YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My Sweet Mobster (2024) E13 WEB-DL 720p (CM).mp4

348.28 MB N/A video/mp4 269 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella
7

ဒီနေ့မှာတော့ CM က Disney ဖန်တွေအတွက် Old but Gold ဆိုတဲ့အတိုင်း ဟောင်းပေမဲ့လည်း ဘယ်အချိန် ကြည့်ကြည့်မရိုးပဲ ကောင်းနေဆဲဆိုတဲ့ ကာတွန်းကားလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အဲ့တာကတော့ IMDb မှာ 7.3/10 နဲ့ Rotten Tomatoes မှာ 97% ရထားတဲ့ ကိုယ်တွေငယ်ဘဝရဲ့ အသည်းစွဲ Cinderella (I) 1950 လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ မသိတဲ့သူမရှိသလောက်ပါပဲ။ မိထွေးနဲ့ မိထွေးရဲ့သမီး၂ယောက်ဆီမှာ အစေခံတစ်ယောက်လို အလုပ်လုပ်ပေးရပြီး အနိုင်ကျင့်ခံရတဲ့ စင်ဒရဲလားလေးရဲ့ သနားစရာ ဘဝဇာတ်ကြောင်းလေးပါပဲ။ ဟိုးအဝေးဆီက နန်းတော်ကြီးဆီ လှမ်းမျှော်ကြည့်ပြီး စင်ဒရဲလားလေးဟာ တော်ဝင်ကပွဲကိုတက်ခွင့် ရဖို့စိတ်ကူးယဥ်နေပါသတဲ့။ အဲ့လို စင်ဒရဲလား လေးရဲ့ စိတ်ကူးတွေကို အကောင်အထည်ပေါ်အောင် သူရဲ့သူငယ်ချင်း ကြွက်ကလေးတွေက ဘယ်လိုကူညီကြမလဲ၊ စိတ်ထားမကောင်းတဲ့မိထွေးဆိုးကြီးက ဘယ်လိုယုတ်မာပြမလဲ၊ သူတော်ကောင်းနတ်ကောင်းမ ဆိုတဲ့ စကားအတိုင်း အစောင့်အရှောက်နတ်သမီးဖွားဖွားက ဘယ်လိုတွေ ကူညီပေးမလဲ ဆိုတာကို ငယ်ဘဝကခံစားချက်တွေ နဲ့ ရသစုံလင်စွာ ပျော်ပျော်ရွှင်ရွှင်ခံစားကြည့်ရှုနိုင်ဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ သီချင်းလေးတွေကအစ သေချာလေးခံစားဘာသာပြန်ပေးထားတာမို့ CM လက်ရာ ကောင်းကောင်းလေးနဲ့ တစ်ဖန်ပြန်လည်ခံစားကြည့်ရှူ ချင်ကြတဲ့ ပရိတ်သတ်ကြီးတို့အတွက် down ရကျိုးနပ်စေမယ့် ကားကောင်းလေးတစ်ကားဖြစ်စေရဖို့ အာမခံပါတယ်လို့ပြောရင်း ... Let's Enjoy Guys ! ! File size…1.05GB / 718MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 14m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Crime • Drama • Mystery • Sci-Fi & Fantasy
7 1950 74 mins
Cinderella
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
Zack Snyder's Justice League
8.2

စောင့်မျှော်နေတဲ့ Snyder's Cut တော့ ထွက်ရှိလာပါပြီ 2017 မှာထွက်ရှိခဲ့တဲ့ Justice League ရဲ့ အကြီးအကျယ် Failed တာကြောင့် DC ပရိတ်သတ်တွေဟာ Zack Snyder နှုတ်မထွက်ခင်က Version ကို WB ကိုအသည်းအသန်တောင်းကြပါတယ် 4 နှစ်အကြာမှာတော့ အိမ်မက်တွေဖြစ်မြောက်ပြီလို့ဆိုရမှာပါ ဒီဇာတ်ကားဟာ Super Man & Batman ကားရဲ့ အဆုံးသတ်ကနေစပြီး ဇာတ်လမ်းပြန်တည်ထားပါတယ်..SuperMan သေဆုံးပြီးတဲ့နောက် ကနေစပြီး Mother Box သုံးခုနိုးထလာမှုနဲ့အတူ Steppenwolf ဟာ လိုက်လံစုဆောင်းပါတော့တယ် Mother Box သုံးခုရဲ့ကြီးမားတဲ့ အစွမ်းကိုသိနေတဲ့ Wonder Woman ဟာ Bruce Wayne ကိုပြောပြပြီး ဖြစ်လာမယ့် အန္တရာယ်တွေအတွက် တားဆီးဖို့ လူစုခိုင်းပါတော့တယ် ဒီလိုနဲ့ပဲ Justice League အဖွဲ့ဖြစ်တည်လာဖို့ Bruce Wayne ကစတင်ပြီး လူစုပါတော့တယ်...ဒီဇာတ်ကားဟာ 4 နာရီကြာမြင့်တာဖြစ်ပြီး တချို့ဇာတ်ကောင်တွေရဲ့ Origin တွေဟာလည်းပြည့်ပြည့်စုံစုံပါတယ် ဒီတခါတော့ JL ဟာသင်တို့ကိုစိတ်ပျက်စေမှာမဟုတ်လောက်ဘူးလို့ထင်ပါတယ်... စစထွက်တုန်းက WEBRIP Quality နဲ့ တင်ဆက်ဖူးပြီး အခုတော့ BluRay DS4K 1080p HEVC Quality နဲ့ ထပ်မံတင်ဆက်လိုက်ပါတယ်... Screenshot လေးတွေကို ကြည်ကြည့်ပေးပါ။ သိမ်းထားလို့ရတဲ့ Quality ဖြစ်ပါတယ်။ Screen Ratio ကတော့ Zack Snyder ရဲ့ သူ့ Original အတိုင်း ခပ်ရှည်ရှည်ပဲဖြစ်ပါမယ်။ File size…(3.8 GB)/(2.1 GB) Quality….BluRay DS4K 1080p / WEBRip 720p Format…mkv/mp4 Duration….04:02:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung , August Translated by Little Neo , August , Idiot MyoKo

Drama
8.2 2021 242 mins
Zack Snyder's Justice League
Mishan Impossible
6.1

Thappad ဆိုတဲ့ ကားနဲ့ လူသိပိုများတဲ့နာမည်ကြီးမင်းသမီးချောလေး Taapsee Pannu  ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ... တစ်ချို့သောသူတွေဟာ အာဏာရပြီး အများကျိုးသယ်ပိုးဟန်တွေပြတဲ့သူတွေဆိုပေမဲ့ တစ်ချိန်တုန်းက ကလူတိုင်းထိတ်လန့်ကြောက်ရွှံရတဲ့ လူဆိုးကြီ:တွေဖြစ်ခဲ့ကြတယ်... လက်ရှိမှာလည်း ဉပဒေကိုလက်တစ်လုံးခြား ကွက်ကျော်ရိုက်နေတဲ့သူတွေပေါ့.... ဒီလိုလူတွေကို နည်းမျိုးစုံနဲ့ လက်လံဖမ်းဆီးနေတဲ့ ကောင်မလေးတစ်ယောက်ဦးဆောင်တဲ့ (၃)ယောက်အဖွဲ့တစ်ဖွဲ့ရှိတယ်...တစ်နေတာ့ သူတို့တွေဟာ ကလေး လူမှောင်ခိုကူးတာကို အဓိကထားလုပ်နေတဲ့ ဒုစရိုက်ရာဇာတစ်ဦးကို ဖမ်းဖို့ စီစဉ်ကြတယ်... အာဏာလည်းရှိပြီးငွေလည်းရှိတဲ့အပြင် အဆက်အသွယ်တွေ လူအင်အားတွေ တောင့်လွန်းတော့ သူတို့အတွက်မလွယ်လှဘူး...တစ်ချိန်တည်းမှာပဲ အစိုးရက ဒီလူဆိုးကြီ:ကိုဖမ်းနိုင်ရင် ရူပီသိန်း(၅၀)ချီးမြှင့်မယ်ဆိုပြီးကြေငြာထားတယ်... ဒီအကြောင်းကို ရွာတရွာရဲ့ မျောက်လောင်း ကလေး (၃)ယောက်ကသွားတွေ့တယ်... သူတို့သာ ဖမ်းနိုင်ရင် သိန်း၅၀ ရမယ် ..ဒါဆို သူတို့ရည်မှန်းချက်တွေပြည့်အောင် လုပ်ဖို့များစွာအထောက်အကူဖြစ်မယ်ဆိုပြီး စပါယ်ရှယ်အစီအစဉ်တွေဆွဲပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်.. လူကြီး(၃)ယောက်နဲ့ ကလေး(၃)ယောက်ပေါင်းစည်းဖို့ဖြစ်လာသလို သူတို့အစီအစဉ်တွေအောင်မြင်မလား...ဆိုတာကိုတော့... File Size          : 2.5GB, 1.1GB, 378MB Quality            : Web-dl 720p, 480p Format            : mp4 Duration         : 1hr & 34mins Genre              : Drama , Action, Comey Translated by  Chothet_mlmt & Moe Lay Encoded by  Phyo Pyae

Comedy • Drama • Fantasy
6.1 2022 129 mins
Mishan Impossible
Sharper
6.5

Sharper (2023) ဒါရိုက်တာ Benjamin Caron ရိုက်ကူးပြီး Sebastian Stan နဲ့ မင်းသမီးကြီး Julianne Moore ပါဝင် သရုပ်ဆောင်ထားတဲ့ psychological thriller ဇာတ်ကားသစ် ရပါပြီ။ Justice Smith နဲ့ Briana Middleton တို့လည်း ပါပါသေးတယ်။ ဇာတ်လမ်းတင်ဆက်ပုံကတော့ နည်းနည်းထူးခြားပါတယ်။ အစပိုင်းမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်တဲ့ တွန့်အကြောင်းပြထားပြီး စာအုပ်လာဝယ်တဲ့ ကျောင်းသူလေး ဆန်ဒရာနဲ့ ချစ်သူတွေ ဖြစ်သွားကြပုံကို ရိုက်ပြထားပါတယ်။ တစ်နေ့တော့ ဆန်ဒရာက အစ်ကိုဖြစ်သူရဲ့ အကြွေးတွေကို ဆပ်ပေးဖို့ ပိုက်ဆံလိုနေတဲ့အကြောင်း တွန့်ကို ပြောလာပါတယ်။ တကယ်တော့ ဆန်ဒရာက တွန်ထင်နေသလို စာကြမ်းပိုးလေး မဟုတ်ဘဲ အကြီးစား လူလိမ်တစ်ယောက်ပါ။ နောက်တော့ ဆန်ဒရာ ဘယ်လိုလုပ်ပြီး လူလိမ်ဖြစ်လာလဲဆိုတာနဲ့ သူ့ကို အလိမ်အညာပညာရပ်တွေ သင်ပေးတဲ့ မက်စ်ဆိုတဲ့သူနဲ့ တွေ့ဖြစ်ကြပုံကို ရိုက်ပြထားပါတယ်။ အဲဒီနောက်တော့ မက်စ်အကြောင်း၊ အဲဒီနောက် မက်စ်ရဲ့ဘဝထဲက မက်ဒလင်းအကြောင်းတွေကို တစ်ဆင့်ချင်းစီ ပြသွားပါတယ်။ ပြောရရင် လှေကားထစ်တွေလိုမျိုး တစ်ဆင့်ချင်း တက်သွားတဲ့ ဇာတ်လမ်းပါ။ လှေကားထစ်တွေရဲ့ အဆုံးမှာ ဘာတွေ ရှိမလဲဆိုတာကို ကိုယ်တိုင်ကြည့်ရှုပြီး အဖြေရှာကြည့်လိုက်ပါဦး။ အညွှန်းကိုတော့ Roman NoX က ရေးထားပေးပြီးတော့ ဘာသာကြန်ထားတာကတော့ Roman NoX နဲ့ Kai Zenn တို့ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 974MB | 515MB | 273MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoXand Kai Zenn Encoder ….. August

6.5 2023 115 mins
Sharper
Drillbit Taylor
5.7

IMDb 5.7 / Rotten Tomatoes 26% စိတ်အပန်းပြေစေမယ့် ဆယ်ကျော်သက်ကျောင်းသား ဟာသကားလေး Drillbit Taylor Drillbit Taylor ဆိုတဲ့အတိုင်း ဒီဇာတ်ကားလေးထဲမှာ ပလက်ဖောင်းခေါင်းအုံး လမ်းဘေးရေပန်းမှာ ကိုယ်တုံးလုံးချွတ် ရေချိုးလေ့ရှိတဲ့ အိမ်ခြေမဲ့ တပ်ပြေး Drillbit Taylor နဲ့ကျောင်းတွင်းအနိုင်ကျင့်ခံနေရတဲ့ အထက်တန်းကျောင်းသားလေး သုံးယောက်တို့ရဲ့ အလွဲလေးများကို ရယ်မောဖွယ် ကြည့်ရှုရမှာပါ အိမ်ခြေမဲ့ဘဝမှာ လူတွေရဲ့ကဲ့ရဲ့တဲ့အကြည့်တွေ အပြောတွေကို မုန်းတီးလာတဲ့ Drillbit Taylor တစ်ယောက် ကနေဒါမြောက်ပိုင်းမှာ သွားအချေခြဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်တစ်ဖက်မှာတော့ အထက်တန်းကျောင်း စတက်တက်ချင်းမှာပဲ ကျောင်းသားကြီးတွေရဲ့ အနိုင်ကျင့်ဗိုလ်ကျခြင်းကို နေ့စဥ်ရက်ဆက် ခံနေတဲ့ ကျောင်းသားလေးသုံးယောက်ဟာကိုယ်တိုင် ပြန်မခုခံနိုင်တဲ့အဆုံး မိမိတို့ကို ကာကွယ်ပေးမယ့် သက်တော်စောင့်တစ်ယောက် ငှားဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ…ခရီးစရိတ်လိုအပ်နေတဲ့ Drillbit နဲ့ သက်တော်စောင့်လိုနေတဲ့ သူတို့လေးတို့ တွေ့ဆုံကာ အလုပ်ဖြစ်သွားပါတော့တယ် Drillbit တစ်ယောက် ကလေးတွေရဲ့ကျောင်းမှာ ဆရာအဖြစ် ဟန်ဆောင်ရင်း အနိုင်ကျင့်နေတဲ့ကျောင်းသားကြီးတွေကို ပြန်သင်ခန်းစာပေးလိုက်ဆရာမလေးတစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်လိုက်နဲ့ သာယာနေပါတော့တယ်ဒီလိုနဲ့ တစ်နေ့မှာတော့ ကံဆိုးမှုတွေ အစုလိုက်အပြုံလိုက် ရောက်လာပါတော့တယ်Drillbitရဲ့သရုပ်မှန်ကို ကျောင်းသားကြီးတွေရော ချစ်သူဆရာမလေးပါ သိသွားကြပြီး တစ်ဖက်မှာလည်း သူ့သူငယ်ချင်းလူမိုက်ကကလေးတွေရဲ့အိမ်ကို ဖောက်ကာ ပစ္စည်းတွေ ခိုးသွားတဲ့အခါမှာတော့…ပေါ့ပေါ့ပါးပါး လူငယ်ဟာသကားလေးတွေကို ကြည့်ရှုချင်ကြသူတွေ ဒီ Comdey / Drama ဇာတ်ကားကောင်းလေးကို ကြည့်ရှုကြည့်ကြပါလို့ တိုက်တွန်းရင်း… File size… 2.27 GB / 957.8MB Quality…Blu-Ray 1080p 5.1 CH / 720P Format…mp4 Duration….1h 50m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

5.7 2008 110 mins
Drillbit Taylor
A Million Miles Away
7.6

ဘဝမှာဖြစ်ချင်တဲ့ အိပ်မက်တွေပန်းတိုင်တွေဆိုတာကလူတိုင်းမှာရှိကြမှာပါ။ အဲ့ဒီအရာတွေကို အကောင်အထည်ဖော်ဖို့ကလည်း နည်းမှန်လမ်းမှန်နဲ့ မဆုတ်နစ်သော ဇွဲနဲ့ကြိုးစားမှဖြစ်နိုင်မှာပါ။ အဲ့ဒီအပြင်ကိုမှ ကိုယ်သာကြိုးစားရင် မဖြစ်နိုင်တဲ့အရာဆိုတာ မရှိပါဘူးဆိုတာကို A Million Miles Away ဆိုတဲ့ဖြစ်ရပ်မှန် ဇာတ်ကားလေးနဲ့ဖော်ကျူးထားတာကို ကြည့်ရမှာပါ။ ဟိုဆေးဟာနန်ဒက်ဇ်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့ရဲ့မိသားစုနဲ့အတူ ပိုကောင်းတဲ့ ဘဝကိုပိုင်ဆိုင်ရဖို့အတွက် မက္ကဆီကိုကနေကယ်လီဖိုးနီးယားကို ပြောင်းရွှေ့ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာ သူတို့လိုတိုင်းတစ်ပါးကပြောင်းရွှေ့လာကြ သူတွေဖြစ်တဲ့ ယောက်ျားမိန်းမ လူကြီးလူငယ်ကလေး ဘယ်သူမဆို လယ်အလုပ်ကိုပဲ လုပ်ကိုင်ကြရပါတယ်။ဒါပေမယ့် ဟိုဆေးကအရမ်းဉာဏ်ကောင်းတဲ့ ကလေးဖြစ်တဲ့အတွက် ကျောင်းတစ်ဖက်နဲ့ လယ်အလုပ်တစ်ဖက်ဆိုရင် ပညာရေးကိုထိခိုက်စေမှာ ဖြစ်ကြောင်း ဆရာမကပြောတဲ့အခါ သူ့မိဘတွေကသူတို့ရဲ့ အိမ်ဆောက်ချင်တဲ့ အိပ်မက်လေးကို စတေးပြီး ဟိုဆေးရဲ့ပညာရေးကိုအပြည့်အဝထောက်ပံ့ပေးခဲ့ပါတယ်။ဟိုဆေးမှာ ငယ်ငယ်လေးကတည်းက ဖြစ်ချင်နေခဲ့တဲ့ အိပ်မက်တစ်ခုရှိပြီး အဲ့ဒါကတော့ အာကာသယာဉ်မှူး ဖြစ်ပြီး အာကာသထဲကိုသွားချင်တာပဲဖြစ်ပါတယ်။ဒီလိုနဲ့ ဟိုဆေးအရွယ်ရောက်တဲ့အခါမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်လာပြီး အိမ်ထောင်တွေကျပြီးသားသမီးတွေနဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမယ့် သူ့အိပ်မက်ဖြစ်တဲ့အာကာသယာဉ်မှူးဖြစ်ဖို့ကလည်း အခုထက်ထိ မပျောက်ကွယ်သွားပဲနဲ့ နှစ်စဉ်လျှောက်လွှာတင်နေခဲ့ပါတယ်။ ဒါပေမယ့် NASA ဆိုတာ ဝင်ရောက်ဖို့ အရမ်းခက်ခဲတဲ့နေရာတစ်ခုဖြစ်တဲ့အတွက် နှစ်စဉ်ပယ်ချခံနေခဲ့ရပြီး ဟိုဆေးတစ်ယောက် မိသားစုကိစ္စတွေ အခက်အခဲတွေကြားက ဘယ်လိုစတေးမှုတွေလုပ်ရင်း သူ့ရဲ့အိပ်မက်ပန်းတိုင်ကို ဘယ်လိုလျှောက်လှမ်းသွားမယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ File size…2.38 GB / 1.03 GB Quality…AMZN.WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….2h 1m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

7.6 2023 122 mins
A Million Miles Away
Letters to Santa
5.9

Letters to Santa (2023) ================= IMDb Rating – 5.9/10 ခရစ္စမတ်ကာလမှာ မိသားစုနဲ့အတူကြည့်ရှုလို့ကောင်းမယ့် ဇာတ်ကားလေးကို တင်ဆက်ပေး လိုက်ပါတယ်။ အန်းနရစ်တို့ဇနီးမောင်နှံက အကြောင်းကိစ္စတစ်ခု ကြောင့် စိတ်အလိုမကျဖြစ်ပြီး သီးခြားစီ အိမ်ခွဲနေကြတာပါ။ သူတို့မှာ ဆမ်နဲ့ အစ်ဇီဆိုတဲ့ကလေးနှစ်ယောက်ရှိတယ်။ ခရစ္စမတ်ပိတ်ရက်မှာ ကလေးတွေကို စာအုပ်ဆိုင်လိုက်ပို့ရင်းနဲ့ ကလေးတွေက ဆန်တာဖိုးဖိုးနဲ့ဓာတ်ပုံရိုက်ကြတာပေါ့။ အဲဒီမှာ ကလေးတွေကို ဘာလိုချင်လဲမေး‌တော့ အငယ်လေးအစ်ဇီက မရေမရာ ဖြစ်နေတာနဲ့ ဆန်တာဖိုးဖိုးက မှော်ဘောပင်လေးတစ်ခုလက်ဆောင်ပေးလိုက် တယ်။ မှော်ဘောပင်နဲ့ ဆန်တာဖိုးဖိုးဆီစာရေးလိုက်ရင် ဆန္ဒတွေ တကယ်ဖြစ် လာမယ်ပေါ့။ ဒါပေမဲ့ ဒီမှော်ဘောပင်က အရာရာကိုမပေးနိုင်ဘူး။ ကိုယ့်ကျိုးအတွက်မဟုတ်ဘဲ တဖက်သားကိုအကျိုးရှိစေမယ့်ဆန္ဒမျိုးမှ ဖြည့်ဆည်းပေးနိုင်မယ်လို့ ဆန်တာဖိုးဖိုး က မှာလိုက်တယ်။ ဒီလိုနဲ့အစ်ဇီက ညရောက်တာနဲ့ခွေးလေးလိုချင်တယ်ဆိုပြီး ဆန် တာ့ဆီကို စာရေးပို့လိုက်တဲ့အခါ…တကယ်ရော ခွေးလေးက ရောက်လာမှာလား။ တခြားဘာတွေများ ထပ်ပြီးတောင်းဆိုကြမလဲဆိုတာသိချင်ရင် ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ အကြံပေးချင်ပါတယ်။ စိတ်ပင်ပန်းနေတဲ့သူတွေအတွက် အချိန်ပေးရကျိုး နပ်စေမယ့် ပေါ့ပေါ့ပါးပါးစီးမြောရမယ့် ဇာတ်ကားလေးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.55 GB) / (674 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….ZWT Encoder……….SWM

5.9 2023 84 mins
Letters to Santa
Katy Perry: Part of Me
5.9

Katy Perry: Part of Me (2012) ====================== IMDb Rating – 5.9/10 ♪…I used to bite my tongue and hold my breath… Scared to rock the boat and make a mess… So I sat quietly, agreed politely…♪ CM ပရိတ်သတ်ကြီးတို့အားလုံးနီးပါး ဒီ “Roar”သီချင်းနဲ့ ရင်းနှီးကြမှာပါ။ Katy Perry လို့ဆိုလိုက်ရင် သူ့ရဲ့နာမည်ကြီး သီချင်းတွေဖြစ်တဲ့ “Hot n Cold”၊ “Roar”၊ “Teenage Dream”နဲ့ “I Kissed a Girl”တို့ကို တန်းပြီး မျက်လုံးထဲပေါ်လာကြမှာပါ။ သူ့ရဲ့ခေတ်သစ်ပေါ့ပ်သီချင်း‌တွေနဲ့ သူမတူတဲ့ Camp တွေကြောင့် “Queen of Camp”လို့တင်စားရတဲ့သူ၊ ခေတ်သစ်ပေါ့ပ်ဂီတသမိုင်း မှာ စံချိန်များစွာချိုးဖူးတဲ့သူတစ်ယောက်။ ဒါလေးကတော့ (2012)တုန်းက “California Dreams Tour”ဖျော် ဖြေရေးခရီးစဉ်နဲ့ သူရဲ့အတ္ထုပ္ပတ္တိကို တွဲပြီးမှတ်တမ်းတင်ထားတဲ့ မှတ် တမ်းရုပ်ရှင်ဖြစ်ပါတယ်။ Katy တစ်ယောက် တင်းကြပ်လွန်းတဲ့ ဘာသာ ရေးအသိုင်းအဝိုင်းမိသားစုကနေ အနုပညာလမ်းပေါ် စပြီးလျှောက်လှမ်း ဖြစ်ခဲ့ပုံတွေ၊ ဂီတကိုရူးသွပ်ခဲ့ပုံတွေနဲ့ K‌atyနဲ့ သူ့ပရိတ်သတ်တွေကြားက ဆက်ဆံရေးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေရဲ့အမြင်တွေကို ထည့်သွင်းရိုက်ကူးထားပါတယ်။ ဒါကြောင့် KatyCatsတို့အတွက် CM ကနေတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(2 GB) / (1 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 33Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary, Music Translator…….Ngwe Zin Encoder……….SWM

5.9 2012
Katy Perry: Part of Me
Steel Magnolias

ဒီရုပ်ရှင်က Robert Harling ရဲ့ ပြဇာတ်ကို ဒါရိုက်တာ Herbert Ross က ပြန်လည် ရိုက်ကူးထားတာ ဖြစ်ပြီး မင်းသမီးတွေအနေနဲ့ Sally Fields, Julia Robert, Dolly Parton,Shirley MacLaine, Olympia Dukakis တို့လို နာမည်ကြီးတွေ ပါဝင်ပြီး Julia Robert ဟာလည်း 1990 မှာ ဒီရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးခဲ့ပါတယ်။ Robert Harling ရဲ့ အစ်မဖြစ်သူ Susan Harling အကြောင်းကို ပြန်လည် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပြီး ရုပ်ရှင်ထဲမှာ အမေနဲ့ သမီး ချစ်မေတ္တာတွေ၊ အမျိုးသမီး အချင်းချင်း ရိုင်းပင်းကူညီမှုတွေကို နွေးနွေးထွေးထွေး ကြည့်ရမယ့် ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ ဒီ ရုပ်ရှင်ထဲမှာ Julia Robert ရဲ့ Character Shelbyကလည်း ပီပြင်သလို သူ့အမေရဲ့ character Miss M’Lynn ကလည်း သိပ်ကို အသက်ဝင်လှပါတယ်။ ကျန်တဲ့ supporting actressတွေကလည်း ကိုယ်စီဝါရင့်တဲ့ သရုပ်ဆောင်တွေဖြစ်ပြီး ဟာသလေးတွေလည်း ပါဝင်တာမို့လို့ မပျင်းမရိပဲ ကြည့်ရမယ့်ကားလေးပါ။ ဇာတ်လမ်းအကြောင်းပြောရရင် Shelby က တက်ကြွ လှပတဲ့ အမျိုးသမီးငယ်လေး ဖြစ်ပြီး Jackson ဆိုတဲ့ လူငယ်လေးနဲ့ မကြာခင်မှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ Shelby ရဲ့ အမေ M’Lynnက Shelby ကို အရမ်းချစ်ပြီး ဂရုစိုက်တဲ့သူပါ။ ဒါပေမယ့် သားအမိနှစ်ယောက်က တစ်ခါတလေ လည်း တကျက်ကျက်နဲ့ပါ။ Shelbyက ဆီးချိုရောဂါရှိတဲ့အတွက် ဆရာဝန်က ကလေး မမွေးသင့်ဘူး အကြံပေးထားပါတယ်။ ဒါပေမယ့် Jackson နဲ့ လက်ထပ်ပြီး တစ်နယ်တစ်ကျေး ပြောင်းသွားတဲ့ Shelbyဟာ ခရစ္စမတ်မှာ အမေ့အိမ်ကို ပြန်လာပြီး ကိုယ်ဝန်ရှိနေကြောင်း အသိပေးခဲ့ပါတယ်။ သမီးကို သိပ်ချစ်တဲ့ M’Lynn က စိုးရိမ်ခဲ့ပေမယ့် Shelby ကိုယ်တိုင်က သူ ကိုယ်တိုင် လိုချင်လို့ မွေးတာဖြစ်ကြောင်း အမေဖြစ်သူကို ဖြောင်းဖြခဲ့ပါသေးတယ်။ ဒီလိုနဲ့ Shelbyက သားလေးတစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ မွေးခဲ့ပေမယ် ကံတရားက ကြိုမမြင်နိုင်တဲ့ အရာတွေကို သယ်ဆောင်လာပါတယ်။ ဒီရုပ်ရှင်က အရမ်းအောင်မြင်ခဲ့ပြီး ရုပ်ရှင်ထဲက ဒိုင်ယာလော့တွေဆိုရင်လည်း တော်တော်နာမည်ကြီးပါတယ်။ Old but gold ဆိုတဲ့အတိုင်း ကားဟောင်းဆိုပေမယ့် အဲ့အချိန်က အမေရိကန်တောင်ပိုင်းဒေသက အလှအပတွေ ပွဲတော်တွေ ရိုးရာတွေကိုလည်း မြင်နိုင်ပါတယ်။ File size…(2.6 GB)/(1.65 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:57:00 Genre…Comedy, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

Drama • Romance
0 1989
Steel Magnolias
Dario Argento: Panico
6.7

Dario Argento Panico (2023) ———————————- Genre – Documentary IMDb – 6.7/10 သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကိုရေးသားရိုက်ကူးတဲ့ နာမည်ကြီးအီတလီဒါရိုက်တာ Dario Argentoရဲ့ အလုပ်နဲ့ဘဝကိုရိုက်ကူးပုံဖော်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ် သားစဉ်မြေးဆက်ရုပ်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့သူ့မိသားစုအကြောင်းနဲ့ Darioရဲ့အောင်မြင်ခဲ့တဲ့ဇာတ်ကားတွေနဲ့ ဘယ်လိုရိုက်ကူးခဲ့ရလဲဆိုတာတွေသေးစိတ်ပါဝင်ပါတယ် Documentaryအမျိုးအစားဆိုတဲ့အတိုင်းစကားပြောခန်းတွေပဲ အများဆုံးပါတယ်ဆိုပေမယ့်လည်းပြည်တွင်းကနေပြည်ပထိကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ဒါရိုက်တာတယောက်ရဲ့အကြောင်းကို သေချာရိုက်ပြထားတဲ့အတွက်ကြည့်ရှုဖိုတော့လက်မလွှတ်သင့်ပါဘူး

6.7 2023
Dario Argento: Panico
And Life Goes On
7.9

And Life Goes On (1992) ~ IMDb – 7.9/10, Rotten Tomatoes – 100% ~ ရုပ်ရှင်ရိုက်တာဟာ ကဗျာရေးတာနဲ့ တူနေမလားတော့ ကျွန်တော်မသိဘူး။ တချို့ကဗျာတွေ ခင်ဗျားတို့မြင်ဖူးတယ်မလား။ နိမိတ်ပုံတွေ စကားလုံးအဆန်းအပြားတွေ နိုင်းချင်းထည့်ထားပြီး ဘာခံစားမှုမှမပေးနိုင်တာတွေလည်းရှိတယ်။ ဆရာ့ဆရာကြီးတွေကတော့ ဒီလိုမျိုးတွေကို စကားလုံးနဲ့ မလုံလောက်တဲ့ ခံစားမှုတွေအတွက် သုံးတာလို့တော့ ကျွန်တော်မြင်တယ်။ သူတို့ဆီကနေ သေချာတဲ့ ခံစားချက်တစ်ခု ကျွန်တော်တို့အမြဲရတယ်။ ဒါပေမဲ့ တမင်ကြီးလုပ်ယူရေးထားတာတွေမှာတော့ ကျွန်တော်တို့ကို ဘာခံစားချက်မှ မပေးနိုင်ဘူး။ ကျွန်တော်တို့သာ လုပ်ယူမခံစားရင်ပေါ့။ ဒီလိုပဲ ဆန့်ကျင်ဘက်အနေနဲ့ သိပ်ကိုရိုးရှင်းပြီး ဘာမှမဟုတ်ပါဘူးလို့ ထင်ရပေမဲ့ တော်တော်လှနေတဲ့ ကဗျာတွေလည်းရှိတယ်။ ကဗျာကို မခံစားတတ်ရင်တော့ ကျွန်တော်တို့ တစ်ရာဖိုးသုံးပုဒ်လို့ပြောတဲ့ ကဗျာတွေရဲ့ရိုးရှင်းမှုနဲ့ ဒီကဗျာတွေရဲ့ ရိုးရှင်းမှုကို ကွဲပြားလိမ့်မယ်မထင်ဘူး။ ဒါပေမဲ့ ဒီလိုကဗျာတွေရေးဖို့က ပိုခက်တတ်တယ်။ သီအိုရီနဲ့မှမဟုတ်ပါဘူး ခံစားမှုသက်သက်နဲ့လည်း သိနိုင်တဲ့အရာတွေပဲ။ Abbas ဟာ ရုပ်ရှင်ကို ကဗျာရေးသလိုရိုက်တဲ့လူလို့ပြောရမလားမသိပါဘူး။ သူ့ရုပ်ရှင်တွေကအမြဲ ကျွန်တော်ပြောခဲ့တဲ့ ဒုတိယအမျိုးအစားကဗျာတွေနဲ့ အမြဲတူနေတယ်။ ရုပ်ရှင်နာမည်နဲ့ ရုပ်ရှင် ချိတ်ဆက်ပုံမှာလည်း အမြဲ ကဗျာနဲ့သူ့ခေါင်းစဉ်ကို ပိုင်းခြားမရသလိုဖြစ်အောင် ရုပ်ရှင်နာမည်ကို သူအမြဲပေးနိုင်တယ်။ And Life Goes On (1992) ဟာ Abbas ရဲ့ Koker Trilogy ထဲက ဒုတိယကားဖြစ်သလို တကယ့်ဖြစ်ရပ်မှန်အပေါ်ခြေတည်ပြီး သူတကယ်ကြုံတွေ့ခဲ့ရတာတွေကို အခြေခံပြီး ရိုက်ကူးထားတယ်။ ငလျင်ကြီးလှုပ်ပြီးတဲ့နောက် ငလျင်ဒဏ်ခံဒေသမှာရှိနေတဲ့ Where Is the Friend’s House? ကားထဲက ကလေးသရုပ်ဆောင်လေးကို သူသွားရှာတဲ့ခရီးမှာ ကြုံခဲ့ရတာတွေကို အခြေတည်ရိုက်ကူးထားတယ်။ ဒီကားနာမည်က And Life Goes on… And ကတော့ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ကို ရည်ညွှန်းလိမ့်မယ်။ ဘဝကရှေ့ဆက်နေမှာပဲ ရှေ့ဆက်ရမှာပဲပေါ့။ ဒီအကြောင်းအရာကို Abbas က ခရီးတစ်ခုတည်းနဲ့ပဲ ပီပီပြင်ပြင်ပုံဖော်ထားတာကို ကျွန်တော်တို့မြင်ရမှာပါ။ ဒါကို သူပြထားတာက ငလျင်ကြီးတစ်ခုရဲ့နောက်ဆက်တွဲမှာ ရှင်ကျန်ခဲ့တဲ့လူတွေနဲ့ ပြသထားတယ်။ ဇာတ်ကောင်က ငလျင်ဒဏ်ခံထားရတဲ့နေရာတွေထဲက တစ်နေရာဖြစ်တဲ့ ကို့ကာကို သွားဖို့လုပ်ခဲ့တယ်။ လမ်းမှာလည်း ငလျင်ဒဏ်ခံထားရတဲ့ နေရာတွေအများကြီးဖြတ်ခဲ့ရတယ်။ ဒီလမ်းမှာ အဆုံးအရှုံးတွေနဲ့လူတွေကို သူတွေ့ခဲ့ရတယ်။ ပျက်စီးသွားတဲ့ကိုယ့်အိမ်ကို မပျက်စီးပါဘူးလို့ ကိုယ့်ကိုယ်ကိုယ်လိမ်ပြီး ဆက်ရှင်သန်နေတဲ့လူတွေလည်းရှိတယ်။ အပျက်အစီးတွေကြားမှာ ကျန်တာတွေထက် ရေနွေးအိုးကိုအရပြန်ယူနေတဲ့ လက်ဖက်ရည်မသောက်ဘဲ မနေနိုင်တဲ့ အဘွားတစ်ယောက်လည်းရှိတယ်။ ခင်ဗျားပဲ စဉ်းစားကြည့်။ တစ်မိသားစုလုံးသေပြီး ကိုယ့်ဘေးကလူတွေအားလုံး ဒုက္ခတွေပတ်လည်ဝိုင်းနေတုန်း သူက ရေနွေးအိုးလေးကို အပျက်အစီးတွေကြားထဲက မရမကကိုပြန်ယူနေတဲ့မြင်ကွင်းကိုပေါ့။ ဇာတ်ကောင်က ဒါကိုတွေ့တော့ မေးကြည့်တယ်။ ဒါပေမဲ့ အဘွားကြီး ပြန်ဖြေတာက လက်ဖက်ရည်မသောက်ဘဲ ငါသုံးရက်ကျော်ပြီးမနေနိုင်ဘူးတဲ့ ဘဝကရှေ့ဆက်ရမှာပဲတဲ့။ သုံးရက်တော့ သူပူဆွေးခဲ့မယ်ထင်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ဘဝဟာ ရှေ့ဆက်ရမှာပဲ။ သူ့ဘဝကို သူအရသာရှိရှိနဲ့ပေါ့။ သေခြင်းနဲ့ပက်ပင်းတွေ့ပြီးတဲ့အခါ ရှင်သန်ခြင်းရဲ့အရသာကို ပိုသိသွားကြတယ်လို့ပြောကြတယ်။ သူ့ဘဝဟာ အရသာ ပိုရှိကောင်းရှိသွားလောက်ပါတယ်။ ဒီလမ်းမှာ သူထပ်တွေ့ခဲ့တဲ့ ကျန်တာတွေလည်းများတယ်။ ကမ္ဘာ့ဖလားပွဲကြည့်ဖို့ ဒီလောက်အပျက်အစီးတွေ ဆုံးရှုံးမှုတွေကြား အင်တာနာရအောင်ထောင်ပြီး ဟေးလေးဝါးလားကြည့်နေခဲ့တဲ့သူတွေကိုလည်း သူတွေ့ခဲ့တယ်။ သူတို့စကားကတော့ ကမ္ဘာ့ဖလားက လေးနှစ်မှတစ်ခါလာတာတဲ့… ဒီလိုပါပဲ ဘဝဟာ‌ ရှေ့ဆက်သွားနေတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 840MB Quality – BluRay 1080p, 720p IMDb Rating – 7.9/10 Format – mp4 Duration – 1H 35Min Genre – Adventure, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.9 1992
And Life Goes On
Rachael Hunger
5.2

Rachael Hunger (2024) ဒီကားလေးကတော့ ထူးထူးခြားခြားပါပဲ။ ငါးနာရီအတွင်း အပြီးရိုက်ခဲ့တဲ့ကားလေးပါ။ ဟုတ်ပါတယ်တကယ်ကို ငါးနာရီတည်းနဲ့ အပြီးရိုက်ခဲ့တာပါ။ ဇာတ်လမ်းက မှတ်တမ်းရုပ်ရှင်ရိုက်သူတစ်ယောက်ဟာ Rachael Hunger ဆိုတဲ့ Content Creator တစ်ယောက်ကို မှတ်တမ်းရုပ်ရှင်ရိုက်ပေးဖို့ အင်တာဗျူးတဲ့အကြောင်းလေးပါ။ သူတို့နှစ်ယောက်ဟာ အင်တာဗျူးအတွင်း Content Creator တစ်ယောက်ရဲ့ ခံယူချက်နဲ့ လုပ်ငန်းသ‌‌ဘောသဘာဝ တွေကို ပြောကြရင်း သူတို့ရဲ့ ဗီဒီယိုကို လူပိုစိတ်ဝင်စားနိုင်မယ့်အကြောင်းအရာလေးတွေ ဖြည့်ဖို့ လုပ်ကြပါတော့တယ်။ လူပိုစိတ်ဝင်စားမယ့်အကြောင်းတွေဆိုတာဘာတွေဖြစ်မလဲ အင်တာဗျူးမှာ ဘာတွေ မေးပြီး ဘာတွေဖြေကြမလဲ ဆိုတာတော့ ဒီကားလေးမှာ ဆက်ကြည့်နိုင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။) File size… (740 MB) / (410 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:07:19 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Swan Yee Myo Thant

Drama
5.2 2024
Rachael Hunger