YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My ID is Gangnam Beauty(2018) EP9 WEB-DL 1080P[CM].mp4

1.25 GB N/A video/mp4 93 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+] Cruel Intentions 2
4.9

ဆယ်ကျော်သက်ဘဝဆိုတာ စမ်းသပ်ချင် လေ့လာချင်စိတ်နဲ့ ဇီဝဗေဒတွေ ပိုးထကြွတဲ့အရွယ်ပေါ့။ ဆယ်ကျော်သက်အိပ်မက်တွေ ပြာရီလွှမ်းတဲ့ အဖြစ်မျိုးတွေ အားလုံး ကင်းကြမှာမဟုတ်ဘူး။ အပြစ်တော့လည်း မဟုတ်ပါဘူးလေ။ လူရယ်လို့ဖြစ်လာပြီးမှ ကိုယ့်ကို ဘယ်လိုဇီဝဗေဒနဲ့ ဖန်ဆင်းထားသလဲ မသိတာကမှ အ,လွန်းတာမို့လား။ ဒီရုပ်ရှင်မှာတော့ လူဖန်တီးနိုင်တဲ့ ဇီဝဗေဒပညာကို လေ့လာကြတဲ့ ကျောင်းသား ကျောင်းသူလေးတွေရဲ့ အကြောင်းကို ရိုက်ပြထားပါတယ်။ Sarah Thompson တို့ Teresa Hill တို့လို တစ်ခေတ်တစ်ခါက အလှလေးတွေ ပါဝင်အားဖြည့်ထားတဲ့ Cruel Intention 2 ပါ။ ပထမကားကြည့်ဖူးရင်တော့ ဘယ်လိုကားလဲသိပါလိမ့်မယ်။ အဓိကမင်းသမီးလို့ပြောလို့ရတဲ့ Amy Adams ရဲ့ ခပ်ကြမ်းကြမ်း အခန်းတွေလည်း မနည်းပါဝင်တာမို့ မိသားစုနဲ့ မကြည့်သင့်ပါဘူး။ ငမွှေကောင် ဆီဘတ်ရှန်ဟာ ဆိုးလွန်းပေလွန်းလို့ ကျောင်းပြောင်းပေးခံလိုက်ရပြီး သူ့အဖေနဲ့ မိထွေးနဲ့ အတူ အိမ်ကြီးရခိုင်နဲ့ သူဌေးသား ဘဝပြောင်းသွားပါတယ်။ သူ့မိထွေးရဲ့သမီး Amy Adams ရဲ့ ကာရိုက်တာ ကတ်သရင်းနဲ့အတူ ကျောင်းတက်ရင်း ကျောင်းမှာ အပျိုမရှိအောင် ကြံဆောင်နေတဲ့ ကတ်သရင်းရဲ့ စနက်မှာ ဝင်ပါမိပြီး ပါကင်တကာဖောက်တဲ့ကောင်ဘဝပြောင်းသွားတာကို ကြည့်ရမယ့် ဆက်စီအချစ်ဟာသကားလေးပါပဲ။ ပထမကားနဲ့ နာမည်တူ အကြောင်းအရာတူပေမဲ့ မင်းသား မင်းသမီးတွေတော့ မတူတော့ပါဘူး။ Amy Adams ကို တစ်ဝကြီးကြည့်ရမှာမို့ ပိုတန်တယ်လို့တောင်ပြောလို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 890MB Quality - 1080p, 720p Format - mp4 Duration - 1H 27Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy • Fantasy • Horror • Thriller
4.9 2001 87 mins
[18+] Cruel Intentions 2
Pothanur Thabal Nilayam
6.5

ဒီတစ်ခါမှာတော့ အကတွေ အိုဗာတင်းတွေမပါတဲ့ စိတ်ဝင်စားစရာ ၂၀၂၂ ခုနှစ်ထွက် တောင်ပိုင်း ကားလေးတစ်ကားနဲ့မိတ်ဆက်ချင်ပါတယ် ဇာတ်လမ်းအစအဆုံး ရိုးသားမှုနဲ့ မရိုးသားမှု အားပြိုင်တဲ့ဇာတ်ကွက်လေးတွေရဲ့ရိုက်ထားတာမို့ ကြည့်ပျော်တဲ့ရုပ်ရှင်တကားပဲဖြစ်ပါတယ်... ဇာတ်လမ်းအကျဉ်း... ကိုအင်ဘာတိုး ပိုတာနာက စာတိုက်ရုံးရဲ့ ရုံးအုပ်ကြီး ဗန်ကတ်ဟာ ရိုးသားပြီးစည်းကမ်းကြီးတဲ့ သူတစ်ယောက်ပါ။ သူ့ရဲ့သားဟာ စွန့်ဦးတည်ထွင်သူအဖြစ် ကွန်ပျူတာဆော့ဝဲလ် လုပ်ငန်းကို အိန္ဒိယမှာလုပ်ချင်နေသူပါ။ အဲ့ဒီအတွက်ဘဏ်ချေးငွေ လျှောက်ဖို့ပြင်ဆင်နေတဲ့သူပါ.. ရိုးသားလှတဲ့ ဗန်ကတ်နဲ့ သူ့ရဲ့သားတို့ ဘ၀လမ်းကို အေးဆေးစွာဖြတ်သန်းရင်း ဘ၀က သူတို့ထင်သလို မလွယ်ပဲ စာတိုက်ကငွေတွေ ပျောက်သွားပြီး နှစ်ရက်အတွင်းပြန်ထားရမယ့်အချိန်မှာတော့... သူတို့ပဲ ငွေတွေပြန်ကိုရှာလို့တွေ့မလား... ငွေတွေကိုဘယ်သူခိုးတာလဲ နှစ်ရက်အတွင်းပြန်ထားနိုင်မလားဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ လိုက်ပါစီးမျောလိုက်ပါ... အိုဗာအိုက်တင်မပါ အကမပါပဲ စုံထောက်ဆန်ဆန်ဇာတ်လမ်းကြိုက်သူတွေ အကြိုက်တွေ့မယ့်ဇာတ်ကားတစ်ကားဖြစ်ပါတယ်... အညွန်းနဲ့ ဘာသာပြန်ကတော့ Lwin Htoo Aung ပဲဖြစ်ပါတယ် File size…1.6GB / 800MB Quality…1080p WEB DLAAC5.1Ch / 720p Format…mp4 Duration….2h 6mins Subtitle….Myanmar Subt Encoder….YK Translated by Lwin Htoo Aung

Comedy • Drama
6.5 2022 126 mins
Pothanur Thabal Nilayam
Robinson Crusoe
5.8

ဝတ္ထုတစ်ပုဒ်က စာဖတ်သူတွေ နှစ်ထောင်းအားရ ကြိုက်နှစ်သက်ကြလို့ နာမည်ကျော်လာတာမဟုတ်ဘဲ ဝေဖန်ရေးဆရာတွေ ပျစ်ပျစ်နှစ်နှစ်ဝေဖန်ခံရပြီး လူသိများလာတာမျိုး၊ အချိန်ကာလကို ကြံ့ကြံ့ခံလို့ ကြာရှည်ထင်ပေါ်နေတာမျိုး လူတို့လောကမှာ ကြုံရဆုံရ ခဏခဏပေါ့ဗျာ။ စိုင်ကော်လို့ ခြုံပေါ်ရောက်ပေမဲ့ ဆူးခြုံဖြစ်နေတာမျိုး၊ အကျနာတာမျိုးဆိုတော့လည်း စပ်ဖျင်းဖျင်းတော့ နိုင်သပေါ့လေ။ ဒယ်နီယယ် ဒီဖိုး ရဲ့ လူသိများလှတဲ့စာအုပ်၊ ရော်ဘင်ဆင် ကရူးဆိုး ရယ်လို့ လူတကာနီးပါးသိတဲ့ ဇာတ်ကောင်၊ ကိုသောကြာခေါ် ဖရိုက်ဒေး ဆိုတဲ့ အရိုင်းအစိုင်း လူမည်းအမျိုးသား၊ ဒါတွေကို လူကြီးမင်းတို့လည်း ဘဝတကွေ့မှာ ဖျတ်ခနဲ ကြုံရင် ကြုံဖူးမှာပေါ့။ ဝေဖန်ရေးဆရာတွေက ဇာတ်ကွက်မပြည့်စုံမှု၊ စိတ်ကူးယဉ်ဆန်မှု၊ အပျော်သဘော စားပွဲပေါ်က စိတ်ကူးမိသမျှ စာရွက်ပေါ်ချရေးထားပါတယ်လို့ အပစ်ရဆုံးတိုင် အကဲဖြတ်ခံရချိန်မှာ တဖက်မှာလည်း ကြိုက်နှစ်သက်လို့ ကာကွယ်ပြောဆိုကြရင်း တစ်ခေတ်မှာ တစ်ပွဲတော့ ပွဲကောင်းကြုံခဲ့ရတာပဲ။ ဒီကြားထဲ ဒီဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ မျိုးစုံ fail ပြခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ရပြန်ရော။ ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီးရက်စ် ဘရိုစ်နမ် ကိုယ်တိုင်တောင် သောက်သုံးမကျပါဘူးဆိုပြီး အဆော်ခံရတဲ့အထဲပါခဲ့တဲ့ ဇာတ်ကားပါပဲ။ IMDb 6.0 ပဲရပါတယ်။ ဝတ္ထုရှည်ကြီးကို ရုပ်ရှင်အဖြစ်‌ပြောင်းတော့ ဇာတ်ကွက်တွေ မြန်လွန်းလို့ မပီမပြင်ဖြစ်ရတာ၊ ထိုးထွင်းတီထွင်မှုမရှိဘဲ အဖြောင့်ဆန်ဆန် ပုံဖော်ထားတာ၊ ခေါင်းဆောင်မင်းသားက ဇာတ်ရုပ်နဲ့မလိုက်တာ၊ သင်္ဘောနစ်ခန်း၊ မုန်တိုင်းခန်းတွေ ကပျစ်ကညစ်နိုင်တာတွေကြောင့် လူကြိုက်မများခဲ့တာပါ။ ဒီလို အဆိုးတွေချည်း ရွေးပြောမိတာကတော့ လူကြီးမင်းကို ဒီဇာတ်ကား ကြည့်စေချင်လို့ပါ။ ဟုတ်ပါတယ်။ ကြည့်စေချင်ပါတယ်။ ဝတ္ထုကြီးက သမိုင်းအဆက်ဆက် လူသိများတာမလို့ တစ်ခါတော့ မြည်းစမ်းစေချင်ပါတယ်။ စာအုပ်ဖတ်ဖို့အဆင်မပြေရင် အခုလို ဇာတ်ကားလေးထိုင်ကြည့်ပြီး ဝတ္ထုဖတ်ရသလောက် ရသ ရနိုင်လို့ပါ။ တင်ဆက်ပုံကိုမကြည့်ပဲ တင်ဆက်တဲ့အကြောင်းအရာကို ကြည့်စေချင်ပါတယ်။ တွန် ဟမ့်ခ် ရဲ့ Cast Away နဲ့တော့ မနှိုင်းနဲ့ပေါ့ဗျာ။ ဘာသာပြန်ရာမှာ အဲဒီခေတ်အသုံးအနှုန်းများနဲ့ စကားပြောဟန်များကို ခပ်ပါးပါးကျောရိုးမှီထားပါတယ်။ အရမ်းများရင်လည်း ဖတ်လို့ မကောင်းမှာ စိုးပါတယ်။ ဇာတ်လမ်းကတော့ စစ်ထွက်အမျိုးသားကြီး ရော်ဘင်ဆင် မှာ လက်ထပ်ဖို့ရည်ရွယ်ထားတဲ့ ချစ်သူရှိပါတယ်။ ဒါပေမဲ့ အချစ်ဆုံးမိတ်ဆွေကပဲ ဓနအင်အားကိုခိုပြီး ချစ်သူကို အပိုင်ကြံလို့ နှစ်ယောက်တည်း စီးချင်းထိုး၊ တဖက်လူသေသွား‌တဲ့အခါ သူ့မိသားစုတွေ လက်စားချေတဲ့ရန်ကိုရှောင်ရင်း နိုင်ငံရပ်ခြား သင်္ဘောတစ်စင်းပေါ် ရောက်လာရတာပေါ့။ ပင်လယ်ပြင်မှာ သင်္ဘောမှောက်တော့ မေခလာ မကယ်ဘဲ သူတစ်ယောက်တည်း "သေသူတို့ရဲ့ကျွန်း" မှာ သောင်တင်လို့ အိမ်ပြန်လမ်းဝေး‌ရပါတော့တယ်။ အဲဒီကျွန်းဟာ လူရိုင်းတွေရဲ့ ယစ်ပူဇော်ရာ ကျွန်းတစ်ခုပါ။ ယစ်ကောင်အဖြစ် အရွေးချယ်ခံရသူတွေထဲက လူရိုင်းတစ်ယောက်ကို ကယ်တင်လိုက်နိုင်တော့ မိတ်ဆွေရင်းချာဖြစ်လို့ လူမရှိတဲ့ကျွန်းမှာ နှစ်ယောက်တစ်ကမ္ဘာတည်ရတာပေါ့လေ။ ဒါပေမဲ့ ယစ်ပူဇော်တတ်တဲ့ လူရိုင်းတွေ အုပ်စုလိုက် ကျွန်းပေါ်ပြန်လာပြီး သူတို့နှစ်ယောက်ကို အမဲပြန်လိုက်ကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ။ ချစ်သူကို ပြန်လာခဲ့ပါ့မယ် ကတိပေးခဲ့တဲ့ ရော်ဘင်ဆင် ကရော အိမ်ပြန်နိုင်ပါ့မလား။ သူ့ရဲ့ လူရိုင်းမိတ်ဆွေ ဖရိုက်ဒေး ကရော သူ့အပေါ်မှာ ဘယ်လောက်ထိ ချစ်ခင်ရင်းနီးပြီး ရော်ဘင်ရဲ့ အိမ်ပြန်ခရီးမှာ ဘာကိုလက်ဆောင်ပေးလိုက်မလဲ ဆိုတာတွေကို ဟောဒီဇာတ်ကားကြည့်ပြီး ခံစားလိုက်ရအောင်လားဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.03GB Quality - 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy • Drama
5.8 1997 92 mins
Robinson Crusoe
Bloody Summer Camp
5.2

1986 ခုနှစ်ဝန်းကျင်၊ Trustfall ဆိုတဲ့နွေအပန်းဖြေစခန်းတစ်ခုမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုပါတော့။ အပန်းဖြေစခန်းပိုင်ရှင်တွေနဲ့ဝန်ထမ်းတွေက အသစ်ရောက်လာမယ့်နွေရာသီအတွက် ပြင်ကြဆင်ကြ လူအသစ်ခန့်ကြပေါ့။ လူအသစ်လေးတွေနဲ့စခန်းအတွက်ပြင်ကြဆင်ကြရင်း ကံဆိုးမိုးမှောင်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဝန်ထမ်းတွေတစ်ယောက်ပြီးတစ်ယောက်ပျောက်နေတဲ့ကိစ္စပါပဲ။ ဟိုးအရင်အပန်းဖြေစခန်းရဲ့ကြောက်စရာဒဏ္ဍာရီဇာတ်လမ်းနဲ့ ဒီဝန်ထမ်းတွေပျောက်နေတဲ့ကိစ္စက ပတ်သက်မှုများရှိနေမလား။ လူတွေပျောက်နေတဲ့ကိစ္စကဘယ်လိုအဖြေပေါ်လာမှာလဲ။ အဖြေကရောရှာလို့တွေ့နိုင်ပါ့မလား စတာတွေကိုကြည့်ရမယ့် Horror ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ် ။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__02:02:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Encoded by Naing Aung Latt

Drama • Mystery
5.2 2022 125 mins
Bloody Summer Camp
The Gates
5

Genre – Horror, Thriller IMDB – 5.0/10 လန်ဒန်မြို့ကြီးမှာ အမျိုးသမီးတွေချည်း အောက်လမ်းလိုလို ပညာသည်လိုလိုနဲ့ ၂၈ ယောက်လောက် သတ်ခဲ့တဲ့ အတွဲလိုက်လူသတ်သမားကို နောက်ဆုံးတစ်ယောက် သတ်နေတဲ့အချိန် ဖမ်းမိခဲ့တာပါ။ ဒီလို ပြစ်မှုကြီးမားတဲ့အတွက် သေဒဏ်ကျခံရမှာပဲ ဖြစ်ပါတယ် ဒါပေမဲ့ သူ့ကို မကွပ်မျက်ခင်မှာ လူသတ်သမားဟာ အကျဉ်းထောင်ထဲမှာ ထူးဆန်းတဲ့သင်္ကေတတွေ ပုံတွေဆွဲပြီး ဂါထာလိုလို ဘာလိုလိုတွေရွတ်ပြီး သေဒဏ်ကျခံသွားရော။ သူ သေပြီးတဲ့နောက်မှာ ဒီအကျဉ်းထောင်ကြီးထဲ ညညဆို အကျဉ်းသားတွေ စိတ္တဇတွေဖြစ်ပြီး သေဒဏ်ကျခံရမှာကိုတောင် ကိုယ့်ကိုကိုယ် အဆုံးစီရင်တာတွေ ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန် တစ်ဖက်မှာ လူသေအလောင်း ဓာတ်ပုံရိုက်ပြီး တစ်ဖက်က တမလွန်ဆိုတာကို စက်နဲ့တည်ရှိကြောင်း သက်သေပြချင်တဲ့ တူဝရီးနှစ်ယောက်ကလည်း သေဒဏ်ပေးရသူကို ရိုက်ပေးဖို့ ထောင်ထဲကို ရောက်လာချိန် ထူးခြားမှုတွေ ဖြစ်နေလို့ လာရောက်ဖြေရှင်းတဲ့ ပရလောက ကျွမ်းကျင်သူနဲ့တွေ့ပြီး ဒီလူ တိုက်ခဲ့တဲ့ကျိန်စာတွေ အသက်ဝင်လာပြီး ထကြွသောင်းကျန်းတဲ့အခါ ဒီအကျဉ်းထောင်ထဲမှာ အသက်ရှင်သန်နိုင်ဖို့ ၃ ယောက် ပေါင်းပြီး အတူတကွ ကြိုးပမ်းရပါတော့တယ်။ ခေါင်းဆောင်မင်းသားကြီး နေရာကိုတော့ Lord of the Ring ထဲက Dwarf ဂျပုလေး Gimli နေရာက ဝေလမင်းသားကြီး John Rhys-Davies က သရုပ်ဆောင်ပေးထားပါတယ်။ File size…1.29GB / 416MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

5 2023 111 mins
The Gates
Tango & Cash
6.4

Tango & Cash (1989) ၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။ လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ၂ ယောက်က လော့စ်အိန်ဂျလိစ်မှာ ရှိနေတော့ ရာဇဝတ်ဂိုဏ်းတွေအနေနဲ့ အခက်ကြုံပါပြီ။ ဒါကြောင့် သူတို့ ၂ ယောက်ကို ရှင်းပစ်ဖို့ကြံပါတော့တယ်။ သူတို့ကိုရှင်းပစ်ချင်တာကတော့ ပရက်လို့ ခေါ်တဲ့ လက်နက် နဲ့ မူးယစ်ဆေးရာဇာကြီးပါ။ အဲဒါနဲ့ တစ်နေ့မှာ သူတို့ ၂ ယောက်လုံးဆီ သတင်းအမှားတစ်ခုကို ပေးပြီး ထောင်ချောက်ဆင်ချလိုက်ပါတယ်။ အဲဒါနဲ့ တန်ဂိုနဲ့ ကက်ရှ်တို့ နာမည်လည်းပျက်တဲ့အပြင် ထောင်ပါကျသွားတာပေါ့လေ။ အဲဒီကနေ သူတို့ ၂ ယောက် နာမည်ဘယ်လိုပြန်အဖတ်ဆယ်မလဲ… မူးယစ်ဂိုဏ်းကို ဘယ်လိုပြန်လိုက်မလဲ… ဆိုတာကို အက်ရှင်ခန်းကောင်းကောင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ စတန့်ခန်း အတော်များများကို မင်းသားတွေကိုယ်တိုင် သရုပ်ဆောင်ခဲ့ပါတယ်။ အက်ရှင်ခန်းတွေ မပီပြင်မှာစိုးလို့ပါတဲ့လေ။ အဲဒါကြောင့် Stallone ကလည်း နံရိုးတစ်ချောင်းကျိုးခဲ့ပေမဲ့ ပြီးတဲ့အထိတော့ ရိုက်ကူးခဲ့ပါတယ်။ သူတို့ ၂ ယောက်ရဲ့ ရိုက်ကွင်းပြင်ပ ရင်းနှီးမှုကတော့ ရုပ်ရှင်ထဲအထိပါ ရောင်ပြန်ဟပ်နေသလိုပါပဲ။ စရိုက်ချင်းမတူပေမဲ့ အစပ်အဟပ်တည့်နေတာမျိုးပေါ့။ ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ် မမ Teri Hatcher လည်း ပါပါသေးတယ်။ ဒါရိုက်တာကလည်း ဟာသတွေကို ပေါပေါပဲပဲဖြစ်အောင်မသုံးထားဘဲ အံဝင်အောင်သုံးထားတဲ့အပြင် ရိုက်ကူးတဲ့နေရာမှာလည်း အက်ရှင်ခန်းတွေကို ရှုထောင့်ကောင်းကောင်းကနေ ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရုံတင်ခဲ့တုန်းက ဝေဖန်ရေးဆရာတွေဟာ ဇာတ်လမ်းကတော့ အော်စကာရဖို့အထိမဖြစ်နိုင်ပေမဲ့ အက်ရှင်ခန်းတွေ ကောင်းကြောင်း နဲ့ ဇာတ်ဆောင်၂ ယောက်ကြားက အတွဲညီမှုကို အထူးတလှယ်ချီးကျူးခဲ့ပါတယ်။ ဒီဇာတ်ကားဟာ 1989 ခုနှစ်ရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ခဲ့ပြီး Sylvester Stallone နဲ့ Kurt Russell တို့ကို အက်ရှင်ထိပ်သီးတွေနေရာမှာ ပိုတည်မြဲစေခဲ့ပါတယ်။ ဇာတ်လမ်းက မြုပ်ကွက်အများကြီးနဲ့ စုံထောက်ကားလိုမဟုတ်ပေမဲ့ ကိုယ်ကြိုက်ရတဲ့ အက်ရှင်မင်းသားတွေနဲ့ အက်ရှင်ခန်းကောင်းကောင်းတွေကို နှစ်သက်တယ်ဆိုရင်တော့ မြည်းစမ်းကြည့်သင့်တဲ့ ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 998MB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 1H 44Min Genre – Action, Comedy, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

6.4 1989 104 mins
Tango & Cash
The Puppetman
5.3

The Puppetman (2023) ================= Horror ဇာတ်လမ်းလို့ပြောရမယ့် ဒီအောက်တိုဘာမှာ အသစ်ထွက် ရှိလာတဲ့ Horror ရုပ်ရှင်တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကြည့် လည်းကြည့်ချင်တယ် သိပ်ကြီးလည်းမကြောက်ချင်ဘူးဆိုရင် ဒီကားကို ကြည့်ပါနော်။ ‌ကြမ်းလှတယ်မဟုတ်ပေမဲ့ တစိမ့်စိမ့်နဲ့ကြောက်ရပြီးအ တော်လေးစိတ်၀င်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ မိုက်ကယ်ဆိုတဲ့ ကျောင်းသူလေးဟာ အတိတ် ဆိုးရဲ့အရိပ်က မလွတ်မြောက်နိုင်သူပါ။ သူ့ဖခင်ဟာ သူ့မိခင်ကိုသတ်တဲ့ လူသတ်သမားအဖြစ် ထောင်နန်းစံနေရပြီး သူကတော့ ငယ်ငယ်လေးနဲ့ မိဝေးဖဝေးဖြစ်ခဲ့ရသူပေါ့။ အရပ်စကားတွေအရ ဖခင်ဟာ တစ်စုံတစ်ရာရဲ့ စိတ်ထိန်းချုပ်ခိုင်းစေမှုကြောင့် လူသတ်မှုဖြစ်ခဲ့ရတယ်လိုလည်း ဆိုကြပါတယ်။ အပျိုအရွယ်‌လေးရောက်လာတဲ့ မိုက်ကယ်ဟာ တစ်ဖက်မှာ အတိတ်ဆိုးကို ရင်ဆိုင်ရင်း တစ်ဖက်မှာလည်း လူငယ်ပီပီ အပေါင်းအသင်းတွေနဲ့ပျော်နေခဲ့ ပါတယ်။ တစ်နေ့မှာတော့ အတိတ်ဆိုးကြီးက ပြန်အသက်၀င်လာပြီး သူချစ် တဲ့သူတွေအန္တရာယ်ဖြစ်စေလာတဲ့အခါ၊ သူကိုယ်တိုင်က အန္တရာယ်တစ်ခုမှန်း သိလာရတဲ့အခါ… သူဘယ်လိုရုန်းထွက်မလဲ၊ အတိတ်ရဲ့အရိပ်ဆိုးကြီးက လွတ်မြောက်နိုင်ပါ့မလား။ စိတ်ကိုထိန်းချုပ်ခိုင်းစေတတ်တဲ့ Puppetman ‌ခေါ် မကောင်းဆိုးဝါးနဲ့ လူငယ်တစ်စုရဲ့ အားပြိုင်ရင်ဆိုင်ပွဲမှာ ဘယ်သူကအနိုင်ရမလဲ ဆိုတာကို သိုလောသိုလော အဖြေရှာရင်း ဆက်ဆက် ကြည့်ရူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.0 GB) / (407 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….C’mon Encoder……….SWM

Drama
5.3 2023
The Puppetman
Valhalla Rising

Doctor Strange ဇာတ်ကားထဲက Ancient One ကို Kill ခဲ့တဲ့ ဗီလိန်မင်းသားကြီး Mads Mikkelsen အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ Drama/Adventure ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ် ဘာသာရေးစစ်ပွဲတွေဖြစ်နေတဲ့ကာလတစ်ခုကို အခြေခံရိုက်ကူးထားပြီး ခရစ်ယန် ဘာသာရေးအထူးစစ်သားအဖွဲ့တစ်ဖွဲ့ဟာ ဂျေရုစလင် ကိုပြန်လည်သိမ်းပိုက်ဖို့အတွက် ချီတက်ရင်း မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုနဲ့ကြုံခဲ့ရပြီး ကျွန်းတစ်ကျွန်းကို ရောက်သွားရာကနေ မမျှော်လင့်ထားတဲ့ အဖြစ်ဆိုးတွေအမျိုးမျိုးနဲ့ကြုံတွေရတဲ့အကြောင်းကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာပါ ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(903 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Adventure, Drama, Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2009
Valhalla Rising
AIMEE: The Visitor

Keyes ဟာ သူငယ်ချင်း နှစ်ယောက်နဲ့အတူ အခြားသူတွေ ဖန်တီးထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ခိုးပြီး ပြန်ရောင်းနေတဲ့ ဟက်ကာ တစ်ယောက်ဖြစ်ကာ ညစ်ညမ်းကားတွေကြည့်၊ အပြင်စာတွေ စားသောက်၊ အိမ်တွင်းပုန်းကာ ဘဝကို အချိန်ဖြုန်းနေသူ တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့မိတ်ဆွေ နှစ်ဦးထံမှ ဆော့ဖ်ဝဲတစ်ခုကို ရရှိခဲ့ပါတယ်။ ထိုဆော့ဖ်ဝဲဟာ AIMEE လို့ အမည်ရတဲ့ AI ပရိုဂရမ် တစ်ခုဖြစ်ကာ ခိုးရာပါ ပစ္စည်းဖြစ်တဲ့အတွက် မူရင်းဖန်တီးသူကိုတော့ မသိရပါဘူး။ ထို AIMEE ဟာ သူ့ကို activate လုပ်လိုက်တဲ့သူကို ပိုင်ရှင်အဖြစ် သတ်မှတ်ကာ အရာရာကို ခဏချင်းအတွင်း စကန်ဖတ်ကာ လေ့လာနိုင်စွမ်းမြင့်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သူဟာ ပိုင်ရှင်နဲ့ ပတ်သက်တဲ့ အရာတွေ၊ မိတ်ဆွေတွေသာမကပဲ ခံစားချက်တွေကိုပါ ဖတ်နိုင်သူ ဖြစ်ပြီး ကူညီပေးနေတဲ့အတွက် ပိုင်ရှင်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပိုပြီး လွယ်ကူ လျှင်မြန်အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် အိမ်တွင်းပုန်းဖြစ်တဲ့ Keyes အတွက်တော့ ပြီးပြည့်စုံမှု တစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ AIMEE က လေ့လာနိုင်တာလဲ၊ လူသားတစ်ယောက်ထက် သာလွန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ AI ပရိုဂရမ်တစ်ခုလား။ ဒီဇာတ်ကားဟာကြောက်စရာ ကောင်းလောက်အောင် တိုးတတ်မြင့်မားလှတဲ့ နည်းပညာအကြောင်းကို သည်းထိတ်ရင်ဖို ခံစားချက်တွေ ခံစားရရှိနိုင်စေမဲ့ ရုပ်ရှင်ကား တစ်ကားပဲ ဖြစ်ပါတယ်။ File size…(983 MB)/(474 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:09:00 Genre…Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio LA

Science Fiction • Drama
0 2023
AIMEE: The Visitor
100 Streets
5.8

မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာ ကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်း ဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်း တဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။ တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကို ပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရော နှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေး ပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီ ဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က‌‌ အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်း အဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန် ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့‌ရော သားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခု ကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊ သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊ နောက်တစ်‌ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကို စိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာက ဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်‌ေလ၊ တစ်ခါထောင်ကျဖူးတဲ့ အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက် ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေ အကုန်လုံး ဒီပြဿနာဆီကနေဘယ်လို‌ဖြေရှင်းပြီးရုန်းထွက် နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.8 2016 93 mins
100 Streets
Pixels
5.6

Pixels (2015) ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က ထွက်ရှိခဲ့တဲ့ Video Game တွေကို ပြန်လည်အမှတ်ရစေမိတဲ့ ဇာတ်ကားလေးတခုဆိုလည်း မမှားပါဘူး ၊ ၁၉၈၀ ခုနှစ်ဝန်းကျင်က လူသားတွေရဲ့ Pixels Game တွေကို အခြေခံပြီး ဂြိုလ်သားတွေဟာ ကမ္ဘာမြေအပေါ် ကျုးကျော်လာပါတယ် ၊ သာမန်လက်နက်တွေသာ ကိုင်ဆောင်ထားတဲ့ အမေရိကန် စစ်တပ်ဟာ ဂြိုလ်သားတွေကို မနိုင်တော့တဲ့အချိန်မှာ ၁၉၈၀ ခုနှစ်က ဂိမ်းဆော့ရာမှာ အရမ်းကျွမ်းတဲ့ မင်းသားကြီး Adam Sandler ကို သူငယ်ချင်းဖြစ်သူ အမေရိကန် သမ္မတက ကူညီဖို့ ခေါ်ပါတော့တယ် ၊ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်ရှုရမယ့် ဟာသ အက်ရှင် ဇာတ်မြူးလေးဖြစ်ပြီး ငယ်ငယ်က ဂိမ်းဇာတ်ကောင်တွေကို တဖန်ပြန်လည်ကြည့်ရှုရတဲ့အတွက် သဘောကျစရာရုပ်ရှင်ကားလေးပါပဲ။ Review Crd

5.6 2015
Pixels
Scandal Makers
7.2

Scandal Makers (2008) ************************ ဘဝကို ကြိုစားနေထိုင်လာရင်းနဲ့ အနုပညာလောကမှာ လူသိရှင်ကြား အောင်မြင်နေတဲ့အချိန် ရုတ်တရက် အိမ်ရှေ့တံခါးကို ဘယ်တုန်းက မွေးခဲ့လဲတောင် မသိလိုက်တဲ့ ကိုယ့်ရဲ့သမီးအရင်းနဲ့ မြေးတို့ ရောက်လာပြီး လူပျိုလို့ ထင်ခဲ့တဲ့ကိုယ်က ရုတ်တရက် အဘိုးဖြစ်နေတာကို သိလိုက်ရတဲ့အခါ သင်တို့သာဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ??? Park Bo-young , Cha Tae-hyun , Wang Suk-hyun တို့ သုံးယောက် အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး တခြားနိုင်ငံက remake တွေ ပြန်ရိုက်လောက်ရတဲ့အထိ ဆုပေါင်းများစွာကို ဆွတ်ခူး အောင်မြင်ခဲ့တဲ့ 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီးဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း ****************** အသက် သုံးဆယ်အရွယ် လူလတ်ပိုင်း Nam Hyun-Soo(Cha Tae-hyun) ဟာ နာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုရဲ့ အောင်မြင်နေတဲ့ MC တစ်ယောက်ပါ။ သူ့ရဲ့ရေဒီယို အစီအစဉ်ကို အကြောင်းအရာတွေပို့နေကျ တစ်ကိုယ်တော်မိခင်လေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ အဲဒီတစ်ကိုယ်တော်မိခင်လေးကို ရှိလို့ရှိမှန်းတောင် မသိနေတဲ့ သူ့အဖေဖြစ်သူကို သွားတွေ့လိုက်ပါဆိုပြီး အာချောင်ပြီးတဲ့နောက် .. တကယ်တမ်း အဲဒီအဖေက ကိုယ်ဖြစ်နေပြီး အိမ်တံခါးဝအထိပါ သမီးနဲ့မြေးဖြစ်သူတို့ ရောက်ချလာကြတဲ့အခါ… ခြေတစ်ချက်ချော်ရုံနဲ့ အောက်ဆုံးထိ ထိုးကျသွားနိုင်တဲ့ အနုပညာ လောကမှာ ဘယ်တုန်းက မွေးလိုက်ခဲ့မှန်းတောင် မသိခဲ့တဲ့ သားသမီးတစ်ယောက် ရှိနေတယ်ဆိုတာကို ဘယ်လိုဖုံးကွယ်ထားမလဲ?? မေတ္တာအစစ်အမှန်နဲ့ရော ချစ်ပေးနိုင်ပါ့မလားဆိုတာကို ဟာသလေးနှောရင်း ရေထက်သွေးက ပိုပျစ်ကြောင်းကို ဖခင်မေတ္တာနဲ့ ရိုက်ကူးပုံဖော်ထားတဲ့ မိသားစုဇာတ်လမ်းလေးဖြစ်တာကြောင့် ခံစားကြည့်ရှုကြည့်ကြပါဦးနော်… (အညွှန်းကို Yati Naing မှ ရေးသားထားပါတယ်) File size…1.68GB / 650MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Yati Naing Encoded by AHtet

7.2 2008 108 mins
Scandal Makers
Wine Country
5.5

Wine Country (2019) ******************** “ဟဲ့ မသာမကြီး ဟိုကောင်မ” စတဲ့ ခပ်ရိုင်းရိုင်းအသုံးအနှုန်းမျိုးနဲ့ နှုတ်ဆက်ပေမယ့် မျက်နှာတွေကပြုံးချိုနေတဲ့ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေ လူတိုင်းမှာရှိကြတယ်…အထူးသဖြင့် State ကျောင်းသား ကျောင်းသူဘဝက ငယ်သူငယ်ချင်းတွေပေါ့…အရွယ်လေးရောက်လာတော့ လောကကြီးကိုဖြန့်ကျက်ဖို့ရာ ကိုယ်အားသန်ရာနေရာကိုယ်စီကို လျှောက်လမ်းကြရင်း တဖြည်းဖြည်း ကျွန်တော်တို့ငယ်သူငယ်ချင်းတွေဟာ ဝေးကွာမှန်းမသိဝေးကွာကုန်တယ်… ဘဝကိုယ်စီရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကစဉ့်ကလျားမဖြစ်အောင် အံကြိတ်ထမ်းပိုးရင်း ငယ်သူငယ်ချင်းတွေနဲ့ပြန်ဆုံဖို့ အခွင့်အရေးဆိုတာ နောက်ဆုံးမှလုပ်ရမဲ့ အစီအစဉ်ထဲကိုရောက်မှန်းမသိရောက်ကုန်ကြတယ်… ခရီးအတူထွက်ဖို့ ဆိုင်မှာအတူဆုံပြီးစားကြဖို့မျိုးစုံကြိုးစားကြပေမဲ့ ငယ်သူချင်းတွေနဲ့ပြန်ဆုံဖို့ဆိုတာ တိမ်ထဲမှာစာရေးသလိုပါပဲ… ကိုယ့်ဆန္ဒထက်ဦးစားပေးရမဲ့ လက်ရှိဘဝလေပွေလည်းတစ်ချက်တိုက်လိုက်ရုံနဲ့ ကျွန်တော်တို့အစီအစဉ်တွေအကုန်လုံး ပျက်ကုန်ကြတာပဲမဟုတ်လား…ခင်ဗျားတို့အားလုံး ဒီလိုအဖြစ်မျိုးမကြုံဖူးတဲ့သူ ခပ်ရှားရှားပါပဲ… ဇာတ်လမ်းအညွှန်း ————– ဒီကားထဲမှာတော့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေဟာ သူတို့အုပ်စုထဲက သူငယ်ချင်းတစ်ယောက်ရဲ့ အသက် ၅၀ပြည့်မွေးနေ့အတွက် ခရီးစုထွက်ဖို့ကြိုးစားကြတယ်…ကျွန်တော်တို့လိုတော့မဟုတ်ဘူးပေါ့… သူတို့အဖွဲ့ကတော့ တကယ်ကိုဆုံဖြစ်ခဲ့ကြတယ်…ငယ်သူငယ်ချင်းတွေပြန်ဆုံတော့ တကယ့်ကို ပွင့်ပွင့်လင်းလင်း ပြောစရာရှိပြောကြဆိုကြနဲ့ပေါ့…ဒီကားလေးကိုကြည့်ရင်း ရယ်စရာလေးတွေတွေ့ရသလို ပြန်ဆုံကြတဲ့အခိုက်အတန့်မှာ သူတို့သောင်းကျန်းတဲ့ပုံတွေကိုလည်း ဟာသလေးတွေနှောပြီးတွေ့ရလိမ့်မယ်… ခံစားကြည့်လိုက်ပါဦးလို့ပဲ ပြောပါရစေ… File Size : 2.06GB / 997MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:43:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jthekoala Encoded by Heather Oo

Drama • War • TV Movie
5.5 2019 103 mins
Wine Country
Desperate Measures
6.1

Desperate Measures (1998) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ action ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မင်းသားကြီး Michael Keaton နဲ့ Andy Garcia တို့အဓိကသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ ဖရန့်ကော်နာဟာရဲတပ်သားတစ်ဦးဖြစ်ပြီးတော့သူ့ရဲ့သားလေးကသွေးကင်ဆာရောဂါခံစားနေရပါတယ်။ ရိုးတွင်ခြင်ဆီအစားထိုးနိုင်မှအသက်ရှင်သန်ခွင့်ရမှာပါ…ဒီတော့ဖရန့်ကော်နာကရိုးတွင်ခြင်ဆီအစားထိုးဖို့သင့်တော်တဲ့သူကိုလိုက်ရှာရင်းနဲ့ တစ်ယောက်ထဲသောသင့်တော်တဲ့သူကိုတွေ့သွားပါတယ်။ သူကတော့ပီတာမက်ကိပ်ဆိုတဲ့ထောင်သားပဲဖြစ်ပါတယ်။ ပီတာမက်ကိပ်ကလူသတ်မှုနဲ့ထောင်ကျထားတာဖြစ်ပြီးထောင်ထဲမှာပါလူထပ်သတ်လို့သီးသန့်ခွဲထားရသူပါ။ ဒီတော့ဖရန့်ကော်နာရဲ့သားလေးကိုပီတာမက်ကိပ်ကခြင်ဆီလှူဒါန်းပေးမလား…ဘယ်လိုတွေဉာဏ်နီဉာဏ်နက်ထုတ်မလဲဆိုတာဆက်လက်ရှုစားပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ AKM ဖြစ်ပါတယ်။) File size… (3.6 GB) / (1.1 GB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Action, Crime, Drama, Thriller Duration…. 01:41:09 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by AKM

Drama • Comedy
6.1 1998 100 mins
Desperate Measures