YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

MY3 (2023) S01 EP09.1080p(CM).mp4

837.3 MB 1080p video/mp4 34 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Conspiracy Theory
6.6

ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ Jerry ကို လိုက်ဖမ်းတဲ့ အဖွဲ့အစည်းက အဲဒီကောင်မလေးနဲ့ရော ဘယ်လိုဆက်စပ်မှုတွေရှိလဲ။ Jerry ရဲ့ စွဲလမ်းမှုကရော Alice အပေါ် အန္တရာယ်ဖြစ်စေနိုင်မလား ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်ကောင်းစွာ တင်ဆက်ပေးထားလို့ လက်လွှတ်မခံဘဲ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size…(2.63GB)  / (`1.36GB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:15:00 Genre... Action / Mystery /  Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

6.6 1997 135 mins
Conspiracy Theory
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
Black Light
7.6

ကဲ ဒီတစ်ခါ CM ပရိတ်သတ်တွေအတွက် All Of Us Are Dead ထဲက အွန်ဂျိုလေးပါဝင်ထားတဲ့ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားလေးက ကြီးမားတဲ့ကံဆိုးမှုကြီးကို အတူကြုံတွေ့ခဲ့ရတဲ့ အမျိုးသမီးနှစ်ယောက်ကြားက ဆက်ဆံရေးကိုအသားပေးရိုက်ကူးထားတာပါ။ လမ်းမကြီးရဲ့အလယ်စည်းကိုကျော်ပြီး ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် ပြစ်မှုကျူးလွန်သူကသေဆုံးပြီး နစ်နာသူကတော့ coma ဖြစ်သွားခဲ့ပါတယ်။ အချိန်တစ်ခုကြာပြီးတဲ့နောက်မှာ ပြစ်မှုကျူးလွန်သူရဲ့ဇနီး Hee Joo ကသူမအလုပ်လုပ်ခဲ့တဲ့ စက်ရုံကိုပြန်လာခဲ့ပါတယ်။ အဲဒီစက်ရုံမှာ နစ်နာသူရဲ့ဇနီးဖြစ်သူ Young Nam အလုပ်လုပ်နေတာကိုမြင်ခဲ့ရပြီး Hee Joo က ဇဝေဇဝါဖြစ်သွားခဲ့ရပါတယ်။ Hee Joo က Young Nam ရဲ့သမီး Eun Young နဲ့ ရင်းနှီးလာခဲ့တဲ့အခါမှာတော့ Eun Young ဆီကနေ ဒီအမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတစ်ခုကို သိရှိခဲ့ရပါတယ်။ မတော်တဆမှု တစ်ခုရဲ့ နောက်ကွယ်က ဖြစ်ရပ်မှန်က ဘာဖြစ်မလဲ? တစ်စတစ်စ တင်းမာလာတဲ့ အမျိုးသမီးနှစ်ယောက်ကြားက ဆက်ဆံရေးကရော ဘာဆက်ဖြစ်သွားမလဲ? ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Hnin Pale ပါ) File Size          :  (863MB), (396MB) & (254MB) Quality            : WEB-DL 1080p, 720p & 480p Format            : mp4 Duration         : 1hr & 47mins Genre              : Crime, Drama Translated by  Hnin Pale Encoded by Kinnov

Comedy
7.6 2021 107 mins
Black Light
Black Butler
7.1

Black Butler(2014) ***************** လက်စားချေတဲ့ ခပ်ကြမ်းကြမ်း အက်ရှင်ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် ၂၀၁၄ ကထွက်ရှိခဲ့တဲ့ Black Bulter ဆိုတဲ့ ဂျပန်ဇာတ်ကားကောင်းလေးကို မိတ်ဆက်ပေးပါရစေ။ အမေနဲ့အဖေနှစ်ယောက်လုံး အသတ်ခံရပြီးနောက် ကံကောင်းစွာလွတ်မြောက်သွားခဲ့တဲ့ ရှီအိုရီ ဆိုတဲ့ကောင်မလေးဟာ ယောက်ျားလေးဟန်ဆောင်ပြီး မိသားစုဆီကိုပြန်လာခဲ့ပါတယ်။ ဒီလိုပြန်လာနိုင်ဖို့ သူ့ရဲ့ဝိညာဥ်ကို နတ်ဆိုးဆီကိုရောင်းစားခဲ့ပြီး နတ်ဆိုးနဲ့အတူပြန်လာခဲ့တာပါ။ ငယ်ရွယ်တဲ့ကောင်မလေးဟာ နတ်ဆိုးနဲ့အတူ သူ့မိဘတွေရဲ့သေဆုံးမှုကို ဘယ်လိုစုံစမ်းပြီး လက်စားပြန်ချေမလဲ။ နည်းပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေ၊ အထက်တန်းအလွှာတွေကြားကရှုပ်ထွေးမှုတွေနဲ့အတူ ခမ်မိုက်မိုက် အက်ရှင်ခန်းတွေ Plot Twist တွေနဲ့မို့ ကြည့်သင့်ပါကြောင်း File Size :(2.7GB)(1GB) and (353MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Action, Adventure, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae

Comedy • Horror
7.1 2014 119 mins
Black Butler
Rose Island
7

Netflix ကအသစ်ထွက်လာတဲ့ adventure/ comedy/ drama အမျိုးအစား အီတလီဇာတ်ကားလေးဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားပြီး တော်တော်လေးကို ကြည့်လို့ကောင်းပြီး စိတ်ဝင်စားစရာကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော်ဂျီရို ရိုဆာက အီတလီလူမျိုး အင်ဂျင်နီယာတစ်ယောက်ပေါ့... သူက အားအားရှိ ပစ္စည်းပေါင်းစုံ လျှောက်ထွင်ပြီးတစ်ချိန်လုံး အဖမ်းခံနေရတဲ့သူပါ... ဂတ်ဘရီအယ်လာက သူ့ရည်းစားဟောင်း ရှေ့နေမလေးပေါ့ တော်တယ် ထက်မြက်တယ်... ရိုဆာကို ချစ်ပေမယ့် လက်တွေ့ဆန်တဲ့ ဂတ်ဘီက ရိုဆာနဲ့တွဲရတာ စွန့်စားလွန်းရာကျတယ်ဆိုပြီး ပြတ်ခဲ့ကြတာပေါ့။ တစ်ရက် သူတို့ပြန်ဆုံပြီး ကမောက်ကမတွေဖြစ်ကုန်တော့ ဂတ်ဘီက စိတ်ဆိုးပြီး ရိုဆာ့ကိုပြောတယ် သီးသန့်ကိုယ်ပိုင် ကမ္ဘာဆိုတာ မရှိကြောင်း လိုက်လျောညီထွေနေတတ်ဖို့လိုကြောင်းတွေပေါ့။ အဲဒီမှာ ရိုဆာက လက်မခံပဲ သီးသန့် ကိုယ်ပိုင်ကမ္ဘာ ဖန်တီးပြမယ်ဆိုပြီး သူငယ်ချင်းဖြစ်သူ မော်ရီဇီရိုနဲ့အီတလီရေပိုင်နက်အပြင်မှာ နှင်းဆီကျွန်းလို့ အမည်ရတဲ့ လူလုပ်ကျွန်းတစ်ခု ဆောက်ပြီး လွတ်လပ်တဲ့ပြည်ထောင်စုအဖြစ်ကြေငြာပစ်လိုက်တော့တယ်။ အဲဒီကျွန်းကို အီတလီ အစိုးရက မျက်စိစပါးမွှေးစူးလာချိန်မှာတော့... ဘာတွေဆက်ဖြစ်မှာလဲဆိုတာ ဆက်လက်ရှုစားကြပါနော်... ဒီဇာတ်လမ်းလေးမှာ တီထွင်မှုတွေ . ထိုးဖောက်တွေနဲ့ရူးသွပ်တဲ့ Life Style ကိုတွေ့မြင်ရမယ် . Comedy လေးတွေချိုးသွား တာကလည်း ထိုင်ပြောင်ပြတာမျိုးတစ်ခန်းမှမပါဘဲကို ပြုံးရယ်သွားစေချင်တာမျိုးမို့ အတော်လေးကို ကြည့်လို့ကောင်း ပါတယ်။ နောက်တစ်ခုပြောပြချင်တာက တကယ့်အပြင်မှာ ရိုဆာနဲ့ ဂတ်ဘီက သေတဖန် သက်တဆုံး ပေါင်းဖက်သွားကြပါသတဲ့ ? (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 57min Subtitle – Myanmar Hardsub Format – Mp4 Genre : Adventure, Comedy, Drama Source : 1080p.WebRip Translator – May Myat Thu Encoder – SWM

7 2020 120 mins
Rose Island
Duma
7.2

ဒီဇာတ်ကားက တိရစ္ဆာန်​လေး​တွေကို ချစ်မြတ်နိုးသူ​တွေ အ​တော် သ​ဘောကျမယ့် ဇာတ်ကား​လေးပါ။ ဒါ​ပေမဲ့ ခါတိုင်းလို ​ခွေး​လေး၊ ​ကြောင်​လေး​တွေရဲ့ ဇတ်လမ်းမျိုးမဟုတ်ဘဲ အိမ်​မွေးတိရစ္ဆာန်​လို ဖြစ်​နေတဲ့ ချီတာကျားသစ်​လေးတစ်​ကောင်အ​ကြောင်းပါ။ IMDb 7.2နဲ့ RT 95% ရထားပါတယ်။ ဇန်ဆိုတဲ့​ကောင်​လေးရဲ့ အိမ်မှာ ​လသား​လေး အရွယ်ကတည်းက ​​ရောက်ရှိ​နေတဲ့ ဒူးမားဆိုတဲ့ကျားသစ်​လေးကို တစ်အိမ်လုံးဝိုင်းပြီး ချစ်ခင်ကြသလို သူကိုယ်တိုင်လည်း အိမ်​မွေးတိ​လေးတစ်​ကောင် လိုမျိုး အရမ်းယဉ်ပါးတဲ့ ​ကောင်​လေးတစ်​ကောင် ဖြစ်​နေတာပါ။ ဒါ​ပေမဲ့ ဇန်ရဲ့ဖခင်ဖြစ်သူ ဆုံးပါးပြီး​နောက် သူတို့​မိသားစုရဲ့အိမ်မှ မြို့​ပေါ်​ကို ပြောင်း​​ရွှေ့​နေထိုင်ရချိန်မှာ​​တော့ ဘယ်​လိုပဲ လူယဉ်တဲ့ တိ​လေးဖြစ်​နေပါ​စေ၊ ကျားသစ်က ကျားသစ်၊ ​သားရဲက သားရဲပဲ ဖြစ်လို့ ခေါ်ထားဖို့အဆင်မ​ပြေတဲ့ အ​ခြေအ​နေဖြစ်လာပါတယ်။ ဒါ​ကြောင့်ပဲ ဇန်က သူကိုယ်တိုင် ဒူးမား​လေးကို ​စ​တွေ့ခဲ့တဲ့​တောထဲ ပြန်ပို့​ပေးဖို့ ဆုံးဖြတ်လိုက်ပါ​တော့တယ်။ ဒီဇာတ်ကား​​လေးထဲမှာ ဇန်နဲ့ ကျားသစ်​လေး ဒူးမားတို့ရဲ့ သံ​ယောဇဉ်​​တွေ၊ သူတို့ကြုံရမယ့် အခက်အခဲ​ပေါင်းများစွာနဲ့ စွန့်စားမှု​တွေကို ကြည့်ရှုခံစားရမှာပါ။ ချစ်ဖို့​ကောင်းတဲ့ တိကား​လေးဖြစ်လို့ မိသားစုနဲ့အတူတူကြည့်ရှုဖို့ အဆင်​ပြေမယ့် ဇာတ်ကား​လေးပဲ ဖြစ်ပါတယ်။ File size…2.85 GB / 1.24 GB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Adventure , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

7.2 2005
Duma
Locked In
5.5

X-Man movieတွေမှာ ဂျင်းဂရေးအဖြစ်သရုပ်ဆောင်တဲ့ မမ Famke Janssen(ကတ်သရင်း)ရဲ့ ပီပြင်တဲ့သရုပ်ဆောင်ချက်တွေကို ထပ်မြင်တွေ့ရမယ့် ကားတစ်ကားပါပဲ….။ ဇာတ်လမ်းလေးက ဆေးရုံကြီးတစ်ခုမှာ လော့အင် ဆင်ဒရုန်းဖြစ်နေတဲ့ လူနာတစ်ယောက်(ကတ်သရင်း)က စပါတယ်…။ လော့အင် ဆင်ဒရုန်း(Locked-in syndrome)ရောဂါဆိုတာ ကြွက်သားအားလုံး အကြောသေပြီး ခန္ဓာကိုယ်တစ်ခုလုံးမလှုပ်နိုင်မရှားနိုင်ဘဲ မျက်တောင်အပိတ်အဖွင့်၊ မျက်စိဘယ်ညာသာလှုပ်ရှားနိုင်တဲ့ရောဂါပါ….။ ကတ်သရင်းဟာ ဘာလို့ဒီရောဂါဖြစ်ခဲ့ရလဲဆိုတော့….. ဒီရောဂါမဖြစ်ခင်ကဆို ကတ်သရင်းဟာ စံအိမ်ပိုင်ရှင်သူဌေးကြီးကို လက်ထပ်ယူထားတဲ့ ထိတ်ထိတ်ကြဲ ဟောလိဝုဒ်မင်းသမီးပေါ့…. ‌ယောကျ်ားဖြစ်သူဆုံးသွားတော့ ကတ်သရင်းအတွက် ဘာဆိုဘာမှမထားခဲ့ဘဲ သားဖြစ်သူအတွက်သာ အမွေ‌တွေအကုန်ပေးအပ်ခဲ့ပါတယ်…။ ဒီတော့ စံသာစံနေရတယ် စံအိမ်မပိုင်တဲ့အိမ်ရှင်မကြီးဘဝရောက်ခဲ့ရတယ်ပေါ့….။ အမွေရတဲ့ သားဖြစ်သူဟာငယ်ငယ်ကတည်းက ရောဂါကြောင့် အိပ်ယာထဲတစ်ဘိုင်းဘိုင်းလဲနေရသူပါ….။ အမွေမရတဲ့ ကတ်သရင်းကတော့ သားဖြစ်သူကိုမကြည်တဲ့အပြင် အမွေတွေကို ပြန်အပိုင်သိမ်းဖို့သာ နည်းလမ်းရှာနေခဲ့ပါတယ်….။ ဒီလိုနဲ့ သားဖြစ်သူလည်းအိမ်ထောင်ကျ ချွေးမတစ်ယောက်ပါ ထပ်ရလာတဲ့အခါမှာတော့…. အမွေလုဖက်တစ်ယောက်တိုးလာခဲ့ပြန်ပါပြီ….။ မိထွေးဖြစ်သူ၊ သားနဲ့ချွေးမတို့ကြား လူကောင်းမျက်နှာဖုံးအောက်က အမွေလုပွဲကို မထင်မှတ်ထားတဲ့ Plotတွေ စုံစုံလင်လင်နဲ့ကြည့်ရှုရမယ့် Mystery Thrillerဇာတ်လမ်းလေးဖြစ်ပါတယ်…။ File size…1.10GB / 521MB Quality…NF WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Action • Comedy • Drama
5.5 2023
Locked In
Desperate Sniper
5.8

ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတဲ့ အန္တရာယ်တွေကို ကာကွယ်မယ့် ကြေးစား ဝံပုလွေနက် အဖွဲ့လေးအကြောင်း ရိုက်ကူးထားတဲ့ ကားလေးကို ဘာသာပြန်တင်ဆက်လိုက်ပါတယ်နော်… သာမန်ပြည်သူတွေနဲ့ တစ်သားတည်း အတူတူ တိုက်ရည်ခိုက်ရည်ပဲ ကွဲပြားသွားသူတွေ စုပြီး ဖွဲ့စည်းထားတဲ့ ဝံပုလွေနက် ကြေးစားအဖွဲ့ဟာ မစ်ရှင်တွေ တာဝန်တွေကို အခကြေးငွေဖြတ်ပြီး လက်ခံနေတာပေါ့… ဇာတ်လမ်းအစမှာဆို မှောင်ခိုလူကုန်ကူးတဲ့ဆီကတောင် ဓားစာခံ ပြန်ပေးဆွဲခံရသူကို ကယ်တင်ခဲ့တာပေါ့… ဒီလိုတော်လွန်းတဲ့အဖွဲ့ကို ကြေးအများကြီးနဲ့ ဟယ်ရီဆိုတဲ့ လူတစ်ယောက်က ဆေးတစ်မျိုးကို ပို့ဆောင်ပေးဖို့ အလုပ်အပ်ခဲ့ပါတယ်… ပို့ရမှာကတော့ ချာချိုင်ဗိုလ်ချုပ်ရဲ့ တပ်စခန်းမြေကိုပေါ့… ဒီလောက်ရိုးရှင်းတဲ့ အလုပ်ကို အခကြေး အများကြီးပေးထားတာတော့ စဉ်းစားစရာပဲပေါ့လေ… ဒါပေမယ့် တစ်ဖက်မှာ ဒီဗိုလ်ချုပ်ကို လုပ်ကြံနေတဲ့ ပြောက်ကျားတပ်လည်း ရှိနေတော့ သူရန်ကြောက်လို့လည်း ဖြစ်နိုင်တာပါပဲ… ဒီတော့ ဝံပုလွေနက်အဖွဲ့ ဒီမစ်ရှင်ကို အောင်မြင်မှာလား… ပြောက်ကျားအဖွဲ့က ဘယ်သူတွေလဲ… သူတို့ပို့တဲ့ ဆေးကရော ဘာဆေးလဲ… ဇာတ်လမ်းလေးက အဖြေပေးသွားပါလိမ့်မယ်

Drama • Comedy
5.8 2024
Desperate Sniper
Bridgend
5.5

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့ မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။ ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့ လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။ ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့ ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့ ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့ ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့ နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။ အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့ သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀ ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့ ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size…1.61GB / 635MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2015 104 mins
Bridgend
Over the Fence
6.6

ဒီကားကိုရိုက်တဲ့ Nobuhiro Yamashitaက တန်းတစ်ခုရှိတဲ့အထဲတော့ပါတယ်။ သူရိုက်ခဲ့တဲ့ Linda Linda Linda ( 2005 )ဟာ ဂျပန်ရဲ့ မြူဇစ်ကယ်တွေထဲ အခုထိ နာမည်တွင်းနေတုန်းကားပဲ။ ဒီကားကို ကျွန်တော်တော့ ချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကားလို့မြင်တယ်။ ဒါပေမဲ့ ဒီအချက်တွေအကုန်လုံးက ကျွန်တော့်အတွက်တော့ ယုအအိုအိကြောင့်ပါပဲ။ ဒီကားထဲက ယုအအိုအိရဲ့ပုံစံက သူရဲ့ထူးခြားတဲ့ဟန်ပေါ်နေတဲ့ ပုံစံတွေထဲက တစ်ခုပဲ။ ဖြူစင်တယ်။ဒါပေမဲ့ ဆွဲဆောင်မှုအားကောင်းတယ်ပေါ့။ ဘ ာလို့လဲမသိ ယုအအိုအိရဲ့ မျက်နှာပေါ်က မှဲ့တစ်လုံးနဲ့ ပိန်လှီနေတဲ့ကျောပြင်ဟာ မကောင်းတဲ့ရုပ်ရှင်တစ်ကားကိုတောင် အသက်သွင်းပေးနိုင်တယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါပေမဲ့ ဒီကားကတော့ ကောင်းတဲ့ကားပါပဲ။ ဒီတော့ ပြည့်စုံသွားတယ်ပေါ့။ ဒီကားက ရိုမန့်ကားလို့ပြောလို့လည်းရတယ်။ တစ်ဘက်တည်းမှာပဲ ရိုမန့်ထက် လက်တွေ့တော့ကျတယ်။ ယောက်ျားလေးတွေက သူတို့အမြင်ကနေ မိန်းကလေးတစ်ယောက်ကို လွယ်တယ်လို့ သတ်မှတ်ကြတဲ့အမြင်ကို မိန်းကလေးတစ်ယောက် ရင်ဆိုင်ဖြတ်သန်းနေရတဲ့ပုံစံအကြောင်းလည်းပါတယ်လို့ပြောရမယ်။ ဆန့်ကျင်ဘက်လိင်ကို တပ်မက်မှုရှိကြတာခြင်းအတူတူ လူ့အသိုင်းအဝိုင်းမှာ ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုအပြောခံရတာတတ်တာကတော့ မထူးတော့တဲ့အရာပါပဲ။ တစ်ချို့လူတွေအတွက်တော့ ဒီလိုအမြင်တွေကပြောင်းသွားပြီပေမဲ့ တစ်ချို့လူတွေအတွက်တော့ မပြောင်းသေးတဲ့အရာတွေပဲပေါ့။ တလောက ကျွန်တော် သဲအိမ်မောင်နေဝါရဲ့ချစ်လိပ်ပြာဆိုတဲ့ ဝတ္တုတစ်ပုဒ်ဖတ်လိုက်သေးတယ်။ အကြောင်းအရာကတော့ စာ၁၀ကြောင်းလောက်နဲ့တင်ပြီးသွားမယ့်အထိ ရိုးရှင်းတယ်။ ဒါပေမဲ့ သဲအိမ်မောင်နေဝါက မိန်းကလေးတစ်ယောက်ရဲ့ဖြတ်သန်းမှုကို ကျွန်တော်တို့စာနာနိုင်အောင် ရေးပြနိုင်ခဲ့တယ်။ ဒီလိုဝတ္တုတွေထပ်လိုသေးတယ်လို့ ကျွန်တော်တော့မြင်တယ်။ Over the Fenceဟာလည်း အဲဒီဝတ္တုလို အင်အားမျိုးရှိတဲ့ရုပ်ရှင်ပါပဲ။ တစ်ခါတလေတော့လည်း ဒီလိုရုပ်ရှင်တွေကို ကျွန်တော်တို့လိုတယ်။ File size… 1.8 GB / 866 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by WiRa Aung

Drama • Music
6.6 2016
Over the Fence
Land of Happiness
7

Land of Happiness (2024) ************************** ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Choo Chang-Min ရိုက်ကူးထားပြီး Castတွေ အနေနဲ့ကတော့ Jo Jung-suk. Lee Sun-Kyun နဲ့ Yoo Jae-Myung တို့ အဓိကပါဝင်ထားတဲ့ ၁၉၇၉ ခုနှစ် သမ္မတလုပ်ကြံခံရမှုအပြီး ခေတ်အခြေအနေကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း တရားရေးတိုက်ပွဲတွေရဲ့ ဆရာတစ်ဆူဖြစ်တဲ့ Jung In-Hoo ဟာ သမ္မတကို လုပ်ကြံသတ်ဖြတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ ထောက်လှမ်းရေးအဖွဲ့ရဲ့ ဗိုလ်မှူး Park Tae-Juဘက်နေ ခုခံကာကွယ်ပေးခြင်းဖြင့် တောင်ကိုရီးယားနိုင်ငံရဲ့ သမိုင်းမှာ အခက်ခဲဆုံးသော နိုင်ငံရေးတရားခွင်ထဲက တစ်ခုကို ရင်ဆိုင်နေရပါတယ်။ ဖြစ်စဥ်ကတော့ သမ္မတ လုပ်ကြံမခံရခင်မှာ Tae-Ju ဟာ သက်တော်စောင့်တွေကို နှိမ်နင်းထားဖို့ ထောက်လှမ်းရေးဌာနရဲ့ အကြီးအကဲဆီမှ အမိန့်ကို လက်ခံရရှိခဲ့တာပါပဲ။ ဒါပေမဲ့ အဲဒီဖြစ်ရပ်ကို “ကြိုတင်စီစဉ်ထားတဲ့ ပုန်ကန်မှု” အဖြစ် ခေါင်းစဉ်တပ်ခံလိုက်ရတဲ့အခါ In-Hoo ဟာ Tae-Ju ကို အမှုကနေ ကယ်တင်နိုင်မဲ့နည်းလမ်းနဲ့ သက်သေပြဖို့ အကြံတွေပေးခဲ့ပေမဲ့လည်း Tae-Ju က နားမထောင်ခဲ့ပေ။ Tae-Ju ဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်တပ်ဥပဒေအတိုင်း ကြားနားခွင့် တစ်ကြိမ်သာ ပြုလုပ်ပြီး စီရင်ချက်ချခံရမှာ ဖြစ်တာကြောင့် In-hoo က တရားမျှတတဲ့ တရားစီရင်မှု ဖြစ်ဖို့အတွက် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ပေမဲ့ တရားမျှတမှု မရှိတဲ့ တရားစီရင်ရေး လုပ်ငန်းစဉ်ကြောင့် In-Hoo ရဲ့ စိတ်ပျက်ဒေါသနဲ့ ခံပြင်းမှုတွေသာ ကျန်ရစ်ခဲ့တဲ့ တရားခွင်ဖြစ်လာတော့တယ်။ တစ်ဖက်မှာလည်း ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့က ခေါင်းဆောင် Jeon Sang-Doo ကလည်း နောက်ကွယ်ကနေ တရားခွင်ကို လိုသလိုကြိုးကိုင်နေတဲ့အခါမှာတော့.. နိုင်ငံရေးခြစားမှုတွေကြား In-Hoo က သမ္မတကို လုပ်ကြံမှုနဲ့ စွဲချက်တင်ခံနေရတဲ့ Tae-Ju ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Miri မှ ရေးသားပေးထားပါတယ်။) File size…1.25GB / 540MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….2h 05m Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, Hnin Wai Oo & Miri

7 2024 124 mins
Land of Happiness
Below

IMDb- 6.1/10 Below ဟာ 2002 ခုနှစ်က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းဖြစ်ပြီး စစ်ပွဲနောက်ခံ horrorကားအဖြစ် လူကြိုက်များခဲ့တာပါ။ ဇာတ်လမ်းက 1943 ခုနှစ် ဒုတိယကမ္ဘာစစ် အချိန်ကာလကို အခြေခံထားပါတယ်။ အမေရိကန်ရေငုပ်သင်္ဘော USS Tiger Shark ဟာအတ္တလန်တိတ်သမုဒ္ဒရာအတွင်းကင်းလှည့်နေစဉ် အင်္ဂလိပ် သင်္ဘောတစ်စင်းနစ်မြှပ်မှုမှ အသက်ရှင်ကျန်သူသုံးဦးကိုကယ်ဆယ်ခဲ့ပြီးနောက်ဂျာမန် ဖျက်သင်္ဘောထံမှလွတ်မြောက်ခဲ့ပေမဲ့ ရေငုပ်သင်္ဘော အတွင်းမှာ ထူးဆန်းတဲ့ရာတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ထိုအချိန်မှာအချင်းချင်းသံသယဖြစ်လာကြပြီး မမြင်နိုင်တဲ့တစ်ခုခုက သူတို့ကိုခြိမ်းခြောက်နေတယ်ဆိုတာ သိလာကြပါတယ်။ စစ်ပွဲရဲ့ဖိအားအပြင် မမြင်နိုင်တဲ့ တစ်ခုခုရဲ့ ဆိုခြိမ်းခြောက်မှုကိုခံရတဲ့အခါ စစ်သားတွေရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအပြင် အသက်အန္တရာယ်ကိုယ်စီပါ ကြုံလာရပါတော့တယ်။ အဘယ်ကြောင့် ဒီလိုထူးဆန်းတာတွေဖြစ်ပြီး အသက်အန္တရာယ်တွေကြုံလာလဲဆိုတာတော့ကြည့်ရှုသူပရိတ်သတ်တွေပါ ဇာတ်ကောင်တွေနဲ့လိုက်ပြီး အဖြေရှာရမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ဖိအားအပြင် မမြင်နိုင်တဲ့ မကောင်းဆိုးဝါးနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ စစ်သားတွေရဲ့ အတွေ့အကြုံတွေကို ပြသထားတာပါ။ ကြည့်ရတာတော်တော်လေး thrilling ဖြစ်ပြီး စိတ်ဝင်စားဖို့လဲကောင်းပါတယ်။ File size…(2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Meteor

0 2002
Below
Chaalchitro
6.7

Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများ IMDb 6.7/10 မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရ‌စေ။ ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။ သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။ အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့ စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့ အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။ သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာ နံရံမှာချိတ်ဆွဲထားပါတယ်။ အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။ သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ ‌ နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကို အရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊ သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်‌ပြီးအားငယ်နေသူပေါ့။ အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲ နာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။ နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန် သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့ သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။ သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။ သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာက သူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။ အနှိပ်ခန်းသွားရာက ပြည့်တန်ဆာမလေးနဲ့ ချစ်ကြိုက်မိသူ ဘစ်ရှ်ဝါ၊ သမီးတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရသူ နာစီရာ၊ စာကြမ်းပိုး မာနခဲ‌လေးရီတေ့ရှ်နဲ့ ကာနစ်ရှ်ကူမာတို့ လေး‌ယောက်အဖွဲ့ ဒီအမှုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ သူတို့ဘဝဇာတ်ကြောင်းအသီးသီးနဲ့အတူ စိတ်လှုပ်ရှားစွာ သိရှိရမှာမို့ ကြည့်ရှုအဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

Action • Drama
6.7 2024 122 mins
Chaalchitro