YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

My.Girlfriend.Is.a.Gumiho.2010.EP10.WEB-DL.720P(CM).mp4

540.26 MB N/A video/mp4 135 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
Beautiful Boy
7.6

သမီးတွေက ဖအေချစ် သားတွေက မအေချစ်လို့ပြောကြပေမယ့် တကယ်တော့ အဖေလုပ်သူတိုင်းက သားဦးလေးကိုပဲလိုချင်တာများပါတယ် ဘာကြောင့်ရယ်မသိ စစချင်းကလေးဘဝမှာ အဖေတွေက သားတွေကိုသိပ်တန်ဖိုးထား သိပ်ချစ်ပါတယ် နောက်မှသာ... အရွယ်ရောက်လာတဲ့သားနဲ့ အဖေနဲ့ မတည့်ကြတော့တာမဟုတ်လား Beautiful Boyဆိုတာကလဲ သားနဲ့ ဖအေကြားက မေတ္တာကိုပြသတဲ့ကားတစ်ကားပါ သားလုပ်သူ မူးယစ်ဆေးနွံထဲ နစ်နေချိန် အဖေကတတ်စွမ်းသလောက် ဆွဲထုတ်ပေးတဲ့ကားပါ ဇာတ်လမ်းကတော့ဒါလေးပါပဲ... ထပ်ပြီး ပြောချင်မိတာက သူတို့နိုင်ငံက သားသမီးအပေါ်ဆက်ဆံတဲ့ ဆက်ဆံရေးပါ သူတို့ရဲ့ဆုံးမမှုတွေက ပြောရရင် အာဆီယံမိဘတွေနဲ့ကွာပါတယ် ထစ်ခနဲဆို အရင်ရိုက် နောက်မှချော့ဆိုတဲ့ထုံးကို သူတို့ မသုံးပါဘူး နားလည်လွယ်အောင်ရှင်းပြတယ် လမ်းပြတယ်နောက်ဆုံး ပြောမရရင်လျစ်လျူရှုလိုက်တယ် ဒါပေမယ့်လဲ တောင်းဆိုးပလုံးဆိုးကိုသာပစ်ရိုးထုံးစံရှိမယ် သားဆိုးသမီးဆိုးကို ပစ်ရိုးမရှိဆိုတဲ့အတိုင်း ဒီကားမှာလဲ သားအတွက်ကြိုးစားပေးတဲ့ အဖေလုပ်သူ ဒေးဗစ်ရှက်ဖ်ကိုမြင်ရပါလိမ့်မယ် ဘာပဲပြောပြောပါ ကျွန်တော်ကတော့ ဒေးဗစ်ရှက်ဖ်လို ဖခင်မျိုးကို သိပ်သဘောကျပါတယ် သားနဲ့ သူငယ်ချင်းလိုပေါင်းတယ် သားကို နားလည်အောင်ပြောတယ် သားနဲ့အတူတူ weedပါလိုက်သောက်ရင်း အချိန်ပေးခဲ့ပါတယ်... ဆိုတော့ တစ်နေ့မိဘနေရာရောက်လာမယ့်သူတွေ ကြည့်သင့်တယ်လို့ ထင်ပါတယ် အရင်ရိုက်နောက်မှချော့ ဆိုတာကြီးကို ပြောင်းလဲသင့်ပြီမဟုတ်လား... ကျွန်တော်sithuကencodeပြီး ကိုWai Zinမှခံစားတင်ဆက်ပေးထားပါတယ် encoderအနေနဲ့ထပ်ဖြည့်စွက်ပြောချင်တာကဒီကားက မိဘနေရာရောက်မယ့်လူတွေဖြစ်တဲ့ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ မဖြစ်မနေမြည်းစမ်းကြည့်သင့်ပါတယ် နောင်တမရစေရပါဘူး ဘဝတစ်ခုလုံးအတွက်အမြင်တချို့ပါပြောင်းသွားနိုင်ပါတယ် အဆင်ပြေကြပါစေဗျာ

Drama • Mystery • Sci-Fi & Fantasy
7.6 2018 121 mins
Beautiful Boy
Taxidermia
6.8

အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်‌နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ File size…699.3MB Quality…WEB-Rip 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

6.8 2006 91 mins
Taxidermia
Condor’s Nest

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်ဗုံးကြဲလေယာဥ်တစ်စီးဟာ ဂျာမနီကရန်သူ့စခန်းကို ဗုံးကြဲဖို့သွားရင်း လမ်းတစ်ဝက်မှာပျက်ကျသွားပါတယ် ပျက်ကျသွားတဲ့နေရာက မစွန့်ခွာနိုင်ခင်မှာ နာဇီတပ်ရင်းတစ်ရင်း သူတို့လေယာဥ်ကို တွေ့သွားပါတယ်။ အင်အားချင်းမမျှတာကြောင့် လေယာဥ်ပေါ်မှာပါလာတဲ့ အမေရိကန်တပ်သားတွေဘက်က လက်နက်ချလိုက်ရပါတယ် နာဇီဘက်က ဗိုလ်မှုးဖြစ်သူက အဲလူတွေကို စစ်သုံ့ပန်းအနေနဲ့ ဖမ်းသွားရမဲ့အစား နေရာမှာတင် ပစ်သတ်လိုက်ပေမဲ့ သူမသိလိုက်တာတစ်ခုက လေယာဥ်ပျက်ကျပြီးတော့ ရန်သူလာမလာစောင့်ကြည့်နေတဲ့ ကင်းစောင့်တစ်ယောက် ကျန်နေခဲ့တယ်ဆိုတာပါပဲ စစ်ပြီးလို့ ရာစုနှစ်တစ်ခုအကြာမှာတော့ အဲတုန်းက ကင်းစောင့်ရင်း အသက်ဘေးက လွတ်သွားတဲ့ စစ်သားဟောင်း Will ဟာ သူ့အဖွဲ့သားတွေကို သွေးအေးအေးနဲ့သတ်သွားခဲ့တဲ့ နာဇီဗိုလ်မှုးကို လက်စားချေဖို့လုပ်ရင်း သူထင်ထားတာထက်ပိုရှုပ်ထွေးတဲ့လမ်းကို လျှောက်မိနေတဲ့အခါမှာတော့… File size…(1.7 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre…Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

0 2023
Condor’s Nest
[18+] Cloistered Nun: Runa’s Confession [1976]
5.1

သီလရှင်လေးတယောက်ရဲ့ အမှောင်ဖက်ခြမ်း အငြှိုး ရက်စက်မှု ရာဂ အကျင့်ပျက်ခြစားနေတာတွေ ကို လှလှလေး ကြည့်ရမှာဖြစ်ပါတယ် ယုနာတစ်ယောက် တချိန်က အငြှိုးအတေးတွေနဲ့ဆက်ဆံခဲ့တဲ့ မိတူဖကွဲ အမနဲ့တွေ့ဖို့ မွေးရပ်မြေကိုပြန်လာခဲ့ပါတယ် တကယ်တော့သူက တရားဓမ္မကြောင့် ညီမနှစ်ယောက် နားလည်မှုရပြီးအေးချမ်းနေပြီဖြစ်ပါတယ် လူတွေက ခက်တယ်ဗျ ကိုယ့်ဖက်က ခွင့်လွှတ်နားလည်ပေးပေမဲ့ တချို့တွေက မပြောင်းလဲဘူးဗျ။ ယုနာ ရဲ့အမကအဲအထဲမှာပါတယ် သူတို့ရဲ့ အဆင်ပြေမှုကနေ အမြတ်အကြီးကြီးထုတ်ဖို့ကြံစည်ပါတော့တယ် နောက်တခု သူ့ဉာဉ်ဆိုးရှိသေးတယ် ကောင်လေးတွေကို အရမ်းပလေးတက်တာပဲ မိန်းမနှစ်ယောက်ရဲ့ တယောက်နဲ့တယောက် ဖျံကျပုံတွေကို အမှောင်နှောပြီး ပြသထားတာဖြစ်လို့ DS Fans တွေအတွက် တင်ဆက်လိုက်ပါတယ်။

Horror • Thriller
5.1 1976 74 mins
[18+] Cloistered Nun: Runa’s Confession [1976]
The Saint
6.2

The Saint (1997) မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ “သူတော်စိန်” သည် The Saint ပင် ဖြစ်လေသည်။ “The Saint” ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint‌ ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် သရုပ်ဆောင်ခဲ့ဖူး၏။ အခြားသော The Saint စီးရီးများသည်ပင် ဆာရော်ဂျာမိုးရ်၏ အရှိန်အဝါအောက်တွင် မှေးမှိန်ခဲ့ရ‌လေသည်။ ယခုခေတ်ကာလတွင် ဂန္ထဝင်မင်းသားကြီးတစ်ဦးအဖြစ် သမုတ်ခံထားရသော ဗယ်လ်ခေးမားသည်လည်း ဤ The Saint ဇာတ်ကောင်နေရာကို လွယ်လွယ်နှင့်ရခဲ့သည်မဟုတ်ပေ။ ဆာရော်ဂျာမိုးရ်သည် ၎င်းကဲ့သို့ ဂျိမ်းစ်ဘွန်းဖြစ်ခဲ့သည့် ပီးယာ့စ်‌ဘရော့စ်နန်ကို သရုပ်ဆောင်စေချင်ခဲ့သည့်အပြင် ပါရာမောင့်ကုမ္ပဏီသည်လည်း ထိုခေတ်က နာမည်ကျော်သရုပ်ဆောင်များဖြစ်နေသည့် ဟျုဂရန့်၊ မယ်ဂစ်ဆွန်၊ အာနိုးရှဝါဇင်နက်ဂါ၊ ဂျော့ဂ်ကလူနီ၊ ကယ်ဗင်ကော်စနာ၊ ဂျော်နီဒပ်နှင့် ဒန်နီယယ်ဒေးလူးဝစ် ကဲ့သို့သော ပုဂ္ဂိုလ်များကို ဦးစွာကမ်းလှမ်းခဲ့ခြင်းဖြစ်လေ၏။ သို့သော် ၁၉၉၅ ၏ Batman Forever အလွန်တွင် ဘရုစ်ဝိန်း (ဝါ) လင်းနို့လူသားဇာတ်ကောင်နေရာ၌ ဆက်လက်သရုပ်မဆောင်တော့လိုသော ဗယ်လ်ခေးမားသည် The Saint နေရာအတွက် အရွေးခံခဲ့ရလေ၏။ The Saint သည် စောရတစ်ဦးဖြစ်သော်ငြား သူတော်စင်တို့၏ အမည်နာမမျိုးစုံကို ထည်လဲအသုံးချ၏။ ဂျွန်ရော့စီ၊ မာတင်ဒီပိုရက်၊ ဘရူနိုဟော်တန်ဖရော့၊ သောမတ်မိုး၊ နီကိုလက်အိုဝင်၊ လူးဝစ်ဂွမ်နယ်လာ၊ ပီတာဒေမီယံ၊ ချားလ်ဘိုရိုမီရို စသည့် သူတော်စင်နာမည်တို့ကို လိုအပ်သည့်နေရာတို့တွင် လိုအပ်သလို သုံး၏။ ရုပ်ပြောင်းရုပ်လွှဲအရာတွင်လည်း တစ်ဖက်ကမ်းခတ်ကျွမ်းကျင်၏။ ပစ္စည်းကိရိယာအဆန်းတို့ကိုလည်း သူကိုယ်တိုင်ထွင်ပြီး သုံးတတ်သေး၏။ သူ၏ အလုပ်ရှင်သည် မည်သူမည်ဝါဖြစ်‌ကြောင်းကိုလည်း စိုးစဉ်းမျှ ဂရုမစိုက်။ အပ်သည့်အလုပ်နှင့်ထိုက်တန်သော ငွေကြေးအသပြာရလျှင် အင်မတိအင်မတန် လုံခြုံပါဘိဆိုသည့်အရာကိုပင် ရအောင် ခိုးပေးနိုင်ပေသော‌ စောရတစ်ဦးဖြစ်‌လေ၏။ ထိုသို့ မိမိကျွမ်းကျင်လိမ္မာရာနယ်ပယ်၌ ဆရာတစ်ဆူဖြစ်သော၊ မိမိအလုပ်ကိုယ်မိမိ တိတိကျကျ သွေးအေးအေးဖြင့် မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်တတ်သော The Saint ၏ သံမဏိနှလုံးစိုင်သည် သိပ္ပံပညာရှင်မလေးတစ်ယောက်၏နှုတ်ခမ်းပါးများဝယ် အရည်ပျော်ကျခဲ့ရလေသည်။ အချုပ်ဆိုရသော်… The Saint သည် ရဲရင့်၏။ The Saint သည် ဖျတ်လတ်၏။ The Saint သည် စွန့်စား၏။ ထို The Saint ၏ စိတ်ဝင်စားစရာ… အသည်းထိတ်စရာ… အံ့ဩဘနန်းဖြစ်စရာ… လှုပ်ရှားမှုများကား… P.S – အဆုံးစာကြောင်းများအတွက် ဆရာကြီးရွှေဥဒေါင်း၏ သူတော်စိန်စာအုပ် ကျောဘက်မျက်နှာဖုံးမှ စာများကို ယူသုံးထားပါသည်။ (ဤဓာတ်ရှင်အား 666 မှ ပြန်ဆိုပေးထားပါသည်) Size – 2.5GB, 1.05GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 56Min Genre – Action, Adventure, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

6.2 1997
The Saint
Guthlee Ladoo
7.7

Guthlee Ladoo (2023) ဂူသလီးနဲ့လဒူး IMDb-7.8/10 Sanjay Mishra နဲ့ Subrata Datta တို့လို ဝါရင့်အနုပညာရှင်ကြီးနှစ်ယောက်နဲ့ ကလေးတွေရဲ့ညသရုပ်ဆောင်ချက်တွေကို ရင်ထဲထိနေအောင် ရှုစားရမဲ့ကားပါ ဘဝမှာ ရှင်သန်ရတဲ့အနေအထား ပတ်ဝန်းကျင်တူရင်တောင် စိတ်ကူးရည်မှန်းချက်တွေကမတူညီကြပါဘူး ကလေးငယ်တွေရဲ့စိတ်ကူးရည်မှန်းချက်ကွဲပြားသွားတာက မိဘတွေရဲ့အတွေးခံယူမှု သင်ကြားပြသမှုတွေနဲ့ အများကြီးသက်ဆိုင်ကြောင်းဒီကားမှာမြင်တွေ့ရမှာပါ ဂူသလီး နဲ့ လဒူးဆိုတာ သန့်ရှင်းသမားကြီး‌တွေရဲ့ သားတွေပေါ့ ဂူသလီးရဲ့အဖေက ပညာနဲ့ဒီဘဝကနေလွတ်မြောက်အောင်လုပ်နိုင်တယ်လို့ သင်ကြားပေးတဲ့သူ လဒူးရဲ့အဖေကတော့ ကံကြမ္မာဆိုတာပြောင်းလဲလို့မရဘူးဆိုပြီး ဒီဘဝကိုပဲလက်ခံတတ်အောင်သင်ကြားပေးတဲ့သူ ဂူသလီးလေးက ကျောင်းစာသင်ခန်းတွေရဲ့ အပြင်ကနေ စာတွေလိုက်သင်ပညာကို အရမ်းတောင့်တလိုချင်နေပေမဲ့ လဒူးလေးကတော့ လဒူးမုန့်ချိုတွေပဲအမြဲစားချင်နေတဲ့ ဝတုတ်လေး ဂူသလီးလေး စာအရမ်းတတ်ချင်တာကို သိလို့ပံ့ပိုးချင်ကြသူတွေရှိသလို သန့်ရှင်းရေးသမားသားဆိုတာနဲ့ အဆင့်အတန်းခွဲ နှိမ်ထားချင်သူကလည်းအပြည့် ဇွဲမသေးတဲ့ ဂူသလီးနဲ့ အားပေးတန်တဲ့အဖေကြောင့် ဒီကလေးအနာဂတ်က အပြောင်းအလဲတွေဖြစ်လာမလား…| လူ့အဖွဲ့အစည်းရဲ့ဖိနှိပ်မှုတွေကြားမှာ အရှုံးပေးသွားရမလား လဒူးလေးကရော သူငယ်ချင်းဂူသလီးနဲ့အတူပြောင်းလဲလာမလားဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ Yunni ~ ToMo ~ Sai တို့ပဲဖြစ်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.7 2023 105 mins
Guthlee Ladoo
Klip Anker Baai

Klip Anker Baai (2023) ဇာတ်လမ်းအညွှန်း အဲလက်စ်ဒွန်နေးက သူမရဲ့ ဖခင်နဲ့ အဆင်မပြေဖြစ်ပြီး မွေးရပ်မြေကို စွန့်ခွာကာ မြို့ကြီးပြကြီးမှာ အသက်မွေးဝမ်းကျောင်းပြုအောင်မြင်နေသူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ သူမရဲ့ ဖခင် ပင်လယ်ထဲထွက်ရင်း သေဆုံးသွားတဲ့ အကြောင်း သူမရဲ့ အစ်ကိုနဲ့ အဒေါ်တို့က လှမ်းအကြောင်းကြားလိုက်တဲ့အခါ သူမဖခင်ရဲ့ နာရေးကိစ္စအတွက် မွေးရပ်မြေကို ပြန်လာဖို့ အကြောင်းဖန်လာပါတော့တယ်။ နာရေးအခမ်းအနားကိုရောက်လိုက်မှ သူမဖခင်ရဲ့ သေဆုံးမှုက သွေးရိုးသားရိုးမဟုတ်မှန်း သိလိုက်ရပါတော့တယ်။ သူမဖခင်ရဲ့ သေဆုံးမှုနောက်ကွယ်က တကယ့်အဖြစ်မှန်ကဘာလဲဆိုတာကို သူမဖော်ထုတ်နိုင်မှာလား။ သူမရဲ့မွေးရပ်မြေမှာလည်း ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ လုပ်ငန်းတွေနဲ့ မြေတွေကို ကုမ္ပဏီအကြီးကြီးတစ်ခုက ဖိအားပေးလိုက်လံဝယ်ယူနေတဲ့အခါ သူမဘယ်လိုဖြေရှင်းပေးမလဲ။ သူမဖခင်သေဆုံးမှုကရော ထိုကုမ္ပဏီကလူတွေရဲ့ လက်ချက်များဖြစ်နေမလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အညွှန်းရေးသားပြီး ဘာသာပြန်သူကတော့ nway oo k zaw ဖြစ်ပါတယ်။ File size…(1.6 GB)/(794 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
Klip Anker Baai
Encounter Love
5.8

CM ကနေ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ကျေးလက်အလှရှုခင်းတွေကို ခံစားလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင် မာစတာကျောင်းသူ တစ်ယောက်ကျိုးယွဲ့ဟာ သူ့ကောင်လေးနဲ့ အတူနေပြီး ကိုယ်ဝန်ရှိသွားခဲ့ချိန်မှာတော့ ကောင်လေးက လက်မခံခဲ့ပါဘူး အဲ့လိုနဲ့ပဲ မိဘတွေရှိတဲ့ ရွာကိုပြန်သွားတဲ့လမ်းမှာ လီဝေဆိုတဲ့ ကောင်လေးနဲ့ဆုံတွေ့ခဲ့ပါတယ် ကျိုးယွဲ့တစ်ယောက် ရွာထိပ်လမ်းမှ ာ အိမ်ရောက်ရင် အဖေရိုက်မှာကိုကြောက်ပြီး ငိုနေခဲ့တာကို လီဝေကမကြည့်ရက်ဘဲနဲ့ လက်ထပ်မှတ်ပုံတင်ထားဟန်ဆောင်ပြီး လိုက်သွားပေးခဲ့ပါတယ် သူ့အဖေကတော့ ထင်ထားတဲ့အတိုင်း သဘောမတူပေမယ့်လည်း နောက်ဆုံးမှာ သဘောတူပြီးတော့ ရွာမှာ မင်္ဂလာပွဲကျင်းပပေးဖို့ လုပ်ပါတော့တယ် လီဝေက တစ်ရက်ပဲကူညီပေးဖို့ဆုံးဖြတ်ထားခဲ့ပေမယ့် ဒီလိုမျိုး လူကြီးတွေကပါ မင်္ဂလာပွဲစီစဉ်တာတွေနဲ့ကြုံရချိန်မှာတော့ ဘာတွေဆက်ဖြစ်မှာလဲ တကယ်လက်ထပ်ဖြစ်သွားမှာလား ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
Encounter Love
Across the Furious Sea
6.7

Across the Furious Sea (2023) IMDb Rating (6.7) / Rotten Tomatoes (89%) ရှေးရိုးစွဲအယူများနဲ့ ပြည့်နေတဲ့ ကျွန်တော်တို့အရှေ့ပိုင်းဒေသတွေမှာ ဒုက္ခပြဿနာတွေဆိုတာ ရှိစမြဲပါ။ အချစ်၊ အမုန်း၊ မေတ္တာ၊ မုဒိတာ အစရှိတဲ့အရာတွေဟာ အစဉ်အလာ ဓလေ့ထုံးတမ်းရဲ့လွှမ်းမိုးမှုကို ခံလိုက်ရတဲ့အခါ လောကဓံရဲ့ဆိုးကျိုးဟာ ပုထုစင်လူသားတွေ မခံမရပ်နိုင်လောက်အောင် ရိုက်ချပုတ်ခတ်တတ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကျင်လိနာ (နာနာ) လို့ခေါ်တဲ့ မိန်းမငယ်လေးတစ်ယောက်ဟာ ဂျပန်မှာကျောင်းသွားတက်ရင်း ရုတ်တရက်အကြီးအသတ်ခံရတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒါကိုသိသွားတဲ့ သူ့ရဲ့တရုတ်ပြည်က ဖခင်ဟာ မခံမရပ်နိုင်ဖြစ်ပြီး ဂျပန်ကို အပြေးအလဲထွက်လာခဲ့ပါတယ်။ နာနာဟာ ဖခင်လက်အောက်ကထွက်လာခဲ့ပြီးနောက်ပိုင်း ကောင်လေးနဲ့အတူနေခဲ့တာဖြစ်တဲ့အတွက် ရည်းစားဖြစ်သူကို ဖခင်ကလိုက်ရှာခဲ့ပါတယ်။ မှုခင်းဆေးစစ်ချက်အရ နာနာဟာ မသေခင်နာရီပိုင်းအလိုမှာ အသေးစားဓားဒဏ်ရာများစွာရခဲ့ပြီး ဖြည်းဖြည်းချင်းသွေးထွက်လွန်ပြီးတော့မှ ဆုံးပါးသွားခဲ့တာပါ။ ဒီလိုနဲ့ ကောင်လေးရဲ့ အကြမ်းဖက်မှုကြောင့် ဆုံးပါးသွားပါတယ်လို့ ရဲတွေကောက်ချက်ချခဲ့တဲ့အချိန်မှာ ယူကျုံးမရဖြစ်တဲ့ ဖခင်ဖြစ်သူ ကျင်ယွန်ရှိဟာ လက်စားချေဖို့ စိတ်ဆုံးဖြတ်ခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(2.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Mystery, Thriller Duration….02:24:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

6.7 2023 144 mins
Across the Furious Sea
Abandon
4.8

Abandon (2002) IMDb Rating (4.8) နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားပြီး ဇာတ်ညွှန်းရေးသားသူနဲ့ဒါရိုက်တာကစတီဖန်ဂက်ဟန်(Stephen Gaghan)ဖြစ်ပါတယ်။ ရဲအရာရှိ ဝိတ်ဟန်ဒလာ(ဘင်ဂျမင်ဘရတ်)ကို လွန်ခဲ့တဲ့နှစ်နှစ်က ပျောက်သွားတဲ့ကောလိပ်ကျောင်းသား အမ်ဘရီလားကင်(ချာလီ ဟန်နမ်)ရဲ့အမှုကိုစုံစမ်းဖို့တာဝန်ပေးလိုက်ပါတယ်။ ဝိတ်ဒ်ကအမ်ဘရီရဲ့ရည်းစားကောလိပ်ကျောင်းသူကေတီဘာ့ခ်(ကေတီဟုမ်း) နဲ့သူငယ်ချင်းတွေကို မေးမြန်းစုံစမ်းရင်းတစ်ဖြည်းဖြည်းကေတီနဲ့ တော်တော်ရင်းနှီးလာပါတယ်။ ကေတီက အိပ်ပျော်ဖို့ခက်ခဲတာရယ် စိတ်ဖိစီးမှုရှိတာရယ်ကြောင့် ဒေါက်တာဒေ့ဗ်ဆီမှာသွားပြနေရပါတယ်။ကေတီက အမ်ဘရီ့ကိုအမြဲအိပ်မက်မက်နေတတ်ပါတယ်။ ကေတီ့အပြောအရ အမ်ဘရီပြန်လာပြီဆိုတာကိုဝိတ်ဒ်နဲ့ကေတီ့သူငယ်ချင်းဆမန်သာသိလိုက်ရပါတယ်။ အမ်ဘရီပြန်ရောက်လာတဲ့အခါရဲအရာရှိဝိတ်ဒ်ကိုရော သူငယ်ချင်းဟာရစ်ဆင်ကိုပါ မနာလိုဖြစ်နေပါတယ်။ ကြားထဲမှာဟာရစ်ဆင်ပျောက်သွားလို့ အမ်ဘရီကတစ်ခုခုလုပ်လိုက်တယ်ထင်ပြီး ကေတီက အမ်ဘရီ့ကျေးလက်အိမ်ထိလိုက်မေးပါတယ်။ အမှုအတွက်ရလာတဲ့ သက်သေခံပစ္စည်းတစ်ချို့ကို ကျွမ်းကျင်သူဆီမှာစစ်ခိုင်းတာမှာ ထူးဆန်းတဲ့အချက်တွေပေါ်လာပြန်ပါတယ်။ နှစ်နှစ်ကြာပြီးမှအမ်ဘရီဘာလို့ ပြန်ပေါ်လာသလဲ ဟာရစ်ဆင်ဘာဖြစ်သွားလဲဝိတ်ဒ်နဲ့ အမ်ဘရီတွေ့မလား? ကေတီနဲ့ပြန်ပေါင်းထုပ်မှာလား။ ရုပ်ရှင်က လှည့်စားချက်ကလေးတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားတဲ့အတွက် အဆုံးကျမှဇတ်ရည်လည်ပြီး ခေါင်းထဲစွဲကျန်စေမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံက ကောလိပ်ကျောင်းတက္ကသိုလ်တွေရဲ့ အလေ့အထတစ်ချို့နဲ့ကျောင်းသူကျောင်းသားတွေရဲ့ကျောင်းသားဘဝ ပညာရေးနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်းမြင်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khin Sakar Khin ဖြစ်ပါတယ်။) File size…(1.6 GB) / (780 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Mystery, Romance, Thriller Duration….01:39:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khin Sakar Khin

Family • Comedy • Animation • Adventure • Mystery
4.8 2002 99 mins
Abandon
Gemini
6.2

Gemini (2002)”ဂျီမီနီ” ================= ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Gemini ဆိုတဲ့ ဒီရုပ်ရှင်လေးဟာဆိုရင် မေလ ၂၁ ရက်နေ့နဲ့ နဲ့ ဇွန်လ ၂၁ ရက်နေ့ကြားမှာမွေးတဲ့ မေထုန်ရာသီဖွားတွေအကြောင်းကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာ မဟုတ်ဘဲ ဂျီမီနီဆိုတဲ့နာမည်နဲ့လူဆိုးတစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဂျီမီနီဆိုတာကတော့ တမီလ်နာဒူးပြည်နယ်ထဲမှာရှိတဲ့ မြို့ငယ်လေးတစ်မြို့က လူမိုက်တစ်ယောက်ပါ။ သူဟာ အစတုန်းက မြို့ခံဂိုဏ်းစတားကြီးတွေဆီမှာ အလုပ်လုပ်ခဲ့ပေမဲ့ သူအလုပ်လုပ်ပေးတဲ့ ဂိုဏ်းစတားတိုင်း အဖမ်းခံရ အရှော့ခံရဖြစ်ကုန်တဲ့အတွက် သူယုံကြည်ရတဲ့သူတွေကို စုပြီး ကိုယ်တိုင် ဂိုဏ်းစတားလုပ်ဖို့ ကြံစည်ပါတော့တယ်။ သူဟာ ဂိုဏ်းစတားတစ်ယောက်အနေနဲ့ အထိုက်အလျောက်အောင်မြင်ခဲ့ပေမဲ့ သူဌေးတစ်ယောက်ရဲ့ သမီးအလှလေးကို မေတ္တာသက်ဝင် ချစ်ခင်စုံမက်မိသွားချိန်မှာတော့ ဂိုဏ်းစတားပေါက်စ ဂျီမီနီရဲ့ဘဝလမ်းကြောင်းတွေ ပြောင်းလဲခဲ့ရပုံကို ဒီ တမီလ်စကားပြော အက်ရှင်ဒရာမာရုပ်ရှင်လေးထဲမှာ မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Horror • Action • Crime
6.2 2002 160 mins
Gemini
Madraskaaran
4.8

Madraskaaran (2025) “အိပ်မက်များ” အသစ်စက်စက် တမီးလ်အက်ရှင်ဇာတ်ကြမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ် သရုပ်ဆောင်တွေအနေနဲ့ Shane Nigam နဲ့ Niharika Konidela တို့က အဓိကပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကိုပြောရရင် နယ်မြို့လေးတစ်မြို့က ဆတ်တယာဟာ ချန်နိုင်းမြို့သူလေး မီရာ့ကိုမှ တန်းတန်းစွဲချစ်သွားခဲ့ပြီး သူတို့နယ်လေးမှာ အမျိုးတွေအများကြီးနဲ့ ခြိမ့်ခြိမ့်သဲမင်္ဂလာဆောင်ကျင်းပဖို့ စီစဉ်နေကြတာပါ ဒါပေမဲ့ ကံဆိုးချင်တော့ သတိမမူမိတဲ့ အမှုမဲ့အမှတ်မဲ့ ကိစ္စလေးတစ်ခုကြောင့် ပြဿနာတွေ မီးခိုးကြွက်လျှောက်လိုက်လာပြီး နှစ်ကိုယ်တူမက်ခဲ့တဲ့ အတူပေါင်းဖက်ရဖို့ အိမ်မက်တွေနဲ့ တစ်စစီဝေးကွာသွားမလား ပြန်လည်ပြုပြင်ဖို့ ကြိုးစားလို့ရနိုင်ဦးမှာလား ဆက်လက်ကြည့်ရှုလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

4.8 2025
Madraskaaran
The Nighthawk’s First Love
6.4

The Nighthawk’s First Love (2022) ********************************* IMDb… 6.4 ဒီတစ်ခါ CM ပရိသတ်ကြီးအတွက် reality ဆန်တဲ့ ဂျပန်ဇာတ်ကားတစ်ကားနဲ့ မိတ်‌ဆက်ပေးပါရစေ။ မိန်းကလေးတွေတင်မဟုတ်ဘဲ ယောက်ျားလေးတွေမှာ စိတ်မလုံခြုံမှု insecurity တွေရှိကြတာပါပဲ။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာပုံပန်းသဏ္ဍာန်၊ ဖြစ်တည်မှု အနိမ့်အမြင့် စတဲ့ မတူညီမှုတွေပေါ့… တချို့ insecurity တွေက ပြောင်းလဲလုပ်ယူလို့ ရပေမဲ့ တချို့ကျတော့ လုပ်ယူဖို့ ခက်ခဲပါတယ်။ ဒီဇာတ်ကားလေးထဲမှာဆိုရင် မျက်နှာပေါ်မှာ မွေးရာပါအမှတ်ကြီး ပါလာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ သနားစရာ ဘဝအကြောင်းကို ကြည့်ရှူရမှာပါ။ မိန်းကလေးတစ်ယောက်ရဲ့ အလှဟာ အမျိုးမျိုးရှိတတ်ပေမဲ့ မျက်နှာကတော့ လူတွေအတွက် first impression ဆိုလည်း မမှားပါဘူး… အဲဒီ မျက်နှာပေါ်မှာ ဝက်ခြံပေါက်ရင်တောင် စိတ်မလုံမခြုံဖြစ်ဖူးကြရင် သူ့လို မွေးကတည်းက အမည်းရောင် အကွက်လိုက် ပါလာရင် ဘယ်လိုခံစားရမလဲ။ အဲဒီမိန်းကလေးက ငယ်ငယ်ကတည်းက အတန်းထဲမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာ‌တွေ၊ သူကြုံတွေ့ခဲ့ရတာတွေကို စာအုပ်ထုတ်ရေးတဲ့အခါမှာ ပေါက်သွားပါတယ်။ အင်တာဗျူးချင်တဲ့သူတွေကို ငြင်းဆန်‌ခဲ့ပေမဲ့ စီနီယာတစ်ယောက်ရဲ့ ‌ တောင်းဆိုမှုကြောင့် သူ့စာအုပ်ကို ဇာတ်လမ်းပြန်ရိုက်ချင်တဲ့ ဒါရိုက်တာတစ်ယောက်နဲ့ တွေ့ဆုံဖို့ အကြောင်းဖန်လာပြီး သူ့ရဲ့ ပင်ကိုမျက်နှာကို လက်ခံတဲ့ ဒါရိုက်တာနဲ့ ချစ်မိသွားတဲ့အခါမှာတော့… ဘာတွေ ဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Reddy ပဲ ဖြစ်ပါတယ်။) File Size : 1.76GB/590MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:41:03 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Reddy Encoded by Tiff

6.4 2022 98 mins
The Nighthawk’s First Love