YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

My.Dead.Dad.2022.1080p.CM.mp4

1.44 GB N/A video/mp4 189 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Killer Ambition
4.1

Killer Ambition ဆိုတဲ့ ဇာတ်ကားကတော့ သည်းထိတ်ရင်ဖိုဒရမ်မာကားတွေကြောင့် နာမည်ကြီးတဲ့ Lifetime Movie Clubကနေတင်ဆက်ပေးထားတဲ့ 2022ခုနှစ်ထွက် IMDB rating 4.1 ရရှိထားတဲ့ dramaဇာတ်ကားတစ်ကား​ဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ အမျိုးသမီးတစ်ယောက် လှေဆိပ်မှာ သေဆုံးနေတာကနေ စဖွင့်ထားပါတယ်။ 15 နှစ်အကြာမှာတော့ သေဆုံးသွားတဲ့သူရဲ့သမီးဖြစ်သူဟာ အောင်မြင်တဲ့ ​ေကကေ်မျက်ရတနာကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင် ရည်မှန်းချက်ကြီးတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်လာပါတော့တယ်။ ဒါပေမယ့် သူ လျို့ဝှက်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်အသင်းကို ဝင်ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေဖြစ်လာပါတော့တယ်။ သူ့ကိုတိုက်ခိုက်နေတာကဘယ်သူလဲ။ သူ့ရဲ့လုပ်ငန်းဒီဇိုင်းတွေကို ခိုးယူနေတာကရော ဘယ်သူလဲ။ သူ့အမေရဲ့လူသတ်တရားခံကရော ဘယ်သူလည်းဆိုတာ ရုပ်ရှင်ကားမှာ ဆက်လက်ရှု့စားရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို plotပိုင်းနဲ့ သရုပ်ဆောင်အပိုင်းကို အရမ်းမျှော်လင့်ပြီးမကြည့်ကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် File size…(1.65GB)  / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre...  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wallace

Fantasy • Romance
4.1 2022 85 mins
Killer Ambition
The Hot Spot
6.3

IMDb (6.4) / Rotten Tomatoes (73%) ဟယ်ရီမက်ဒေါ့စ်ဟာ တက္ကဆက်က မြို့ငယ်လေးတစ်ခုကို အခြေလာချတဲ့ တစ်နယ်သား တစ်ယောက်ပါ။ သူ့ နောက်ကြောင်းကို ဘယ်သူမှ မသိရသလို ဘာအကြံအစည်တွေသယ်ဆောင်လာမလဲ မယုံကြည်ရသူတစ်ယောက်။ ကားဟောင်း အရောင်းသမားတစ်ယောက်အဖြစ် လုပ်ကိုင်နေရင်း ပိုင်ရှင်ဖြစ်သူရဲ့ ဇနီးနဲ့ ပွေရှုပ်သလို စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာ(ဂျနီဖာကော်နယ်လီ)ကိုလဲ အလွတ်မပေးပါဘူး။ တကယ်တမ်း သူ့ရည်ရွယ်ချက်က မြို့ရဲ့ ဘဏ်တိုက်ကိုလုယက်ဖို့ပါပဲ။ အဲ့ဒီအချိန်မှာပဲ စာရင်းကိုင်မိန်းမလှလေး ဂလိုရီယာဟာ မြို့စွန်မှာ နေထိုင်တဲ့ ခပ်ပေပေလူတစ်ယောက်ရဲ့ ငွေညှစ်ခြိမ်းခြောက်မှုကို ခံနေရပါတယ်။ ဒါတွေရဲ့ နောက်ကြောင်းက ဘယ်လိုရှိလဲ။ နယ်လှည့်ပြီး ဖျံကျလာတဲ့သူတစ်ယောက်အတွက် ဒီနယ်မြို့ငယ်လေးမှာ သူ့ထက်လည်တဲ့သူ ရှိနေမလား။ လျှို့ဝှက်ချက်ကိုယ်စီနဲ့ လူတစ်စု တစ်ယောက်အပေါ်တစ်ယောက် ပိပိရိရိလှည့်ဖျားကြပုံတွေကိုစိတ်ဝင်စားစရာမြင်ရပါလိမ့်မယ်။ ဂျနီဖာကော်နယ်လီဆိုတာ ၁၉၉၀ ခုနှစ်များရဲ့ အလှဘုရင်မဖြစ်ပြီးတော့ သူ့ရဲ့အလှတွေချပြထားတဲ့ ဒီဇာတ်ကားက ကျွန်တော်တို့ကို ခဏခဏပြန်ကြည့်မိအောင် ဆွဲဆောင်ထားပါတယ်။ :3 File size…(2.2 GB)/(1.2 GB) Quality….Blu-Ray 1080p HEVC/ 720p Format…mkv/mp4 Duration….02:10:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Comedy • Family
6.3 1990 130 mins
The Hot Spot
The Invincible Constable

"ကျန်ကျောင်းနှင့် ထူးဆန်းသောမီးနတ်ရုပ်ထုခိုးမှု" (2022) ရန်ကျုံးဧကရာဇ်စိုးစံစဥ်ကာလမှာ သူရဲကောင်းကျန်ကျောင်းကို ကြောင်ဘုရင်ဘွဲ့ချီးမြှင့်ခဲ့ပါတယ်။ ဒါကိုမကျေနပ်တဲ့ ကောင်းကင်ကျွန်းကကြွက်ငါးကောင်အဖွဲ့ဟာ ကျန်ကျောင်းကိုဒုက္ခရောက်အောင်ကြံစည်ဖို့ချောင်းနေခဲ့တယ်။ အငယ်ဆုံးကြွက်ဖြစ်တဲ့ ပိုင်ယွီထန်ကတော့ ကျန်ကျောင်းကိုဒုက္ခပေးဖို့စိတ်ဓာတ်အပြင်းပြဆုံးဖြစ်နေပါတယ်။ အခွင့်ကြုံလာတဲ့အချိန်ကတော့ မီးနတ်ပွဲတော်ကျင်းပတဲ့အချိန်ပါပဲ။ မင်းကြီးဟာတိုင်းပြည်အတွက်ဆုတောင်းဖို့မီးနတ်ရုပ်ထုကို သွန်းလုပ်ခဲ့ပြီး အဲ့ဒီရုပ်ထုကိုကာကွယ်ဖို့ကျန်ကျောင်းကို​တာဝန်ပေးထားခဲ့ပါတယ်။ ရုပ်ထုဟာအသက်တမျှအရေးကြီးလှတဲ့ရတနာပေါ့။ ပိုင်ယွီထန်ဟာမီးနတ်ရုပ်ထုကိုခိုးယူလို့ရခဲ့ပေမယ့် ပွဲတော်မှာမီးလောင်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့ပြီး ပြည်သူအများဒုက္ခရောက်ရပါတော့တယ်။ ဒီအမှုကိုဖြေရှင်းဖို့ ကျန်ကျောင်းခေါင်းပေါ်ကျလာတဲ့အခါမှာတော့… မီးလောင်ပေါက်ကွဲမှုကြီးဟာ ကြွက်ငါးကောင်ကြောင့်လား နောက်ကွယ်မှာဘယ်သူရှိနေတာလဲ ဘယ်လိုမြှုပ်ကွက်တွေနဲ့ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာ စိတ်ဝင်စားစွာကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama , Mystery Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2022
The Invincible Constable
Jana Gana Mana
7.2

ဧပြီလ၂၈ ရက်နေ့ကမှ ထွက်ရှိခဲ့တဲ့ Malayalam- language အိန္ဒိယ‌ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Central University မှာ ပါမောက္ခအဖြစ်နဲ့ ပညာရပ်တွေ သင်ကြားပို့ချပေးနေတဲ့ ဆရာမလေး Saba Mariyam က ညတစ်ညမှာ ကျောင်းက ပြန်လာရင်း အဓမ္မပြုကျင့်ခံရပြီး မီးရှို့သတ်ခံလိုက်ရပါတော့တယ်။ နဂိုကတည်းက စာသင်ရတာ နှစ်သက်ပြီး ကျောင်းသားတွေချစ်တဲ့ ဆရာမလည်းဖြစ်တဲ့အပြင် ကျောင်းမှာ ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်လုပ်ရင်း ပြောရေးဆိုခွင့်ရှိသူတစ်ယောက်ရဲ့ စကားအမှား‌ကြောင့် ကျောင်းတွင်းဆန္ဒပြပွဲ ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုကနေ ရဲတွေက ကျောင်းထဲအထိ ရိုက်နှက်ထိန်းချုပ်တာကတစ်ဆင့် တစ်နိုင်ငံလုံးက ကျောင်းသားထုရဲ့ အရေးတော်‌ပုံ ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ ကျောင်းသားအရေးတော်ပုံ စတင်ဖြစ်ပေါ်စေတဲ့ ဆရာမလေးသတ်ခံရတဲ့ မှုခင်းနောက်ကွယ်မှာတော့ နိုင်ငံရေးတွေအထိပါ ပါဝင်နေမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီတော့ ကျောင်းသားနဲ့ရဲတွေကြားအထိကရုဏ်းက ဘယ်လောက်ထိ ပြင်းထန်မလဲ။ မှုခင်းနောက်ကွယ်မှာရော ဘယ်သူကတရားခံလဲဆိုတာကို ရင်ခုန်စရာကောင်းအောင် ကြည့်ရှုရမှာပါ။ ဇာတ်လမ်းရော သီချင်းတွေရော အနှစ်တွေချည်း ဖြစ်တဲ့အတွက် ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းပါရစေနော်။ File size…2.02Gb / 971MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo & OeliuJ & ThuRa

Drama
7.2 2022 162 mins
Jana Gana Mana
Will You Be My Ex?

Will you be my Ex? (2023) ပြီးခဲ့တဲ့ June လကမှ ထွက်ရှိထားတဲ့ ဖိလစ်ပိုင် Romance-Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အဓိက မင်းသားဖြစ်တဲ့ Diego Loyzaga တစ်ယောက် တစ်လောလေးကမှ သားလေးမွေးတဲ့အကြောင်း မီဒီယာတွေပေါ်မှာ သတင်းမွှေးနေတာနဲ့အတူ တွဲဖက် သရုပ်ဆောင်တဲ့ အဓိက မင်းသမီးကလည်း ဖိလစ်ပိုင်ရုပ်ရှင်ခေတ်သစ်လောကမှာ ဒရာမာဘုရင်မလေးလို့ နာမည်ကြီးနေတဲ့ Julia Barretto ဖြစ်တာကြောင့် ဒီကားမှာ သူတို့နှစ်ယောက် ဘယ်လိုတွေ အစွမ်းပြကြမလည်းဆိုတာ ဇာတ်ကားမထွက်ခင်ကတည်းက ဖိလစ်ပိုင်ရုပ်ရှင်တွေကို သဘောကျနှစ်ခြိုက်သူတွေက မျှော်လင့်နေခဲ့ကြတာပါ။ ပြဇာတ်သရုပ်ဆောင် အနုပညာရှင် မိသားစုအသိုင်းအဝိုင်းကလာပြီး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ပြဇာတ်မင်းသမီးပေါက်စလေး Chris အဖြစ် Julia Barretto က သရုပ်ဆောင်ထားပြီး ချမ်းသာပြီးလူသိများတဲ့အပြင် စည်းမြင်းကနားတွေနဲ့ နေတတ်တဲ့ မိသားစုမျိုးက ပေါက်ဖွားလာတဲ့ ရည်မှန်းချက်ကြီးတဲ့ ဗိသုကာပညာရှင်လေး Joey အဖြစ် Diego Loyzaga က သရုပ်ဆောင်ထားပါတယ်။ သူတို့နှစ်ယောက်လုံးဟာ ကောလိပ်ကျောင်းကတည်းကတွဲလာတဲ့ ငယ်ရည်းစားတွေဖြစ်ပြီး ကျောင်းပြီးတဲ့နောက် Joey မိဘတွေက ပေးတဲ့ ကွန်ဒိုအခန်းတစ်ခုမှ အတူတူနေထိုင်ပြီး ဘဝကို ဖြတ်သန်းဖို့ စီစဉ်ထားကြပါတယ်။ မတူညီတဲ့ မိသားစုအသိုင်းအဝိုင်း၊ မတူညီတဲ့ ပင်ကိုယ်စိတ်နေစိတ်ထားတွေ၊ မတူညီတဲ့ ဘဝရည်မှန်းချက်တွေကြောင့် မမျှော်လင့်ထားတဲ့ အခက်အခဲတွေ ကြုံပြီး ဝေးခဲ့ကြရပါတယ်။ ကာလအတန်ကြာမှ ပြန်ဆုံကြတဲ့အခါ သူတို့အကြားက ဆက်ဆံရေးကို ပြန်လည်ပြင်ဆင်ဖို့ နှစ်ယောက်လုံးက ကြိုးစားကြည့်ကြပေမယ့် အဆင်ပြေကြပါ့မလား? ဇာတ်လမ်းကတော့ သာမန် အချစ်ဒရမာကားတွေ ထုံးစံအတိုင်း ချစ်ကြိုက်ကွဲ( မငြား) လေးပါပဲ။ ဇာတ်လမ်းနာမည်ကိုက Will You Be My Ex? လို့ ပေးထားတဲ့အတွက် အဓိက ဇာတ်ကောင်နှစ်ယောက် ကွဲပြီး မငြားခဲ့ကြရတာကိုတော့ ကြိုသိနေကြပါပြီ။ ချစ်လျက်နဲ့များ ဘာလို့ ဝေးကွာခဲ့ရတာလဲ။ သူတို့နှစ်ယောက်အကြားမှာ ဘယ်လို ဆုံးဖြတ်ချက်တွေက အပြောင်းအလဲ ဖြစ်ခဲ့တာလဲ ပြန်လည်ဆုံဆည်းကြတဲ့ အချိန်မှာရော ဘာတွေ ဆက်ဖြစ်ဲကြမလဲ ဆိုတာကိုတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ရဲ့ အပြိုင်အဆိုင် သရုပ်ဆောင်ချက်တွေနဲ့အတူ စိတ်ဝင်တစားကြည့်ကြရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Masuji Ono ပဲ ဖြစ်ပါတယ်။

Action & Adventure • Drama • Mystery
0 2023 111 mins
Will You Be My Ex?
Fatherhood
7.6

ကဲ ဒီတစ်ခါတော့ CM ပရိသတ်တွေအတွက် June 18 ပူပူနွေးနွေးလေး ထွက်ရှိထားတဲ့ Fatherhood လို့အမည်ရတဲ့ Netflix movie လေးကို တင်ဆက်ပေးချင်ပါတယ် ရုပ်ရှင်ကလည်း ပူပူနွေးနွေး ထွက်ရှိထားတာ မကြာသေးသလို ဇာတ်အိမ်ကလည်း ဖခင်တစ်ဦးရဲ့မေတ္တာကို ဖော်ကျူးထားတဲ့အတွက် ကြည့်ရှုသူတိုင်းကို နှလုံးပီတိ ဂွမ်းဆီထိစေမှာ အသေအချာပါပဲ ကဲ ဒါဆို ဇာတ်လမ်းအသွားအလာလေးကို အရင်စပြီး မိတ်ဆက်ပေးတာပေါ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ မတ်လိုဂယ်လင်းကနေ စကြတာပေါ့ မတ်ဟာ သူရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ ချစ်ဇနီးလေးလစ်ဇ်နဲ့အတူ တစ်အိုးတစ်အိမ်ထူထောင်ထားတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပေါ့ ဒီလိုနဲ့ ကလေးမွေးပြီး ဖခင်တစ်ဦးရဲ့ဘဝကို ကျေနပ်နေတဲ့ မတ်တစ်ယောက်ကို ကံကြမ္မာက မျက်နှာသာ မပေးခဲ့ပါဘူး မတ်ရဲ့ကြင်သူလစ်ဇ်မှာ မတ်ရဲ့ဘဝထဲကို ချစ်စရာကောင်းတဲ့ သမီးလေး မတ်ဒီကို မွေးဖွားပေးခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ မတ်ကိုကျောခိုင်းပြီး တမလွန်ကို ကူးသွားခဲ့ပါတယ် ကလေးပုခက်တောင် ဖြောင့်အောင် မဆင်တတ်တဲ့မတ်တစ်ယောက် သူ့သမီးလေးကို ပြုစုပျိုးထောင်နိုင်ပါ့မလား...... သူတစ်ယောက်ထဲနဲ့ မတ်ဒီလေးရဲ့ မိခင်အဖြစ်ရော ဖခင်အဖြစ်ပါ လိုလေသေးမရှိအောင် ဖြည့်ဆည်းစောင့်ရှောက်ပေးနိုင်ပါ့မလား..... အမြဲ အလွဲလွဲအချော်ချော်ဖြစ်တတ်တဲ့ မတ်ရဲ့ သမီးလေးအပေါ်မှာ ဖခင်တာဝန်တွေ ကျေပွန်အောင် ကြိုးစားပုံတွေကို ဟာသလေးနှောပြီး ကြည်နူးစွာ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ် Jumanji ကားထဲက ဟာသသရုပ်ဆောင် ကီဗင်ဟာ့တ်က မတ်နေရာက ပါဝင်သရုပ်ဆောင်ထားတာဆိုတော့ ရိုက်နေကျဇာတ်ရုပ်မဟုတ်ဘဲ ဖခင်မေတ္တာလေးကို ကီဗင်တစ်ယောက် ဘယ်လိုရင်နဲ့ရင်းပြီး ဖော်ကျူးသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ Comedy Drama အမျိုးအစားလေးဖြစ်ပြီး IMDb Rating ကလည်း 6.7/10 တောင်ရရှိထားတာဆိုတော့ မနက်ဖြန်ပိတ်ရက်မှာ ဒီလို Netflix movie ကောင်းကောင်းလေးနဲ့ Chill လိုက်ကြတာပေါ့ Translated and Review By Shwe Pyae and Shwe Pu Encoded by  : YK File Size : 1.7Gb and 877Mb Quality :1080p WEB H264 5.1Ch. and 720p Duration : 1h 49min

Comedy
7.6 2021 109 mins
Fatherhood
Jungle
6.6

ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ် ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ် ၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ် ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ် ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ် အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ (ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ) ----------------------------------------------------------------------------------------------------- ဒီကားလေးကတော့ စာရေးဆရာ Yossi Ghinsberg ရဲ့ တကယ့်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို ပြန်လည်ပုံဖော်ပြီးအသက်သွင်းထားတာဖြစ်ပါတယ် ကမ္ဘာပတ်ပြီးခရီးထွက်ရတာကို နှစ်သက်တဲ့ ယိုစီ ( Daniel Radcliffe ) ဟာ တောင်အမေရိကမှာရှိတဲ့ Bolivia နိုင်ငံကိုရောက်လာပြီး သူ့လိုပဲ adventure စွန့်စားခန်းတွေထွက်ရတာနှစ်သက်တဲ့ ကျောင်းဆရာ မားကပ်စ်နဲ့ ဓာတ်ပုံဆရာ ကယ်ဗင်တို့နဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ် ၃ယောက်အတူခရီးရှေ့ဆက်ကြရင်း La Puz ဆိုတဲ့မြို့လေးမှာ ယိုစီ က ကားလ် လို့ခေါ်တဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ် ကားလ်က ယိုစီ့ကို တောနက်ထဲက အင်ဒီးယန်းလူမျိုးစုတွေရှိတဲ့နေရာကိုသူခေါ်သွားပေးနိုင်ကြောင်းပြောခဲ့တယ် သူကရွှေတွေလိုက်ရှာသူဖြစ်ကြောင်းလဲပြောခဲ့တယ် ကားလ်ခေါ်တဲ့တောနက်ထဲကို ယိုစီ ကယ်ဗင် နဲ့ မားကပ်စ်တို့ ၃ယောက်လိုက်သွားခဲ့ပြီးတော့ မားကပ်စ်ခြေထောက်မှာဒဏ်ရာရခဲ့လို့ လှည့်ပြန်ရမလို ဆက်သွားရမလိုတွေဖြစ်ခဲ့ပါတယ် အချင်းချင်း စိတ်အခန့်မသင့်တွေဖြစ်ကာ လမ်းကိုယ်စီခွဲပြီး ခရီးဆက်ကြရင်း ဒုက္ခတွေတွေ့ကြုံရပြီး ယိုစီတစ်ယောက်ထဲ တောနက်ထဲမှာ ဘယ်လိုအသက်ရှင်ရမလဲ သူ့သူငယ်ချင်းတွေကရော ဘာတွေဖြစ်သွားလဲ သူ့ကိုပြန်လာကယ်မလားဆိုတာကိုကြည့်ရမဲ့ Survivor movie လေးပါ (ဘာသာပြန်သူကတော့ ခင်ပြည့်စုံကျော်ပါ) File Size : (950 MB) Quality : WEB-DL 720p Running Time : 1hr 55min Format : Mp4 Genre :Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Khin Pyae Sone Kyaw Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.6 2017 115 mins
Jungle
Absentia
5.8

Absentia 2011 ကတော့ စိတ်လှုပ်ရှားစရာ horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကို horror movie လို့ ညွှန်းဆိုလိုက်လို့ စိတ်ကူးပေါက်ရာ ဇာတ်လမ်းလုပထားတဲ့ စိတ်ကူးယဥ် horror movie လို့တော့ တွေးလို့မရပါဘူး။ စိတ်လှုပ်ရှားစရာတွေကိုလည်း တွေ့ရမှာ ဖြစ်သလို တွေးစရာတွေလည်း ပါတာဖြစ်တာမို့ horror တစ်ပိုင်း mythology တစ်ပိုင်း ပေါင်းစပ်ထားတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ ပြီးတော့ သိပ္ပံနည်းကျ တွေးခေါ်မှုနဲ့ ချည်းကပ်ထားတာလည်း ပါနေတာကြောင့် ခံစားချင်တဲ့သူတွေအတွက်တင် မဟုက်ဘဲ တွေးတော ချင်တဲ့ သူတွေအတွက်ပါ ကြည့်ရှုဖို့ သင့်လျော်ပါတယ်။ ဇာတ်လမ်းမှာ ထရေရှာဆိုတဲ့အမျိုးသမီးရဲ့ အမျိုးသားဟာ တစ်နေ့တော့ ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး ဘယ်မှာမှ ရှာမတွေ့ကြဘူး။ ဖြစ်ချင်တော့ ပျောက်နေတာက သူ့အမျိုးသား တစ်ဦးတင်မဟုက်ဘဲ သူတို့ပတ်ဝန်းကျင်က သူတွေပါ ပျောက်နေတာကို သိရတဲ့အခါမှာတော့ စဥ်းစားရခက် / လက်ခံရခက် ဖြစ်လာပြီး ဖြေသိမ့်နိုင်ဖို့ နည်းလမ်းတွေ ရှာပါတော့တယ်။ အဲဒီလိုနဲ့ တနေ့မှာတော့ သူ့အမျိုးသားကို ပြန်ရှာတွေ့မလား.. ဘာလို့ ပျောက်သွားရတယ်ဆိုတဲ့အကြောင်းရင်းကို သိသွားမလားဆိုတာကိုတော့ ဇာတ်ကားထဲက သရုပ်ဆောင်တွေတင်မဟုက်ဘဲ ကြည့်ရှူသူ ပရိတ်သတ်တွေပါ လိုက်ပြီး တွေးတောကြရမှာပါ။ ဒီဇာတ်ကားဟာ Fangoria Chainsaw Award ၊ Sonoma Valley Film Festival Award တို့အပါအဝင် winner ဆု ၁၄ ခု ၊ တင်သွင်းခံရတဲ့အဆင့် တစ်ခါ( Fright Meter Awards) စတဲ့ ဆုတွေ တစ်သီကြီးကို ရရှိထားပြီး horror စီးရီးမှာတော့ နေရာရတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားတင် ဆုရတာမဟုက်ဘဲ ဒီဇာတ်ကားရဲ့ ဒါရိုက်တာလည်းဖြစ် ၊ ဇာတ်ညွှန်းရေးသူလည်း ဖြစ်တဲ့ Mike Flanagan က အကောင်းဆုံးဇာတ်ကားဆု ၊ ဇာတ်ညွှန်းဆု စတာတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ Katie Parker ကလည်း အကောင်းဆုံး သရုပ်ဆောင်မင်းသမီးဆု ၊ Dave Levine ကလည်း အကောင်းဆုံးသရုပ်ဆောင်မင်းသာဆု ၊ Morgan Peter Brown က အကောင်းဆုံး ဇာတ်ပို့ဆု စသဖြင့်ဆုတွေကို ဒီဇာတ်ကားနဲ့ ရရှိခဲ့ကြပါတယ်။ IMDb rating 5.8 ကိုလည်း ရရှိထားပါတယ်။ ဒါကြောင့် Horror ပရိတ်သတ်တွေအနေနဲ့ ဖြစ်စေ ၊ စဥ်းစားရတဲ့ ဇာတ်လမ်းတွေသဘောကျ ကြတဲ့သူတွေအနေနဲ့ ဖြစ်စေ ဒီဇာတ်ကားကိုတော့ ကြည့်ဖူးသင့်တယ်လို့ ဆိုချင်ပါတယ်။ File size…(1.5 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Mystery, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thy Santa

Drama
5.8 2011
Absentia
Spirit Doll
5.7

Spirit Doll (2023) CM ပရိသတ်ကြီး ညဘက်ကြည့်ဖို့ အင်ဒိုနီးရှား Horror ကားပါ အာရှသရဲကားတွေက ဟောလိဝုဒ်သရဲကားတွေနဲ့ atmosphere (အငွေ့အသက်) ရော theme(အာဘော်) ပါ ကွဲပြားတာများပါတယ် ကျွန်တော့်အမြင်အရဆိုရင် အာရှ horror ကားတွေက အယူအဆတွေက ကျွန်တော်တို့ရဲ့ ရိုးရာဓလေ့တွေနဲ့ ပိုပြီးနီးစပ်တာမို့ ပိုပြီး ကြောက်စရာကောင်းတယ် ထင်ပါတယ် ရုပ်ရှင်နာမည်အတိုင်းပဲ ဝိညာဥ်အရုပ်လေး တစ်ရုပ်အကြောင်းပါပဲ ဇာတ်လမ်းအကျဥ်းကတော့ ဒါရာ ဆိုတဲ့ နာမည်ကြီး horror queen မင်းသမီးတစ်ယောက် ရိုက်ကွင်းမှာ သုံးတဲ့ spirit doll အရုပ်လေးကို အိမ်ယူလာပါတယ် သူ့ရဲ့ အမျိုးသားနဲ့ကွာရှင်းထားတာဖြစ်ပြီး သမီးလေးတစ်ယောက်ကတော့ အဖေအိမ်နဲ့ အမေ့အိမ်တစ်လှည့်စီ သွားနေနေရပါတယ် သမီးလေးကလည်း အဖေ့ဆီမှာပဲ အမြဲနေချင်တာကြောင့် သားအမိနှစ်ယောက် ပြဿနာတက်ကြရင်း တစ်နေ့ သမီးလေး လှေကားပေါ်က မတော်တဆ ကျပြီး သေဆုံးသွားပါတော့တယ် “မိခင်သောက” အင်ဒိုဗားရှင်းကို ကျောထဲစိမ့်နေအောင် ညဘက် မီးပျက်တဲ့အချိန် စောင်ခြုံသာ ကြည့်ကြပါ အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး ဘာသာပြန်ကတော့ Zwe Yan ~ KKKZ တို့ဖြစ်ပါတယ်

5.7 2023
Spirit Doll
Under the Boardwalk
7.3

Under the Boardwalk (2023) ~ IMDb – 7.3/10, Rotten Tomatoes – 90% ~ ဒီကာတွန်းရုပ်ရှင်ကို Captain Underpants နဲ့ Turbo တို့ရဲ့ ဒါရိုက်တာ David Soren က ရိုက်ထားတာပါ။ အဲဒီနှစ်ကားကို တော်တော်များများလည်း သိကြမှာပါ။ ဒီအန်နီမေးရှင်းက ဒေးဗစ်ဆိုရန်ရဲ့ နောက်ဆုံးထွက် အန်နီမေးရှင်းပါပဲ။ အပေါ်ကကားတွေကိုကြည့်ဖူးတဲ့သူဆိုရင် သူ့ကားတွေ ကောင်းမကောင်းသိကြမှာပါပဲ။ အခုအန်နီမေးရှင်းကတော့ ရှေ့က သူ့ကားတွေအားလုံးထက် ဝေဖန်ရေးသမားတွေ အမြင်မှာ သာလွန်နေပါတယ်။ ထုတ်ထားတာကလည်း ပါရာမောင့်အန်နီမေးရှင်းက ထုတ်ထားတာပါ။ ဇာတ်ကတော့ ရိုမီရို ဂျူးလိယက်ကို ဂဏန်းတွေနဲ့ ခင်းထားသလိုလိုပါပဲ။ ဒါကိုမှ သီချင်းတွေနဲ့ဆိုတော့ West Side Story ကာတွန်း ဂဏန်းဗားရှင်းလိုလိုပေါ့။ အဲဒီနောက် ကာတွန်းဆိုတာ ကလေးတွေကြည့်တာလို့ အကြမ်းဖျဉ်းသတ်မှတ်ထားကြတဲ့အတိုင်း ကလေးတွေအတွက် အခွံထဲကထွက်ပြီး‌ လောကကြီးကို ရင်ဆိုင်ရဲဖို့ ဘာညာ ပညာပေးမက်ဆေ့နည်းနည်းထည့်ပြီး ရိုမီရို ဂျူးလိယက်ဇာတ်ကို အသက်သွင်းထားပါတယ်။ ဒီလိုဆိုလို့ ပျင်းစရာကောင်းမယ်လည်း မထင်ပါနဲ့။ ဟာသတွေလည်း ဖောဖောသီသီထည့်ပြီး ကြည့်ရှုသူကို ဆွဲဆောင်ထားတယ်။ Rotten Tomatoes – 90% ရထားတာမို့ ပေါ့သေးသေးကားတော့ မဟုတ်ပြန်ပါဘူး။ကိုယ်တိုင်ပဲ အပျင်းပြေကြည့်ကြည့် ကလေးတွေကိုပဲပြပြ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရအဆင်ပြေမယ့် ကာတွန်းရုပ်ရှင်လေးပါပဲ။ ဒီနှစ်ထဲထွက်တဲ့ ကာတွန်းရုပ်ရှင် လန်းလန်းလည်း သိပ်မရှိသေးဘူးဆိုတော့ ဒီရုပ်ရှင်ဟာ ဒီနှစ်ရဲ့ကာတွန်းရုပ်ရှင်ကွက်လပ်ကို ဖြည့်ပေးနိုင်မယ့် ရုပ်ရှင်တစ်ကားဖြစ်သလို ကာတွန်းရုပ်ရှင်ကောင်းကောင်းမျှော်နေတဲ့လူတွေအတွက် အများကြီးမဟုတ်တောင် အဆာတော့ပြေစေမယ့် ကာတွန်းရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 935MB Quality – 1080p, 720p IMDb Rating – 7.3/10 Format – mp4 Duration – 1H 23Min Genre – Animation, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
7.3 2023 83 mins
Under the Boardwalk
The Butterfly Effect 3: Revelations

Time travel ဇာတ်လမ်းတွေ စိတ်ဝင်စားတဲ့သူတွေအတွက် ၂၀၀၉ခုနှစ်ထွက် Sci-fi/Thriller ကားကောင်းတစ်ခုပါ။ ရှေ့မှာ 1နဲ့ 2 လည်း ထွက်ထားပါတယ်။ ဇာတ်လမ်းကတော့ Sam Reide ဆိုသူမှာ အချိန်တွေ ခုန်ကူးပြီး time travelလုပ်နိုင်တဲ့ abilityတစ်ခုရှိပါတယ်။ ဇာတ်လမ်းအစမှာတော့ သူက တခြားသူတွေရဲ့ မှုခင်းတွေ မဖြစ်ခင် အချိန်ကို သွား၊ တရားခံကို ရှာပြီး ရဲလက်အပ်တဲ့ အလုပ်ကို ပိုက်ဆံယူပြီး လုပ်နေတာ ဖြစ်ပါတယ်။ သူ့မှာ Jenna ဆိုတဲ့ ညီမလေး ရှိပြီး အဲ့ဒီညီမလေးကို သူပဲစောင့်ရှောက်ထားတာပါ။ ငယ်ငယ်က သူတို့အိမ် မီးလောင်တော့ Sam ရဲ့ ညီမလေးက မီးထဲ သေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ Samက အချိန်ကူးသွားပြီး Jenna ကို သွားကယ်ခဲ့ပါတယ်။ result အနေနဲ့ သူ့အဖေနဲ့ အမေ သေသွားခဲ့ပါတယ်။ အတိတ်ကို သွားပြင်ရင်း သူ့ရဲ့ အနာဂတ်က အကျိုးဆကိတွေပါ ပြောင်းလဲကုန်တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာ သူ့ငယ်ချစ်ဖြစ်တဲ့ Rebecca ရဲ့ ညီမ Liz ရောက်လာတဲ့ အခါမှာ အတိတ်က ဖြစ်ရပ် နောက်တစ်ခုဆီကို ခုန်ကူးရဖို့ ဖြစ်လာပါတယ်။ ဇာတ်လမ်းအသွားအလာက မြန်ဆန်ပြီး သရုပ်ဆောင်တွေလည်း ကောင်းတာမလို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.8 GB)/(962 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Science Fiction, Thriller, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

0 2009
The Butterfly Effect 3: Revelations
Angels Fallen: Warriors of Peace

အီရတ်စစ်ပြန် မရိန်းတပ်သားဟောင်း ဂေဘရီရယ်ကတော့ စစ်ပွဲအပြီးမှာ PTSD အပြင်းစားရခဲ့ပြီး ကားပြင်ဆိုင်မှာအလုပ်လုပ်နေသူပါ။ စစ်ပွဲပြီးတာ ဆယ်စုနှစ်ကျော်ခဲ့ပေမဲ့လည်း အတိတ်ကဖြစ်ရပ်ဟောင်းတွေက ညတိုင်းခြောက်လှန့်နေခဲ့ပြီး တစ်ညမှာတော့ ဂေဘရီရယ်ဆီကို ဘယ်လ်သဇာလို့ခေါ်တဲ့ လူတစ်ယောက် ပေါ်လာခဲ့ပါတယ်။ တမာန်တော် မိုက်ကယ်က နတ်သက်ကြွေသွားခဲ့ပြီး ငရဲပြည်ကဂိတ်တံခါးကိုပိတ်ကာ နတ်ဆိုးစစ်တပ်ဖွဲ့စည်းနေပါတယ်။ ဒါကို ဦးဆောင်တားဆီးဖို့ ဂေဘရီရယ်ကို ဘုရားသခင်က ရွေးချယ်လိုက်ကြောင်း ဘယ်လ်သဇာက ပြောလာတဲ့အခါမှာ … ဂေဘရီရယ်တစ်ယောက် ဘယ်လ်သဇာညွှန်ကြားတဲ့အတိုင်း ငြိမ်းချမ်းရေးစစ်သည်တော်တွေကို လိုက်စုစည်းပြီး အဖွဲ့ဖွဲ့နိုင်မှာလား၊ မိုက်ကယ်နဲ့ သူ့ရဲ့နတ်ဆိုးစစ်တပ်ကို အနိုင်ယူနိုင်မလားဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Horror, Action, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2024
Angels Fallen: Warriors of Peace
Two Weeks Notice
6.2

” လမ်းခွဲဖို့ နှစ်ပတ် အလို ” —————————- ဒီရုပ်ရှင်ကားကို ဆန်ဒရာဘူးလော့ခ်ကပရိုဂျူဆာ လုပ်ထားပြီး သူကိုယ်တိုင် မင်းသမီး အဖြစ် သရုပ်ဆောင်ထားပါတယ်။ မင်းသားကတော့ မျက်လုံးလှပြီး ဆွဲဆောင်မှုရှိတဲ့ မင်းသား ဟုဟ်ဂရန့် ပါ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရမ့်လဲ ဧည့်သည်သရုပ်ဆောင်ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့… ပြည်သူ့အကျိုးပြု ရှေ့နေမိသားစုက ပေါက်ဖွားလာတဲ့ ဉာဏ်ရည်မြင့် ထက်မြတ်တဲ့ အူကြောင်ကြောင်နိုင်တဲ့ရှေ့နေမလေး လူစီ အကြောင်း ဖြစ်ရင် ဖြစ်လိမ့်မယ်…. ဘာလို့ဆိုရင် ဒီရုပ်ရှင်က သူ့ အတွက် သူ့နေရာကနေ ဝင်ကြည့်လို့ရမယ့်ပုံစံ မျိုး ဖြစ်နေတာပါ လူစီက ဆင်းရဲတဲ့ ပြည်သူတွေ ဘက်ကနေရပ်တည်ပြီး ခရိုနီတွေရဲ့ ချဉ်ဖတ် ဖြစ်နေသူဆိုလဲ မမှားပါဘူး… တစ်ရက်မှာတော့ နှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အသင်းတိုက်တစ်ခုကို ဝိန့်ဒ်မိသားစုပိုင်လုပ်ငန်းက ကန်ထရိုက်ယူပြီး ဖြိုဖျက်ကာ ခေတ်မှီအဆောက်အဦးတစ်ခုဆောက်ဖို့ အကြောင်းဖန်လာပါတယ်… ဒီ အသင်းတိုက်ဟာ လူစီ နဲ့ သူ့မိဘ နှစ်ပါးရဲ့အမှတ်တရတွေအပြင် ပြည်သူလူထု လိုအပ်နေတဲ့ ရှေးဟောင်း အမွေအနှစ်မို့ မပျက်စီးရအောင် ဝိန့်ဒ်လုပ်ငန်းစုရဲ့ ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ဝိန့်ဒ်ဂျော်ဂျီဆီ ရောက်သွားတဲ့အခါမှာတော့ ဂျော်ဂျီကလဲ အကြံပေး ရှေ့နေတစ်ဦး လိုနေတာနဲ့ အသင်းတိုက် ကို မဖျက်ဘူး ငါ့ဆီမှာတော့ ဒီ ကန်ထရိုက် ကိစ္စ တစ်ခု ပြီးတဲ့အထိ အလုပ်လုပ်ရမယ်လို့ အပေးအယူ လုပ်ပါတယ်…ဒီတော့ လူစီတယောက်လဲ သူမုန်းတဲ့ ခရိုနီသူဌေး လက်အောက် မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့တဦးကိုတဦးအမြင်မကြည်ကြတဲ့ သူဌေးနဲ့ရှေ့နေ့တို့ ဘယ်လိုစခန်းသွားကြမလဲ နှစ်ပတ်အလိုကိစ္စတွေမှာရော ဘာတွေဖြစ်လာမလဲဆိုတာ အချစ်ရိုမန့်ဇာတ်ကားလေးလိုကြည့်ရှုရမှာပါ။ ဆန်ဒရာဘူးလော့ခ်က ဝါရင့်သရုပ်ဆောင်ဖြစ်တာနဲ့အညီ ဇာတ်ကားရဲ့ကာရိုက်တာနဲ့ကိုက်ညီအောင် ဒီထဲမှာ အရမ်းကို အူကြောင်ကြောင်နိုင်တဲ့ မိန်းမ အလုပ်ပဲ သိ အလုပ်ပဲ ရှိ တစ်လောကလုံးနဲ့ အဆင်ပြေအောင် မပေါင်းတတ်သူ မိတ်ကပ်လိမ်းတာလဲ နည်းမကျ ဝတ်တာစားတာက တောဂိုက်နဲ့ တကယ့်ကို ဇာတ်ကိုသယ်ပို့သွားနိုင်ပါတယ်။ ဒီလိုအူကြောင်ကြောင်ပုံလေးနဲ့ ဘယ်လောက်တောင်ချစ်ဖို့ကောင်းနေမလဲဆိုတာ ကြည့်ကြပါစို့။

6.2 2002 101 mins
Two Weeks Notice
Revenge of the Green Dragons
5.3

ဒီ ဇာတ်လမ်းမှာတော့ နယူးယောက်မြို့ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ တရုတ်ဂိုဏ်းတွေကြားက ရန်ပွဲတွေအကြောင်း ၊ တရုတ်ပြည်မှ တရားမဝင်ခိုပြောင်းရွှေ့နေထိုင်တဲ့ မိဘမဲ့ကောင်လေး ဆွန်နီရဲ့ ဘဝအကြောင်း ကို ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာတော့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေကို စီမံနေရာချပေးရာကနေ မိဘမဲ့ ဆွန်နီကို စတီဗင်တို့ မိသားစုနဲ့ နေရာချပေးခဲ့ပါတယ် ။ သူတို့ဟာ အခြေအနေအရပ်ရပ်ကြောင့် အမေရိကန်ကို ရောက်လာပေမယ့် အမေရိကန်ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ ဂိုဏ်းတွေရဲ့ အနိုင်ကျင့်မှုကို ခံစားရပါတော့တယ် ။ တစ်ရက်မှာတော့ စတီဗင်ဟာ အိမ်ပြန်မလာခဲ့တာကြောင့် ဆွန်နီဟာ ညီအစ်ကိုလို သူငယ်ချင်း စတီဗင်ကို လိုက်ရှာရပါတော့တယ် ။ ဖြစ်ချင်တော့ စတီဗင်ကို ဖမ်းသွားတာ နယူးယောက်မြို့ ထိပ်တန်း ဂိုဏ်းတွေထဲကမှ အကြမ်းဆုံးဖြစ်တဲ့ နဂါးစိမ်းဂိုဏ်းက ဖမ်းသွားခဲ့တာပါ ။ ဆွန်နီဟာ စတီဗင်ကို ရှာမတွေ့ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ စတီဗင်ဟာ နဂါးစိမ်းဂိုဏ်းဝင်အဖြစ် ပြန်လည်ရောက်ရှိလာပါတော့တယ် ။ စတီဗင်ဟာ ဆွန်နီ့ကို နဂါးစိမ်းဂိုဏ်းအတွင်း ခေါ်သွင်းပြီးနောက်မှာတော့ သူတို့ ဘာတွေ ဆက်ကြုံတွေ့ရမလဲ ၊ ဘယ်လို ကံကြမ္မာက စောင့်ကြိုနေမလဲ ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ ဂိုဏ်းရန်ပွဲတွေ ၊ အချင်းချင်းချောက်ချတာတွေ ၊ အနိုင်ကျင့်တာတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ။ File size… 1.60 GB / 692 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 34m Genre ….. Action/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sithu Htun Kyaw

Horror • Comedy
5.3 1994 95 mins
Revenge of the Green Dragons