YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My.House.2023.1080p.(CM).mp4

1.62 GB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
[18+] Hosto

Hosto (2023) ပက်ထရစ်ဟာ ငယ်ရွယ်စဉ်က ထင်ရာစိုင်းခဲ့တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး အခုချိန်မှာတော့ သားတစ်ယောက်အဖေဘဝနဲ့ ဘဝကိုကြိုးစားတည်ဆောက်နေပါတယ်။ သူ့မှာ ဇနီးအပြင် ချစ်သူအမျိုးသားလည်းရှိပြီးတော့ အဲဒီအမျိုးသားက သူ့အတွက်အစစအရာရာ ပံ့ပိုးဖြည့်ဆည်းပေးနေတဲ့သူပါ။ သူ့အိပ်မက်ကတော့ ဂျပန်မှာစာသင်ရင်းအလုပ်သွားလုပ်ဖို့ဖြစ်ပြီး အဲဒါတွေကလည်း သူ့သားရဲ့အနာဂတ်နဲ့ သူ့မိသားစုအတွက်ပါပဲ။ တကယ်တမ်း သူဂျပန်ကိုရောက်ရှိချိန်မှာတော့ စိတ်ကူးတွေထဲကနဲ့ အစစအရာရာ ကွာခြားနေခဲ့ပြီး လိုအပ်ချက်တွေများလွန်းတဲ့ သူ့မိသားစု၊ အထူးစောင့်ရှောက်မှုလိုအပ်နေတဲ့ သူ့ကလေးအတွက် ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ ကြိုးစားသမျှတွေ အရာမထင်ဖန်များလာတဲ့နောက် သူနဲ့အတူနေမိတ်ဆွေ ရစ်ချတ်ရဲ့မိတ်ဆက်ပေးမှုနဲ့ ဂျပန်နိုင်ငံရဲ့ Nightlife ထဲမှာ Hosto တစ်ယောက်အဖြစ် အချိန်ပိုင်းလုပ်ဖို့ဖြစ်လာပါတော့တယ် (Hosto ဆိုတာအမျိုးသမီးကြီးတွေနဲ့ အတူထိုင်သောက် စကားပြော လိုအပ်ရင်အဆုံးထိလိုက်လျောရတဲ့အမျိုးသားဂေးရှားသဘောမျိုးပါ)။ ဒါပေမဲ့လည်း မိသားစုအတွက် တိုင်းတစ်ပါးမှာ အဆုံးစွန် စွန့်လွှတ်အနစ်နာခံနေမှုတွေကတစ်ဖက်၊ အဲဒီလိုအလုပ်တွေလုပ်နေရတဲ့အတွက် သူ့ဇနီးအပေါ်၊ ချစ်သူအပေါ်၊ သူ့လိပ်ပြာသူမလုံတဲ့ စိတ်တွေနဲ့ရှေ့ဆက်ဖို့ ခက်ခဲလာနေတဲ့ ပက်ထရစ်တစ်ယောက် သူ့အိမ်ရှင်ရဲ့သမီးဖြစ်တဲ့ သီယာဆိုတဲ့မိန်းကလေးက သူ့ကိုကယ်တင်တဲ့အနေနဲ့ သူနဲ့ဟန်ဆောင်လက်ထပ်ဖို့ကမ်းလှမ်းလာတဲ့အခါ... ချစ်သူတွေဝိုင်းနေတဲ့ ပက်ထရစ်တစ်ယောက် သူနဲ့ သူချစ်ရတဲ့သူတွေ မနာကျင်စေဖို့ ဘယ်လမ်းကိုရွေးမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။ ဆက်လက်ရှုစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p Format - mp4 Duration - 1H 35Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Drama • Family
0 2023 93 mins
[18+] Hosto
7Aum Arivu
6.6

အခုတစ်ခေါက် ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ ကောင်းနေဆဲဖြစ်ပြီး IMDB 6.5/10 ရရှိထားတဲ့ ရုပ်ရှင်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးပါရစေ... သိုင်းလောကမှာ ထင်ရှားတဲ့ တရုတ်နိုင်ငံရဲ့ သိုင်းပညာအခြေခံကျောင်းတော်ကြီး "ရှောင်လင်ကျောင်းတော်" ဟာ ဘယ်ကနေ အစပျိုးလာတာလဲ ... တရုတ်သိုင်းပညာဟာ တရုတ်နိုင်ငံကနေ အခြေခံတာမဟုတ်ဘဲ တမီးလ်လူမျိုး ဖြစ်ပြီး ဆေးပညာ သိုင်းပညာနဲ့ အိပ်မွေ့ချပညာမှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်တဲ့ ဘို့ဒ်ဒီ ဒါမန် ဆိုသူကနေ ဆင်းသက်လာခဲ့တဲ့ သမိုင်းကြောင်း... သမိုင်းကြောင်းအရ ၆ ရာစု တရုတ်ပြည် ကပ်ရောဂါဘေးဆိုက်နေချိန် ဘို့ဒ်ဒီ ဒါမန်ဟာ အိန္ဒိယနိုင်ငံဆီကို ကပ်ရောဂါ မပျံ့နှံ့လာအောင် တရုတ်ပြည်သို့သွားရောက်ပြီး ကပ်ရောဂါဆိုးကြီးကို ကုသပေးခဲ့တယ်.. ၆ ရာစုမှာ ဘို့ဒ်ဒီ ဒါမန် အိန္ဒိယနိုင်ငံကို မရောက်လာအောင် တားဆီးခဲ့တဲ့ ကပ်ရောဂါကြီးဟာ ယနေ့ခေတ်အိန္ဒိယမှာ အစပျိုးလာတဲ့အချိန်.. ကူးစက်ရောဂါဆိုးကြီးက အလိုအလျောက် ပေါ်လာခြင်းမျိုးမဟုတ်ဘဲ တရုတ်နိုင်ငံရဲ့ အိန္ဒိယအပေါ် တိုက်ခိုက်တဲ့ ဇီ၀လက်နက်တစ်ခုဖြစ်နေတဲ့အခါ ဆပ်ကပ်သမားလေး တစ်ဦး ဖြစ်ပြီး ဘို့ဒ်ဒီ ဒါမန်ရဲ့ မျိုးဆက်လည်းဖြစ်တဲ့ အာဗင်ဆိုသူ နဲ့ မျိုးရိုးဗီဇ အင်ဂျင်နီယာကျောင်းသူလေး ဖြစ်တဲ့ ဆူဘာတို့ ဒီကပ်ရောဂါကြီးကို ဘယ်လိုတားဆီးကာကွယ်သွားကြမလဲ သူတို့ ၂ ဦးကို သတ်ဖြတ်ဖို့ စေလွှတ်လိုက်တဲ့ ရှောင်လင်ကျောင်းတော်က ထိပ်တန်းတပည့် ဒွန်းလီရဲ့ လက်ကနေ လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် File size…4.34GB / 1.99GB Quality…1080p WEB RIP /720p Format…mp4 Duration….2h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe

Drama
6.6 2011 168 mins
7Aum Arivu
Flux Gourmet
5.5

Flux Gourmet (2022) * သွေးထွက်သံယိုဇာတ်ဝင်ခန်းများနှင့် ညစ်ညမ်းပြကွက်များပါဝင်သောကြောင့် အသက်မပြည့်သူများကြည့်ရှုရန်မသင့်ပါ * ~ IMDb - 5.9/10, Rotten Tomatoes - 85% ~ ဒီရုပ်ရှင်ကို ဘာအကြောင်းလဲလို့မေးရင် နည်းနည်းဖြေရခက်မယ်။ အကြောင်းအရာတွေက ရှုထောင့်ပေါင်းစုံကနေ တစ်မျိုးစီပြထားတာကြောင့်ပေါ့။ ဟင်းချက်တာပါတယ်၊ အနုပညာပါတယ်၊ သီချင်းတွေအသံတွေပါတယ်၊ ဟာသတွေပါတယ်၊ စိတ်အနှောက်အယှက်ဖြစ်စရာတွေပါတယ်၊ ဘာညာကွိကွတွေပါတယ်။ မကြည့်ခင်မှာ အရင်ဆုံး သူတို့တည်တဲ့ ဇာတ်လမ်းနဲ့အလုပ်အကိုင်သဘောတွေအရင်ပြောရပါလိမ့်မယ်။ Sonic Catering ကို ဒီရုပ်ရှင်ထဲကအတိုင်းဆိုရင်တော့ မြန်မာလိုအဓိပ္ပာယ်ခြုံမိဖို့ "ဟင်းသံလုပ်သရုပ်ဆောင်ခြင်း" လို့ခေါ်နိုင်ပါတယ်။ ဒါရိုက်တာ Peter Strickland ကလည်း ဒီရုပ်ရှင်ဟာ သူ့ဘဝနဲ့ အနီးစပ်ဆုံးရုပ်ရှင်ဖြစ်မယ်လို့ပြောထားပါတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင် အဲဒီလို Sonic Catering Band တစ်ခုကို တည်ထောင်ခဲ့ဖူးလို့ပါတဲ့။ ASMR တွေနဲ့မတူတာက Sonic Catering ဟာ ပြဇာတ်ကသလို ပရိသတ်ရှေ့မှာပဲ ဟင်းချက်တယ်၊ ဟင်းချက်ရာကထွက်တဲ့အသံတွေကိုဖမ်းပြီး အသံညှိစက်တွေနဲ့ အမျိုးမျိုးချိန်ညှိတယ်။ ဓားနဲ့လှီးသံ၊ မီးဖွင့်သံ၊ ရေပွက်သံ အစရှိသဖြင့် အသံတွေကို အနီးကပ် တိုးသင့်တိုး ကျယ်သင့်ကျယ် ချိန်ညှိပြီး ကြည့်တဲ့သူတွေကို နားထဲပျားရည်လောင်းတာမျိုးပေါ့။ အပြင်လောကမှာဆိုရင်တော့ Sonic Caterer ဆိုတာ ဒီလောက်နဲ့ပြီးပေမဲ့ ဒီရုပ်ရှင်ထဲက ဟင်းသံလုပ်သမားတွေက စိတ္တဇဆန်ဆန် သရုပ်ဆောင်ချက်တွေနဲ့ပါ ထပ်တိုး အနုပညာတစ်မျိုး ဖန်တီးကြပါတယ်။ အနုပညာအဆန်လွန်တာလားတော့မသိပါဘူး။ အဲဒီလိုသရုပ်ပြပွဲတွေပြီးတိုင်း စင်နောက်မှာ ပရိသတ်တွေနဲ့အတူ သိုင်းပြိုင်ကြပါသေးတယ်။ ဝိုင်းလုပ်ဝိုင်းစား ဘဝသမားလေးတွေပေါ့လေ။ ရုပ်ရှင်အကြောင်းအကြမ်းပြောရရင် ဟင်းသံလုပ်သရုပ်ဆောင်အဖွဲ့တစ်ခုက သူတို့ကို ငွေကြေးထောက်ပံ့မယ့်အဖွဲ့အစည်းနဲ့အတူ ယာယီအတူနေထိုင်ကြရာ‌ကနေ စထားပါတယ်။ အချင်းချင်းရန်ပတ်ဖြစ်နေတဲ့အဖွဲ့သား ၃ ယောက်ရယ်၊ လေပွပြီး အီးပေါက်ရမှာရှက်တဲ့ အာပလာ စာရေးဆရာတစ်ယောက်ရယ်၊ အလွန်အကျွံဝတ်စားတတ်တဲ့ ဒါရိုက်တာမတစ်ယောက်ရယ်၊ လေကြီးလေကျယ်တအားပြောတဲ့ ဆရာဝန်တစ်ယောက်ရယ်၊ သူတို့ကိုလိုက်နှောက်ယှက်တဲ့ အဖွဲ့တစ်ခုရယ်၊ ဖလန်ဂျာလို့ခေါ်တဲ့ အသံညှိစက်ကလေးတစ်လုံးရယ်။ သူတို့အားလုံးရဲ့စရိုက်တွေကို သတ်မှတ်ထားပေးပုံက အတော်လေး အားရစရာကောင်းပါတယ်။ မထင်ပေါ်ချင်တဲ့လူ၊ အာဏာပြချင်တဲ့လူ၊ ဆရာကြီးလုပ်ချင်တဲ့လူ စသဖြင့် စသဖြင့် ပေါ့လေ။ ဒီရုပ်ရှင်ထဲမှာ အဓိကဇာတ်ဆောင်က ဘယ်သူလဲ၊ ဇာတ်ကိုသယ်တာက ဘယ်သူများလဲလို့ ‌အတိအကျပြောဖို့ခက်ပါတယ်။ အဲလ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်လား၊ နောက်ခံကနေ သူ့အမြင်တွေကိုပြောနေတဲ့ စာရေးဆရာလား၊ ဒါရိုက်တာမကြီးလား ဒါမှမဟုတ် ဖလန်ဂျာလေးလား။ ဇာတ်လမ်းတည်ပုံ၊ ဆင့်ပွားပုံ၊ ဇာတ်ရှိန်အတက်အကျက စလို့ ဒိုင်ယာလော့ခ်တွေအထိ အတော်လေးကောင်းပါတယ်။ ဝေဖန်တဲ့လူတွေကတော့ သူ့ရဲ့ပြကွက်အရစိတ်အနှောက်အယှက်ဖြစ်ဖို့ကောင်းတယ်တို့ဘာတို့ ပြောကြပေမဲ့ အဲဒီလောက်ကြီးစိတ်အနှောက်အယှက်ဖြစ်ရတာမျိုးတော့မဟုတ်ပါဘူး။ ရိုက်တဲ့လူနဲ့ ထုတ်တဲ့ကုမ္ပဏီဟန်ချက်ညီတယ်ဆိုတာ ဒီလိုရုပ်ရှင်မျိုးဖြစ်မှာပါ။ ပေါက်ကရဆို ကောင်းအောင်ရိုက်တတ်တဲ့ ဒါရိုက်တာ Peter Strickland နဲ့ ထုတ်ပေးတဲ့ကုမ္ပဏီက IFC Films ရဲ့ ထူးထူးဆန်းဆန်းရုပ်ရှင်တွေထုတ်ပေးတဲ့အပိုင်း IFC Midnight ကပါ။ Cast တွေအနေနဲ့ကလည်း ကျွန်တော်တို့နဲ့မစိမ်းတဲ့ Gwendoline Christie, Asa Butterfield နဲ့ Ralph Fiennes မတိုင်ခင်က Voldemort ကြီး Richard Bremmer တို့ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာမှာအသံဒီဇိုင်းဆု ၂ ခုရထားပြီး ဒါရိုက်တာ၊ သရုပ်ဆောင်နဲ့ပတ်သက်တဲ့ အခြားဆန်ခါတင်စာရင်းများစွာဝင်ထားပါတယ်။ အနုပညာနယ်ပယ်သစ်တစ်ခုကို စူးစမ်းချင်ပြီး Dark Comedy သဘောကျတယ်ဆိုရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.2GB, 495MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 51Min Genre - Comedy, Drama, Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy
5.5 2022 112 mins
Flux Gourmet
A Love Song
7

A Love Song (2022) “A Love Song” ကတော့ IMDb 7 နဲ့ Rotten Tomatoes 96% တောင်ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ “Sometimes less is more” ဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်မှာအရာအားလုံးကနည်းပါးပြီး နည်းနည်းနဲ့ပဲ အပြင်းထန်ဆုံးခံစားချက်တွေကိုမသိမသာထည့်ပေးနိုင်တဲ့ရုပ်ရှင်မျိုးပါ။ ဒီဇာတ်လမ်းမှာ လူတွေနည်းတယ် စကားတွေနည်းတယ် အသံတွေနည်းတယ် အမူအရာတွေနည်းတယ် ကုန်ကုန်ပြောရရင်ဇာတ်လမ်းဇာတ်ကွက်ဆိုတာမရှိသလောက်ပါပဲ။ အဲလိုမရှိတဲ့ဇာတ်လမ်းဇာတ်ကွက်မှာတောင် ဘာများဖြစ်မလဲဆိုတဲ့သိချင်စိတ်နဲ့ ဇာတ်လမ်းအဆုံးထိရောက်မှန်းမသိရောက်အောင် ဆွဲခေါ်ပေးသွားနိုင်တဲ့ကားမျိုး။ ကော်လိုရာဒိုကျေးလက်က တောင်တန်းတွေနဲ့ရေကန်ကြီးတစ်ခုကြားက ကောင်းကင်ပြာကြီးအောက်မှာ ခရီးစခန်းထွက်သူတွေအတွက် စခန်းနေရာတစ်ခုရှိတယ်။ စခန်းတစ်ခုနဲ့တစ်ခုကလဲခပ်လှမ်းလှမ်းမှာရှိပြီး အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်၊ သဘာဝရဲ့အသံတွေသာကြီးစိုးနေတဲ့နေရာမျိုး။ စခန်းအမှတ်၇ မှာတော့ ဖေးဆိုတဲ့အမျိုးသမီးကြီးက သူ့ကားနောက်တွဲယာဥ်မှာစခန်းချနေတယ်။ သူ့မှာနေ့ရက်တွေရှိတယ် … ညတွေရှိတယ် …. သူ့မှာစာအုပ်နှစ်အုပ်ရှိတယ် … နေ့မှာဌက်တွေအကြောင်းစာအုပ်ကိုဖတ်တယ် ဌက်သံတွေနားထောင်တယ်။ ညမှာတော့ကြယ်တွေအကြောင်းကိုဖတ်တယ် ကြယ်တွေကိုရှာဖွေတယ်။ ဖေး က သူ့အတိတ်က လူတစ်ယောက်ကိုစောင့်နေခဲ့တာပါ။ အဲလူကလာမှာလား ဘယ်နေ့လာမလဲ ဘယ်လိုလူဖြစ်နေပြီလဲ ဘယ်လိုပုံလဲ သူ လုံးဝမသိဘူး။ အဲဒီလူရောက်လာရင်ရော ဘာတွေဖြစ်မလဲ။ ဖေး ဆိုတာလဲ အသက်၇၀ ဝန်းကျင်အမျိုးသမီးကြီးမို့ လူငယ်တွေအချစ်ဇာတ်လမ်းလို ချစ်ကြိုက်ညားပေါ့လို့ပြောလို့မရပါဘူး။ သိချင်ရင်တော့ ဖေး နဲ့အတူ သဘာဝတရားကြီးထဲမှာနေထိုင်ရင်းရှာဖွေကြည့်ရမှာပါပဲ။ ဒီဇာတ်ကားကိုစကားလုံးတွေနဲ့တင်စားရရင် Peace, Calm, Quite, Serene,Tranquil, Nature, Love တို့ဖြစ်ပြီး ရုပ်ရှင်ကိုအနှစ်သာရရှိရှိခံစားလိုတဲ့သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Romance Quality…. 1080p | 720p | 480p File size… 2.5GB | 893MB | 377MB Format… mp4 Duration…. 1h 21min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Action • Comedy • Crime • Drama • Thriller
7 2022 81 mins
A Love Song
Corsicana
5

Corsicana (2022) ~ IMDb – 5/10, Rotten Tomatoes – 79% ~ အမေရိကန်တောင်ပိုင်းက အန္တရာယ်အရှိဆုံး ဥပဒေမဲ့လုပ်ရပ်တွေ လူဆိုးတွေကို နှိမ်နင်းဖမ်းဆီးပေးခဲ့တဲ့ လူမည်း Marshal အရာရှိ ဘက်စ်ရိဖ် အကြောင်း ပြောင်မြောက်တဲ့ လက်ရာတစ်ခုပါ။ ဘက်စ်ရိဖ်က အသက် 23 နှစ်မှာ ကျွန်သ‌ဘောက်ဘဝကနေ ထွက်ပြေးလွတ်မြောက်လာပြီး သူ့ရဲ့ ထူးချွန်မှုနဲ့ သတ္တိကြောင့် အရာရှိအဖြစ်ရာထူးရလာပြီး နှစ်ကာလကြာရှည် အမှုထမ်းခဲ့ပါတယ်။ ရိဖ်က စာတော့မဖတ်တတ်ပါဘူး။ သူ့ကို Legend အဖြစ် တင်စားခဲ့ကြပါတယ်။ အခု ဇာတ်အိမ်ကတော့ ကိုစီကန်နာပြည်နယ်က ရေနံထွက်တဲ့ စားကျက်မြေကို ၀ယ်ချင်တဲ့ သူဌေးတစ်ယောက်က ကောင်းဘွိုင်လူဆိုးဂိုဏ်းကို ငွေပေးခိုင်းတာကနေ စပါတယ်။ ရိဖ်ကလည်း ဒီလူဆိုး‌ဂိုဏ်းကို သုတ်သင်ဖို့သူ့အပေါင်းအပါ ၂ယောက်နဲ့ လာမှာပါ။ သူ့အဖွဲ့သားတွေက မိတ်ဆွေဟောင်း ဆမ်နဲ့ သူထွက်ပြေးနိုင်အောင် ကူညီပေးခဲ့တဲ့ ကယ်လီဖိုးနီးယားဆိုတဲ့ လက်ဖြောင့် သေနတ်သမား ဖြစ်ပါတယ်။ ကမ်းကုန်အောင် ယုတ်မာဆိုးသွမ်းတဲ့ ဂိုဏ်းနဲ့ ရိဖ်တို့ အဖွဲ့ ရင်ဆိုင် တိုက်ခိုက်ကြတာကို ရှုစားကြည့်လိုက်ပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 800MB Quality – 1080p, 720p IMDb Rating – 5/10 Format – mp4 Duration – 1H 42Min Genre – Drama, Thriller, Western Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5 2022
Corsicana
Nam Naani Madve Prasanga

Nam Naani Maduve Prasanga (2023) =================================== ကန်နာဒါစကားပြော ဟာသကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ အိန္ဒိယမှာ လယ်စိုက်တဲ့ တောင်သူအမျိုးသားတွေဟာ ကြင်ဖက်ရှာဖို့ အင်မတန့်အင်မတန် ခက်ခဲနေလျက်ရှိပါတယ်။ ဒီရုပ်ရှင်ထဲက ဇာတ်လိုက် နာနီဟာလည်း အသက် ၃၇ ရောက်တဲ့ထိ ဘိုထီးသီချင်းထဲကလို တစ်ကောင်တည်းမျက်စိလည်နေဆဲဖြစ်တဲ့ တောင်သူလူပျိုကြီးဖြစ်ပါတယ်။ အသက် ၃၇ ရောက်တဲ့ထိ အဖြစ်မရှိသေးတဲ့ လူပျိုကြီးနာနီ့ကို မိသားစု၊ အပေါင်းအသင်းတွေက သတို့သမီးရှာပေးဖို့ကြိုးစားရင်း တလွဲတချော်တွေဖြစ်တာကို လယ်သမားအမျိုးသားတွေ အိမ်ထောင်ဖက်ရှာဖို့ခက်ခဲနေတာကို မီးမောင်းထိုးပြထားတဲ့ ဒီရုပ်ရှင်ထဲမှာ ဟာသစွက်ပြီး မြင်ရမှာပဲဖြစ်ပါတယ်…။ ( ဒီရုပ်ရှင်ကိုတော့ စီအမ်ရဲ့ ဘောလိဝုဒ်အဖွဲ့က ဘာသာပြန် အညွှန်းရေးသားထားပါတယ်။ ) (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

0 2023
Nam Naani Madve Prasanga
The Big Doll House
5.8

The Big Doll House (1971) (အဖော်အချွတ် နှင့် လိင်ပိုင်းဆိုင်ရာ ဇာတ်ဝင်ခန်းများပါရှိသဖြင့် မိသားစုနှင့်ကြည့်ရှုရန် မသင့်တော်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။) မိန်းမထောင်ကားတွေ ခေတ်စားတုန်းကာလ ၁၉၇၁ ခုနှစ်က ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ထောင်တွင်း အကြမ်းဖက် အနိုင်ကျင့်မှုတွေ၊ မိန်းမချင်း ရန်ပွဲဖြစ်ပွားမှုတွေ၊ ယောကျ်ားသနာများနဲ့ ထိတွေ့မှုကင်းကွာနေတဲ့မိန်းမတွေရဲ့စိတ်ဆန္ဒတွေ ကိုရောပြွန်းတင်ပြထားတဲ့ မိန်းမထောင် ဇာတ်ကားတွေဟာလည်းရုပ်ရှင်အမျိုးအစားတစ်ခုအနေနဲ့ တွင်ကျယ်ခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာလည်း ဖောက်ပြန်တဲ့ယောကျ်ားကို လူသတ်မှုကျူးလွန်မိခဲ့သူ ကော်လီရာတစ်ယောက် အမျိုးသမီးထောင်တစ်ခုကို ရောက်လာခဲ့ပုံနဲ့ စတင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားကနေ ဆေးသမားအထိ မှုခင်းစုံ ကျူးလွန်ထားကြတဲ့အခန်းဖော် (၅) ယောက်နဲ့ စတင်ဆုံခဲ့ရပြီး သူ့ရဲ့ ထောင်တွင်းသင်ခန်းစာတွေကို စတင်လေ့လာရပါတော့တယ်။ တော်လှန်ရေးသမားချစ်သူဆီကနေ မှောင်ခိုရလာခဲ့တဲ့ စာတစ်စောင်ကြောင့် ဘိုဒင်းဟာ နာကျင်စေရတာကို စွဲလမ်းတဲ့ရောဂါစွဲကပ်နေတဲ့ ထောင်အစောင့် လူစီယန်ရဲ့ ညှင်းပန်းနှိပ်စက်ခြင်းကို ခံခဲ့ရပါတယ်.။ လူစီယန်ရဲ့ အပူခန်းထဲကိုရောက်သွားခဲ့ရတဲ့ အကျဉ်းသားတိုင်းဟာ မရှုမလှဇာတ်သိမ်းရင်သိမ်း မဟုတ်ရင် သေလုမျောပါး ခံစားရလေ့ရှိပါတယ်။ ညှင်းပန်းနှိပ်စက်တဲ့ အခါတိုင်းမှာလည်း အမြဲတမ်း အခန်းထောင့်ကနေ ထူးဆန်းလျှို့ဝှက်တဲ့ လူတစ်ယောက်ကစောင့်ကြည့်တာကိုလည်း ခံခဲ့ရပါတယ်။ သေလုမျောပါး ညှင်းပန်းခံခဲ့ရတဲ့ ဘိုဒင်းဟာ ထွက်ပြေးဖို့ နည်းလမ်းကလွဲပြီးတော့ ဒီနေရာကနေ လွတ်မြောက်နိုင်လမ်း မရှိတာကို သဘောပေါက်ပြီး ထောက်ဖောက်ဖို့ အစီအစဉ်ကို စတင်လာပါတယ်။ ထောင်ထဲကို အစားအသောက်ပို့ဖို့ ဝင်ထွက်ခွင့်ရထားတဲ့၊ စားရကံကြုံတိုင်း မုတ်ဆိတ်မီးစွဲတဲ့ ဟယ်ရီနဲ့ဖရက်ဒ်တို့ ဆရာတပည့်ကလည်း ဘိုဒင်းတို့ရဲ့ ထောင်ဖောက်ပြေးတဲ့အစီအစဉ်မှာ မမျှော်လင့်ဘဲ ဝင်ပါခဲ့ရပြန်ပါတယ် ။ ငိုအားထက်ရယ်အားသန် ဆိုရမယ့် အဖြစ်အပျက်တွေနဲ့ မိန်းမထောင်ဇာတ်ကားလေးတစ်ပုဒ်ကို CM က ပရိသတ်များကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်။ File size… 1.9 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Action/Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Sai Sumali

5.8 1971 95 mins
The Big Doll House
Shyamchi Aai
7.2

Shyamchi Aai (2023) လက်ဦးဆရာ 20 ရာစုရဲ့ ပထမဆုံး Best Feature Filmနဲ့ President Gold metalရထားတဲ့ Shyamchi Aaiဆိုတဲ့ ရုပ်ရှင်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ လူမှုရေးတက်ကြွလှုပ်ရှား Sane Gurujiရဲ့အတ္ထုပတ္တိလို့လည်း ပြောလို့ရသလို လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်လာစေတဲ့ သူ့ရဲ့အမေဖြစ်သူရဲ့ လမ်းညွှန်မှုတွေကို ပြန်ပြောပြထားတဲ့ မိခင်မေတ္တာဖွဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ ဆရာကြီးဆာနေးဆိုတဲ့ ဗြိတိသျှအုပ်စိုးစဉ်ကာလရဲ့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ တစ်ယောက်မဖြစ်လာခင်က ရှမ်ဆိုတဲ့ကောင်လေးဟာ အရမ်းသတ္တိနည်းတဲ့ကလေးတစ်‌ယောက် သူဘယ်လောက်ထိ ကြောက်တတ်လဲဆို ရေတွင်းမှာ သူငယ်ချင်းတွေနဲ့ ရေကူးသင်ဖို့ချိန်းလိုက်ပြီးမှ ရေနစ်မှာကြောက်လို့ အိမ်မှာပုန်းနေတဲ့အထိပါပဲ မိသားစုကလည်း မပြေလည် အကြွေးနွံနစ်နေတဲ့ ဆင်းဆင်းရဲရဲ ဒီဘဝမှာ အရာရာကို ကြောက်တတ်တဲ့ ရှမ်ဆိုတဲ့ကောင်လေးကနေ ဆာနေးဆိုတဲ့ နာမည်ကျော် လူမှုရေးတက်ကြွလှုပ်ရှားသူ၊ ကျောင်းဆရာ၊ စာရေးဆရာတစ်ယောက်ဖြစ်လာအောင် ရှမ်ရဲ့အမေက သူ့ရဲ့မိခင်မေတ္တာနဲ့ ဘယ်လိုပြောင်းလဲပေးခဲ့လဲ။ မိခင်မေတ္တာနဲ့လမ်းညွှန်မှုက သူ့ရဲ့ဘဝမှာ ဘယ်လောက်ထိအရေးပါခဲ့လဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ အတူရှုစားရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Linn ~ ToMo ~ Yunniတို့ပဲဖြစ်ပါတယ်)

Fantasy • Action
7.2 2023 140 mins
Shyamchi Aai
Code of Silence
6

မင်းသားကြီး Chuck Norris ရဲ့ ပရိတ်သတ်တွေအတွက် သူ့ရဲ့ အက်ရှင် ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အက်ဒီ ကူးဆက်ဆိုတာကတော့ ချီကာဂိုမြို့က ရဲတပ်ကြပ်ကြီးတစ်ယောက်ပါ။ အက်ဒီက သူ့ရဲ့အဖွဲ့ဝင်တွေကတောင် ဩချရတဲ့အထိ ဖြောင့်မတ်သလို မှန်တယ်ထင်ရင် ထင်သလိုလုပ်တဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ အက်ဒီဦးဆောင်တဲ့ မူးယစ်ဆေး အသွင်ယူဖမ်းဆီးရေး မစ်ရှင်တစ်ခုမှာ အလွဲအမှားဖြစ်တာကနေ စလာခဲ့တဲ့ ကိုမာချိုနဲ့ လူနာဂိုဏ်းကြီးနှစ်ဂိုဏ်းရဲ့စစ်ပွဲကြီးကြားမှာ မိန်းမပျိူလေးတစ်ဦးကို ကာကွယ်‌ဖို့ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ မှန်ရင်မှန်သလို လုပ်တတ်တဲ့အကျင့်ကြောင့် ရှောင်‌နေကြ ချဉ်နေကြတဲ့ ရဲတပ်ဖွဲ့တွေနဲ့ ကောင်မလေးနောက် လိုက်နေကြတဲ့ ဂိုဏ်းအဖွဲ့တွေကြားမှာ အက်ဒီတစ်ယောက် တစ်ကိုယ်တော် ဘယ်လိုမျိုး သိုင်း‌ကွက်တွေပြ ပညာတွေပြပြီး ကာကွယ်သွားမလဲဆိုတာကို အက်ရှင် ပရိတ်သတ်တွေ အားပါးတရ ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်ခင်ဗျ။ File Size : 1.8 GB, 952 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 40min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Brackman Encode by : Thit San Khant

6 1985 101 mins
Code of Silence
P2
5.9

P2 (2007) P2 (2007) ဇာတ်ကားဟာ ကြည့်ဖူးသူမှန်သမျှနီးပါး သဘောကျ ကြိုက်နှစ်သက်ကြတဲ့ Underrated Christmas horror ကားကောင်းတစ်ကားပါ။ ကြည့်ဖူးသူတွေပြန်ကြည့်သင့်သလို မကြည့်ရသေးတဲ့လူတွေလည်း လုံး၀မြည်းစမ်းကြည့်သင့်တဲ့ Hidden Horror Movie Gems တွေထဲကတစ်ခုပါပဲ။ ဇာတ်လမ်းကတော့…. အိန်ဂျလာဘရစ်ချ်ဟာ မန်ဟက်တန်မြို့လယ်ခေါင်က ရုံးခန်းအဆောက်အအုံကြီးမှာအလုပ်လုပ်တဲ့ မိန်းမလှလေးတစ်ယောက်ဖြစ်ပြီး ခရစ်စမတ်ညနေမှာတော့ အလုပ်တွေမပြီးပြတ်လို့တစ်ယောက်တည်းကျန်နေရစ်ခဲ့ပါတယ်။ သူ့အစ်မ အိမ်မှာ မိသားစုညစာအတူစားဖို့ချိန်းထားတာလည်းရှိတဲ့အတွက် ဖြတ်စရာကိစ္စတွေကိုအမြန်ဖြတ်ရင်း ရုံးခန်းကထွက်ဖို့ လုပ်တဲ့အချိန်မှာ ရုံးခန်းတွေကိုလိုက်ပိတ်နေတဲ့ လုံခြုံရေးတစ်ဦးနဲ့ဆုံတဲ့အတွက် အောက်ထပ်ကိုဆင်းလာခဲ့ပါတယ်။ ရုံးခန်းအဆောက်အအုံကြီးရဲ့မြေအောက် ကားပါကင်ကိုရောက်တဲ့အချိန်မှာတော့ သူ့ကားစက်မနိုးနိုင်တာကိုသိလိုက်ရတဲ့အချိန်မှာ ကားပါကင်စောင့်လူငယ်တစ်ယောက်ရဲ့အကူအညီနဲ့ရုံးပေါ်ပြန်တက်ပြီး တက္ကစီစောင့်ဖို့ကြိုးစားခဲ့ပေမယ့် အဆောက်အအုံကြီးရဲ့ ပင်မဂိတ်တံခါးကလည်း သော့ခတ်ထားတဲ့အတွက် အိန်ဂျလာတစ်ယောက်မြေအောက်ကားပါကင်ဆီပြန်ဆင်းလာရတဲ့အချိန်မှာတော့ ရုန်းရင်းဆန်ခတ်ဖြစ်ရပ်တစ်ခုကိုကြုံလိုက်ရပြီးသတိလစ်သွားပါတော့တယ်။ ပြန်လည်သတိရလာမယ့် သူ့အတွက် ကြိုဆိုနေမှာကတော့ သေရာပါစိတ်ဒဏ်ရာရသွားစေမယ့် ခြောက်ချားဖွယ်အတွေ့အကြုံတွေ၊ စွန့်စားခန်းတွေနဲ့ပြည့်နှက်နေတဲ့ညတစ်ညပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

Crime • Drama
5.9 2007 98 mins
P2
Swimming Home

Swimming Home” (2024) က ဂရိနိုင်ငံမှာရှိတဲ့မိသားစုတစ်စု ရဲ့ရေကူးကန်ထဲမှာ Kitti အမည်ရှိ အဝတ်မပါတဲ့အမျိုးသမီးတစ်ဦးကို တွေ့တဲ့အခါ မှာ ဘဝပြောင်းလဲသွားတဲ့ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ဒီလိုထူးဆန်းတဲ့အရာတွေကမိသားစုအတွင်းကလျှိုဝှက်ချက်တွေပါ။ ဒီဇာတ်ကားဟာ Deborah Levy ရဲ့ စာအုပ်တစ်အုပ်ကို အခြေခံထားပြီး အထူးသဖြင့် Ariane Labed as Kitti ရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ တင်ဆက်မှုတွေပါရှိပါတယ်။ ဂရိဆက်တင်တွေ ရုပ်ပုံတွေကလှပေမယ့်လည်း အချို့သောလူတွေက ဇာတ်လမ်းနှင့် ပုံစံက ရုပ်ရှင်ထက် စာအုပ်အဖြစ်က ပိုကောင်းပါတယ်တဲ့။ ဒီဇာတ်ကားက စိတ်ကူးယဉ်ဆန်ပြီး အမြင်အာရုံကိုစွဲဆောင်နိုင်ပေမယ့် ကြည့်ရှုသူအချို့အတွက် လိုက်ကြည့်ဖို့ ခက်ခဲနိုင်ပါတယ်။ မိသားစုနှင့် လျှိုဝှက်ချက်တွေကို တွေးတောစေမယ့် ရုပ်ရှင်တစ်ကားဖြစ်သော်လည်း လူတိုင်းအတွက် မဖြစ်နိုင် နားမလည်နိုင်ပါ။ File size…(1.7 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung

0 2024
Swimming Home
Novo Land : Floating Heart
6

Novoland (ကျိုကျိုး) ဆိုတာဒဏ္ဍာရီလာ အလွန်လှပတဲ့လောကတစ်ခု ။ အတောင်ပံပါတဲ့မျိုးနွယ်စု ၊ ရေသူမျိုးနွယ်စု၊ ဝိဉာဉ်မျိုးနွယ်စုနဲ့ လူပုလေးမျိုးနွယ်စုတို့ဟာ ကျိုကျိုးမှာနေထိုင်ကြပါတယ်။ ဇာတ်လမ်းကတော့ မင်းဆရာကြီးရဲ့သမီးဖြစ်သူ နန်ရှင်းဟာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာထူးဆန်းစွာသေဆုံးသွားတာကနေစပါတယ် ။ မင်းဆရာကြီးကတော်ကလည်းအရူးတစ်ပိုင်းဖြစ်သွားပြီး အိမ်တော်တစ်ခုလုံး အရှုပ်အထွေးနဲ့ကြုံတွေ့နေရချိန်မှာ… မျိုးနွယ်စုအသီးသီးကလူတွေ၊ ကျောင်းတော်အသီးသီးက လူတွေဟာလည်း နန်ရှင်းရဲ့သေဆုံးမှုကိုစုံစမ်းဖို့ပါဝင်လာတဲ့အခါ… နန်ရှင်းရဲ့သေဆုံးမှုမှာဘာလျို့ဝှက်ချက်တွေရှိနေမလဲ။ ဘာလို့မျိုးနွယ်စုအသီးသီးကလူတွေရောပါဝင်လာတာလဲ။ နန်ရှင်းဟာ တကယ်ပဲသေသွားတာရေဟုတ်ရဲ့လား။ ဒီလိုဇာတ်လမ်းမျိုးကတဖြည်းဖြည်းချင်းကြည့်ပြီးမှ ရုပ်လုံးပေါ်လာတာမျိုးမို့ spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်လမ်းကိုအများကြီးမပြောပြတော့ပါဘူး။ Novo land စီးရီး တွေရဲ့ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲကလျို့ဝှက်ချက်တွေကို ကိုယ်တိုင်ကြည့်ရှုပြီးရှာဖွေဖော်ထုတ်ကြည့်ကြရအောင်။

Horror
6 2022
Novo Land : Floating Heart
Daruma
6.7

Daruma (2024) IMDb Rating (6.7) / Rotten Tomatoes (100%) အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာ၊ ခွင့်လွှတ်ခြင်းနဲ့ ရှုပ်ထွေးပွေလီလှတဲ့ ဆက်ဆံရေးတွေအကြောင်း ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားပါ။ ဘီးတပ်ကုလားထိုင်ပေါ်မှာနေရတဲ့ Patrick ဆိုတဲ့ အလုပ်လက်မဲ့လူတစ်ယောက်ဟာ သူ့မှာ Camilla လေးနှစ်အရွယ်သမီးတစ်ယောက်ရှိကြောင်းကို ကလေးသူငယ်စောင့်ရှောက်ရေးဌာနက အိမ်ရှေ့ရောက်လာမှသိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ ကလေးကို နိုင်ငံတစ်ဖက်မှာ‌နေတဲ့ အဘိုးအဘွားတွေဆီပို့ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ရန်ဖြစ်နေကျ အိမ်နီးချင်း စစ်ပြန် Robert ဆိုသူကိုအကူအညီတောင်းပြီး Camilla လေးကို ပို့ဖို့ထွက်ခွာခဲ့ကြပါတယ်။ လမ်းခရီးတစ်လျှောက်ဘာတွေဆက်ဖြစ်မှာလဲ..? Daruma အရုပ်လေးရဲ့ အဓိပ္ပာယ်ကဘာများဖြစ်မလဲ..? လူ့ဘဝမှာ လဲကျပြန်ထနိုင်စွမ်းရှိခြင်းနဲ့ ခွင့်လွှတ်ခြင်းတို့က အရေးကြီးကြောင်း အစရှိတာတွေကို ဒီ drama ထဲမှာခံစားနိုင်ပါတယ်။ ရင်ထဲလည်းထိရှစေနိုင်တဲ့ ဇာတ်ဝင်ခန်းတွေလည်း ပါဝင်တာကြောင့် ဒရာမာရုပ်ရှင်ကောင်းကောင်း ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်လမ်းတစ်ပုဒ်လို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (2.8 GB) / (800 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:44:52 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn

Comedy • Romance
6.7 2024 104 mins
Daruma