YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My Lovely Boxer.(2023)EP3.HDTV.72OP(CM).mp4

346.52 MB N/A video/mp4 326 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Jayeshbhai Jordaar
5.9

ဒီဇာတ်ကားလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ဖိုဝါဒ အလေးပေးမှု၊ အမျိုးသမီးတွေကို နှိမ်ချမှု တို့ကို မီးမောင်းထိုးပြထားတဲ့ စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ ဂျက်ရှ်ဟာ Pravingadh မှာ ဘိုးဘေးစဉ်ဆက် အုပ်ချုပ်လာတဲ့ မိသားစုရဲ့ သားတစ်ယောက်။ သူက မူဒရာဆိုတဲ့ အမျိုးသမီးလေးနဲ့ အိမ်ထောင်သက် ၉ နှစ်ရှိပြီး သမီးလေးတစ်ယောက်မွေးထားတယ်။ ဂျက်ရှ်တို့ မိသားစုမှာ ဆက်ခံဖို့အတွက် သားမွေးပေးရမှာက မူဒရာ ရဲ့တာဝန်ပေါ့။ အိမ်ထောင်သက်တစ်လျှောက်လုံးမှာ ကိုယ်ဝန်ဆောင်ပြီး မိန်းကလေးမှန်း သိရတဲ့အချိန်တိုင်း ကလေးကို ဖျက်ချခဲ့ရတာ ၆ ကြိမ်ရှိပြီ။ ဒီတစ်ဗိုက်မှာတော့ မူဒရာ‌တစ်ယောက် သားလေး မွေးပေးနိုင်ဖို့ကို တစ်မိသားစုလုံးက မျှော်လင့်ထားကြတယ်။ ဂျက်ရှ်ကတော့ စိတ်နှလုံးသား နူးညံ့တဲ့ ခင်ပွန်းပါပဲ။ မူဒရာရဲ့ ဗိုက်ထဲက ကလေးဟာ မိန်းကလေးမှန်း သိပြီးတဲ့နောက် ဂျက်ရှ်တစ်‌ယောက် ရင်သွေးကို ထပ်ပြီး အဆုံးရှုံးမခံနိုင်တော့ဘဲ သူ့မိဘတွေ ရှေးရိုးစွဲတာတွေကို ဘယ်လို ပုန်ကန်နိုင်မလဲ? သူ့ဇနီးသည်နဲ့ အတူ ဘယ်လိုကျော်ဖြတ်သွားမလဲ? ဆိုတာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုရမှာပါ။ အခုခေတ်အချိန်ထိ ကျွန်မတို့ နိုင်ငံမှာလည်း ဖိုဝါ‌ဒကြီးစိုးတဲ့ ရှေးရိုးစွဲ အမြင်တွေကို စွဲကိုင်ထားကြသူတွေရှိပါသေးတယ်။ လူဟာ လူပဲဆိုတာကို မြင်နိုင်တဲ့တစ်နေ့ လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။ ဒီဇာတ်ကားလေးကို ကြည့်ပြီး တစ်ခုခု ရသွားမယ်လို့ မျှော်လင့်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Kit နဲ့ Hae Areum က ရေးထားတာပါ။) File Size : 2.2GB, 1GB, 505MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr & 1min Genre : Comedy, Drama Translated by Kit & Hae Areum Encoded by Kinnov

Animation
5.9 2022 124 mins
Jayeshbhai Jordaar
The Conjuring 2
7.3

ကာလရှည်ကြာစွာ စောင့်မျှော်နေရတဲ့ Conjuring 2 နောက်ဆုံးမှာတော့ Bluray ကွာလတီနဲ့ ထွက်လာခဲ့ပါပြီ။ သရဲကား ဘာသာပြန်နေကျသူတွေ အကြောင်းအမျိုးမျိုးကြောင့် မအားလပ်တာနဲ့ ကျွန်တော်ရဲ့ ပထမဆုံး ဘာသာပြန်ဖြစ်တဲ့ သရဲကား ဖြစ်သွားပါပြီ။ဒီဇာတ်လမ်းဟာလည်း ဖြစ်ရပ်မှန်ကို အခြေခံထားတာပဲဖြစ်ပါတယ်။ အ ကျဉ်းပြောရရင်တော့ တစ်ခုလပ် အမျိုးသမီးတစ်ဦးနဲ့ သားသမီး ၄ ယောက် ပြောင်းရွှေ့လာတဲ့ အိမ်မှာ ကြောက်စရာ ဖြစ်ရပ်တွေ စတင်လာခဲ့ပြီး လူတွေနဲ့ မီဒီယာတွေ အာရုံစိုက်မှု ရလာတဲ့အခါ ဘုရားကျောင်းရဲ့ အကူအညီတောင်းမှုအရ ၀ါရမ် လင်မယား လာရောက်စုံစမ်းရတာပါပဲ။ ဒီအမှုကိုတော့ သူတို့လင်မယားလိုက်ခဲ့တဲ့ အမှုတွေထဲက ကြောက်စရာ အဆိုးရွားဆုံးတွေထဲက တစ်ခုလို့ အပြင်မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မထင်မှတ်တဲ့ လှည့်ကွက်တစ်ခုနဲ့ တန်ဆာဆင်ထားတာကိုလည်း တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအဆုံးမှာလည်း တကယ့် ဖြစ်ရပ်မှန်အသံသွင်းတိပ်ခွေကို ဘာသာပြန်ထားတာလေးနားထောင်ကြည့်ဖို့ မကျန်ခဲ့ဖို့နဲ့မူရင်းဓာတ်ပုံတွေကိုလည်း တွေ့ရှိနိုင်ကြောင်း ပြောပြရင်း တင်ပေးလိုက်ပါပြီ......ရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Crime • Drama • Mystery
7.3 2016 134 mins
The Conjuring 2
Blueback
5.8

တံငါရွာလေးတစ်ရွာ… အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေတဲ့ တံငါသည်တွေရဲ့ဘဝလေးတွေဟာ အစိုးရနဲ့လက်ဝါးချင်းရိုက်ပြီး စီမံကိန်းမြေတွေယူပြီး လုပ်စားနေတဲ့ ဝိသမလောဘသားခရိုနီသူဌေးကြီးရောက်ချလာချိန်မှာတော့ အိမ်တွေ၊ ရွာတွေဟိုရွှေ့သည်ရွှေ့နဲ့ ဘုံပျောက်ကြရုံမက ဘဝတွေပါပျက်၊ ရိုးသားတဲ့ဒေသခံတောသူတောင်သားတွေလည်း မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြ… နောက်ဆုံး ဇာတ်လိုက်က ဟီးရိုးကြီးလုပ်ပြီး ခရိုနီကြီးကို ပညာပြ… ဒါကတော့ ပရိတ်သတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မယ့် ဘောလိဝုဒ်တို့၊ တောလိဝုဒ်တို့က ဇာတ်လမ်း၊ ဇာတ်အိမ်မျိုးဖြစ်ပါတယ်။ အခုတင်ဆက်မယ့် ဇာတ်ကားလေးကလည်း အဲ့လိုဇာတ်လမ်းမျိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ မတူတာကတော့ ဘာဘူတို့လို message ကိုအတုံးလိုက်အတစ်လိုက်ချမပြတာရယ်၊ အမြတ်ကြီးစား၊ လောဘဇောတိုက်တဲ့ ခရိုနီကြီးတွေလောက် ဗီလိန်ကိုကြမ်းပြမထားတာရယ်၊ ဗီလိန်ရဲ့ ကဏ္ဍနဲ့ နိုင်ငံရေးတွေ၊ လူတန်းစားမညီမျှမှုတွေထက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဘက်ကိုဇောင်းပေးပြီး ပညာပေးဆန်ဆန်ရိုက်ပြထားတာပဲ ကွာပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဩစတြေးလျနိုင်ငံက ‘ဓားပြဦးခေါင်း’ (Robber’s Head) ပင်လယ်အော်ဘက်က ကမ်းခြေရွာလေးတစ်ရွာမှာ ဒိုရာဂျက်ခ်ဆန်နဲ့ သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်တို့ နေထိုင်ကြပါတယ်။ သမီးဖြစ်သူငယ်စဥ်ကတည်းကယောကျ်ားဖြစ်သူ ပင်လယ်ကမ်းလွန်ပိုင်းမှာ ပုလဲငုပ်ရင်းငါးမန်းစာဖြစ်သွားတာကြောင့် မုဆိုးမဘဝနဲ့ သမီးဖြစ်သူကိုစောင့်ရှောက်ပေးနေရတဲ့ ဒိုရာဟာ မဟုတ်မခံစိတ်ရှိသူ၊ ပင်လယ်ပြင်နဲ့ရေနေသက်ရှိတွေအပေါ်သံယောဇဥ်ရှိတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်သလို သမီးဖြစ်သူ အက်ဘီဂျက်ခ်ဆန်ကိုလည်း ငယ်စဥ်ကတည်းက ပင်လယ်ပြင်နဲ့ရင်းနှီးကျွမ်းဝင်အောင် လေ့ကျင့်ပေးသူဖြစ်ပါတယ်။ အက်ဘီလေးဟာလည်း မိဘတွေရဲ့ဇာတိသွေးပါတာကြောင့် ငယ်စဥ်ကတည်းက ပင်လယ်ပြင်ထွက်ပြီး ရေငုပ်တတ်တဲ့ဝါသနာကြီးသလို တစ်နေ့ကြီးလာရင် အဏ္ဏဝါဗေဒပညာရှင်တစ်ယောက်အဖြစ် သမုဒ္ဒရာနဲ့ရေနေသတ္တဝါတွေအကြောင်း ကျယ်ကျယ်ပြန့်ပြန့်လေ့လာပြီး ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ရည်ရွယ်ချက်ရှိသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ သားအမိနှစ်ယောက် ရေငုပ်ရင်း ရှားပါးမျိုးစိတ်တစ်မျိုးဖြစ်တဲ့ ဩစတြေးလျပင်လယ်ငါးပြာကြီးတစ်ကောင်နဲ့တွေ့ပြီး အက်ဘီခမျာသံယောဇဥ်ဖြစ်သွားပါတယ်။ ထုံးစံအတိုင်းအဲ့အချိန်မှာပဲ ကမ်းခြေကိုလှေကြီးတွေဝင်နိုင်ဖို့ ပင်လယ်အော်တစ်လျှောက် သန္တာကျောက်တန်းတွေဖြိုပြီး စီမံကိန်းမြေနေရာတွေ လိုက်ဝယ်နေတဲ့ စီးပွားရေးသမား တက်ဒ်ကော့စ်တယ်လိုရောက်လာတဲ့အခါ ဒိုရာဂျက်ခ်ဆန်အပါအဝင် ဒေသခံတွေနဲ့ အတိုက်အခံဖြစ်ကြပါတယ်။ အဲ့လိုနဲ့ ဒေသကောင်စီအစည်းအဝေးမှာ စီမံကိန်းပိုင်ရှင် ကော့စ်တယ်လိုကတစ်ဖက်၊ သဘာဝပတ်ဝန်းကျင်နဲ့ အဏ္ဏဝါသက်ရှိတွေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ ဒိုရာနဲ့ဒေသခံတွေကတစ်ဖက် အဆိုပြုလွှာတွေ တင်ကြပါတယ်။ ဒိုရာနဲ့ဒေသခံတွေပဲ နိုင်သွားမလား… ကော့စ်တယ်လိုရဲ့ ရည်ရွယ်ချက်အောင်မြင်ပြီး သန္တာကျောက်တန်းတွေပျက်စီး၊ ရွာတွေပျောက်ပြီး စီမံကိန်းမြေတွေဖြစ်သွားမလား… မိခင်နဲ့ဖခင်ရဲ့ ပင်လယ်ပြင်အပေါ်မြတ်နိုးစိတ်ကို အမွေရထားတဲ့ အက်ဘီလေးကရော ဘာတွေပံ့ပိုးလုပ်ဆောင်ပေးနိုင်မလဲဆိုတာတော့ ဆက်လက်ရှုစားကြည့်ရမှာပါ။ ဩစတြေးလျဒရာမာဇာတ်ကားဖြစ်တဲ့ ဒီရုပ်ရှင်ကို ဩစတြေးလျဒါရိုက်တာ ရောဘတ်ကွန်နော့လီက ရိုက်ကူးထားပြီး အဓိကသရုပ်ဆောင်များကတော့ ဩစတြေးလျသရုပ်ဆောင်တွေဖြစ်တဲ့ မီယာဝါဆီကော့စ်ကာ၊ ရာဒါမစ်ချယ်လ်၊ အီရစ်ဘာနာတို့ဖြစ်ပါတယ်။ မီယာဝါဆီကော့စ်ကာကိုတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ Alice in wonderland (2010)၊ Madame Bovary(2014)၊ Tracks (2013) တို့မှာပါဝင်ထားတဲ့မင်းသမီးဖြစ်တာကြောင့် ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဇာတ်ပို့သရုပ်ဆောင်ဖြစ်တဲ့ အီရစ်ဘာနာနဲ့လည်း Blackhawk down တို့၊ Troy တို့၊ Hulk တို့လိုရုပ်ရှင်ကြီးတွေမှာ မျက်မှန်းတန်းမိပြီးသားဖြစ်လောက်ပါတယ်။ မိခင်ဖြစ်သူ ဒိုရာဂျက်ခ်ဆန်နေရာကနေသရုပ်ဆောင်ထားတဲ့ ရာဒါမစ်ချယ်လ်ကိုတော့ London has fallen (2016) ဇာတ်ကားထဲမှာ မြင်ဖူးပြီးသားဖြစ်မှာပါ။ အင်္ဂလိပ်ဘာသာစကားနဲ့တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကို ၂၀၂၂ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ၊ ကမ်းရိုးတန်းဒေသတွေရဲ့ အလှအပတွေ၊ ရှုခင်းတွေကို တစ်ဝကြီးကြည့်ရှုကြရမှာဖြစ်ပြီး ရေအောက်ရှုခင်းတွေနဲ့ ပင်လယ်သတ္တဝါတွေကိုလည်း ဖောဖောသီသီထည့်သွင်းပြသထားပါတယ်။ ဘာသာပြန်သူအနေနဲ့တော့ ဇာတ်ကားတစ်ကားလုံးမှာ ဇာတ်သိမ်းခါနီး ညနေဆည်းဆာချိန်မှာ ပင်လယ်ဘက်မျက်နှာမူပြီးသားအမိနှစ်ယောက်ပြောကြတဲ့ ဒိုင်ယာလော့ခ်ကို အကြိုက်ဆုံးဖြစ်မိပါတယ်။ Rotten tomatoes 79% ဖြစ်ပြီး IMdb rating 5.9 ရထားပါတယ်။ File size…(2.08GB) / (771.64MB) / (529.79MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:32:00 Genre…Drama / Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ninja

5.8 2022 102 mins
Blueback
Anak Rimau the Movie
6.7

Anak Rimau the Movie(2022) *************************** ဘောလုံးအကယ်ဒမီတစ်ခုအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ပြီးသွားရင် စိတ်ထဲမှာ အတွေးထဲမှာ တစ်ခုခုတော့ တွေးနေမိမှာ အမှန်ပါပဲ။ နိုင်ငံရဲ့နေရာစုံကနေလာတဲ့ ဘောလုံးကန်ရတာကို အရမ်းဝါသနာပါတဲ့ လူငယ်လေးတွေ Anak Rimau ဘောလုံးအကယ်ဒမီကိုရောက်ပြီး ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမလဲ။ အဲရစ်ဖ်ကတော့ ဆင်းရဲပြီး အမေနဲ့ အတူတူနေပါတယ်။ သူ့မှာ ဆိုးသွမ်းပြီး ဦးတည်ရာမဲ့နေတဲ့ အကိုတစ်ယောက်ရှိပါတယ်။ ဒန်းနစ်ကတော့ ချမ်းသာပြီး သူ့အဖေက Anak Raimu Academy ရဲ့ အကြီးဆုံးစပွန်ဆာတစ်ယောက်ပါ။ မာရို ကတော့စိတ်ဓာတ်ကြံခိုင်ပြီး စကေးရှိတဲ့ တိုက်စစ်မှုးတစ်ယောက်ပါ။ အဲ့လိုမတူညီတဲ့ ဘဝတွေ မတူညီတဲ့ နေရာဒေသက လာတဲ့သူတွေကို နည်းပြကြီး ဇိုင်နာ ဘယ်လို ကိုင်တွယ်ပြီး အောင်မြင်တဲ့ဘောလုံး အသင်းတစ်သင်းဖြစ်အောင် ပြုစုပျိုးထောင်သွားမလဲဆိုတာကတော့……… File Size :(2.6GB) and (1.3GB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:2300 Genre : Sport , Family , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Western • Mystery
6.7 2022
Anak Rimau the Movie
Down Low
5.5

ဒီဇာတ်လမ်းလေးကတော့ Comedyကိုမှ LGBTQ ပုံစံလေးနဲ့ ဇာတ်အိမ်တည်ထားပါတယ်…။ Dark Comedyလေးတွေနဲ့ ဗရုတ်သုတ်ခ ‌ဂေးတို့ဘဝကို ပီပီပြင်ပြင် မြင်တွေ့ရဦးမယ့်ကားလေးပါပဲ…။ ဇာတ်လမ်းနာမည်ဖြစ်တဲ့ Down Lowဆိုတဲ့အတိုင်း သိုသိုသိပ်သိပ်ဖုံးဖုံးဖိဖိနဲ့ ကြိတ်ပုန်းဂေးနေတဲ့ အိမ်ထောင်ရှင်ကြီးအကြောင်းပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကတော့ ဂေရီဟာ နောက်တစ်လသာအသက်ရှင်ရတော့မယ့် ရောဂါရှင်အိမ်ထောင်သည်ကြီး‌ပါ…။ သူမသေခင်လေးမှာ တစ်သက်လုံးဖုံးဖိလာခဲ့တဲ့ ဆန္ဒလေးတွေကို ဖြစ်မြောက်အောင် အကောင်အထည်ဖော်ကြည့်မယ်ဟဲ့ဆိုပြီး ဂေးနေကြောင်းမိသားစုကို ဖွင့်ပြောလိုက်ပါတယ်…။ ဖွင့်ပြောပြီးချက်ချင်းပဲ ဇနီးနဲ့သားနှစ်ယောက်က ပစ်သွားလို့ တစ်ကိုယ်တည်းကြေကွဲနေရသူပေါ့…။ ဒီလိုနဲ့ ပွ့င်ချင်တာတောင် ပြည့်ပြည့်ဝဝ မပွင့်ရဲ မပွင့်တတ်တော့ပါဘူး…။ တစ်ကိုယ်တည်းဘဝဖြစ်သွားပြီးနောက် သူ့ဆန္ဒလေးတွေပြည့်ဝအောင်ဆိုပြီး ‌ ဂေးအနှိပ်သည်လေးတစ်ယောက်ကို ငှားလိုက်ပါတယ်….။ ဒီမှာစပြီး ငါးပါးမှောက်တဲ့ဇာတ်လမ်းကစတော့တာပါပဲ…။ အပုန်းကြီးနဲ့ အနှိပ်သည်လေးတို့ နှစ်ယောက်ပေါင်းလောင်းကျော်ပြီး ဘယ်လို ဗရုတ်ကျဦးမလဲဆိုတာဇာတ်လမ်းလေးထဲကြည့်ရှုလို့ရပါပြီဗျာ….။ File size…1.17GB / 469MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 30m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2023 95 mins
Down Low
Carnage
7.1

Carnage ( 2011) Genre _ Comedy – Thriller ဒီတစ်ခါတော့ IMDb 7.1/10 အထိ ရရှိထားပြီးတော့ အ ထင်ကရရုပ်ရှင် Titanic ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kate Winslet ပါဝင်ထားတဲ့ ရုပ်ရှင်ကားကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ တစ်နေ့မှာ ကလေးနှစ်ယောက် ရန်ဖြစ်ခဲ့တဲ့အတွက် သူတို့ရဲ့ နှစ်ဖက်မိဘတွေက တွေ့ဆုံပြီး ပြဿနာကို ဖြေရှင်းဖို့ကြိုးစားကြပါတယ် ဒါပေမဲ့လည်း အားလုံး သိကြတဲ့အတိုင်း ပြဿနာဆိုတာမျိုးက ဖြစ်ဖို့လွယ်သလောက် ရှင်းဖို့တော့ ခက်ခဲတဲ့အမျိုးပါ ကလေးမိဘတွေ စုဝေးပြီးတော့ပြဿနာကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဘယ်လိုအလွဲတွေဖြစ်လာပြီးတော့ သူတို့တွေ အခြေအနေကို ဘယ်လို‌ကျော်လွှားကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဟာသနှောပြီး ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် File size… 1.1 GB / 489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by So

7.1 2011
Carnage
Cat Person
6.2

ဒီဇာတ်လမ်းလေးကတော့ ဆယ်ကျော်သက်အရွယ် ကောလိပ်ကျောင်းသူလေးရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ကို thrillerဆန်ဆန်မြင်တွေ့ရမယ့် ဇာတ်ကားလေးပါ….။ အဓိကဇာတ်ဆောင်အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Emilia Jonesကလည်း ခုမှ အသက် ၂၁နှစ်ပဲရှိသေးတာမို့ ငယ်ရွယ်လှပတဲ့ ဒီဇာတ်ရုပ်နဲ့ ကွက်တိကျနေမှာပါ…။ ဇာတ်လမ်းအကျဥ်းလေးကတော့ မာဂေါ့ဟာ ကောလိပ်ကျောင်းသူလေးတစ်ယောက်ဖြစ်ပြီး၊ ရုပ်ရှင်ရုံမှာ အချိန်ပိုင်းအလုပ်လုပ်တဲ့ အလုပ်သမလေးပေါ့…။ ငယ်ရွယ်သူတိုင်းမှာ အချစ်ဇာတ်လမ်းကိုယ်စီရှိကြသလို မာဂေါ့ဟာလည်း ရုပ်ရှင်လာကြည့်နေကျ လူကြီးတစ်ယောက်ကိုမှ သဘောကျသွားမိပါတယ်….။ ဒီလိုနဲ့ အသက် ၂၀အရွယ်ကောင်မလေးတစ်ယောက်နဲ့ အသက် ၃၀ ဝန်းကျင် လူကြီးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေးစခဲ့ပါတယ်…။ အစပိုင်းမှာတော့ အချင်းချင်း အချင်းချင်းစာပို့ရင်း ကြည်နူးကြရင်းနဲ့ နောက်ပိုင်းမှာချိန်းတွေ့မိသွားတဲ့အခါ… ဘယ်သူက ဘယ်လို redflagဖြစ်နေမလဲဆိုတာကို Drama၊ thrillerဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်…။ File size…1.08GB / 519MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 58m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.2 2023
Cat Person
Citizen of a Kind
7

Citizen of a Kind(2024) ********************* ၂၀၁၆ ခုနှစ် ဂယောင်းဂီပြည်နယ် ဟွာဆောင်းမြို့မှာ ဖြစ်ပျက်ခဲ့တဲ့ voice phishing အမှုရဲ့ နစ်နာသူ “အဝတ်လျှော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးဂင်ဆောင်းဂျာ”အကြောင်းကို နောက်ခံထားပြီး ရိုက်ကူးထားတာဖြစ်ပါတယ် – ဇာတ်လမ်းအကျဉ်း – အိမ် မီးလောင်မှုကြောင့် ချေးငွေယူဖို့ လိုက်စုံစမ်းနေတဲ့ အဒေါ်ကြီးဂင်ဒေါ့ဟီဆီကို တစ်နေ့မှာတော့ ဟွာဆောင်းဘဏ်က လက်ထောက်မန်နေဂျာဆွန်းဆိုသူက ချေးငွေယူလို့ ရနိုင်ကြောင်း ဖုန်းဆက်လာပါတယ် ချေးငွေထုတ်ဖို့အတွက် လိုအပ်တယ်ပြောပြီး ဝန်ဆောင်ခတောင်းတဲ့ လက်ထောက်ဆွန်းဆီကို ပိုက်ဆံ‌ပို့ပေးလိုက်တဲ့ ဒေါ့ဟီဟာ ဒါက voice phishing လိမ်လည်မှုဖြစ်မှန်း အချိန်နှောင်းမှ သိလိုက်ရပါတယ်…. ပိုင်ဆိုင်မှုအားလုံးကို ဆုံးရှုံးပြီး ကလေးတွေနဲ့အတူ လမ်းမပေါ်ထွက်နေရတော့မဲ့ကိန်းဆိုက်နေတဲ့ ဒေါ့ဟီဆီကို လက်ထောက်ဆွန်းက ဖုန်းပြန်ဆက်လာပါတယ်….. ဒီတစ်ခါမှာကတော့ ကယ်တင်ပေးပါဆိုပြီး ဆက်တဲ့ဖုန်းပါ ရဲတွေလည်း လက်လျှော့ထားရတဲ့အမှုဆိုတော့ ဒေါ့ဟီက လက်ထောက်ဆွန်းကိုလည်း ကယ်တင်ရင်း ဆုံးရှုံးသွားတဲ့ ပိုက်ဆံတွေကိုလည်း ပြန်ရှာမယ်ဆိုတဲ့စိတ်နဲ့ လုပ်ဖော်ကိုင်ဖက် ညီအစ်မသုံးယောက်နဲ့တူ တရုတ်နိုင်ငံ ချင်းတောင်မြို့ဆီကို ရောက်သွားတဲ့အခါမှာတော့… ဂင်ဒေါ့ဟီက voice phishing အမှုရဲ့ခေါင်းကိုင်ကို ဘယ်လိုရှာဖွေဖမ်းဆီးသွားမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေအနေနဲ့ကတော့ The Good Bad Mother ထဲမှာ ယောက္ခမနဲ့ ချွေးမအဖြစ် သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီးကြီး Ra Mi Ran နဲ့ မင်းသမီး Ahn Eunjin နောက်ပြီး မင်းသားချော Gong Myung တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်….. အညွှန်းကိုတော့ အပျိုကြီး Hnin Wai Ooကရေးသားပေးထားပါတယ်… File size…1.65GB/ 732MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1hr 54min Genre …..Action, Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Miri,Treasure Htet , ChitThe & Hnin Wai Oo

7 2024
Citizen of a Kind
The Caller
6

Horror ကားကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် Horror ကားကောင်းကောင်းလေး တစ်ကားကို CM ကနေတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်ကားလေးကတော့ နာမည်အတိုင်း ဝင်လာတဲ့ ဖုန်းကောလ်တစ်ကောလ်ကနေ ပြဿနာတွေတသီတစ်တန်းကြီး တတ်တဲ့ကားပါ ။ ဇာတ်လမ်းအညွှန်းလေးကတော့ လျိုမုန့်ကျားဆိုတဲ့မိန်းကလေးက ယောက်ျားဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာကြောင့် ယောက်ျားနဲ့ကွာရှင်းဖို့လျှောက်ထားပြီး ရှောင်ရင်းနဲ့ နယ်မြို့လေးတစ်မြို့မှာ အိမ်ပြောင်းနေခဲ့ပါတယ် ။ သူအဲဒီအိမ်မှာနေရင်း တစ်နေ့မှာ ဖုန်းတစ်‌ကောလ်က ထူးဆန်းစွာဝင်လာခဲ့ပါတယ် ။ ဖုန်းဆက်တဲ့သူကလည်း မိန်းမတစ်ယောက်ဖြစ်ပြီးတော့ သူ့ကို လှေကားရှည်လမ်းထိပ်က ဟောင်ကောင်စားသောက်ဆိုင်ကိုလာခဲ့ပေးပါ စောင့်နေမယ်ဆိုပြီး အလောတကြီးပြောပြီးဖုန်းချသွားပါတော့တယ် ။ မုန့်ကျားတစ်ယောက် မယုံသင်္ကာဖြစ်မိပေမဲ့ သွားရှာကြည့်လိုက်တဲ့ အဲဒီဟောင်ကောင်စားသောက်ဆိုင်ဆိုတဲ့နေရာက လွန်ခဲ့တဲ့နှစ် ၂၀ လောက်ကတည်းက ဖျက်ခံထားပြီး ဈေးဆိုင်တစ်ခုဖြစ်နေတာပါ ။ ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြရင်း တစ်ဖက်ကမိန်းကလေးကလည်း သူလိုမျိုး ယောက်ျားဖြစ်သူဆီကနေ အနိုင်ကျင့်ခံရဲ့ အမျိုးသမီးဖြစ်ကြောင်းသိရပြီး မုန့်ကျားက စိတ်ခွန်အားတွေပေးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ဖုန်းဆက်လာတဲ့အမျိုးသမီးက သူလက်ရှိရှိနေတာက ၁၉၉၇ ခုနှစ်အကြောင်းပြောပြလာချိန်မှာတော့ ၂၀၁၇ ခုနှစ်မှာရှိနေတဲ့ မုန့်ကျားတစ်ယောက် အံ့ဩထိတ်လန့်မှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။ ကဲ ဇာတ်ကားထဲမှာတော့ အတိတ်ကို မတော်တဆပြောင်းလဲမိလိုက်တဲ့ မုန့်ကျားတစ်ယောက် အချိန်နဲ့အာကာသရဲ့ အပြိုင်စကြဝဠာလမ်းကြောင်းကို‌ နှောက်ယှက်မိပြီး ဘယ်လိုထိတ်လန့်စရာတွေနဲ့ကြုံလာရမယ်ဆိုတာကို စိတ်ဝင်စားစွာနဲ့ ဇာတ်ကားလေးထဲမှာ သဲထိတ်ရင်ဖိုဆက်လက်ကြည့်ရှုလိုက်ပါအုံးနော် ။

6 2024
The Caller
Wolves
5.3

ဒီနေ့တော့ . 2014ခုနှစ်မှာ ထွက်ရှိထားပြီး IMDb Rating 5.3/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားကို တင်ပေးပါရစေ။ အဒမ်ဘက်ချာ ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ . ကျောင်းမှာစာတော်ပြီး ကျောင်းအားကစားမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ အားကစားပွဲတစ်ခုမှာ သူ့ရဲ့ပြိုင်ဘက်အတန်းဖော်က သူ့ကို ကြမ်းတမ်းစွာဆက်ဆံခဲ့တာကိုခံရပြီး စိတ်မထိန်းနိုင်ဘဲ ပြန်လည်တုံ့ပြန်မှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင်ဖြစ်ခဲ့ရပြီး သေမလောက်ထိဖြစ်ခဲ့ပါတယ်။ ထိုကိစ္စအပြီးမှာ သူဟာအိမ်မက်ဆိုးတွေလည်းမက်သလို . သူ့ရဲ့စိတ်တွေဟာလည်း အရင်ကထက်ကြမ်းတမ်းရိုင်းစိုင်းလာပါတယ်။ အဲ့လိုဖြစ်ပျက်နေတာကို သူ့ရဲ့ချစ်သူကို ပြောပြရင်းကနေ ဝံပုလွေစိတ်တွေဝင်လာကာ သူ့ရဲ့ဘဝအမှန်ပေါ်လာပြီး စိတ်ဝင်စား ဖွယ်ရာ အဖြစ်အပျက်တွေအများကြီးဖြစ်လာခဲ့ပါတယ်။ ဇာတ်ကားကောင်းလေးဖြစ်ပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ကားလေးပါ။ File size… 2 GB / 980 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 31m Genre ….. Action / Fantasy / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by San Win Maung

5.3 2014
Wolves
‘Tis the Season to Be Irish
6.5

ခရစ်စမတ်ကာလနီးကပ်လာချိန်မှာ ခရစ်စမတ်ရုပ်ရှင် အေးအေးလေးနဲ့ chill ကြရအောင်လားခင်ဗျာ။ ရိုစ့်ဟာ အိမ်အဟောင်းတွေကို ဝယ်ပြီး ပြန်ပြုပြင်ကာ ရောင်းချပြီး တစ်နေရာဆီကနေ တစ်နေရာကို လှည့်လည် သွားလာနေတဲ့ ခြေသလုံးအိမ်တိုင်တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့အမေ ငယ်ငယ်က သွားလည်ခဲ့တဲ့ အိုင်ယာလန်က ဒွန်ကလဲဒေသက အိမ်လေးတစ်အိမ်ကို ဝယ်ဖို့ဖြစ်လာခဲ့တယ်။ အဲဒီလိုနဲ့ပဲ ရိုစ့်တစ်ယောက် အိုင်ယာလန်ကိုရောက်ခဲ့ပြီး ဒွန်ကလဲက အိမ်ခြံမြေအေးဂျင့် ရှောင် နဲ့ တွေ့ဆုံပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ တစ်ကားလုံး ရိုးရိုးအေးအေးလေးပဲ သွားထားပြီးတော့ အိုင်ယာလန် နဲ့ အိုင်းရစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ ရိုးရာအစဉ်အလာတွေနဲ့ သဘာဝရှုခင်း အလှအပတွေကို ခံစားရင်းကြည့်ရှုကြရမှာပါ။ ခြေသလုံးအိမ်တိုင်သမား ရို့စ် နဲ့ ဒွန်ကလဲမှာ ကော်လိုကပ်နေတဲ့ ရှောင်တို့ရဲ့ ဇာတ်လမ်းလေး ဘယ်လိုဖြစ်သွားမလဲဆိုတာကို စောင့်ကြည့်ရင်း မိသားစုနဲ့အတူလည်း ကြည့်ရှုလို့ရတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size… (1.49GB) / (774MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6.5 2024 84 mins
‘Tis the Season to Be Irish
Return to Me
7

Return to Me (2000) IMDb Rating (7.0) / Rotten Tomatoes (62%) ဒါရိုက်တာ Bonnie Hunt ၏ ပထမဆုံးဇာတ်ကားအဖြစ် ရိုက်ကူးထားပြီး၊ David Duchovny နှင့် Minnie Driver တို့က ပါ၀င်သရုပ်ဆောင်ထားပါတယ်။ ဘော့ဘ် (David Duchovny) သည် ဇနီးဖြစ်သူ အဲလိဇဘတ် (Joely Richardson) ကို မတော်တဆမှုတစ်ခုကြောင့် ဆုံးရှုံးရပြီးနောက် စိတ်ဒဏ်ရာရနေချိန်တွင် ဂရေ့စ် (Minnie Driver) နှင့် ချစ်ကျွမ်း၀င်သွားခဲ့ပြီး ဂရေ့စ် က အဲလိဇဘတ်ရဲ့ နှလုံးကို အစားထိုးကုသခံယူထားသူဖြစ်ကြောင်း နောက်ပိုင်းတွင် သိရှိလိုက်ရတဲ့အခါ သူတို့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ရှုပ်ထွေးလာပါတယ်။ ဒီဇာတ်လမ်းလေးက ဝမ်းနည်းမှုနှင့် ပျော်ရွှင်မှုကို ဟန်ချက်ညီစွာ ပေါင်းစပ်ထားပြီး အစပိုင်းတွင် ကြည်နူးဖွယ်ဇနီးမောင်နှံ၏ ဘဝကို ပြသထားပါတယ်။ နောက်ပိုင်းမှာတော့ ဇာတ်လမ်းရဲ့ သိမြင်မှုအသစ်များကို တဖြည်းဖြည်းချင်း ဖော်ပြထားပါတယ်။ “Return to Me” သည် စိတ်ကျေနပ်ဖွယ်ကောင်းသော ဇာတ်ကားလေးဖြစ်ပြီး၊ ဘ၀ရဲ့အရှုံးနှင့် အနိုင်ကို နက်နက်ရှိုင်းရှိုင်း ခံစားရစေပါတယ်။ ဇာတ်ကောင်များရဲ့ စစ်မှန်မှု၊ သဘာဝကျသော ဟာသများနဲ့ စိတ်လှုပ်ရှားဖွယ်ဇာတ်အိမ်တို့က ရုပ်ရှင်ကြည့်ပရိတ်သတ်ကို အကောင်းဆုံး ဆွဲဆောင်နိူင်မှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size…(3.7 GB) / (1.6 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:56:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ivy Noe

7 2000 115 mins
Return to Me
The Monster
5.4

The Monster (2016) က သားအမိနှစ်ယောက် ခရီးသွားရင်း လမ်းမှာကားပျက်ပြီး တောထဲ အကောင်တစ်ကောင်တိုက်ခိုက်တာခံရတဲ့ကားလေးဖြစ်ပါတယ်။ သူက monster horror film တခုဆိုတာထက်ပိုပြီး အမေနဲ့သမီးကြားဆက်နွယ်မှုတို့ ချစ်ခြင်းမေတ္တာတရားကို ပိုနားလည်စေပါတယ်… အရက်စွဲပြီးမူးရူးနေတတ်တဲ့ အမေအဖြစ်ကနေ သမီးတယောက်အသက်ရှင်ဖို့ကြိူးစားနေတဲ့မိခင်တယောက်ဖြစ်သွားတာတွေက အတော်လေးရသမြောက်စေတာပါ ပုံမှန်လေးဖြစ်ရာကနေ ကျောချမ်းစရာ၊ အဲကနေမှ ငိုချင်စရာဖြစ်စေတဲ့ထိ ရသကတော့အစုံပါ။ ဒါမယ့် psychological horror မျိုးလည်းဖြစ်တာ‌ကြောင့် တချို့နေရာတွေက နားလည်ရခက်စေပါတယ်… Overall အနေနဲ့ကတော့ horror နဲ့ drama နှစ်မျိုးအရောပါ။ ထိတ်လန့်စရာပါသလို ငိုစရာလည်းကောင်းပါတယ်။ ကြည့်ရတာတော့တန်ပါတယ်။ Rating ပေးရမယ်ဆိုရင်တော့ 6.8/10 ပါရှင် File size… 1 GB / 444 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Drama, Fantasy, Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Cat

Drama • Action • Crime
5.4 2016 91 mins
The Monster