YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

My Friend, The Enemy(2022).EP.3.WEB-DL1080P(CM).mp4

1.05 GB N/A video/mp4 331 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and the Mystery of the Phantom Flame
6.6

Detective Dee and the Mystery of the Phantom Flame (2010) IMDb Rating (6.6) / Rotten Tomatoes (80%) စုံထောက် ဒီး ... တရုတ်ပြည် ဂန္ဓာလရာဇ်ရဲ့ ကျော်ကြားတဲ့ အမှုလိုက်၊ အကြံပေး သက်‌တော်ရှည် အမတ်ကြီး။ အမည်ရင်းက ဒီးလျန်ကျယ် ပါ။ တရုတ်အမည်ကို မြန်မာလိုဖလှယ်တာဖြစ်လို့ မူကွဲတွေ၊ ခြားနားချက်တွေရှိပါတယ်။ အဲဒါတွေထဲကမှ မြန်မာနား၊ မြန်မာပါးစပ်နဲ့ အာထိလျှာထိရှိလှတဲ့ ဒီး ကို ကျွန်တော်အကြိုက်ဆုံးပါပဲ။ မင်းမှုထမ်းမျိုးရိုးကနေဆင်းသက်ပြီး စာပေလေ့လာရေးအားကောင်းတဲ့၊ ဉာဏ်ပညာကြီးမားတဲ့ ယောက်ျားကောင်းတစ်ယောက်ပါ။ ခက်ခဲနက်နဲတဲ့အမှုတွေကို အမှုစစ်တစ်ယောက်အနေနဲ့ စုံစမ်းဖော်ထုတ်နိုင်သူ၊ တရားမမှုတွေကို မှန်ကန်စွာအဖြေထုတ် ဆုံးဖြတ်နိုင်တဲ့ တရားသူကြီး၊ ဘုရင်လုပ် အုပ်ချုပ်သူတွေအဆက်ဆက် အကြံပေးနိုင်တဲ့ သက်တော်ရှည်အမတ်၊ သမိုင်းမှာ ကျော်ကြားထိုက်သူပါပဲ။ တိုင်းပြည်အတွက် သူထမ်းခဲ့တဲ့အကျိုးကျေးဇူးတွေများလွန်းလို့ ဂန္ဓာလရာဇ်ရဲ့ ဂန္ဓဝင်အမတ်ကြီး ပေါင်ကျင်းထျန်း နဲ့ထပ်တူ ဂုဏ်ပြုရသူကြီးပါ။ ကိုယ်ကျိုးမဖက် အမှန်တရားသက်သက်အတွက်နဲ့ သက်ဦးဆံပိုင်ဧကရာဇ်ဘုရင်တွေကို အလိုမလိုက်၊ မှန်ရာကိုလျှောက်တင်ရဲ၊ လုပ်ရဲကြတဲ့နေရာမှာ ပန်းအတူဝင်ကြတဲ့ ပြိုင်မြင်းနှစ်ကောင်လိုပါပဲ။ တိမ်တောင်သဖွယ် မင်းရေးကျယ်တဲ့ ဇာတ်ရှုပ်လောက ထီးနန်းထက်က သပွတ်အူကိစ္စတွေမှာ ဒီး ရဲ့ လိမ္မာပါးနပ်မှု၊ မျက်စိတစ်ဆုံးကြည့်တတ်မှု၊ တိုင်းပြည်အရေးကို ရှေ့တန်းတင်တတ်မှုတွေကြောင့် တိုင်းပြည်သမိုင်း မရိုင်းခဲ့တာတွေရှိပါတယ်။ ဧကရာဇ်မင်းသုံးဆက်တိုင်တိုင် အမှုထမ်းခဲ့ပြီး တန်ဖိုးရှိလှတဲ့ သက်တော်ရှည်အမတ်ကြီးပေါ့။ ဧကရာဇ်မင်း ရွတ်ကျုံးလက်ထက်မှာ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်က ဒီး ကို အဆင့်မြင့်လက်နက်တစ်ခုဖြစ်တဲ့ ကျိုင်းတစ်ခု နှင်းအပ်ခဲ့ပါတယ်။ ဒီး ရဲ့ ဝိသေသတစ်ခုဖြစ်လာခဲ့ပြီး နဂါးနိုင်ဓားလို့လည်း ခေါ်ကြပါသေးတယ်။ ဒါပေမဲ့ ဧကရာဇ် ရွတ်ကျုံး ကို အရာချပြီး တရုတ်သမိုင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လာမယ့် ဝူ နန်းတက်လာပါတယ်။ ဒီဇာတ်လမ်းဟာ အဲဒီအချိန်မှာ ဖြစ်ပျက်ခဲ့တာပါ။ ပလ္လင်ပေါ် မိန်းမရောက်နေတာ မကြိုက်တဲ့ ဆွေမျိုးတော်တွေ၊ မူးမတ်တွေ တထွေးကြီးကို သွေးချောင်းစီးသတ်ဖြတ်ခဲ့လို့ ဒီး က ဧကရာဇ် ဝူ ကို အာဏာဖီဆန် ပုန်ကန်ခဲ့ပါသေးတယ်။ ဒါက ဇာတ်လမ်းထဲမှာ ဖြစ်ပျက်တာကို ပြောတာပါ။ ပုန်ကန်သူအဖြစ် အရုဏ်တက် လည်ဖြတ်အပြစ်ဒဏ်ကို မခံရတာတော့ တွေးစရာရှိပါတယ်။ အကျဉ်းထောင်မှာ ၈ နှစ်ပဲ နေခဲ့ရပါသတဲ့။ စုံထောက် ဒီး နဲ့ ဆန်းကြယ် တစ္ဆေမီးတောက်အမှုဇာတ်ကားက ဧကရာဇ် ဝူ နန်းသိမ်းပွဲတက်ကာနီးအချိန်ကို အခြေတည်ထားပါတယ်။ ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့ပြီး Andy Lau က ဒီး အဖြစ်သရုပ်ဆောင်တဲ့ တစ်ကားတည်းသောဇာတ်ကားမလို့ လူသိများပြီး အကြိုက်တွေ့ကြတဲ့ရုပ်ရှင်ပါ။ မကြည့်ဖူးတဲ့သူ ရှားလိမ့်မယ်လို့ထင်ပါတယ်။ ဧကရာဇ် ဝူ ဟာ ပထမဆုံး အမျိုးသမီးဧကရာဇ်ဖြစ်လို့ ပြည်သူထောက်ခံမှုရအောင် နန်းတွင်းထဲက ကွမ်ရင်မယ်တော်ရုပ်တုတွေရဲ့မျက်နှာမှာ သူ့မျက်နှာပုံစံတူတွေ ထုလုပ်ခဲ့ပါတယ်။ နန်းတော်ထဲမှာလည်း ကြီးမားလှတဲ့ ကွမ်ရင်မယ်တော် မတ်တပ်ရုပ်ပွားတော်ကို သူနဲ့မျက်နှာတူ ထုလုပ်ပြီး သူဟာ ကွမ်ရင်မယ်တော်ဝင်စားသူအဖြစ် သတင်းဖြန့်ခဲ့ပါတယ်။ ရုပ်ပွားတော် တည်ထားနေတဲ့ကာလမှာပဲ ရုပ်ပွားတော်တည်ဆောက်ရေး စစ်ဆေးရေးမှူး အဆင့်လေး ရာထူးရှိ အရာရှိမင်းတစ်ယောက် နေရောင်အောက်မှာ အလိုလိုမီးထလောင်ပြီး သေသွားတဲ့အခန်းနဲ့ ဇာတ်လမ်းစပါတယ်။ လူတစ်ယောက်ကိုယ်တွင်းကနေ အစပျိုးလောင်မြိုက်သေရတဲ့အမှုဖြစ်လို့ ဖြေရှင်းနိုင်မယ့် အမှုစစ်တစ်ယောက် လိုလာပါပြီ။ ပုန်ကန်သူအဖြစ် အကျဉ်းကျနေတဲ့ စုံထောက် ဒီး ကို ဧကရာဇ် ဝူ မဖြစ်မနေပြန်ခေါ်ပြီး ရာထူးပြန်ပေးခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ် အဆင့်‌သုံး ရာထူးရှိ စစ်ဆေးရေးမှူးတစ်ယောက် အမှုဖော်ထုတ်နေဆဲ အရင်အရာရှိမင်းလို မီးလောင်သေရပြန်တာကြောင့်ပါ။ စုံထောက် ဒီး က စုံစမ်းရေးမှူးတာဝန်ယူပြီး များမကြာခင်မှာ အဆိပ်တစ်မျိုးမိလို့ အဲဒီအဆိပ်က နေရောင်အောက်မှာ မီးလောင်စေတယ်ဆိုတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဧကရာဇ် ဝူ နန်းတက်မယ့်အခမ်းအနားမတိုင်မီ ပြီးစီးအောင် တည်ဆောက်နေတဲ့ ကွမ်ရင်မယ်တော် ရုပ်ပွားတော်ကြီးရယ်၊ ဧကရာဇ် ဝူ နန်းတက်မှာကို အသည်းအသန် တားမြစ်လိုကြတဲ့ သဘောထားမညီသူတွေရယ်၊ ထီးနန်းကို သွေးချောင်းစီးပလ္လင်အထိ အရသိမ်းမယ့် ဧကရာဇ် ဝူ ရယ်၊ နက်နဲလှတဲ့အမှုကို အမှုမှန်ပေါ်အောင် အသက်အန္တရာယ်ကြားက စုံစမ်းရတဲ့ စုံထောက် ဒီး ရယ်တို့ရဲ့ အရှုပ်တော်ပုံကို အရသာရှိရှိ မြည်းစမ်းနိုင်တဲ့ဇာတ်ကားပါပဲ။ သမိုင်းအရတော့ ဒီး ဟာ ဧကရာဇ် ဝူ လက်ထက်မှာ စစ်တပ်အကြံပေးတပ်မှူးပါဖြစ်ခဲ့ပြီး ခီတန် တွေနဲ့တိုက်ပွဲမှာ အစွမ်းပြနိုင်ခဲ့ပါတယ်။ နောက်ဆုံး ဝူ လက်ထက်မှာ သေဆုံးတဲ့အထိ သက်တော်ရှည်အမတ်ကြီးအဖြစ် တာဝန်ထမ်းသွားပါတယ်တဲ့။ ဒီး ဇာတ်ကားတွေ အရေအတွက်တစ်ခုထိရှိပေမဲ့ Andy Lau သရုပ်ဆောင်တဲ့ဒီဇာတ်ကားက လူကြိုက်အများဆုံးပါ။ စုံထောက်ဒီးရဲ့ ငယ်ဘဝအကြောင်းရိုက်ကူးထားတဲ့ မင်းသား Mark Chao  ဒီးအဖြစ် သရုပ်ဆောင်ထားတဲ့ Young Detective Dee: Rise of the Sea Dragon (2013) နဲ့ Detective Dee: The Four Heavenly Kings (2018) ဇာတ်ကားများကိုလည်း ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ Arr Khun Winchester ဖြစ်ပါတယ်။) File size…(3.1 GB)/(1.2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:03:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Arr Khun Winchester

Action • Thriller
6.6 2010 123 mins
Detective Dee and the Mystery of the Phantom Flame
Whitney Houston: I Wanna Dance with Somebody
7.1

Whitney Houston ရဲ့ I Wanna Dance With Somebody ဆိုရင်တော့ စာသားဖတ်လိုက်တာနဲ့ခေါင်းထဲမှာသံစဥ်နဲ့အလိုက် ဆိုမိပြီးသားနေမှာပါ။ Whitney က သူ့ခေတ်သူခါမှာအဆိုတင်မဟုတ်ပဲ သူသရုပ်ဆောင်ခဲ့တဲ့ရုပ်ရှင်ကောင်းတွေလဲရှိခဲ့ပါသေးတယ်။ ဥပမာ ပြောရရင် The Bodyguard ပါ။ ၂၀၁၂ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ဂီတအသိုင်းအဝိုင်းတစ်ခုလုံးရော တစ်ကမ္ဘာလုံးမှာပါ သတင်းတစ်ခုရိုက်ခတ်ခဲ့တယ်။ အသက် ၄၈ နှစ်အရွယ်မှာတော့ Whitney တစ်ယောက်ဟာ အရွယ်မတိုင်ခင် ဆုံးပါးသွားခဲ့ရပါတယ်။ သေဆုံးရခြင်းအကြောင်းကတော့ ဂရမ်မီဆုပေးပွဲမတိုင်ခင်တစ်ရက်မှာ ကိုကင်းသုံးစွဲမှုကြောင့် နှလုံးရောဂါဖောက်ခဲ့ပြီး ရေချိုးကန်ထဲမှာရေနစ်သေဆုံးခဲ့ရတာပါ။ Whitney က ဆိုးသွမ်းတဲ့အနုပညာရှင်တစ်ယောက် မဟုတ်ခဲ့ပေမယ့် အောင်မြင်မှုရဲ့ရိုက်ခတ်မှုဒဏ်တွေ ဝေဖန်မှုဒဏ်တွေ ကိုယ်ရေးကိုယ်တာပြသနာတွေကြောင့် လမ်းတွေအများကြီးထဲက မကောင်းတဲ့လမ်းတွေကို Whitney ရွေးချယ်ခဲ့မိတယ် လို့ စိတ်မကောင်းစွာ ဆိုလိုက်ပါရစေ။ ဒီ အတ္ထုပ္ပတ္တိဇာတ်လမ်းမှာတော့ Whitney ကို ဘုရားပေးတဲ့အသံကိုပိုင်ဆိုင်ထားပေမယ့် ဘာမှမသိသေးတဲ့ မျက်စိသူငယ်နားသူငယ် ဆယ်ကျော်သက်အရွယ်လေးကနေ သူ့ဘဝအနိမ့်အမြင့်အတက်အကျ အောင်မြင်မှုကျရှုံးမှုတွေကို လိုက်ပါကြည့်ရှုရမှာပါ။ အဲ့ဒါအပြင် သီချင်းတွေအားလုံးနီးပါးကိုလဲ Whitney နေရာမှာ သရုပ်ဆောင်တဲ့မင်းသမီးလေးက သရုပ်ပဲဆောင်ပေးထားပြီး Whitney အသံတွေကိုပဲထည့်ထားတာကြောင့် Whitney ရဲ့သီချင်းကောင်းတွေကိုလဲ Whitney အသံစစ်စစ်နဲ့ တစ်ဝကြီးနားဆင်ရဦးမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size… 2.2GB | 1.1GB | 525MB Format… mp4 Duration…. 2h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... August

Drama • Horror • Mystery
7.1 2022 144 mins
Whitney Houston: I Wanna Dance with Somebody
Honeymoon with My Mother
6.4

ဒီတစ်ခါတော့ အမေနဲ့ ဟန်းနီးမွန်း ထွက်ကြည့်ကြရအောင်ပါ။ မင်္ဂလာဆောင်မှာ ကတိသစ္စာပြုတော့မယ့်ဆဲဆဲ သတို့သမီးကို သူ တကယ်ချစ်ရတဲ့သူက အချစ်သူရဲကောင်းဆန်ဆန် လာခေါ်သွားတဲ့ ဇာတ်ဝင်ခန်းမျိုး ကြည့်ဖူးကြမှာပါ။ ဒီဇာတ်လမ်းရဲ့ဇာတ်လိုက်ကြီးကတော့ ကြောင်တောင်တောင်နဲ့ ကျန်ရစ်ဖြစ်ခဲ့ရတဲ့ သတို့သားကြီး ဟိုဆေးလူးဝစ်ပါ။ မင်္ဂလာပွဲ ကုန်ကျ စရိတ်လည်းဆုံး သတို့သမီးလည်းဆုံး ဖြစ်နေတဲ့ ဟိုဆေးတစ်ယောက် ဟန်းနီးမွန်းအတွက် ပေးထားတဲ့ ပိုက်ဆံကလည်း ပြန်အမ်းခိုင်းလို့မရ ဖြစ်ရာကနေ သူ့အမေရဲ့ အကြံအတိုင်း အမေနဲ့အတူ ဟန်းနီးမွန်းထွက်ဖို့ ဖြစ်လာပါတော့တယ်။ သားအမိနှစ်ယောက် မော်ရေးရှပ်စ်ကျွန်းကို ဟန်းနီးမွန်းထွက်ကြရင်း ဇနီးမောင်နှံဟန်ဆောင်ကြရပုံတွေ တလွဲဖြစ်ကြပုံတွေကို ဟာသဆန်ဆန် ရိုက်ကူးထားတဲ့အပြင် သားအမိတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှုအလွဲတွေ အမေတစ်ယောက်ရဲ့ ခံစားချက်တွေကိုပါ မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းလေး ဖြစ်တာကြောင့် ကြည့်ရှူခံစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ် Genre.....Comedy Quality….WEB-DL 1080p and 720p File size…1.5GB and 830MB and 283MB Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Drama
6.4 2022 110 mins
Honeymoon with My Mother
Siam Square
6

လွန်ခဲ့တဲ့နှစ် ၃၀ ခန့်က စယမ်မှာ ရုတ်တရက်ကြီးမီးပျက်သွားပြီးကျောင်းသူမလေးတစ်ယောက်ဟာ လျှို့ဝှက်ဆန်းကြယ်စွာပျောက်ဆုံးသွားခဲ့ပါတယ် နောက်ပိုင်းမှာ ကောင်မလေးရဲ့ဝိညာဉ်က ယခုလက်ရှိအချိန်ထိစယမ်မှာသွားလာနေတုန်းပဲလို့ ခြောက်ခြားစရာကောလဟာလတွေပျံ့နေတော့တာပေါ့ အဲ့ဒီသရဲက သူနဲ့အတူနေဖို့တယောက်ယောက်ကိုခေါ်ချင်ရင် အဲ့ဒီလူရဲ့အိပ်မက်ထဲဝင်လာတတ်ပြီး အိပ်မက်ကနေနိုးလာရင်ညာဘက်လက်မှာ ကြိုးနီချည်ခံထားရတယ်တဲ့ ကြိုးနီချည်ခံရပြီဆိုရင် မကြာခင်သေရတော့မယ်ဆိုတဲ့ကောလဟာလတွေလည်း ပျံ့နေပါတယ် ဒါကို သရဲတကယ်ရှိမရှိအတည်ပြုချင်တဲ့ ကျောင်းသားတစ်ဖွဲ့က သရဲကိုဗွီဒီယိုရိုက်ဖို့သွားရင်း ဘယ်လိုခြောက်ခြားစရာတွေနဲ့ကြုံရမလဲ သရဲကရောတကယ်ရှိရဲ့လား ကြိုးနီပုံပြင်ကရောတကယ်လားဆိုတာ ဇာတ်ကားမှာကြည့်ရှူလိုက်ရအောင်... သည်းထိပ်ရင်ဖို ဇာတ်ကားကြိုက်တဲ့သူအတွက် ဒီကားက လုံးဝမလွှတ်သင့်တဲ့ကားလေးပါနော် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Nang Mwe Kham ပါ ) File Size__(1.9GB) / (1GB) Quality__1080p, 720p IMDb Rating__5.3/10 Format__mp4 Duration__01:53:00 Type__Drama , Horror, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Comedy • Drama
6 2017 111 mins
Siam Square
You Don’t Mess with the Zohan
5.5

You Don’t Mess with the Zohan (2008) Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကကို ထူးဆန်းတဲ့နည်းနဲ့ သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇိုဟန်တစ်ယောက် အမေရိကရောက်သွားတော့ ဘာတွေဆက်ဖြစ်မလဲ… ဘယ်လိုဆန်းပြားတဲ့အတွေ့အကြုံသစ်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Adam Sandler ထုံးစံ စခွီတစ်သိန်းနဲ့ မြင်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 53Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
5.5 2008 113 mins
You Don’t Mess with the Zohan
Zombie Town
4.2

Zombie Town (2023) ================ ဇွန်ဘီရုပ်ရှင်တွေကြည့်ရင်း ဇွန်ဘီတကယ်ဖြစ်သွားခဲ့ရင်လို့ တွေးမိဖူးပါသလား။ ဒီဇာတ်လမ်းမှာတော့ ဇွန်ဘီရုပ်ရှင်တွေကို စွဲလမ်းသူတွေနေထိုင်ရာ မြို့လေးဟာ တစ်မြို့လုံးနီးပါး ဇွန်ဘီဖြစ်သွားခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း – ကာဗာဗေးလ်ဆိုတာဟာ နာမည်‌ကျော် Horror ရုပ်ရှင်ဒါရိုက်တာကြီး လန်ကာဗာ နေထိုင်ရာ မြိုလေးပါ။ မြို့နာမည်ကို ဒါရိုက်တာနာမည်နဲ့ အစွဲပြုမှည့်ခေါ်ထားတဲ့ အထိတစ်မြို့လုံးက Horror နဲ့ Zombie fan တွေ ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူး ရေးက အနားယူထားတဲ့ ကာဗာတစ်ယောက် နှစ်ပေါင်းများစွာကြာမှ ရုပ်ရှင်တစ် ကားကိုတဖန်ပွဲထုတ်ဖို့ ဖြစ်လာပါတယ်။ အဲဒီသတင်းကြောင့် ရုပ်ရှင်ပထမဆုံးပွဲ ကိုကြည့်ဖို့တာဆူနေတဲ့ မြို့နေလူထုက အုန်းအုန်းကြွပ်ကြွပ်ပေါ့။ အဲဒီရုပ်ရှင်ပွဲဦးထွက်ပြမယ့်နေ့ မတိုင်ခင် ညဘက်မှာတော့ ရုပ်ရှင်ရုံအချိန်ပိုင်၀န် ထမ်း ကျောင်းသားလေး မိုက်ခ် ဟာ သူချစ်တဲ့ကောင်မလေး အေမီကြောင့် ကာ ဗာရဲ့ရုပ်ရှင်သစ်ကို ဖွင့်ကြည့်ရဖို့ ဖြစ်လာပါတယ်။ သူတိုနှစ်ဦးအကျအန နေရာယူ ပြီး ရုပ်ရှင်ဖလင်ကို စလည်ပတ်စေတဲ့အခါမှာတော့ တစ်မြိုလုံးကို ခြောက်ခြားဖွယ် ပြောင်းလဲသွားစေခဲ့ပါတယ်။ အဲဒီလိုနဲ့ ဇွန်ဘီဖန်မြို့နေလူထု ဘာတွေဖြစ်ကုန်မလဲ၊ တစ်မြို့လုံး ဘယ်လိုပြောင်းလဲသွားမလဲ၊ မှော်ဆန်ဆန် အဖြစ်အပျက်တွေကို ပြန်ပြု ပြင်နိုင်ပါဦးမလားဆိုတာကို သည်းထိတ်ရင်ဖိုခံစားမှုသာမက ဟာသ‌နဲ့ ဒရမ်မာကိုပါ ရောနှောကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.75 GB) / (625 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator…….C’mon Encoder……….SWM

4.2 2023
Zombie Town
There’s Something in the Barn

ဇာတ်လမ်းအကျဥ်းလေးကတော့ ဘေလ်တို့မိသားစုက အမေရိကားကနေ နော်ဝေးကိုအိမ်ပြောင်းလာခဲ့ကြတယ်။ ဘေလ်ရဲ့ဇနီး ကယ်ရိုလ်က ကလေးတွေရဲ့မိထွေးပါ။ အဲဒါကြောင့် ဘေလ်က မိသားစုဘဝသစ်တစ်ခုဖြစ်လာအောင် ဆုံးသွားတဲ့ဦးလေးဆီက အမွေရခဲ့တဲ့ နော်ဝေးကခြံကြီးဆီကို ပြောင်းလာခဲ့တာပေါ့။ ဒါပေမဲ့ ခြံကြီးမှာက ထူးခြားတဲ့တင်းကုပ်ကြီးတစ်ခုရှိနေတယ်။ အဲဒါကတော့ တင်းကုပ်ကြီးမှာ နတ်သူငယ်တွေရှိနေတာပါပဲ။ တင်းကုပ်နဲ့ပက်သက်ရင် စည်းကမ်းတင်းကျပ်တဲ့နတ်သူငယ်တွေဖြစ်လို့ သူတို့နဲ့အန္တရာယ်ကင်းကင်းနေချင်ရင် လိုက်နာရမယ့်အချက်တွေရှိတယ်။ အဲဒါတွေကတော့ တင်းကုပ်မှာဆူညံသံတွေမဖွင့်ဖို့၊ အလင်းရောင်စူးစူးတွေမထွန်းဖို့ပါပဲ။ ဒါပေမဲ့ စည်းမျဥ်းတွေအားလုံးကို ဘေလ်တို့မိသားစုကချိုးဖောက်မိတဲ့အခါ…။ File size…(1.5 GB)/(832 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Comedy, Horror, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Comedy • Crime • Romance
0 2023
There’s Something in the Barn
Tagaru Palya
8.7

Tagaru Palya (2023) “ချိုကုတ်မွှေတဲ့ ရိုးရာပွဲ” IMDb-8.9/10 ပရမ်ကူးမားလို့ နာမည်ကျော်တဲ့ ကန်နေဒါမင်းသားကြီး ပရမ်ရဲ့ သမီးချောလေး အမ်ရူသာပရမ်ရဲ့ ပွဲဦးထွက် ကန်နေဒါစကားပြော အိန္ဒိယဇာတ်လမ်းလေးကို တင်ဆက်ပေးပါရစေ။ ကျေးလက်သဘာ၀နဲ့ ရိုးရာဓလေ့တွေအပြင် အချစ် ဟာသရောနှောထားပြီး ဆိတ်ကလေးတကောင်ပါ အဓိကပါဝင်ထားတာမို့ အပျင်းပြေစရာ ရုပ်ရှင်တစ်ကားဖြစ်စေမှာပါ။ သမီးဖြစ်သူကို ဆင်စီးမြင်းရံတာမြင်ချင်တဲ့ ဖခင်တစ်ယောက်အနေနဲ့ သမီးဖြစ်သူကောင်းကောင်းမွန်မွန် အိမ်ထောင်မှုတစ်ခုပြုနိုင်ရင် ရိုးရာပွဲကျင်းပဖို့ရည်မှန်းထားပါတယ်။သူ့ရည်မှန်းချက်အောင်မြင်သွားတဲ့အခါမှာတော့ ရိုးရာဓလေ့အတိုင်း တောထဲက ဘုရားကျောင်းမှာ ဆိတ်တစ်ကောင်ကို ယဇ်ပူဇော်ပြီး ရိုးရာပွဲကျင်းပဖို့စီစဉ်ပါတော့တယ်။ သားမက်လောင်းက မြို့ပေါ်က အင်ဂျင်နီယာဆိုတော့ တစ်ရွာလုံးကိုကြွားလုံးထုတ်ပြီး ရိုးရာပွဲကိုဖိတ်ခဲ့ပါရော။ အသားနဲ့အရက်ပါမှာဆိုတော့ တစ်ရွာလုံးက ကာလသားကြီးငယ် မိန်းမပျိုအိုမကျန်လိုက်ကြတာပေါ့။ အဲဒီမှာပဲ အဖေ့စကားနားထောင်ပြီး လက်ထပ်ပါမယ်ဆိုတဲ့ သမီးဖြစ်သူရဲ့ ဖုံးကွယ်ထားတဲ့ အမှန်တရားပေါ်လာတဲ့အချိန်…။ ယဇ်ပူဇော်ဖို့ရာ သယ်လာခဲ့တဲ့ ချိုကုတ်နဲ့ဆိတ်ကလေးက အငြိမ်မနေပဲမွှေတဲ့အခါမှာတော့…။ အဖေဖြစ်သူတစ်ယောက် ဘယ်လိုတွေစီမံပြီး ဘယ်လိုဒုက္ခတွေ တွေ့မလဲဆိုတာ ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပါပဲ) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Family • Adventure • Drama
8.7 2023 130 mins
Tagaru Palya
[18+] Haslers

Haslers (2023) သီယာ၊ ချက်စ်ကာ၊ ဟေဇယ် နဲ့ ဆိုဖီယာတို့ဟာ အခြေခံလူ့အလွှာ၊ ဆိုးဝါးတဲ့ငယ်ဘဝတို့ကပေါက်ဖွားလာခဲ့ပြီး အခုချိန်မှာ အလုပ်တစ်ဖက်နဲ့ကျောင်းတက်ရင်း ဆင်းရဲတွင်းကလွတ်မြောက်ဖို့ ကြိုးစားနေကြတဲ့သူငယ်ချင်းလေးယောက်ပါ။ ဟေဇယ်တစ်ယောက်က ကျောင်းတက်ရင်း မူးယစ်ဆေးဖြန့်သလို အဆက်အသွယ်ကောင်း၊ပေါက်ရောက်တဲ့အတွက် ကျန်တဲ့သူငယ်ချင်းတွေ အကူအညီလိုတိုင်း ချိတ်ဆက်ပေးတာတွေလုပ်ပေးပါတယ်။ တစ်ကြိမ်မှာတော့ သူချိတ်ဆက်ပေးလိုက်တဲ့ အလုပ်တစ်ခုကြောင့် ချက်စ်ကာတစ်ယောက် ဒုက္ခရောက်တော့မယ့်အချိန်မှာ သူတို့သူငယ်ချင်းတွေအားလုံး လူကြီးသားတစ်ယောက်ရဲ့ပါတီမှာ အဲဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားရင်း သီယာနဲ့ဆိုဖီယာတို့ဘဝအတွက် ဆိုးဝါးတဲ့အတွေ့အကြုံတွေနဲ့ သေရာပါစိတ်ဒဏ်ရာတွေရရှိသွားခဲ့တဲ့အဖြစ်ဆိုးကြီးတစ်ခုကြုံခဲ့ရပါတယ်။ အဲဒီညနောက်ပိုင်းမှာ အားလုံးခပ်တန်းတန်းဖြစ်သွားကြပြီး ကိုယ့်ဘဝကိုယ်ရှေ့ဆက်ကြရင်း အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေ ကိုယ်စီမှာရှိနေကြပေမဲ့ သူတို့အားလုံးပြန်ဆုံဖို့အကြောင်းဖန်လာတာကတော့ ဟေဇယ်ရဲ့သေဆုံးမှုပါပဲ။ ဒီသေဆုံးမှုဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ညတစ်ညနဲ့ပတ်သက်နေဆဲလား… သူတို့ရဲ့လက်ရှိဘဝတွေအပေါ် ဘယ်လိုများသက်ရောက်စေနိုင်မလဲ… သူတို့သူငယ်ချင်းတွေရော အရင်လို ပြန်လည်ပေါင်းစည်းနိုင်ဦးမလား… ဆိုတာတွေကို ဆက်လက်ရှုစားကြပါ။ Vivamax မင်းသမီးလေးတွေ ဟဲဗီးဘာညာတွေတင်မက ဟဲဗီးဒရာမာတွေလည်းရတယ်ဆိုတာ ဒီကားမှာတွေ့မြင်ကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 855MB Quality – 1080p, 720p Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2023
[18+] Haslers
Universal Soldier: Regeneration
5.3

ဒီ​ရုပ်ရှင်​ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi​ အမျိုးအစား​ဖြစ်ပါတယ်။ အရင်​ဇာတ်ကား​တွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်​ထားပြီး​ သူ့ရဲ့ရန်သူတော် Andrew နေရာမှာ​ ၁၉၉၂ ရုပ်ရှင်​မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက​ ၁၉၉၂ ရုပ်ရှင်​ရဲ့ နောက်​ဆက်​တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier​ : The​ Return လိုပဲ​ ၁၉၉၂ ရုပ်ရှင်​ရဲ့နောက်ဆက်တွဲ sequel ဇာတ်​ကားဖြစ်ပါတယ်။ ဒါပေမဲ့​ ၁၉၉၉ ရုပ်ရှင်​နဲ့ မတူညီတဲ့ Alternative​ story ဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဉ်းကတော့​ ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်​အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်​ပေးဆွဲပြီး ချာနိုဘိုင်း​မြို့​ပျက်​ကြီး​က နျူကလီးယား​စက်ရုံ​ဟောင်းမှာ ထိန်းသိမ်း​ထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့​တောင်းဆို​တာမလိုက်လျောရင် အဏုမြူ​ဓာတ်​ပေါင်းဖို​ကို ဖောက်​ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့​ဘက်မှာ NGU လို့​ခေါ်​တဲ့ မျိုးဆက်​သစ် Universal Soldier​ တစ်ဦးလည်းရှိနေပါတယ်။ ဇာတ်​လိုက်​ဖြစ်​တဲ့ Luc (ဗန်ဒိန်း)​ကတော့ ဆွစ်ဇာလန်မှာ ဒေါက်တာ ​Flemming ဆိုသူ​ရဲ့ အကူအညီနဲ့ စိတ်​ပိုင်း​ဆိုင်ရာ​နာလန်ပြန်ထဖို့ ရုန်း​ကန်နေရပါတယ်။ စက်ရုံ​ကိုသိမ်းပိုက်ပြီး နျူကလီးယား​ဓာတ်​ပေါင်းဖို​ပေါက်ကွဲမဲ့ အရေးကို အစိုးရ​တပ်တွေက ကာကွယ်​ဖို့ကြိုးစားပေမဲ့ နောက်ဆုံး​ပေါ်​ Universal​ Soldier​ ဖြစ်​တဲ့ NGU ကြောင့် ရှုံး​နိမ့်​ခဲ့ရာမှာ မူလ​လက်ဟောင်း​ Universal​ Soldier​ ဖြစ်​တဲ့ Luc ရဲ့အကူအညီကိုရယူဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်း​က pace မြန်​ပြီး အက်​ရှင် scene များသလို ဗန်ဒိန်းကို သူ့ရဲ့​နာမည်​ကျော်​ Luc Devereaux​ ဇာတ်​ကောင်​အဖြစ်​ ပြန်​မြင်​ရမှာ​ဖြစ်​လို့ Universal Soldier​ ရုပ်ရှင်​ကားများ​ကို ကြိုက်​နှစ်သက်​သူများ၊ အက်​ရှင်​ဇာတ်​လမ်း​ပရိသတ်​များ မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(935 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre…Action, Science Fiction, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfemhein

5.3 2009
Universal Soldier: Regeneration
20,000 Species of Bees

ကားနာမည်ကို ဒီတိုင်းကြည့်ရင် ပျားမျိုးစိတ်တွေအကြောင်းများ ရိုက်ထားတာလားလို့ ဇဝေဇဝါဖြစ်သွားနိုင်ပေမဲ့ တကယ်တမ်း ဒီဇာတ်ကားလေးကတော့ IMDB 7/10 ရရှိထားတဲ့ မိဘနဲ့ သားသမီးအကြား နားလည် လက်ခံပေးမှုတွေကို အဓိက ဖော်ကျူးထားတဲ့ စပိန် Drama ကားလေးပါ။ ဘာလင်ရုပ်ရှင်ပွဲတော်နဲ့ တခြားရုပ်ရှင်ဆုပေးပွဲတွေမှာ ဆုပေါင်း ၃၄ ဆုအပြင် nomination ၅၃ ခု ဝင်ခဲ့တာဖြစ်ပြီး အဓိကသရုပ်ဆောင်လေး Sofía Otero ဟာလည်း ၈နှစ် အရွယ်လေး အိုင်တောရဲ့ ခံစားချက်တွေကို ပီပြင်အောင် သရုပ်ဖော်နိုင်ခဲ့တာမို့ အကောင်းဆုံး အဓိကဇာတ်ဆောင်ဆုတွေ ရရှိခဲ့ပါတယ်။ လူတွေက ကိုယ့်ရဲ့တည်ရှိမှုကို ဘယ်အသက်အရွယ်မှာ စတင် သတိထားမိလာပါသလဲ။ ကိုယ်က အဖြူရောင်ကြိုက်တာလား၊ အမည်းရောင်ကြိုက်တာလား။ ဆံပင်အတိုကြိုက်တာလား၊ အရှည်ကြိုက်တာလား။ စတဲ့ ရွေးချယ်နိုင်မှုတွေ မဟုတ်ဘဲ ကိုယ့်ရဲ့တည်ရှိမှု အစစ်အမှန်ကို သတိထားလာမိတဲ့အရွယ်က ပျမ်းမျှ ဘယ်အရွယ်လောက်များလဲ။ ဒီဇာတ်ကားထဲက အိုင်တောဆိုတဲ့ အဓိကဇာတ်ကောင်လေးကတော့ သူက ရွယ်တူတခြားကလေးတွေလို မဟုတ်ဘူးဆိုတာကို ၈ နှစ်အရွယ်မှာ သတိထားမိခဲ့ပါတယ်။ အိုင်တောရဲ့အမေဖြစ်သူ အန်နီကတော့ စားဝတ်နေရေးအတွက် လုံးပန်းနေရလို့ အလုပ်တွေရှုပ်နေခဲ့ပြီး အဖေဖြစ်သူကတော့ အိုင်တောထက် သူ့အစ်ကို အယ်နဲကိုကို အချစ်ပိုသူပါ။ တစ်ရက်မှာတော့ အိုင်တောတို့မိသားစုက တခြားမြို့က ပျားမွေးမြူရေးလုပ်တဲ့ သူတို့အမျိုးတွေဆီ နွေရာသီ အလည်သွားကြရင်းနဲ့မှ အိုင်တောလေးက သူ့ဘဝရဲ့ တည်ရှိမှု အစစ်အမှန်ကို ရှာဖွေတွေ့ရှိခဲ့ပါတော့တယ်။ အရွယ်နဲ့မမျှအောင် ဝန်ထုပ်ဝန်ပိုးတွေကို ထမ်းပိုးထားရတဲ့ အိုင်တောလေးခမျာ ရွယ်တူကလေးတွေလိုလည်း မပျော်နိုင်ဘဲ တမှိုင်မှိုင် တတွေတွေပဲ ဖြစ်နေပါတော့တယ်။ ကိုယ်မွေးထားတဲ့ သားသမီးမို့ သူ့ရဲ့တည်ရှိမှုလေးအတိုင်း လက်ခံပေးနိုင်ပေမဲ့ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အကြည့်တွေကို ကြောက်ရွံ့မိသူ အန်နီက အိုင်တောကို အသိအမှတ်ပြုပေးနိုင်မှာလား၊ အိုင်တောရဲ့အဖေကရော သူ့ရဲ့မတူထူးခြားမှုကို နားလည် လက်ခံပေးနိုင်ပါ့မလား ဆိုတာကိုတော့.. (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(1GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:09:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Comedy • Thriller
0 2023
20,000 Species of Bees
Reservation Road
6.6

Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားက ဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီး သူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျ သွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့ အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူး တွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။ အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူး တွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်း ပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန် ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူ ဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာ ဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန် တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာ ဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့က ကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက် ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေ ထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့…… File size…1.83GB / 908MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Action • Crime • Drama • Thriller
6.6 2007
Reservation Road
Ghost Town
6.7

Ghost Town (2008) IMDb Rating (6.7) / Rotten Tomatoes (85%) Ghost Twin ကားလေးဟာဆိုရင် IMDb Rating (6.7)ထိ ရရှိထားတဲ့ ဟာသ၊စိတ်ကူးယဥ် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဒေါက်တာ ပင်းကတ် ဟာ သွားဆရာဝန်တစ်ယောက်ဖြစ်ပြီး လူမှုပတ်ဝန်းကျင်မှာလဲ အားလုံးနဲ့ကင်းကင်းရှင်းရှင်းနေလေ့ရှိပြီး နားငြီးမခံနိူင်သော ဇီဇာကြောင်၊ ကပ်စီးနည်း လူပျိုကြီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့​တော့ ပင်းကတ် ဟာ ကျန်းမာရေးကြောင့် အူမကြီးခွဲစိတ်ဖို့ဖြစ်လာပါတယ်။ ဆေးရုံတစ်ခုမှာ ပင်းကတ်ဟာ အူမကြီးခွဲစိတ်ခံနေရင်း ၇မိနစ်သေးဆုံးသွားခဲ့ရာကနေ ပြန်သတိရလာခဲ့ပါတယ်။ အဲ့အချိန်ကစပြီး ပင်းကတ်ဟာ ဝိဉာဥ်တွေကို မြင်နိူင်စွမ်းရှိလာပြီး ဝိဉာဥ်တချို့ဟာ သူတို့ မသေခင်ကမပြီးပြတ်ခဲ့တဲ့ ကိစ္စရပ်တွေကို ကူညီပေးဖို့ပြောလာတဲ့အခါမှာတော့… လူမှုဆက်ဆံရေးညံ့တဲ့ ပင်းကတ်တစ်ယောက် ဝိဉာဥ်တွေအကူညီတောင်းတဲ့ကိစ္စတွေကို ကူညီပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်ကားလေးကြည့်ရှုရင်း ခံစားကြည့်လိုက်ပါဦးခင်ဗျာ….. File size…(2.6 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance, Fantasy Duration….01:42:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin

6.7 2008
Ghost Town
The Graduates
5.5

ထွက်သွားတဲ့သူနဲ့ ကျန်ရစ်ခဲ့သူ ဘယ်သူပိုနာကျင်ရလဲ။ သွားလေသူကတော့ မသိနိုင်တော့ပေမဲ့ ကျန်ရစ်သူတွေရဲ့ ဘဝဟာ တစ်ဆစ်ချိုးကိုရောက်ရှိသွားရပါတယ်။ တိုင်လာတို့ သူငယ်ချင်းတစ်စုက အထက်တန်းကျောင်း တစ်ခုမှာ အတူတူတက်ရောက်နေကြတဲ့ အရမ်းရင်းနှီး ကြတဲ့ဘော်ဒါတွေပါ။ တစ်နေ့မှာတော့ စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပြီး တိုင်လာနဲ့ ကျောင်းသားကျောင်းသူအချို့ သေဆုံးသွား ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ ကျန်ရစ်သူတွေကြုံတွေ့ရတဲ့ စိတ်ဒဏ်ရာတွေ၊ ပြန်မရနိုင်တော့တဲ့အမှတ်တရတွေကြောင့် ခံစားရတဲ့ ခံစားချက်တွေကို ထင်ဟပ်စေအောင် ရိုက်ကူး ထားပါတယ်။ အထက်တန်းကျောင်းပြီးလို့ ခွဲခွာကြရတော့မဲ့ သူငယ်ချင်းတွေ အထက်တန်းကျောင်းသားဘဝ နဲ့ လူငယ်ဘဝရဲ့ တစ်စိတ်တပိုင်းကို ဇာတ်လမ်းဇာတ်ကွက် ရိုးရိုးအေးအေးလေးနဲ့ ပိုင်ပိုင်နိုင်နိုင် တင်ဆက်ပြသထားသလို ကြည့်ရင်းကြည့်ရင်းနဲ့ ငယ်ဘဝကို အမှတ်ရမိစေမဲ့ nostalgic vibe အပြည့်နဲ့ ဇာတ်ကားလေး ဆိုရင်လည်း မမှားပါဘူးခင်ဗျာ။ File size… (1 GB) / (577 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Horror
5.5 2024 87 mins
The Graduates