YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My Lovely Journey (2025) E05 720p WEB-DL [RMC].mp4

459.5 MB 720p video/mp4 2 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Das Ka Dhamki
5.6

IMDb-6.9/10 Hit The First Case မူရင်းတေလဂူးကားရဲ့ ဇာတ်ဆောင်မင်းသားကြီး Vishwak Sen ကိုယ်တိုင်ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ်နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ ဇာတ်လမ်းအညွှန်း ကုဋေ ၁၀၀၀၀ ၀န်ထမ်းပေါင်း ထောင်ချီနဲ့ လည်ပတ်နေတဲ့ ကုမ္မကြီးတစ်ခုရဲ့ ရည်ရွယ်ချက်အိပ်မက်က ကင်ဆာကင်းစေတဲ့ ကမ္ဘာကြီးတဲ့ အဓိကဇာတ်ဆောင်ခရစ်ရှနာဒါ့စ်ဆိုတဲ့ကောင်လေးက မိခင်ကငယ်ငယ်တည်းက ကင်ဆာနဲ့ဆုံးသွားလို့ မိဘမဲ့ဂေဟာမှာကြီးပြင်းခဲ့သူ ရိုးသားကြိုးစားပြီးဘဝကိုရှင်သန်နေပေမဲ့ ဆင်းရဲတဲ့ဘ၀ကြီးကို နှိမ်ချပြောတတ်ကြတဲ့ပတ်၀န်းကျင်ရဲ့ဒဏ်တွေကြောင့် ချမ်းသာကြွယ်၀လာချင်နေတဲ့သူ တစ်ရက်သူအလုပ်လုပ်တဲ့‌ဟိုတယ်မှာပဲ ကာစတန်မာတစ်ယောက်ရဲ့ မှိုချိုးမျှစ်ချိုးစကားကြောင့် ဘယ်လောက်ကုန်ကုန် အဲဒီဟိုတယ်မှာတစ်ညတာပျော်ပါးဂုဏ်‌ပကာသနတွေ၀ယ်လိုက်မယ်ဆိုပြီး လစာတွေပုံအောသုံးပါရော အဲဒီညမှာပဲ ကီရ်သီးဆိုတဲ့မိန်းမချောလေးနဲ့တွေ့ပြီး သူကြွယ်သူဌေးပါလို့လိမ်ပြီး အနားကပ်တော့တာပေါ့ ဒီဟိုတယ်ကစားပွဲထိုးက ဒီဟိုတယ်ကအထူးဧည့်သည်ဆိုတဲ့လိမ်ဆင်ကြီးက ပေါ်သွားဖို့လွယ်ကူလွန်းမနေဘူးလား ဒီ‌‌ ရွှင်နောက်နောက်ဇာတ်ဆောင်မင်းသားနဲ့ ကင်ဆာကင်းစင်ရေး ပရောဂျက်ကဘယ်လိုတွေပတ်သက်လာမှာလဲ နှစ်ကိုယ်ခွဲဆိုတော့ နောက်တစ်ကိုယ်ကရောဘယ်လိုလူစားဖြစ်နေမလဲဆိုတာ ရှူစားကြည့်ပါဦး File size…2.4GB / 1.1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~BpL~Nyein~HM~Cherry

Drama • History • Music
5.6 2023 150 mins
Das Ka Dhamki
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Action • Adventure • Comedy • Crime
7.3 2014 109 mins
How to Steal a Dog
Dreamy Eyes
6.9

"ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်..." စက်ဘီးကလေးတစ်စီးနဲ့ လူငယ်ဘဝဟာ ကောင်ကလေးတစ်ယောက်ရဲ့ ဝမ်းနည်းရိပ်မသန်းတဲ့ ရွှေအိုရောင်ကာလတွေပါပဲ။ အဲဒီရွှေအိုရောင်အတိတ်မှာပဲ ဝေဝေရီရီမျက်လုံးလေးတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ဝေဝေရီမျက်ဝန်းလေးတစ်စုံနဲ့ ကောင်မလေးတစ်ယောက်ဟာ ဘာကိုမှမသိတတ်သေးတဲ့ ကောင်ကလေးတစ်ယောက်ရဲ့ မစားရက်မသောက်ရက် ပိုင်ဆိုင်ချင်ခဲ့တဲ့ ဆင်စွယ်မင်းသမီးရုပ်ကလေးပေါ့။ ဘကြီးအောင်ညာတယ်ဆိုတဲ့ အဖြစ်မျိုးကိုလည်း သူ မသိတတ်ခဲ့ဘူး။ နှင်းဆီခြုံတောထဲ သူမ ဖြတ်လျှောက်သွားတဲ့အခါ... ကတ္တီပါဆံပင်ရှည် သမင်လည်ပြန်မပွင့်တပွင့်အပြုံးတွေ၊ ဝေဝေရီရီမျက်ဝန်းတွေကို ငေးကာမောကာနဲ့၊ ဝေးရမယ်ဆိုတဲ့အသိမှာ အခါခါသေရင်း၊ ကျောင်းသွားဖော်ကောင်မလေးရဲ့ အနောက်ဆီ‌မှာ ရာစုတစ်ထောင်ကျန်ရစ်ခဲ့တဲ့ ကောင်လေးတစ်ယောက်ဟာ နေဝင်မှာကို သိပ်ကြောက်ရင်း ညဉ့်နက်ခဲ့သူတစ်ယောက်ပေါ့။ တစ်ချိန်က ကောင်မလေး မက်မောခဲ့တဲ့အရာတွေဟာ အခုတော့ လွယ်လင့်တကူများဖြစ်ခဲ့ပြီ။ ပစ္စုပ္ပန် ကောင်မလေး တမ်းတနေတတ်တဲ့အရာတွေဟာ ကောင်လေးမမီနိုင်ရာများဖြစ်ခဲ့ပြီ။ ချစ်ခြင်းမေတ္တာဟာ ဘာများလဲ။ ကိန်းဂဏန်းလား စက္ကူတစ်ရွက်လား ဦးရာလူလား သီချင်းတစ်ပုဒ်လား ဒါမှမဟုတ်... ဒါမှမဟုတ်... ဒါ... မှ.. မဟုတ်။ ထားပါလေ ခရေပွင့်ကြွေကောက် ပြန်လာသူတစ်ယောက်ရဲ့ဇာတ်လမ်းမှာ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်ပါတဲ့ မိန်းကလေးတစ်ယောက်ဟာ ဓမ္မတာပဲမဟုတ်လား။ လူသားတို့ ပေါင်းမိရင် ဘာရယ်ကြောင့် အားနည်းသူကို မုန်းတတ်တာလဲလေ...။ ဒီလိုနဲ့ ဒီကမ္ဘာပေါ်က သူရဲကောင်းများစွာတို့လိုပဲ ကောင်လေးဟာ ကျော့ဆုံးကို မမြင်ခဲ့ရဘူး။ နှစ်လသက္ကရာဇ်တွေ ကုန်လွယ်လွန်းလိုက်ပုံများ ရွာဈေးထိပ်က သစ်ပင်အိုကြီးတောင် သေဆုံးခဲ့တာ... ကြာပြီ။ နှင်းဆီခြုံတောကလေးမှာ ဝေဝေရီရီမျက်ဝန်းကလေးတွေဟာလည်း ပုံရိပ်အဖြစ်ပဲ ထင်ကျန်နေရစ်ခဲ့ပြီ။ ငြိမ်းချမ်းတဲ့ကံဇာတာနယ်မှာ လမ်းဖြောင့်ဖြောင့်သာမယ် ထင်မှတ်မှားဖူးခဲ့တဲ့ နေ့ရက်များစွာ ကုန်လွန်သွား...။ ဆော့ရင်းကစားရင်းက သပြေသီးမှည့်အကောက်သွားတဲ့ ကောင်မလေးတစ်ယောက် ထားခဲ့တဲ့ အုန်းလက်နွားကလေးဟာ ဒုတိယနေရာမှာလည်း ပထမအဆင့်နဲ့ ခေါင်းငုံ့ချစ်ခွင့်မရှိဘူးလို့ ဘယ်သူတွေပြောလဲ။ အခုတော့ စက်ဘီးကလေးမှာ ကယ်ရီယာခုံလေးလည်း မဲ့ခဲ့ပြီ။ ရထားချင်းလမ်းကွဲခဲ့ပုံများ တစ်ဘဝလုံးကုန်တာတောင်မှ ငါ့မှာမဆုံခဲ့ရဘူး။ လူအ,တစ်ယောက်လို့ အားလုံးက သမုဒ်ကြပါစေ။ နှင်းဆီခြုံတောအဝင်၀ တည်နေလှပတဲ့ ဝေဝေရီရီမျက်၀န်းတွေကို ဘာပဲဖြစ်ဖြစ် ငါကတော့ ဆက်ချစ်နေမယ်။ ရင်နှင့်အမျှ အလွမ်းရင့် လွမ်းမပြယ်။ " သံသရာကို ဘယ်လိုပဲအမည်ပေးပေး တကယ်တမ်း ဝေးကြရတဲ့အခါ တစ်ပတ်ပြန်လည်မလာမှာကို ကြောက်နေမိသူတစ်ယောက် ရှိတဲ့အကြောင်း သိစေချင်ရုံပါ... ။ နှလုံးသွင်းချင်း မတူညီလို့ လွဲခဲ့ရတဲ့ ဘ၀တွေ… ကမ္ဘာကြီးပေါ်ကျတဲ့ မိုးစက်တို့ထက် ပိုများတယ်ဆိုတာကလေး သိစေချင်ရုံပါ...။ အဲဒီမီးဟာ လောင်ကျွမ်းစေသူရော လောင်ကျွမ်းခံရသူကိုပါ မြှိုက်တယ်ဆိုတာ သိစေချင်ရုံပါ...။ ဟိုးတုန်းက ကလင်ကလင် မြည်တတ်တဲ့ ဘဲလ်ကလေးပါတဲ့ စက်ဘီးကလေးတစ်စီး ရှိခဲ့ဖူးတယ်။ ဒါပေမဲ့.. အဲဒီစက်ဘီးကလေးရဲ့ ကယ်ရီယာခုံလေးအကြောင်းကိုတော့ ပြောပြခဲ့ဖူးရင်လည်း မေ့သာပစ်လိုက်ပါ..။ ချိန်းကြိုးကလေးတွေဟာ နှစ်ဦးသားအတူ အဝေးကိုမှ မသယ်ဆောင်နိုင်ခဲ့တာ...။ " ~ Word and Poetry Ref - နှင်းဆီပွင့်၊ အုန်းလက်နွား၊ ဘကြီးအောင်ညာတယ် (မင်းသုဝဏ်) - မမသည် ငွေ့ရည်ဖွဲ့စ တိမ်ဖြူမွလေးဖြစ်သည် (တာရာမင်းဝေ) - အလွမ်းရင့် လွမ်းမပြယ်၊ ငယ်သူမို့ (စိုးလွင်လွင်) - အချစ်ကိုဦးစားပေးခဲ့သူ (စိုင်းခမ်းလိတ်) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.05GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 1H 57Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama • Romance
6.9 2019 117 mins
Dreamy Eyes
Brazen
4.9

အမေရိကန် New York Times Best Seller စာရင်းဝင် စာရေးဆရာမဖြစ်သူ Nora Roberts ရဲ့ “Brazen Virtue” ဟု အမည်ရသော Crime/Mystery Novel အား အခြေခံ ရိုက်ကူးထားတဲ့ Netflix ဇာတ်လမ်းကောင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ January 13 ရက်နေ့ကမှ ပူပူလောလော ထွက်ရှိလာတာဖြစ်ပြီး ရှုပ်ထွေးဆန်းပြားတဲ့ မှုခင်းဇာတ်လမ်းတွေကို စိတ်ဝင်စားသူများအဖို့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ မှုခင်းဝတ္ထုရေးသားသော နာမည်ကြီးစာရေး ဆရာမအဖြစ် မင်းသမီးချော Alyssa Milano က သရုပ်ဆောင်ထားပြီး မင်းသား Sam Page ကလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ နာမည်ကြီး မှုခင်းဝတ္ထုစာအုပ်များ ရေးသားသော Grace Miller ဆိုတဲ့ စာရေးဆရာမဟာ အရေးအသားပြောင်မြောက်ပြီး လူသတ်မှုတွေကို ခရေစေ့တွင်းကျ ရေးပြနိုင်တဲ့အတွက် အများက သဘောကျနှစ်သက်ကြပါတယ်။ သူ့မှာ Kathleen ဆိုတဲ့ ညီမ တစ်ယောက်ရှိပြီး အိမ်ထောင်ရေး ပြသာနာများဖြင့် လုံးထွေးကာ ဆေးစွဲသည်အထိ ဖြစ်ပျက်နေရှာပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူက ဖုန်းဆက်ခေါ်တဲ့အတွက် Miller တစ်ယောက် အပြေးအလွှား သွားတွေ့ပြီး  နောက်ရက်မှာပဲ ညီမဖြစ်သူရဲ့ အိမ်နီးချင်း ကောင်လေးတစ်ယောက်နဲ့ ညှိကာ ညစားထွက်စားကြပါတယ်။ အဆင်ပြေပြေ ပြီးဆုံးခဲ့တဲ့ ဒိတ်လေးက အပြန် အိမ်ပြန်ရောက်တဲ့အခါ Miller ရင်ဆိုင်ကြုံတွေ့လိုက်ရတဲ့ အရာက…… ကျန်တာကိုတော့ CM ပရိသတ်ကြီးတို့ကိုယ်တိုင် ခံစားကြည့်ရှုရင် ပိုစိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ ကိုယ်တိုင်ကိုယ်ကျ အမှုလိုက်ရတဲ့ အရသာကို ခံစားရမှာဖြစ်ပြီး ဘယ်လို plot twist ကြီး ပေါ်ပေါက်လာမလဲဆိုတာကို အတူခေါင်းစားကြစို့လားဗျာ။ (ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu က ရေးသားပေးထားပြီး ဘာသာပြန်များကတော့ Chit Tee, Khaing Khin, Thet Hnin Hsu တို့ပဲဖြစ်ပါတယ်) File Size -(1.5 GB) / (920 MB) Quality – WebDL -(1080p) /  (720p) Duration - 1hr 36min Subtitle – Myanmar Hardsub Format – MP4 Genre : Crime, Drama, Mystery Translator – Chit Tee, Khaing Khin, Thet Hnin Hsu Encoder – San Win Maung

Drama
4.9 2022 94 mins
Brazen
My Tempo

My Tempo (2022) 2022 ခုနှစ်က ထွက်ရှိထားတဲ့ BL, Romance လူငယ်ကျောင်းသားဇာတ်ကားလေးကို တင်ဆက်ပေးပါ့မယ်။ Hope နဲ့ Seki က ဂစ်တာတစ်လက်တည်းကို လူနှစ်ယောက် လက်လေးဖက်နဲ့တီးတဲ့အပြင် အရည်အချင်းရှိလို့ဆိုပြီး နာမည်ကြီးနေတဲ့ Four Hands အဖွဲ့ရဲ့ အဖွဲ့ဝင်တွေပါ။ Hope ကကျတော့ သီချင်းနုတ်တွေအတိုင်း အတိအကျလိုက်တီးတတ်ပြီးတော့ Seki ကတော့ ခံစားချက်အတိုင်း တီးချင်တာကြောင့် သူတို့နှစ်ယောက် ကတောက်ကဆဖြစ်ပြီး အဖွဲ့ကွဲသွားတယ်။ ချမ်းသာတဲ့မိသားစုရှိတဲ့ Seki အတွက် ဘာမှပြောင်းလဲမသွားပေမယ့် မိသားစုက မပြည်စုံတဲ့ Hope အတွက်တော့ ပညာသင်ဆုကိုပါ လက်လွှတ်လိုက်ရပြီးတော့ ဒုက္ခရောက်သွားတယ်။ အဲဒီလိုမျိုး စိတ်ဓာတ်ကျနေတဲ့ Hope ဆီကို Tawan ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာတယ်။ အဲဒီ Tawan ဆိုတဲ့ကောင်လေးက Producer တစ်ယောက်ဖြစ်ချင်ပေမယ့် လူကြောက်တတ်တော့ စင်ပေါ်ကိုမတက်ဘဲ နောက်ကွယ်ကနေ တခြားသူတွေကို ကူညီပေးတတ်တဲ့သူတစ်ယောက်ပါ။ Hope အဆင်မပြေဖြစ်နေတဲ့အချိန်မှာ သူတို့နှစ်ယောက် ဆုံမိသွားတော့ ကူညီတတ်တဲ့ Tawan က Hope ပြန်အဆင်ပြေအောင် သူတတ်နိုင်သမျှ ကူညီပေးရင်း အချင်းချင်းရင်းနှီးသွားပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ သူငယ်ချင်းတွေကြားက ချစ်ခြင်းမေတ္တာတွေ၊ အချင်းချင်းပံ့ပိုးပေးကြတာတွေကို ကြည်နူးစရာတွေ့မြင်ရမှာမို့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama Quality…. 1080p | 720p File size… 1.87GB | 700MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

0 2022
My Tempo
Stargate: The Ark of Truth
7.2

ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ် သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇က​နေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့ Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ်က အ​တော်​လေးကျယ်ပြန့်သလို IMDb 7.2နဲ့ RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။ SG-1ဆိုတာ ကမ္ဘာ​​မြေရဲ့ အာကာသရန် ကာကွယ်​ရေးတပ်ဖွဲ့ဖြစ်ပြီး သူတို့ရဲ့ အဓိကရန်သူ​တွေက​တော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့ စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ​ဂြိုဟ်နဲ့ တခြားဂြိုဟ်​တွေကို Supergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ ဇာတ်လမ်းအစမှာ​တော့ SG-1အဖွဲ့​တွေဟာ အာ့ခ်လို့​ခေါ်တဲ့ ပစ္စည်း တစ်ခုကို ရှာပုံ​​တော် ဖွင့်​နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်​တွေရဲ့ အစွမ်း​တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ ဒါ​ကြောင့်လည်း အော်ရိုင်​တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့ ​နောက်လိုက်တိုမင် ​ခေါင်း​ဆောင်တဲ့ စစ်တပ်ကို​စေလွှတ်ရင်း နှစ်ဖွဲ့ ထိပ်တိုက်​တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်​တွေကြား တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ File size…2.18GB / 1.06GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Horror
7.2 2008
Stargate: The Ark of Truth
Maestro
7.2

Maestro (2023) ~ IMDb – 7.2/10, RT – 80%, Meta – 78% ~ Maestro ဟာ လက်ရှိမှာ American Film Institute ရဲ့ Top Ten Films of The Year စာရင်းဝင်ထားပြီး Bradley Cooper ရဲ့ ဒါရိုက်တာဘဝ ပိုအသက်ဝင်လာစေတဲ့ ရုပ်ရှင်လို့ပြောကြတယ်။ Maestro ကို ကနဦးမှာတော့ ပါရာမောင့်က မာတင်စကောဆဲစီရိုက်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပြီး The Irishman ရိုက်ဖို့ မာတင်ကြီးက ငြင်းလိုက်လို့ စပီးဘာ့ဂ်ရဲ့ Amblin Entertainment လက်ထဲရောက်သွားပြီး ဘရက်ဒလေကူးပါးလက်အပ်လိုက်ပါတယ်။ မာတင်စကောဆဲစီလည်း သူ မရိုက်ဖြစ်ပေမဲ့ စတီဗင်စပီးဘာ့ဂ်နဲ့အတူတူ ပရိုဂျူဆာတော့ ဝင်လုပ်ထားပေးတယ်။ စီနီမာတိုဂရပ်ဖာကတော့ ဒါရန်အာရွန်နော့စကီးရဲ့ Pi (1998), Requiem for a Dream (2000), The Fountain (2006) နဲ့ Black Swan (2010) တို့အပြင် သူ့ကားတိုင်းအားလုံးနီးပါးမှာ စီနီမာတိုဂရပ်ဖာလုပ်ပေးခဲ့တဲ့ Matthew Libatique ပါပဲ။ ကူးပါးရဲ့ ပထမကား A Star is Born မှာလည်း သူပဲ စီနီမာတိုဂရပ်ဖာလုပ်ပေးထားတာပါ။ ဇာတ်ညွှန်းပိုင်းကိုတော့ ဘရက်ဒလေကူးပါးနဲ့ ဂျို့စ်ဆင်းဂါးက ကိုင်ခဲ့တယ်။ ဂျို့စ်ဆင်းဂါးက Spotlight (2015) နဲ့ အော်စကာမှာ အကောင်းဆုံးဇာတ်ညွှန်းဆုရဖူးတဲ့လူလည်းဟုတ်သလို The Post (2017) နဲ့ First Man (2018) တို့ကိုလည်း ဇာတ်ညွှန်းရေးခဲ့ဖူးတယ်။ ဇာတ်ကတော့ ခေတ်တစ်ခေတ်ရဲ့ဂန္ထဝင် ဂီတပညာရှင်တစ်ယောက်ဖြစ်တဲ့ လီယိုနာ့ဒ်ဘန်စတိုင်းအကြောင်းပါ။ သူ့အကြောင်းဆိုတာထက် သူနဲ့ သူ့မိန်းမ တယ်လီဗေးရှင်းမင်းသမီး ဖယ်လီစီယာမွန်တီလက်ဂျ်ရဲ့ ဆက်ဆံရေးအကြောင်းဆို ပိုမှန်မယ်။ အဲဒီဆက်ဆံရေးဆိုတာကလည်း ကျွန်တော်တို့မြင်နေကျတွေလို ကတောက်ကဆတွေချည်း ရိုက်ပြထားတာမျိုးမဟုတ်တာက သူ့ထူးခြားချက်ပဲဖြစ်မယ်။ လီယိုနာ့ဒ်အကြောင်းအရင်ပြောရရင် ဒီဘဲက ဂီတပညာရှင်။ ဘယ်လိုဂီတပညာရှင်လဲဆိုတော့ ဂီတနဲ့ပတ်သက်ရင် အကုန်သူ့နယ်ပယ်ပဲလို့ ခံယူပြီး ဂီတနဲ့ပတ်သက်သမျှ အကုန်လုပ်တဲ့ အကုန်လည်းဟုတ်တဲ့ ဂီတပညာရှင်။ သူက ဂီတမှူး၊ ဂီတစာဆို၊ စန္ဒယားဆရာ၊ ဂီတသင်ကြားသူ၊ ရုပ်ရှင်နောက်ခံတေးစသဖြင့် အစုံ့အစုံအကုန်လုပ်ခဲ့တဲ့သူ။ အမေရိကန်သမိုင်းက အတော်ဆုံး အအောင်မြင်ဆုံး ဂီတသမားတွေထဲက တစ်ယောက်လည်းဟုတ်တယ်။ သူ့ကို နာမည်နဲ့တွဲမသိရင်သာနေမယ်။ ရုပ်ရှင်သမားတွေတော့ သူ့ဂီတနဲ့ကောင်းကောင်းရင်းနှီးကြလိမ့်မယ်။ Elia Kazan ရိုက်ပြီး မာလွန်ဘရန်ဒိုသရုပ်ဆောင်ထားတဲ့၊ Best Picture အထိရခဲ့တဲ့ On the Waterfront ရဲ့ နောက်ခံတေးကို သီကုံးခဲ့တဲ့သူ။ အဲဒီကားနဲ့ သူဆန်ခါတင်လည်းဝင်ခဲ့ဖူးတယ်။ West Side Story မူရင်းကားရဲ့ဂီတပိုင်းကိုရော သူပဲကိုင်ခဲ့သလို လူမရှိတော့ပေမဲ့ စပီးဘာ့ဂ်ပြန်ရိုက်တဲ့အသစ်မှာလည်း သူ့ဂီတကိုပဲ ပြန်သုံးထားတယ်။ ကုန်ကုန်ပြောရရင် ဒီ Maestro ထဲက ဂီတပိုင်းတောင် သူ့ဂီတကိုပဲ ပြန်သုံးထားတာပါပဲ။ လီယိုနာ့ဒ်ဟာ တိုနီဆု ၂ဆု၊ ဂရမ်မီ ၁၆ဆု၊ အမ်မီ ၇ဆု ရခဲ့တယ်။ အော်စကာတော့ မရခဲ့ရှာပါဘူး။ ဒါပေမဲ့လည်း သူ့လိုင်းက ပြဇာတ်နဲ့ဂီတမှူး ဂီတစာဆိုလိုင်းဘက်ပိုသွားတော့ သူလုပ်ခဲ့တာတွေနဲ့ သူရထားတာတွေနဲ့က အံကိုက်တော့အံကိုက်ပါပဲ။ ဘန်စတိုင်းနေရာကတော့ ဘရက်ဒလေကူးပါးကပဲ သရုပ်ဆောင်ထားပြီး သူ့မိန်းမနေရာကတော့ ကာရေးမယ်လီဂန်က သရုပ်ဆောင်ထားတယ်။ Maestro မှာ ကူးပါးဟာ ဘန်စတိုင်းရဲ့ ဘဝဇာတ်ကို သူ့အနုပညာနဲ့ သူ့မိသားစုဘဝ ၂ခုလုံးကို ပြသွားတယ်။ ဒီလိုဆိုပေမဲ့ သူ့မိသားစုဘဝဘက်ကိုတော့ ပိုအလေးပိုလိမ့်မယ်။ ဒီရုပ်ရှင်မှာ ဘန်စတိုင်းရဲ့ အောင်မြင်ခြင်းတွေထက် သူ့မိန်းမဖယ်လီစီယာရဲ့ အချစ်နဲ့နားလည်မှုက သူ့အောင်မြင်ခြင်းကို ဘယ်လိုအရောင်တင်ပေးခဲ့လဲ ပိုအလေးပေးပြသွားတယ်လို့ပြောရမယ်။ ဒါကြောင့်ပဲ မယ်လီဂန်အတွက် သရုပ်ဆောင်ကွက် ပိုရခဲ့သလို သူကလည်း ကောင်းကောင်းကြီး ထုတ်ပြနိုင်ခဲ့တယ်။ ဒီရုပ်ရှင်မှာတော့ ကူးပါးထက်ကို မယ်လီဂန်ရဲ့သရုပ်ဆောင်ပေါက်တွေက ပိုတာသွားတယ်လို့ မြင်တယ်။ ၂၀၀၉မှာ An Education, ၂၀၂၀မှာ Promising Young Woman တို့နဲ့ အော်စကာ ဆန်ခါတင်ဝင်ဖူးခဲ့တဲ့ Carey Mulligan ကတော့ ဒီနှစ်လည်း Golden Globe မှာ မင်းသမီးဆုဝင်ထားသလို Maestro နဲ့ သူ့ကိုရသင့်တယ်အော်နေကြတဲ့ အသံတွေလည်းရှိနေ‌တော့ ဆန်ခါတင်ပဲထပ်ဝင်သွားမလား ရပဲရသွားမလား ကြည့်ရဦးမှာပါပဲ။ လီယိုနာ့ဒ်နဲ့ ဖယ်လီစီယာတို့ရဲ့ သမီးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂျေမီအဖြစ်သရုပ်ဆောင်သွားတဲ့ Maya Hawke ကလည်း အခန်းသိပ်မရပေမဲ့ ပါသလောက်မှာ သဘောကျချင်စရာတော့ကောင်းတယ်။ ဇာတ်လမ်းက လီယိုနာ့ဒ်နဲ့ သူ့မိန်းမကြားက အချစ်လို့ခေါ်မလား မေတ္တာလို့ခေါ်မလား အဲဒီအရာတစ်ခုကိုတော့ ပေါ်လွင်အောင်ပြသွားနိုင်ခဲ့တယ်။ ပြဿနာလုံးဝကင်းတယ်တော့မဟုတ်ပေမဲ့ ချစ်ခြင်းနဲ့အဆုံးသတ်ပြီး သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လီယိုနာ့ဒ်ရဲ့အခြေအနေကိုလည်း ပြသွားတယ်။ ပြောရရင် Maestro တစ်ယောက်ရဲ့ ဘဝပဲ့ကိုင်ရှင်တစ်ယောက်အကြောင်းပဲထားပါတော့။ သေချာတာတော့ သတိရခြင်းနဲ့ ခရီးဆက်နေတဲ့ လူတစ်ယောက်ကိုတော့ ခံစားမိမှာပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.2GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 2H 9Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2023
Maestro
A Weekend to Forget

ဇာတ်လမ်းအကျဥ်းလေးကတော့ ငယ်သူချင်းတစ်စုဟာ မတွေ့ရတာကြာနေပြီဖြစ်လို့ စနေတနင်္ဂနွေပိတ်ရက်မှာ ဖာဒီရဲ့အိမ်မှာစုပြီးပါတီပွဲကျင်းပဖို့အတွက်ထွက်လာကြပါတယ် ငယ်သူငယ်ချင်းတွေအကြာကြီးနေမှပြန်ပြီးတွေ့ရမှာဖြစ်လို့ပျော်ပျော်ရွှင်ရွှင်နဲ့ပါတီကျင်းပရင်း နောင်အနာဂတ်မှာ သူငယ်ချင်းတွေစုပြီး လုပ်ငန်းအတူတူလုပ်ဖို့လည်းဆွေးနွေးတိုင်ပင်ကြဖို့စီစဥ်ထားပါတယ် ဒါပေမဲ့ တကယ့်လက်တွေမှာထင်ထားသလိုမဖြစ်ခဲ့ဘဲ အပျော်ကနေအပျက်ဖြစ်ခဲ့ပါတယ် ငယ်ကတည်းကရန်စရှိခဲ့တဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကတောက်ကဆအပြင် ထင်မှတ်မထားတဲ့ပြဿနာလေးတွေရှိလာပြီး နောက်ဆုံး လူသတ်မှုဖြစ်သွားတဲ့အဆင့်ထိဖြစ်လာပါတော့တယ် ဒါပေမဲ့ အဲ့ဒီလူသတ်မှုမှာ တရားခံကဘယ်သူလဲ ဘာကြောင့်သတ်ရတာလဲဆိုတာ အဖြေရှာရပါတော့တယ် တရားခံကိုဒီလူလိုလို ဟိုလူလိုလိုနဲ့ သံသယဝင်စရာကောင်းအောင်ရိုက်ပြထားပြီး တကယ့်တရားခံအစစ်ကရောဘယ်သူလဲဆိုတာကို ဇာတ်ကားကြည့်ရင်းအဖြေရှာကြည့်နိုင်ပါတယ် File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Drama, Thirller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

0 2023
A Weekend to Forget
Rob N Roll
5.9

ဟောင်ကောင်မင်းသားကြီး Aaron Kwokတစ်ယောက်သွားခေါကြီးနဲ့ အထာကျကျကြမ်းတဲ့ အက်ရှင်ဟာသကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ Gordon Lam နဲ့ Richie Jenတို့လို ဝါရင့်မင်းသားကြီးတွေလဲ အတူတွဲသရုပ်ဆောင်ထားပါသေးတယ်။ အဖြစ်မရှိတဲ့လူလတ်ပိုင်းတွေဖြစ်တဲ့အားဟွေးနဲ့အားစုံဟာ အရမ်းကြပ်တည်းနေတဲ့အချိန် အားဟွေးမျက်စိရှေ့မှာဖြစ်သွားတဲ့ ဓားပြမှုမှာ ဓားပြတွေပိုက်ဆံအများကြီးယူသွားတာကိုအားကျပြီး ဓားပြတိုက်ဖို့ကြံစည်ကြတယ်။ အဲဒီအချိန်မှာ အားဟွေးအားကျတဲ့ဓားပြမှုရဲ့ ဓားပြကြီးကတော့ ပြေးရင်းလွှားရင်း ငွေအိတ်ကြီးပျောက်သွားတဲ့အတွက် ခေါင်းမီးတောက်အောင် လိုက်ရှာရင်း သူတို့နှစ်ယောက်နဲ့သွားဆုံပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် (၃)ယောက်သားဓားပြအတူပြန်တိုက်ဖို့ဖြစ်သွားခဲ့ကြတယ်။ သူတို့ရဲ့နောက်မှာကတော့ အမှုအကြီးကြီးကိုအရမ်းလိုက်ချင်နေတဲ့ ရဲမေတစ်ယောက်ရှိနေပြီး ဒီဓားပြတွေကို မဖြစ်ဖြစ်တဲ့နည်းနဲ့ဖမ်းဆီးနိုင်ဖို့ကြိုးစားနေတယ်။ တိုက်တိုက်ဆိုင်ဆိုင် လွဲချော်နေကြတဲ့ သူတို့တွေဟာ ဘယ်လိုဖြစ်လာကြမလဲ……. ဒီဇာတ်ကားမှာ မင်းသားကြီးတွေဖြစ်နေပေမယ့် ဇာတ်လမ်းကအရမ်းကြီးလေးပင်မနေပဲ ပေါ့ပေါ့ပါးပါးခံစားလို့ကောင်းတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.9 2024
Rob N Roll
The Slick Guy
5.7

တစ်ခါတုန်းကဘုရင်ကြီးတစ်ပါးဟာ ရောဂါအပြင်းအထန်ဖြစ်နေတဲ့အတွက် ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးလုံးဝူကော်ကို တော်ဝင်သမားတော်၂ယောက်ကိုရှာဖို့စေလွှတ်ခဲ့တယ်။ (၁၅)နှစ်ကြာမှ သမားတော်၂ယောက်ဟာပြန်ရောက်လာပြီ း ဝူကော်ဆေးလုံးဟာ ၂မျိုးရှိနေပါတယ်။ တစ်လုံးကတော့ ရောဂါအားလုံးကိုပျောက်စေနိုင်တဲ့နတ်ဆေးဖြစ်ပြီးတော့ နောက်တစ်လုံးကတော့ကုရာဆေးမရှိတဲ့ အဆိပ်ဆေးလုံးဖြစ်နေပါတယ်။ ဒီဆေးနှစ်လုံးကိုဘယ်သူမှမခွဲခြားနိုင်တော့ မင်းကြီးဟာစွန့်စားပြီး ဆေးကိုစမ်းသောက်ကြည့်ရာကနေပြီးတော့ အသက်ရှင်နေရက်လှုပ်မရတဲ့ ရှင်ရက်နဲ့သေတဲ့အဖြစ်ကိုရောက်သွားခဲ့ပါတယ်။ သမားတော်နှစ်ယောက်ဟာလဲ ပြစ်ဒဏ်ပေးခံလိုက်ရပါတယ်။ အဲဒီအချိန်ကစပြီး နတ်ဆေးလို့ယူဆရတဲ့ဝူကော်ဆေးလုံးက ပျောက်သွားခဲ့ပါတယ်။ နောက်(၁၅)နှစ်ကြာသွားတဲ့အချိန်မှာ နတ်ဆေးလုံးကို ပြန်ရှာဖို့ကြိုးစားကြတဲ့အခါ အတိတ်က ရန်ငြိုးတွေဟာ ပြန်အသက်ဝင်လာပါတော့တယ်။

Horror • Science Fiction
5.7 2024
The Slick Guy
Bharathanatyam
7.5

Bharathanatyam (2024) “ဒါရိုက်တာ” တေလဂူး မဆလာ ဟာသရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ရာဂျာဆိုတာ လက်ထောက်ဒါရိုက်တာအဖြစ် လေးနှစ်လုပ်ကိုင်ခဲ့ပြီး ကိုယ်တိုင်ရုပ်ရှင်ရိုက်ဖို့ ပရိုဂျူဆာတွေ လိုက်ကမ်းလှမ်းနေရတဲ့လူ ။ သူ့ကောင်မလေးကိုတောင် မုန့်ဝယ်မကျွေးနိုင်၊ သူ့ဇာတ်ညွှန်းကလည်း ထုတ်လုပ်သူတိုင်းက ဟိုဟာဖြစ်တယ် ဒီဟာမပါဘူးဆိုပြီး ပယ်ချခံရတယ် အစစအရာရာ ကံဆိုးနေတဲ့ ရာဂျာတစ်ယောက် တစ်နေ့မှာ ဘဝအလှည့်အပြောင်းတစ်ခုကြုံရပြီး မြေအောက်ဒုစရိုက်လောကနဲ့ ပတ်သက်ဆက်နွယ်မိသွားတဲ့အခါ အန္တရာယ်များတဲ့ အခြေအနေတွေကနေ ဒုစရိုက်သားတွေကို ဘယ်လိုကွက်ကျော်ရိုက်ပြီး ရှောင်တိမ်းမှာလဲ ရုပ်ရှင်ဆိုတာ ကမ္ဘာပေါ်မှာ အလှပဆုံးလိမ်လည်မှုပဲ ဆိုတဲ့စကားအတိုင်း အရှုပ်အထွေးများကြားမှာ လွတ်မြောက်အောင်ကြိုးစားပုံကို ပရိသတ်အကြိုက် မြူမြူးကြွကြွလေး တင်ဆက်ထားတာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.5 2024
Bharathanatyam
Hum Chaar
5.8

Hum Chaar (2019) ဘဝတစ်ကွေ့ IMDb 5.7/10 ဇာတ်လမ်းပုံစံမြူးမြူးကြွကြွလေးနဲ့ကောလိပ်ဆေးကျောင်းသားအချစ်ဇာတ်လမ်းတစ်ခုကိုတင်ဆက်ပေးပါမယ် ဆေးကျောင်းတက်နေကြတဲ့မတည့်အတူ‌နေသူငယ်ချင်းသုံးယောက် နမ်မစ်၊အဘီယာနဲ့ဆိုဂျူးတို့ ဆေးကျောင်းမှာဗရုတ်ကျနေကြရင်း တစ်ရက်တော့ ဆေးကျောင်းကို မန်ဂျယ်ရီဆိုတဲ့ ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။ မကြာခင်မှာပဲသူတို့သုံးယောက်လုံး ကောင်မလေးနဲ့သူငယ်ချင်းတွေဖြစ်သွားကြပါတယ်။ ဒါပေမဲ့လည်းသုံးယောက်လုံးကမန်ဂျယ်ရီအပေါ်ခံစားချက်ရှိနေတာကိုသိပြီးကြပြီးနောက် သူမမွေးနေ့မှာပဲတစ်ပြိုင်တည်းအချစ်ကိုဖွင့်ဟပြီး သူမချစ်တာဘယ်သူလဲဖော်ထုတ်ဖို့ကြိုးစားကြပါတော့တယ်။ ‌ မန်ဂျယ်ရီကမူးမူးရူးရူးနဲ့သုံးယောက်လုံးကိုအဖြေပြန်ပေးလိုက်မိပြီး နောက်ရက်‌ေရာက်တော့ဘာမှမမှတ်မိတော့ပါဘူး ကောင်လေးတစ်ယောက်ကအဲဒီညကအဖြစ်ကိုရိုက်ထားတဲ့ဗီဒီယိုကို YouTube မှာတင်လိုက်တော့ သူငယ်ချင်းသုံးယောက်ပြဿနာတက်ကြရင်းထိုကောင်လေးအပါ်ကို chemical ဆေး‌ရည်တွေမှောက်ကြကုန်ရင်း အချင်းပိုပွားလာကြကာ တစ်ယောက်နဲ့အပြီးတိုင်တစ်ယောက်လမ်းခွဲလိုက်ကြပါတော့တယ်။ လေးနှစ်ကြာပြီးနောက်သူငယ်ချင်း‌လေးယောက် အချင်းချင်းပြန်တွေ့ကြတဲ့အချိန်မှာတော့……. (အညွှန်းရေးသားသူ Bluri ဖြစ်ပြီး ဘာသာပြန်ဆိုသူ CM Bollywood Team မှ ဖြစ်ပါတယ်)

5.8 2019
Hum Chaar
Unusual Deal
5.9

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်မှုခင်းဟာသ ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – ပေကျင်းက ကျာယွင်ဟာ ငယ်သူငယ်ချင်းပေါက်စွိုက်ရဲ့ ချမ်းသာတဲ့ဘဝကို အားကျနေသူ ဖြစ်ပါတယ်။ အောင်မြင်ချမ်းသာချင်တဲ့ ကျာယွင်ဟာ ပေါက်စွိုက်ရဲ့ ဖိတ်ခေါ်မှုနဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ကို အခွင့်အရေးရလိုရငြား အလည်ထွက်လာခဲ့ပါတယ်။ လေယာဉ်ကွင်းမှာ ပေါက်စွိုက်က လာကြိုတဲ့ကားပေါ် သေနတ်ကိုင် လူမိုက်တစ်ယောက်ကတက်လာခဲ့ပြီး သူတို့ကိုခြိမ်းခြောက်ပြီး လမ်းတစ်ဝက်မှာ အဲဒီသေနတ်နဲ့လူက ဆင်းသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီလူရဲ့အိတ်နဲ့ ကျာယွင်ရဲ့အိတ်နဲ့ လွှဲသွားခဲ့ပြီး သူတို့သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကြားထဲကို ရောက်မှန်းမသိ ရောက်သွားခဲ့ပါတယ်။ အဲဒီ အိတ်ထဲက ဘာပစ္စည်းတွေ ပါလိမ့်မလဲ…… အဲဒီအိတ်ထဲက ပစ္စည်းကို လိုချင်နေတဲ့အဖွဲ့ ဘယ်နှဖွဲ့လောက်ရှိမလဲ…… ကျာယွင်တို့ သူငယ်ချင်းနှစ်ယောက် အန္တရာယ်တွေကို ရှောင်လွှဲနိုင်ပါ့မလား….. ဆိုတာကို ဟာသလေးနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ 4K & 1080p Quality >> Only On CM App ( www.cmapp.tv )

Horror • Fantasy • Comedy
5.9 2025
Unusual Deal
[18+] Maalikaya

Maalikaya (2025) မယ်လီကာယာဆိုတာ အမျိုးသမီးရဲဘက်စခန်းတစ်ခုရဲ့အမည်ဖြစ်ပြီး အကျဉ်းထောင်အတွင်းမှာ စည်းကမ်းသေဝပ်သူတွေ၊ အမူအကျင့်ကောင်းရှိသူတွေကိုရွေးချယ်စေလွှတ်ခံရတာဖြစ်ပါတယ်။ ဒီနေရာမှာတော့ နှင်းဆီစိုက်ပျိုးရေးလို၊လက်မှုပစ္စည်းလေးတွေလိုမျိုး တပိုင်တနိုင်အလုပ်လေးတွေနဲ့သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင်နေရတဲ့အတွက် အကျဉ်းသူတွေလည်းပျော်ကြပါတယ်။ အဲ့ဒီနေရာကို အသစ်ရောက်လာတဲ့ ၁၉ နှစ်အရွယ် ကာရာ ဆိုတဲ့ကောင်မလေးတစ်ယောက်၊ သူ့အရင်ရောက်နှင့်ပြီးသား လီလာဆိုတဲ့ ဝါရင့်အကျဉ်းသူ မမကြီးနဲ့အချင်းချင်းနားလည်မှုတွေဖလှယ်ရင်ဖွင့်ရင်း သံယောဇဉ်တွယ်မိကြတာတွေကို ကြမ်းကြမ်းရမ်းရမ်းရှုစားကြရမှာဖြစ်ပါတယ်။ Elevator Lady ထဲမှာ VMX’s newest crush အဖြစ်မိတ်ဆက်ခဲ့တဲ့ cute type လေး Aliya Raymundo ကို ဝါရင့်မမကြီး Jenn Rosa နဲ့လိုက်ဖက်ညီတဲ့ GL အတွဲအဖြစ်တွေ့မြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.5 GB) / (640 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:12:12 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Alvar Translated by Alias

Comedy
0 2025 70 mins
[18+] Maalikaya