YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My Lovely Journey (2025) E06 720p WEB-DL [RMC].mp4

461.89 MB 720p video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Doom Generation
6.3

ဒီဇာတ်ကားထဲမှာတော့ ချောမောလှပတဲ့မိန်းမပျိုတစ်ယောက် ပါဝင်သော လူငယ်သုံးယောက်ရဲ့ အချစ်ရမ္မက်ထန်မှုနှင့်အတူ ရူးမိုက်မိုက်လုပ်ရပ်တွေကို မြင်တွေ့ရမှာပါ ... 18+ကားဆိုပေမယ့် ဇာတ်လမ်းသွားလေးနဲ့ကြည့်လို့ဖီးလို့ကောင်းမှာပါ... ဇာတ်လမ်းအကျဉ်းက အေမီဆိုတဲ့ခပ်မိုက်မိုက်ကောင်မလေးနဲ့ ဂျော်ဒန်တို့ ချစ်သူနှစ်ယောက်ရဲ့ကြားကို ဇာ‌ဗီယာလို့ခေါ်တဲ့ ရူးမိုက်မိုက်ကောင်လေးတစ်ယောက် ဝင်လာခဲ့ရာကစခဲ့တာပါပဲ. ..သူတို့သုံးယောက်ဆုံတဲ့ညမှာပဲ လူသတ်မှုတစ်ခုကိုကျူးလွန်မိခဲ့ကြတယ်.. အဲ့ဒီနောက်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့... File Size :(650 MB) and (224 MB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Adult , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ZZA Encoded by DS

Drama • Mystery • Thriller
6.3 1995 83 mins
The Doom Generation
Doctor G
6.9

ခုတစ်ခါထွက်ရှိလာတဲ့ရုံတင်ကားလေးကတော့ ဘတ်ဂျတ်၃၅ကုဋေ သုံးထားပြီး လက်ရှိ၄၁ကုဋေပြန်လည်ရရှိထားပြီး မင်းသားချော အာရွရှ်မန်းခူရာနားနဲ့ မင်းသမီးချောလေး ရာကူလ်ပရီသ်တို့ရဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားက ဆရာဝန်ဇာတ်လမ်းလေးပေါ့နော် သိပ်ကို အရိုးအကြောအထူးကုဆရာဝန်ဖြစ်ချင်နေတဲ့ ဒေါက်တာလေး အူဒေးရဲ့အကြောင်းပါ သူ့မှာ ရီချားဆိုတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိတယ် ကောင်မလေးနဲ့အတူ စိတ်ကူးတွေအများကြီးယဥ်ခဲ့ပေမယ့် သူ့ကောင်မလေးက သူ့ကိုအသည်းခွဲခဲ့ပါတယ် ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ သူ သိပ်ဖြစ်ချင်တဲ့ အရိုးအကြောဆရာဝန်လည်း ဖြစ်ခွင့်မရဘဲ သားဖွားမီးယပ်ဌာနကိုပဲ ဝင်ခွင့်ရခဲ့ပါတယ် ဟိုရောက်တော့ ယောက်ျားလေးဆိုလို့ သူ တစ်ယောက်တည်းရှိလေတော့ သူများအနိုင်ကျင့်ဗိုလ်ကျခံရတာပေါ့နော် အဲ့ဒီမှာပဲ ဆရာဝန်မလေးတစ်ယောက်နဲ့ သွားဆုံမိပါတယ် အချင်းချင်းရိုင်းပင်းကူညီမိလာကြတဲ့အခါ သံယောဇဥ်နှောင်ကြိုးတွေကို အူဒေးဟာ မလွန်ဆန်နိုင်ခဲ့ပါဘူး သို့ပေမယ့်လည်း အချစ်စစ်တို့မည်သည် ဖြောင့်ဖြူးသည်ဟူ၍မရှိမလား ကဲ ဆက်လက်ပြီး ကျန်တဲ့အပိုင်းကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြည့်ကြနော် ဒီဇာတ်ကားလေးမှာ ဟာသလေးတွေလည်းပါလို့ ရယ်မောနေရမှာဖြစ်သလို ဆေးပညာဗဟုသုတတွေလည်း ရရှိမှာဖြစ်ပါတယ် ဆရာဝန်တွေမှာလည်း အသည်းနဲ့ပါဆိုတော့....။ ကြည့်လို့ရပါပြီနော် File size…1.87GB  / 888MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ OeliuJ ~ Thet Ko

Comedy • Horror
6.9 2022 124 mins
Doctor G
Confession
4.3

ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ မင်းသားကြီး So Ji Sub ပါဝင်ထားတဲ့ Confession ဆိုတဲ့ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်း ... ယူမင်ဟိုဟာ IT ကုမ္ပဏီတစ်ရဲ့ ဥက္ကဌဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ အမှုစစ်တွေရဲ့ သံသယရှိသူ လည်းဖြစ်ပါတယ်။ ဒီအမှုမှာ ယူမင်ဟိုဘက်က ခုခံချေပေပးဖို့ ရှေ့နေလုပ်သက်တစ်လျှောက်လုံး တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေယန်းရှင်းအယ်က ယူမင်ဟိုရဲ့ ရှေ့နေဖြစ်လာခဲ့ပါတယ်။ ဟိုတယ်ခန်းထဲမှာ အသတ်ခံရတဲ့ ဂင်ဆယ်ဟီးက ယူမင်ဟိုနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲ? ဒီလူသတ်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိနေမလဲ? တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေက အမှုသည်ကို ဒီတစ်ခါကော ကယ်တင်ပေးနိုင်ဦးမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။) File Size          : 1.5GB, 473MB, 234MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 45mins Genre              : Crime, Mystery, Thriller Translated by Estel & Miri Encoded by Kinnov

Horror • Thriller
4.3 2022 81 mins
Confession
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
Babysitting
6.7

Babysitting (2014) =============== IMDb Rating – 6.7/10 Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Action • Adventure • Fantasy
6.7 2014
Babysitting
I Don’t Want to Sleep Alone
6.9

I Don’t Want to Sleep Alone (2006) ~ IMDb – 6.9/10, Rotten Tomatoes – 88% ~ ” Tsai Ming-liang ကားတွေ ထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 480p ကိုပဲ ကြည့်ရအဆင်ပြေအောင် ကုတ်ပေးလိုက်ပါတယ် “ ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုမှာ မွေ့ယာဟောင်းကြီးတစ်ခုကို သူစိမ်းတွေနဲ့ အတူမျှသုံးရမယ်ဆို ဘယ်လိုနေမလဲ။ ဒါပေမဲ့ ကိုယ်ကချစ်ရတဲ့သူနဲ့ဆိုရင်ကော။ တစ်မျိုးတမည် ပြောင်းသွားမယ်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီထက်ပိုပြီး ကိုယ်ကချစ်ရတဲ့သူရဲ့ ချစ်ရတဲ့သူနဲ့ပါဆိုရင်ကော…။ ကိုယ်ရယ် သူရယ် သူ့ချစ်သူရယ် ခင်းမွေ့ယာကြီးတစ်ခုမယ်ပေါ့။ ဘဝက အထီးကျန်ဆန်လွန်းတဲ့အခါ ချစ်ခြင်းမေတ္တာက အတိုင်းနယ်လွန်သွားတဲ့အခါ သူ့အနားရှိဖို့မှတစ်ပါး တခြားတွေးဝံ့နိုင်ပါ့မလား…။ မလေးရှားမှာ အလုပ်လာလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းလုပ်သားလေးတစ်ယောက်ဟာ တစ်ညမှာ လူဆိုးတွေရိုက်နှက်ခံထားရလို့ လမ်းပေါ်လဲကျနေတဲ့ လူတစ်ယောက်ကို သူနေတဲ့ ဆောက်လက်စ တိုက်ကြီးဆီကို ခေါ်သွားပြီး ပြုစုပေးခဲ့ပါတယ်။ နာလန်ပြန်ထလာတဲ့ အဲဒီလူဟာ စားပွဲထိုးမလေးတစ်ယောက်ကို ချစ်မိသွားခဲ့ပါတယ်။ တကယ်တမ်းတော့ ဒီရုပ်ရှင်ဟာ ဇာတ်အသွားအလာအကြောင်း ဇာတ်လမ်းအကြောင်းပြောရမှာမဟုတ်ဘဲ ခံစားမှုတွေနဲ့အတူ စီးမျှောရမှာပါ။ Slow Cinema ကို အရမ်းကြီး မရင်းနီးသူတွေအတွက်တော့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေသလို ရုပ်ရှင်အသွားဟာ နည်းနည်းနှေးကောင်းနှေးနေနိုင်ပါတယ်။ ဒါပေမဲ့ ဒိုင်ယာလော့ ခပ်နည်းနည်း၊ Long shot ခပ်များများ သုံးတတ်တဲ့ Tsai Min-liang ရဲ့ ပရိတ်သတ်တွေအတွက်တော့ ဒီကားကပေးတဲ့ စိတ်ခံစားမှုဟာ အဖိုးဖြတ်နိင်မယ်မထင်ပါဘူး။ ဒီကားထဲက အဓိကဇာတ်လိုက်ဖြစ်တဲ့ မွေ့ယာအလယ်ကလူနေရာမှာတော့ ထုံးစံအတိုင်း ဆိုင်းမင်းလျံရဲ့ အချစ်တော်ကောင်လေး လီကန်ရှန်းကပဲ သရုပ်ဆောင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ရုပ်ရှင်အစကနေ အဆုံးထိ အများစုသတိမထားမိနိုင်မယ့် နောက်တစ်နေရာမှာလည်း လီကန်ရှန်းပဲ သရုပ်ဆောင်သွားခဲ့တာပါ။ ဒီကားက လူတိုင်းအတွက်မဖြစ်နိုင်ပေမယ့် ဆိုင်းမင်းလျံပရိသတ်မှ ကြည့်ရမယ်ဆိုတာမျိုးမဟုတ်ဘဲ ခံစားတတ်တဲ့သူတိုင်း ဒီကားရဲ့အထိအတွေ့ကို စမ်းသပ်ကြည့်သင့်ပါတယ်။ တကယ်ဆို ခံစားမှုဆိုတာ လူကသာ အရင်းခံတာပဲ မဟုတ်ပါလား…။ မလေးရှားဆင်ဆာအဖွဲ့က ဒီရုပ်ရှင်ဟာ ယဉ်ကျေးမှုနဲ့ လူ့ကျင့်ဝတ်တွေအတွက် အပျက်သဘောဆောင်တယ်ဆိုပြီး ပိတ်ပင်ခဲ့တာမို့ မလေးရှားပြည်တွင်းမှာတော့ ဆင်ဆာအဖွဲ့က ညွှန်ကြားတဲ့အတိုင်း ဖြတ်တောက်ထားတဲ့ အတိုလေးကိုပဲ ပြခွင့်ရခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ကမ္ဘာ့အကြီးကျယ်ဆုံး “Big Six” ထဲက နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုဖြစ်တဲ့ Venice Film Festival မှာတော့ ဆုရခဲ့တဲ့ရုပ်ရှင်ပါ။ ကြည့်မလား/မကြည့်ဘူးလားကတော့ ကိုယ်တိုင်ပဲ ဆုံးဖြတ်လိုက်ကြပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.1GB Quality – 480p IMDb Rating – 6.9/10 Format – mp4 Duration – 1H 55Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.9 2006
I Don’t Want to Sleep Alone
Hustle 3
4.9

Hustle 3 (2023) ============ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ အန်တိုနီရိုဂျက် ဖာဆန် က ကိုယ်တိုင်ရေး ကိုယ်တိုင် ရိုက်ကူးခဲ့တာဖြစ်ပြီး အကြောင်းအရာကတော့ အမေရိကန်ပြည် ထောင်စု ၊ မေရီလဲန်းပြည်နယ် ဘောလ်ဒီမိုးမြို့က တရားမဝင်ဒုစရိုက်လုပ် ငန်းတွေ ၊ လူသတ်မှုတွေ ၊ မူးယစ်ဆေးတွေ အကြောင်းကို အ​ခြေပြုပြီး ရိုက် ကူးခဲ့တာပါ။ ဒီဇာတ်လမ်းမှာ အာဖရိကန် – အမေရိကန် လူမျိုး အနုပညာသ ရုပ်ဆောင်တွေ အမြောက်အများ(၂၀ ဦးခန့်) ပါဝင်ထားပြီးတော့ ရိုက်ကူးထား ပါတယ်။ လူမိုက်ဂိုဏ်းတွေမှာ ဖြစ်လေ့ရှိတဲ့ ၊ အခြေအနေတွေနဲ့ သူတို့အလုပ်တွေမှာ သုံးလေရှိတဲ့ စကားတွေနဲ့ ပြောဆိုထားတာတွေ များတာကြောင့် ကနေ့ခေတ် ဗန်းစကားတွေ အမြောက်အများ ၊ ကြမ်းတမ်းတဲ့ အသုံးအနှုန်းတွေအမြောက် အများကိုတော့ တွေ့ရမှာပါ။ အဓိကအကြောင်းအရာကတော့ ဘောလ်ဒီမိုးမြို့ ကို မူးယစ်ဂိုဏ်းနှစ်ခုက လက်ဝါးကြီးအုပ်ထားတဲ့အခြေအနေမှာ သူတို့ဂိုဏ်း နှစ်ဂိုဏ်းက မတည့်ကြသလို၊ သူတို့ဂိုဏ်းနှစ်ခုကို အောက်ခြေမှာ ပုန်ကန်လို ကြသူတွေရှိပြန်တာကြောင့် ပြသနာပေါင်းစုံရှိနေပါတယ်။ တစ်ဘက်ကလည်း အစိုးရရဲ့ မူးယစ်နှိမ်နင်းရေးက ဝင်လာတာမို့ ဇာတ်အိမ်က ခပ်ရှုပ်ရှုပ်ဖြစ်တာ ကြောင့် ပရိတ်သတ်တွေအနေနဲ့ တွေးရင်းတောရင် ကြည့်ရှုရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thy Santa ဖြစ်ပါတယ်) File Size……….(1.82 GB) / (802 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 23Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime Translator……Thy Santa Encoder……….SWM

4.9 2023
Hustle 3
Mimamsa

Mimamsa 2023 “တယ်ဆာရာမိုနိုစ် ခေါ် လေးလောင်းပြိုင်လူသတ်မှု Murder suspenseကိုနှစ်သက်တဲ့ပရိသတ်ကြီးတို့ ဇာတ်လမ်းနောက်ကလိုက်ပြီး ပဟေဠိအဖြေညှိဖို့အတွက် Mimamsaဆိုတဲ့ မှုခင်းစုံထောက်ကားလေးကို တင်ဆက်ပေးလိုက်ပါပြီ။ Murder suspense ပီပီ ဟိုလူဒီလူတရားခံထင်ရင်းနဲ့ နောက်ဆုံးမှာဘယ်လိုပလေးခံရမလဲဆိုတာ စီအမ်နဲ့တူတူ အဖြေရှာလိုက်ရအောင်ပါ။ မြို့ငယ်လေးတစ်ခုမှာ ဆက်တိုက်ဆိုသလိုဖြစ်လာတဲ့ ကွင်းဆက်လူသတ်မှုတစ်ခု၊ ကျွမ်းကျင်သူတစ်ယောက်ရဲ့လက်ရာအလား သေသပ်လွန်း ပိရိလွန်းလို့ ရဲတွေရဲ့ခေါင်းကိုက်စရာဖြစ်နေတဲ့အမှုဆိုရင်လည်းမမှားပါဘူး။ ဒီလိုနဲ့ ဒုတိယလူသတ်မှုဖြစ်လာချိန်မှာတော့ ပြည်သူနဲ့မီဒီယာကပါ ရဲဘက်ကိုဖိအားပေးလာချိန်မှာတော့ အဒီရာတစ်ယောက် အမှုကိုထဲထဲဝင်ဝင် စုံစမ်းဖို့ဖြစ်လာတဲ့အခါ… သဲလွန်စ‌ပျောက်ပြီး ဘဲဥအစရှာမရဖြစ်နေတဲ့အမှုကို အစဆွဲထုတ်ဖို့အတွက် လူသတ်သမားရဲ့စိတ်ကိုနားလည်ဖို့ အဒီရာတစ်ယောက် ကြိုးစားရင်းနဲ့ လူတွေကိုရော တိရစ္ဆာန်တွေကိုပါ ထဲထဲဝင်ဝင်ကူညီချင်တဲ့ ပါရမီရှင်ဒေါက်တာကာရန်နဲ့ ဆုံဖို့ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ အမှုကိုနားလည်ဖို့ကြိုးစားလေ မဆုံးနိုင်လေဖြစ်နေတဲ့အပြင် လူသတ်မှုတွေကပါ ဆက်တိုက်ဖြစ်လာချိန်မှာ အဒီရာတစ်ယောက် ဘယ်လိုဆက်ဖြေရှင်းမလဲ။ ဒီလူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်လိုလက်မည်းကြီးတွေရှိနေမလဲဆိုတာ အားလုံးအတူ အဖြေရှာလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေက CM Bollywood Teamပဲဖြစ်ပါတယ်) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

0 2022
Mimamsa
The Exorcist: Believer
6.7

The Exorcist: Believer(2023) ************************* ဇာတ်လမ်းအကျဉ်း ဆယ်ကျော်သက်ကျောင်းသူလေးနှစ်ယောက်ဟာ တောအုပ်ထဲမှာ ဝိညာဉ်ခေါ်တမ်းကစားဖို့ ထွက်လာခဲ့ပါတယ်။ အဒီကနေ ပြန်မလာဘဲ ပျောက်ဆုံးနေပြီးမှ ၃ ရက်အကြာမှာ ပြန်ပေါ်လာခဲ့ပါတယ်။ ပြန်လာချိန်မှာ သူတို့တွေ ပျောက်နေတာ ၃ နာရီလောက်ပဲ ကြာသေးတယ်လို့ ထင်နေပြီး ဘာတွေဖြစ်ခဲ့လဲ သေချာမမှတ်မိတော့ပါဘူး။ သူတို့ကို ဆေးရုံ တင်ပြီး မျိုးစုံဆေးစစ်ပေးပေမဲ့ အားလုံးကောင်းနေတာကြောင့် ဆေးရုံဆင်းပေးလိုက်ပေမဲ့ ကိုယ့်အိမ်ကို ပြန်ရောက်တဲ့အချိန်မှာ စိတ်နဲ့လူနဲ့မကပ်၊ အတက်ရောဂါတွေဖြစ်၊ အကြမ်းပတမ်းတွေလုပ်လာတာကြောင့် မိသားစုနှစ်ခု ပူးပေါင်းပြီး သူတို့ကို ကုပေးဖို့ အဖြေရှာကြတဲ့အခါ…. ဒီရုပ်ရှင်ဟာ နာမည်ကျော် ဟော်ရာ ရုပ်ရှင်တွဲတွေဖြစ်တဲ့ Exorcist ရုပ်ရှင်တွေထဲမှာပါဝင်ပါတယ်။ သရဲရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်တွေကအစ ဖောဖောသီသီသုံးနေတဲ့ အပနှင်ခြင်းကို ကမ္ဘာကျော်အောင် မိတ်ဆက်ပေးခဲ့တာဟာ The Exorcist 1973 ပါပဲ။ အဲဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေဟာ မိစ္ဆာပူးခံရတယ်ဆိုတာကို လွယ်လွယ်ယုံမသွားပါဘူး။ ဆရာဝန်တွေ၊ နားလည်သူတွေနဲ့ မျိုးစုံအဖြေရှာပြီးမှ ဘာမှအဖြေရှာလို့မရတော့တဲ့အချိန်မှာမှ ဘုန်းတော်ကြီးကိုအကူအညီတောင်းရတဲ့အဆင့်ရောက်လာတာပါ။ လက်တွေ့နဲ့အရမ်းနီးစပ်ပြီး ကြောက်ဖို့အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ ကြည့်ချင်ရင်တော့ ချန်နယ်မြန်မာမှာ တင်ပေးထားပါတယ်။ အပနှင်ရုပ်ရှင် စုစုပေါင်း ၇ ကားအထိ ကြေညာထားပြီး အခုတင်ထားတဲ့ရုပ်ရှင်ကတော့ ၆ ကားမြောက်ဖြစ်ပါတယ်။ ချန်နယ်မြန်မာမှာ မတင်ရသေးတဲ့ ရုပ်ရှင်တွေလည်း တင်ပေးသွားမှာပါ။ The Exorcist (1973) Exorcist II: The Heretic (1977) The Exorcist III (1990) Exorcist: The Beginning (2004) Dominion: Prequel to the Exorcist (2005) The Exorcist: Believer (2023) The Exorcist: Deceiver (2025) တို့ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ မူလရုပ်ရှင်အပြီး နှစ် ၅၀ အကြာ အချိန်ကို အခြေခံထားတာဖြစ်ပြီး မူရင်းရုပ်ရှင်ထဲက သားအမိနှစ်ယောက်လည်း လူကြီးပုံတွေနဲ့ ပြန်ပါဝင်ထားပါတယ်။ ၁၉၇၃ တုန်းက နတ်ဆိုးအပူးခံရသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Linda Blair ကပဲ ဒီကားထဲက ကလေးမလေးတွေကို သရုပ်ဆောင်အကြံပေးအဖြစ် ကူညီထားပါသေးတယ်။ Imdb 8.1 ထိရောက်တဲ့ ဟော်ရာရုပ်ရှင်ဆိုတာ လက်ချိုးရေလို့ရပေမဲ့ Exorcist 1973 ကတော့ ရခဲ့ပါတယ်။ အဲဒီရုပ်ရှင်ရဲ့ ဒါရီုက်တာကြီးကတော့ ဆက်ပြီးမရိုက်စေချင်တာမို့ ဒီကားနဲ့ လုံးဝမပတ်သတ်ခဲ့သလို ၂၀၂၃ ၈ လပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိရုပ်ရှင်ကိုတော့ Halloween Kills (2021), Halloween (2018) ရဲ့ ပရိုဂျူဆာ David Gordon Green ကရိုက်ကူးခဲ့တာပါ။ နာမည်ကျော် Halloween (1978) ရဲ့ အဆက်တွေကို ရိုက်ကူးခဲ့ပေမဲ့ Imdb 6 နဲ့ 5 သာ ရရှိခဲ့တာမို့ Exorcist ဖခင်ကြီးတွေက သဘောမကျတာလည်းဖြစ်မှာပါ။ ဒါပေမဲ့ ဂန္ဓဝင်ကားကြီးတွေရဲ့ လောင်းရိပ်ကိုထည့်မတွက်ဘဲ ရိုးရိုးရှင်းရှင်း ကြည့်လိုက်ရင်တော့ ဖျော်ဖြေမှုပေးတဲ့ ဟော်ရာရုပ်ရှင်အဆင့်အနေနဲ့တော့ သတ်မှတ်လို့ရပါတယ်။ ဟုတ်မဟုတ်တော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ကြပါဦး။ File size… 3.3GB,1.7G B & 622MB Quality… WEB-DL4K,1080P,720p Format…mp4 Duration….1hr 51min Genre ….. Horror Translated by Mr.Anderson Encoded by Phyo Pyae

6.7 2023 111 mins
The Exorcist: Believer
O2
7.5

O2 (2024) “အသက်ကယ်ဆေး” အခုတစ်ခါ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယကန်နာဒါ နောက်ခံစကားပြော ဆေးဘက်ဆိုင်ရာ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို Raghav Nayak နဲ့ Prashanth Raj တို့က ရိုက်ကူးပေးထားပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဒရာမာဇာတ်လမ်းလေးဖြစ်တဲ့အပြင် Ashika Ranganath, Praveen Tej နဲ့ Raghav Nayak တို့က ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဒုတိယအငယ်ဆုံး ဆရာဝန်ဖြစ်တဲ့ ဒေါက်တာရှာရဒါလေးဟာ ငယ်ဘဝတုန်းက ဖခင်သေဆုံးမှုကနေ ရခဲ့တဲ့ စိတ်ဒဏ်ရာကို ရင်ဆိုင်ကုသနိုင်ဖို့အတွက် သေဆုံးသွားတဲ့လူကို O2 ဆေးရည်ထိုးသွင်းပြီး ပြန်လည်အသက်ရှင်အောင် သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ ဒေါက်တာဒေ့ဗ်၊ ဒေါက်တာဗန်ကီ၊ဒေါက်တာရှရီရတီတို့နဲ့အတူတူ ကြိုးစားကြပုံတွေကို မြင်တွေ့ရမှာပါ။ ဒီလိုမျိုး အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာပြဿနာတွေကို ရင်ဆိုင်ရင်း နောက်ဆုံးမှာ အောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့ O2 ဇာတ်ကားလေးထဲမှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

Drama • History • Horror
7.5 2024 105 mins
O2
Make a Bow and Kiss
5.7

Make a Bow and Kiss (2017) Genre – Drama,Romance IMDb – 5.7/10 ဂျပန်လေးပစ်အားကစား(ကျူဒို)ကို အရမ်းသဘောကျတဲ့ Kishimoto တစ်ယောက် ဘွဲ့ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ ကြိုးစားရမှာမလို့ ကျူဒိုအသင်းခေါင်းဆောင်နေရာကို တစ်ခြားသူကိုလွှဲပေးဖို့ဖြစ်လာပါတော့တယ်။ ကျူဒိုကိုအများကြီးသဘောကျတာကြောင့် ငယ်ငယ်တည်းကဒီအားကစားကို ဆော့ခဲ့ပေမယ့် စကားလည်းနည်းပြီးတော့ ရှက်ကြောက်တတ်တဲ့အကျင့်စရိုက်ကြောင့် Kishimoto ကတစ်ယောက်တည်းပဲလေ့ကျင့်၊ တစ်ယောက်တည်းပဲကြိုးစားပြီး ပြိုင်ပွဲတွေကိုဝင်ပြိုင်တာပါ။ ဒါကြောင့် ရသင့်သလောက်ရလဒ်ကိုမရပဲ ဆုနဲ့အမြဲလွဲချော်နေသူပါ။ တစ်ဖက်မှာတော့ ကျူဒိုကိုစိတ်မဝင်စားပေမယ့် ပြိုင်ပွဲတိုင်းကိုလည်း နိုင်ပြီး အရည်အချင်းရှိတဲ့ Mikamiဟာ အသင်းခေါင်းဆောင်နေရာကို ဆက်ခံဖို့ဖြစ်လာပါတယ်။ စီနီယာ Kishimoto ကိုလည်း တိတ်တိတ်လေးသဘောကျနေတဲ့ Mikami တစ်ယောက် အရှက်အကြောက်ကြီးတဲ့ စီနီယာမမ Kishimoto ကို ကျူဒိုဆက်ဆော့ပြီး အဖွဲ့ကမထွက်အောင် ကူညီလေ့ကျင့်ပေးရင်းနဲ့ ချဉ်းကပ်ဖို့လုပ်ပါတယ်။ အရာရာဦးဆောင်ပြီးတော့ သူ့သဘောအတိုင်းပဲဖြစ်စေချင်တဲ့ Mikami နဲ့ ရိုးသားပြီး နုံအတဲ့ Kishimoto တို့ရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး တင်ဆက်ပေးထားတာကြောင့် မလွတ်တမ်းကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size… 1.2 GB / 561 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

5.7 2017 99 mins
Make a Bow and Kiss
Night Call
7

ဒီဇာတ်ကားလေးကတော့ IMDb မှာရော Rotten Tomato မှာပါ Rating ကောင်းကောင်းရထားတဲ့ Action Thriller ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ ဒါရိုက်တာ Michiel Blanchart ရဲ့ ပွဲဦးထွက်ရုပ်ရှင်ဖြစ်ပြီးတော့ ဆုပေါင်းများစွာရရှိထားကာ ဆန်ခါတင်စာရင်းတွေလည်း ဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် မက်ဒီဆိုတဲ့ကောင်လေးဟာ သော့ဝိဇ္ဇာတစ်ဦးပါ။ အခကြေးငွေယူပြီးတော့ သော့တွေကို ဖျက်ပေးရင်း ပိုက်ဆံရှာပါတယ်။ တစ်ညတော့ သူ့ဆီအကူအညီ လာတောင်းတဲ့ကောင်မလေးကို ကူညီပေးရင်း ဒုစရိုက်ဂိုဏ်းတစ်ခုရဲ့ တိုက်ခန်းကို မသိဘဲဖောက်ထွင်းမိသွားပါတယ်။ အဲဒီလိုနဲ့ သူ့ရဲ့အပြစ်ကင်းမှုကို သက်သေပြဖို့အတွက် အဲဒီ ကောင်မလေးကို လိုက်ရှာဖို့ကြိုးစားရင်း ဘယ်လိုလျှို့ဝှက်ချက်တွေကို ဖော်ထုတ်မလဲ၊ ဘယ်လိုအလှည့်အပြောင်းတွေနဲ့ကြုံရမလဲဆိုတာကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းအသွားလေးက ထူးခြားတဲ့အပြင် အက်ရှင်ခန်းတွေကလည်း အရမ်းမိုက်တာကြောင့် ကြည့်ရှုသင့်တဲ့ Action ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size… (1.72GB) / (841MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

TV Movie • Romance
7 2024 97 mins
Night Call
The Man with the Iron Fists

The Man with the Iron Fists (2012) ********************************** ဒီတစ်ခါတော့ ငယ်ငယ်တုန်းက ကြည့်နေကျ တရုတ်သိုင်းကားတွေကိုမှ western actor တွေ ၊ English စကားပြောတွေနဲ့ ပေါင်းစပ်ထားတဲ့ လူစွမ်းကောင်းရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားမှာ Russell Crowe ကလွဲလို့ မင်းသား၊မင်းသမီးတော်တော်များများက ကျန်တဲ့ဇာတ်ကားတွေမှာ second line-up အဖြစ်အသုံးတော်ခံခဲ့ကြသူတွေပါ။ သိုင်းဝတ္ထု ဖတ်နေသလို ခံစားရမယ့်ဇာတ်ကားပါ… မိသားစုနဲ့တော့မကြည့်သင့်ပါဘူး… ဇာတ်လမ်းအကျဉ်း ————- လူရိုင်းမျိုးနွယ်စုတွေ အုပ်စိုးတဲ့ Jungle Villageကို ဧကရာဇ်ရဲ့ ရွှေတွေ တင်ဆောင်လာတဲ့ သင်္ဘောက ဖြတ်ရာကနေ လူရိုင်းမျိုးနွယ်စုတွေက အဲဒီ ရွှေတွေကိုခိုးဖို့ ကြိုးစားကြတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်…မျိုးနွယ်စု ခေါင်းဆောင်ဖြစ်တဲ့ golden lion ကို သတ်ပြီး ခေါင်းဆောင်တက်လုပ်နေတဲ့ silver lion ကလည်း ရွှေသယ်လာတဲ့ သံတမန်တပ်ဖွဲ့တွေကို သတ်ပြီး ရွှေတွေကို ဆောင်ကြာမြိုင်ရဲ့ မြေအောက်ထပ်မှာ ဖွက်ထားဖို့ ကြံပါတော့တယ်…ဒါပေမဲ့ Golden Lion ရဲ့ သားဖြစ်သူ Zen Yi , Jungle village ရဲ့ တစ်ဦးတည်းသော ပန်းပဲဆရာ Thadeus နဲ့ Mr.Knife လို့ နာမည်ကျော်တဲ့ ဓားသခင် Jack တို့ကရော Silver Lion တို့ အဖွဲ့ကို ဒီအတိုင်းထားပါ့မလား… ဆောင်ကြာမြိုင်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Lady Blossom ကရော အဲဒီရွှေတွေကို မတပ်မက်ဘဲ နေနိုင်ပါ့မလားဆိုတာကိုတော့ The Man With Iron Fists မှာ ဆက်လက်ရှုစားလိုက်ရအောင်… ဇာတ်လမ်းအညွှန်းနှင့်ဘာသာပြန်သူကတော့ Hazelle ဖြစ်ပါတယ်… File Size : 1.79GB / 859MB Quality : WEB-DL 1080p / 720p Genres : Action / Martial Arts Duration : 1h 35m Subtitle : Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by Heather Oo

Music • Drama
0 2012 96 mins
The Man with the Iron Fists