YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My Love My Bride (2014).mp4

1.09 GB N/A video/mp4 2065 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
M. Butterfly
6.6

ဒီကားကို ရိုက်တဲ့ဘဲက ဒေးဗစ်ခရိုနင်ဘတ်။ သူ့တော့ သိကြတယ်ဟုတ်။ Crimes of the Future တို့၊ The Fly တို့၊ Crash တို့လို Body Horror တွေအရိုက်များခဲ့တဲ့သူပါပဲ။ Body Horror မာစတာတစ်ပါးအဖြစ်လူသိများတဲ့ ခရိုနင်ဘတ်ဟာ ဒီတစ်ခါတော့ ထူးထူးခြားခြား ဘာညာဘာညာကြတာတောင် ဘော်ဒီမပြတဲ့ ကားကို ရိုက်ချလိုက်တယ်။ မင်းသားက Jeremy Irons ပါ။ ပေါ်ပြူလာအရမ်းဖြစ်တဲ့ထဲ မပါပေမဲ့လည်း သရုပ်ဆောင် တော်တော်ကောင်းတဲ့ ဘိုးတော်ကြီးပေါ့။ မင်းသမီးကတော့ အဲလေ နောက်မင်းသားကတော့ ဂျွန်လုံးပါ။ သူကတော့ ပုရီကားမှာ တော်တော်များများသိကြမှာပါ။ Rush Hour 2 ကတော့ သူ့ကို လူသိအများကြဆုံးကားဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းကတော့ ပြင်သစ်သံရုံးက စာရင်းကိုင်တစ်ယောက်ဟာ တစ်နေ့ အော်ပရာသွားကြည့်ရင်း ပီကင်းအော်ပရာသမလေးတစ်ယောက်နဲ့တွေ့တယ်။ ဘာမှတော့မသိပေမဲ့ အနုပညာကိုခံစားတတ်သလို ဘာလိုလိုနဲ့ ရောဖောရင်း စကားသွားပြောရာက ငြိတိတိဖြစ်မလိုလို ဖြစ်သွားတာပေါ့။ အဲဒီနောက် တော်တော်ကြာသွားတယ်။ မတွေ့ဖြစ်ကြဘူး။ နောက် သူလက်ထောက်ကောင်စစ်ဝန်ရာထူးတိုးသွားတဲ့အခါမှာ အဲဒီအော်ပရာသမလေးဆီသွားပြီး ချစ်ရေးဆိုရာကနေ ပြင်သစ် တရုတ်အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်ထွန်းလာတယ်ပေါ့။ စပွိုင်လာလို့ပြောလို့ရပေမဲ့ ဇာတ်ကိုက ဖြစ်ရပ်မှန်ကို ရိုက်ထားတာဆိုတော့ ကျန်တဲ့ပြောမှာတွေက စပွိုင်လာဖြစ်နိုင်တာမို့ မသိသေးရင် ဒီမှာပဲ ရပ်လိုက်ပါ။ မပြောလို့လည်း မဖြစ်တာမို့ ပြောရပါဦးမယ်။ ဒီလိုနဲ့ သူတို့တွေ ချစ်ခင်စုံမက်ပေါင်းဖက်လာလိုက်တာ သားလေးမွေးကြတဲ့အထိပေါ့။ ------------- ပြဿနာက တော်တော်ကြာပြီးမှ တရားရုံးက ခေါ်လို့သွားရာက အမှုအစစ်ဆေးခံရင်းသိလိုက်ရတာက သူမယားအဖြစ်ပေါင်းသင်းခဲ့တဲ့ အော်ပရာအဆိုတော်မက အမမဟုတ်ဘဲ အထီးကြီးဖြစ်နေရှာတာ။ အဲဒီမှာ တစ်လောကလုံးစာ အရှက်တွေကွဲပါလေရော။ ဟိုကလည်း ပိရိသကိုး။ ပီကင်းအော်ပရာသမားတွေက အစကတည်းကိုက အမျိုးသမီးဇာတ်ကောင်နေရာလည်း အမျိုးသားပဲ သရုပ်ဆောင်ကြတော့ အမျိုးသမီးနေရာက သရုပ်ဆောင်သွားတာလည်း သိပ်ကောင်းနေသကိုး။ ဂျင်းအကြီးကြီးမိသွားရှာတာပေါ့။ သို့ပေမဲ့ လိင်ပါဆက်ဆံတာတောင် မသိဘူးလားဆိုတဲ့အမေးတော့ရှိမယ်။ ဒါကတော့ ကားမှာလည်း တစ်ချို့တစ်ဝက်မြင်သာသလို တကယ့်အမှုကိုစစ်ခဲ့တုန်းက ဆေးပညာရှင်ရဲ့ အတည်ပြုချက်အရတော့ သူက ခုခေတ်လည်းသုံးကြတဲ့ Tucking လို့ခေါ်တဲ့ လိင်တံကို မပေါ်အောင် နောက်ပစ်ထားတဲ့နည်းဆိုလား သုံးခဲ့သတဲ့။ နောက် သူက ထူးထူးခြားခြားပဲ သူ့ဝှေးကိုလည်း သူလိုချင်သလိုပုံစံဖြစ်ရအောင် ကြွလို့ရှုံ့လို့ရတဲ့ စွမ်းရည်လည်းရှိသတဲ့။ ဒီတော့ ဗဂျိုင်နာလို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်နိုင်ခဲ့သတဲ့။ ဇာတ်ကတော့ တိုနီဆုပါရခဲ့တဲ့ ဘ‌ရော့ဒ်ဝေးပြဇာတ်တစ်ခုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ အဲဒီပြဇာတ်ကလည်း ပြင်သစ်သံအမတ်နဲ့ Shi Pei Pu လို့ခေါ်တဲ့ တရုတ်အော်ပရာအဆိုတော်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကကို အခြေတည်ထားတာပါ။ ဒီအဖြစ်အတွက် နှစ်ယောက်စလုံး ထောင်ကျပြီး လွတ်လာခဲ့ပါတယ်။ အပြင်မှာတော့ Shi ဟာ မသေခင်မှာ ပြင်သစ်သံအမတ်ကို ကျွန်တော်ကတော့ အစ်ကို့ကို ချစ်တုန်းပဲလို့ ပြောခဲ့သလို ၂၀၀၉အထိအသက်ရှည်ရှည်နေခဲ့ရပြီး ၇၀နဲ့ဆုံးသွားခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမဲ့လည်း ဒီဇာတ်လမ်းဟာ သိပ်မယုံနိုင်စရာကောင်းလွန်းနေသလို မူရင်းပြဇာတ်ကို ရေးတဲ့စာရေးဆရာကလည်း " ဒီပြဇာတ်မှာ Gay နဲ့ Straight ကြားက မျဉ်းလေးဟာ အင်မတန်ဝေဝါးပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အဲဒီလူဟာ သူယောက်ျားတစ်ယောက်နဲ့ သံဝါသပြုနေခဲ့တယ်ဆိုတဲ့အချက်ကို သိခဲ့မယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ပမာဏတစ်ခုအထိတော့ သူ့စိတ်က Gay ဖြစ်နေပုံပါပဲ " တဲ့။ ပြဇာတ်ရေးဆရာရဲ့ ဒီစကားကတော့ ပိုပြီးနှိုင်းဆကြည့်ရလွယ်ပါလိမ့်မယ်။ ပီကင်းအော်ပရာသမားတွေ ဈာန်အဝင်လွန်ပြီး ဒီမျဉ်းအရမ်းပါးလျသွားတာလည်း ဒါဦးဆုံးမဟုတ်ဘူးမို့လား။ Farewell My Concubine မှာလည်း ကျွန်တော်တို့တွေ့ခဲ့ရပြီးပြီပဲလေ... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 660MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 41Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

6.6 1993 101 mins
M. Butterfly
The Bad Seed Returns
7.1

Horror movie ဖန်တွေအတွက် မစိမ်းလှတဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိပြီးသား The Bad Seed ရဲ့ sequeal ဇာတ်လမ်း ထွက်ရှိလာပါပြီ။ 2018 movie ကို ကြည့်ရှုပြီးသူတွေကတော့ ဇာတ်လမ်းကြောင်းသိထားပြီးသားဖြစ်တာကြောင့် Psychopath ကလေးမလေး အမ်မာရဲ့ ဆယ်ကျော်သက်ရွယ်ဘဝကို ဒီကားမှာဆက်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက Psychopath ဘဝနဲ့မွေးဖွားလာတဲ့ကောင်မလေး အမ်မာဟာ သူ့အဖေအရင်း၊ ရွယ်တူကောင်လေးတစ်ယောက်၊ ဆရာမတစ်ယောက်နဲ့ ကလေးထိန်းတစ်ယောက်တို့ကို လူမသိစေဘဲ သေအောင်ကြံစည်ခဲ့ပြီး သူ့အဒေါ် အန်ဂျလာနဲ့အတူနေထိုင်ဖို့အတွက် အဒေါ်အိမ်ကို လိုက်သွားခဲ့ရပါတော့တယ်။ အဒေါ့်အိမ်မှာ အဒေါ့်ယောကျ်ားရယ် အဒေါ်တို့လင်မယားကမွေးတဲ့ ကလေးလေးနဲ့အတူနေထိုင်ရင်း ဆယ်ကျော်သက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ? သူ့ကိုမကျေမနပ်ဖြစ်အောင် လုပ်မိတဲ့သူတွေ ဘယ်လိုဇာတ်သိမ်းရမလဲ? ဒီတစ်ခေါက်မှာရော ပထမဇာတ်ကားကလို အပြစ်လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ အခုထွက်ရှိလာတဲ့ The Bad Seed Returns ဇာတ်ကားမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။ သွေးအေးအေးနဲ့ Psycho ဆန်ဆန်နောက်ခံသီချင်းတွေပါ ပါရှိပြီး ဇာတ်ကွက်ကို အေးအေးလေးချပြသွားတာမလို့ အခန်းအမှောင်ချပြီး အသံကျယ်ကျယ်လေးနဲ့ ကြည့်ရှုခံစားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chothet_mlmt ပါ။) File Size          : 541MB, 252MB Quality            : 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 28mins Genre              : Drama, Horror, Thriller Translated by May Myat Thu Encoded by Kinnov

Animation • Fantasy • Horror • Science Fiction
7.1 2022 88 mins
The Bad Seed Returns
The Goblin
5

‌“သွေးက ရေထက်ပျစ်တယ်”ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ ဒါဟာ သွေးသားတော်စပ်မှုတစ်ခုထဲကိုပဲ ဖော်ညွှန်းတာတော့ မဟုတ်ပါဘူး လူသတ်သမားတစ်ယောက်အတွက်တော့ ပျစ်နှစ်တဲ့ သွေးစက်တွေက ရေထက်အရသာရှိမှာပေါ့ လူသတ်တဲ့နေရာမှာ တစ်ချက်လေးမှ တုံ့ဆိုင်းမှု ရှိမနေတာကြောင့် "မှင်စာ" လို့တင်စားခေါ်ဝေါ်ခံရတဲ့ လူသား ဂန်ဒူဟျွန်း ဆိုတဲ့ လူသတ်သမားပါ။ လူသတ်ဖို့ဆို လက်တွန့်ကြောက်ရွံ့နေတတ်တဲ့ ယောင်းမင်းကတော့ သူ့တို့ရဲ့သူဌေးကို သတ်လိုက်မိပြီးတဲ့နောက်မှာတော့ ဒူဟျွန်းက ယောင်းမင်းအစား လူသတ်တရားခံနေနဲ့ ထောင်ထဲမှာ ၁၀ နှစ်တိုင် နေခဲ့ရဖို့ အကြောင်းဖန်လာခဲ့ပါတယ် မွေးကင်းစသမီးလေးနဲ့ ဇနီးကို ပစ်ထားခဲ့ရပြီး ထောင်ကျခဲ့ရတဲ့အတွက် ထောင်ထဲကထွက်လာတဲ့အခါမှာတော့ သာမန်ဘဝလေးနဲ့ နေထိုင်ဖို့ လုပ်ထားခဲ့ပေမယ့်လည်း ကံတရားက ဒူဟျွန်း ကို ခွင့်မပြုခဲ့ပြန်ပါဘူး တကယ့်မှင်စာအစစ်ဖြစ်တဲ့ ဒူဟျွန်းတစ်ယောက် ထောင်ကထွက်လာပြီးတဲ့နောက်မှာတော့ သူ့ကိုယ်သူ မှင်စာလို့ ခံယူထားတဲ့ ယောင်းမင်းဟာ ဒူဟျွန်းရဲ့ သမီးကို ပြန်ပေးဆွဲခဲ့တဲ့အခါ ဒီပြဿနာကို ဒူဟျွန်းတစ်ယောက် ဘယ်လိုဖြေရှင်းမလဲ သမီးလေးကို ကယ်တင်ဖို့ ရက်စက်တဲ့မှင်စာဘဝကို ပြန်သွားမှာလား ဒါမှမဟုတ် ဘယ်လိုများ အဖြေရှာဆောင်ရွက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ် ဂန်ဒူဟျွန်းအနေနဲ့ မင်းသားကြီး Jo Dong-Hyuk က ပါဝင်ထားပြီး ယောင်းမင်းအနေနဲ့ကတော့ Heaven of Trees ထဲက လူတိုင်းရဲ့အချစ်တော် အစ်ကိုယွန်စောနေရာက ပါဝင်ခဲ့တဲ့ မင်းသား Lee Wan က သရုပ်ဆောင်ထားပါတယ် Lee Wan ကို ခပ်မိုက်မိုက်ဗီလိန်ကာရိုက်တာနဲ့တွေ့ရမှာဖြစ်လို့ လုံးဝလက်လွှတ်မခံသင့်တဲ့ ကားပါပဲ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Action Quality…. 1080p | 720p | 480p File size…1.1GB | 513MB | 251MB Format… mp4 Duration….1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator .....Hmwe Thet Winn Encoder ..... August

Drama
5 2022 90 mins
The Goblin
Luther: The Fallen Sun
6.6

Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10 ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Luther ဟာ ထောင်ကျသွားပေမယ့် ကွင်းဆက်လူသတ်သမားကို လိုက်ရှာဖို့ အာသီသပြင်းထန်လွန်းနေခဲ့ပါတယ်။ အပြင်မှာ လွတ်နေတဲ့ ကွင်းဆက်လူသတ်သမားဟာလည်း လွတ်လပ်စွာပဲ လူတွေကို သတ်နေခဲ့ ပါတယ်။ မနေနိုင်တဲ့အဆုံး Luther လည်း ထောင်ဖောက်ပြေးပြီးတော့ လူသတ်သမားကို ဖမ်းဆီးဖို့ လုပ်တော့တာပေါ့။ ဒါကြောင့် Luther ဟာ ရဲတွေလက်ကလည်းလွတ်အောင်ပြေးရင်း လူသတ်သမားကိုလည်း လိုက် ဖမ်းရင်းနဲ့လှုပ်ရှားနေတာပေါ့။ Luther ရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ကွင်းဆက် လူသတ်သမားကြား ဉာဏ်ချင်းပြိုင်ကြရင်း စိန်ပြေးလိုက်တမ်းဆော့ကြပုံ ကို စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size……….(790 MB) / (450 MB) Quality…………WEB-RIP 720p / 480P Duration………2Hrs 09Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….CM Team Encoder……….SWM

6.6 2023 129 mins
Luther: The Fallen Sun
Ghost Rookie
6

Ghost Rookie (2023) ဒီတစ်ခေါက်မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ”Ghost Rookie ”ဆိုတဲ့ 2023 ထွက်သရဲကားလေးပါ သူကသရဲကားဆိုပေမယ့်ရုပ်ဆိုးဆိုးသရဲမဟုတ်ပဲ သရဲအလှလေးနဲ့ သရဲအဆင်လေးတွေပါနော် ဝင်း ဆိုတဲ့ ကောင်လေးက မွေးတည်းက ကံဆိုးမှုနဲ့မွေးလာလို့ ဘဝတစ်လျှောက်လုံးအဆင်မပြေဖြစ်နေတဲ့ကောင်လေးပါ တစ်နေ့မှာသူကထုံးစံအတိုင်းအပြင်ထွက်ပြီး အလုပ်လုပ်ရင်းကံဆိုးပြီးမတော်တဆသေ သွားတဲ့အခါ တမလွန်ဘဝမှာ သူ အသက်ရှိစဥ်တုန်းက မိဘနှစ်ပါးအပေါ် တာဝန်မကျေခဲ့ရတဲ့အတွက် ထီပေါက်အောင်လုပ်ပေးဖို့ကြိုးစားပါတော့တယ် ဝင်းတစ်ယောက်မိဘတွေကိုထီပေါက်အောင်လုပ်ပေးပြီး နောက်ဘဝမှာစိတ်ချလက်ချနဲ့ပြန်ပြီးဝင်စားနိုင်ပါ့မလားဆိုတာကြည့်လိုက်ရအောင်နော် အညွန်းနဲ့ ဘာသာပြန်ကတော့ Thae Thae ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.3GB | 607MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thae Thae Encoder ….. Aaron

Romance
6 2023
Ghost Rookie
Honey, We Shrunk Ourselves
5.3

Honey, We Shrunk Ourselves (1997) =========================== ကလေးတွေကိုချုံ့လိုက်၊ ကလေးလေးကို ကြီးအောင်လုပ်လိုက်နဲ့ အမျိုးမျိုးလွဲနေတဲ့ သိပ္ပံပညာရှင် စလင်စကီ တစ်ယောက်ကတော့ ဒီတစ်ခါမှာ သူတို့ကိုယ်သူတို့ ချုံ့လိုက်မိသွားပါပြီ။ Honey, I Shrunk the Kids က စခဲ့တဲ့ ဒီဇာတ်လမ်းက အခုဆိုရင် သုံးကားမြောက်ပါပဲ။ အသက်အရွယ်တိုင်းမှာ အရှုံးသမားဖြစ်ခဲ့တဲ့ သိပ္ပံပညာရှင် စလင်စကီ ရဲ့ အလွဲတကာအလွဲတွေထဲမှာ သူနဲ့ သူ့တွဲ ဖက်တို့ လင်မယားနှစ်စုံ အချုံ့ခံလိုက်ရပြီး မြင်ကွင်းကပျောက်နေတော့ ကလေးတွေက မိဘတွေ မရှိဘူးအမှတ်နဲ့ အိမ်မှာ သောင်းကျန်းနေပုံ တွေကို ငလက်မလေးတွေဘဝနဲ့ ထိုင်ကြည့်နေရတဲ့အဖြစ်ပါ။ မိသားစုတစ်ခုမှာ မိဘတွေရဲ့ စိုးရိမ်စကား တားမြစ်စကားတွေကို သား သမီးတွေက ပိတ်ပင်တယ်ထင်ကြတာ ထုံးစံပါပဲ။ ဒါပေမဲ့ မိဘတွေမရှိချိန် တားမြစ်ချက်တွေကို တသီကြီးချိုးဖောက်ကြည့်ချိန်မှာ ဒုက္ခနဲ့ လှလှနဲ့ တွေ့ကြပုံ သင်ခန်းစာပေး မိသားစုဇာတ်လမ်းလေးပေါ့။ ကလေးဘဝ အမှတ်တရတွေကို ပြန်ခံစားနိုင်ဖို့ တင်ဆက်လိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Arr Khun Winchester ဖြစ်ပါတယ်) File Size……….(1.1 GB) / (4.2 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 14Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Comedy Translator…….Arr Khun Winchester Encoder……….SWM

Romance
5.3 1997 74 mins
Honey, We Shrunk Ourselves
Diaz – Don’t Clean Up This Blood
7.3

IMDb Rating 7.3 အထိရရှိထားတဲ့ Diaz – Don’t Clean Up This Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက် ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့ 2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာ ဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ် ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေ ဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက် သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစား နေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိ အကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့် ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲ အကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေ ဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကို တစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Thriller
7.3 2012
Diaz – Don’t Clean Up This Blood
The Longest Ride
7

” လူတစ်ယောက်ကို အမှန်တကယ်ချစ်မိသွားရင် သူ့ရဲ့ ပျော်ရွှင်မှု မှာ ကိုယ်မပါရင်တောင် လက်လွှတ်ပေးသွားနိုင်တယ် ” ကျနော် တို့ အချစ်အကြောင်း ပြောကြတဲ့ အခါ အမျိုးအမျိုး ပြောကြပါလိမ့်မယ် ရိုးရှင်းလွန်းတဲ့ အချက်ကတော့ ချစ်ရတဲ့သူပျော်နေရင် ကိုယ်တိုင်ကလဲ ပျော်ရွှင်ရတာပါပဲ…. The Longest Ride ကို ကြည့်မိတဲ့ အခါ နွားကျောင်းသားလေး လုခ် နဲ့ ဆိုဖီယာ တို့ အတွဲရယ် အိုင်ရာ နဲ့ ရုဒ် တို့ အတွဲရဲ့ အချစ်ဇာတ်လမ်း နှစ်ခုလုံးကို တွေ့ရမှာပါ လူတွေဟာ တစ်ခါတစ်လေကျရင် ကိုယ်က ဘယ်လောက်ချစ်ပေးရတယ် ကိုယ်က ဘယ်လောက် အနစ်နာ ခံရတယ် ဆိုပြီး တွေးကြပေမဲ့ တစ်ဖက်က စွန့်လွှတ်လိုက်ရတဲ့ အရာတွေကိုတော့ မသိခဲ့ကြပါဘူး… ဒီဇာတ်လမ်းမှာဆိုရင် လုခ် ဟာ နွားရိုင်းစီးတဲ့ နွားကျောင်းသားလေးပါ နွားရိုင်းစီးတဲ့ ပွဲကို လာကြည့်တဲ့ ဆိုဖီယာ နဲ့ ဆုံကြပြီး ဒိတ်ဖြစ်သွားကြတယ် အပြန်မှာတော့ လမ်းတစ်နေရာမှာ မှောက်နေတဲ့ ကားထဲ ကနေ အိုင်ယာ လို့ ခေါ်တဲ့ လူကြီးရယ် သူ့ပါးစပ်က တဖွဖွ ရေရွတ်နေတဲ့ သေတ္တာတစ်လုံးရယ်ကို ဆွဲထုတ်ပြီး ကယ်နိုင်ခဲ့တယ်…. ဇာတ်လမ်း တစ်ခုလုံးမှာ အိုင်ယာ နဲ့ ရုဒ် ရဲ့ ဆွတ်ပျံ့လွမ်းဆွေးဖွယ်ရာ အချစ်ဇာတ်လမ်းတွေ ရယ်…. လုခ် ရှိတဲ့ မြို့လေးမှာ ခဏ ကျောင်းလာတက်တဲ့ ဆိုဖီယာ ရဲ့ အချစ်ကို ရွေးမလား ကိုယ်လိုချင်တဲ့ ပန်းတိုင် ကို ရွေးမလား ဆိုတဲ့ အချစ်နဲ့ဘ၀ ရောထွေးလာရင် ရွေးချယ်ရ ခက်တဲ့ အဖြေတစ်ချို့ကို ဒီရုပ်ရှင်ကားထဲမှာ ရှာတွေ့နိုင်မယ် ထင်တာပါပဲ…. File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 3m Genre ….. Comedy/Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

Comedy • Drama • Romance
7 2015 128 mins
The Longest Ride
Polyester
7

Polyester ကို ဒါရိုက်တာ ဂျွန်​ဝေတာ ထုတ်လုပ်ခဲ့ပြီး ၁၉၈၁ မှာဖြန့်ချီခဲ့တဲ့ အ​မေရိကန်ဟာသကား ဖြစ်ပါတယ် လူတန်း​စေ့​နေနိုင်ပြီး ပိုက်ဆံရှာနိုင်တဲ့​ယောက်ျား သားနဲ့ သမီး တ​ယောက်စီ ပိုင်ဆိုင်ထားတဲ့ အိမ်​ထောင်ရှင်မတ​ယောက် သူ့​ယောက်ျားရဲ့ သူမသိ​သေးတဲ့ တခြား တဖက်ကို မြင်လိုက်ရတဲ့ အချိန်မှာ​တော့ သူတို့ မိသားစုကြီး ဘယ်လို​တွေ ဖြတ်​ကျော်ရမယ် ရင်ဆိုင်ရမယ် ​နောက်ဆုံးအချိန်အထိ အခက်အခဲ​တွေ လူ​တွေရဲ့ ​လောဘစိတ်နဲ့ ယုတ်မာမှု​တွေကို ဒီဇာတ်ကားထဲမှာ သရုပ်​ဖော် ပြသသွားပါတယ် အ​မေရိကန် old movie ​တွေကို ကြိုက်နှစ်သက်တဲ့ သူ​တွေအတွက် အဲဒီ​ခေတ်ကာလ အ​နေ​အထားကို ပါကြည့်ရူရမှာမို့ လက်မလွတ်သင့်တဲ့ဇာတ်ကားပါ File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:26:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

7 1981
Polyester
Spartacus

ဒါကတော့ ကျွန်တော်တို့ ကိုးဆယ်ဖွားတွေ လူပျိုဘ၀မှာစွဲလန်းခဲ့ရတဲ့ ဇာတ်ကောင်ကြီး စပါတာကတ်စ်ရဲ့ ပထမဆုံးရုပ်ရှင်လို့ဆိုရမှာပေါ့။ မင်းသားကြီး Kirk Douglas စပါတာကတ်စ်နေရာကပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာ အတော်လေးအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ကားပါပဲ။ စပါတာကတ်စ်ဇာတ်ကောင်အကြောင်းကတော့ အတော်များများသိပြီးတဲ့အတိုင်းပဲ ရောမခေတ်မှာ ကျွန်စနစ်ကိုတွန်းလှန်ခဲ့တဲ့ ခေါင်းဆောင်တွေထဲကတစ်ယောက်။ အထက်တန်းစားတော်ဝင်မျိုးနွယ်တွေ ငွေကြေးနဲ့ဝယ်ပြီး ဂလက်ဒီရေတာသတ်ကွင်းမှာ အသက်သေတဲ့ထိ တိုက်ပွဲဝင်ခိုင်းကြတဲ့ ဂလက်ဒီရေတာတွေထဲကတစ်ယောက်။ သုံးနာရီကျော်ကြာတဲ့ ဒီရုပ်ရှင်ထဲမှာတော့ စပါတာကတ်စ်ဇာတ်ကောင်ကို ခပ်သွက်သွက်လေး ပုံဖော်ရိုက်ကူးပြထားပါတယ်။ခေါင်းဆောင်စိတ်ဓာတ်ရှိတဲ့ စပါတာကတ်စ်၊ အမျိုးသမီးတွေကို လေးစားကြင်နာစွာ ဆက်ဆံတတ်တဲ့စပါတာကတ်စ်၊ သွေးသောက်ညီကိုစိတ်ဓာတ်နဲ့ အသက်ပေးဖို့ဝင်မလေးတဲ့ စပါတာကတ်စ်ကို ရှုမြင်ခံစားကြရမှာပါ။ စပါတာကတ်စ်လို့ဆိုလိုက်တာနဲ့ ခေါင်းကြီးတို့မျှော်လင့်တဲ့အခန်းတွေတော့ ပါဝင်မှာမဟုတ်ကြောင်း အသိပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(3.4 GB)/(1.7 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… War, Drama, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo

0 1960
Spartacus
The Back-Up Plan
5.3

The Backup Plan (2010) မမကြီး Jennifer Lopez နဲ့ Hawaii Five-0 မင်းသား Alex O’Loughlin တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချစ်ဟာသရုပ်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဇိုဝီဟာ ဘယ်ယောက်ျားကိုမှ အလွယ်တကူမယုံတတ်တဲ့ပြဿနာရှိတဲ့အပြင် သူနဲ့အရမ်းနီးစပ်လာရင်လည်း ပြန်ပထုတ်တတ်တဲ့အကျင့်ရှိသူပါ။ ယောက်ျားတော့မလိုချင်ပေမဲ့ ကလေးတော့လိုချင်ပြီး မိသားစုတစ်ခုလိုချင်တဲ့အတွက် သုက်ရည်ဘဏ်ကနေ အလှူရှင်ရှာပြီး သန္ဓေတည်အောင်လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တဲ့နေ့မှာတင် စတန်နဲ့ တွေ့ခဲ့ပြီး ဇိုဝီရဲ့အချစ်အပေါ်ခံစားချက်တွေပြောင်းလဲလာခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ သူ့မှာကိုယ်ဝန်ရှိနေတာသိလိုက်ရပြီး ဇိုဝီကဒီကိစ္စကို စတန်ကိုပြောပြမလား စတန်ကရော ဒီအကြောင်းကိုသိရင် ဆက်နေမှာလားဆိုတာ..။ Comedy Romance ဇာတ်ကားလေးမလို့ အပျင်းပြေကြည့်လို့ကောင်းပါတယ်။

5.3 2010 106 mins
The Back-Up Plan
Tony Takitani
7.2

Tony Takitani (2004) ~ IMDb – 7.2/10, RT – 88%, Meta – 80% ~ မူရာကာမိရဲ့ ဝတ္တုတွေကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေသိပ်အများကြီးမရှိသလို အခုထိအနေနဲ့လည်း နည်းပါးတုန်းလို့ပြောရပါမယ်။ ပြန်ရိုက်လိုက်ရင်လည်း အောင်မြင်ကြတာတော့ များပါတယ်။ Drive My Car, Burning, Norwegian Wood နဲ့ Tony Takitani တို့ကတော့ အောင်မြင်မှုကြီးတယ်ပြောရမယ်။ Tony Takitani ကိုတော့ Blind Willow, Sleeping Woman စာအုပ်ထဲက နာမည်တူဝတ္တုတိုကိုပဲ ပြန်ရိုက်ထားတယ်။ Blind Willow, Sleeping Woman ဝတ္တုတိုကိုတော့ မနှစ်ကတင် အန်နီမေးရှင်းအဖြစ်ရိုက်ခဲ့ပါသေးတယ်။ Tony Takitani ထဲတော့ မူရာကာမိဝတ္တုတွေထဲက တွေ့ရများတတ်တဲ့ Element ဖြစ်တဲ့ သူ့စာရေးဆရာဘဝမစခင် မကင်းခဲ့တဲ့ ဂျတ်ဇ်ဂီတတို့ ဘာတို့ပါတယ်။ ဒီရုပ်ရှင်က တခြား မူရာကာမိဝတ္တုကို ရိုက်ထားတဲ့ကားတွေထက် ဝတ္တုကို အားပြုမှုတော်တော်ကြီးတယ်လို့ပြောလို့ရတယ်။ Narrative တွေလှိုင်လှိုင်သုံးပြီး ရုပ်ရှင်တစ်ကားကြည့်ရတဲ့ဖီလင်ထက် မူရာကာမိဝတ္တုတိုတစ်ပုဒ်ဖတ်နေရတဲ့ဖီလင်တော့ရတယ်။ ဇာတ်ကတော့ တိုနီတာခိတနိလို့ခေါ်တဲ့ လူတစ်ယောက်နဲ့ သူ့ခံစားချက်တွေအကြောင်းပါပဲ။ဇာတ်လမ်းအကြောင်းတော့ ဘာမှများများစားစား ပြောစရာမရှိပါဘူး။ မူရာကာမိဝတ္တုတိုတွေကို ကြိုက်တဲ့သူတွေကြိုက်ကြမယ့်၊ မူရာကာမိဝတ္တုတိုအရသာ အပြည့်အဝရတဲ့၊ သူ့ဝတ္တုတိုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 620MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 15Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.2 2004 77 mins
Tony Takitani
The Shrouds
5.8

The Shrouds (2025) IMDb Rating (5.8) / Rotten Tomatoes (75%) သိပ္ပံစိတ်ကူးယဉ်နဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်တွေကို ကြိုက်သူတွေအတွက် Horror & Sci-Fi အမျိုးအစားရုပ်ရှင်ဖြစ်တဲ့ The Shrouds… နည်းပညာလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ Karsh ဟာ ဇနီးဖြစ်သူ Becca ဆုံးပါးသွားတဲ့အတွက် အလွန်အမင်းစိတ်ထိခိုက်နေရသူတစ်ဦးဖြစ်ပါတယ်။ သူဟာ သေဆုံးသွားသူတွေရဲ့ ကိုယ်ခန္ဓာ ဆွေးမြေ့ပျက်စီးပုံကို သင်္ချိုင်းဂူများရှိ ဖန်သားပြင်များ သို့မဟုတ် စမတ်ဖုန်းရှိ အက်ပ်မှတစ်ဆင့် အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်တဲ့ “GraveTech” လို့ခေါ်တဲ့ နည်းပညာကိုတီထွင်ခဲ့ပါတယ်။ ဒါ့အပြင် Shroud လို့ခေါ်တဲ့ အလောင်းပတ်အဝတ်တွေကိုလည်း ထုတ်လုပ်နေပါတယ်။ တစ်နေ့မှာတော့ သူ့ရဲ့တီထွင်ဆန်းသစ်တဲ့သုဿာန်ဟာ ရုတ်တရက်ဖျက်ဆီးခံလိုက်ရပြီး ထူးဆန်းတာတွေနဲ့ တစ်ခုပြီးတစ်ခု ရင်ဆိုင်လာရပါတော့တယ်။ Karsh အနေနဲ့ ဒါတွေကို ဘယ်လိုအဖြေရှာသွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ဒီထဲမှာပါဝင်တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ Maury, Terry နဲ့ Soo min တို့သကရော Karsh နဲ့ ဘယ်လိုပတ်သက်မှုတွေရှိပြီး ဘာတွေဆက်ဖြစ်သွားကြမှာလဲ။ ဒါရိုက်တာ David Cronenberg အနေနဲ့ သူ့ရဲ့ဇနီးသည်ဆုံးပါးသွားမှုကနေ ရိုက်ကူးပုံဖော်ဖြစ်ခဲ့တဲ့ ဒီ The Shrouds ဇာတ်လမ်းဟာဆိုရင် နက်နဲပြီး ဆင်ခြင်တွေးခေါ်စရာကောင်းတဲ့ ရုပ်ရှင်တစ်ကားဆိုရင်လည်းမမှားပါဘူး။ နည်းပညာနဲ့ ခံစားချက်တွေရဲ့ ပူးပေါင်းမှုကို တွေ့မြင်ခံစားရမယ့် ဇာတ်ကားတစ်ကားဖြစ်တာကြောင့် သည်းထိတ်ရင်ဖို သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size…(1.8 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Fantasy,Science Fiction,Thriller Duration….02:00:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Theint Waddy Lynn

Horror • Thriller • Mystery
5.8 2025 120 mins
The Shrouds