဒီကားနဲ့ လုံးဝမပတ်သတ်ခဲ့သလို ၂၀၂၃ ၈ လပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကိုတော့ Halloween Kills (2021), Halloween (2018) ရဲ့ ပရိုဂျူဆာ David Gordon Green ကရိုက်ကူးခဲ့တာပါ။ နာမည်ကျော် Halloween (1978) ရဲ့ အဆက်တွေကို ရိုက်ကူးခဲ့ပေမဲ့ Imdb 6 နဲ့ 5 သာ ရရှိခဲ့တာမို့ Exorcist ဖခင်ကြီးတွေက သဘောမကျတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ ဂန္ဓဝင်ကားကြီးတွေရဲ့ လောင်းရိပ်ကိုထည့်မတွက်ဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရင်တော့ ဖျော်ဖြေမှုပေးတဲ့ ဟော်ရာရုပ်ရှင်အဆင့်အနေနဲ့တော့ သတ်မှတ်လို့ရပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါဦး။ File size… 3.3GB,1.7G B & 622MB Quality… WEB-DL4K,1080P,720p Format…mp4 Duration….1hr 51min Genre ….. Horror Translated by Mr.Anderson Encoded by Phyo Pyae

6.7 2023 111 mins
The Exorcist: Believer
Shelter
7.6

Shelter (2007) ============ IMDb Rating – 7.6/10 ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားရမဲ့ အချစ်-ဒရမ်မာ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ မိသားစုအတွက် အနစ်နာခံရင်း အနာဂတ်အိပ်မက်တွေ ပျောက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အချစ်နဲ့တွေ့လာ တဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ…။ ဇာတ်လမ်းအကျဉ်း – ဇက်ဟာ အထက်တန်းကျောင်းပြီးထားပေမဲ့ ကျောင်းဆက်မတက်ဖြစ် ဘဲ အချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်း တူဖြစ်သူ ကိုဒီလေးကို ထိန်းပေး နေရသူပေါ့။ အစ်မဖြစ်သူဂျီးန်ကတော့ single-mom တစ်ယောက်ပါ။ ဇက်တစ်ယောက် အားလပ်ချိန်မှာ ရေလွှာလျှောစီးလိုက် စကိတ်စီးလိုက် street art တွေရေးလိုက်နဲ့ အချိန်ဖြုန်းနေပေမဲ့ တကယ်တမ်း သူ့ရည်ရွယ် ချက်က အနုပညာကျောင်းတက်ရဖို့ပါ။ ဒါပေမဲ့ မိသားစုကိုငဲ့ရင်း ကျောင်း တက်မဲ့ကိစ္စကို စွန့်လွှတ်ထားခဲ့ရပါတယ်။ တစ်နေ့တော့ အချစ်ဆုံးသူငယ်ချင်းဂေ့ဘ်ရဲ့ အစ်ကိုဖြစ်သူ ရှောန်တစ်ယောက် မြို့ကိုပြန်ရောက်လာပြီး ဇက်နဲ့ ပြန်ဆုံပါတယ်။ ဇက်နဲ့ ရှောန်တို အတူတူလည် ပတ်သွားလာရင်း ခံစားချက်တွေမျှဝေဖြစ်ခဲ့ကြပါတယ်။ ရှောန်ရဲ့အားပေးမှု ကြောင့်ပဲ ဇက်တစ်ယောက် အနုပညာကျောင်းတက်မဲ့အိပ်မက်ဟာ ပြန်အသက် ၀င်လာပါတယ်။ အဲဒီကစလို ဇက်ရဲ့ဘ၀ဟာ အပြောင်းအလဲတွေကြုံရဖို့ အ ကြောင်းဖန်လာပါတော့တယ်။ ဇက်တစ်ယောက် အနာဂတ်အိပ်မက်ကိုရွေးမှာလား မိသားစုကိုရွေးချယ်မှာ လား၊ သံယောဇဉ်အချုပ်အနှောင်တွေကြားမှာ အိပ်မက်နောက်လိုက်နိုင်ပါဦး မလား၊ အစ်မဖြစ်သူရဲ့အတ္တနဲ့ အယူသည်းမှုတွေကနေ ဘယ်လိုရုန်းထွက်မလဲ ဆိုတာ… ထပ်တူစီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(3.8 GB) / (850 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance, Sport Translator…….C’mon Encoder……….SWM by C’mon

Drama • Family
7.6 2007 89 mins
Shelter
Zero Fucks Given
6.4

Zero Fuck Given(2021) ပြင်သစ်ရုပ်ရှင်တွေဟာ လူတွေရဲ့ နေ့စဉ်ဓူဝ ဘဝအဖုံဖုံကို အေးဆေးလေးဖော်ပြသွားတဲ့နေရာမှာ ကြည့်ရတာ အရမ်းကဗျာဆန်လွန်းတယ်.. Rating 6. 4 လောက်ရထားတဲ့ ဒီ Drama ရုပ်ရှင်မှာလည်း မိခင်ဆုံးသွားပြီး အိမ်မှာမနေချင်ဘဲ အိမ်ပြေးဖြစ်နေတဲ့ ကန်ဆန်ဒေါ်ဝီဆယ်ဆိုတဲ့ ကောင်မလေးတစ်ယောက် အကြောင်းကိုရိုက်ပြထားတယ်… အသေးစားဘက်ဂျက်လေယာဉ်လိုင်းမှာ လေယာဉ်မယ်ဝင်လုပ်ရင်း နိုင်ငံပေါင်းစုံက ဘဝအဖုံဖုံလူမျိုးစုံနဲ့တွေ့ပြီး ဖြတ်သန်းခဲ့ရပုံတွေ… နောက်ဆုံး private jet ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်ရရင်း ဘဝရဲ့ တစ်ဆစ်ချိုးပြောင်းလဲမှုတွေကြားမှာ အကောင်းဆုံးနေနေတဲ့ အမျိုးသမီးငယ်တစ်ယောက်အကြောင်းကို ရိုက်ပြထားပါတယ် ဇာတ်ရှိန်က ဖြေးဖြေးလေးတက်သွားတာဖြစ်တဲ့အတွက်… အပျင်းပြေကြည့်ဖို့တော့ အဆင်ပြေမှာမဟုတ်ပါဘူး… ကော်ဖီသောက်ရင်း ဖတ်နေရတဲ့ စာအုပ်တစ်အုပ်လိုပါပဲ.. ဒီဇာတ်ကားကိုလည်း အေးဆေးလေးကြည့်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ( အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) Genre….. Drama Quality…. 1080p | 720p File size… 1.9GB | 967MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thiha Yan Naing Encoder ….. Aaron

Drama • Comedy • Romance
6.4 2021
Zero Fucks Given
The Garfield Movie

လူတိုင်းကြိုက်တဲ့ ကြောင်လေး ဂါဖီးရဲ့ စွန့်စားခန်း ရုပ်ရှင်အသစ်ဖြစ်ပါတယ် Starlord မင်းသား Chris prattt နဲ့ Samuel L Jackson တို့က Voice actor အဖြစ် အားဖြည့်ထားပါတယ် ဂါဖီးရဲ့ ငယ်ဘဝနဲ့ သူ့သခင် ဂျွန်တို့နဲ့ ဘယ်လိုတွေ့ခဲ့လဲဆိုတဲ့ နောက်ကြောင်းကို ပြန်ရိုက်ပြထားတာဖြစ်ပါတယ်.. ဂါဖီးရဲ့ အဖေဖြစ်သူ ကြောင်ကြီး ဗစ်လည်းပါဝင်လာပြီး…ဖခင်က ဘာလို့စွန့်ပစ်ခဲ့လဲဆိုတဲ့ အဖေနဲ့သားကြားက ပြဿနာတွေကို ဖြေရှင်းပြီး ဘုံရန်သူကြီး ဂျင့်စ်ဖြစ်တဲ့ ကြောင်ဖြူမရဲ့ အကြပ်ကိုင်မှုကြောင့် လက်တို့စ် နွားနို့ခြံကနေ နို့တွေ ခိုးယူပြီး စွန့်စားကြမယ့် ဂါဖီးကြောင်သားအဖ နှစ်ယောက်ရဲ့ စွန့်စားခန်းတွေကိုကြည့်ရမှာဖြစ်ပါတယ် (အညွန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) File size…(5.2 GB)/(2 GB)/(1 GB) Quality….Webrip 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….01:41:00 Genre… Science Fiction, Comedy, Family, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha Yan Naing

0 2024
The Garfield Movie
Thaanara
6.4

Thaanara (2024) “အမှုပွေတဲ့ ညတစ်ည” ခေတ်ကျပ်ကြီးထဲမှာ စိတ်ညစ်စရာတွေ ခဏဖယ်ထားပြီး ခဏတာရယ်မောရစေမဲ့ ဘောလိဝုဒ်ရုပ်ရှင်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မတူညီတဲ့ ဘ၀အဖုံဖုံကို အတည်အ‌ပေါက်လိုလိုနဲ့ ဟာသနှောပြီး တင်ဆက်ထားတာ ဖြစ်ပါတယ်။ စစချင်းမှာပါလာတဲ့ နိုင်ငံရေးအကြောင်းတွေကိုကြည့်ပြီး အတည်အပေါက်လို့တော့ မထင်လိုက်ပါနဲ့ဦး။ နောက်ပိုင်း အခွီတွေချည်း ဆက်တိုက်လာမှာပါ။ ဇာတ်လမ်းမှာ အတိုက်အခံပါတီအမတ်တစ်ဦးဖြစ်တဲ့ အာဒါ့ရှ်ဟာ အလုပ်ခရီးတစ်ခုဗန်းပြပြီး အမိုက်စားစကီလေးတစ်ဗွေနဲ့ အိမ်ကိုပြန်လာပါတယ်။ဖြစ်ချင်တော့ သူခရီးသွားတဲ့ သတင်းကြောင့် သူ့အိမ်မှာ သူခိုးတစ်ယောက်‌ရောက်နေပါတယ်။ သူခိုးကလည်း အိမ်ရှင်တွေမရှိတာကြောင့် စားလိုက်သောက်လိုက် ထင်တိုင်းကျဲနေတော့တာပေါ့။ အာဒါ့ရှ်နဲ့ စကီလေးတို့ အိမ်ရောက်လာချိန်မှာတော့ စည်းစိမ်ယစ်နေတဲ့ သူခိုးခမျာ ဘုံပျောက်ပါတော့တယ်။ အဲဒီနောက် မမျှော်လင့်ဘဲ အိမ်ကို နောက်ထပ်ရောက်ချလာသူကတော့ အာဒါ့ရှ်ရဲ့မိန်းမပါပဲ။ ဒီလိုနဲ့ အိမ်တစ်လုံးထဲမှာ လွှတ်တော်အမတ်ရယ်၊ စကီလေးတစ်တစ်‌ဗွေရယ်၊ အမတ်ဇနီးရယ်၊ သူခိုးတစ်ယောက်ရယ် ဘယ်လိုတွေ ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုတွေ ကမောက်ကမဖြစ်ကုန်မလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

History • War • Drama • Action
6.4 2024
Thaanara
Beline

Beline (2024)”အထီးကျန်မှုရဲ့နောက်ကွယ်” ================================== ၂၀၂၄ က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖိုဆန်ဆန် အိန္ဒိယစကားပြောရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ပင်စင်ယူထားတဲ့ အဘိုးအိုတစ်ယောက် သူ့ရဲ့ တီဗွီအပျက်လေးကို ပြင်ဖိုကြိုးစားနေပါတယ်။ အဲဒီအဘိုးကြီးဟာ မိသားစုမရှိတဲ့ တစ်ကိုယ်တည်းလူတစ်ယောက်ဖြစ်ပြီး သူနဲ့ပတ်သက်တဲ့သူကလည်း နှစ်ယောက်သုံးယောက်သာရှိပါတယ်။ သူဟာ အထီးကျန်ပေမဲ့ တီဗွီတစ်လုံးကိုအဖော်ပြုကာ ဘဝကို ပျော်ပျော်နေနေရင်းနဲ့ သူ့ဆီကို ဖုန်းတစ်ခုမှားဝင်လာရာကနေ နောက်ဆက်တွဲအနေနဲ့ မိန်းမလှလေးတစ်ယောက်နဲ့ သူ့ချစ်သူရဲ့ ဘဝထဲကို ချောင်းမြောင်းကြည့်ရှုခွင့်ရသွားပြီး ကသိကအောက်ဖြစ်စရာတွေကြုံလာရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Thriller • Action • Science Fiction
0 2024 85 mins
Beline
To Every You I’ve Loved Before
7.3

IMDb 7.2/10 MyAnimeList 7.4/10 To all of you that I’ve loved before animeဟာ ၂၀၁၆မှာထွက်ရှိခဲ့တဲ့ ဆရာ Yomoji Otono ရဲ့ ဝတ္ထု၂ပုဒ်ကို ပြန်အသက်သွင်းထားတဲ့ anime films၂ကားထဲက တစ်ကားဖြစ်ပါတယ်။ ​(နောက်အမွှာတစ်ကားဖြစ်တဲ့ To me, the one who loved youကိုလည်း တင်ဆက်ပေးထားပါပြီ)။ ဝတ္ထုအ​နေနဲ့တုန်းကလည်း ​အောင်မြင်ခဲ့သလို ကာတွန်းရုပ်ရှင်ထွက်လာချိန်မှာလည်း ကြည့်ရှုသူပရိသတ်​တွေကိုစိတ်​ကျေနပ်မှု​ပေးနိုင်ခဲ့တဲ့ ဇာတ်လမ်း​တွေပါ။ အဲ့ဒီဇာတ်လမ်း၂ခုအပြင် ဆရာYomoji Otonoရဲ့တတ်ယ​မြောက် ဝတ္ထု 僕が君の名前を呼ぶから (Boku ga Kimi no Namae o Yobukara, lit. “Because I’m Calling Your Name”)လည်း ၂၀၀၂ခုနှစ်မှာထွက်ရှိခဲ့ပါ​သေးတယ် ဇာတ်လမ်းက​တော့ အခု​ခေတ်စား​နေတဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းအ​ခြေခံထား​ပေမဲ့ တကယ့်ဇာတ်လမ်းအနှစ်က​တော့ ​ကောင်​လေးတစ်​ယောက်ရဲ့အချစ်ဇာတ်လမ်း​လေးပါ။ အချစ်ဇာတ်လမ်း​လေးကိုလှလှပပ ရယ်​မော​ငို​ကြွေးနိုင်​​အောင်ကိုတင်ဆက်​ပေးသွားနိုင်ခဲ့တာမလို့ ကြည့်​နေရင်းနဲ့ အပြိုင်ကမ္ဘာ​တွေအ​ကြောင်းကိုစိတ်မဝင်စား​တော့ အချစ်ဇာတ်လမ်းထဲမှာ​ မျောပါသွားနိုင်တဲ့အထိပါပဲ။ ဇာတ်လမ်းအကျဥ်းက​တော့ Koyomiဟာ အလယ်တန်း​ကျောင်းသားဘဝမှာပဲ အပြိုင်ကမ္ဘာတစ်ခုကိုshiftလုပ်မိခဲ့ပါတယ်။ အထက်တန်း​ကျောင်းသားဘဝ​ရောက်ချိန်မှာ​တော့ Kazuneဆိုတဲ့​ကောင်မ​လေးတစ်​ယောက်ရဲ့ လူမှားနှုတ်ဆတ်တာကိုခံရပြီး ရိုးရှင်းမလိုထင်ရတဲ့အချစ်ဇာတ်လမ်း​လေးတစ်ပုဒ်ဖြစ်တည်လာခဲ့ပါတယ်။ အချစ်ဇာတ်လမ်း​လေးဟာ ​သာယာ​ဖြောင့်ဖြူးမလား၊ ဝမ်းနည်းရမလားက​တော့ ကြည့်ရှုသူအ​ပေါ်မှာပဲ မူတည်ပါလိမ့်မယ် Spoilerပါးပါး​လေး​ပြောပါမယ်။ နည်းနည်း​လေး​တောင်spoilမမိချင်ရင် ဆက်မဖတ်ပါနှင့်​တော့။ ဒီဇာတ်လမ်းထဲမှာဇာတ်လမ်း၂ခုပါပါတယ်။ အစကတည်းက ဇာတ်လမ်း၂ခုရှိတာကိုချပြထား​ပေမဲ့ ဇာတ်လမ်းဆွဲ​ခေါ်သွားပုံက ငြင်သာလွန်းလို့ ပြီးခါနီးမှပဲ သတိထားမိမှာပါ

7.3 2022 102 mins
To Every You I’ve Loved Before