YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My Stand-in S01E07 UNCUT 720p CM.mp4

241.21 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up Revolution
6.9

Genre – Drama, Music, Romance IMDB – 6.4/10 Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက် ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီ Revolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲ Falsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Message တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီး ပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကို တော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်း ဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်) သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင် Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameo အဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ဟိုတယ် တစ်ခုမှာ ဝန်ထမ်းလုပ်နေရင်း တစ်ဖက်မှာ သူ့သူငယ်ချင်းတွေနဲ့ Youtube မှာ လူ ၁ သန်း ကြည့်ရှုသူရအောင် The Mob ဆိုတဲ့ အဖွဲ့နဲ့ ထူးဆန်းတဲ့ Mob ကကွက်တွေ ဖန်တီးနေသူ။ ကြည့်တဲ့လူ ၁ သန်းပြည့်ရင် ဆုကြေးက တစ်သိန်းပေးမှာကိုး။ တစ်ဖက်မှာ အမ်မလီဆိုတဲ့ကောင်မလေးကကျ ဒီဟိုတယ်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီး အဖေဖြစ်သူနဲ့ သဘောထား ကွဲလွဲပြီး အကသမား ဖြစ်ချင်နေတဲ့လူ။ အဲဒီမှာ နှစ်ယောက်သား ရေစက်ပါလို့ တွေ့ဆုံကြရင်းနဲ့ အမ်မလီကလည်း ဒီ The Mob ဆိုတဲ့ အဖွဲ့ကို ဝင်ချင်တဲ့အချိန်၊ အမ်မလီရဲ့အဖေက ရှောင်န်တို့ ရပ်ကွက်တွေကို ငွေနဲ့ပေါက်ဝယ် သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်ဖို့လုပ်တဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ သားအဖနှစ်ယောက်က ဘယ်လိုဖြစ်မလဲ ရှောင်န်တို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာကို ကကွက်ဝေဝေဆာဆာတွေ သီချင်းအမိုက် တွေနဲ့ ရှယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…2.25GB / 1.08GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Horror • Mystery
6.9 2012 99 mins
Step Up Revolution
Get Paid

သိပ်ချစ်ရတဲ့အမျိုးသားနဲ့ သားလေးနဲ့အတူ စီးပွားရေးလည်း အဆင်ပြေလာတဲ့ ဒွန်နီရဲ့ ဘဝက သိပ်ကို သာယာကောင်းမွန်နေခဲ့ ပါတယ်။  သို့ပေမဲ့ တစ်နေ့မှာ အိမ်ဓားပြတိုက်မှုကြောင့် သူမရဲ့သား လေးက သေဆုံးသွားခဲ့ရတာကြောင့် သူမနဲ့ အမျိုးသားဖြစ်သူ ပိတ်တို့က သူငါအပြန်အလှန်အပြစ်တင်ရင်း ခွာပြဲသွားပါတယ်။ စိတ်လေနေတဲ့ ဒွန်နီရဲ့ ဘဝထဲကို ကမ္ဘာပေါ်မှာ အကြင်နာတတ်ဆုံး၊ ဒွန်နီ့ကိုအချစ်ဆုံးယောကျာ်းတစ်ယောက် ထပ်ရောက်လာခဲ့ပြီး ဒွန်နီ ပြန်လည်ပျော်ရွှင်လာခဲ့ရပေမဲ့၊ သူမရဲ့အချစ်ရေးအသစ်ကရော အဆုံးထိ ပျော်ရွှင်ရတဲ့အချစ်ရေးဖြစ်နိုင်မလား၊ မထင်ထားတဲ့ဇာတ်အလှည့် အပြောင်းနဲ့အတူ သူမသားလေးအသတ်ခံရမှုရဲ့ တရားခံတွေကိုရော ဖမ်းမိနိုင်မလား ဆိုတာကို စောင့်ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ NaNa Yuni ဖြစ်ပါတယ်) File Size..........(673 MB) / (437 MB) Quality............WEBRIP 720p / 480p Duration.........1Hr 18mins Subtitle...........Myanmar Hardsub Format............MP4 Translator.......NaNa Yuni Encoder..........SWM

Drama • Romance
0 2022
Get Paid
The Ghost Writer
6.8

ဒီကားဟာ ဆုပေါင်း ၃၃ ဆုတောင်ရရှိခဲ့ပါတယ်.. ဝါရင့်မင်းသမီး Olivia Williams၊ Star wars မင်းသား Evan McGregor နဲ့ James Bond မင်းသားကြီး Pierce Brosnan တို့အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ကိုယ်တွေ့မှတ်တမ်းတွေကို ရှဲဒိုးရေးပေးတဲ့ နာမည်ကျော်ရှဲဒိုးစာရေးဆရာ ဂို့စ်ဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း အဒမ်လန်းရဲ့ ကိုယ်တွေ့မှတ်တမ်းကို ရေးပေးဖို့ ငွေကြေးတနင့်တပိုးနဲ့ ကမ်းလှမ်းလာပါတယ်။ နိုင်ငံရေးအကြောင်းကို သေချာမသိပေမယ့်လည်း ရမယ့်ငွေပမာဏက မနည်းတာကြောင့် ဗြိတိန်သား ဂို့စ်တစ်ယောက် အမေရိကန်အထိ လိုက်ပြီး ရှဲဒိုးရေးပေးဖို့ ပြင်ဆင်ရပါတော့တယ်။ သူ့ကိုငှါးဖြစ်သွားတာက သူ့အရင်ရေးပေးနေတဲမိုက်ခ်ဆိုသူဟာ ရေနစ်သေဆုံးသွားလို့ပါပဲ။ သူ အလုပ်စတော့မယ့်အချိန်မှ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဒမ်လန်းဟာ စီအိုင်အေနဲ့ပူးပေါင်းပြီး ပြည်သူအချို့ကို အကြမ်းဖက်သမားဟုဆိုကာ ညှင်းပန်းနှိပ်စက်ခဲ့တဲ့ ကောလဟာလတွေ ထွက်လာပါတယ်။ ဒီကောလဟာလတွေကြား ဂို့စ်တစ်ယောက် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုဖြစ်ရင်း ဘယ်လိုအရှုပ်တော်ပုံတွေထဲ ပဲလှော်ကြား ဆားညပ်မလဲဆိုတာကတော့… File Size :(1.9GB)  (714 MB) and (245 MB) Quality : Blu-Ray 1080p5.1Ch, 720p Format…mp4 Duration…02:08:00 Genre : Crime , Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Adventure • Drama • Fantasy • Romance
6.8 2010 128 mins
The Ghost Writer
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
Cristiano Ronaldo interview – Piers Morgan Uncensored

လွန်ခဲ့တဲ့ တနင်္လာ​နေ့မနက်မှာ တစ်ကမ္ဘာလုံး ဟိုး​​လေးတ​ကျော်ဖြစ်သွား​စေမယ့် သတင်းတစ်ပုဒ် လိုင်း​ပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်​ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်​​ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်​မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြ​ဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်း​ဖော်​ဟောင်းဝိန်းရွန်းနီကိုပါ ​ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ​ဘောလုံး​​လောကတစ်ခုလုံး ​အုတ်​အော်​သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ ​စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် ​နောက်ဆက်တွဲ​​ မေးခွန်း​​ပေါင်းများစွာထွက်လာခဲ့ပါတယ်။ အခုဆိုရင်​တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီ​ရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်း​ရေးက တကယ်ပဲရှုပ်​ထွေး​နေတာလား။ မီဒီယာ​တွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်း​တွေရဲ့အ​ဖြေ​တွေ တစ်ခါတည်းပါလာမှာပါ။ ​ သေချာတာတစ်ခုက ဒီအင်တာဗျူး​ကြောင့် မန်ယူနိုက်တက်နဲ့ စီ​ရော်နယ်ဒိုရဲ့ အနာဂတ် မ​ရေရာ​တော့သလို ​ဘောလုံးပရိသတ်​တွေကြားမှာပါ ဂိုဏ်းဂဏ​​တွေ ကွဲကုန်တဲ့အထိ သက်​ရောက်မှု ကြီးသွားခဲ့ပါပြီ။ အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ Download Part-1 (1080p) >>> Yoteshin / Megaup / StreamSB Download Part-1 (720p) >>> Yoteshin / Megaup / StreamSB Download Part-2 END (1080p) >>> Yoteshin / Megaup / StreamSB ရိုနယ်ဒိုနဲ့မန်ချက်စတာယူနိုက်တက်တို့ကြားက ပြသနာလေးတွေကို ပရိတ်သတ်တို့ရော ဘယ်လိုမြင်ကြပါသလဲ။။။။

Action • Thriller
0 2022
Cristiano Ronaldo interview – Piers Morgan Uncensored
Kompromat
6.3

Kompromat (2022) =============== IMDb Rating – 6.3/10 တာဝန်ဝတ္တရားတွေကို စိတ်ခံစားချက်တွေနဲ့ ရောထွေးပစ်ပြီး ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်ဆိုတာ လုပ်လို့ရနေတယ်ဆိုတဲ့ အသိနဲ့ကြောင့်မို့ လုပ်ချင်ရာလုပ်နေကြတာ။ ဒီလိုလူတွေဟာ စနစ်တစ်ခု ယန္တရားကြီးတစ်ခုလုံးကို အပြစ်ဖြစ်စေနေတတ်တာမျိုး ငါးခုံးမတ​​စ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားတာမျိုးပေါ့။ လူတွေဟာ အသစ်အဆန်းတစ်ခုခုတွေ့ရင် စမ်းသပ်ချင်တာမျိုး လေ့လာချင်တာမျိုး သိချင်တာမျိုးတွေဖြစ်ကြတယ်။ ဒီလိုစိတ်တွေကြောင့်ပဲ လူသားတွေဟာ ဆင့်ကဲဆင့်ကဲ တိုးတက် လာကြတယ်ဆိုပြီး လက်ခံထားကြတယ်။ အချစ်မှာရော ငြီးငွေ့ ခြင်းက ထွက်ပြေးလိုစိတ်၊ toxic rsကနေ ရုန်းထွက်လိုစိတ်တွေဟာ ဆုံတွေ့မိသွားရင် အချင်းချင်းလက်တွဲရင်း ထွက်ပြေးချင်စိတ်ကို အဖော်ပြုပေးကြရင်း ဘောင်တွေကို ကျော်လွန်တဲ့ အသစ်အဆန်း နယ်ပယ်တစ်ခုကို အတူတူ စူးစမ်းကြတယ်ဆိုရင် အပြစ်ဖြစ်ပါ အုံးမလား။ ချစ်ခြင်းတွေ လှည့်ကွက်တွေ ချောက်ချအကွက်ဆင် တာတွေကို လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးချပြထားတဲ့ ဇာတ်လမ်းမျိုး ကြည့်ချင်ပါတယ်ဆိုရင်တော့ ဒီကားလေးက လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ခုပေါ့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်) File Size……….(1.5 GB) / (560 MB) / (300 MB) Quality…………Blu-Ray 1080p / 720p / 480P Duration………2Hrs 07Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Thriller Translator…….Paul Encoder……….SWM

6.3 2022 127 mins
Kompromat
Big Mommas: Like Father, Like Son
4.4

Big Mommas: Like Father, Like Son (2011) =============================== Big Momma’s House သုံးကားရဲ့ နောက်ဆုံးထွက်ရှိခဲ့တဲ့ ကားဖြစ်ပါတယ်။ ဒီကားမှာတော့ မိန်းမဝဝ ဝတ်စုံကြီးဝတ်ရတာ မယ်လ်ကွန်တစ်ယောက်တည်း မဟုတ်တော့ပါဘူး။ ဇာတ်ကားနာမည်အတိုင်း ဘမျိုးဘိုးတူအဖေတူသား ထရန့်ပါ,ပါလာပါပြီ။ Big Momma’s House (1)ထဲက ပေါက်စနထရန့်လည်း ဆယ်ကျော်သက် အရွယ်ရောက်လာပြီး သူ့ရဲ့ရက်ပါအိပ်မက်ကြောင့် မယ်လ်ကွန်နဲ့ အတိုက်အခံတွေဖြစ်နေပါတယ်။ (အခုထရန့်က ရှေ့၂ကားမှာပါခဲ့တဲ့ ထရန့်ငယ် ဘဝသရုပ်ဆောင်မဟုတ်ပါဘူး၊ လူသစ်ဖြစ်ပါတယ်၊ ဤကားစကားချပ်)။ ချက်ကော့ဖ်ဆိုတဲ့လူဆိုး လူသတ်လိုက်တာကိုထရန့်မြင်သွားတာကတစ်ချက်၊ ချက်ကော့ဖ်လိုက်ရှာနေတဲ့ယူအက်စ်ဘီကို မယ်လ်ကွန်လည်း လက်ဦးမှုယူဖို့လုပ် နေတာကတစ်ချက်နဲ့ သားအဖနှစ်ယောက် ယူအက်စ်ဘီဖွက်ထားတဲ့‌နေရာဖြစ်တဲ့ ဂျော်ဂျီယာမိန်းကလေးအနုပညာကျောင်းမှာ ယူအက်စ်ဘီရှာရင်း၊ ထရန့်ကိုလည်း ဖွက်ရင်း မိန်းမဝဝ ဝတ်စုံကြီးတွေဝတ်ပြီး ဟန်ဆောင်နေလိုက်ကြပါတယ်။ ဒီလိုနဲ့ မိန်းကလေးကျောင်းမှာ အထီးနှစ်ကောင်…အဲလေ သားအဖနှစ်ယောက်ရောက်လာ ပြီး ဘယ်လိုတွေခွီရဦးမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.84 GB) / (1.0 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 47Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator…….Ngwe Zin Encoder……….SWM

4.4 2011
Big Mommas: Like Father, Like Son
Not Another Church Movie

Not Another Church Movie (2024) ခင်ဗျားတိုအတွက် ပေါ့ပေါ့ပါးပါးနဲ့ ပြုံးရယ်စေမဲ့ အနုပညာလောကနဲ့ ဥပဒေလောကကိုသရော်ထားတဲ့ အမေရိကန်ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီထဲမှာ Jamie Foxxကြီးက ဘုရားသခင်နေရာကနေပါဝင်ထားပြီး နပန်းသမားကြီး Mickey Rourkeကတော့ နတ်ဆိုးနေရာကပါဝင်ထားပါတယ်။ ဟိုပရာဆိုတဲ့ နာမည်ကျော်အမျိုးသမီးတစ်ယောက် talk showတစ်ခုမှာ ပရိသတ်တွေ သူ့ကိုငြီးငွေ့လာကြပြီဆိုတာသိတော့ အမျိုးသမီးတွေကို ခွန်အားပေးနိုင်မဲ့သူကို သူ့ရဲ့ဆက်ခံသူအဖြစ်သတ်မှတ်မယ်လို ကြေငြာလိုက်ပါတယ်။ အဲဒီမှာ ဘုရားသခင်ဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး သူ့နေရာဆက်ခံနိုင်မဲ့သူကို ရှာခိုင်းပါတော့တယ်။ ကောင်းကင်ဘုံမှာ တော်ကီလေးဖုတ်လိုက် ဆိုင်ကယ်လျောက်ပတ်စီးလိုက်လုပ်နေတဲ့ ဘုရားသခင် အငြိမ်မနေရတော့ဘဲ ကမ္ဘာမြေပေါ်မှာ ဆက်ခံသူနေရာနဲ့ ထိုက်တန်မဲ့သူလိုက်ရှာရပါတော့တယ်။ အဲဒီမှာပဲ ခွဲစိတ်ဆရာဝန်အစ ရှေ့နေအလယ် ရေပိုက်ပြင်သမားအဆုံးလုပ်တဲ့ ကြိုးစားတဲ့လူငယ်လေး တေလာအယ်ရီကိုသွားတွေ့ပါတော့တယ်။ တေလာတစ်ယောက် ဆက်ခံသူနေရာနဲ့ ကိုက်မကိုက် မစ်ရှင်တွေပေးပါတော့တယ်။ ဒီမှာပဲ နတ်ဆိုးကလည်း ဘုရားသခင်ရဲ့ဆန္ဒကို ကဖျက်ကယက်လိုက်လုပ်ရင်း အပျော်သဘောနဲ့ ဟာသနှောရိုက်ကူးထားတာကို ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်) Genre….. Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB |897MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2024
Not Another Church Movie
L♡DK
6.1

မန်ဂကို အခြေခံရိုက်ကူးထားတဲ့ ဂျပန်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျောင်းမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်အဖြစ်ကတော့ ဂျပန်မင်းသားလေး Kento Yamazakiပါပဲ။ ထုံစံအတိုင်း အထက်တန်းကျောင်းမှာ မိန်းကလေးတွေရဲ့ သည်းသည်းလှုပ်သဘောကျမှုခံရတဲ့ Shuseiကို Moeက လူအများရှေ့မှာ ဖွင့်ပြောလိုက်ပါတယ်။ ဒီလိုဖွင့်ပြောတာကို Shuseiက လက်မခံတဲ့အပြင် ပြင်းပြင်းထန်ထန်တွေပြောလိုက်တာကြောင့် Moeရဲ့ အချစ်ဆုံးသူငယ်ချင်း Aoiမှာ ဒေါသတွေထွက်ပြီး ရန်တွေ့နေတုန်း မတော်တဆတစ်ခုဖြစ်သွားပါတယ်။ ဒါကြောင့် Aoiမှာ Shusei မတော်တဆဖြစ်တာကို တာဝန်ယူရပြီး နှစ်ယောက်အတူ တစ်ခန်းတည်းနေရဖို့ပါ ဖြစ်လာပါတယ်။ သူတို့နှစ်ယောက် တစ်ခန်းတည်းအတူနေရင်း ရန်တွေတကျက်ကျက်ဖြစ်ကြရင်း ဘာတွေဆက်ဖြစ်ကြမလဲ စောင့်ကြည့်လိုက်ပါဦးနော်။ File size…2.14GB / 1.02GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 53m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Drama • Mystery • Thriller
6.1 2014 113 mins
L♡DK
Halls of Montezuma
6.6

ဒီကားလေးကတော့ ၁၉၅၁ အမေရိကန် world war II အကြောင်းကိုပြန်ရိုက်ထားတဲ့War/actionစစ်ကားလေးပါ မင်းသား Robert Wagner ရဲ့ပထမဆုံး credited screen role ပါဝင်တာဖြစ်ပြီးဒုတိယကမ္ဘာစစ်ရဲ့ဂျပန်တွေအပိုင်းစီးထားတဲ့ကျွန်းကိုအမေရိကန်ကြည်းတပ်ကပြန်ယူတဲ့စစ်ကားကောင်းလေးဖြစ်ပါတယ် Richard Booneရဲ့ debutကားဖြစ်ပြီးကျွန်းကိုပြန်သိမ်းဖို့ကြိုးစားကျတဲ့အခါဘယ်လိုအခက်အခဲတွေတွေ့ပြီးဂျပန်တွေရဲ့ဒုံးကျည်တည်နေရာကိုတပ်ကြပ်ကြီးနဲ့တပ်သားတွေဘယ်လိုရှာကြမလဲဆိုတာရင်ခုန်စွာကြည့်ရမဲ့စစ်ကားကောင်းလေးဖြစ်ပါတယ် စစ်ကားကြိုက်တဲ့သူတွေလက်လွှတ်မခံသင့်တဲ့ကားလေးပါ File size…(3.1GB)/(2.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Action, Adventure, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

Drama • Romance
6.6 1951
Halls of Montezuma
Boat People
7.6

၁၉၇၅မှာ ဗီယက်နမ်ပြည်တွင်းအခြေအနေတွေကြောင့် ဗီယက်နမ်ဒုက္ခသည်တွေ ဟောင်ကောင်ကို လှေတွေနဲ့ ထွက်ပြေးလာခဲ့ကြတယ်။ အဲဒီဗီယက်နမ်ဒုက္ခသည်တွေကို Boat People လို့ခေါ်ကြတယ်။ ဒါကို ၁၉၇၉မှာ Hong Kong New Waveရဲ့ အခရာတွေထဲကတစ်ယောက်ဖြစ်တဲ့ အမျိုးသမီးဒါရိုက်တာ Ann Huiက The Boy From Vietnamဆိုတဲ့ ဒိုကူမန်ထရီတစ်ကားရိုက်ခဲ့တယ်။ ၁၉၈၁မှာ ချောင်ယွန်ဖတ်နဲ့ The Story of Woo Viet ဆိုတဲ့တစ်ကားကို ဆက်ရိုက်ခဲ့တယ်။ ဒီကားမှာ ချောင်ယွန်ဖတ်က ဗီယက်နမ်ဖွား တရုတ်အနေနဲ့ သရုပ်ဆောင်ထားတယ်။ နောက်ဆုံးနဲ့ အကျော်ကြားဆုံးရုပ်ရှင်ဖြစ်တဲ့ Boat Peopleမှာတော့ ဆိုင်ဂုံကျပြီး ဗီယက်နမ်စစ်ပွဲအပြီး ဗီယက်နမ်ရဲ့ ပြန်လည်ထူထောင်ရေးကာလ ဗီယက်နမ်ရဲ့ ပြည်တွင်းရေးအခြေအနေကို ပြထားတယ်။ အင်္ဂလိပ်နာမည်က နည်းနည်းတော့ အကောက်လွဲနေတယ်လို့ ပြောကြတယ်။ ဒီကားမှာ Boat Peopleတွေပါပေမဲ့ Boat People တွေအကြောင်းထက် ကွန်မြူနစ်လက်အောက်က ဗီယက်နမ်တွေရဲ့ဒုက္ခကို အဓိကပြထားတယ်လို့ဆိုတယ်။ တရုတ်နာမည်ကတော့ ‌ “Run Towards the Angry Sea”ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒါတော့ ဇာတ်ကားနဲ့ကွက်တိပဲလို့ ဆိုကြတယ်။ တရုတ်အကယ်ဒမီပေးပွဲမှာ Best Picture, Best Director, Best New Performer, Best Screenplay, and Best Art Direction စတဲ့ ဆုတွေရခဲ့သလို 1983 Cannes Film Festivalမှာလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ပြီးခဲ့တဲ့နှစ်တစ်ရာအတွင်း အကောင်းဆုံးတရုတ်စကားပြောရုပ်ရှင်တစ်ရာစာရင်းမှာ နံပါတ်၈ချိတ်ခဲ့တယ်။ အန်ဒီလောင်ကလည်း ဒီကားမှာ တက်သစ်စအနေနဲ့ပါဝင်ခဲ့ပြီး ဇာတ်ပို့ဆုရခဲ့ဖူးတယ်။ တရုတ်ကားဆိုပေမဲ့ အန်းဟွေက ဗီယက်နမ်မှာ ဇာတ်အိမ်တည်ပြီး ဗီယက်နမ်ရေးရာတွေကိုပဲ ပြထားတော့ တရုတ်ကားဆိုတဲ့ ဖီလင်တောင် သိပ်တော့မရနေပါဘူး။ ဗီယက်နမ်ကို သတင်းလာယူတဲ့ ဂျပန် ဓာတ်ပုံသတင်းထောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားထားတယ်။ သူကတော့ စစ်ပွဲမနိုင်ခင်ကလည်း ဗီယက်နမ်ကို ရောက်ခဲ့ပြီး သူ့ကြောင့် သူတို့အခြေအနေကို နိုင်ငံတကာက သတိထားမိသွားတာဆိုတော့ သူ့ကို အရာရှိတွေကိုယ်တိုင် ပြန်လည်ထူထောင်ရေးနေရာတွေကို သေချာလိုက်ပို့ပေးကြတယ်။ ဒါပေမဲ့ ဓာတ်ပုံသတင်းထောက်ဟာ သူ့ဘာသာ ဓာတ်ပုံတွေလိုက်ရိုက်ရင်း သူ့ကိုပြထားတာက ဗီယက်နမ်ရဲ့ တကယ့်ပြန်လည်ထူထောင်ရေး အခြေအနေမှန်မဟုတ်ဘဲ သူတို့ပြချင်တဲ့ကောင်းတဲ့နားတွေကိုပဲ ပြထားတယ်ဆိုတာကိုသိလာရတဲ့ အကြောင်းကို အဓိကထားပြထားတယ်။ ဒါတွေကို အဓိကထားပြပေမဲ့လည်း သတင်းထောက် သံယောဇဉ်တွယ်မိတဲ့ ဗီယက်နမ်မိသားစုနဲ့ သူ့အခြေအနေကို အဆုံးထိ ဇာတ်ရှိန်အပြည့်နဲ့ ပုံဖော်သွားတာလည်း ဆက်တိုက် အရှိန်ကျဘဲ စိတ်ဝင်စားစရာကောင်းတယ်။ ဒီရုပ်ရှင်ဟာ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

7.6 1982
Boat People
Butterfly Shadow
5.7

တရုတ်နိုင်ငံမှာ နေရာအနှံ့မှာ စစ်ဗိုလ်မှူးတွေ အုပ်ချုပ်တဲ့ခေတ် ဖြစ်ပါတယ်။ အရိပ်နက်အဖွဲ့ဝင် တျဲယင်ဟာ မာဂိုဏ်းဓားပြတွေကို ချေမှုန်းဖို့ အမိန့်ရခဲ့ပါတယ်။ ဒါပေမဲ့ သူတကယ်သတ်လိုက်တာက အနောက်မြောက်ပိုင်းဒေသရဲ့ သူရဲကောင်းစစ်သူကြီး ယန်ကျန့်ရှင်းဖြစ်ကြောင်းသိလိုက်ရပါတယ်။ သူ့ရဲ့ အမှားကို ပြန်ပေးဆပ်ဖို့ ယန်ကျန့်ရှင်းရဲ့ တစ်ဦးတည်းသော သမီးလေးကို ကယ်တင်ပြီး မွေးစားထားခဲ့ပါတယ်။ ၁၈ နှစ်ခန့် ကြာတဲ့အခါမှာ တျဲယင်ဟာ စူးကျွေ့ဆိုတဲ့ နာမည်ပြောင်းနဲ့ နယ်စပ်မြို့လေးတစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ယန်ကျန့်ရှင်း သေဆုံးသွားပြီး နောက်ပိုင်းမှာ အနောက်မြောက်ပိုင်းဒေသက လူတွေရဲ့ဘဝတွေက ပိုပြီး ခက်ခဲလာတာကို နေ့စဉ်နဲ့အမျှ တွေ့နေရပါတယ်။ သမီးလေးရှောင်ချန်ကလည်း အရာရာကို သည်းမခံနိုင်ဘဲ သိချင်စိတ်အပြည့်ရှိတဲ့ အရွယ်ရောက်နေတာ ဖြစ်တဲ့အတွက် တျဲယင်တစ်ယောက် ခေါင်းကိုက်နေရပါသေးတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အရိပ်နက်အဖွဲ့ ပြန်လည်နိုးထလာပြီဆိုတဲ့ သတင်းက တျဲယင်ကို တုန်လှုပ်စေခဲ့ပါတယ်။ ရှောင်ချန်ကို ကယ်ခဲ့တဲ့အတွက် သူ့ကို သစ္စာဖောက်လို သဘောထားတဲ့ အရိပ်နက်အဖွဲ့က တစ်ချိန်ချိန်မှာ သူ့ဆီ ရောက်လာမယ်ဆိုတာကို သူသိနေပါတယ်။ သမီးလေးရှောင်ချန်နဲ့အတူ ထွက်ပြေးဖို့ လုပ်တဲ့အချိန်မှာတော့ အရာရာဟာ နောက်ကျသွားခဲ့ပါတယ်။ တျဲယင်တစ်ယောက် အရိပ်နက်အဖွဲ့ရဲ့ လိုက်လံသတ်ဖြတ်ခြင်းရန်က လွတ်မြောက်နိုင်မလား…… ရှောင်ချန်ကရော သူ့မိဘအရင်းကို သတ်တဲ့လူကို ၁၈ နှစ်လုံးလုံး အမေလို့ခေါ်ခဲ့ရတာကို သိသွားမလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

5.7 2023
Butterfly Shadow
Under the Skin
6.3

Under the Skin (2013) IMDb Rating (6.3) / Rotten Tomatoes (83 %) Under the Skin (2013) ကို ပထမဆုံးစကြည့်ချင်တဲ့ အကြောင်းအရင်းက Scarlett Johansson ကြောင့်ဆို ဒုတိယအကြောင်းအရင်းက ဇာတ်ကားရဲ့ Genre က Mystery Sci-Fi ဖြစ်တာကြောင့်။ ဒါ့အပြင် Movie Critics တွေရဲ့ ကောင်းပါတယ်ဆိုတဲ့ အသံကြောင့်လည်းပါတယ်။ ဒီဇာတ်ကားက BBC ရဲ့ 21st ရာစုရဲ့ အကောင်းဆုံး ဇာတ်ကား 100 စာရင်းမှာလည်း ပါဝင်ထားတယ်။ ဘာတွေဒီလောက်ကောင်းသလဲပေါ့။ ကျွန်တော့်အမြင်အရ ဒီဇာတ်ကားက Sci-Fi Genre နဲ့ Mytho ဟန်တစ်ခုကို တွဲစပ်တင်ပြထားသလိုပါပဲ။ T.S Eliot ရဲ့ Modernist ဖန်ဆင်းခြင်းပုံစံမျိုးပဲ။ ကြားဖူးနေကျ ရိုးရာပုံပြင်တစ်ခုကို Ailen ဆန်ဆန်တွေနဲ့ Sci-Fi Genre တစ်ခုထဲ သွပ်သွင်းလိုက်တဲ့သဘော။ ဒါကြောင့်လည်း Under the Skin ဟာ Modernist ဟန်ရှိတဲ့ ဇာတ်ကားတစ်ခုအဖြစ်ရှိလာခဲ့တာ။ ဒါ့ပေမယ့် Under the Skin မှာ ရှုတ်ထွေးတဲ့ ဒွိဟသဘောတွေ တွေ့နေရပြန်တယ်။ ဇာတ်လမ်းရဲ့ အပိုင်းအစတစ်ချို့က Abstract ဟန် အရမ်းရှိနေသလို၊ တစ်ချို့အပိုင်းအစတွေကျတော့လည်း Reality အရမ်းဆန်လွန်းသွားပြန်တယ်။ Interview တစ်ခုမှာတော့ ဒါရိုက်တာ Jonathan Glazer က ဇာတ်ကားကို Reality ဆန်ဆန်ဖြစ်ချင်တာကြောင့် Hidden Camera တွေနဲ့ ရိုက်ရတယ်ပြောခဲ့တယ်။ ဒါ့ကြောင့်လည်း ပုံပျက်နေတဲ့ ဇာတ်ဆောင်နေရာမှာ Prosthetics မလုပ်ပဲ Reality ပိုဆန်စေချင်တာကြောင့် တကယ့်အပြင်က Neurofibromatosis ဝေဒနာရှင်တစ်ယောက်ကို ထည့်ရိုက်စေခဲ့တယ်။ Under the Skin မှာတွေ့ရတဲ့ နောက်ထပ် ဒွိဟသဘောတွေက Gender Experience တွေပဲ။ တစ်ချို့ Critics တွေကလည်း Reverse Rape Culture လို့ရည်ညွှန်းပြီး ချီးကျူးကြသလို၊ တစ်ချို့တွေကလည်း Naturally, men desires should be punished? ဆိုပြီး မေးခွန်းထုတ်ကြပြန်သေးတယ်။ Under the Skin ကို Critic Rating အနိမ့်ဆုံးပေးတဲ့ Plugged In ကတောင် ”A violent gender reversal of the modern rape culture” လို့တောင် အမည်တပ်ပြလိုက်သေးတယ်။ တစ်ချို့ကလည်း Scarlett ရဲ့ ဇာတ်ကောင်က Femanist အရမ်းဆန်လွန်းတဲ့ သဘောသဘာဝကို ရည်ညွှန်းတယ် ပြောကြပြန်သေးသလို တစ်ချို့ကလည်း Wings of Desire ထဲက အိန်ဂျယ်လို လူ့အဖြစ်ကို သဘောကျနှစ်ခြိုက်လာတဲ့ Alien တစ်ယောက်လို့ ညွှန်းဆိုကြပြန်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ။ ဒါရိုက်တာ Glazer ကတော့ ”တစ်ချို့က ဒီဇာတ်ကားကို အရမ်းချစ်ကြတယ်။ တစ်ချို့ကတော့ ဒီဇာတ်ကားကို မနှစ်ခြိုက်ကြပါဘူး။ ဒါဟာ မျှတတဲ့ရလာဒ်တစ်ခုပါ” လို့ ဝေဖန်မှုတွေအကုန်လုံးကို တုံ့ပြန်ခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့တော့ Under the Skin ဟာ The Tree of Life တို့၊ Melancholia တို့လို ကောင်းမွန်တဲ့ Arthouse ဇာတ်ကားတစ်ကားဆိုတာ ငြင်းမရပါဘူး။ ပထမဦးဆုံးအခန်းမှာ ပြသတဲ့ Formication အခန်းနဲ့တင် ဒီဇာတ်ကားက ကျွန်တော့်ကို စိတ်ဝင်စားစရာအပြည့် ပေးခဲ့တယ်။ ကျွန်တော်တို့ ရုပ်ရှင်ထဲတွေက တွေ့ကြုံခံစားရမယ့် အနုပညာဆိုတာ ဒီလိုဇာတ်ကားတွေထဲက အနုပညာတွေပါပဲ။ Under the Skin ဟာ ဖုံးကွယ်ထားတဲ့ အနုပညာတစ်ခုမဟုတ်ပါဘူး။ ဖွင့်လှစ်ထားတဲ့ “modernist stylistic & thought provoking film” တစ်ခုပါ။ ကြည့်ရတာ လုံးဝထိုက်တန်ပါလိမ့်မယ်..။ (ရုပ်ရှင်အညွှန်းကို Ko Aung Tun Tun FB မှကူးယူဖော်ပြပါသည်။) စကားလက်ဂျိုရဲ့ ဝတ်လစ်စလစ်ခန်းတွေ Body Horror ခန်းတွေကြောင့် R-Rated ဖြစ်ပြီး မိသားစုနဲ့ကြည့်လို့မရပါ။

Comedy • Drama
6.3 2013 108 mins
Under the Skin
After Life
7.6

After Life (1998) ~ IMDb – 7.6/10, RT – 89%, Meta – 91% ~ Hirokazu Kore-eda ရဲ့ ပထမဆုံး Maborosi အပြီးရိုက်ခဲ့တဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ ရုပ်ရှင်ကတော့ သူ့နာမည်အတိုင်း သေပြီး တမလွန်မှာ စောင့်ဆိုင်းရင်း ရွေးချယ်မှုလုပ်ရတဲ့အကြောင်းပါ။ ဒီလို Theme နဲ့ အင်္ဂလိပ်ကားတချို့လည်းထွက်ပြီးခဲ့သလို မကြာသေးခင်က ထွက်ခဲ့တဲ့ကိုရီးယားဇာတ်လမ်းတွဲ Light Shop မှာတောင် ဒီရုပ်ရှင်ရဲ့ တချို့အငွေ့အသက်တွေမြင်ရပါတယ်။ နာမည်သိပ်မရခဲ့ဘူးထင်ရပေမဲ့လည်း နောက်ထပ်ကိုးကားဖြစ်တည်လာဖို့အတွက် တော်တော်ပေါက်မြောက်ခဲ့တဲ့ ဇာတ်လမ်းပါပဲ။ တမလွန်ကို တင်ဆက်ပုံကလည်း ထူးခြားတယ်။ ဘယ်လိုထူးခြားလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။ Kore-eda ဟာ ဒီဘက်ခေတ်ရဲ့ Yasujirō Ozu အမွေကိုဆက်ခံတဲ့ ဒါရိုက်တာလို့ တထစ်ချယုံကြည်ထားတာနဲ့အတူပဲ Kore-eda ရဲ့တင်ဆက်ပုံအကြောင်းကို အိုဇုကိုဖယ်ပြီး ပြောဖို့ ကျွန်တော့်အတွက်တော့မဖြစ်နိုင်ပါဘူး။ ပထမဆုံး Maborosi မှာ Hirokazu Kore-eda ဟာ အိုဇုအငွေ့အသက်ကို တော်တော်ဖမ်းယူခဲ့သလို ဒီရုပ်ရှင်မှာလည်း အိုဇုရဲ့ သူတို့ဂျပန်ရိုးရာတွေကို တမြတ်တနိုးတင်ဆက်မှုကို ဖမ်းယူထားသေးတာပါပဲ။ အိုဇုကိုပိုနားလည်လာလေ သူတို့ရဲ့ဆင်တူမှုကို ပိုဖမ်းမိလာလေဖြစ်လာမယ့် အချက်တွေတော့များပါတယ်။ အိုဇုဟာ ဘယ်လိုအကြောင်းအရာတွေပဲ တင်ဆက်တင်ဆက် သူ့ရုပ်ရှင်တွေမှာ ကျွန်တော်တို့ဂျပန်ဆိုတဲ့အငွေ့အသက်အပြည့်ရသလို သူ့ရုပ်ရှင်တစ်ကားလုံးမှာလည်း ဂျပန်ယဉ်ကျေးမှုနဲ့ရိုးရာက ထုံမွှမ်းနေပါတယ်။ သူ့တင်ဆက်ပုံကိုကလည်း ဂျပန်လူနေမှုတစ်ခေတ်ရဲ့မရှိမဖြစ် ဖြစ်ခဲ့တဲ့ အခုထိတန်ဖိုးထားကြဆဲ Tatami Mat တတမိဖျာကို ဂုဏ်ပြုထားတဲ့တင်ဆက်ပုံမျိုးဖြစ်ခဲ့တယ်။ ပြောရရင် အိုဇုရုပ်ရှင်တွေဟာ သူ့ခေတ်သူ့အခါမှာ ဂျပန်အဆန်ဆုံးလို့ ခံစားရတဲ့ ရုပ်ရှင်တွေဖြစ်ခဲ့တယ်။ Kore-eda ကလည်း ဒီဘက်ခေတ်ရဲ့ အဲဒီလိုလူပါပဲ။ Kore-eda ရဲ့ After Life ကလည်း တမလွန်ကို ပြတဲ့ရုပ်ရှင်ပေမဲ့ အိုဇုနဲ့ထပ်တူ ဒီယဉ်ကျေးမှုအငွေ့အသက်တွေကို ဖမ်းနိုင်သလောက်ဖမ်းထားတဲ့ ရုပ်ရှင်ပါပဲ။ After Life ဟာ ဂျပန်ကားစစ်စစ်တစ်ကား Kore-eda ကား စစ်စစ်တစ်ကားဆိုတာတော့‌ သေချာပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 930MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 59Min Genre – Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Family
7.6 1998 118 mins
After Life