YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My Wife E08 (1080p) CM.mp4

525.85 MB N/A video/mp4 27 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Willy's Wonderland
6.1

နစ်ကိုလပ်ကေ့ဂ်ဟာ ဟိုးတုန်းက National Treasure တို့ Lord Of War တို့ The Rock တို့လို ရုပ်ရှင်ကားကောင်းအများကြီးရိုက်ခဲ့တဲ့အပြင် Leaving Las Vegas တို့ City Of Angels တို့ Wild at Heart တို့လို အနုပညာရည်မနိမ့်တဲ့ကားကောင်းတွေလည်း ရိုက်ခဲ့တဲ့သူပါ။ ဟိုးတုန်းက သူရိုက်သမျှ မကောင်းတဲ့ကားမရှိပါဘူး။ နောက်ပိုင်းမှာတော့ တစ်နှစ်ငါးကားလောက် ပေါပေါလာလောရိုက်ခဲ့လို့ ဇာတ်ညွှန်းချာတဲ့ ကားတွေများလာပါတယ်။ ဒါပေမဲ့ နစ်ကေ့ရဲ့ ဇာတ်ကောင်အပေါ် စိတ်နှစ်ကြိုးစားမှုကတော့ မလျော့ခဲ့ပါဘူး။ အင်တာဖန်အများစုကလည်း ကားတွေညံ့ပေမဲ့ နစ်ကေ့ကတော့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုပါတယ်။ နစ်ကေ့ကိုယ်တိုင်လည်း ဒီလိုပဲပြောထားပါတယ်။ သူ့ကိုချစ်တဲ့သူတွေ ချစ်သေးတာပါပဲ။ 2021 မှာတော့ နစ်ကေ့ဟာ ဘရုစ်ဝီလီစ်တို့ မယ်ဂစ်ဆွန်တို့ စုံးစုံးမနစ်သွားဘဲ ကားကောင်းတွေချည်း ပြန်ရွေးရိုက်လာပါတယ်။ ဝီလီ၀န်းဒါးလန်းလို သရဲကားအနေနဲ့မဆိုးတဲ့ကားကနေ စလိုက်တာပြောရမယ်။ နောက် Pig ရိုက်ပါတယ်။ အတော်ကောင်းပြီး ဝေဖန်ရေးသမားတွေ သဘောကျခဲ့ပါတယ်။ နောက်ကျ Prisoners of the Ghostland ရိုက်ခဲ့ပါတယ်။ ဒီကားကို အင်္ဂလိပ်ရုပ်ရှင်ဖန်တွေ ကြိုက်ချင်မှကြိုက်ကြမှာပေမဲ့ ကားကောင်းပါပဲ။ ရိုက်တဲ့ဒါရိုက်တာကလည်း ဂျပန်ရဲ့ ဆရာတစ်ပါးဖြစ်တဲ့ Sion Sono ပါ။ သူ့ဟန်ကိုကထူးနေတော့ လူတိုင်းတော့ မကြိုက်ဘူးပေါ့။ ခု ဝေဖန်ရေးသမားတွေကြားရေပန်းစားနေတာက နစ်ကေ့ရဲ့ ကားအသစ် The Unbearable Weight of Massive Talent ပါပဲ။ ခရမ်းချဉ်သီး ၁၀၀ပထမဆုံးရထားတဲ့ နစ်ကေ့ကားပါ။ ဟိုးတုန်းက ကောင်းလှပါရဲ့ဆိုတဲ့ ကားတွေတောင် မရခဲ့ပါဘူး။ နစ်ကေ့ဟာ စစကတည်းက သူ့ဦးလေး ဖရန်စစ်ဖို့ဒ်ကော်ပိုလာရဲ့ နာမည်နဲ့လုပ်စားဖို့ မရွေးခဲ့သလို တွင်းဆုံးကျပြီးနောက်မှာလည်း ရအောင်ပြန်ကုတ်တက်နိုင်ခဲ့တဲ့ သရုပ်ဆောင်ပညာကို တကယ်ချစ်တဲ့သူပါပဲ။ ပေါကားတွေရိုက်ခဲ့ရပေမဲ့ ပေါကားမှာတောင် အစွမ်းကုန်ကြိုးစားခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင် ၂၀၂၁မှာ အဲဒီတွင်းထဲက ပြန်စတက်ခဲ့တဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ တစ်ခါက နစ်ကေ့ကို ချစ်ဖူးရင် ခင်ဗျားကြည့်သင့်တဲ့ကားပါပဲ။ ဟိုးတုန်းက ကေ့စ်ရဲ့ဟန်တွေပြန်မြင်ရမှာပါ။ ဝီလီ၀န်းဒါးလန်းဟာ Rating မမြင့်ပါဘူး။ ဒါပေမဲ့ Horror ကားပါ။ Horror ကားအနေနဲ့ဆို ဒီ rating က ပုံမှန်ပဲလို့ဆိုလို့ရပါတယ်။ ဗမာပြည်ထွက် Horror ကားထဲက အတော်ကောင်းတဲ့ သူစိမ်းအိမ်နဲ့ တစ်ချို့နေရာလေးတွေ ဆင်ပါတယ်။ သူ့ဘာသာကောင်းပေမဲ့ ဇာတ်လမ်းကတော့ သူစိမ်းအိမ်မမီဘူးပေါ့။ ဒါပေမဲ့ နစ်ကေ့ကြီးမို့ ကြည့်ရတန်မှာပါ။ ပြီးခဲ့တဲ့ရာစုနှစ်ရဲ့ အဆိုးဆုံး ကွင်းဆက်လူသတ်သမားဖြစ်ခဲ့တဲ့ ဝီလီဟာ ကစားကွင်းတစ်ခုထောင်ပြီး အဲဒီကစားကွင်းထဲမှာတင် ကလေးတွေ မိဘတွေကို သူ့အဖွဲ့နဲ့အတူသတ်ခဲ့ပါတယ်။ လူပျောက်တာတွေများလာလို့ ရဲတွေက လာစစ်ဆေးတဲ့အချိန်မှာ စေတန်ကိုပူဇော်တဲ့ အစီအရင်လုပ်ပြီး လူသတ်သမားတွေက သူတို့စိတ်နဲ့ဝိညာဉ်ကို ကစားကွင်းက အရုပ်တွေထဲထည့်လိုက်ပါတယ်။ အဲဒီအရုပ်ကို မြို့ခံလူတွေဟာ သူတို့ကိုမသတ်အောင် ခရီးသွားတွေပို့ပေးမယ်လို့ ညှိထားကြပါတယ်။ ခရီးသွားတွေ အဲဒီကိုမသွားသွားရအောင်လည်း မြို့ခံတွေက ကြံပြီးရအောင်ပို့ခဲ့ကြပါတယ်။ တစ်‌နေ့မှာ နစ်ကေ့က အဲဒီမြို့ကို ကားတစ်စီးနဲ့ရောက်လာတဲ့အခါမှာတော့...... (ဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 605MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 28Min Genre - Action, Comedy, Horror Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Adventure • Animation
6.1 2021 88 mins
Willy's Wonderland
Insidious: The Last Key
6.3

ဒီဇတ်ကားကို ကြည့်ပြီးမှ ဟိုးအရင်တုန်းက Chapter 1 & 2 ကို ကြည့်သင့်တယ် ထင်တာပဲ အဲ့ဒါမှ အဲလိစ် ရဲ့ နောက်ကြောင်းကို ဇတ်ရည်လည်မှာပါ ဒါကတော့ ပရလောကဖြင့် ချိတ်ဆက်နိုင်တဲ့ ပညာရှင် အဲလိစ် မသေဆုံးခင် ဖြေရှင်းခဲ့တဲ့ ပရလောက ဇတ်လမ်းတွေထဲက တစ်ခုဖြစ်ပြီး အဲလိစ် ဘာကြောင့် ပရလောကဖြင့် ချိတ်ဆက်နိုင်ခဲ့တယ်ဆိုတာရဲ့ ဇတ်မြစ် ဖြစ်ပြီး သူမ ရဲ့ မိခင် ကို သတ်ဖြတ်ခဲ့တဲ့ သော့လက် ပိုင်ရှင် မကောင်းဆိုးဝါး ကို ရင်ဆိုင်ဖြေရှင်းရမယ့် အခန်းလဲ ဖြစ်ပါတယ် အဲလိစ် ရဲ့ ငယ်ဘ၀ က နေထိုင်ရာ အိမ်ကြီးတွင် မကောင်းဆိုးဝါးများ ကပ်ညှိနေ၍ လက်ရှိအိမ်ပိုင်ရှင်က အကူအညီတောင်းလို့ အဲလိစ် နှင့် သူ၏ လက်ထောက် တို့ သွားရောက် ကူညီဖြစ်ရင်း ငယ်ဘ၀ နှင့် ပြန်လည် ချိတ်ဆက်မိခဲ့ရာ...... ဒီရုပ်ရှင်ကားကို ဘာသာပြန်ပေးထားသူကတော့ Tariq L Walker ဖြစ်ပြီး Thit San Khant မှ Encode ပေးထားပါတယ်

Drama • Sci-Fi & Fantasy
6.3 2018 103 mins
Insidious: The Last Key
My Sister
6.7

ဒီကားလေးက “ အစ်မကြီး အမိအရာ” ဆိုတဲ့စကားလေးကို လုံးဝ ပုံဖော်ပြထားတဲ့ကားလေးပေါ့… သားယောက်ျားလေးမှ ဦးစားပေး နေရာပေး လူရာသွင်းတဲ့ တရုတ်တွေရဲ့ ဖိုဝါဒဓလေ့ကြီးအောက်မှာ နင်က အစ်မပဲလေဆိုတဲ့စကားတစ်ခွန်းဟာ တစ်သက်လုံးရုန်းထွက်မရအောင် ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းဖြစ်နေခဲ့ပါတယ်… ဒီလိုမမျှတနေတာကြီးနဲ့ ဒီလိုချည်နှောင်ထားတဲ့ကြိုးကို ဖြတ်တောက်ဖို့ရုန်းထွက်ဖို့ကြိုးစားသူကတော့ အန်းရန်ပေ့ါ သူကို မွေးတည်းက မိန်းကလေးဖြစ်လို့ဆိုပြီး မိဘရင်ခွင်ထက် အဒေါ်ရင်ခွင်မှာ ခိုလုံခဲ့ရတဲ့သူဖြစ်ခဲ့ရတယ်… သူအပျိုအရွယ်လောက်မှာ သားယောက်ျားလေးမွေးပြီး သူ့ကို မပေးခဲ့တဲ့မေတ္တာတွေကို ဒီမောင်လေးအလှည့်မှ ပေးနေတဲ့အပြင် သူ့ကိုပါ ဒီမောင်လေးအတွက် စွန့်ခြင်းမြောက်များစွာကို စွန့်ခိုင်းခဲ့တဲ့အခါသူဘယ်လိုမှ သည်းမခံနိုင်ခဲ့ပါဘူး… ဒီအချိန်မှာ သူ့ကိုတိုက်ခန်းလွှဲပေးပြီး သူ့မိဘ ၂ ပါးလုံး ရုတ်တရက်ကြီး ပျောက်ကွယ်သွားချိန်မှာ အန်းရန်တစ်ယောက် မမျှော်လင့်ထားတဲ့တိုက်ခန်းနဲ့အတူ သူမမြင်ချင်မကြည့်ချင်တဲ့ မောင်လေးပါ သူ့ဘဝထဲရောက်လာခဲ့ပါတယ်… အန်းရန်တစ်ယောက်ဟာ တိုက်ခန်းနဲ့အတူ မောင်ကိုပါ ရောင်းဖို့ပြင်ဆင်တော့တာပေါ့… အန်းရန်နဲ့ သူ့မောင်လေး ဘယ်လိုစခန်းသွားမယ်ဆိုတာ ဒါရိုက်တာက ပုံဖော်ထားပါတယ်… ဒါပေမယ့် ပရိသတ်ကြီးရော ဒီလို “အစ်မကြီးအမိရာ”ဆိုတဲ့အတိုင်း မောင်တွေညီမတွေရဲ့ အရှုပ်ထုပ်ကို အစ်မကလိုက်ရှင်းပေးရမယ်ဆိုတဲ့ အဆိုကို ထောက်ခံကြသလား…ဇာတ်ကားကြည့်ပြီးရင် အမြင်လေးတွေ ပြန်ဝေမျှသွားပါဦး~

Comedy • Drama
6.7 2021 127 mins
My Sister
Mountain Porter
6.1

လွန်ခဲ့တဲ့ ၁၅ နှစ်ခန့်လောက်က သင်္ချိုင်းတူးဖော်ရင်း သေဆုံးသွားခဲ့တဲ့ဖခင်ဖြစ်ဖြစ်သူရဲ့ အမှန်တရားကို ရှာဖွေဖို့ ကြိုးစားနေသူ မျိုးနွယ်စုခေါင်းဆောင်လဲဖြစ်တဲ့ အမျိုးသားတစ်ဦး? မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ နှစ်ထောင်ချီကြာမြင့်နေပြီဖြစ်တဲ့ ကျိန်စာကို ချိုးဖြတ်ပြီး သေသောသူကို ပြန်ရှင်စေနိုင်ပြီး မသေမျိုးအဖြစ်ပြောင်းလဲစေနိုင်သော မုချန်ပုလဲ ကိုရှာဖွေဖို့ စွန့်စားရေးခရီးစဥ်ကို ထွက်ခဲ့ပါတော့တယ် လမ်းတစ်လျှောက်လုံး သင်္ချိုင်းမြေကိုဖြတ်ကျော်ခဲ့ပြီး မြူအလွှာလွှာကို ဖြတ်ကျော်ခဲ့ကာ အရိုးမျိုးနွယ်စုရဲ့ မြေအောက်မှာ ​မြှုပ်နှံထားတဲ့ မြေအောက်နန်းတော်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို တစ်ဖြည်းဖြည်းချင်း ရှာဖွေတွေ့ရှိလာတဲ့ အခါမှာတော့ ….? ❏ ခန်းနားကြီးကျယ်လှတဲ့ အရိုးမျိုးနွယ်စုရဲ့ လျှိူ့ဝှက်ချက်တွေက ဘာတွေများဖြစ်မလဲ? ❏ နှစ်ထောင်ပေါင်းများစွာ ရှာဖွေခဲ့ကြတဲ့ မုချန်ပုလဲကိုရော သူတို့တွေ ရှာဖွေနိုင်ပါ့မလား? ❏ ဒီလိုမျိုး အန္တရာယ်တွေများလှတဲ့ စွန့်စားမှုတစ်ခုကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာ ? ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်ရှင် ဆန်းကြယ်မှုပေါင်းများစွာပြည့်နှက်နေတဲ့ကားလေးမို့ လက်မလွှတ်သင့်ပါဘူးနော်

Animation • Comedy • Family • Fantasy
6.1 2022
Mountain Porter
Rockin’ on Heaven’s Door
7

Rockin’ on Heaven’s Door(2013) ***************************** Hong-ki Lee နဲ့ Ma Dong-seok တို့ အဓိကပါဝင်ထားတဲ့ဒီဇာတ်ကားဟာ တစ်ခါကြည့်ပြီး တစ်သက်မမေ့နိုင်ဖို့ ဒီတစ်ခေါက် CMပရိသတ်ကြီးအတွက် ထင်မထားရလောက်အောင် ရင်ထဲမှာစွဲကျန်ရစ်ခဲ့မယ့် “Rockin On Heaven’s Door”ဆိုတဲ့ ဒီဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းကိုတော့ ထင်ရာဆိုင်းတတ်တဲ့ ခပ်ဆိုးဆိုးအိုင်ဒေါအနုပညာရှင်လေး ချွန်အွီနဲ့ အစချီထားပါတယ် တစ်နေ့ ချွန်အွီတစ်ယောက် ကလပ်မှာပြဿနာရှာမိပြီး စေတနာ့ဝန်ထမ်းအဖြစ်နဲ့ အပြစ်ပြန်ဆပ်ရဖို့ အကြောင်းဖန်လာပါတယ် ချွန်အွီလုပ်ပေးရမယ့်နေရာကတော့ နယ်မြို့လေးတစ်ခုက “ဒုံးဟျွန်း”ဆိုတဲ့ဆေးရုံတစ်ခုမှာပေါ့ ဆေးရုံကို မုန်းပါတယ်ဆိုတဲ့ ချွန်အွီအတွက် အဲဒီဆေးရုံက လူတွေကလည်း ထူးဆန်းနေပြန်ပါတယ် နောက်ဆုံးထွက်သက်ရောက်တော့မယ့် လူနာအဘွားအိုကို အသက်ရှူစက်တပ်မပေးတာမျိုး… လူနာတွေကို ဆေးလိပ်သောက်ခွင့်ပေးတာမျိုး ကလပ်သွားခွင့်ပေးတာမျိုး.. စသည်ဖြင့်ပေါ့ အဲဒီလိုဆေးရုံက လုပ်ရပ်တွေကို သဘောမကျလို့ ချွန်အွီ ထွက်ခဲ့မယ်လို့ကြံမယ့်နေ့မှာပဲ .. နောက်ကွယ်ကအကြောင်းအရာတွေကို အန်နာဆိုတဲ့ စေတနာ့ဝန်ထမ်းကောင်မလေးပြောလို့ ချွန်အွီသိသွားခဲ့တဲ့အခါ… File Size :(1.9GB)&(685MB) Quality : Blu-Ray 1080P5.1Ch,720P Format :mp4 Duration : 01:39:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khine Khine Wai Encoded by Phyo Pyae

7 2013 99 mins
Rockin’ on Heaven’s Door
Night Moves
6

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

6 2013
Night Moves
The Great Seduction
6.5

လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေး တစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်း ချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီး ထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက် ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲ အသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက် အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာ ဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက် လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန် ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည် လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးက လိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့က ခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ ဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေး တစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။ File size…1.18GB / 467MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 34m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 95 mins
The Great Seduction
Danur 3: Sunyaruri
5.1

Danur 3 [2019] ( 5.1/10 IMDb) သည်းထိတ်ရင်ဖိုဝတ္ထုတွေ ရေးသားတဲ့ စာရေးဆရာမ ရီနာဟာ စိတ်ကူးယဉ်ကောင်း၊ အရေးအသားကောင်းလို့ တစ္ဆေသရဲဝတ္ထုတွေကို ရေးသားနေတာ မဟုတ်ပါဘူး… သူဟာ တကယ်ကို ပရလောကနဲ့ ဆက်သွယ်ပြောဆိုင်နိုင်တဲ့အပြင် သရဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် အဲ့ဒီအတွေ့အကြုံတွေကို အခြေတည်လို့ ဇာတ်လမ်းတွေ ရေးသားနေခဲ့တာပဲဖြစ်ပါတယ်…. ဘုရားသခင်အလိုတော်အရ သူ့ဆီမှာ ရှိနေခဲ့ရတဲ့ တတိယမျက်လုံးဟာ သူ့ဘဝတစ်လျှောက်လုံးမှာ ပြင်ပလောကက သာမန်လူတွေနဲ့ အဆင်မပြေဖြစ်စေတာ များပါတယ်… အထူးသဖြင့် ရည်းစားထားတိုင်းမှာ ကောင်လေးတွေဟာ အဖြစ်မှန်ကို သိကြရတဲ့အခါ သူ့အပေါ်လက်လျှော့သွားကြတာချည်းပါပဲ… ဒါပေမယ့် ဒီမတ်စ်ကတော့ အများနဲ့မတူပဲ ကွဲပြားတဲ့ သူတစ်ယောက်လို့ ရီဆာရှုမြင်ထားလေရဲ့… ရီဆာ့ အိမ်မှာ ခိုကပ်နေတဲ့ သရဲပေါက်စကလေးတွေဟာ ရီဆာနဲ့ မောင်နှမဆက်ဆံရေးရှိကြသူတွေသာ ဖြစ်ပါတယ်… ဒါပေမယ့် ရီဆာဟာ ဒီကောင်လေးတွေရဲ့ ဇာတ်ကြောင်းကို ဂဃနဏမသိပါဘူး… မကောင်းဆိုးဝါးသရဲမကြီးတစ်ကောင်က အချိန်တိုင်း ဒီအိမ်ကိုပဲ မိုးကွက်ရွာနေစေခဲ့တာလည်း ရီဆာ မသိရှာပါဘူး… ဒီလိုနဲ့ တစ်ညမှာတော့ ရီဆာဟာ အိမ်မှာ သူ့ကောင်လေး ဒီမတ်စ်အတွက် မွေးနေ့ပွဲကျင်းပရင်းက သရဲလေးတွေ တောင်းဆိုတဲ့အရာကို အပြင်လူရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မလုပ်ပေးခဲ့ပါဘူး… အဲ့ဒါကပဲ သရဲမကို ဆင့်ခေါ်လိုက်သလို ဖြစ်သွားပါတော့တယ်…. သရဲမက ဒီမတ်စ်ကို အနာတရဖြစ်အောင် လုပ်ခဲ့ပေမယ့် ရီဆာကတော့ သရဲလေးတွေ လက်ချက်လို့ တထစ်ချယုံကြည်ပြီး သူတို့တွေကို မုန်းတီးနေခဲ့ပါတော့တယ်… ဒီလိုနဲ့ပဲ ချစ်သူနဲ့ သာမန်ဘဝလေးမှာ နေထိုင်ချင်တဲ့ ရီဆာ၊ သရဲမရဲ့ လှည့်စားမှုနဲ့ တတိယမျက်လုံးကို ပိတ်လိုက်မိတဲ့ ရီဆာ… တတိယမျက်လုံး မရှိတော့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ သိချင်ရင်တော့ ပရိတ်သက်ကြီးတို့ကိုယ်တိုင်ပဲ ရှုစားလိုက်ကြပါတော့နော်…. Genre….. Horror Quality…. 1080p | 720p File size… 765MB | 391MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

5.1 2019
Danur 3: Sunyaruri
Crimson Snout

Crimson Snout 2023 (IMDb – 6.7/10) ခွေးသားစားဖူးတဲ့သူတွေရှိလား? စားဖူးတဲ့သူတွေရော မစားဖူးတဲ့သူတွေရော ဒီကားလေးကိုကြည့်ကြည့်ပါ ဟာသ မပါပဲ လုံးဝ serious ရိုက်ကူးထားတဲ့ ဗီယက်နမ်သရဲကားလေးဖြစ်ပါတယ် ဝတ္ထုကိုအခြေခံပြီးရိုက်ကူးထားတော့ ဇာတ်အိမ်ကတော့ လုံးဝအခိုင်အမာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်မိသားစုလုံးခွေးသားအရမ်းကြိုက်တဲ့ သားသတ်ရုံပိုင်ရှင်လူကြီးတစ်ယောက် လမ်းမှာရေနစ်သေတာကနေစပြီး မိသားစုပြဿနာတွေ အကုသိုလ်တွေကြောင့် ဗုဒ္ဓဘာသာအယူအဆအတိုင်း ဝဋ်လည်မှုတွေစတင်လာတဲ့အချိန်မှာ တစ်ဦးတည်းသောသားဖြစ်သူကလဲ လက်ထပ်မယ့်မိန်းကလေးကိုခေါ်ပြီးပြန်ရောက်လာတယ် ခွေးသားက သူတို့နယ်မြို့လေးရဲ့ အထင်ကရစားသောက်ကုန်ဖြစ်နေပြီး လိုက်လာတဲ့ ကောင်မလေးလဲ ခွေးသားမစားတော့ အဆင်မပြေမှုတွေအများကြီးကြုံရတာပေါ့ သူတို့နှစ်ယောက် မိသားစုပြဿနာတွေ မကောင်းတဲ့နတ်ဆိုးတွေကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာ…. မျက်နှာကိုလက်နဲ့အုပ်ပြီး လက်ချောင်းတွေကြားထဲကချောင်းကြည့်ပေးကြပါဦး ဇာတ်လမ်းထဲမှာ ခွေးကြီးက မတ်တပ်ရပ်ပြီးပြုံးပြမှာမို့လို့ပါ… အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1.7GB | 729MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

0 2023
Crimson Snout
3 Bed, 2 Bath, 1 Ghost

အန်နာက အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ကို ရတာမကြာသေးဘဲ မိသားစုစီးပွားရေးဖြစ်တဲ့ သူမဖခင်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှာ ဝင်လုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ သူမရဲ့ဖခင်က သက်တမ်းကြာပြီဖြစ်တဲ့ အိမ်ကြီးတစ်အိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် တာဝန်ပေးလိုက်ပါတော့တယ်။ သူမအနေနဲ့ ထိုအိမ်ကြီးကို ၂ ပတ်အတွင်း ပြင်ဆင်ရမှာဖြစ်ပြီး အိမ်ကို ရောင်းထုတ်ရမှာပါ။ အိမ်ကြီးကိုထိန်းသိမ်းထားပေမယ့် လူမနေတာ နှစ်ပေါင်း ၇၀ နီးပါးလောက်တော့ရှိနေပါပြီ။ ငါးကြိမ်တိတိ အိမ်ကို ရောင်းဖို့ပြင်ဆင်ကြော်ငြာခဲ့ဖူးပေမယ့် တစ်ခါမှရောင်းမထွက်ပါဘူး။ အန်နာအနေနဲ့ ထိုအိမ်ကို ရောက်ရောက်ချင်းနေ့မှာပဲ ရူဘီဘိတ်ကာလို့ခေါ်တဲ့ အိမ်ပိုင်ရှင်သရဲကို တွေ့လိုက်ရပါတော့တယ်။ ရူဘီက ၁၉၂၀ ပြည့်နှစ်တွေမှာ ခေတ်ဆန်ပြီးရေပန်းစားသူတစ်ယောက်ဖြစ်ကာ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာသည်အထိ သူမရဲ့အိမ်ကြီးမှာပဲ နေထိုင်ကာ သူမကို ဘယ်သူကမှ မမြင်တွေ့ဖူးပါဘူး။ အန်နာက သူမကို ပထမဆုံးမြင်တွေ့သူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်နွယ်မှုမျိုးရှိနေမှာလဲ။ ရူဘီကရော ဘာလို့ နှစ်ပေါင်း ၁၀၀ ကြာလောက်တဲ့အထိ ဘဝမကူးနိုင်ဘဲ အဲ့ဒီအိမ်ကြီးကိုပဲ စွဲကပ်နေရတာလဲ။ အန်နာကရော သူမရဲ့ ပထမဆုံးအလုပ်ကို အောင်အောင်မြင်မြင်နဲ့ ဆောင်ရွက်နိုင်မှာလား။ ဒါတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Comedy/ Drama အမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ မိသားစုကြည့်လို့ရတဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(853 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Tv Movie, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

Drama • Romance
0 2023
3 Bed, 2 Bath, 1 Ghost
Touch of Evil
8

IMDb – 8/10 ဂန္တဝင်​ရုပ်ရှင်​ Citizen Kane ကို ရိုက်​ကူး၊ သရုပ်​ဆောင်​ခဲ့တဲ့ ဒါရိုက်တာ​ Orson Welles ရိုက်​ကူး​ထား​ပြီး ၁၉၅၈ ခုနှစ်​မှာ ထွက်ရှိ​ခဲ့တဲ့​ ဒီဇာတ်ကားက Noir/ Thriller အမျိုး​အစား​ မှုခင်း​ရုပ်ရှင်​ဖြစ်​ပါတယ်။ Ten Commandments မှာ Moses အဖြစ်​၊ Ben Hur ရုပ်ရှင်​မှာ Ben Hur​ အဖြစ်​ အဓိက​ဇာတ်​ကောင်​နေရာတွေ​ကနေ သရုပ်ဆောင်​ခဲ့တဲ့ မင်းသား​ကြီး​ Charlton Heston က ဒီ​ဇာတ်​ကား​မှာ မက္ကဆီကန်​အရာရှိ Vargas အဖြစ်​ အဓိက​သရုပ်ဆောင်​ထားပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ မက္ကဆီကိုနဲ့ အမေရိက​ နယ်စပ်​အနားက မြို့​လေး​တစ်မြို့မှာ ကားဗုံး​ပေါက်ကွဲ​မှုတစ်ခု ဖြစ် သွားပါတယ်။ မက္ကဆီကန်​ မူးယစ်​အရာရှိ​တစ်ဦးဖြစ်တဲ့ Miguel Vargas နဲ့ အမေရိကန်​စုံထောက်​အရာရှိ​ ကပ္ပတိန်​ Hank Quinlan​တို့ ဒီအမှုကို အတူစုံစမ်းဖော်ထုတ်ကြရာမှ နှစ်ဦး​ကြား​ ပဋိပက္ခ​တွေဖြစ်ပွားလာပြီး တစ်​ချိန်​တည်း​မှာ​ Vargas​ ရဲ့ ဇနီး​ Susan ကိုလည်း​ Vargas​ ရဲ့ရန်သူ Grandi မိသားစု​က ဒုက္ခ​ပေး​ဖို့ ကြံစည်​လာပါ​တာ့တယ်။ ဒီဇာတ်ကားကို ရိုက်ကူး​တဲ့ ဂန္တဝင်​ဒါရိုက်တာ​ကြီး Orson Welles က ရဲ​အရာရှိ​ကြီး Hank Quinlan​ နေရာ​မှာ သရုပ်ဆောင်​ထား​ပါတယ်။ အဖြူ​အမည်း​ရုပ်​ရှင်​ကိုမှ Noir​ အမျိုးအစား​ဖြစ်​ပေမဲ့​ Thriller ဇာတ်လမ်း​ပီပီ ဆွဲဆောင်​မှုရှိတဲ့ ဇာတ်​အိမ်​နဲ့အတူ​ Orson Welles ရဲ့​ အကောင်း​ဆုံး​ရုပ်ရှင်​တွေ​ထဲက တစ်ခု​အဖြစ်​ သတ်မှတ်​ခံထားရ​ပါတယ်။ ၁၉၉၈ မှာ Universal က ဒီရုပ်ရှင်ကို ဗားရှင်းအသစ်နဲ့ ပြန်​လည်​ထုတ်​လွှင့်​ခဲ့ပါသေးတယ်။ File size…(1.9 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:35:00 Genre… Film Noir, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

8 1958 111 mins
Touch of Evil
Slaughterhouse On The Hill
5.5

ဒီကားကိုတော့ ဒါရိုက်တာ Tom Delvin ရိုက်ကူးထားပြီး Kristy Adams, Amber Amlin, Chris Arredondo တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း တောင်ပေါ်က သားသတ်ရုံမှာပျောက်ဆုံးသွားတဲ့ ဘောလုံးလက်ရွေးစင်ဟောင်း အုပ်စုရဲ့ အမှုအကြောင်း ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီကားကတော့ သွေးထွက်သံယိုသတ်ဖြတ်ခန်းတွေကို နှစ်ခြိုက်တဲ့ သူတွေအတွက်တော့ တကယ်ကို ကြိုက်နှစ်သက်မယ့် ပုံစံမျိုး ရိုက်ကူးထားတာပါ။ အရင်ကကျောင်းရဲ့လက်ရွေးစင် ကစားသမားတွေက အရွယ် ရောက်ပြီးကြတဲ့နောက် သူတို့ကျောင်းရဲ့ အားကစားပွဲကို ဆင်နွှဲဖို့ ပြန်လာကြရင်း ပြန်လည်ဆုံတွေ့ကြပါတယ်။ အဲဒီမှာပဲ အရင်က သူတို့ပါတီတွေလုပ်နေကျဖြစ်တဲ့ တောင်ပေါ်က သားသတ်ရုံကို သွားပြီးတော့ အောင်ပွဲခံဖို့ စီစဉ်ကြပါတယ်။ ဒါပေမယ့် သားသတ်ရုံကို သူတို့ရောက်ပြီးတဲ့နောက် ပါတီ လုပ်ကြရင်း အဖွဲ့သားတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးလာကြတဲ့အခါ သူတို့အဖွဲ့ ဘယ်လိုတွေဆက် ဖြစ်သွားမလဲ….. သူတို့က ဘာကြောင့် ပစ်မှတ်ထားခံနေရတာလဲ….. ဝက်အရေခွံခြုံထားတဲ့ လူသတ်သမားနဲ့ သူတို့ကရော ဘယ်လို ဇာတ်လမ်းတွေ ရှိခဲ့ဖူးတာလဲ…… တကယ်ပဲ ကျိန်စာသင့်နေတဲ့ ဝက်ဆိုတဲ့ ဒဏ္ဍာရီတွေက အမှန်ဖြစ်နေမလား။ ဘယ်သူတွေကရော ဒီအိပ်မက်ဆိုးက လွတ်မြောက်သွားမလဲ။ ဒါတွေကို ဒီဇာတ်ကားလေးထဲမှာ ထိတ်လန့်သည်းဖို ဇာတ်ကွက်တွေနဲ့ ရင်တထိတ်ထိတ် ရှုစားရမှာပါ။ File size… (949 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 12m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by KK

Documentary • Science Fiction
5.5 2024 72 mins
Slaughterhouse On The Hill
Catalyst
5

Catalyst (2025) စိတ်ဝင်စားစရာ ဇာတ်လမ်းဆန်းဆန်းနဲ့ ထူးဆန်းထွေလာတွေကို နှစ်သက်ကြတဲ့ ပုရိသတ်ကြီးအတွက် Catalyst (2025) ဆိုတဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ “The Collective” ဆိုသည့် လျှို့ဝှက်အဖွဲ့အစည်းတစ်ခုကနေ မကောင်းမှုတွေကို ကျူးလွန်ဖူးတဲ့ ယောက်ျား (၇) ယောက်ကို ပြန်ပေးဆွဲပြီး ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ လျှပ်စီးနေတဲ့လှောင်အိမ်ထဲမှာ သူတို့ (၇) ယောက်ကို ဖမ်းဆီးထားခဲ့ပြီး ဘေးပတ်လည်မှာ မျက်နှာဖုံးတပ်ထားတဲ့ လူတွေက သူတို့ကိုစောင့်ကြည့်နေခဲ့တယ်.. သူတို့လွတ်မြောက်ဖို့အတွက် “တစ်ယောက်ကိုသတ်ပြီး ကျန်တဲ့လူတွေ လွတ်မြောက်ဖို့ လမ်းကြောင်းကို” ရွေးချယ်မလားဆိုတဲ့ ကစားပွဲတစ်ခုကို စတင်လိုက်ပါတယ်။ ဒီ (၇) ယောက်ထဲမှာ အသတ်ခံရမယ့်သူကဘယ်သူလဲ???? အပြစ်ကျူးလွန်ခဲ့ကြတဲ့လူ (၇) ယောက်ကြားမှာ သေလောက်တဲ့အထိ ပြစ်မှုကို ကျူးလွန်ခဲ့တာ ဘယ်သူလဲ???? ဒီလှောင်အိမ်ကနေ သူတို့ လွတ်မြောက်ကြပါ့မလား??? သူတို့ ကျူးလွန်ထားတဲ့အပြစ်တွေက ဘာတွေလဲ??? မေးခွန်းပေါင်းများစွာနဲ့ ဇာတ်လမ်းအဆုံးထိ ရင်တထိတ်ထိတ် ကြည့်ရှုရမယ့် သည်းထိပ်ရင်ဖို ဇာတ်လမ်းကောင်းတစ်ခု ဖြစ်တာကြောင့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူများ ကြည့်ရှုကြဖို့ အကြံပြုတိုက်တွန်းအပ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size… (2.5 GB) / (820 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Thriller Duration…. 01:37:18 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Su Mon

5 2025 96 mins
Catalyst
Karnika

Karnika 2024 ကာနီကာ တက်ကြွတဲ့အမ်မူဆိုတဲ့ စာရေးဆရာမလေးဟာ တစ်နေ့မှာ အကြောင်းအရင်းမသိရဘဲ စကားနည်းပြီး အခန်းအောင်းနေတတ်တဲ့ မိန်းကလေးဖြစ်သွားပါတယ်။ အဲဒီလိုငြိမ်သွားတဲ့ အမ်မူတစ်ယောက် ပြန်ပြီးတော့ တက်ကြွလာအောင်လုပ်လိုက်တာကတော့ သူ့အိပ်မက်ထဲမှာ ထပ်တလဲလဲပေါ်လာတဲ့ ကာနီကာဆိုတဲ့မိန်းကလေး အဲဒီအိပ်မက်ကို ထပ်တလဲလဲမက်နေတဲ့ အမ်မူတစ်‌ယောက် ကာနီကာနဲ့ ပူဗာရှီစံအိမ်ကြီးရဲ့ ဇာတ်လမ်းကို ဝတ္ထုရေးဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ဇာတ်သိမ်းရေးပြီးချိန်မှာ ဇာတ်လမ်းရဲ့ဇာတ်သိမ်းကို ဘဝင်မကျတဲ့အတွက် ပူဗာရှီစံအိမ်ကို ကိုယ်တိုင်သွားမယ်ဆိုပြီး အမ်မူတစ်‌‌ယောက်တည်း စံအိမ်ကြီးဆီ ခရီးထွက်လာခဲ့ပါတော့တယ် ပူဗာရှီစံအိမ်ဆိုတာကလည်း ပုံမှန်မဟုတ်တဲ့သေဆုံးခြင်းနဲ့ လူသေမှုနှစ်ခုဖြစ်ထားတဲ့ ပဟေဠိတွေနဲ့စံအိမ်ဆိုတော့ အမ်မူအဖေရော သူ့သူငယ်ချင်းတွေပါ စိုးရိမ်နေကြပေမဲ့ အမ်မူကတော့ ဘေးကင်းကင်းနဲ့ပြန်ရောက်လာတော့ စိတ်သက်သာရာရသွားကြပါတယ်။ ဒါပေမဲ့ ပူဗာရှီစံအိမ်ကပြန်လာပြီး နောက်တစ်ရက်ညမှာပဲ အမ်မူတစ်ယောက် သေလုမျောပါး တိုက်ခိုက်ခံလိုက်ရချိန်မှာတော့…. ပူဗာရှီစံအိမ်ကြီးမှာ ဘာလျှို့ဝှက်ချက်တွေရှိနေမလဲ။ ကာနီကာကရော ဒီစံအိမ်ကြီးမှာ ဘာတွေဖြစ်ခဲ့လဲ။ ဒီဇာတ်လမ်းကိုရေးသားတဲ့အမ်မူကရော ဘာတွေဆက်စပ်နေလို့ ဒီလိုတိုက်ခိုက်ခံရတာလဲဆို အတူရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Zwe ~ Ma Htoo ~ Yunni တို့ပဲဖြစ်ပါတယ်)

Animation • Adventure • Comedy • Fantasy
0 2024 137 mins
Karnika