YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My Lovely Bodyguard(2022)Ep.3.mp4

1.26 GB N/A video/mp4 941 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Dear Nathan: Thank You Salma
6.2

IMDb 7.2 နသန်နဲ့ဆယ်မာတို့ရဲ့နောက်ဆုံးထွက် ‌ဇာတ်ကားလေးကိုတင်ဆက်ပေးထားပါတယ် အမျိုးသမီးတစ်ယောက် Sexual Harassment လုပ်ခံရပြီဆိုရင် " ဘာလို့ညဘက်ကြီးတစ်ယောက်တည်းသွားလဲ ဘာတွေဝတ်ထားလို့လဲ ဒီအချိန်ကြီးသွားတာကိုး' စသဖြင့် 'လဲ'ပေါင်းများစွာသောမေးခွန်းတွေအမေးခံရတာက ထုံးစံလိုတောင်ဖြစ်နေပါတယ် တောင်းပန်ခံရမယ့်လူကတောင်းပန်နေရတဲ့ ဘဝထဲ မဟုတ်မခံနသန်တစ်ယောက်ဝင်ရောက်သွားခဲ့မိပါတယ် တစ်ဖက်မှာလည်းဆယ်မာက သူ့ကိုဂရုစိုက်မပေးဘူးဆိုပြီး ပြတ်ကြတော့မယ့်အနေအထားပါ ဒါပေမယ့် နသန်လိုက်ကူညီနေတဲ့ကိစ္စကို ဆယ်မာသိသွားတဲ့အခါမှာတော့ မတရားမှုကိုတိုက်ထုတ်ဖို့သူတို့ဘယ်လိုတွေကြိုးစားသွားမလဲ ဒီမတရားမှုကိုရော ဆယ်မာ့နှလုံးသားကိုပါ နသန်တစ်ယောက်အနိုင်ရယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.27GB  / 616MB Quality…1080p NF WEB DL / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni

Drama • Western
6.2 2022 112 mins
Dear Nathan: Thank You Salma
Dear Zoe
6.2

9/11 (စက်တင်ဘာလ ၁၁ ရက်နေ့) US ရဲ့ မမေ့နိုင်တဲ့ ဝမ်းနည်းပူဆွေးစရာကောင်းသောနေ့ ... အဲ့နေ့မှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ အမြွှာအဆောက်အဦးကို လေယာဉ်တစ်စင်း ဝင်တိုက်ခဲ့လို့ လူအများအပြား သေကြေပျက်စီးခဲ့ကြတယ်။ Dear Zoe ဆိုတဲ့ ဒီဇာတ်လမ်းလေးကတော့ အဲ့လို လူအများအပြား သေကြေပျက်စီးခဲ့တဲ့ 9/11 နေ့မှာ ဇိုဝီဆိုတဲ့ ကလေးမလေးတစ်ယောက် သေဆုံးခဲ့ရပြီး (9/11 ဖြစ်စဉ်ကြောင့်မဟုတ်) ကျန်ရစ်သူ မိသားစုဝင်တွေ အထူးသဖြင့် ကလေးမလေးရဲ့ အစ်မဖြစ်သူ တက်စ် (Sadie Sink) တစ်ယောက် ဘယ်လို စိတ်ဒဏ်ရာတွေနဲ့ ပူဆွေးခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ တက်စ် တစ်ယောက် သူ့ညီမလေး သေရတာ သူ့ကြောင့်ပါဆိုပြီး လိပ်ပြာမလုံ ဝမ်းနည်း ပူဆွေး စိတ်ဒဏ်ရာ ရတာတွေကို ဘယ်လိုများ ပြန်လည် ကုသနိုင်မလဲ? သူ့ညီမလေးကရော ဘယ်လိုပုံစံနဲ့ သေဆုံးသွားခဲ့တာလဲ? ဇာတ်လမ်းလေးကို အစအဆုံး ကြည့်ပြီး အဖြေရှာရင်း ခံစားကြည့်ရှုလိုက်ရအောင်ပါ။ Drama genre ကို နှစ်သက်သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက်တော့ ဒီဇာတ်ကားလေးဟာ မျက်ရည်ခြူမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ Stranger Things သရုပ်ဆောင် Sadie Sink ဟာ Taylor Swift ရဲ့ All Too Well Short Film မှာ အပီအပြင် သရုပ်ဆောင်ပြနိုင်ခဲ့သလို ဒီ Dear Zoe ဆိုတဲ့ ဇာတ်ကားလေးမှာလည်း ခံစားချက်အပြည့်နဲ့ ကြိုးစားထားတာကို တွေ့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size          : 1.5GB, 654MB, 355MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 34mins Genre              : Drama Translated by Kit Encoded by Kinnov

Horror • Mystery • Science Fiction
6.2 2022 94 mins
Dear Zoe
When Spring Comes
6

"မိဘတွေကို ရှိနေတုန်းကောင်းပေးပါ" တဲ့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်ပြီး မိဘတွေမရှိတော့မှ နောင်တရနေလည်း အပိုပါပဲ ဒီဇာတ်လမ်းကလည်း သားသမီးတွေရဲ့ မိဘအပေါ်ထားတဲ့ စိတ်နဲ့ မိဘတွေက သားသမီးတွေအပေါ်ထားတဲ့ သဘောထားတွေကို သုံးဘက်မြင်အနေနဲ့ ပေါ်လွင်အောင် ရိုက်ကူးထားပါတယ် ဇာတ်လမ်းအစမှာတင် ဇာတ်လိုက် ဟိုဆောင်းတို့ရဲ့ အဖေသေဆုံးမှုနဲ့ စတင်ထားပါတယ် လူမိုက်ကြီးဖြစ်တဲ့ သားအကြီးဟိုဆောင်းကတော့ ဖခင်ဖြစ်သူရဲ့ ဈာပနအကူငွေတွေနဲ့ လုပ်ငန်းစ,လုပ်ဖို့ ကြံစည်နေတာပါ ဒါပေမဲ့ သူထင်သလိုဖြစ်မလာဘဲ တစ်လျှောက်လုံး အလွဲတွေချည်းပဲဖြစ်လာပါတယ် ဇာတ်အိမ်တစ်ခုလုံးကတော့ ဈာပနကျင်းပတဲ့နေရာမှာ တည်ထားတယ်ဆိုပေမဲ့ လူ့သဘာဝဖြစ်တတ်တဲ့ စိတ်တွေ လောဘတွေကို မီးမောင်းထိုးပြတဲ့အပြင် အလွဲတွေချည်းဆိုတာလည်း မရိုးနိုင်အောင်ပါပဲ နောက်ဆုံးအထိ ရယ်ရမလား ငိုရမလားဖြစ်လောက်အောင်အထိ အပူသည်ရုပ်နဲ့ အလွဲတွေဖြစ်သွားတဲ့ ဟိုဆောင်းအဖြစ်ကို ကြည့်ပေးကြပါဦးနော် ဟိုဆောင်းအဖြစ် မင်းသားကြီး Son Hyun Joo ပါဝင်ထားပြီး ဟိုဆောင်းရဲ့သမီးကတော့ Sh**ting Stars မှာသတင်းထောက်အဖြစ်ပါဝင်ထားတဲ့ Park So Jin ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….1080p | 720p| 480p File size… 1.5GB | 740MB | 297MB Format…mp4 Duration….1h 42min Subtitle….Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Action • Crime • Drama
6 2022 102 mins
When Spring Comes
The Disaster Artist
7.1

IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။ သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။ သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။ တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ..... သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။ အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ရုပ်ရှင်တစ်ကားရိုက်ဖို့ပါတဲ့။ ပိုက်ဆံနဲ့လုပ်ချင်စိတ်ကလွဲပြီး ဘာဆို ဘာမှမသိနားမလည်ပေမယ့် Tommy Wiseau နဲ့ Greg တို့ The Room ရုပ်ရှင်ကို အခက်အခဲပေါင်းများစွာကြားထဲကနေ မရရအောင် ဖန်တီးကြပါတော့တယ်။ Shakespeare, Tennessee Williams တို့ခေတ်နောက်ပိုင်း အကောင်းဆုံးဒရမ်မာရုပ်ရှင်လို့တောင် ကြွေးကြော်ခဲ့တဲ့ Tommy Wiseau နဲ့ Greg တို့ ဒီရုပ်ရှင်ကို ဘယ်လိုဖန်တီးရိုက်ကူးခဲ့ကြသလဲ၊ ရုပ်ရှင်ပရိသတ်တွေကရော ဘယ်လိုထင်မြင်ကြသလဲ။ ဒါတွေကိုတော့ The Disaster Artist ရုပ်ရှင်ထဲမှာအဖြေပေးသွားပါလိမ့်မယ်။ ဒီရုပ်ရှင်ကိုတော့ Spiderman 1,2,3 , 127 Hours ဇာတ်ကားတွေနဲ့လူသိများတဲ့ James Franco က ဒါရိုက်တာအဖြစ်၊ Tommy Wiseau အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Now You See Me ကားထဲက မင်းသားချောလဲဖြစ်၊ James Franco ရဲ့ ညီအရင်းလဲဖြစ်တဲ့ Dave Franco က Greg အဖြစ် ပါဝင်ထားပါတယ်။ ပေါလှပါတယ်ဆိုတဲ့ကားက ဘာကြောင့်များ အတ္ထုပတ္တိရုပ်ရှင်တစ်ကားအဖြစ် ပြန်ရိုက်ရလောက်အောင် အောင်မြင်သွားတာပါလဲ၊ The Disaster Artist ရုပ်ရှင်ထွက်လာအပြီးမှာ The Room ရုပ်ရှင်ကို လူတွေက ဘာကြောင့်သဘောကျသွားကြတာပါလဲ။ အဖြေကတော့ ရှင်းပါတယ်။ Tommy Wiseau ဟာ အနုပညာချစ်စိတ်အပြည့်အဝနဲ့ စိတ်ရောကိုယ်ပါနှစ်ပြီး ပေါကားတစ်ကားကို ရိုက်မှန်းမသိ ရိုက်ခဲ့တာပါ။ ဒါကို ဘယ်လောက်ပဲ ဆိုးဝါးတဲ့ရုပ်ရှင်လို့ပြောပြော Tommy Wiseau ရဲ့လက်ရာ The Room ရုပ်ရှင်ဟာ အခုခေတ် မင်းသား၊မင်းသမီးဗန်းပြပြီး အောက်လုံးတွေနဲ့ပြက်လုံးထုတ်နေ၊ ပရိသတ်ကို ကလိထိုးရယ်ခိုင်းပြီး ပိုက်ဆံညာယူနေတဲ့ရုပ်ရှင်ကားတွေထက်စာရင် အပုံကြီးသာပါတယ်။ The Disaster Artist ရုပ်ရှင်ဟာ ဒီအချက်ကို ကောင်းကောင်း မီးမောင်းထိုးပြသွားနိုင်ခဲ့ပါတယ်။ ယခုနှစ် အော်စကာ အကောင်းဆုံးရုပ်ရှင်ဆုအတွက်လဲ ဆန်ကာတင်စာရင်းမှာ ရွေးချယ်ခံထားရတဲ့ရုပ်ရှင်ကားဖြစ်ပြီး ဆုပေါင်းများစွာလဲ ဆွတ်ခူးထားပါတယ်။ အနုပညာပါတဲ့ရုပ်ရှင်နဲ့ ပိုက်ဆံရရုံရိုက်တဲ့ရုပ်ရှင်ရဲ့ ကွာခြားချက်ကို သိလာဖို့၊ပေါကားနွံနစ်နေတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ ပေါတာနဲ့အနုပညာရူးသွပ်တာကို ခွဲခြားလာတတ်ဖို့၊ အသိပညာပေးနိုင်ဖို့ ဒီကားဟာ ကြည့်ကိုကြည့်သင့်တဲ့ကားတစ်ကားဖြစ်ပါတယ်။ မကြာခင်မှာလဲ CM က Tommy Wiseau ရဲ့ ကမ္ဘာ့အဆိုးဝါးဆုံးရုပ်ရှင် "The Room" ကို ဘာသာပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ် (ဇာတ်လမ်းးအညွှန်းနဲ့ဘာသာပြန်သူက ကွီးအာကာဖြိုးပါ) File Size : (900 MB) Quality : WEB-DL 720p Running Time : 1hr 44min Format : Mp4 Genre :Biography, Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB-DL.X264.AC3-EVO[EtHD] Translated by Arkar Phyo Encoded by Thanhtike Zaw

Drama
7.1 2017 104 mins
The Disaster Artist
Fury
7.5

Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့ နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။ အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကို အကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦး File Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray 720P Format…mp4 Duration…02:14:00 Genre :  Action , Drama , War  Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae

Action & Adventure • Crime • Drama • Mystery
7.5 2014 135 mins
Fury
DAD IS HERE
5.9

IQIYIကနေ ဖခင်တစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကို ပုံမှန်ကားတွေနဲ့မတူ တမူထူးခြားစွာနဲ့စိတ်ကူးယဉ်ဆန်ဆန်ဟာသပုံစံရိုက်ကူးထားပါတယ် Lingdianအဆိုတော်အဖွဲ့ရဲ့Vocal Zhou Xiao Ou (ချင်ယွင်ဖေး)က အားကိုးလို့မရ တည်ကြည်မှုမရှိ တိုးတက်ချင်စိတ််မရှိ ဒီ“မ”သုံးလုံးနဲ့ပြည့်စုံနေတဲ့ ဖခင်တစ်ယောက်အနေနဲ့သရုပ်ဆောင်ထားပါတယ် သမီးဖြစ်သူ ချင်ရှောင်ရှောင်ကတော့ အဖေနဲ့ဆန့်ကျင်ဘက် အေးတိအေးစက် ဖော်ရွေမှုသိပ်မရှိတဲ့ စာတော်တဲ့သူတစ်ယောက် မိုးရွာတဲ့တစ်ရက်မှာ သားအဖနှစ်ယောက်က မတော်တဆဖြစ်ပြီး ဝိဉာဉ်ပြောင်းလဲသွားခဲ့တယ် “မ”သုံးလုံးနဲ့ပြည့်စုံနဲ့တဲ့အဖေဖြစ်သူက သမီးရဲ့ကျောင်းသူဘဝမှာ ရှုပ်ယှက်ခတ်သွားအောင်လုပ်ခဲ့တယ် တစ်ချိန်တည်းမှာပဲ သမီးဖြစ်သူရဲ့ဖိအားတွေကိုနားလည်လာခဲ့တယ် သမီးဖြစ်သူကလည်း အဖေရဲ့ဘဝကိုဖြတ်သန်းတော့မှ အဖေတစ်ယောက်ရဲ့ဘဝကဘယ်လိုရှိလဲနားလည်လာခဲ့ကြတယ် အချင်းချင်းရဲ့ဘဝကိုနားလည်ပြီး ပြဿနာတွေ ဖိအားတွေကို ဘယ်လိုဖြေရှင်းမလဲ ဘာတွေပြောဆိုကြမှာလဲ တစ်ယောက်နဲ့တစ်ယောက်ဘယ်လိုပေးဆပ်ကြမလဲဆိုတာကို ဝမ်းနည်း/ဝမ်းသာ ခံစားချက်နှစ်မျိုးနဲ့ ဘဝကိုသရုပ်ဖော်ထားတာကို ကြည့်ရှုရမှာဖြစ်ပါတယ် …..

Drama • Romance • War
5.9 2022
DAD IS HERE
The Last Dragon

သိုင်းပညာကို အထွတ်အထိပ်ရောက်အောင်လေ့လာနေတဲ့ လူငယ်လေးတစ်ဦးဖြစ်တဲ့ လီရွိုင်းက နောက်ဆုံးတစ်ဆင့်ကိုတက်လှမ်းနိုင်ဖို့အတွက်ဆရာတစ်ဦးကို အသည်းအသန်လိုက်ရှာပါတော့တယ် ဆရာရှာနေစဉ်ကာလမှာ သိုင်းပညာအကျော်အမော်တစ်ဦးရှိုးနက်ဖ်ကလည်းလီရွိုင်းကို ပြိုင်ဆိုင်တိုက်ခိုက်ချင်သဖြင့် ပြဿနာလိုက်ရှာလေ့ရှိပါတယ်။တစ်နေ့တော့ရေပန်းစားသီချင်းတွေကို ကြော်ငြာပေးသူ လော်ရာ့ကို အလုပ်ရှင်တစ်ဦးမှတွေ့ခွင့်ရဖို့ပြန်ပေးဆွဲတာကို ကယ်တင်ရင်းနဲ့လော်ရာထံမှာ ပစ္စည်းတစ်ခုကျန်ရစ်ခဲ့ပါတယ်။ ပစ္စည်းပြန်ရဖို့ လော်ရာ့ကို လိုက်ရှာရင်း လော်ရာ့ကိုအကြပ်ကိုင်တဲ့ သူဌေးကိုအပြစ်ပြုမိသွားကာ သူဌေးရဲ့ပစ်မှတ်ထားခြင်းကိုခံလိုက်ရပါတယ်။ လီရွိုင်းတစ်ယောက် သူတွေ့ချင်တဲ့ဆရာကိုရှာတွေ့ပြီး နောက်ဆုံးအဆင့်ကို တက်လှမ်းနိုင်မလား။ပြဿနာလိုက်ရှာနေတဲ့ ရှိူးနက်ဖ်ကိုရော ဘယ်လိုအနိုင်ယူတိုက်ခိုက်မလဲဆိုတာကြည့်ရှူခံစားရမယ့် ကွန်ဖူးဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.7 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre…Action, Adventure, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 1985
The Last Dragon
Losmen Melati
5.7

Losmen Melati (Motel Melati) (2023) လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။ အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။ IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre…..Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator …..Moh Moh Encoder …..Aaron

5.7 2023
Losmen Melati
Let the Dance Begin
6.9

Let the Dance Begin (2023) ~ IMDb – 6.9/10, Rotten Tomatoes – 100% ~ ရယ်လည်းရယ်ချင်တယ်၊ ငိုလည်းငိုချင်တယ်၊ အဲဒါအပြင် ဒရာမာကိုပါ အပြည့်အဝခံစားချင်တယ်ဆိုရင်တော့ အခုတင်ပေးလိုက်တဲ့ အာဂျင်တီးနားကားကိုသာ ကြည့်လိုက်ပါတော့။ ဒီဇာတ်ကားမှာ အာဂျင်တီးနား နာမည်ကြီး ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Dario Grandinetti နဲ့ Mercedes Morán ကနေပြီးတော့ ဇာတ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါ့အပြင် IMDb မှာ 6.9/10 နဲ့ Rotten Tomatoes မှာ 100% ပါရထားပြီး ဆု နှစ်ဆုလည်း ချိတ်ခဲ့ပါသေးတယ်။ ဒီဇာတ်လမ်းဟာဆိုရင်တော့ ငယ်သူငယ်ချင်းသုံးယောက် ခြောက်ဆယ်ကျော်သွားတဲ့အချိန်မှာ ပြန်ဆုံတဲ့အပေါ်ကို ဇာတ်အိမ်တည်ထားတာပါ။ တစ်ပါထဲ “Tango” ဆိုတဲ့ အကတစ်မျိုးအကြောင်းပါ ပြောလိုက်ပါမယ်။ Tango ဆိုတာက ၁၈၈၀ ဝန်းကျင်တုန်းကစပြီး အာဂျင်တီးနားနဲ့ ဥရုဂွေးနှစ်နိုင်ငံကြား ခေတ်စားသွားတဲ့အကတစ်ခုပေါ့။ ဘယ်လောက်ထိခေတ်စားသွားလဲဆိုရင် ၂၀၀၉ မှာ ယူနက်စ်စကိုရဲ့ ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲပါ ဝင်သွားတဲ့အထိဖြစ်သွားပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတဲ့ သူငယ်ချင်းသုံးယောက်ထဲက နှစ်ယောက်က တစ်ချိန်က နာမည်ကြီးခဲ့တဲ့တန်ဂိုအကပညာရှင်ပေါ့။ ကားလို့စ်ဆိုတဲ့ တစ်ချိန်က နာမည်ကြီး အကလုလင်ဟာ သူ့ရဲ့ အကတွဲဖက်ဖြစ်တဲ့ မာဂရက်ဆိုတဲ့သူ ဆုံးသွားတဲ့သတင်းကိုကြားပြီးတော့ ရေမြေခြားထိ သူ့အသုဘကိုသွားတက်ခဲ့ပါတယ်။ ဖြစ်ချင်တော့ မာဂရက်က တကယ်မသေသေးဘဲ သူက ကားလို့စ်ကို လျှို့ဝှက်ချက်တစ်ခုရှိလို့ ပြောပြချင်တဲ့ဇောနဲ့ အကြောင်းဖန်လိုက်တာပါ။ လျှို့ဝှက်ချက်ကတော့ ကားလို့စ်က မာဂရက်နဲ့ လမ်းမခွဲခင်မှာပဲ သူနဲ့ ကလေးရခဲ့တဲ့အကြောင်းဖြစ်နေပါတယ်။ ဒါပေမဲ့ ကလေးကိုမွေးမွေးပြီးချင်းမှာ မာဂရက်က ငွေကြေးမပြေလည်တဲ့အတွက် အခြားသူတစ်ယောက်ကို မွေးစားခိုင်းလိုက်ပါတယ်။ မာဂရက်က ကားလို့စ်နဲ့ ပြန်တွေ့တဲ့အချိန်ကျမှ အဲဒီကလေးကို တွေ့ချင်ပါတယ်ဆိုပြီး အတင်းဇောကြီးနဲ့ လိုက်ပို့ခိုင်းပါတော့တယ်။ ဖြစ်ချင်တော့လည်း သူတို့ရဲ့ ကျန်နေတဲ့ တတိယသူငယ်ချင်းဆိုသူကလည်း Third-wheel ကြီးဖြစ်နေပါသေးတယ်။ ဆိုတော့ ဒီသူငယ်ချင်းတွေသုံးယောက် ဘယ်လိုရှာပုံတော်တွေများထွက်ကြမလဲ… လမ်းမှာဘယ်လိုပြဿနာတွေနဲ့ ပက်ပင်းတိုးကြမလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ခွီရင်း၊ လွမ်းဆွေးရင်း၊ မိခင်မေတ္တာကို ခံစားရင်းနဲ့ ဇာတ်ကားရဲ့ရသကို အပြည့်အဝခံစားရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 840MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 39Min Genre – Comedy, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

6.9 2023 99 mins
Let the Dance Begin
First Snow of Summer

Best Film ဆု Best Director ဆု စတဲ့ ဆုတွေအများကြီးရရှိထားတဲ့ Austria Romance ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဒီဇာတ်ကားအပါအဝင် Best Director ဆုတွေအများကြီးရထားတဲ့ Chris Raiber ကိုယ်တိုင်း ရေးသားရိုက်ကူးထားပြီး Italy မင်းသားချော Thomas Prenn နဲ့ Austria မင်းသမီးချော Verena Altenberger တို့ လိုက်ဖက်ညီညီ သရုပ်ဆောင်ထားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်……. ငယ်စဉ်က ဖခင်ဖြစ်သူရဲ့ အချစ်ကိုရူးသွပ်ပုံကို အဖွားဖြစ်သူဆီက သိခဲ့ရပြီး သူ့ကိုယ်သူမချစ်မိဖို့ ကတိပေးထားခဲ့တဲ့ အလက်ဇန်းဒါး ဆိုတဲ့ ကောင်လေးတစ်ယောက်….. မိဘမရှိဘဲ ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေတဲ့ မြေအောက်ရထားဘူတာရုံ ဦးထုပ်ဆိုင်က အချစ်ကိုအလိုမရှိတဲ့ ကောင်မလေးတစ်ယောက်….. လောကကြီးမှာ ဆုံတွေ့ဖို့ရေစက်ပါလာရင် ရှောင်လွဲလို့မရဘူး၊ အချစ်ဆိုတာ ပေးဆပ်ခြင်းသပ်သပ်ပါ၊ အချစ်မှာမျက်စိမရှိဘူး ဆိုတာတွေကို ရိုက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ ဘယ်လို Ending လေးဖြစ်သွားမလဲဆိုတာကိုတော့….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(944 GB)/(574 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2023
First Snow of Summer
Boiling Point
7.6

စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လား စားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လား စားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလား ဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။ အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။ မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေ စားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao

7.6 2023 95 mins
Boiling Point
America Is Sinking

ဒေါက်တာ ချေ့စ် ဟေးဘာ့စ်၊ မစ်ရှယ် ရော်ဂင်ဆန်နဲ့ ရော်ဘင်တို့ဟာ မြောက်ဝင်ရိုးစွန်းက ရေခဲတောင်တွေ ပြိုကျလာမှုကို လေ့လာဆန်းစစ်နေတဲ့ သုတသနပညာရှင်တွေဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဒဗလျူအာ ၆၃ ဆိုတဲ့ ရေခဲကျောက်ဆောင်ကြီးက ပြိုကျသွားတဲ့အခါမှာ သမုဒ္ဒရာအတွင်းမှာ ဆူနာမီရေလှိုင်းကြီး ဖြစ်ပေါ်လာပြီး အမေရိကတိုက်ကို ဦးတည်လာခဲ့ပါတယ်။ ဒီဆူနာမီရေလှိုင်းကြီးက ဒီရေအမှတ် ရှစ်ထက် အများကြီး ကျော်လွန်ပြီး သိပ္ပံနည်းကျတွက်ချက်မှုအရ ၄၈ နာရီအတွင်း အမေရိကတိုက်ကို ရေလွမ်းမိုးသွားတော့မှာပါ။ ဒီတော့ သိပ္ပံပညာရှင်တွေ စစ်တပ်နဲ့ အမေရိကတစ်နိုင်ငံလုံး ရေလွမ်းမိုးခံရမဲ့အရေးက ကယ်တင်နိုင်ဖို့ ဘယ်လိုများ သက်စွန့်ဆံဖျား ကြိုးစားအဖြေရှာသွားမလဲဆိုတာက ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(859 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2023
America Is Sinking
Detective K: Secret of the Lost Island
6.5

Detective K: Secret of the Lost Island (2015) ******************************************** ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ Detective K series (၂၀၁၅) အပိုင်းမှာတော့ ဒီရုပ်ရှင်ရဲ့ ပင်တိုင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Myung-Min , Oh Dal-Soo နဲ့ အတူ အဓိကမင်းသမီးအဖြစ် East of Eden မှာ ဂျွန်စောအိုပါးနဲ့ အတွဲညီခဲ့တဲ့ မင်းသမီး Lee Yeon-Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအညွှန်း – ဂျိုဆွန်းရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးမှူး ဂင်မင်းက ဂျိုဆွန်းမှာ ငွေချောင်းအတု အမြောက်အများ ပျံ့နှံ့နေတဲ့အတွက် အဲဒီငွေချောင်းအတုတွေကို ထုတ်လုပ်တဲ့သူတွေကို ခြေရာခံနေရတဲ့ အမှုပါပဲ။ လိုက်စုံစမ်းရင်း စုံစမ်းရင်းနဲ့ ငွေချောင်းအတုတွေရဲ့ အရင်းခံရာနေရာက လူတိုင်း ကြားရုံသာကြားဖူးပြီး တစ်ခါမှ အနားမသွားရဲကြတဲ့ နဂါးဘုရင်ကျွန်းဆိုတာကို သိရှိသွားတဲ့နောက် ဆောဖီးနဲ့အတူ အရဲစွန့်ပြီး နဂါးဘုရင်ကျွန်းဆီ သွားရောက်စုံစမ်းတဲ့အခါမှာတော့…. ဒီဇာတ်လမ်းထဲမှာလည်း စစ်ဆေးရေးမှူးကြီးနဲ့ ဆောဖီးတို့ရဲ့ အလွဲတွေအပြင် မင်းသမီးရဲ့ အလှကိုလည်း တဝကြီး ကြည့်ရမှာမလို့ အမြန်ဆုံးကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size…2.63GB / 0.99GB Quality… Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration….2h 07m Genre ….. Adventure, Historical, Mystery, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary & Hnin Wai Oo

Horror • Mystery • Thriller
6.5 2015
Detective K: Secret of the Lost Island
BINI Chapter 2: Here With You

BINI Chapter 2 Here With You (2024) “တစ်မိုးအောက်က မိန်းမပျိုလေးများ ၂” =============================================== ကမ္ဘာပေါ်မှာ pop bands တွေ တဖြည်းဖြည်းများလာတာနဲ့အမျှ ဖိလစ်ပိုင်နိုင်ငံမှာလည်း တော်တော်လေးအောင်မြင်တဲ့ အမျိုးသမီး pop bands တစ်ခု ပေါ်လာခဲ့ပါတယ်။ ဒီ Girl Bands ဟာ တော်တော်လေးအောင်မြင်တယ်ဆိုတာထက် ကိုရီးယားမှာ Blackpink တို့ Twice တို့ နာမည်ကြီးသလိုမျိုး ဖိလစ်ပိုင်နိုင်ငံမှာ လျှမ်းလျှမ်းတောက်ကို နာမည်ကြီးတာပါ။ အဲဒီ Girl Bands ရဲ့နာမည်ကတော့ BINI ပါ။ BINI ထဲမှာ အဖွဲ့ဝင် ရှစ်ယောက်ပါဝင်ပြီး အားလုံးကလည်း ငယ်ငယ်ချောချော ချစ်စရာလေးတွေပါ။ ဒီ မှတ်တမ်းရုပ်ရှင်ကတော့ သူတို့အဖွဲ့ရဲ့ ပထမဆုံး Solo Concert မစတင်ခင် Concert အတွက် ပြင်ဆင်ကြပုံတွေ၊ သူတို့ရဲ့ ငယ်ဘဝတွေ Idol ဘယ်လိုဖြစ်လာတယ်ဆိုတာတွေကို ပျော်စရာ၊ စိတ်အားတက်စရာ၊ emotional ဖြစ်စရာကောင်းအောင် ပုံဖော်တင်ဆက်ပြထားတဲ့မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်။ ဒီ BINI အဖွဲ့ဟာ pop bands တစ်ခုအနေနဲ့ တော်တော်လေးမိုက်တဲ့အပြင် သီချင်းတွေ၊ Performance တွေကလည်း သိပ်နှစ်သက်ဖို့ကောင်းတာမို့ တင်ဆက်ပေးလိုက်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်)

Action • Thriller
0 2024
BINI Chapter 2: Here With You