YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

my love from another star 12-21.zip

4.16 GB N/A application/x-zip-compressed 3799 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Father and Guns
6.4

ရှားရှားပါးပါး ပြင်သစ်စကားပြော ကနေဒီ ဟာသ ဇာတ်ကား ကောင်းလေးပါ။ ဂျာ့ခ် နဲ့ မာ့ခ်ဆိုတဲ့ သားအဖ နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ရဲတွေဖြစ်ပြီး တွေ့တာနဲ့ ရန်ဖြစ်ကြတဲ့ တစောင်းဆေးနဲ့ မျက်ချေးလို သားအဖပါ။ သူတို့လိုက်နေတဲ့ လူဆိုးဂိုဏ်းရဲ့ အကျိုးတော်ဆောင် ရှေ့နေချားစ်မှာလည်း depression ဝင်ပြီး သတ်သေဖို့ လုပ်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ ချားစ်ရဲ့ မိန်းမက သူတို့သား ဒီလိုဖြစ်ရတာ သားအဖနှစ်ယောက် မတည့်လို့ဆိုပြီး စိတ်ရောဂါကု ဆရာဝန် ဂစ်ဘတ်ဦးဆောင်တဲ့ “သားအဖ ပြန်လည်သင့်မြတ်ရေး” ခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းပေး လိုက်ပါတော့တယ်။ လူမိုက်ဂိုဏ်းရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး ဖြစ်ပေမဲ့ မိန်းမစကားဆို မြေဝယ်မကျ နားထောင်ရတဲ့ ချားစ်လည်း အဓွန့်မတက်ရဲဘဲ ခရီးထွက်ဖို့ပြင်ရပါတော့တယ်။ လူဆိုးဂိုဏ်းကို လက်ရဖမ်းနိုင်ဖို့အတွက် ချားစ်ရဲ့ ထွက်ဆိုချက်ကို အပူတပြင်းလိုအပ်နေတဲ့ ဂျာ့ခ်တို့ သားအဖလည်း အဲဒီသတင်း ကြား ပြီးတဲ့နောက် “သားအဖ ပြန်လည်သင့်မြတ်ရေး”ခရီးစဉ်မှာ လိုက်ပါပြီး ချားစ်နဲ့ ရင်းနှီးအောင်လုပ်ဖို့ ကြိုးစားပါတော့တယ်။ သားအဖ စုံတွဲတွေပါတဲ့ အဲဒီတစ်ပတ်တာ ခရီးစဉ်မှာ ဘယ်လိုတွေ ဂယက် ထကြမလဲဆိုတာကိုရှုစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(2.23 GB) / (918 MB) / (543 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 47Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Roman Nox Encoder..........SWM

Adventure • Animation • Family • Fantasy
6.4 2009 106 mins
Father and Guns
Burn Out
6.8

တိုနီဟာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေမှာ အလားအလာရှိတဲ့ ဆိုင်ကယ်မောင်းသမားတစ်ဦးဖြစ်ပေမဲ့ ဘဝကိုတော့ ပင်ပန်းစွာ ရုန်းကန်နေရသူပါ။ အချိန်ပိုင်းအလုပ်လည်းလုပ်ရ၊ ပရော်ဖက်ရှင်နယ် ဆိုင်ကယ်မောင်းပြိုင်သမားတစ်ဦးဖြစ်လာရေးအတွက် လေ့ကျင်းရေးလည်း ဆင်းနေရချိန်မှာ သူ့ရဲ့ အဆက်ဟောင်း၊ သူ့သားရဲ့မိခင်ဖြစ်သူ လေလာဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အကောင်ကြီးတစ်ကောင်ဆီကို အကြွေးတွေတင်သွားပါတယ်။ လေလာတစ်ယောက် အကြွေးတွေကို ဘယ်နည်းနဲ့မှ ပြန်မဆပ်နိုင်လို့ ဘဝပျက်ရတော့မဲ့ အခြေအနေမရောက်အောင်လို့ တိုနီတစ်ယောက်ဝင်ကူညီရပါတော့တယ်။ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ အလုပ်ထဲကို ပါဝင်ပတ်သတ်မိသွားရတာက တိုနီရဲ့ ဘဝကို ဘယ်လိုတွေ ရိုက်ခတ်သွားမလဲဆိုတာကိုတော့ ဒီ ပြင်သစ်-ဘယ်ဂျီယမ် အက်ရှင်ကားလေးမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 1.5GB, 683MB, 344MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 47mins Genre : Action, Crime, Thriller Translated by Moe Lay Encoded by Kinnov

Comedy • Crime • Thriller
6.8 2018 107 mins
Burn Out
Red Dawn
5.7

ဒီကားဟာ 2012ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး MCUက မင်းသားချော Chris Hemsworthလည်း ပါဝင်ထားပါတယ်။ 1984ခုနှစ် ထွက်ရှိထားတဲ့ Red Dawnကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အနေနဲ့ အနောက်အုပ်စုနဲ့ မြောက်ကိုရီးယားအကြား အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။ ရေတပ်သားဂျက်ဟာ ခွင့်ရက်ရလို့ အဖေနဲ့ ညီဖြစ်သူရှိတဲ့အိမ်ကို ခေတ္တပြန်လာချိန်မှာ တစ်မြို့လုံး ကြုံတောင့်ကြုံခဲ မီးပျက်သွားပါတယ်။ မနက်မှ သိလိုက်ရတာကတော့ သူတို့မြို့တွင်းကို မြောက်ကိုရီးယားစစ်သားတွေ လေကြောင်းမှတဆင့် ကျူးကျော်လာနေပါပြီ။ ဂျက်ဟာ ညီဖြစ်သူနဲ့ သူငယ်ချင်း လူငယ်တစ်သိုက်ကို ခေါ်ပြီး တောထဲကအိမ်မှာ သွားပုန်းနေပါတယ်။ လူငယ်တွေဖြစ်တာကြောင့် မခံမရပ်နိုင်တဲ့အဆုံး မြောက်ကိုရီးယားကို ပြန်လည်တော်လှန်ဖို့ ရွေးချယ်လိုက်ကြပါတော့တယ်။ သူတို့တော်လှန်ရေးဟာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အောင်မြင်ပါ့မလားဆိုတာ......... File size…(2gb)/(998MB)/(491MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson

Action
5.7 2012 93 mins
Red Dawn
Justin Bieber's Believe
7.2

ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့ Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကို ရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။ မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့ သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရော သီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါ ပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက် Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီး Tour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလို ဝေဖန်မှုများစွာ ခံရပြီး career ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပါပါရာဇီနဲ့ရန်ဖြစ်လို့ ပြိုင်ကားမောင်းလို့ စသည်ဖြင့် ပြဿနာမျိုးစုံတက်ပြီး မီဒီယာတွေနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပြီး အောင်မြင်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ဘဝအလှည့်အပြောင်းအပြင် Believe Tour မှာ ဖျော်ဖြေခဲ့တဲ့ အမိုက်စား performance တွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ငယ်ဘဝကို အနည်းနဲ့အများ လွှမ်းမိုးမှုရှိခဲ့တဲ့ Justin Bieber ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ CM က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2GB / 1GB Quality…1080p BluRay AAC5.1CH /  720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action • Adventure
7.2 2013 92 mins
Justin Bieber's Believe
Parallel Mothers
6.8

လက်ရှိအော်စကာမှာ Best Actress နဲ့ Best Original Score ဆန်ခါတင် ၀င်ထားတဲ့ စပိန်ရုပ်ရှင်ပါ။ စပိန်ကားပေမဲ့ စပိန်က Oscar Entry အဖြစ် မရွေးခဲ့တာကြောင့် International Feature Film ထဲ ဆန်ခါတင်မ၀င်ပဲ Main Category တွေထဲ ၀င်သွားတဲ့ ရှားရှားပါးပါးရုပ်ရှင်ပါပဲ။ ဟိုးတုန်းကတော့ အလားတူ ဂျပန်ကလည်း ခုရိုဆ၀ရဲ့ Ran ကို မရွေးဘဲ တခြားကားကိုရွေးခဲ့တာကြောင့် အော်စကာရဖို့ လက်လွတ်ခဲ့ရဖူးပါတယ်။ ခုလည်း စပိန်က Parallel Mothers ကို မရွေးခဲ့ပေမဲ့ အော်စကာကတော့ IFF ထဲမ၀င်တဲ့ နိုင်ငံခြားကားကို Main Category တွေထဲ ထည့်လိုက်ပါတယ်။ Parallel Mothers ရဲ့ ဒါရိုက်တာ Pedro Almodóvar ဟာ ရှေ့မှာ အော်စကာ nominations ကိုးခါ၀င်ထားပြီး နှစ်ခါဆုရထားတဲ့သူ ဖြစ်တဲ့အပြင် နောက်ဆုံးသူရိုက်ခဲ့တဲ့ Pain and Glory ဟာလည်း သူ့နှစ်က အတော်လေးအောင်မြင်ခဲ့ပါတယ်။ Parallel Mothers နဲ့ Best Actress Nominations ၀င်ထားတဲ့ Penélope Cruz ဟာ ရှေ့မှာလည်း Best Supporting Actress ဆုကို ရထားတဲ့သူဖြစ်ပြီး ဒီနှစ် BA ရခဲ့ရင် နှစ်ဆုလုံးရထားတဲ့ အော်စကာသမိုင်းတစ်လျှောက်လုံးက ၈ယောက်မြောက်သူဖြစ်မှာပါ။ ရှေ့ကရထားတဲ့သူတွေကတော့ Helen Hayes, Renée Zellweger, Maggie Smith, Jessica Lange , Cate Blanchett, Ingrid Bergmanနဲ့ Meryl Streep တို့လို Legend Actress တွေချည်းပါပဲ။ ဇာတ်ကြောင်းကတော့ Pedro Almodóvar ရဲ့ ဟန်အတိုင်းပဲ Melodrama ဇာတ်ကြောင်းပါပဲ။ စပိန်က Single mother နှစ်ယောက်ရဲ့ ဘ၀ကို ဖော်ပြရင်း စပိန်ရဲ့ ရင်နာစရာကောင်းတဲ့ သမိုင်းကို ပါးပါးလေး လှစ်ပြသွားခဲ့တယ်။ "သမိုင်းကို နှုတ်ပိတ်ပစ်လို့မရပါဘူး။ သမိုင်းကို ဖုံးကွယ်ချင်သူတွေက ဘယ်လိုပဲ သမိုင်းကို မီးလောင်ပြာကျအောင်လုပ်ဖို့ ကြိုးစားပါစေ။ သမိုင်းကို ဘယ်ပုံပဲဖျက်စီးပါစေ။ သမိုင်းကို ဘယ်‌လောက်ပဲ အတုလုပ်ပါစေ။ သမိုင်းကတော့ အမှန်တရားကို ပြောပြနေမှာပါပဲ" 1930‌ နှောင်းပိုင်းက စပိန်ပြည်တွင်းစစ်နောက်ပိုင်းမှာ စပိန်အာဏာရှင် Francisco Franc ဟာ လူထောင်ပေါင်းများစွာကို မတရားသတ်ဖြတ်ခဲ့ပြီး သူသေတဲ့ 1975 အထိ စပိန်ကို အာဏာသိမ်းထားခဲ့ပါတယ်။ ဒါရိုက်တာကတော့ စပိန်လူမျိုးတွေဟာ သူတို့သမိုင်းရဲ့ အမှောင်မိုက်ဆုံး အပိုင်းတွေကို ထုတ်ဖော်ပြောပြရတာမကြိုက်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မတရားသတ်ဖြတ်ခံခဲ့ရတဲ့ လူထောင်ချီကို အောက်မေ့သောအားဖြင့် ရိုက်ကူးခဲ့တယ်လို့ ဒါရိုက်တာက ဖြေထားခဲ့ပါတယ်။ ရုပ်ရှင်မှာလည်း အမေနှစ်ယောက်ရဲ့ ဘ၀ကိုပြရင်း အဲဒီတုန်းက မတရားသတ်ဖြတ်ပြီး ကျင်းထဲစုမြုပ်ခံခဲ့ရတဲ့ သူတို့ဘိုးဘေးတွေရဲ့ ရုပ်အလောင်းကို ပြန်တူးဖော်ချင်တဲ့လူတွေကိုလည်း ဆက်စပ်ချိတ်ပြသွားခဲ့တယ်။ ပြည်တွင်းစစ်ကြီး ပြီးတာကြာပေမဲ့ သူတို့ ဒီအလောင်းတွေကို မဖော်နိုင်မချင်း မပြီးဘူးဆိုတဲ့ သမိုင်းကိုမမေ့တဲ့ စပိန်ပြည်သူတစ်ချို့ရဲ့ သဘောထားကိုလည်း လှစ်ပြသွားခဲ့တယ်။ Parallel Mothers ဟာ IMDb 7.1 နဲ့ Rotten Tomatoes 97% ရထားတဲ့အပြင် ရခဲလှတဲ့ Metacritic Rating 88% ပါရထားပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.86GB, 871.3MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H 3Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
6.8 2021 123 mins
Parallel Mothers
The End of the Pale Hour
5.5

The end of the pale hour / Young people at dawn (2021) ဒီတစ်ခါတင်ဆက်ပေးလိုက်ချင်တာကတော့ မမရဲ့ အနွံတာခံမယ့် မောင်လေးတစ်ယောက်ရဲ ဇာတ်ကြောင်းပါပဲ မင်းသားဟာ စားသောက်ပါတီပွဲတစ်ခုမှ မိန်းကလေးတစ်​ယောက်နဲ့ အမှတ်မထင်ဆုံရင်း ချစ်မိသွားတယ် အတူလျှောက်သွားလျှောက်စား ပျော်ပါးကြည်နူးကြတယ်ပေါ့ တက္ကသိုလ်ပြီးတော့ အလုပ်ဝင်ရတော့မယ့်မင်းသားဟာ တကယ်တမ်းလုပ်ငန်းခွင်ရောက်တော့ သူမျှော်လင့်ထားသလို တစ်ခုမှ ဖြစ်မလာပါဘူး ကြိတ်မှိတ်သည်းခံလုပ်ရင်း မိန်းကလေးနဲ့ပဲ အတူနေရင်း ကျေနပ်နေခဲ့တယ်ပေါ့ အချိန်တစ်ခုကြာလာတဲ့အခါ အလုပ်ကလည်း အဆင်မပြေ ချစ်သူမမကလည်း စွန့်ပစ်သွားချိန်မှာ မျက်နှာလွှဲခဲ့တဲ့ အမှန်တရားတွေကို ရင်ဆိုင်ရပါတော့တယ် ဒီဇာတ်ကားလေးဟာ working adults တွေရဲ့ ဖိစီးမှုတွေ ဘဝအချိုးအကွေ့တွေကို မီးမောင်းထိုးပြထားတဲ့ အချစ်ဒရာမာကားကောင်းလေး ဖြစ်ပါကြောင်း…. File Size__(2GB) / (830MB) Quality__WEB-DL_1080p, 720p IMDb Rating__5.5/10 Format__mp4 Duration__01:56:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Naing Aung Latt

Action • Adventure • Drama • History • War
5.5 2021 116 mins
The End of the Pale Hour
Garuda
9.2

Garuda(2022) IMDb-9.2/10 ကန်နာဒါရုပ်ရှင်မင်းသမီးချောလေးနှစ်ယောက် ဖြစ်တဲ့ Ashika Ranganath နဲ့ Aindrita Ray တို့ရဲ့ အလှကိုခံစားရင်းကြည့်ရှူရမယ့်အက်ရှင် ဇာတ်ကြမ်းလေးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကတော့ ဂိုအာဆိုတဲ့ကမ်းခြေမြို့လေးဟာ သာယာလှပသလောက် အကြမ်းဖက်မှုပေါင်းစုံ၊ လူသတ်မှုပေါင်းစုံ စသဖြင့် အကြမ်းဖက်သမားနဲ့ ရဲတွေလက်ဝါးချင်းရိုက်နေတဲ့ ဒုစရိုက်နေရာပါ။ အဲ့နေရာမှာ ရမ်ဆိုတာက သူ့ဘဝကိုဇာတ်မြှုပ်ပြီး ဟိုတယ်အသေးစားလေးဖွင့်ကာ လုပ်ကိုင်စားသောက်နေတဲ့သူ‌ပေါ့ တစ်နေ့မှာ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းတစ်ဖွဲ့ ဟိုတယ်စား‌သောက်ဆိုင်ထဲ၀င်ကာ စားသောက်ပြီးငွေမရှင်းဘဲ စားပွဲထိုးကိုပါ ပါးရိုက်လိုက်ပါတယ်။ သူဌေးဖြစ်တဲ့ရမ်က သူ့၀န်ထမ်းကိုစော်ကားသွားတဲ့ လုပ်ရပ်ကို သူလက်ပိုက်ကြည့်မနေနိုင်တဲ့အခါ မြို့ကိုအုပ်စိုးနေတဲ့ လူဆိုးဂိုဏ်းနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတော့တယ်။ ဒုစရိုက်မြို့ကြီးထဲမှာ ဒုစရိုက်သမားကို ရမ်တစ်ယောက်ဘယ်လိုဖြေရှင်းရမလဲ သူ့ရဲ့မြှုပ်ထားတဲ့ ဘဝဇာတ်ကြောင်းကရောဘာဖြစ်မလဲဆိုတာကို အမိုက်စားအက်ရှင်တွေနဲ့အတူ ကြည့်ရှုရမှာဖြစ်ပါတယ်။

9.2 2022 142 mins
Garuda
Just Say Yes
4.5

Just Say Yes (2022) =============== လမ်းခွဲခံရဖူးတဲ့သူတွေ ရှိကြမှာပါ။ တချို့တွေက မက်ဆေ့ချ်တစ်စောင်နဲ့ လမ်းခွဲခံရမယ်။ တချို့ကတော့ ဖုန်းထဲမှာပဲ လမ်းခွဲခံရမယ်။ တချို့ကတော့ လူကိုယ်တိုင် စသည်ဖြင့် မျိုးစုံပဲပေါ့။ ဒီဇာတ်လမ်းထဲက လော့တာဆိုတဲ့ producerမလေးကတော့ တီဗီမှာ တိုက် ရိုက်ထုတ်လွှင့်နေတုန်းမှာပဲ သူနဲ့စေ့စပ်ထားတဲ့ ချစ်သူဆီက လမ်းခွဲစကား ပြောခံလိုက်ရပါသတဲ့။ ဒီလိုမျိုး တိုင်းသိပြည်သိ ဘဲပစ်ခံလိုက်ရလို့ ကြေကွဲ လူငယ်လေးဖြစ်နေတဲ့လော့တာက သူ့လိုမျိုး producerတစ်ယောက်ဖြစ်တဲ့ ခရစ်နဲ့အတူ သူ့ဘဲပြန်လာအောင် လုပ်ဖို့ စီစဉ်ကြပါတော့တယ်။ ဒီလိုစီစဉ်ရင်းမှာပဲ လော့တာတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ ကောင်း တာတွေဖြစ်လာမလား အဆိုးတွေနဲ့ပဲတွေ့ရမလားဆိုတာကို ရိုက်ကူးထားတဲ့ ပေါ့ပေါ့ပါးပါး Comedy, Romance ကားလေးကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ် ပါတယ်) File Size……….(1.85 GB) / (753 MB) / (461 MB) Quality…………WEB-DL 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….EL Encoder……….SWM

4.5 2022 97 mins
Just Say Yes
Body Snatchers
6

Body Snatchers (1993) ================= IMDb Rating – 6.0/10 1990s classic တွေထဲက အကောင်းစား alien invasion ဇာတ်ကား တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအေးဂျင့်တစ်ယောက်ဖြစ်တဲ့ စတိဗ်မလုန်းဟာ အယ်လာ ဘားမားမှာရှိတဲ့စစ်တပ်စခန်းတစ်ခုမှာ စစ်ရေးလုပ်ဆောင်မှုတွေကြောင့် ပတ်ဝန်းကျင်ဂေဟစနစ်အပေါ် သက်ရောက်မှုတွေကိုစမ်းသပ်စစ်ဆေးဖို ရောက်လာခဲ့ပါတယ်။ သူနဲ့အတူပါလာတာကတော့ ပထမအိမ်ထောင်က ဆယ်ကျော်သက်အရွယ် သမီးငယ်၊ ဒုတိယဇနီးသည်နဲ့ သားငယ်တို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ သူတို့သွား ရမယ့် စစ်တပ်ဝင်းထဲမှာ ထူးခြားတဲ့အဖြစ်အပျက်တွေဖြစ်ပေါ်နေခဲ့ပါတယ်။ အဲ့ဒါကတော့ တပ်ထဲက လူတွေရဲ့မိသားစုဝင်တွေဟာ အမူအကျင့်တွေအ ပြောအဆိုတွေပြောင်းလဲကုန်ကြပြီး တစ်ခြားတစ်ယောက်ဖြစ်သွားသလို ပြုမူနေကြတာပါ။ တကယ်တော့ အဲ့ဒါတွေဟာ သူတို့မိသားစုနဲ့တကွ အားလုံး ကြုံကြရမယ့် အန္တရာယ်ဆိုးတွေရဲ့အစပဲရှိပါသေးတယ်။ စာရေးဆရာ Jack Finney ရဲ့နာမည်ကျော်ဝတ္ထု The Body Snatchers (1955) ကိုပြန်ရိုက်ခဲ့တဲ့ Remake တွေထဲက အထင်ကရ ဇာတ်ကားတစ်ကားဖြစ်ပါ တယ်။ ဂြိုလ်သားတွေက လူသားတွေနေရာကိုအစားထိုးအယောင်ဆောင်နေ ကြတဲ့ The Faculty 1998 လို They Live (1988) တို့လိုဇာတ်အိမ်မျိုးဖြစ်ပြီး science fiction horror ပရိသတ်တွေအတွက်အဟောင်းထဲကရွှေတစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.35 GB) / (541 MB) Quality…………Blu-Ray 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Sci-Fi Translator…….Alias Encoder……….SWM

6 1993
Body Snatchers
Little Miss Rawther
7.9

Little Miss Rawther (2023)”အချစ်ရူးမလေး မိရော်သာ” ======================================= IMDb 8.3/10 စီအမ် အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် Little Miss Rawther ဆိုတဲ့ မလျာလမ်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်လေးကို CM Bollywood Team ကနေ တင်ဆက်ပေးချင်ပါတယ်။ နိုင်နာရော်သာဆိုတဲ့ ကောင်မလေးဟာ အရာဝတ္ထုတွေ အစီအစဉ်တကျဖြစ်မနေရင် ရင်ဘက်ထဲ ကျလိကျလိဖြစ်တတ်တဲ့ OCD ရောဂါပိုင်ရှင် အရပ် ၅ ပေ ဝန်းကျင်ကောင်မလေးပဲဖြစ်ပါတယ်။ သူ့ဘဝမှာ အခက်အခဲဆိုလို့ သူများမျက်နှာ မော်ကြည့်ရတာလောက်သာ ရှိပြီး ဘဝကို သက်တောင့်သက်သာဖြတ်သန်းနေရတဲ့ ကံကောင်းသူလေးပေါ့။ သူဟာ အရပ်ငါးပေဝန်းကျင်သာ ရှိပေမဲ့ သူ့ရဲ့ ရည်းစားဦး အာဘီဂျစ်ကတော့ အရပ် ၆ ပေကျော်တဲ့ ကလန်ကလားကိုကိုပဲဖြစ်ပါတယ်။ အာဘစ်ဂျစ်ကတော့ နီနာ့လို ဖယောင်းလမ်းကို သက်တောင့်သက်သာလျှောက်ခွင့်မရဘဲ ကလေးဘဝကနေ အရွယ်ရောက်တဲ့အထိ အခက်အခဲတွေကြားမှာ ဘဝကို ကန့်လန့်တိုက်ဖြတ်သန်းနေရတဲ့ မအောင်မြင်တဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်ဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ကြပေမဲ့ အရပ်ကစလို့ အစစအရာရာကွာခြားနေတဲ့ သူတို့နှစ်ယောက်ကြား မတူညီမှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် တွေ့ကြုံရပုံကို ဒီရုပ်ရှင်လေးထဲမှာ ရယ်ရယ်မောမောကြည့်ရှုခံစားကြရမှာပါ…။ ( ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.9 2023
Little Miss Rawther
Elegy
6.7

IMDB မှာ rating 6.7 ရရှိထားပြီး လူတွေရဲ့ကြားက ဆက်ဆံရေး သံယောဇဥ် မေတ္တာတွေကို ဖြည်းဖြည်းချင်းကြည့်ရှုခံစားမြင်သာလာစေမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ Iron Man 3 ထဲကဟန်ဆောင်အကြမ်းဖက်သမားကြီးအနေနဲ့ လူသိများပြီး Shang Chi ထဲမှာလည်း ပါဝင်ထားတဲ့ မင်းသားကြီး Ben Kingsley နဲ့ Pirates of the Caribbean 4 ထဲက Captain Black Beard ရဲ့သမီးအဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီးချော Penelope Cruz တို့ ၂၀၀၈ခုနှစ်ကပါဝင်သရုပ်ဆောင်ထားတဲ့ကားဖြစ်ပြီး အမေရိကန် romance/drama အမျိုးအစားဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ် ဇာတ်ဝင်ခန်းများ အနည်းငယ်ပါဝင်တဲ့ အတွက်ကြောင့် မိသားစုနဲ့အတူကြည့်ဖို့အတွက်ဆို သတိချပ် စေလိုပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အိမ်ထောင်ကွဲ ဘယ်သူနဲ့မှအတည်တကျရှိဖို့စိတ်မကူးခဲ့တဲ့ တက္ကသိုလ်ကပရော်ဖက််ဆာ ဒေးဗစ်ကစ်ပစ်ရှ်(Ben Kingsley) တစ်ယောက် သူ့ထက်အသက် ၃၀ လောက်ငယ်တဲ့ ခွန်ဆွယ်လာ(Penelope Cruz) ဆိုတဲ့ကျောင်းသူလေးနဲ့ ချစ်ကျွမ်းဝင်မိသွားခဲ့ကြပါတယ်။ အဲ့ဒီနောက် သူတို့၂ ယောက်ကြားက သမီးရည်းစားပဋိပက္ခတွေ ချစ်ခြင်းမေတ္တာတွေ အရင်အိမ်ထောင်က ဒေးဗစ်နဲ့သူ့ရဲ့သားတို့ကြားက သားအဖမေတ္တာတွေ သူ့ရဲ့တစ်ဦးတည်းသော ရင်ဖွင့်ဖော် သူငယ်ချင်းတို့ရဲ့ကြားက သူငယ်ချင်းမေတ္တာတွေ အားလုံးကို တစ်ဖြည်းဖြည်း နားလည်မြင်သာလာအောင် ကြည့်ရှုခံစားရမယ့် ရသဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ File size… 2.3 GB / 906 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Ko Wunna

6.7 2008
Elegy
[18+] Q Desire
5.4

စိတ်လွတ်ကိုယ်လွတ် လွင့်မျောချင်ရင်တော့ ဒီဇာတ်ကားက အဲ့လိုပါ.. ဇာတ်ကောင်တွေဟာ သူတို့ကိုယ်တိုင်နားမလည်မှုများနဲ့ မျောချင်ရာမျောနေတာမျိုး… သူတို့ရဲ့အမူအကျင့်တွေဟာ အမှောင်ခြမ်းတစ်ခုစီကို ကိုယ်စားပြုနေတာမျိုး… လိုက်ကြည့်ရင်း မှောင်ကြတာပေါ့… ဒီဇာတ်ကားထဲက အဖော်အချွတ်အားလုံးက Graphic Nudity မဟုတ်ပါဘူး…. ဘာ Graphic မှ မသုံးထားပါဘူး…အကုန်အစစ်တွေချည်းပါပဲ….:3 ဒါရိုက်တာက ပြောချင်ရာပြောဖို့မှာ ဘာကိုမှ မညှာတာဘဲ အကုန်ပလိန်းကြီး အရှိအတိုင်းချပြထားပါတယ်… ဇာတ်ကားက နှစ်နာရီဝန်းကျင်ပဲရှိပေမယ့်…ကြည့်လိုက်ရင် ၄ နာရီနီးပါးကြာကြာတတ်ပါတယ်… ဘာလို့ဆို ခဏခဏ Pause လုပ်လိုက် ..နောက်ပြန်ရစ်ကြည့်လိုက် လုပ်နေရလို့ပါ… ပြီးရင် သတိရတိုင်းလဲ ပြန်ပြန်ကြည့်ကြည့်ဖြစ်ပါမယ်… သေချာတာတစ်ခုကတော့ လူသူတိတ်ဆိတ်တဲ့နေရာမှာ တစ်ယောက်ထဲအေးဆေးကြည့်မှ အဆင်ပြေမှာပါ။ ဒီဇာတ်ကားကြည့်ပြီးရင် မင်းသမီး Déborah Révy နဲ့ Hélène Zimmer တို့အကြောင်းကို ပိုပိုရှာကြည့်မိပါမယ်… ပြင်သစ်မင်းသမီးတွေဖြစ်ပြီး ဆွဲဆောင်မှုအပြည့်ရှိကြောင်း ထောက်ခံပါတယ်… Uncut Version ဖြစ်တာနဲ့အညီ ဘာဆင်ဆာမှ မပါတာကြောင့် 21+ အရွယ်တွေ ကြည့်ဖို့သာ တိုက်တွန်းလိုက်ပါတယ်။ ဘာသာပြန်အသစ် Quality Update လေးမို့ ကြည့်ဖူးရင်တောင် ပြန်သိမ်းထားဖို့ တိုက်တွန်းပါတယ်။ ပြင်သစ် Taste လေးကို ကြိုက်ကြတယ်ဆိုရင်ဖြင့် အားပေးကြပါဦး။ Release Date: 14 September 2011 (France)Genre: DramaStars : Déborah Révy, Helene Zimmer, Gowan Didi Synopsis: In a social context deteriorated by a countrywide economic crisis, the life of several people will be turned upside down after they meet Cecile, a character who symbolizes desire. *Note:- * *Movie Has Multiple Adult Scenes , Do Not Download If You Are Under 18* File Size : (2 GB) and (1 GB) Quality : Uncut Blu-Rip 1080p & 720p Running Time : 01:40:00 Format : Mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by STA Encoded by RGB

Romance • Drama
5.4 2011 103 mins
[18+] Q Desire
Girl in the Sunny Place
6.7

Girl in the Sunny Place (2013) ****************************** 2011 ခုနှစ် ဆယ်ကျော်သက်ဂျပန်နှုတ်ခမ်းနီမလေးတွေကြားမှာ နံပါတ်တစ်ချိတ်ခဲ့တဲ့ နာမည်ကြီးဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ အရမ်းကောင်းတဲ့ ဂျပန်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Cast‌ တွေကလည်း 2013 ခုနှစ်မှာပဲ ဒီဇာတ်ကားနဲ့ best couple awardရထားတဲ့အထိ chemistry မိထားတဲ့ ဇာတ်လမ်းလေး ဖြစ်တဲ့အပြင် မင်းသားရော မင်းသမီးရော နာမည်ကြီးတွေဆိုတော့ ရှုစားသင့်တဲ့ ရုပ်ရှင်ကောင်းလေးတစ်ကားပါပဲ။ မာအိုနဲ့ခိုဆုခဲတို့နှစ်ယောက်က ဆယ်ကျော်သက် အထက်တန်းကျောင်းသားအရွယ်က ငယ်ချစ်ဦးတွေပေါ့။ ဒါပေမဲ့ အချစ်ဦးဆိုတာ အဆင်မပြေကြဘူးဆိုတဲ့အတိုင်းပဲ ခိုဆုခဲတစ်ယောက် ကျောင်းပြောင်းသွားချိန်မှာတော့ သူတို့နှစ်ယောက် လမ်းခွဲရင်း အချစ်ဇာတ်လမ်းလေးလည်း တစ်ခန်းရပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်နှစ်အကြာမှာ အလုပ်မှာ မာအိုနဲ့ပြန်ဆုံချိန်မှာတော့..တစ်ချိန်က ကျောင်းရဲ့ အပယ်ခံမာအိုဟာ အခုချိန်မှာတော့ သိပ်ကိုလှတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ အချစ်ဦးဆိုတာ နှစ်ပေါင်း 100 ထိ မမေ့နိုင်ဆိုတဲ့အတိုင်းပဲ ခံစားချက်တွေလည်း လတ်ဆတ်နေဆဲမို့လို့ ဆယ်စုနှစ်အကြာမှာ အချစ်တွေကိုပြန်လည်အသက်သွင်းရင်း လက်ထပ်ကြဖို့ပြင်ဆင်ချိန်မှာ မာအိုရဲ့လျှို့ဝှက်ချက်ကြီးတစ်ခုကို ခိုဆုခဲတစ်ယောက် သိလိုက်ရချိန်မှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.88GB / 909MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 09m Genre ….. Romance, Fantasy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ Encoded by AHtet

Action
6.7 2013 128 mins
Girl in the Sunny Place
Big Fish
8

IMDb Rating (8.0) / Rotten Tomatoes (76%) Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေ ဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်… ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း…. အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ အဖေ့ဘဝမှာ နေပူကြဲတဲ ညနက်သန်းခေါင် နရသိန်နှုတ်ခမ်းဝ အမှောင်မိုက်ဆုံးနဲ့ အပူပြင်းဆုံးနေ့ရက်များစွာ ရှိခဲ့ဖူးတာကို ငါကောင်းကောင်းသိပါတယ်။ အဖြူရောင်မဖြစ်တဖြစ် ပန်းချီကားတစ်ချပ်လိုကာလတုန်းကတော့ ငါရေးတေးတေးပဲ သိခဲ့တယ်။ ငါ့ပန်းချီကားမှာ အရောင်တွေစုံလာမှ သူကြုံခဲ့ရတဲ့အရောင်တွေကို ငါပြန်နားလည်လာနိုင်ခြင်းတွေပေါ့။ ဒါပေမဲ့ ငါ့အဖေက အတ်ဒဝတ်ဘလွန်းမဟုတ်ခဲ့ဘူး။ ပုံပြောကောင်းတဲ့ အဘိုးကြီးမဟုတ်တဲ့ သာမန်အဘိုးကြီးတစ်ယောက်ပဲဖြစ်ခဲ့တယ်။ အော်စကာဝိုင်းပြောသလို အမှန်တရားဆိုတဲ့စကားလုံးမှာ သန့်ရှင်းတယ်ဆိုတာရှားပြီး ရိုးရှင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာလို့ဆို ငါတို့ရဲ့များသောအားဖြင့် တင်စားချက်တွေမှာ အမှန်တရားဟာ ဖုံးကွယ်ထားတဲ့အရာတစ်ခုနောက်က တကယ့်အဖြစ်မှန်ကို ရည်ညွှန်းနေတတ်တာများတယ်။ အတ်ဒဝတ်ဘလွန်းဟာ ခါးသီးတဲ့အဖြစ်မှန်တွေကို လှပတဲ့ပုံပြင်တွေအဖြစ်ပြောင်းလဲပစ်ပြီး သူ့သားကို ရက်စက်တဲ့အမှန်တရားတွေလက်ကနေ ကာကွယ်ခဲ့တယ်။ ငါ့အဖေကတော့ ငါ့ကိုမပြောပြတဲ့ နည်းနဲ့ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါရေးရေးသိခဲ့ပါတယ်။ အတ်ဒဝတ်ဘလွန်းရဲ့ ကာကွယ်နည်းက ပိုထိရောက်တာအမှန်ပေမဲ့ ငါ့အဖေဟာ သူစွမ်းသလောက်တော့ ငါ့ကိုကာကွယ်ပေးခဲ့တယ်။ သုခမိန်လှိုင်ရဲ့ဓားလို ကာကွယ်ပေးခဲ့တယ်။ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကိုခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိ ဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေ ဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကို အနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှ ဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့ Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့ အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။ လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကို အားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့ အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကို ငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8 2003 125 mins
Big Fish