YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Girlfriend is an Alien E15 (1080p) CM.mp4

577.09 MB N/A video/mp4 81 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spirit Halloween: The Movie
6.4

~ Rotten Tomatoes - 55% ~ အားလုံးကို ဟောလို၀င်းအမှီ ဟောလို၀င်း vibe အပြည့်ရစေမယ့် ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Rating တွေက မစုတ်တစုတ်ဖြစ်‌နေသလို Effect တွေကလည်း မကောင်းတ‌ကောင်းပေမယ့် ၁နာရီခွဲစာလောက် အချိန်ဖြုန်းချင်သူတွေအတွက်တော့ အဆင်ပြေမယ့်ကားလေးပါ။ လူပျိုဖော်၀င်စ သူငယ်ချင်းသုံးယောက် ဟောလို၀င်းကို ခါတိုင်းနှစ်နဲ့မတူဘဲ ဖြတ်သန်းချင်လို့ ပေါက်ကရလေးဆယ်လုပ်ရင်းနဲ့ မြို့ရဲ့ဒဏ္ဍာရီထဲက ဝိညာဉ်ကိုနှောင့်ယှက်မိသွားတဲ့အခါမှာတော့ အဲဒီဝိညာဉ်နဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဟာသလေး‌တွေနဲ့ စခွီထရင်း ကြည့်ရှုရမှာပါ။ မိသားစုနဲ့အတူကြည့်ရင်း ဟာသလေးတွေနဲ့ fun ဖြစ်နိုင်တဲ့ကားမျိုးမလို့ တင်ဆက်ပေးလိုက်ရပါတယ်။ Deep plot တွေဘာတွေ မမျှော်လင့်ထားဘဲ ပေါ့ပေါ့ပါးပါးကြည့်ရင် အဆင်ပြေတဲ့ကားလေးပါ။ သရဲကားလည်းကြည့်ချင်တယ်၊ ကြောက်လည်း ကြောက်တတ်တယ်ဆိုတဲ့သူတွေလည်း လုံးဝလက်လွှတ်မခံသင့်တဲ့ကားဆိုတာကို သရဲကိုတွေ့တဲ့အချိန်မှာ သဘောပေါက်သွားပါလိမ့်မယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 851MB Quality - 1080p, 720p IMDb Rating - 4.3/10 Format - mp4 Duration - 1H 27Min Genre - Adventure, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Htet Kyaw Myo Encoded by Y

Adventure • Animation • Family • Science Fiction
6.4 2022 87 mins
Spirit Halloween: The Movie
Event Horizon
6.5

Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ အာကာသယာဉ် Event Horizon ကို လွှတ်တင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စကြဝဋ္ဌာမှာ ဖျက်အားအကြီးဆုံးလို့ သမုတ်ကြတဲ့ အာကာသတွင်းနက်တစ်ခုကို ယာဉ်တွင်းမှာဖန်တီးပြီးတော့ စကြဝဠာအတွင်း အလင်းနှစ်များစွာဝေးကွာတဲ့နေရာ တစ်ခုကနေတစ်ခုဆီကို မျက်စိတစ်မှိတ်အတွင်း အရောက်သွားနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီယာဉ်ဟာ နေစကြဝဠာရဲ့အစွန်အဖျားဆီ သွားရောက်မယ့် သူ့ရဲ့ပထမဆုံးခရီးစဉ်မှာပဲ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တယ်။ ဒီအဖြစ်ဆိုးကြီးပြီးတဲ့နောက် ၇ နှစ်အကြာမှာတော့ အာကာသယာဉ်အသွားအလာ မရှိသလောက်နည်းတဲ့ နက်ပ်ကျွန်းဂြိုဟ်အနားကနေ အရေးပေါ်ကယ်ဆယ်ရေး အချက်ပြမှုတစ်ခု ထုတ်လွှင့်လာတဲ့အတွက် ကယ်ဆယ်ရေးယာဉ် Louise & Clarke က ကျွမ်းကျင်သူ ဒေါက်တာဝီယာနဲ့အတူ အရောက်သွားခဲ့ပေမဲ့ အရေးပေါ်အကူအညီ တောင်းခံထားတဲ့ယာဉ်ဟာ လူသားသမိုင်းမှာအဆိုးဆုံး အာကာသခရီးစဉ်လို့ သတ်မှတ်ခံထားရတဲ့ Event Horizon ဖြစ်နေပြီး ဒီယာဉ်ပေါ်ကို ရောက်လာပြီးတဲ့နောက်မှာ အရင်အဖွဲ့ ကြမ္မာငင်ခဲ့ကြပုံကို တဖြည်းဖြည်း ပိုသိလာရသလို သူတို့ကိုယ်တိုင် သင်္ကာမကင်းစရာကိစ္စတွေနဲ့ ဆက်တိုက်တွေ့လာရချိန်မှာ သူတို့အသက်ရှင်သန်နိုင်ဖို့ Event Horizon ကိုပဲ အားကိုးရမယ့်အဖြစ်နဲ့ ကြုံလာရတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.04GB, 890MB Quality - REMASTERED 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

6.5 1997 96 mins
Event Horizon
Night at the Museum: Battle of the Smithsonian
6.1

~ IMDb Rating - 6/10 ~ သဘာဝသမိုင်းပြတိုက် ညစောင့်လေး လယ်ရီဟာ သူ့ရည်မှန်းချက်အစစ်ဖြစ်တဲ့ သူတီထွင်ထားတဲ့ အိမ်သုံးပစ္စည်းလေးတွေကို ရောင်းချရင်း လူသုံးကုန်ပစ္စည်းကုမ္ပဏီတစ်ခုအဖြစ် ကြီးကျယ်အောင်မြင်သွားပါပြီ။ ပြတိုက်‌ေဟာင်းလေးကိုစွန့်ခွာလို့ CEO ကြီး လယ်ရီ ဒဲလ်လေ အဖြစ်နဲ့ပေါ့၊ လောကလမ်းပေါ်မှာ လျှောက်လှမ်းနေလေရဲ့။ မိသားစုဖြစ်ခဲ့ဖူးတဲ့ အသိုက်အမြုံလေးဆီကို အလည်တစ်ခေါက် ရောက်လာချိန်မှာ သူသိခဲ့ဖူးတဲ့ ကမ္ဘာလေးကပြိုပျက်၊ အားလုံးက တကွဲစီဝေးရမယ့် အခြေအနေကို ရုတ်တရက်တွေ့လိုက်ရတဲ့ လယ်ရီလေးဟာ ရင်ကွဲပက်လက်။ လူကြိုက်မများတော့တဲ့ ပြတိုက်ထဲက ပစ္စည်းတွေကို ခေတ်မီ သုံးဖက်မြင်စက်ပစ္စည်းနဲ့ အစားထိုးမယ့် အစီအစဉ်တွေကြောင့် သမားရိုးကျအရုပ်လေးတွေက ပြည်ထောင်စုမော်ကွန်းတိုက်ရဲ့ မြေအောက်ခန်းထဲမှာ စွန့်ပစ်ခံရတော့မယ့်အချိန်ပါပဲ။ စကားနာထိုးတဲ့သူတွေရယ်၊ မျက်နှာကိုမကြည့်ချင်လို့ အကြည့်လွှဲတဲ့သူရယ်၊ သူ့ရဲ့ စွန့်ခွာထွက်ပြေးမှုကို စိတ်နာကြတဲ့ မိတ်ဆွေတွေကို လယ်ရီက တစ်ညတာအတူဖြတ်သန်းရင်း နှုတ်ဆက်လိုက်ရပါသတဲ့။ ဒါပေမဲ့ မျောက်ကလေး ဒက်ဇ်တာ လက်ဆော့လိုက်တာကစပြီး မော်ကွန်းတိုက်ကြီးအောက်ထပ်ကို ရွှေကျောက်စာ ခိုးယူသွားတော့ ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီး အသက်ဝင်လာပါလေရော။ အသက်ဝင်လာသူတွေထဲမှာ ကမ္ဘာကို အုပ်စိုးချင်တဲ့၊ ဖာရိုဘုရင်မျိုးရိုးကြီး တစ်ယောက်လည်း ပါလာတာပေါ့။ လယ်ရီရဲ့မိတ်ဆွေ အခမ်းရာ့ရှ် ရဲ့ အစ်ကိုတော်၊ ယုတ်ညံ့တဲ့ စိတ်ဓာတ်ကြောင့် ထီးနန်းမအပ်ခံရတဲ့သူ၊ ကမ္ဘာကြီးရဲ့ ကပ်ရောဂါဆိုးပုဂ္ဂိုလ်ကြီးက လယ်ရီလက်ထဲက ကျောက်စာကိုလုယူ၊ တမလွန်မြေအောက်ကမ္ဘာက မိစ္ဆာစစ်တပ်ကြီးကို မြေပေါ်ခေါ်ယူပြီး အုပ်စိုးဖို့ ကြိုးစားချိန်မှာ လယ်ရီလေး ဘာလုပ်မလဲ။ စွန့်စားခရီးမှာ သူနဲ့ ဖဝါးထပ်မကွာ လိုက်ပါလာသူလေးက လေယာဉ်မှူးမိန်းမချောပေါ့။ အတ္တလန္တိတ် သမုဒ္ဒရာကို ပထမဆုံး တောင်ပံအရှင်တပ်လေယာဉ်နဲ့ ဖြတ်ပျံပြခဲ့တဲ့ သတ္တိခဲ မိန်းမလှလေးက လယ်ရီကို မြတ်နိုးတဲ့စိတ်နဲ့ အစအဆုံးလိုက်ပါကူညီရင်း သူတို့တွေရဲ့ မေတ္တာ၊ ခွဲခွာခြင်းမှာ နာကျင်ရတဲ့ မျက်ဝန်းတွေကို ရယ်မောခြင်းတွေနောက် နှလုံးသားကိုထိတဲ့ ဒရမ်မာတစ်ကွက်ကိုလည်း ခံစားရဦးမှာဖြစ်ကြောင်း။ Night At The Museum Trilogy သုံးကားတွဲ ကြည့်ရှူရန် (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.21GB, 876MB Quality - Blu-ray 1080p, 720p IMDb Rating - 6/10 Format - mp4 Duration - 1H 45Min Genre - Adventure, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Drama
6.1 2009 105 mins
Night at the Museum: Battle of the Smithsonian
Hidden Strike
5.8

ဂျက်ကီချန်းနဲ့ ဂျွန်စီနာတို့ရဲ့ ဟာသအက်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာကလည်း Need for speed, Expend4bles တို့ရဲ့ Scott Waugh ပါ။ ဇာတ်လမ်းအကျဉ်း အရှေ့အလယ်ပိုင်းရဲ့ တရုတ်ရေနံကုမ္ပဏီတစ်ခုက ဒေသတွင်း ကြေးစားစစ်တပ်တွေက ဝိုင်းတိုက်နေပြီ ဝင်စီးဖို့ကြိုးစားနေပါတယ်။ ရေနံဝန်ထမ်းတွေကို ကယ်တင်ဖို့ ဂျက်ကီချန်းတို့ လုံခြုံရေးတပ်တွေ ရောက်လာပြီး ကယ်ထုတ်နေချိန်မှာ ကြေးစားတပ်တွေနဲ့ တိုက်ပွဲဖြစ်ပါတော့တယ်။ အဲဒီတိုက်ပွဲမှာ ဂျွန်စီနာက ကြေးစားတွေဘက်ကနေ ပါလာပြီး ရေနံဝန်ထမ်းတွေရဲ့ ကားတန်းထဲက ဘတ်စကားနှစ်စီးကို ဖမ်းခေါ်သွားနိုင်ခဲ့ပါတယ်။ အဲဒီလူတွေကို ပြန်ကယ်ဖို့ ကြိုးစားရင်း ဂျက်ကီနဲ့ဂျွန်စီနာတို့ တွေ့ကြတဲ့အခါ…. File size… 2.12GB / 925MB Quality… WEB-Rip 1080P 5.1 CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2023 103 mins
Hidden Strike
The Last Video Store
7.7

The Last Video Store (2023) ===================== အင်တာနက်ခေတ်တစ်ခေတ်ကို ရောက်လာတဲ့အခါမှာ ဇာတ်ကားသစ်ထွက်ရင် အခွေဆိုင်ကို ပြေးပြီး အလုအယက်ပြေးငှားနေဖို့မလိုတော့ဘဲ ဒေါင်းလုဒ်လေး လုပ်ရုံနဲ့တင် ဇာတ်ကားတိုင်းကို ကြည့်ရှူလို့ရလာကြတယ်။ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲမှာ အခွေငှားဆိုင်တွေ ကွယ်ပျောက်သွားကြတယ်ပေါ့။ အခု ဇာတ် လမ်းလေးကလည်း “နောက်ဆုံးအခွေဆိုင်တဲ့” ၊ ပြည်နယ်တစ်ခုလုံး သုံးဆိုင်လောက် ပဲရှိတော့မလားပဲ၊ ဆိုင်ပိုင်ရှင်ကလည်း ရုပ်ရှင်ဇာတ်ကားတွေကို ချစ်မြတ်နိုးပြီး လက်တွေ့ဘဝနဲ့ရုပ်ရှင်က တစ်ထပ်တည်းဖြစ်တယ်လို့ ခံယူထားတဲ့သူပါ။ သူ့ဆိုင်မှာလည်း ဝယ်သူနည်းပါးတဲ့အပြင် ဝန်ထမ်းကလည်း တစ်ယောက်ပဲရှိတယ် ဆိုင်ကိုဓါးပြလာတိုက်ရင်တောင် ပေးစရာပိုက်ဆံမရှိလို့ အလုပ်သစ်ရှာဖို့ ဓါးပြကြီး ကပါဆုံးမသွားခဲ့တယ်။ နောက်ရက်တွေမှာ ဆိုင်ရှင်ကြီးက ပေါက်ကွဲပြီး CCTV တွေ တပ်ချလိုက်ရော…တစ်ရက်မှာ အတွဲတစ်တွဲရောက်ချလာပြီး ဝန်ထမ်းကောင်လေးက အဲဒီအတွဲက ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားတယ်၊ အဲဒီနောက် အဲဒီ ကောင်မလေးက ဆိုင်မှာအလုပ်လုပ်ဖို့ လာလျှောက်တဲ့အခါ ဘယ်လိုတွေနှစ်ပါးကမလဲ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.55 GB) / (656 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator……ZWT Encoder……….SWM

Comedy • Romance
7.7 2023 95 mins
The Last Video Store
Flipping for Christmas
6

ခရစ်စမတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့ ဒီဇာတ်ကားလေးကတော့ Enemies to Lover အမျိုးအစားလေးလို့ ဆိုလို့ရပါတယ်။ အက်ဘီဂဲလ်ဆိုတာက အိမ်တွေကို ပြုပြင်မွမ်းမံပြီး ပြန်ရောင်းသူ တစ်ဦးဖြစ်ပြီး ခရစ်စမတ်မတိုင်မှာ သူ အလုပ်နှစ်ခု ရခဲ့တယ်။ တစ်ခုက သူ့ခဲအိုရဲ့ အဘိုးဆီက အမွေရထားတဲ့အိမ်ကို မွမ်းမံပြီးပြန်ရောင်းဖို့နဲ့ နောက်တစ်ခုက DevaCore ဆိုတဲ့ ကုမ္ပဏီကြီးတစ်ခုဆီက အခန်း ၁၀၀ ပါတဲ့ ကွန်ဒိုတစ်ခုတစ်ခုအတွက် အရောင်းအေးဂျင့်အဖြစ် ငှားရမ်းခဲ့မှု။ အက်ဘီက ခရစ်စမတ်နေ့အကြိုနေ့မှာ Brenbury ဆိုတဲ့ မြို့သေးသေးလေးက သူ့မိသားစုအိမ်ကို ပြန်လာခဲ့တယ်။ အဲကာလအတွင်းလေးမှာပဲ သူက သူ့ခဲအိုရဲ့ အမွေရထားတဲ့အိမ်ကို မွမ်းမံရောင်းချပေးဖို့ပေါ့။ ဒါပေမဲ့ အဲအိမ်က သူ့ခဲအိုတစ်ဦးတည်းပိုင် မဟုတ်နေခဲ့ဘဲ ဘို ဆိုတဲ့ လက်သမားတစ်ယောက်ကိုပါ ခွဲပေးခဲ့တာဖြစ်နေခဲ့တယ်။ ဘိုကတော့ အိမ်ကို မရောင်းဘဲ “Bed & Breakfast” နေရာတစ်ခုအဖြစ်ပဲ ပြောင်းလဲချင်တယ်။ အဲလို အတွေးမတူကြတဲ့ နှစ်ယောက်ကြား အဲအိမ်က နောက်ဆုံးမှာ အရောင်းပဲထွက်သွားမလား၊ “Bed & Breakfast” နေရာပဲ ဖြစ်သွားမလား။ အဲကြားထဲမှာ အက်ဘီနဲ့ ဘိုနဲ့က အချင်းချင်း တစ်ယောက်ကို တစ်ယောက်ကို နားလည်လာကြပေမဲ့ မတော်တဆမှုတစ်ခု ဖြစ်လာခဲ့တယ်။ အက်ဘီဟာ ဘိုပြောပြလို့ သိရတဲ့ Brenbury ရဲ့ မြေကွက်ကျယ်ကြီးအရောင်းဖွင့်ထားတာကို သူ့လက်ထောက်ကို လွှတ်ခနဲ ပြောပြမိရာကနေ DevaCore ရဲ့ စီအီးအိုက သိသွားခဲ့ပြီး အဲနေရာမှာ မြို့ပြတည်ဆောက်ချင်တာကြောင့် ချက်ချင်းပဲ ဝယ်ယူဖို့ မြို့တော်ဝန်နဲ့ အပေးအယူဖြစ်သွားခဲ့‌တယ်။ Brenbury မြို့လေးရဲ့ သဘာဝကို ချစ်မြတ်နိုးတဲ့ ဘိုနဲ့ DevaCore ရဲ့ မြို့ပြတည်ဆောက်လိုမှု ပြဿနာရဲ့ အစပျိုးသူဖြစ်နေခဲ့တဲ့ အက်ဘီဂဲလ်။ ခရစ်စမတ်နေ့ဝန်းကျင်ကို အခြေပြုရိုက်ပြထားတာကြောင့် ခရစ်စမတ် vibe လေးနဲ့အတူ ရိုးရိုးရှင်းရှင်း romance ကား ကြည့်လိုတဲ့သူတွေအတွက် ရွေးချယ်စရာဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi

Drama • Comedy • Romance
6 2023 85 mins
Flipping for Christmas
Dead Silence
6.1

Dead Silence (2007) ============ IMDb Rating (6.1) အရုပ်သရဲကားတွေထဲမှာတော့ Dead Silence က ဇာတ်လမ်းဇာတ်ကွက်လုံးဝမိမိုက်တဲ့ထဲပါပါတယ်။ ဒီဇာတ်ကားကို ကမ္ဘာကျော် Horror Film တွေထဲ Top ဝင်ခဲ့တဲ့ The Conjuring Universe ကို စဖန်တီးခဲ့တဲ့ ဒါရိုက်တာ James Wanက ရိုက်ကူးပြီး Insidious ကိုအသက်သွင်းခဲ့တဲ့ ဇာတ်ညွှန်းရေးဆရာ Leigh Whannell က ဇာတ်ညွှန်းရေးခဲ့ပါတယ်။ ?? ကျွန်တော်ဒီကားကြည့်တာ ၂ခါရှိပြီ။ကြည့်တဲ့အခါတိုင်း လန့်ရတယ်၊ဇာတ်အိမ်ကို ကြိုက်လို့ ပြန်ရှာကြည့်တယ်။တခြားHorrorတွေထက် ကွဲထွက်တယ်။သူ့ဟန်ပန်နဲ့ သူရှိတယ်။? ?? Horror တွေရဲ့ ထုံးစံအတိုင်း စလာတုန်းက ဘာမှန်းမသိဘူး ကြောက်ဖို့ကောင်းတာပဲသိတယ်။နောက်ပိုင်းမှ ဇာတ်က တဖြည်းဖြည်း နက်နဲလာတယ်။? ?? အဓိက က ကျွန်တော်အံ့ဩမင်တပ်သွားရတဲ့ point က ပြီးခါနီးမှ ဇာတ်တစ်ခုလုံးရဲ့ မြှုပ်ကွက်ကို ၁မိနစ်အတွင်းရိုက်ပြဖော်ပြသွားတာက အမ်….ဆိုပြီး ပါးစပ်အဟောင်းသား ဖြစ်သွားရတဲ့အထိပါပဲ….?၁မိနစ်အတွင်းလေးနော်…? အစက အဲ့လောက်ထိကို….မတွေးထား မထင်ထားတာပါ… ? ?? Story က James Wan ရော သူ့သူငယ်ချင်း Leigh Whannell ရော၂ယောက်လုံး ပေါင်းရဲ့ Ideaပါ။တကယ်လည်း ချီးကျူး စရာကောင်းပါတယ်။ဇာတ်ကြီးကလန်ထွက်နေလို့ပါ။? ?? Horror ဇာတ်အလန်းစား တွေထဲမှာ Dead Silence ကို ချန်လှပ်ထားလို့မရပါဘူး…Horror Crazy တွေ ၁မိနစ်အတွင်း ဖော်ပြရိုက်ပြသွားတဲ့ မြှုပ်ကွက်က ဘာဖြစ်မလဲ စိတ်ဝင်စားကြည့်ပါဦး။ပြီးမှ ပါးစပ်အဟောင်းသား မဖြစ်သွားနဲ့နော်….။ ဇာတ်လမ်းအကျဉ်းကတော့… ဂျေမီရဲ့ ဇနီးဖြစ်သူ လီဆာဟာ ဘီလီလို့နာမည်ရတဲ့ အရုပ်လေးတစ်ရုပ်ကို လက်ခံရရှိပြီးနောက်မှာ ထူးခြားတဲ့ ရှင်းမပြနိုင်တဲ့ အဖြစ်ဆိုးနဲ့ သေဆုံးသွားခဲ့ပါတယ်။ ဂျေမီတစ်ယောက် အသုဘအတွက် မွေးရပ်မြေကိုပြန်လာခဲ့ပြီးနောက်မှာ သူ့အဖေနဲ့ဇနီးငယ်၊ အသုဘစီစဉ်သူလင်မယားဆီကနေတဆင့် အရုပ်ရဲ့ မသင်္ကာစရာ ဇာတ်လမ်းအကြောင်းကို သတိပေးခံခဲ့ရပြီးနောက်မှာ…….။ (ရုပ်ရှင်အညွှန်းကို Movies Lover FB Page မှ ကူးယူဖော်ပြထားပြီး ဘာသာပြန်ကိုတော့ Yun Sandi မှတင်ဆက်ထားပါတယ်။)

6.1 2007 89 mins
Dead Silence
Old School
5.7

သူငယ်ချင်းကြားက ခံစားချက်ဆိုတာ ရှင်းလင်းလို့ မရနိုင်ဘူး။ တစ်ခါတလေ သူအဆင်မပြေနေတာတွေ့ရင် သူ့ကို အဆင်ပြေစေချင်တယ်။ ဒါပေမဲ့ သူက အရမ်းအဆင်ပြေနေရင်တော့ စိတ်ထဲမှာ မနာလိုဖြစ်မိတယ်။ တက္ကသိုလ် ဘွဲ့ရပြီး နှစ် ၂၀ ကြာ သူငယ်ချင်းပြန်လည်ဆုံဆည်းပွဲမှာ ရိုးသားတဲ့လီကျစ်ကျန့်ဟာ အောင်မြင်နေတဲ့ ကျန်းဖုန်းနဲ့ တွေ့ခဲ့တယ်။ တက္ကသိုလ်တုန်းက ကျန်းဖုန်းက လီကျစ်ကျန့်ရဲ့ အချစ်ဦးကို လုသွားပြီး သိုးသိုးဆိုတဲ့ ကလေးတစ်ယောက် မွေးထားပါတယ်။ ဆုံဆည်းပွဲပြီးတော့ သူတို့နှစ်ယောက်သား ကားတစ်စီးတည်း အတူတူစီးခဲ့ပြီး ကားတိုက်မှု ဖြစ်ခဲ့ပါတယ်။ ကျန်းဖုန်းက လီကျစ်ကျန့်ကို ၅ သိန်းပေးမယ်လို့ ကတိပြုခဲ့ပြီး သူ့အစား အချုပ်ကျခံပေးဖို့ တောင်းဆိုခဲ့ပါတယ်။ လီကျစ်ကျန့်ကလည်း မင်္ဂလာဆောင်ဖို့ အိမ်ဝယ်ဖို့ငွေ လိုနေတဲ့အတွက် သဘောတူခဲ့ပါတယ်။ လီကျစ်ကျန့် အချုပ်ထဲက ထွက်လာမှ သိလိုက်ရတာက ကျန်းဖုန်းရဲ့ စီးပွားရေးက ကျရှုံးနေပြီး အကြွေးတွေ တင်နေပါတယ်။ သူ့ကို ကတိပြုထားတဲ့ ၅ သိန်းကို မရတဲ့အပြင် ကျန်းဖုန်းတစ်ယောက် သူ့သားနဲ့အတူ သူ့အိမ်ကို လိုက်လာပါတော့တယ်။ လီကျစ်ကျန့်နဲ့ ကျန်းဖုန်းတို့ တစ်အိမ်တည်း အတူတူနေပြီးနောက် ဘယ်လိုပြဿနာတွေ ဖြစ်မလဲ…… ကျန်းဖုန်းရဲ့ အကြွေးရှင်ကရော အကြွေးတောင်းဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဒုက္ခပေးမလဲ…… ဆိုတာကို ရယ်စရာဟာသလေးတွေနှောထားတဲ့ Old School ဆိုတဲ့ ရုပ်ရှင်လေးကို ကြည့်လိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 31 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

5.7 2024
Old School
Prom Dates
5.5

ဂျက်စ်…ကျောင်းကပွဲရဲ့ ဘုရင်မဖြစ်ဖို ငယ်ငယ်ကတည်းက အိပ်မက်ရှိခဲ့တဲ့ ဂျက်စ်…။ ငယ်ငယ်ချောချော ကျောင်းသူလေး တစ်ယောက် ဖြစ်တဲ့အလျောက် ကျောင်းဘုရင်မဘွဲရဖို စိတ်ကြီးပြီး ရှက်တတ်တဲ့သူငယ်ချင်းဖြစ်သူကိုပါ သူလုပ်သမျှ ပါအောင်ခေါ်တတ်တဲ့ အမွှေစိန်မလေး။ ဟန်နာ….မိန်းကလေးချင်း သဘောကျနေတဲ့စိတ်ကို ထုတ်မပြောရဲပေမဲ့ အနီးအနားက လူတွေအားလုံးကတော့ သူဂေးနေကြောင်း သိနေပြီဖြစ်တဲ့ ဟန်နာ။ အူကြောင်ကြောင်နိုင်ပြီး တစ်လွဲတွေ လုပ်လေ့ရှိပေမဲ့ အချစ်ရဆုံး သူငယ်ချင်းအပေါ်တော့ အပြည့်အဝသစ္စာရှိသူတစ်ယောက်ပေါ့။ ၁၃ နှစ်သမီးအရွယ်ကတည်းက ပြီးပြည့်စုံတဲ့ ကျောင်းကပွဲညကို ပိုင်ရစေမယ်လို ကတိထားခဲ့ကြတဲ့ ဒီသူငယ်ချင်းနှစ်ယောက်ဟာ ကပွဲညမတိုင်ခင် ၂၄ နာရီ အလိုမှာပဲ သူတိုနဲ့ ကပွဲအတူသွားမဲ့ ကောင်လေးတွေနဲ့ ပြတ်သွားခဲ့တဲ့အချိန်…. သူတိုရဲ့ စိတ်ကူးအိပ်မက်ထဲက ကပွဲညလေးကိုရဖို ဘယ်လို ပြန်လည် အဖတ်ဆယ်မလဲဆိုတာကို အလွဲပေါင်းတစ်သိန်းနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size…1.27 GB/ 614MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5.5 2024
Prom Dates
Feet of Death

ဂျေဆန်တို့နယ်မြို့လေးနားက တောထဲမှာ တိရစ္ဆာန်တိုက်ခိုက်ခံရလို့သေဆုံးမှုက ပြည်နယ်တစ်ခုလုံးထက် နှစ်ဆလောက်များနေခဲ့ပါတယ်။ အဲဒါကြောင့် ဆိုရှယ်အင်ဖလူရန်ဇာတစ်ယောက်က တောထဲကသေဆုံးမှုတွေကို စုံစမ်းဖို့ရောက်လာခဲ့တယ်။ အဲဒီအင်ဇလူရန်ဇာပါသေသွားတော့ ဇနီးဖြစ်သူသေထားတာမကြာသေးလို့ဘူနေတဲ့ သစ်တောဌာနက ဂျေဆန်တစ်​ယောက် ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး စုံစမ်းဖို့ရာဖြစ်လာပါရော။ ဒီသေဆုံးမှုတွေရဲ့ အဓိကလက်သည်က နှင်းလူကြီးဖြစ်မယ်လို့ တစ်ယောက်စကားတစ်ယောက်နား ပြောဆိုနေကြတဲ့ ကောလာဟလတစ်ခုရှိနေတာပါပဲ။ ဒီမှာပဲ ဂျေဆန်နဲ့ ရဲမှူးတို့ နှင်းလူအကြောင်းအတော်လေးသိပါတယ်ဆိုတဲ့ တောထဲက ဟင်နရီဆိုတဲ့လူဆီကို ရောက်သွားရာကစ မထင်မှတ်တာတွေ တွေ့လာရတဲ့နောက်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.7 GB)/(822 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kyawt Hay Thar

Action • Science Fiction
0 2024
Feet of Death
Don’t Move
6

နက်ဖလစ်က အသစ်ထွက်တဲ့ စိတ္တဇ ဟော်ရာ သည်းထိပ်ရင်ဖိုကားပါ။ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ စိတ္တဇလူသတ်သမားတစ်ယောက်ဟာ လူသူမနီးတဲ့ လမ်းပေါ်မှာ တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းကလေး တစ်ယောက်ကို ဖမ်းပြီး သူ့ရဲ့အိမ်ကိုခေါ်သွားဖို့ ကြိုးစားပါတယ်။ အဲဒီမိန်းကလေးကို သူက အကြောသေဆေးတစ်မျိုး ထိုးပေးထားပြီး အဲဒီဆေးက အာနိသင်အပြည့်ပြဖို့ မိနစ် ၂၀ လိုပါတယ်။ အဲဒီမိနစ် ၂၀ အတွင်းမှာ သူ့လက်ကနေ ဘယ်လို လွတ်အောင်ပြေးရမလဲဆိုတာရယ် သူကရော အဲဒီသားကောင်ကို ပြန်ရဖို့ နည်းမျိုးစုံသုံးပြီး လိုက်ရှာပုံကို ပြထားတာပါ။ ဒီလိုအမျိုးအစားကြိုက်တတ်သူတွေအတွက် ရုပ်ရှင်ကောင်းပါပဲ။ File size…1.57GB / 781MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 32m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Comedy
6 2024
Don’t Move
The Bar El Bar
6.3

The Bar (Aka) El Bar (2017) IMDb Rating (6.3) / Rotten Tomatoes (100 %) RT 100% Rating ရရှိထားတဲ့ ဒီစပိန်ကားက တကယ်ကို သည်းထိတ်ရင်ဖိုစိတ်လှုပ်ရှားရမယ့် Underrated ရုပ်ရှင်ကားတကားပါပဲ။ အေးချမ်းတဲ့ သာမန်နေ့ရက်တစ်ရက်မှာ စားသောက်ဆိုင်ဘားတခုထဲ‌မှာ လူတစ်စုက အေးအေးချမ်းချမ်း ရှိနေချိန် ကံကြမ္မာဆိုးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ ဒါကတော့ ဆိုင်အပြင်ဘက်ကို ထွက်သွားတဲ့ လူနှစ်ဦး ရှေ့ဆင့်နောက်ဆင့်ဆိုသလို စနှိုက်ပါသေနတ်နဲ့ပစ်သတ်ခံလိုက်ရတာကို ဘားထဲက လူအားလုံး မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရတာပဲဖြစ်ပါတယ်… အပြင်ဖက်ကလူတွေအားလုံးလဲ ထွက်ပြေးပျောက်ကွယ်ကုန်ပြီး ဖုန်းလိုင်းတွေပါဆက်မရဖြစ်သွားပါတော့တယ်။ စနှိုက်ပါသေနတ်သမားရှိနေတာကြောင့် ဘယ်သူမှ ဆိုင်အပြင်မထွက်ရဲတော့ချိန်မှာပဲ ထူးဆန်းစွာ ဆိုင်အပြင်ဖက်က အလောင်း၂လောင်းကပါ ထပ်မံပျောက်ဆုံးသွားတဲ့အခါမှာတော့….။ ဘာမဟုတ်တဲ့မနက်ခင်းလေးကနေ သေရေးရှင်ရေးထိ ဆွဲခေါ်ခံသွားရမယ့် ဒီရုပ်ရှင်ကားက အသည်းတယားယားအခန်းတွေနဲ့ ပဟေဠိတွေကို ထိုင်အဖြေရှာရမှာပါ။

Crime • Drama • Thriller
6.3 2017 102 mins
The Bar El Bar
Big Fish
8

IMDb Rating (8.0) / Rotten Tomatoes (76%) Big Fish ( 2003 ) အဖေ့ရဲ့ပြာတွေ ဇာတ်လမ်းတွေဆိုတာ ပစ္စုပ္ပန်လည်းမရှိ အတိတ်လည်းမရှိဘူး။ ဇာတ်လမ်းတွေဆိုတာ အနာဂတ်ကို ဦးတည်တတ်တယ်။ အဖြူသက်သက်ကို အဖြူစွတ်ထားတဲ့ ပန်းချီကားတစ်ချပ်ကို အမြဲတမ်းငေးကြည့်နေတတ်တဲ့ လူဆိုးကြီးတစ်ယောက်ပါတဲ့ ဇာတ်လမ်းတွဲတစ်ခု ငါကြည့်ဖူးတယ်။ အဖြူရောင်ပန်းချီကားတွေဟာ ဟိုးအစဆီမှာ တကယ်ရှိခဲ့ဖူးပါတယ်။ ပြာဟာ အသန့်စင်ဆုံးအဖြူရောင်လို့ ငါကြားဖူးတယ်။ အခါခါ လောင်ကျွမ်းခြင်းရဲ့ သန့်စင်တဲ့အဆုံးသတ်… ကြေးချွတ်သန့်စင်ဘုံတစ်ခုကို ဖြတ်သန်းခြင်း…. အဆုံးတစ်ဘက်ဆီမှာလည်း အဖြူရောင်ပြာတွေဟာ တကယ်ဖြူနိုင်တာပါပဲ။ ငါ့ရဲ့ အဖြူရောင်ပန်းချီကားလို ကာလတွေမှာ အရာရာကို သိချင်စိတ်များတဲ့ ကလေးလေးတစ်ယောက်ရဲ့ စေခိုင်းမှုအတိုင်း ငါ့အဖေက ဝက်ဝံရုပ်လေးကို ဓားနဲ့ခုတ်ပေးဖူးတယ်။ ဝက်ဝံရုပ်လေးထဲမှာ ဘာတွေရှိလိမ့်မယ်လို့ ငါမျှော်လင့်ခဲ့မိမှန်းတော့ မမှတ်မိတော့ပါဘူး။ အဲဒီဝက်ဝံရုပ်ကလေးအတွက် ငါ့အဖေအတွက် ဝမ်းနည်းရတဲ့ခံစားချက်က အခုထိ ငါ့ဆီမှာ ကျန်နေတုန်းပဲ။ ဒါပေမဲ့ အဲဒီတုန်းကတော့ အဲဒီပန်းချီကားက အဖြူစွတ်စွတ်ဖြူနေတယ်။ အဖေ့ဘဝမှာ နေပူကြဲတဲ ညနက်သန်းခေါင် နရသိန်နှုတ်ခမ်းဝ အမှောင်မိုက်ဆုံးနဲ့ အပူပြင်းဆုံးနေ့ရက်များစွာ ရှိခဲ့ဖူးတာကို ငါကောင်းကောင်းသိပါတယ်။ အဖြူရောင်မဖြစ်တဖြစ် ပန်းချီကားတစ်ချပ်လိုကာလတုန်းကတော့ ငါရေးတေးတေးပဲ သိခဲ့တယ်။ ငါ့ပန်းချီကားမှာ အရောင်တွေစုံလာမှ သူကြုံခဲ့ရတဲ့အရောင်တွေကို ငါပြန်နားလည်လာနိုင်ခြင်းတွေပေါ့။ ဒါပေမဲ့ ငါ့အဖေက အတ်ဒဝတ်ဘလွန်းမဟုတ်ခဲ့ဘူး။ ပုံပြောကောင်းတဲ့ အဘိုးကြီးမဟုတ်တဲ့ သာမန်အဘိုးကြီးတစ်ယောက်ပဲဖြစ်ခဲ့တယ်။ အော်စကာဝိုင်းပြောသလို အမှန်တရားဆိုတဲ့စကားလုံးမှာ သန့်ရှင်းတယ်ဆိုတာရှားပြီး ရိုးရှင်းတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။ ဘာလို့ဆို ငါတို့ရဲ့များသောအားဖြင့် တင်စားချက်တွေမှာ အမှန်တရားဟာ ဖုံးကွယ်ထားတဲ့အရာတစ်ခုနောက်က တကယ့်အဖြစ်မှန်ကို ရည်ညွှန်းနေတတ်တာများတယ်။ အတ်ဒဝတ်ဘလွန်းဟာ ခါးသီးတဲ့အဖြစ်မှန်တွေကို လှပတဲ့ပုံပြင်တွေအဖြစ်ပြောင်းလဲပစ်ပြီး သူ့သားကို ရက်စက်တဲ့အမှန်တရားတွေလက်ကနေ ကာကွယ်ခဲ့တယ်။ ငါ့အဖေကတော့ ငါ့ကိုမပြောပြတဲ့ နည်းနဲ့ပဲ ကာကွယ်ပေးခဲ့တယ်။ ဒါပေမဲ့ ငါရေးရေးသိခဲ့ပါတယ်။ အတ်ဒဝတ်ဘလွန်းရဲ့ ကာကွယ်နည်းက ပိုထိရောက်တာအမှန်ပေမဲ့ ငါ့အဖေဟာ သူစွမ်းသလောက်တော့ ငါ့ကိုကာကွယ်ပေးခဲ့တယ်။ သုခမိန်လှိုင်ရဲ့ဓားလို ကာကွယ်ပေးခဲ့တယ်။ ဓား ငါ ပျော်ရင်တော့ မင်းကို ခွဲပေးပါ့မယ် အဲဒါ လွယ်တယ် ငါ မပျော်ရင်တော့ မင်းကိုခွဲမပေးတော့ဘူး အဲဒါ ခက်တယ် သံက မီးဖိုထဲမှာ အရည်ပျော်ပြီး ပြန်လာသလိုမျိုး Magical Realismရုပ်ရှင်တွေကို ငါသဘောကျတဲ့အချက်က အရက်စက်ဆုံးဇာတ်လမ်းတွေကိုတောင် စိတ်ဝင်စားစရာအကောင်းဆုံး ဇာတ်လမ်းတွေဖြစ်အောင်လုပ်ပစ်နိုင်တာကိုပေါ့။ Big Fishကတော့ ထူးခြားတယ်။ ခါးသီးတဲ့ဇာတ်လမ်းတွေကို လှပတဲ့ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ Magical Realismရုပ်ရှင်မျိုးပဲ။ အတ်ဒဝတ်ဘလွန်းဟာ မွေးကင်းစကတည်းကနေ သေတဲ့အထိ ဖမ်းလို့မမိနိုင်တဲ့ငါးကြီးတစ်ကောင်ကို လိုက်ဖမ်းခဲ့တယ်။ အဲဒီငါးကြီးက ပုံစံအမျိုးမျိုးနဲ့တည်ရှိနေတယ်။ အချစ်တွေ, ကိုယ်ချစ်ရတဲ့သူအတွက် အကောင်းဆုံးလုပ်ပေးချင်ခြင်းတွေ, သူ့အခက်ခဲဆုံးအချိန်တွေ ဘေးမှာရှိနေပေးစေခြင်းတွေ, သူဖြစ်ချင်တဲ့အရာတိုင်းကို လုပ်ပေးချင်ခြင်းတွေ, အိပ်မက်တွေပေါ့။ အချစ်ဆိုတဲ့အရာကလည်း ငါတို့ထင်သလောက် မရိုးရှင်းတာ, မသန့်ရှင်းတာ, မချိမြိန်တာကို အနေကြာလာရင်းနဲ့ ငါတို့သိလာတာပါပဲ။ ဒါအမှန်တရားပဲ။ အတ်ဒဝတ်ဘလွန်းက အမှန်တရားက သူ့အချစ်တွေကို ဖုံးလွှမ်းသွားမှာကို ဘယ်တုန်းကမှ မလိုလားခဲ့ဘူး။ အတ်ဒဝတ်ဘလွန်းဟာ တစ်ချိန်လုံး အသိဉာဏ်ထက် ခံစားချက်ကို ဦးစားပေးတဲ့သူဖြစ်ခဲ့တယ်။ ဒီတော့ အတ်ဒဝတ်ဘလွန်းဟာ အချစ်ရဲ့မချိုမြိန်တဲ့ဘက်အခြမ်းတွေကို ပုံပြင်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တယ်။ သူဘယ်တော့မှ ဖမ်းလို့မမိမယ့်ငါးကြီးနောက်ကို တစ်သက်လုံးလိုက်ခဲ့တယ်။ ဒီငါးကြီးနောက်ကို အတ်ဒဝတ်ဘလွန်းဟာ တစ်သက်လုံးလိုက်ခဲ့ရင်း နောက်ဆုံး သူကိုယ်တိုင် အဲဒီငါးကြီးဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ ဒီဟာရဲ့ Metaphorက မတူဘူး။ မဖြူစင်မှုတွေနဲ့ရှင်သန်ရင်း အခါခါလောင်ကျွမ်းခြင်းရဲ့ အဆုံးသတ်မှာ အဖြူရောင်ပြာတွေက တကယ်ဖြူနိုင်တယ်လို့ ပြောခဲ့တယ်မလား။ ဒီဇာတ်လမ်းပြာ အတ်ဒဝတ်ဘလွန်းရဲ့ အဖြူရောင်ပြာတွေပါပဲ။ ငါ့အဖေလည်း ငါ့ကို အဖြစ်အပျက်တွေမဟုတ်ဘဲ မတူတဲ့ပုံပြင်တွေကို ပြောခဲ့ဖူးတယ်။ သူ့ရဲ့အဖြူရောင်ပြာတွေပေါ့။ လူတစ်ယောက်ဟာ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူကိုယ်တိုင် အဲဒီပုံပြင်ကို ယုံသွားတဲ့အဖြစ်မျိုး ခင်ဗျားတို့ကြုံဖူးလား။ ကြုံဖူးမှာပါ။ ပုံပြင်တစ်ပုဒ်ကို ထပ်ခါထပ်ခါပြောရင်း သူဟာ အဲဒီပုံပြင်ဖြစ်သွားလိမ့်မယ်။ သူကိုယ်တိုင်တောင် ပြန်ယုံသွားတဲ့ ပုံပြင်ကို အားလုံးလည်း ယုံသွားကြလိမ့်မယ်။ တစ်ခါတလေကျတော့လည်း အမှန်တရားတွေဆိုတာ နှလုံးသားတွေအတွက်မလိုဘူး။ ပုံပြင်လှလှလေးတွေ , သိပ်လှတဲ့ဇာတ်လမ်းလေးတွေ။ အင်းပေါ့ ခါးသီးတဲ့ အတိတ်တွေအကုန်လုံးကို လောင်ကျွမ်းပြီး ကျန်ခဲ့တဲ့ပြာတွေလို လှပတဲ့ပုံပြင်လေးတွေ။ ပုံပြင်တွေဟာ အတိတ်မဟုတ်ဘူး။ ပစ္စုပ္ပန်မဟုတ်ဘူး။ ပုံပြင်တွေဆိုတာ အနာဂတ်အတွက်ပဲ။ ငါတို့အချစ်တွေကို ငါတို့လည်း ပုံပြင်တွေပြောခဲ့တယ်။ ငါတို့အချစ်တွေကို ငါတို့ ပုံပြင်တွေ ဆက်ပြောနေရဦးမယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။)

8 2003 125 mins
Big Fish
Bridge of Spies
7.6

Bridge of Spies (2015) IMDb Rating (7.6) / Rotten Tomatoes (91%) ဒီရုပ်ရှင်ရဲ့ အမည်ကတော့ အနောက်ဘာလင်နဲ့ အရှေ့ဂျာမဏီတို့အကြား နယ်စပ်ဒေသမှာ တည်ဆောက်ထားတဲ့ Glienicke Bridge ကို ညွှန်းဆိုတာပါ။ ထိုတံတားကို “Bridge of Spies” လို့ ခေါ်ရတဲ့အကြောင်းရင်းကတော့ စစ်အေးကာလမှာ ဖမ်းဆီးခံသူလျှိုတွေကို အဲဒီတံတားပေါ်ဝယ် အကြိမ်ပေါင်းများစွာ လဲလှယ်ခဲ့ကြလို့ပါတဲ့။ ဒီရုပ်ရှင်ဇာတ်ကားက အဲဒီတံတားကြီးရဲ့ ပထမဦးဆုံးသော အမေရိကန်-ရုရှား သူလျှိုလဲလှယ်မှုအကြောင်းပဲ ဖြစ်ပါတယ်။ Steven Spielberg ရိုက်ကူးပြီး Tom Hanks နဲ့ Mark Rylance တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ် ဖြစ်တယ်။ Academy Award ၆ ခု လျာထားခံရပြီး Rylance က Best Supporting Actor ဆုကိုရရှိခဲ့ပါသေးတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၅၇ ခုနှစ်မှာ ရူဒေါ့ဖ် အေဘယ်ကို ဆိုဗီယက်သူလျှို ဖြစ်တယ်ဆိုတဲ့ စွဲချက်နဲ့အတူ နယူးယောက်မြို့မှာ ဖမ်းဆီးလိုက်တယ်။ အေဘယ်ရဲ့ ဥပဒေအကြံပေးနေရာအတွက် နယူးယောက်ရှေ့နေအဖွဲ့က တာဝန်ပေးအပ်လိုက်သူကတော့ ဂျိမ်းစ် ဘီ ဒိုနိုဗန်ဆိုတဲ့ အာမခံရှေ့နေတစ်ဦးဖြစ်တယ်။ “ကျွန်တော်က အာမခံရှေ့နေလေ၊ ကျွန်တော် ပြစ်မှုဆိုင်ရာဥပဒေနဲ့ပတ်သက်ပြီး ရှေ့နေမလိုက်တာ နှစ်နဲ့ချီနေပြီ၊ ဘာလို့ ကျွန်တော့်ကို တာဝန်ပေးတာလဲ … ဪ ကျွန်တော်က ဆိုဗီယက်စပိုင်ကို ကာကွယ်ပေးပါတယ်ဆိုပြီး လူမုန်းခံရမယ့်အပြင် အမှုကိုကလည်း အရှုံးခံပေးရဦးမှာတဲ့လား” ဒီလိုစကားတွေ ပြောခဲ့ပေမယ့် ဒိုနိုဗန်ဟာ အေဘယ်ကို ခင်ဗျားကသူလျှိုလားဆိုတဲ့ မေးခွန်းကို တစ်ချက်ကလေးတောင် မမေးဘဲ ကာကွယ်ရေးရှေ့နေ ဖြစ်လာတဲ့ သူ့အလုပ်ကို သူတာဝန်ကျေပွန်အောင် လုပ်ဆောင်ခဲ့တယ်။ အေဘယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးမှန်သမျှ ရရှိအောင် ကြိုးပမ်းပေးခဲ့တယ်။ တစ်နိုင်ငံလုံးက ကွန်မြူနစ်ကောင်ကို ကာကွယ်ပေးတဲ့ ရှေ့နေဆိုပြီး ဝိုင်းတိုက်ခိုက်ကြ၊ အိမ်အထိ လာရောက်ပြီး ပစ်ခတ်မှုတွေ ပြုလုပ်တာတောင် သူ့အမှုသည် သေဒဏ်မကျသင့်စေရေး အစွမ်းကုန် ကြိုးစားပြီး အထက်လွှတ်တော်တရားရုံးအထိ အယူခံဝင်ပေးခဲ့တယ်။ ဒီလိုနဲ့ ၁၉၆၀ ပြည့်နှစ်ရောက်လာပြီး သတင်းတွေထဲမှာ အမေရိကန်သမ္မတက ကြေညာချက်တစ်ခု ထုတ်ပြန်တယ်။ နာဆာရဲ့ မိုးလေဝသလေယာဉ်တစ်စီး လမ်းကြောင်းလွဲပြီး ဆိုဗီယက်ပိုင်နက် ဟိုးအတွင်းထဲမှာ ပျက်ကျသွားတယ်။ လေယာဉ်နဲ့ လေယာဉ်မှူးကို ပြန်တောင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခြေအနေတွေက ရှုပ်ထွေးလာပါပြီတဲ့။ သိပ်မကြာပါဘူး … ရှေ့နေ ဒိုနိုဗန်ဆီကို စာတစ်စောင်ရောက်လာတယ် … အမေရိကန်လေယာဉ်မှူးနဲ့ ဆိုဗီယက်သူလျှိုကြီးကို လဲလှယ်ဖို့အတွက် စိတ်ဝင်စားပါတယ်တဲ့။ ဒီတော့ ဒိုနိုဗန်လည်း ဘာလင်တံတိုင်းတည်ဆောက်နေတဲ့ကာလကြီးမှာ ဘာလင်မြို့ကို ချီတက်လာရတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Oo K Zaw ဖြစ်ပါတယ်။) File size…(3.2 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….02:21:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Nway Oo K Zaw

Horror • Thriller
7.6 2015 141 mins
Bridge of Spies
Bride Hard
5.5

Pitch perfect ဇာတ်ကားတွေထဲမှာ အတွဲညီညီ သရုပ်ဆောင်ခဲ့ကြတဲ့ မင်းသမီး Rebel Wilson နဲ့ Anna Camp တို့ရဲ့ 2025ခုနှစ်ထွက် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ Sam ဟာ လျှို့ဝှက်အေးဂျင့်တစ်ဦးဖြစ်ပြီး ဒီလျှို့ဝှက်အေးဂျင့်အလုပ်ကြောင့်ပဲ ငယ်ငယ်ကတည်းက ပေါင်းလာခဲ့တဲ့ သူငယ်ချင်း Betsy ကို အချိန်မပေးနိုင်တော့သူပါ။ Betsy ကတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးသား Ryanနဲ့လက်ထပ်တော့မှာဖြစ်လို့ Sam ကို ခေါင်းဆောင်သတို့သမီးအရံလုပ်စေချင်တာပါ။ သတို့သမီးအရံဖြစ်တဲ့ Samက မင်္ဂလာပွဲမတိုင်ခင် Bachelorette party ညမှာ မစ်ရှင်ကြောင့် ရုတ်တရက်ထွက်သွားခဲ့လို့ သူငယ်ချင်းနှစ်ယောက်ကြားမှာ နားလည်မှုလွဲပြီး ကတောက်ကဆလေးတွေဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ လက်ထပ်ပွဲနေ့ရောက်လာတဲ့အခါမှာ အကြမ်းဖက်ဂိုဏ်းတစ်ခုက လက်ထပ်ပွဲကို ဝင်စီးပါတော့တယ်။ လျှို့ဝှက်အေးဂျင့်ဖြစ်တဲ့ Sam တစ်ယောက် သူ့ရဲ့ အရည်အချင်းတွေကို အသုံးချရင်း သူငယ်ချင်း Betsyနဲ့ လက်ထပ်ပွဲတက်လာတဲ့ ဧည့်သည်တွေကို ကယ်တင်ဖို့ကြိုးစားပုံကို ရိုက်ကူးတင်ဆက်ထားတာပါ။ ဇာတ်လမ်းသွား ပေါ့ပေါ့ပါးပါးလေးကိုမှ ဟာသလေးတွေနှောထားတာမလို့ စိတ်ပြေလက်ပျောက် အပန်းဖြေတဲ့အနေနဲ့ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ File Size… (2.11 GB) / (1.14 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 45m Genre ….Action , Comdey Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Drama
5.5 2025 105 mins
Bride Hard