YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My Wife E08 CM.mp4

273.86 MB N/A video/mp4 37 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Novelist's Film
6.3

~ IMDb - 7/10, Rotten Tomatoes - 100% ~ Directed by Hong Sang-soo ဟုံဆန်ဆူးဟာ မနှစ်ကထွက်တဲ့ ၂ကားကနေ အခုထိ ဒါရိုက်တာတွေ မင်းသမီးတွေ စာရေးဆရာတွေအကြောင်းချည်း ရိုက်လာတာပါ။ ဇာတ်ညွှန်းနဲ့ ဇာတ်လမ်းတင်ဆက်ပုံအရဆို In Front of Your Face က ပိုသာတယ် ထင်ကောင်းထင်ရပေမဲ့ ကျွန်တော်တော့ ဒီသုံးကားထဲ The Novelist's Film ကို အကြွေဆုံးပါပဲ။ In Front of Your Faceထဲက သရုပ်ဆောင်တွေရော၊ Introduction ထဲက သရုပ်ဆောင်တွေရော ပြန်သုံးထားပါတယ်။ ဇာတ်လမ်းကတော့ သူ့နာမည်အတိုင်းပါပဲ စာရေးဆရာရိုက်တဲ့ ရုပ်ရှင်အကြောင်းပေါ့။ နာမည်ကြီးစာရေးဆရာမတစ်ယောက်ရှိတယ်။ သူစာမရေးနိုင်တာ နည်းနည်းကြာပြီ။ သူစာမရေးနိုင်တဲ့ သဘောက သူက ပုံမှန်ဆို ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကို တစ်ခုခုခံစားရအောင် ရေးနိုင်စွမ်းရှိတဲ့ သူမျိုးပေါ့။ အရင်ကတော့ ဒီလိုရေးနိုင်တာက သူ့အတွက် ပါရမီလိုလို ဘာလိုလို သူခံစားခဲ့ရတယ်။ ကြာတော့ သူ့ဘာသာ ဒါကြီးက ဟန်များပြီး မရိုးသားဘူးလို့ မြင်လာရော။ စာရေးဆရာရဲ့ အလုပ်က စာဆက်ရေးနေဖို့ပဲလေ။ ဒီတော့ သူဆက်ရေးတယ်။ မကြိုက်ဘူး။ ဖြဲပစ်တယ်။ ဒီလိုနဲ့လည်နေတာပဲ။ ဒီလိုနဲ့စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်ကြိုက်တဲ့၊ ကားမရိုက်တာကြာပြီဖြစ်တဲ့ မင်းသမီးနဲ့တွေ့တယ်။ ဂင်မင်ဟီးပေါ့။ သူနဲ့တွေ့တဲ့အခန်းမှာ ဂင်မင်ဟီး အပြင်ဘဝနဲ့ ခပ်ဆင်ဆင်စကားတွေသုံးပြီး ဂင်မင်ဟီး ကားသိပ်မရိုက်ရတဲ့ အကြောင်းရင်းကိုတောင် ရှင်းသွားတယ်။ ပြီးကျ စာရေးဆရာမက သူစာရေးမရလို့ ဇာတ်ကားတစ်ကားရိုက်ကြည့်ချင်တဲ့အကြောင်း ဂင်မင်ဟီးကိုပြောပြီး အတူတူရိုက်ကြတယ်။ စာကျတော့ ရေးလို့မရဘူး။ ရုပ်ရှင်ကိုကျ ဇာတ်ညွှန်းပါရေးပြီး ရိုက်ဖို့လုပ်တာက နည်းနည်းတော့ မဆီလျော်ဘူးထင်စရာပဲ။ ဒါကိုလည်း သူက သူရိုက်ချင်တဲ့ ပုံစံကိုပြောပြပြီး ပြန်ရှင်းသွားတယ်။ သူ့ရုပ်ရှင်ရိုက်နည်းက ဇာတ်ညွှန်းမရှိတာလည်း မဟုတ်ဘူး။ ရှိတယ်။ ဒါပေမဲ့ သူတည်ဆောက်ထားတဲ့ ဇာတ်ညွှန်းထဲ သူ့အလိုလို ဆင့်ပွားဖြစ်လာတဲ့အရာတွေကိုလည်း ဇာတ်ညွှန်းအတိုင်းကိုက်အောင် ပိတ်ဆို့ပစ်တာမျိုးမရှိတဲ့ပုံစံမျိုးပေါ့။ စာရေးတာမှာလည်း ဒီလိုမျိုး ခပ်ဆင်ဆင်တော့ရှိပေမဲ့ ရုပ်ရှင်မှာလောက်တော့ မလွတ်လပ်ဘူးပေါ့။ စာရေးတာမှာက ကိုယ့်ဇာတ်ကောင်တွေကို ကိုယ်မထိန်းနိုင်တော့တာမျိုး သူ့ဘာသာ အသက်ဝင်လာတာမျိုးပေါ့။ မင်းလူတော့ အမှာစာတစ်ခုမှာ ဒီလိုဖြစ်ဖူးတယ်လို့ ရေးထားတာပဲ။ ခပ်ဆင်ဆင်ပြောရရင် ဇာတ်ညွှန်းက ပန်းပွင့်တစ်ပွင့်ပွင့်တာကို ရိုက်မယ်ထား။ ဒါရိုက်တာက ပန်းပွင့်လာတာကို ထိုင်ရိုက်တယ်ထား။ သူရိုက်နေတုန်း ပွင့်ပွင့်ချင်း ပန်းကတစ်လွှာ အလိုလိုကြွေသွားတယ်ထား။ ဒါရိုက်တာက သူ့ဇာတ်ညွှန်းအရ ပွင့်တဲ့အထိပဲဖြစ်ရမယ်ဆိုပြီး တစ်လွှာကြွေတာကို ကန့်သတ်ပြီး ဖယ်မပစ်တဲ့ပုံစံမျိုး ရိုက်တယ်ပေါ့။ ဒီရုပ်ရှင်ဟာ စာရေးသားခြင်းမှာ သူမရတဲ့ လွတ်လပ်ခြင်းမျိုးကို စာရေးဆရာမက ရုပ်ရှင်ရိုက်ပြီး ပြန်ရှာတဲ့ အကြောင်းပါပဲ။ ဟုံဆန်ဆူးဟာ သူပြချင်တဲ့ပွိုင့်ကို တော်တော်လှလှပပကို ပြသွားပါတယ်။ မနှစ်ကအကောင်းဆုံးကားတွေထဲ ဟုံဆန်ဆူးရဲ့ In Front of Your Face ကို ထည့်ခဲ့ရသလို ဒီနှစ်လည်း ဟုံဆန်ဆူးရဲ့ The Novelist's Film ကို ဒီနှစ်ရဲ့အကောင်းဆုံးကားတွေ စာရင်းထဲ ထည့်ရဦးမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.73GB, 1.13GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 1H 32Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
6.3 2022 92 mins
The Novelist's Film
A Dog's Purpose
7.6

ဘေလီ လို့ခေါ်တဲ့ ရွှေဝါရောင် အမဲလိုက်ခွေး အမျိုးအစားလေး က သူ့ကို တကယ်ချစ်ပြီး ကြင်နာပေးတဲ့ အီသန် နဲ့ ဟန်နာ တို့ရဲ့အချစ်တော်ခွေးလေးပေါ့ အီသန် က ဘေလီ ကို Rugby ဘောလုံးလေးနဲ့ကစားနည်းလေးတွေ သင်ပေးခဲ့တယ် တစ်နေ့မှာတော့ အကြောင်းကြောင်းကြောင့် အီသန် နဲ့ ဟန်နာ တို့ လမ်းခွဲ ခဲ့ကြတယ် နောက်ပိုင်း အီသန် ပညာသင်ဖို့ထွက်ခွာသွားခဲ့တဲ့အချိန်မှာတော့ ဘေလီ လေးလည်း သခင်ကို လွမ်းတဲ့စိတ်နဲ့ နေမကောင်းဖြစ်ပြီး ဆရာဝန်တွေက သူ့အတွက် အကောင်းဆုံး ဖြစ်အောင် လုပ်ပေးခဲ့ကြတယ် ဒီလိုနဲ့ ဘေလီဟာ နောက်ဘဝတစ်ခုမှာတော့ ရဲတပ်သား ခွေးလေးဘဝကို ပိုင်ဆိုင်ခဲ့ပြီး သူတတ်စွမ်းသလောက် အခြားလူတွေ နဲ့သူ့ရဲ့သခင်အသစ်ကို ကူညီပေးခဲ့တယ် ဒါပေမဲ့လည်း ဘေလီ ကတော့ အီသန် ကို မေ့လို့မရနိုင်ခဲ့ပါဘူး နောက်ဆုံး ဘဝတစ်ခုမှာတော့ သူတကယ် အကျပ်အတည်းနဲ့ရုန်းကန်ခဲ့ရပါတယ် သူ့ကိုမချစ်တဲ့ သူ့သခင်တစ်ယောက်က စွန့်ပစ်ခဲ့တဲ့ အချိန်မှာတော့ အိမ်မပြန်တော့ပဲ ခြေဦးတည့်ရာထွက်လာရင်း အရင်ဘ၀ သူနဲ့ရင်းနှီးတဲ့ နေရာတစ်ခုကို ပြန်ရောက်လာခဲ့တယ် ဒီအချိန်မှာတော့ သူဟာ အီသန် ကို ရှာတွေ့နိုင်ခဲ့ပါပြီ အီသန် ကတော့ သူ့ကို မသိခဲ့ပါဘူး ဘေလီလေး တစ်ယောက် အထီးကျန်နေတဲ့ အီသန်ကို ဘယ်လိုကူညီမလဲ သူက ဘေလီ ပါဆိုတာကို အီသန် သိအောင် ဘယ်လို ကြိုးစားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး ခင်ဗျာ ဘဝများစွာ ဖြတ်သန်းခဲ့ရပေမဲ့ သခင်ကို ချစ်တဲ့စိတ် သခင်အပေါ်သံယောဇဉ်ကြီးတတ်တဲ့ ခွေးလေးတွေ ရဲ့အကြောင်းကို ရိုက်ကူးထားတာတဲ့ ဇာတ်လမ်းလေးဖြစ်တာကြောင့် CM ပရိသတ်တွေထဲကမှ တရိစ္ဆာန်ချစ်သူလေးတွေ သဘောကျ နှစ်သက်ကြလိမ့်မယ် ထင်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ Carey Nyein ပဲဖြစ်ပါတယ်) File Size : 850 MB /300 MB Quality :  Bluray 720P Running Time : 1hr 40minutes Format : Mp4 Genre :    Action, Comedy,Drama Encoder : Thanhtike Zaw

Action & Adventure • Animation • Sci-Fi & Fantasy
7.6 2017 100 mins
A Dog's Purpose
[18+] Redemption

*********************** ညိုကီတို့ သမားရိုးကျ 18+ ဇာတ်ကားတွေကို ကြည့်ရတာရိုးနေပြီဆိုရင်တော့ ဒီကားလေး စမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ် ဒီထဲမှာတော့ စိတ်ကူးလိုက်တိုင်း တကယ်ဖြစ်သလိုခံစားရစေမဲ့ စွမ်းအားတွေရယ် စိတ်မှန်းနဲ့တင် ကိုယ်မှန်းတဲ့လူရဲ့အနားကို ဝိညာဉ်လွှင့်သွားနိုင်တဲ့ အစွမ်းတွေရယ်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဇာတ်အိမ်တည်ပြီးမှ ရိုက်ပြထားတဲ့ ဇာတ်ဆန်းဆန်းလေးပေါ့လေ အဲလိုအစွမ်းတွေကို ညိုကီတို့ရလာရင်ရော ဘယ်နေရာမှာအသုံးချဖြစ်လောက်လဲဆိုတာကို ရှေ့ပြေးရိုက်ပြထားတဲ့ကားလေးလို့လည်း ပြောရမယ်ထင်ပါတယ် ခံစားကြည့်ကြပါဦးဗျ File size…2GB& 828MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2020
[18+] Redemption
The Roommate

ကိုယ့်ကို အရမ်းရင်းနှီးပြီး အရမ်းတွယ်ကပ်နေတဲ့သူမျိုးကို တွေ့ဖူးလား ဒီဇာတ်ကားလေးမှာတော့ ဆာရာဆိုတဲ့ ကောင်မလေးနဲ့ သူ့ကို အရမ်းတွယ်ကပ်နေတဲ့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးအကြောင်းကို ကြည့်ရှုရမှာဖြစ်ပါတယ် ဆာရာကတော့ အခုမှ ကောလိပ်စတက်မယ့် ကောင်မလေးတစ်ယောက်ပါ သူနဲ့ တစ်ခန်းထဲမှာ တူတူနေရတာကတော့ ရေဘတ်ကာဆိုတဲ့ ကောင်မလေးတစ်ယောက်ပေါ့ ရေဘတ်ကာဟာ အရမ်းချမ်းသာတဲ့ မိသားစုက လာခဲ့တာဖြစ်ပြီး သူနဲ့ပတ်သတ်လို့ တစ်ခုခု ထူးဆန်းနေခဲ့ပါတယ် တကယ်တော့ ရေဘတ်ကာဟာ စိတ်ရောဂါရှင်တစ်ယောက်ဖြစ်ပြီး သူဟာ သဘောကျတဲ့လူတစ်ယောက်ကို အရမ်းတွယ်ကပ်တတ်တာပါပဲ သူသဘောကျတာ ခံရတဲ့ ဆာရာတစ်ယောက်ကတော့ Guardian Devil တစ်ယောက်ရထားသလိုပါဖြစ်‌‌နေပါတော့တယ် ရေဘတ်ကာဟာ ဆာရာအတွက်ဆိုရင် လိုတာတွေရော မလိုတာတွေရော အကုန်လုပ်တဲ့အထိကို တွယ်ကပ်နေတာပါ ဆိုက်ကို တစ်ယောက်နဲ့ တစ်ခန်းတည်းနေရဲ့ ဆာရာတစ်ယောက် ဘာဆက်လုပ်မှာလဲ ရေဘတ်ကာကရော ဆာရာနဲ့ တူတူရှိနေဖို့ ဘာတွေများလုပ်မှာလဲ ဆိုတာကိုတော့ ကြည့်ရှူပေးကြပါဦးဗျာ File size…(1.3 GB)/(642 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Thriller, Drama, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban

Thriller • Horror • Comedy
0 2011
The Roommate
Underworld
7

Underworld(2003) ***************** Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည် ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်….. လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့ စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်… ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်… underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်.. File size… 4.07GB& 1.07GB Quality… Blu-Ray1080p,720p Format…mp4 Duration….2hr 01min Genre ….. Action, Fantasy, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae

7 2003 122 mins
Underworld
Apocalypto
7.8

Apocalypto (2006) IMDb Rating (7.8 ) / Rotten Tomatoes (65%) လူ့သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခမ်းနားဆုံးဆိုတဲ့ ယဉ်ကျေးမှုတွေ၊ အဆောက်အဦတွေ ဖန်တီးနိုင်ခဲ့တဲ့ မာယာလူမျိုးတွေ ဘာကြောင့် မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ…. မာယာလူမျိုးတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုလက်ရာတွေနဲ့ ကမ္ဘာကို အလှဆင်နိုင်ခဲ့ကြတယ်။ စာပေ အရေးအသားတွေဖန်တီးခဲ့ကြတယ်။ ပြက္ခဒိန်ကိုတောင် တီထွင်နိုင်ခဲ့ကြတယ်။ ဒီလို ယဉ်ကျေးမှုအဆင့်အတန်းမြင့်ခဲ့တဲ့လူမျိုးရဲ့ သမိုင်းကြောင်းကို ဂုဏ်ယူပြီး ပြန်ပြောနိုင်တဲ့သူ မရှိတော့လောက်အောင်ကို ဘာကြောင့်မျိုးသုဉ်းပျောက်ကွယ် သွားခဲ့တာလဲ။ ပညာရှင်တွေ တညီတညွတ်ထဲ လက်ခံထားကြတာကတော့ မာယာလူမျိုးတွေ မျိုးသုဉ်းပျောက်ကွယ်သွားရတဲ့ အဓိကအချက်က စစ်ပွဲတွေကြောင့်တဲ့။ မာယာလူမျိုးတွေက သူတို့သွေးတူ မျိုးကွဲ ညီအစ်ကိုတွေနဲ့ တစ်နှစ်ပတ်လုံး စစ်တိုက်နေကြလို့ မျိုးသုဉ်းပျောက်ကွယ်သွားကြရတာလို့ ဆိုကြပါတယ်။ ဒီအကြောင်းနဲ့ပက်သက်ပြီး အကောင်းဆုံးညွှန်းဆိုပြရမယ့် ရုပ်ရှင်ဆိုရင်တော့ Mel Gibson ရဲ့ Apocalypto (2006) ရုပ်ရှင်ဇာတ်ကားကြီးပါပဲ။ 2006 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီကားကို မကြည့်ဖူးသူ မရှိသလောက်ပါပဲ။ ဒီကားဟာ ငယ်ငယ်က အသည်းစွဲကား ဖြစ်ပြီးတော့ အခုချိန်ထိကြည့်လည်း မရိုးသေးတဲ့ ဇာတ်ကားပါ။ Mel Gibson ရဲ့အကောင်းဆုံးကားတွေထဲက တစ်ခုလို့ ပြောလို့ရပါတယ်။ ဒါရိုက်တာ Mel Gibson ဟာ မာယာ Maya ခေတ် က လူမျိုးတွေအကြောင်းကို ရိုက်ချင်တဲ့အတွက် မာယာဘာသာစကားတွေကို လေ့လာသင်ယူခဲ့ရပါတယ်။ ဒီရုပ်ရှင်တစ်ခုလုံးက Maya ဘာသာစကားတွေနဲ့ပဲ ပြောထားတာပါ။ ရုပ်ရှင်သရုပ်ဆောင် တော်တော်များများကိုလည်း မာယာဘာသာစကားကို သင်ယူစေခဲ့ပြီးမှ ရိုက်ကူးစေခဲ့ပါသတဲ့။ ဒီရုပ်ရှင်ရိုက်ကူးဖို့ ပထမတော့ Costa Rica ဗင်နီဇွဲလား နိုင်ငံတွေမှာ သွားရိုက်ဖို့ စိတ်ကူးပေမယ့် တောနက်တာကြောင့် မက္ကစီကိုမှာသာ ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်အတွက် တစ်ခါမှ သရုပ်မဆောင်ဖူးသေးတဲ့ လူသစ်တွေတွေကိုသာ ထည့်သုံးပြီး ရိုက်ခဲ့ပါတယ်။ Main Cast တော်တော်များများဟာ မက္ကဆီကန် မျိုးနွယ်စပ်တွေ အများစုဖြစ်ကြပါတယ်။ Jaguar Paw နေရာမှာ သရုပ်ဆောင်တဲ့ Rudy Youngblood ဟာ အမေရိကန်ဌာနေတိုင်းရင်းသား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ မိတ်ကပ်ပညာရှင်အများအပြားခေါ်သုံးခဲ့ရပြီး scene တစ်ခုရိုက်ဖို့ မိတ်ကပ်အတွက် ၆ နာရီလောက် အချိန်ယူပြင်ခဲ့ရပါသတဲ့။ Make up အတွက် Oscar စာရင်းဝင်ခဲ့ပါသေးတယ်။ ဒါရိုက်တာ Mel Gibson ဟာ ဒီကားအတွက် Maya ခေတ် မာယာထုံးတမ်းစဉ်ယဉ်ကျေုးမှုတွေ သိတဲ့ ပါမောက္ခတစ်ယောက်ကို ငှားရမ်းအသုံးပြုခဲ့ရပါတယ်။ ဒါရိုက်တာ Mel Gibson နဲ့ Farhad Safinia ကဇာတ်ညွန်းရေးပြီး ရိုက်ခဲ့တာပါ။ ဘတ်ဂျက် သန်း ၄၀ သာကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၂၀ ပြန်ရခဲ့တဲ့ထိ အောင်မြင်ခဲ့ပြီး ရုပ်ရှင်ဝေဖန်သမားတွေရဲ့ ချီးကျူးမှုလည်း ရရှိခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…. အခါတစ်ပါး မာယာနိုင်ငံတော်ကြီးမှာ သဘာဝလွန် သဘောတရားတွေကြီးစိုးနေတာကြောင့် နတ်ဆရာလို နေဆရာလို ဆရာကြီးဆိုသူတွေက မိုးခေါင်တိုင်း အသီးအနှံမဖြစ်တိုင်း အားတိုင်းယားတိုင်း မမြင်ရတဲ့မိုးနတ်မင်းကို ပူဇော်ပသတယ်ဆိုပြီး မျိုးနွယ်တူ အားနည်းသူ တောထဲကမျိုးနွယ်စုတွေကိုဖမ်းခေါ်ပြီး အရှင်လတ်လတ် နှလုံးထုတ် ခေါင်းဖြတ်ခြင်းအလုပ်ကို စိတ်တိုင်းကျလုပ်နေပါတော့တယ်။ ဒီလိုနဲ့ ဖမ်းလာတဲ့ အထဲကမှ Jaguar Paw ကတော့ ဇာတ်လမ်းအရ နတ်ဘုရားတွေရဲ့ မျက်နှာသာပေးခြင်းကိုခံရပြီး ယစ်ပူဇော်ခံရခါနီးမှာ မိုးအုံ့လာလို့ ကံကောင်းပြီး ယစ်စင်ပေါ်ကနေပြန်ဆင်းလာရပါတယ်။ ဒါပေမယ့် လူသတ်ရတာကို ထမင်းစားရေသောက်လိုဖြစ်နေတဲ့ အရိုင်းအစိုင်းခေတ်ကြီးမှာ သူတို့ကို ဒီတိုင်းပြန်လွှတ်ပါ့မလား…. ရေတွင်းထဲမှာ ကိုယ်ဝန်ကြီးနဲ့ပုန်းကျန်ခဲ့တဲ့ သူ့မိန်းမနဲ့ကလေးကရော မိုးတွင်းကြီးမှာ လွတ်မြောက်နိုင်ပါ့မလား… အားလုံးကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင်မှ အယူမှားတွေနဲ့ပြည့်နှက်နေပြီး တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်စောင်နေကြတဲ့ သူတို့ဘဝတွေက ဘယ်လောက်ထိရှင်သန်နိုင်ပါ့မလဲဆိုတာ…။ (ရုပ်ရှင်က R-Rated သတ်မှတ်ထားပြီး အသတ်အဖြတ်တွေက ကြမ်းတာကိုတော့ သတိပြုရပါမယ်။) ရုပ်ရှင်အညွှန်းအတွက် အင်တာနက်စာမျက်နှာပေါ်က အချက်အလက်တချို့ကို ကူးယူဖော်ပြထားပါသည်။

7.8 2006
Apocalypto
The Man with the Answers
6.8

The Man with the Answers ( 2021 ) ဒီရုပ်ရှင်က Cyprus နဲ့ Greece နဲ့ Italy သုံးနိုင်ငံ ပူးတွဲထုတ်ထားတဲ့ ရုပ်ရှင်။ ဇာတ်ကတော့ အဘွားနဲ့အတူတူနေနေတဲ့ လူငယ်လေးတစ်ယောက် အဘွားဆုံးသွားပြီးနောက်ပိုင်း သူ့အမေရှိတဲ့ ဂျာမနီကို ခရီးထွက်တဲ့အကြောင်းပေါ့။ နောက်အိမ်ထောင်ပြုပြီး တစ်နိုင်ငံခြားဆီမှာ အိမ်ထောင်ကျနေတဲ့အမေဆီကို မေးခွန်းတွေအပြည့်နဲ့ ထွက်လာခဲ့တဲ့ ခရီးတစ်ခုအကြောင်းပဲ။ သူ့ခရီးဟာ ပင်လယ်တွေ တောတန်းတွေ လမ်းသွယ်တွေနဲ့ လှပနေခဲ့သလို သူ့ရင်ဘတ်ထဲမှာလည်း မရေရာခြင်းတွေ နာကြဉ်းခြင်းတွေ မကျေနပ်ခြင်းတွေ ပြည့်နေခဲ့တယ်။ သိပ်လှတဲ့ ခရီးတစ်ခုကို သူထွက်လာပေမဲ့ အဲဒီအလှတွေကို သူမမြင်နိုင်အောင်ဖြစ်နေခဲ့တယ်။ ဒီလိုနဲ့ လမ်းမှာ အကြောင်းတရား ရေရေရာရာမရှိဘဲ ခရီးထွက်နေတဲ့လူတစ်ယောက်နဲ့ သူတွေ့ခဲ့တယ်။ သူတို့သူငယ်ချင်းဖြစ်လာကြတယ်။ သူ့သူငယ်ချင်းက သူ့ကို ဒီခရီးအရဲ့အရသာကို အပြည့်အဝခံစားနိုင်အောင် ကူညီပေးခဲ့တယ်။ သူ့ရင်ထဲက ပဟေဠိတွေရဲ့အဖြေကိုတော့ ကူထုတ်ပေးနိုင်လား ဒီခရီးက အဆုံးသတ်ကောင်းမှာလားဆိုတာကိုတော့ ကျွန်တော်တို့ ကိုယ်တိုင်ပဲ ဆက်ကြည့်ရလိမ့်မယ်။ ဒီရုပ်ရှင်ဟာ မေးခွန်းတွေနဲ့ လူတစ်ယောက်အကြောင်းပေမဲ့။ ရုပ်ရှင်နာမည်ကတော့ အဖြေတွေနဲ့ လူတစ်ယောက်အကြောင်း ဖြစ်နေခဲ့တယ်။ သူ့သူငယ်ချင်းပြောသလို ကမ္ဘာကြီးက ရိုးရှင်းတဲ့အဖြေတွေနဲ့ ဖြေမရအောင် ရှုပ်ထွေးလွန်းနေတယ်ဆိုတော့ ဒီဟာတွေရဲ့ အဖြေကိုသူတွေ့မတွေ့ မရေရာနိုင်ဘူး။ ရေရာတာကတော့ ဒီရုပ်ရှင်ဟာ လူနှစ်ယောက်နဲ့ ခရီးတစ်ခုကို သေချာလေးသက်ဝင်ခံစားနိုင်အောင်ပြထားတဲ့ ခရီးတစ်ခုအကြောင်း အလှပဆုံးရုပ်ရှင်တစ်ကားဆိုတာပါပဲ။ စိတ်ဟာ မငြိမ်းနိုင်တဲ့အခါ ကြည့်လိုက်သင့်တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်) Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 1.3GB | 671MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

6.8 2021
The Man with the Answers
Our Lady of the Assassins
6.8

‘Our Lady Of The Assassins’ ဆိုတဲ့ ဇာတ်ကားလေးက အသက်(၅၀)ဝန်းကျင်အရွယ်ရှိပြီဖြစ်တဲ့စာရေးဆရာ ဖာနန်ဒိုတစ်ယောက် သူ့မွေးရပ်ဇာတိဖြစ်တဲ့ မယ်ဒဲလ်ရင်မြို့ကို ပြန်ရောက်လာရာကနေဇာတ်အိမ်တည်ထားတဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ လိင်တူချစ်သူဖြစ်တဲ့ ဖာနန်ဒိုဟာ သူ့သူငယ်ချင်းရဲ့ အမျိုးသားဆောင်ကြာမြိုင်မှာ ဆယ်ကျော်သက်အရွယ် အဲလက်စ်ဆိုတဲ့ ကောင်လေးနဲ့ တွေ့ဆုံခဲ့ရာကနေ သူ့ငယ်ဘဝမြို့ရဲ့ ပြောင်းလဲမှုတွေကို ကြုံတွေ့ရပါတော့တယ်။ ရာသီဥတုသာယာပြီးတော့ အလည်အပတ်သွားလို့ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့မယ်ဒဲလ်ရင်မြို့ကလေးရဲ့ အမှောင်ဖက်ခြမ်းလို့ဆိုရမယ့် ခိုးဆိုးလုယက်မှုတွေနဲ့ လူတွေရဲ့ အမှောင်ဖက်ခြမ်းကိုပါ ဇာတ်ကောင်တွေကနေတဆင့်ပြောပြသွားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖာနန်ဒိုဟာ အဲလက်စ်ကို မြို့တလျှောက်အလည်အပတ်သွားဖို့ အဖော်အဖြစ်ခေါ်ခဲ့တာ ဖြစ်ပေမယ့်လည်းနှစ်ယောက်ကြားက သံယောဇဉ်တွေဟာ မယ်ဒဲလ်ရင်မြို့ရဲ့ ပြောင်းလဲမှုလိုမျိုးပဲ တဖြည်းဖြည်းပြောင်းလဲလာခဲ့ပါတော့တယ်။ ဒီဇာတ်ကားထဲမှာ အသက်အရွယ်ကွာခြားလွန်းတဲ့ ဖာနန်ဒိုနဲ့ အဲလက်စ်တို့နှစ်ဦးကြားက တွယ်တာမှု သံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာတွေကိုပါ ခံစားမိပြီးတော့ထူးဆန်းတဲ့ လူ့သဘောသဘာဝကိုလည်း အေးအေးလူလူ ကြည့်ရှုနိုင်ခံစားနိုင်မယ်။ ဒီဇာတ်ကားဟာမှုခင်းရေးရာနဲ့ ချစ်ခြင်းမေတ္တာတို့ကို အဓိကဖော်ပြထားတဲ့ (၂၀၀၀)ခုနစ်ထွက် စပိန်ဘာသာစကားပြော ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ ကိုလံဘီယာစာရေးဆရာ Fernando Vallejo ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိငယ် ဝတ္ထုတစ်ပုဒ်ကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဖာနန်ဒိုနဲ့ အဲလက်စ်တို့ရဲ့ ချစ်ခြင်းမေတ္တာကကော သူတို့နှစ်ဦးတွေးထားသလိုမျိုး လွယ်ကူခရီးပေါက်နေမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကိုကြည့်ပြီး ခံစားသုံးသပ်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ File size… 2.2 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Crime/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Doros

History • Drama • War
6.8 2000
Our Lady of the Assassins
Darling
7.6

Darling 2024 (ဒါလင်) စာလုပ်ရမှာပျင်းတဲ့ ရာဂါ့ဗ်ဆိုတဲ့ကောင်လေးကို စာကြိုးစားလို့ အလုပ်ကောင်းကောင်းရရင် မိန်းမကောင်းကောင်းရမယ်လို့ အမေဖြစ်သူရဲ့ ပြောကြားချက်အရ စာကို ကြိုးကြိုးစားစားလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့ အစ်ကိုဖြစ်သူ မင်္ဂလာဆောင်ပြီးလို့ ဟန်းနီးမွန်းအနေနဲ့ ပဲရစ်နိုင်ငံကိုသွားတဲ့အခါမှာတော့ ရာဂါ့ဗ်ဟာ စာကိုကြိုးစားလုပ်, အလုပ်ကောင်းကောင်းရအောင်လုပ်ပြီး မိန်းမကောင်းလေးနဲ့ လက်ထပ်ပြီးနောက် ပဲရစ်ကို ဟန်းနီးမွန်းထွက်မယ်ဆိုတဲ့ ရည်မှန်းချက်ကို ထားခဲ့ပါတော့တယ်။ ဒီလိုနဲ့ သူ့ရည်မှန်းချက်အတိုင်း စာကြိုးစားလို့ အလုပ်နေရာကောင်းကောင်းရပြီး ပိုက်ဆံလည်း အတော်အတန်စုမိပေမယ့် ဘေးနားမှာ လက်တွဲဖော်ကောင်းကတော့ ရှိမနေသေးတဲ့အတွက် မိန်းမရှာပုံတော်ဖွင့်ပါတော့တယ်။ စိတ်ပါလက်ပါ ကြိုးစားပမ်းစားနဲ့ ရှာပုံတော်ဖွင့်ရင်းနဲ့ ကံကောင်းထောက်မစွာနဲ့ ပဲရစ်နိုင်ငံရဲ့ တော်ဝင်မိသားစုက သမီးဖြစ်သူနဲ့ ဖူးစာစုံသွားပါတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ကျပြီးတော့မှ မိန်းမဖြစ်သူရဲ့ လျှို့ဝှက်ချက်တွေကို သိလာရတဲ့အခါမှာ ……. မိန်းမဖြစ်သူနဲ့ ရာဂါ့ဗ်တစ်ယောက် ဘယ်လိုတွေ ရှေ့ဆက်နှပါးသွားမလဲဆိုတာကို ကြည့်ရှုရမယ့် ရိုမန့်တစ်ဟာသ တေလ်ဂူဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.6 2024 142 mins
Darling
Drumline: A New Beat
5

IMDB: 5 Rotten Tomatoes: 37% Genre: Comedy/Drama Drumline: A New Beat (2014) ကတော့ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ပျော်ရှုပျော်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ စိတ်လက်ပေါ့ပေါ့ပါးပါးနဲဲ့ည့်လို့ရမယ့် ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်း ဒါနီဆိုတာ လောလောလတ်လတ်အထက်တန်းပြီးလာတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့ကောလိပ်တက်မယ်ဆိုတော့ အိမ်ကနာမည်ကြီးကျောင်းတက်စေချင်တယ်။ သူ(မ) ကတော့ သူ(မ) ရဲ့ အိမ်မက်ဖြစ်တဲ့ ကျောင်းတီးဝိုင်းမှာ ဒရမ်သမ တစ်ယောက်ဖြစ်အောင် “A&T” မှာလာတက်ပါတယ်။ သူ(မ) ဟာအဲလိုမျိုးမိဘတွေရဲ့ ဆန္ဒကို ဆန့်ကျင်ပြီးထွက်ခွာလာခဲ့တာကြောင့် သူ့သမီးလေးအတွက် ဘာမှမထောက်ပံ့တော့ပဲ ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ရပါတော့တယ်။ တစ်ယောက်တည်းလည်းနေရ၊ ကျောင်းမှာလည်းအဆင်မပြေတဲ့လူတွေရှိလာတဲ့အခါ ဒါနီတစ်ယောက်ဘယ်လိုဖြတ်သန်းမှာလဲ။ File Size : 2.3 GB, 1.3 GB Quality : WEB-DL 1080p / 720p Running Time : 1hr 41min Format : Mp4 Genre : Comedy, Drama, Music Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

5 2014
Drumline: A New Beat
Tigerland
6.9

Tigerland (2000) IMDb Rating (6.9) / Rotten Tomatoes (77%) 1 November 1955 ကနေ 30 April 1975 အထိဖြစ်ပွားခဲ့တဲ့နာမည်ကျော် ဗီယက်နမ်စစ်ပွဲအတွင်းမှာတော့ အပြစ်မဲ့ပြည်သူတွေသာမက လူပေါင်းများစွာသေကြေပျက်စီးခဲ့ရပါတယ်။ သို့သော်လည်း ဘယ်လောက်ပဲ ဘယ်လိုပဲ လူတွေသေစေကာမူ အထက်ဖိအောက်ဖားဆိုသလိုပဲ နှစ်ဦးနှစ်ဖက်စလုံးက စစ်သားတွေကတော့လုပ်စရာရှိတာတွေ လေ့ကျင့်စရာရှိတာတွေကို အပြန်အလှန်တိုက်ခိုက်ဖို့ ရန်သူကိုချေမှုန်းဖို့ နိုင်ငံကိုကာကွယ်ဖို့အတွက် စတဲ့စတဲ့ ဆင်ခြေဆင်လက်တွေနဲ့ ပင်ပန်းဆင်းရဲစွာ ရှိခဲ့ကြပါတယ်။ ထိုအထဲမှပဲ အမေရိကန်ဘက်ကလည်း တစ်ဖက်ကိုစစ်ရှုံးနေတဲ့အတွက် တပ်ရင်းအသီးသီး တပ်မအသီးသီးက စစ်သားတွေကို အားရပါးရဖိပါတော့တယ်။ တစ်ချို့ကလည်း ပင်ပန်းလို့ထွက်ချင်ကြ တစ်ချို့ကလည်း စစ်သားအချင်းချင်းနောက်ကြ မတည့်ကြနဲ့ဘဲ အမျိုးမျိုးအထွေထွေ ပရပွက်တွေကိုဂယက်တွေထနေကြပါတယ်။ အဓိကဇာတ်ကောင်ဖြစ်သူ တပ်သား Roland Bozzဆိုသူကလည်း တကယ့်လက်ပေါက်ကပ်ပြီး ပြောရဆိုရခက်တဲ့ လူရှုပ် လူဂွစာတစ်ယောက်ပါ။ သူနဲ့ သူ့ဘော်ဒါ Jim Paxtonတို့ စစ်ပွဲအတွက် အတူတူလေ့ကျင့်ရေးဆင်းကြနဲ့ တစ်တွဲတွဲတစ်လာလာလုပ်ကြနဲ့ပဲ နောက်ဆုံးပိတ်လေ့ကျင့်ရင်းဖြစ်တဲ့ Tigerlandဘက်ကို အတူတူဆင်းကြရဖို့ဖြစ်လာပါတယ်။ Tigerlandဆိုတာကတော့ ဗီယက်နမ်စစ်ပွဲရောက်ရင် တွေ့ကြုံရမယ့် အရာတွေကို တစ်ပုံစံတည်းတူအောင် ဆောက်လုပ်ထားပေးတဲ့ရွာတစ်ရွာဖြစ်ပြီး အဲ့ဒီမှာတော့စစ်သားတွေဟာအိပ်ချိန်တစ်နာရီသာအိပ်ခွင့်ရပြီး အသေအကြေ လေ့ကျင့်ရေးဆင်းရတဲ့နေရာပါ။ Bozz နဲ့ Paxtonတို့ရဲ့ Bromance , Bozzရဲ့ဗရုတ်ကျပုံတွေ , စစ်တပ်ထဲက အချင်းချင်မတည့်မြတ်မှုတွေ , အထက်ကနေ အောက် / ဘော်ဒါအချင်းချင်းစကားပြောတဲ့အခါမှာ ဆဲဆိုတာတွေမွှန်နေအောင် ပြောကြ ကြိတ်ကြတာတွေ / စစ်ရဲ့အကျိုးသက်ရောက်မှုတွေ စတဲ့ရသစုံကို ခံစားနိုင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(2.5 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, War Duration….01:42:11 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Myat Noe Ya Mone

Animation • Fantasy • Mystery
6.9 2000 101 mins
Tigerland
Chori Chori Chupke Chupke
5.5

Chori Chori Chupke Chupke 2001 (ချစ်ခြင်းလှည့်ကွက်) CMကနေပြီးတော့ Bollywood ပရိသတ်ကြီးအတွက် အဟောင်းထဲကနေ ကောင်းနေဆဲဖြစ်တဲ့ ဆာလ်မန်ခန် နဲ့ ရာနီမူကာဂျီတို့ရဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရာ့ဂျ်နဲ့ ပရီယာတို့ဟာ လက်ထပ်ထားခါစ ဇနီးမောင်နှံအသစ်စက်စက်လေးပေါ့။ အိမ်ထောင်ရေးအဆင်ပြေခဲ့ပြီး ပရီယာတစ်ယောက် ကိုယ်ဝန်ရခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကလေးဟာ ပျက်ကျခဲ့ပြီး ပရီယာတစ်ယောက် ထပ်မံ ကိုယ်ဝန်ဆောင်ဖို့အတွက် မဖြစ်နိုင်တော့ဘူးဖြစ်သွားခဲ့ရပါတယ်။ ဒီလိုနဲ့ မျိုးဆက်လိုချင်တဲ့ ရာ့ဂျ်တို့ဟာ ကလေးလိုချင်လွန်းလှတဲ့အတွက် အငှားကိုယ်ဝန်ဆောင်နဲ့မွေးဖို့အတွက် လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ပြည့်တန်ဆာတစ်ယောက်ဖြစ်တဲ့ မာဒူဘာလာနဲ့ ချိတ်ဆက်မိရင်း ရာ့ဂျ်နဲ့ ပရီယာတို့ရဲ့ ရင်သွေးလေးကို မာဒူဘာလာတစ်ယောက် မွေးဖွားပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ ဒီလိုနေလာရင်း တဖြည်းဖြည်းနဲ့ ရာ့ဂျ်တစ်ယောက် မာဒူဘာလာ့အပေါ်မှာ သံယောဇဉ်ဖြစ်မိရင်း ချစ်မိသွားရာကနေ ရာ့ဂျ်၊ ပရီယာနဲ့ မာဒူဘာလာ တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်း ပေါ်ပေါက်လာပါတော့တယ်။ ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ဘယ်လိုများ အဆုံးသတ်သွားမလဲ ……. ရာ့ဂျ်တစ်ယောက် မိန်းမဖြစ်သူနဲ့ သူ့ရင်သွေးကို လွယ်ပေးထားရတဲ့ ချစ်ရသူ ဘယ်သူ့ကိုရွေးချယ်သွားမလဲ …… ဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး။ ဇာတ်လမ်းလေးဟာ အချစ်ဒရာမာဟာသ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြည်နူးတာလေးတွေကြည့်ရင်း ဟာသလေးတွေနှောရင်း စိတ်အမောပြေစေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ~ Yunni ~ Cym ~ KKKZ ~ Zwe Yan တို့ပဲဖြစ်ပါတယ်)

Science Fiction • Thriller • Horror
5.5 2001 160 mins
Chori Chori Chupke Chupke
The Surrender
5.7

The Surrender (2025) IMDb Rating (5.7) / Rotten Tomatoes (80%) ကိုယ့်မိဘ၊ ကိုယ့်မိသားစု၊ ကိုယ်ချစ်ရတဲ့သူ သေသွားလို့ အစီအရင်တွေနဲ့ အသက်ပြန်သွင်းလို့ရမယ်ဆို သွင်းမှာလား။ ဒီဇာတ်ကားလေးမှာတော့ The Boys စီးရီးက ကျားကြီးကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်သွားတဲ့ အက်ရှလေနေရာမှာ သရုပ်‌ဆောင်ထားတဲ့ မင်းသမီး ကိုဘီ မနီဖီက လက်စွမ်းပြထားပါတယ်။ ဇာတ်လမ်းအကျဉ်း မီဂန်ဟာ နယူးရော့ခ်မှာ ကျောင်းတက်နေရင်းက ကင်ဆာဖြစ်နေတဲ့ အဖေဖြစ်သူ ရောဘတ်က အခြေအနေမဟန်တော့တာကြောင့် ဇာတိမြို့ကလေးကို ပြန်လာခဲ့ပါတော့တယ်။ သူမရဲ့အမေဖြစ်သူ ဘာဘရာလည်း လင်ဖြစ်သူကို ပြုစုရလွန်းလို့ စိတ်ထောင်းကိုယ်ကြေဖြစ်လို့နေရှာပါတယ်။ တစ်ညမှာတော့ သူတို့နှစ်ယောက်သား ဆေးတိုက်ရမဲ့အချိန် အမှတ်မှားပြီး နှစ်ခါတိုက်မိသလို ဖြစ်သွားခဲ့ပါတယ်။ ဘာမှမဖြစ်လောက်ဘူးထင်ပြီး နှစ်ယောက်သား အိပ်လိုက်ရာက မနက်နိုးလာချိန်မှာ ရောဘတ်က အသက်မရှိတော့ပဲ အေးစက်မာတောင့်နေပါပြီ။ လောကီရေးရာတွေ လေ့လာလိုက်စားတဲ့ ဘာဘရာဟာ ရောဘတ်သေတာကို ဖြည်မဆည်နိုင်ပဲ သူမရဲ့ ဝါသနာတူမိတ်ဆွေ ဒက်ဘရာညွှန်းပေးတဲ့ အမည်မသိလူတစ်ယောက်ကို ဆက်သွယ်ပြီး သူမဟာ သူ့ယောက်ျား ရောဘတ်ကို အသက်ပြန်သွင်းဖို့ ကြိုးစားပါတော့တယ်။ သမီးဖြစ်သူ မီဂန်ကလည်း အယုံအကြည်မရှိပေမဲ့ သူ့အမေ စိတ်ဖြတ်နိုင်အောင် လိုက်လျောပြီး လုပ်ပေးပါတော့တယ်။ ဒီတော့ ဒက်ဘရာ ညွှန်းပေးတဲ့သူက ဘယ်သူလဲ၊ အောက်လမ်းလား အထက်လမ်းလား၊ မီဂန်ရယ်၊ ဘာဘရာရယ် ထူးဆန်းတဲ့လူကြီးရယ် သုံးယောက်သား ဘယ်လိုများ အသက်ပြန်သွင်းကြမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size… (1.6 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:38:04 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Matteo

Action • Adventure • Drama • Fantasy • Thriller
5.7 2025 95 mins
The Surrender