YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

My.Brothers.Wife.2005.SPANISH.1080p.WEBRip.x265.(CM).mp4.mp4

1.26 GB 1080p video/mp4 3762 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mukundan Unni Associates™
7.9

၂၀၂၃ မှာထွက်ရှိလာတဲ့ ဒီကားလေးက အင်ဒီယန်း မာလာရမ် စကားပြောရုပ်ရှင်ဖြစ်ပြီး ရှားရှားပါးပါးblack comedy အမျိုးအစားဖြစ်ပါတယ်။ Night crawler ကြည့်ဖူးတဲ့သူတွေဆိုရင် အဲ့ထဲက မင်းသားဘယ်လောက်တောင် သောက်ခွက်ဖြတ်ရိုက်ချင်စရာကောင်းလဲသိမှာပါ ခုဒီဇာတ်ကားထဲက အဓိကဇာတ်ဆောင် ရှေ့နေမူကန်ဒန်ရဲ့ မအောင်မြင်တဲ့ဘဝကနေ အောင်မြင်လာအောင် ဘယ်လိုတက်ကျမ်းတွေကို ဘယ်လိုသုံးပြီး အိန္ဒိယကားများထုံးစံ နိုင်ငံရေး ကျန်းမာရေး ရဲ တရားသူကြီး ရှေ့နေ တစ်ခုမကျန် ပတ်လှောင်ထားတာကိုတွေ့ရမှာပါ ဒီမင်းသားရဲ့ ယဉ်ယဉ်လေးရူးနေတဲ့ပုံစံနဲ့ ဇာတ်ကိုသယ်သွားတဲ့ပုံက ဇာတ်လမ်းပြီးသွားတာတောင် မသိလိုက်ရလောက်အောင် ဇာတ်ရှိန်လုံးဝမကျတဲ့ထိပါပဲ အဲ့တော့ ပရိသတ်များခံစားဖို့အတွက် ဒီအောင်မြင်ကြီးပွားရေးဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် File size…2.39GB / 829MB Quality…1080p True WEB DL /720p Format…mp4 Duration….2h 8m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai ThuRein Lynn

Comedy • War
7.9 2022 127 mins
Mukundan Unni Associates™
Haraamkhor
5.8

ဒီတစ်ခါမှာတော့ သဘာဝမင်းသားကြီးနဝါဇ်ရဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားလေးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ စိတ်ကစားတဲ့အရွယ်မှာ မမှားသင့်တာ မမှားအောင် မီးမောင်းထိုးပြထားတဲ့ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူး.... ဒီဇာတ်ကားမှာ နဝါဇ်က ကျောင်းဆရာကြောင်သူတော် စာဖားကြီးနေရာကနေသရုပ်ဆောင်ထားတယ်... အိမ်ထောင်လည်းရှိတယ်...စာမရတဲ့ကျောင်းသူလေးတွေဆို အိမ်အထိလိုက်ကြပ်မတ်ပေးတဲ့ စားဖားကြီးဆိုပါတော့.... တစ်ရက် ကျောင်းသူလေးတစ်ယောက်နဲ့ငြိရင်း.....။ အဲ့ဒီကျောင်းသူလေးကလည်း ရဲအရာရှိတစ်ယောက်ရဲ့သမီးဖြစ်နေတယ်.... မိန်းမကသိမှာလည်းစိုး....။ |ဆိုတော့ စိတ်လှုပ်ရှားစွာ အားပေးလို့ရပါပြီနော် File size…2.69GB / 900MB Quality…1080p NF WEBDL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor

Comedy • Drama
5.8 2015 90 mins
Haraamkhor
Symbol
6.7

ဒီတစ်ခေါက်မှာတော့ 2009 ခုနှစ်က ထွက်ရှိထားတဲ့ Symbol ဆိုတဲ့ ဂျပန်စိတ်ကူးယဉ်ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာ စပိန်မိသားစုလေးတစ်စုနဲ့ စတင်ထားပါတယ်။ ကလေးတွေက ကျောင်းသွား၊ မိဘတွေက အလုပ်လုပ်တဲ့ သာမန်မိသားစုလေးတစ်စုပေါ့။ အဲဒီနောက်မှာတော့ ရုတ်တရက်ကြီး အဖြူရောင်ဗလာအခန်းတစ်ခန်းထဲမှာ ပိတ်မိနေတဲ့ ဆံပင်ဂုတ်ဝိုင်းကေနဲ့ ညအိပ်ဝမ်းဆက်အစိမ်းရောင်ကွက်ကြားကိုဝတ်ထားတဲ့ ဂျပန်ဘဲကြီးတစ်ယောက်ဆီကို ရောက်သွားပါတယ်။ သိပ်မကြာပါဘူး။ အဖြူရောင်နံရံကြီးပေါ်မှာ မြားနတ်မောင်ဂွေးစိ သေးသေးလေးတွေ နံရံအနှံ့ ပေါ်လာတာပေါ့။ အဲဒီ ဂွေးစိသေးသေးလေးတွေကို ဖိလိုက်ရင် ကြုံရာပစ္စည်းတစ်ခုခု ကျလာပါတယ်။ ဆူရှီ၊ ပန်းအိုး၊ တူ၊ ဘောလုံး၊ မဂ္ဂဇင်း စသဖြင့် ကြုံရာပေါ့။ အဲဒီ ထူးဆန်းတဲ့အခန်းကြီးက ပစ္စည်းတွေ ချပေးရုံတင်မကဘဲ ညအိပ်အင်္ကျီနဲ့ဘဲကြီးကို အနုနည်းနဲ့ နှိပ်စက်ပါသေးတယ်။ အဲဒီအခန်းက ဘဲကြီးကို ဘယ်လိုအနုနည်းနဲ့နှိပ်စက်မလဲ။ ဘဲကြီးက ဘာလို့အဲဒီအခန်းထဲ ရောက်နေတာလဲ။ အဲဒီအခန်းထဲကနေ အပြင်ကို ဘယ်လိုထွက်မလဲ။ တကယ်ရော အပြင်ထွက်လို့ ရနိုင်ပါ့မလား။ ဗလာခန်းထဲကဘဲကြီးနဲ့ ဇာတ်လမ်းအစက စပိန်မိသားစုနဲ့ ဘာဆိုင်လို့လဲ။ စသဖြင့် "လဲ" ပေါင်းများစွာနဲ့ စောင့်ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ဘာမှမဆိုင်တာကို မဆိုင်ဆိုင်အောင်လုပ်တာကိုက ဂျပန်တွေရဲ့ skill တစ်ခုမဟုတ်လား။ ဒီတော့ ဒီကားထဲမှာရော ဘယ်လိုသက်ဆိုင်မှုလေးတွေရှိမလဲ။ ဘာကို message ပေးချင်တာလဲ။ ဇာတ်လမ်းခေါင်းစဉ်ကိုရော ဘာလို့ Symbol လို့ပေးထားတာလဲဆိုတာကို တွေးရတာကြိုက်တဲ့သူတွေအနေနဲ့ ဇာတ်လမ်းနောက်ကို စီးမြောလိုက်ပါရင်း အတွေးပင်လယ်ထဲ စီးမြောနိုင်ဖို့ ဒီဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ File size…1.8GB / 800MB Quality…1080p Blu Ray AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro

Western
6.7 2009 93 mins
Symbol
Hugot
6

Hugot (2023) ကွိုင်းက ဘတ်စ်ကတ်ဘောဝါသနာပါပြီး ကိုယ်တိုင်လည်းကြိုးစားသလို အရည်အချင်းလည်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဖခင်ကတော့ သူ့ဝါသနာကို ခါးခါးသီးသီးဖြစ်နေပြီး သင်္ဘောတက်ဖို့ပဲ တိုက်တွန်းနေပါတယ်။ ကွိုင်းမှာ သူ့ကိုတစ်ဖက်သက် ကြိုက်နေသလို ဆာတိုင်းကျွေးဖော်ရတဲ့ ဂျာပွတ်ဆိုတဲ့ သူငယ်ချင်းမလေးလည်းရှိပေမဲ့ သူတကယ်တမ်းစိတ်ဝင်စားပြီး မှန်းနေရတဲ့သူကတော့ သူ့ကစားဖော်ပြိုင်ဘက်ရဲ့ ရည်းစားဖြစ်တဲ့ တီနာ (Azi Acosta) ဖြစ်ပါတယ်။ တစ်နေ့တော့ ငွေရှာခိုင်းချင်တဲ့ သူ့ဖခင်ပါးစပ်ပိတ်သွားအောင်၊ သူ့ဝါသနာကို လွတ်လွတ်လပ်လပ်လိုက်စားနိုင်အောင် အလွယ်တကူငွေရတဲ့ မူးယစ်ဆေးပို့တဲ့ အလုပ်ကိုတွဲလုပ်မိရင်း ဇာတ်လမ်းတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Pamasahe တစ်ကားတည်းနဲ့ ရှေ့ဆုံးတန်းကိုရောက်လာခဲ့တဲ့ Azi Acosta လေးပါပဲ။ မလိုအပ်ဘဲ ထည့်ထားတဲ့ ဂျိန်းခန်းတွေအများကြီးပါဝင်တဲ့အတွက် စိတ်ကျေနပ်ကြမှာလည်း အသေအချာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 855MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 39Min Genre - Crime, Drama, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Drama • Romance • Western
6 2023 99 mins
Hugot
The Railway Children Return
5.4

ဒီတစ်ခါတော့ မျက်ရည်မခိုင်တဲ့သူတွေမကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားကိုတင်ဆက် ပေးလိုက်ပါတယ် ခင်ဗျာ လူ့တိရစ္ဆာန် အက်ဒေါ့ဖ်ဟစ်တလာ ကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်လာပြီး၅နှစ်ကြာတဲ့အချိန်မှာပဲ ဂျာမန်ဗုံးကြဲလေယာဉ်တွေက ဗြိတိသျှမြို့တွေ့ကို ဗုံးကြဲတိုက်ခိုက်လို့ မိဘတွေဟာ သူတို့ရဲ့ ကလေးတွေကို ဗုံးလွတ်တဲ့ကျေးလက်ဒေသတွေဆီပို့ဖို့ ဆုံးဖြတ်ခဲ့ရတာပေါ့ အဲဒီလိုနဲ့ လီလီ, ပတ်တီ နဲ့ တက်ခ် ဆိုတဲ့မောင်နှမ ၃ယောက်ဟာ ရော့ရှိုင်းယားဒေသကိုရောက်ပြီး ၃ယောက်တောင်ဖြစ်နေလို့ဘယ်သူမှ ခေါ်ထားဖို့ မရွေးတဲ့အချိန်မှာပဲ အဲဒီမြို့က ကျောင်းအုပ်ဆရာမကြီးရဲ့အမေက သနားပြီးခေါ်ထားလိုက်တာပါ သူ့ဆီမှာလည်း မြေလေးတစ်ယောက်ရှိတော့ အဖွဲ့ကျပြီး ကစားကြရင်းနဲ့ အမေရိကန်စစ်ပြေးရဲဘော်လေးတစ်ယောက်နဲ့ တွေ့ခဲ့ကြတာပါ အဲဒီအချိန်မှာပဲ ဇာတ်လမ်းလေးက စခဲ့ရတာပေါ့ ဒီကားထဲမှာ စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဟစ်တလာကြောင့် တစ်ကမ္ဘာလုံးကြုံခဲ့ရတဲ့ စစ်အနိဌာရုံတွေ ရှင်ကွဲ ကွဲရတဲ့မိသားစုတွေ သေကွဲကွဲရတဲ့ မိသားစုအကြောင်းတွေ ကလေးတွေရဲ့ ဖြူစင်တဲ့မေတ္တာတွေ အမေရိကန်တွေရဲ့ အသားရောင်ခွဲခြားမှုတွေကို တဝကြီးခံစားပြီး တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ တစ်သျှူးလေးဘေးချပြီး ကြည့်ရမဲ့ ကားကောင်းလေးမို့ လက်မလွှတ်ဘဲ ကြည့်လိုက်ကြပါဦးဗျာ… File size…(1.53GB)/(817MB)/(414MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre…Adventure / Drama / family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Comedy • Drama • Thriller
5.4 2022
The Railway Children Return
Tokyo!
7

Tokyo! ( 2008 ) တိုကျိုလို့ နာမည်ပေးထားပြီး တိုကျိုမှာပဲ ဇာတ်အိမ်တည် ဂျပန်သရုပ်ဆောင်တွေချည်းသုံးထားတဲ့ ဒီရုပ်ရှင်ကို ဂျပန်မဟုတ်တဲ့ ဒါရိုက်တာသုံးယောက်က ရိုက်ကူးထားတယ်။ ပထမဇာတ်လမ်းတို “Interior Design”ကို ရိုက်တဲ့သူက ပြင်သစ်ဒါရိုက်တာ Michel Gondry, သူ့ကိုနာမည်နဲ့ရုပ်ရှင် တွဲသိချင်သိမှာပေမဲ့ သူက Eternal Sunshine of the Spotless Mind လို မာစတာပိစ်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာ။ ဒုတိယဇာတ်လမ်း ” Merde”ကို ရိုက်တာက Leos Carax, သူလည်းပြင်သစ်ပဲ။ ကိန်းကနေ best directorဆုရဖူးတဲ့သူဆိုတော့ မခေတာသိသာပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အောက်စကာမှာ သမိုင်းတွင်အောင်လုပ်ခဲ့သလို ကိန်းမှာလည်း အမြင့်ဆုံးဆုရခဲ့တဲ့ တောင်ကိုရီးယား ဒါရိုက်တာ ဘွန်းဂျွန်းဟို။ ဒိတ်ဒိတ်ကြဲ၃ယောက် စုထားတယ်ပေါ့။ သူတို့ဟန်တွေက မရိုးရှင်းသလို ဒီထဲက ဇာတ်လမ်းတို၃ပုဒ်ကလည်း တော်တော်ဆန်းတယ်။ ဇာတ်လမ်းအရဆိုရင်တော့ “Interior Design”ဟာ တော်တော်လေးလှတယ်။ ဒါရိုက်တာဖြစ်ဖို့ကြိုးစားနေတဲ့ ယောက်ျားတစ်ယောက်နဲ့ သူ့အတွက် အရာရာစွန့်ထားတဲ့ မိန်းမတစ်ယောက်အကြောင်းပေါ့။ သူ့ကိုယ်သူတစ်ခါမှ အသုံးဝင်တယ်လို့ မခံစားရဖူးတဲ့ မိန်းမတစ်ယောက်ရဲ့အဖြစ်ပေါ့။ လူကနေ ခုံကြီးပြောင်းသွားတာလို အဆန်းကြီးတွေပြပေမဲ့ သူပြချင်တဲ့ အချက်ကို နိမိတ်ပုံနဲ့ပြတယ်လို့ ယူဆလို့ရပါတယ်။ အင်းနားလော့ဂျစ်မပျက်ဘူးပြောရမှာပဲ။ တခြားတစ်နည်းပြောရရင် ငါဘာအတွက်ဖြစ်တည်နေလဲ ရှာဖွေတဲ့ကားပေါ့။ နာမည်ကြီးသရုပ်ဆောင်တွေလည်း ပါသလို Shunji Iwaiလည်း ဝင်သရုပ်ဆောင်ထားတယ်။ Shunji Iwaiက သူ့ရုပ်ရှင်တွေဟာ လူ့ပြည်က နိဗ္ဗာန်တွေလို့ တင်စားရတဲ့အထိ လှပနေတတ်တဲ့ ဂျပန်ရဲ့အတော်ဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်။ သူ့ရဲ့ All About Lily Chou-Chouကို မသိတဲ့ အာရှဖန် ရှားတယ်။ ဒုတိယဇာတ်လမ်းက Merde , တိုကျိုရဲ့ရေဆိုးမြောင်းတွေကြားနေတဲ့ လူပေမဲ့ လူမပီတော့တဲ့ သတ္တဝါတစ်ကောင်အကြောင်း။ ဒီဇာတ်လမ်းကတော့ တစ်ခုခုကို မေးခွန်းထုတ်ထားတဲ့ မေးခွန်းလို့ ပြောလို့ရတယ်။ ခြွင်းချက်က ဒီဇာတ်လမ်းထဲက အဓိကဇာတ်ကောင်၂ကောင်က ဂျပန်တွေဟုတ်မနေဘူး။ တတိယဇာတ်လမ်းက ဘွန်းဂျွန်းဟိုရဲ့ “Shaking Tokyo”။ ဘွန်းဂျွန်းဟိုကားလို့ ပြောဖို့ သူက နည်းနည်းနူးညံ့လွန်းနေတယ်။ အချစ်ကားလို့ သွားပြောရင်တောင် ရတယ်။ ဇာတ်လမ်းက ၁၁နှစ်လုံး အိမ်ပြင်မထွက်တဲ့ အိမ်တွင်းပုန်းလူတစ်ယောက်ရဲ့ အိမ်ပြင်ထွက်ဖြစ်သွားတဲ့ ဇာတ်လမ်း။ ဘွန်းဂျွန်းဟိုပီသစွာပဲ ဇာတ်က ခပ်ဆန်းဆန်းလေးဖြစ်နေတယ်။ ဒီဇာတ်လမ်းရဲ့အလှကို အားဖြည့်ပေးထားတာက Yū Aoi။ ချစ်စရာမျက်နှာလေးနဲ့ ဂျပန်အကယ်ဒမီ ဆုအပါအဝင် ဆုပေါင်းများစွာရထားတဲ့ မင်းသမီး။ Art Filmတွေ မနည်းမှာ ပါဝင်သရုပ်ဆောင်ဖူးသလို လက်ရှိထိပ်တန်းမင်းသမီးတွေထဲ အပါအဝင်လည်းဟုတ်တယ်။ ကျွန်တော်တော့ ဂျပန်မင်းသမီးတွေထဲ သူ့သဘောအကျဆုံးပဲ။ ဒီထဲလည်း သူ့ကြောင့် ဘွန်းဂျွန်းဟိုရဲ့ ဇာတ်လမ်းကို သဘောအကျဆုံးဖြစ်သွားတယ်။ Tokyoဟာ အချိန်တိုလေးအတွင်းမှာ ဒါရိုက်တာဆရာကြီး၃ယောက်ရဲ့ တော်တော်လေးဆန်းတဲ့ဇာတ်လမ်းတွေကို မြည်းစမ်းရမယ့် ရှားရှားပါးပါး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Fantasy Quality…. 1080p | 720p | 480p File size… 2.92GB | 1.08GB | 518MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. August

Fantasy • Horror • Thriller
7 2008 112 mins
Tokyo!
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Hadik

ဟန်ဂေရီစကားပြော ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ စစ်ပွဲ ရုပ်ရှင် Hadikက မကြာသေးခင်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ Seven Years’ War လို့ခေါ်တဲ့ ဥရောပတစ်ခွင်က နိုင်ငံကြီးတွေရဲ့ စစ်ပွဲအတွင်းမှာ Prussia နိုင်ငံက အေးချမ်းတဲ့ Austriaနိုင်ငံကို စစ်ပွဲတွေဆက်တိုက် တိုက်နေတဲ့အချိန်မှာ ဇာတ်လမ်းတည်ထားပါတယ်။ ဘုရင်မကြီး Maria Theresa ရဲ့ အယုံကြည်ရဆုံး စစ်ဗိုလ်မှူးချုပ်ဖြစ်တဲ့ Andras Hadikဟာ မြင်းစီးစစ်သည်တော်တွေကို ခေါ်ဆောင်ပြီး Prussia Empireရဲ့ အသည်းနှလုံးဖြစ်တဲ့ Berlin မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ဗိုလ်ချုပ် Hadikက စစ်ပွဲအတွင်းမှာ ထက်မြတ်ပြီး သတ္တိရှိသူဖြစ်ပေမယ့် မလိုမုန်းထားသူတွေအလွန်များပါတယ်။ တစ်ရက်စစ်ပွဲအတွင်းမှာ ရန်သူတွေရဲ့ ထိပ်တန်းလျှို့ဝှက်ချက်ကို လိုက်ယူရင်းနဲ့ ဒဏ်ရာရသွားပြီး မလိုသူတွေကြောင့် ရာထူးချခံရကာ နေရပ်ကိုပြန်သွားခဲ့ပါတယ်။ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေတုန်းမှာ ညီအစ်ကိုလို ချစ်ခင်တဲ့ ဗိုလ်ချုပ် Farkas Babochay ရောက်လာပြီး ဘုရင်မအခေါ်လွှတ်လိုက်ကြောင်းပြောပါတယ်။ ဘုရင်မရဲ့အမိန့်အရ Berlinကို တိုက်ခိုက်ဖို့အတွက် တခြားဗိုလ်ချုပ်တွေကို လိုက်စုစည်းပေမယ့် ဘယ်သူမှ မလိုက်ချင်ကြတဲ့အခါမှာ ယုံကြည်ရတဲ့ တပ်သားအနည်းငယ်နဲ့ Berlinကို ဖြိုခွင်းဖို့အတွက် စစ်ပွဲအစီအစဉ်ရေးဆွဲခဲ့ပြီး ခရီးစတင်ထွက်ခွာခဲ့ပါတယ်။ စစ်အခြေခံရုပ်ရှင်ကားတွေ ကြည့်ရတာကြိုက်တယ်ဆိုရင် ဒီကားကိုလည်း ကြည့် ကြည့်လိုက်ပါဦး။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

0 2023 108 mins
Hadik
Flawless
6.7

ဒီကားလေးကတော့ IMDB 6.7/10 ရရှိထားတဲ့ Crime/Drama/Thriller ကားဟောင်းလေးဖြစ်ပြီး မင်းသမီးကြီး Demi Moore နဲ့ မင်းသားကြီး Michael Caine တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ၁၉၆၀ ခုနှစ်များဆီက ဥရောပတစ်ခွင်မှာ အလုံခြုံဆုံးဆိုတဲ့၊ အတွင်းဘက်မှာ ကွန်ကရစ်တွေ၊ ကျောက်သားနံရံတွေနဲ့ ကာရံထားပြီး အပြင်ဘက်မှာ ၃ လက်မထု စတီးနံရံနဲ့ ဝန်းရံထားတဲ့ လန်ဒန်စိန်အဖွဲ့အစည်းကြီးရဲ့ အလုံပိတ်ခန်းထဲကနေ စိန် ၂ တန်စာလောက်ပျောက်သွားခဲ့ပါတယ်။ ပေါင် သန်း ၁၀၀ လောက်တန်ကြေးရှိတဲ့ စိန်တွေကို လုံခြုံရေးကင်မရာတွေ၊ သံမဏိနံရံတွေ၊ အစောင့်တွေ၊ အဆောက်အအုံရဲ့ ပိတ်ထားတဲ့ တံခါးအထပ်ထပ်ကိုဖြတ်ပြီး ဘယ်သူက ဘယ်လိုပြောင်မြောက်တဲ့နည်းလမ်းနဲ့ ခိုးယူခဲ့လဲဆိုတာနဲ့ စိန်တွေကို ပြန်တွေ့အောင်ရှာနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(866 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:48:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

6.7 2007
Flawless
We (Wij
5.6

We (Wij 2018) IMDb – 5.6/10 Genre – Drama (ပွင့်လင်းမြင်သာတဲ့ လိင်ပိုင်းဆိုင်ရာ ပြကွက်များ ကိုယ်လုံးတီးခန်းများ ပါဝင်သောကြောင့် ၁၈ နှစ်အောက်များ သို့မဟုတ် မိသားစုနဲ့အတူ မကြည့်ဖို့ တိုက်တွန်းလိုပါသည်။) ဆယ်ကျော်သက်လူငယ်တွေ အတတ်ကျူးပြီး ပဲ့ကိုင်ဆုံးမပေးမယ့်လူ မရှိရင် ဘယ်လောက်ထိ လမ်းချော် သွားနိုင်သလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း ပြထားတဲ့ ဘယ်ဂျီယံကားလေး ဖြစ်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဆယ်ကျော်သက်တစ်ယောက် အလွန်ဆုံး ဆိုးသွမ်းနိုင်ရင် လောင်းကစားလုပ် ဆေးချ အရက်သောက် ဒီလောက်ပဲ ဆိုပေမဲ့ သူတို့လို ပွင့်လင်းမြင်သာတဲ့ ဥရောပဖက်က ဆယ်ကျော်သက်တွေ တကယ်ကြမ်းလာရင် လိုက်မမှီတာကို မြင်ရမှာပါ။ ဇာတ်လမ်းလေး တည်ဆောက်ထားတဲ့ပုံက သူငယ်ချင်း ၈ ယောက် (ကျား ၄ မ ၄) မြို့လေးတစ်မြို့မှာ အတူတူပေါင်းသင်းကြပြီး လုပ်စရာမရှိ ပျင်းလာတဲ့အခါမှာ လောကကြီးကို စူးစမ်းလေ့လာကြမယ်ဆိုပြီး မလုပ်သင့်တာတွေ လုပ်သင့်တာတွေ နားမလည်ပဲ အကုန်လျှောက်လုပ်ကြပါတယ်။ အစပိုင်းတော့ အချင်းချင်းပဲ ပွင့်လင်းစွာ လိင်ဆက်ဆံရာကနေ ငွေပိုရချင်ရင် အပြာကားရိုက်ပြီး လိုင်းပေါ်တင်ကြမယ် ဘာညာနဲ့ လုပ်ကြပြုကြရင်း ငွေတွေအများကြီးရတော့ ထိန်းမရ သိမ်းမရပဲ သောင်းကျန်းနေခဲ့တာပေါ့။ ဒါပေမဲ့လည်း ဒီလောက်ဖြစ်ပျက်နေတာကို အားမရပဲနဲ့ တော်တော်ကို ဆိုးရွားတဲ့ နောက်တစ်ဆင့်ကို တက်လာပြီး ဖြစ်ရပ်ဆိုးတစ်ခု ဖြစ်လာတဲ့အခါမှာတော့….။ သူငယ်ချင်း ၈ ယောက်ထဲက ၄ ယောက်ဖြစ်သူရဲ့ တရားခွင်မှာ ထွက်ဆိုချက်ပေးတာကို နောက်ကြောင်းပြန်ပြတဲ့အနေနဲ့ အပိုင်း ၄ ပိုင်း ခွဲပြီး တင်ဆက်ထားပါတယ်။ နောက်ဆုံးမှာ မထင်မှတ်ထားတာတွေ ပါပါတယ်။ ထင်ရာစိုင်းပြီး ခေတ်မှီနေကြတဲ့ ဆယ်ကျော်သက်လေးတွေ နဲ့ ပတ်သက်ပြီး ထိန်းကျောင်းမှုတွေ သွန်သင်ဆုံးမဖို့အတွက် ပညာရစရာတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။ File size… 1.4 GB / 642 MB Quality… WEBRip 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

Comedy
5.6 2018
We (Wij
The Player
7.5

The Player (1992) အညွှန်း *************************** IMDb rating …… 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေး မပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာ အားလုံးသိကြမယ်ထင်ပါရဲ့) Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး…. စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်… ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါ စာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်… ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ… တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်… ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်… အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်… အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ…… ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီး သရုပ်ဆောင်များစွာပါ၀င်ထားပါတယ်… ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ် ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ တမူထူးခြားတဲ့ ရသတွေခံစားမှာဖြစ်လို့… ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thar Htet ပဲဖြစ်ပါတယ် … File Size : 2.83GB/ 1.16GB Quality : Blu-Ray 1080p / Blu-Ray 720p Format…mp4 Duration…02:05:00 Genre : Crime , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Thar Htet Encoded by Tiff

Thriller • Romance • Action • History • Drama
7.5 1992 124 mins
The Player
The Wild

The Wild (2006) *************** ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့ animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်… ၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ် Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်… ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေ အာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson က သူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်… အဲဒီအဖွဲ့ထဲမှာ ကိုအာလာဝက်ဝံလေး Nigel…သစ်ကုလားအုတ်မလေး Bridget… အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့ သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ… IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်… File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : 1 hr. 22 min. Genre : Family, Adventure Subtitle : Myanmar Subtitle (Hard Sub) Translated by Austin Encoded by Heather Oo

Action • Romance • Drama
0 2006 82 mins
The Wild
The First Stab of The Datang
5.9

တရုတ်သမိုင်းရဲ့နာမည်ကြီးဧကရီ Wu Zhe Tian ကိုသိကြမယ်ထင်ပါတယ်။ ထန်ခေတ်ဧကရီဝူဇယ်ထျန်းကို ပုံစံတစ်မျိုးနဲ့ဖော်ပြထားတဲ့ သိုင်းကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ တထန်တိုင်းပြည်ကြီး တိုင်းရေးပြည်ရေးမတည်မငြိမ်ဖြစ်ပြီး အရှင်မဝူဇယ်ထျန်းက ဧကရီအမည်ခံအုပ်ချုပ်လိုက်တယ်။ ပြည်သူတွေကြားမှာ ကောလဟာလတစ်ခုပြန့်နေပါတယ် အမတ်ချုပ်ကြီးဟာထိုက်ကျုံးဘုရင်မင်းမြတ်ရဲ့အမိန့်တော်အရ လျို့ဝှက်ကျမ်းစာကိုရေးခဲ့တယ်။ ဒီကျမ်းစာဟာရှေ့ဖြစ်ဟောစာဖြစ်ပြီး ဝူဇယ်ထျန်းကို ထိန်းချုပ်ဖို့နည်းလမ်းဖြစ်တဲ့အတွက် ဧကရီမကြီးက ဒီလျို့ဝှက်စာကိုမရရအောင် ထျန်းကျီးဂိုဏ်းကလူသတ်သမားတွေကို စေလွှတ်တဲ့အကြောင်းကို သိုင်းအက်ရှင်တွေဝေဝေဆာဆာနဲ့ရိုက်ကူးထားပြီး တိုက်ရေးခိုက်ရေးတွေကြားထဲက အစွန်းနှစ်ဘက်က လူ၂ယောက်ရဲ့အချစ်ဇာတ်လမ်းလေးက ဘယ်လိုဖြစ်သွားမလဲဆိုတာလဲ စိတ်ဝင်တစားကြည့်ရမှာပါ….. ရက်စက်တဲ့ဧကရီနဲ့ သူတို့ချစ်သူနှစ်ယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်လာမလဲဆိုတာ ဆက်ပြီးကြည့်ရှုအားပေးလိုက်ကြပါဦးနော်

Action • Crime • Thriller
5.9 2018
The First Stab of The Datang