YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mula.sa.Buwan.2023.720p.mkv

2.82 GB 720p video/x-matroska 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fallen Angels
7.7

IMDb - 7.6/10 , RT - 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို R rated ဆန်ဆန်လေးကို ရယ်ရယ်မောမောလေးနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းဇာတ်သားကိုသာမက cinematicရော sound tractတွေရော အရမ်းလိုက်ဖက်ညီလွန်းလှပါတယ်။ ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ဇာတ်လမ်းရဲ့ အရသာကို ခံစားရစေမှာပါ။ Emotionalဆန်တဲ့ ဒိုင်ယာလော့တွေလည်းပါပြီး အထူးသဖြင့် Leon Lai၊ Michelle Reis၊ Takeshi Kaneshiroတို့ ၃ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေက ထိမိလွန်းလှပြီး Personallyအရဆိုရင် 10 out of 10 ပေးမိတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ပြောရင်း အညွှန်းလေးကို အဆုံးသတ်လိုက်ပရစေ။ File size…(1.7 GB)/(822 MB)/(419 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Action, Romance, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Thriller
7.7 1995 98 mins
Fallen Angels
Ran
8.1

~ IMDb - 8.2/10, Rotten Tomatoes - 96% ~ ကူရိုဆာဝါရဲ့ Ran ဟာ ရှိတ်စပီးယားရဲ့ King Lear ပြဇာတ်ကို ပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးနဲ့ အအောင်မြင်ဆုံး ရုပ်ရှင်ပါပဲ။ ၁၉၈၆ အော်စကာမှာ ဂျပန်က လူတွေနဲ့ အဆင်မပြေခဲ့တာကြောင့် Best International Feature အတွက် နိုင်ငံကိုယ်စားပြု အရွေးမခံခဲ့ရပေမဲ့ Main Categories တွေထဲက Best Director, Best Cinematography, Best Art Direction-Set Decoration, Best Costume Design ဆုတွေ ဆန်ခါတင်ဝင်ခဲ့တယ်။ ကူရိုဆာဝါအတွက် ပထမဆုံး Best Director ဆန်ခါတင်ဝင်ခဲ့တဲ့ရုပ်ရှင်လည်းဟုတ်တယ်။ ကံဆိုးချင်တော့ Best Costume Design ဆုပဲရသွားခဲ့တယ်။ သိပ်တော့လည်း အရေးမကြီးလှပါဘူးလေ။ ဘာနေနေ Ran ဟာ တခြားဆုရခဲ့တဲ့ ရုပ်ရှင်တွေထက်ပိုပြီး ဒီနေ့ထက်ထိ ရှင်သန်နေတဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ The Greatest Films Ever Made တွေထဲက တစ်ကားလည်းဖြစ်ခဲ့တယ်။ Ran ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ နောက်ဆုံး Epic Film ဖြစ်ခဲ့သလို သူ့အတွက် ငွေကုန်ကြေးကျအများဆုံးကားလည်း ဖြစ်ခဲ့တယ်။ အဲဒီကာလက ဂျပန်ရုပ်ရှင်သမိုင်းမှာ ကုန်ကျစရိတ်အများဆုံး ရုပ်ရှင်ဆိုလည်း မမှားဘူး။ Ran ဟာ ကူရိုဆာဝါရဲ့ ရှိတ်စပီးယားပြဇာတ်ကိုပြန်ရိုက်တဲ့ထဲက အခမ်းနားဆုံးကားပေမဲ့ ဒီကားကို ရိုက်ဖို့အကြံရတာကတော့ ရှိတ်စပီးယားဝတ္တုကနေတော့ မဟုတ်ခဲ့ဘူး။ ၁၉၇၅လောက်မှာ သူက စစ်နယ်ရှင်တွေ အပြိုင်အဆိုင်အားပြိုင်နေခဲ့တဲ့ စင်းဂိုခုခေတ်က မိုရိမိုတိုနာရိဆိုတဲ့ စစ်နယ်ရှင်တစ်ပါးအကြောင်း ဖတ်မိရာကနေ ဒီကားရိုက်ဖို့ သူအတွေးပေါက်သွားတာ။ ဘယ်လိုတုန်းဆို မိုတိုနာရိမှာ သား၃ယောက်ရှိတယ်။ အဲဒီသားသုံးယောက်စလုံးက လိမ္မာပြီး သစ္စာရှိပြီး တော်ကြလို့ မိုတိုနာရိဟာ သားလိမ္မာတွေရဲ့အဖေဆိုပြီး ကျော်ကြားခဲ့တယ်။ ဒီမှာ ကူရိုဆာဝါက အဲဒီသားတွေသာ သားဆိုးတွေဖြစ်နေခဲ့ရင် ဘယ်လိုတွေဖြစ်ကုန်မလဲဆိုပြီး စိတ်ကူးကြည့်ရာကနေ Ran ကို ရိုက်ဖို့ အကြံပေါ်လာတာပါပဲ။ စစချင်းကတော့ ကင်းလီယာဇာတ်သုံးဖို့ မရည်ရွယ်ထားပေမဲ့ သူ့စကားအရတော့ မိုတိုနာရိနဲ့ ကင်းလီယာတို့ရဲ့ ဇာတ်လမ်းဟာ ဘာလို့လဲ သူ လုံးစေ့ပတ်ပေ့ မပြောပြတတ်ပေမဲ့ တစ်နည်းနည်းနဲ့တော့ သူ့ဘာသာတစ်သားတည်းဖြစ်သွားတယ်လို့ ဆိုတယ်။ ၁၉၇၅မှာ ကူရိုဆာဝါဟာ Ran အတွက် ဇာတ်ညွှန်းရေးပြီး နောက်နှစ်တွေမှာလည်း သူ့ထုံးစံအတိုင်း သူရိုက်ချင်တဲ့ ဇာတ်ဝင်ခန်းပုံစံအတိအကျကို စတိုရီဘုတ်တွေ ဆွဲခဲ့တယ်။ အဲဒီ စတိုရီဘုတ်တွေကိုကလည်း ပန်းချီကားတွေလို့ ပြောလည်းမမှားပါဘူး။ Ran အတွက် ကူရိုဆာဝါဟာ တော်တော်လေး အားစိုက်ထုတ်ခဲ့တယ်။ ၁၉၈၀မှာ ထွက်ခဲ့တဲ့ သူ့ရဲ့ နာမည်ကျော်ရုပ်ရှင်တစ်ကားဖြစ်တဲ့ Kagemusha ကိုတောင် သူက Ran အတွက် ဇာတ်ဝတ်ဇာတ်စား ရီဟာဇယ်လုပ်တဲ့ ရုပ်ရှင်လို့တောင် ပြောဖူးတယ်။ ၁၉၈၃မှာမှ အခက်အခဲများစွာကြားကနေ Ran ကို သူစရိုက်နိုင်ခဲ့တယ်။ Ran ထဲက ကင်းလီယာတဖြစ်လဲ မိုတိုနာရိတဖြစ်လဲ ဇာတ်ကောင်ကတော့ ဟိဒဲတိုရပါပဲ။ ဟိဒဲတိုရမှာ သားသုံးယောက်ရှိတယ်။ တစ်နေ့ သူအိုပြီဆိုပြီး သားတွေကို အမွေခွဲပေးဖို့လုပ်တာမှာ သားအငယ်ဆုံး စဘုရိုက သူ့ကိုကလန်ကဆန်လုပ်လာတာကြောင့် အမွေဖြတ်စွန့်လွှတ်ပြီး ကျန်တဲ့သား၂ယောက်ကိုပဲ မြှောက်စားလိုက်တာပါပဲ။ သူ့ရဲ့သစ္စာရှိအမတ်ကိုပါ သူ့သားငယ်ဘက်က ဝင်ပါလို့ဆိုပြီး ပြည်နှင်ဒဏ်ပေးပစ်လိုက်တယ်။ ကင်းလီယာအတိုင်းပါပဲ။ မတူတာကတော့ ကင်းလီယာက ဇာတ်ကောင်တွေမှာ အတိတ်မရှိပါဘူး။ ဒီထဲက ဇာတ်ကောင်တွေက အတိတ်ရှိပြီး ပုဂ္ဂလိက အမြင်အရတော့ Ran ထဲက ဇာတ်ကောင်တွေရဲ့ လုပ်ရပ်တွေက ပိုပြီးကျိုးကြောင်းဆီလျော်ပါတယ်။ နောက်တစ်ချက်ကတော့ ကင်းလီယာထဲက လီယာမင်းကြီးဟာ သူခံစားခဲ့ရတဲ့ ဝေဒနာတွေနဲ့ မထိုက်တန်ဘူးလို့ ယေဘုယျသတ်မှတ်လို့ရပေမဲ့ ဟိဒဲတိုရရဲ့ အတိတ်ကို Ran မှာ ကျွန်တော်တို့ကို တဖြည်းဖြည်းပုံဖော်ပေးသွားတာအရတော့ ဟိဒဲတိုရက သူ့ကြမ္မာနဲ့ သူထိုက်တန်တယ်လို့ ပြောရမှာပါပဲ။ ဒါပေမဲ့လည်း ကူရိုဆာဝါဟာ ကင်းလီယာထဲကလို မထိုက်တန်တဲ့ ဝေဒနာတွေကိုလည်း ဇာတ်ကောင်အသစ်တွေဖန်တီးပြီး ထည့်သွင်းပေးထားပါသေးတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ် ကျောရိုးယူထားပေမဲ့လည်း ဒီရုပ်ရှင်ရဲ့ဇာတ်ကောင် ဟိဒဲတိုရက သူကိုယ်တိုင်ပဲလို့ သူပြောဖူးတယ်။ ဝေဖန်ရေးသမားတစ်ချို့ကလည်း ကူရိုဆာဝါရဲ့ ရန်ဟာ ကင်းလီယာကို မှီးထားပေမဲ့ သူ့ဘဝအကြောင်းလည်း ဖြစ်နိုင်တယ်လို့ ဆိုဖူးတယ်။ သူသေပြီးနှောင်းခေတ်တွေမှာ သူဟာ အကျော်ကြားဆုံး ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပေမဲ့ သူမသေခင်မှာ သူ့တိုင်းပြည်အတွက်တော့ သူက ဂုဏ်ယူစရာမဖြစ်ခဲ့ဘူး။ သူ့ကားတွေအတွက်လည်း ငွေထုတ်ပေးမယ့်လူ မရှိသလောက်ရှားခဲ့တယ်။ သူ့ဒါရိုက်တာသက်တမ်းရှည်ကြီးရဲ့ ၁၅နှစ်တာကာလမှာပဲ သူလုပ်ချင်တာ သူကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ၁၉၅၀ ရဲ့ "Rashomon" ကနေ ၁၉၆၅ ရဲ့ "Red Beard" အထိအတွင်းပါပဲ။ ဒီကာလတွေအတွင်းမှာ "The Seven Samurai", "The Throne of Blood", "Ikiru", "The Hidden Fortress", "High and Low" တို့လို မာစတာပိစ်ကားတွေ သူထုတ်နိုင်ခဲ့ပါတယ်။ အဲဒီကနေမှ သူနောက်ဆုံးရိုက်ခဲ့တဲ့ ၁၉၉၃အထိ ၂၈နှစ်အတွင်းမှာတော့ ၆ကားလောက်ပဲ ထွက်နိုင်တော့တယ်။ အဲဒီကာလဟာ သူ့အတွက် အဖြူအမဲနဲ့ ရောင်စုံရုပ်ရှင်အကူးအပြောင်း ကာလလည်း ဟုတ်တယ်။ ၁၉၆၅နောက်ပိုင်းမှာတော့ ကူရိုဆာဝါရဲ့ ဒါရိုက်တာဘဝဟာ အဆင်မပြေလှတော့ပါဘူး။ သူရိုက်ချင်တဲ့ကားတွေအတွက် ဘတ်ဂျက်ရှာကြည့်ပေမဲ့ ဂျပန်ကလူတွေက သူ့ကိုမပေးကြသလို နိုင်ငံခြားဘတ်ဂျက်ရှာပြီး ရိုက်တဲ့အခါမှာလည်း ပြည်တွင်းက မကျေနပ်ချက်တွေကို ခံခဲ့ရပြန်တာပါပဲ။ ၁၉၇၅မှာ သူ ကင်းလီယာကို ဆာမူရိုင်းကားအနေနဲ့ ပြန်ရိုက်ချင်တယ်လို့ ‌ကြေညာခဲ့ပေမဲ့ ရန်ပုံငွေမရခဲ့ပါဘူး။ ၁၉၈၃ ကျမှ ပြင်သစ်ပရိုဂျူဆာက ငွေထုတ်ပေးလို့ ရိုက်နိုင်ခဲ့တယ်။ ဒီအချိန်မှာ သူ့အသက်၇၅ရှိနေပြီဖြစ်သလို သူ့မျက်လုံးကလည်း မကောင်းတော့ပါဘူး သတ်သေဖို့တောင် ကြိုးစားပါသေးတယ်။ Ran ကို သူ့နောက်ဆုံးရုပ်ရှင်အဖြစ်လည်း ကြေညာခဲ့သေးပါတယ်။ သူ့မိန်းမဟာလည်း ရုပ်ရှင်ရိုက်နေတုန်း သေသွားသလို သူ့နဲ့တွဲလုပ်နေကျ အသံဖမ်းအင်ဂျင်နီယာကလည်း ရုပ်ရှင်ပြီးလုဆဲဆဲမှာ သေသွားပါတယ်။ ဒါကြောင့်မို့ပဲ Ran မှာ ကူရိုဆာဝါရဲ့ အကြောင်းကိုပါ တွေ့နိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ Ran ဟာ လောကကြီးရဲ့ ရက်စက်မှုတွေကို ခါးစည်းခံနေရတဲ့ လောကကြီးထဲ ပြန်မလာချင်လောက်တော့တဲ့ လူအိုကြီးတစ်ယောက်အကြောင်းဆိုလည်း မမှားပါဘူး။ အဲဒီလူအိုကြီးဟာ ကင်းလီယာဖြစ်သလို ဟိဒဲတိုရဖြစ်သလို အဲဒီလူအိုကြီးဟာာ ကူရိုဆာဝါလည်း ဟုတ်ပါတယ်။ ကူရိုဆာဝါဟာ ဒီရုပ်ရှင်အတွက် ဆယ်စုနှစ်နဲ့ချီပြီး အားစိုက်ထုတ်ခဲ့ရတာနဲ့အညီပဲ Ran ဟာ တော်တော်လေးခမ်းနားခဲ့သလို မာစတာပိစ်ရုပ်ရှင်တစ်ကားလည်းဖြစ်လာခဲ့တယ်။ ဒီရုပ်ရှင်မတိုင်ခင်မှာ ကူရိုဆာဝါကို သူ့ရုပ်ရှင်တွေထဲ သူ့အကြိုက်ဆုံးရုပ်ရှင်က ဘာကားလဲမေးတိုင်း ကူရိုဆာဝါက နောက်ရိုက်မယ့်ကားပေါ့လို့ ဖြေတတ်ပေမဲ့ Ran ကို ရိုက်ပြီးတဲ့နောက် ကူရိုဆာဝါဟာ သေတဲ့အထိ ဒီမေးခွန်းမေးတိုင်း Ran လို့ပဲ ဖြေတော့တဲ့အထိ သူ့ကိုယ်သူလည်း အားရခဲ့ပုံပါပဲ။ ခေတ်အဆက်ဆက်ရဲ့ အကောင်းဆုံးရုပ်ရှင်တွေရဲ့ စာရင်းထဲလည်းဝင်ခဲ့ပါတယ်။ ကူရိုဆာဝါဟာ ရှိတ်စပီးယားဇာတ်တွေကို သုံးကားယူသုံးခဲ့ရာမှာ အဲဒီသုံးကားလုံးနီးပါး အဲဒီဇာတ်တွေကိုရိုက်တဲ့ထဲ အကောင်းဆုံးကားတွေဖြစ်ခဲ့ကြပါတယ်။ Ran ကတော့ ဒီထဲကမှ အကောင်းဆုံးကားလို့ ပြောရင်လည်းရပါတယ်။ ဒီကားကိုမကြည့်ခင် မင်းသုဝဏ် ဘာသာပြန်ထားတဲ့ ကင်းလီယာစာအုပ်ကို ကျွန်တော်ဖတ်ကြည့်ရသလောက်တော့ Ran က အကျိုးအကြောင်းပိုပြည့်စုံတယ်လို့လည်း ခံစားရပါတယ်။ ကူရိုဆာဝါဟာ ရုပ်ရှင်လောကရဲ့ ဗင်းဆင့်ဗန်ဂိုးလိုပါပဲ။ ကူရိုဆာဝါဟာ သူ့ဘက်မရှိခဲ့တဲ့ လောကကြီးအတွက် အခမ်းအနားဆုံး အနုပညာတွေချန်သွားပေးခဲ့တဲ့ သူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.3GB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 42Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action • Western
8.1 1985 160 mins
Ran
Borat Subsequent Moviefilm
6.5

IMDb (7.1) / Rotten Tomatoes (84%) ဒီကားက သိပ်ထွေထွေထူးထူး ညွှန်းပြနေစရာမလိုတော့ပါဘူး။ ပထမကားမှာ အောင်မြင်ခဲ့တဲ့ ဘိုရတ် ရုပ်ရှင်ဇာတ်ကားဟာ ဒုတိယကားမှာ နိုင်ငံရေးသရော်မှုတွေနဲ့အတူ ပြန်လာပါပြီ။ ဒီကားရဲ့အစမှာတော့ ဘိုရတ်ဟာ ပထမကားမှာ အောင်မြင်ခဲ့ပေမဲ့ သူ့နိုင်ငံဖြစ်တဲ့ ကာဇက်စတန်ကတော့ ကမ္ဘာ့အလယ် အဟားခံစရာ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားခဲ့ရတာမို့ ဘိုရတ်ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ခံခဲ့ရပါတယ်။ ပြစ်ဒဏ်ကျခံပြီး ၁၄ နှစ်ကြာပြီးနောက်မှာ ဘိုရတ်ဟာ သမ္မတနန်းတော်ဆီကို ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။ အကြောင်းကတော့ အမေရိကန်မှာ သမ္မတအပြောင်းအလဲတွေ ဖြစ်ခဲ့ပြီး နောက်ဆုံးသမ္မတဖြစ်တဲ့ ဒေါ်နယ်ထရန့်ဟာ ကမ္ဘာ့လူကြမ်းခေါင်းဆောင်ကြီးတွေဖြစ်တဲ့ ပူတင်တို့ ကင်မ်ဂျုံအွန်းတို့နဲ့ ဘော်ဒါတွေဖြစ်နေပြီး ကာဇက်စတန်ကို အဖက်မလုပ်ဘဲ ပစ်ထားနေတာမို့ ကာဇက်စတန် သမ္မတက သူတို့နိုင်ငံကို ဒေါ်နယ်ထရန့် အရေးလုပ်ဖို့အတွက် လက်ဆောင်ပဏ္ဏာဆက်သဖို့ ဘိုရတ်ကို စေလွှတ်ချင်လို့ပဲဖြစ်ပါတယ်။ ဘိုရတ်ဟာ ၁၄ နှစ် အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျခံရပြီးနောက် အမေရိကန်ကို တစ်ဖန်ပြန်သွားရပါတော့တယ်။ သူရောက်သွားတဲ့အခါမှာတော့ အမေရိကန်ဟာ သူအရင်ကသိခဲ့တဲ့ အမေရိကန်မျိုး မဟုတ်တော့ပါဘူး။ အရမ်းကိုပြောင်းလဲသွားပါပြီ။ ထို့နောက် ဘိုရတ်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီရုပ်ရှင်ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ အာမခံချင်တာတစ်ခုကတော့ အရမ်းအရမ်းကို ရယ်ရပါတယ် ပြီးတော့ မိသားစုနဲ့ အတူမကြည့်ပါနဲ့ ဖြစ်နိုင်ရင် ဘယ်သူနဲ့မှ မကြည့်ပါနဲ့ တစ်ယောက်တည်း ကြည့်ပါ။ တစ်ယောက်တည်း ကြည့်ပြီး အားရပါးရခွီလိုက်ပါ ပြီးမှ ကြည့်ပြီးတဲ့သူငယ်ချင်းတွေနဲ့ ပြန်ပြောရင်း ထပ်ခွီပါ။ ဒီဇာတ်ကားထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စတွေလည်း ပါဝင်ပြီး ကိုရိုနာဗိုင်းရပ်စ်ကို နှိမ်နှင်းနည်းတွေကအစပါဝင်တာမို့ ပညာရတယ်လို့ ပြောရင်း ဒီဇာတ်ကားရဲ့ အညွှန်းကို အဆုံးသတ်လိုက်ပါတယ်။ File size…(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Alias

Drama • Mystery • Sci-Fi & Fantasy
6.5 2020 96 mins
Borat Subsequent Moviefilm
The Lego Movie 2: The Second Part
6.7

အားလုံးသဘောကျကျတဲ့ lego တုံးလေးဇာတ်ကောင်တွေနဲ့ ရိုက်ကူးထားတဲ့ဇာတ်ကားလေးရဲ့ ဒုတိယမြောက်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးမှာတော့ အမ်နက်ဆိုတဲ့ အရာရာကို အကောင်းမြင်တတ်တဲ့စိတ်ရှိသူလေးတစ်ယောက် သူတို့ရဲ့ကမ္ဘာကို ဒပ်ပလိုဂြိုလ်သားတွေ လာရောက်တိုက်ခိုက်တဲ့နေရာကနေစတင်ထားပါတယ်။ အရာရာမှာအကောင်းမြင်စိတ်ရှိပြီးတော့ သဘောကောင်းတဲ့သူလေးဆိုတော့ ငါတို့တွေကသူငယ်ချင်းတွေပါဘာညာပြီးတော့ စကားလေးနဲ့ဖောပြီးတော့ပြေငြိမ်းမယ်ကြံတာ ဟိုကလဲမရပါဘူး ဖိုက်ခံရတာပါပဲ။ ဒီလိုနဲ့ သူတို့ကမ္ဘာမှာအရာအားလုံးပျက်သုဉ်းနီးပါးဖြစ်နေတဲ့အချိန်မှာ သူ့ရဲ့သူငယ်ချင်းတွေကို စင်စတာအဖွဲ့အစည်းကဖမ်းခေါ်သွားပါလေရော။ ဒီတော့ အမ်နက်တစ်ယောက် သူ့သူငယ်ချင်းတွေနောက်ကိုကယ်တင်မယ်ဆိုတဲ့စိတ်နဲ့ အာကာသယာဉ်လေးဆောက်ပြီး အမှီလိုက်ပါတော့တယ်။ ဆိုတော့ အမ်နက်တစ်ယောက်သူငယ်ချင်းတွေကို ကယ်တင်နိုင်ပါ့မလား သူ့သူငယ်ချင်းတွေကိုရော စင်စတာ အဖွဲ့အစည်းကဘာကြောင့်ခေါ်ဆောင်သွားရတယ်ဆိုတာကို ဆက်လက်သိရှိဖို့အတွက် ဇာတ်ကားကိုဆက်ပြီးတော့ ကြည့်လိုက်ရအောင်နော်။ Legoဆိုတဲ့အတိုင်းဇာတ်ကောင်လေးတွေက တော်တော်လေးကိုချစ်စရာကောင်းတဲ့အပြင် ဘတ်မန်းရဲ့ပုံစံကတကယ့်ကိုအသဲယားစရာလေးပါ (ကိုယ်တိုင်လဲချစ်လို့နေမှာပေါ့နော် ဟီး..ဟီးး..) File size…760MB Quality…WEB Dl 720p Format…Mp4 Duration….1h 47mins Subtitle….Myanmar Subtitle(Hard Sub) Encoder….Si Thu Translated by Aye Chan Su

6.7 2019 106 mins
The Lego Movie 2: The Second Part
The Tiger’s Nest
5.7

The Tiger’s Nest (2022) ကလေးတစ်ယောက်နဲ့ တိလေးတစ်ကောင်ဇာတ်လမ်းဆိုတာမျိုးက ရုပ်ရှင်ချစ်သူတွေငယ်ငယ်က ပထမဆုံးထိတွေ့ခဲ့တဲ့ရုပ်ရှင်တွေထဲမှာပါဝင်ပြီး ဘယ်အသက်အရွယ်ရွယ်ပဲရောက်ရောက် စိတ်အပန်းပြေမှုတွေပေးနိုင်တဲ့ ကြည်နူးဖွယ်ရာဇာတ်လမ်းလေးတွေပါ။ ဒီဇာတ်လမ်းမှာတော့ ငလျင်ဘေးကြောင့်မိဘမဲ့ဖြစ်ခဲ့တဲ့ ဘလ်မနီဆိုတဲ့ကလေးရယ် ကျားလေးတစ်ကောင်ရယ်ဇာတ်လမ်းပါ။ ဘလ်မနီက ကျားကလေးကိုမှောင်ခိုသမားတွေလက်ကနေ ကယ်ပေးခဲ့တာပါ။ ဒီကျားလေးကို အန္တရာယ်ကင်းဖို့ဘယ်နေရာပို့မလဲစဥ်းစားရင်း အမေ့ကိုလဲလွမ်းနေတဲ့ဘလ်မနီက အမေပြောပြဖူးတဲ့ဒဏ္ဍာရီကိုသတိရသွားပါတယ်။ ဟိမလေရာတောင်တန်းပေါ်မှာ ကျားသိုက်လို့ခေါ်တဲ့ဘုန်းကြီးကျောင်းရှိပါတယ်။ ဒဏ္ဍာရီအရတော့ ဟိုးအရင်ကဂုရုကြီးတစ်ပါးဟာ ကျားပျံကြီးကိုစီးပြီးအဲ့ဒီကိုသွားခဲ့ပါတယ်။ နောက်တော့အဲ့ဒီနေရာက ဘုန်းကြီးကျောင်းဖြစ်လာခဲ့တယ်ပေါ့။ အဲ့ဒီကျားသိုက်ကို ခရီးနှင်မယ့်ကောင်လေးနဲ့ကျားတစ်ကောင်ရယ် သူတို့ကြုံရမယ့်အခက်အခဲတွေရယ်ကိုကြည့်ရှုရဦးမှာပါ။ ဇာတ်လမ်းလေးကကောင်းတဲ့အပြင် နီပေါ ဘူတန် ဟိမလေရာတောင်တန်းတွေရဲ့ အလှအပရှုခင်းတွေ ရိုးရာဓလေ့တွေပါမြင်ရမှာဆိုတော့ ကြည့်ဖို့သင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Adventure Quality…. 1080p | 720p | 480p File size… 1.43GB | 792MB | 377MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Drama • Comedy
5.7 2022
The Tiger’s Nest
7:11 PM
7.4

711 PM (2023) IMDb- 7.1/10 ယခုတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အိန္ဒိယဇာတ်ကားထဲမှာ ရှားရှားပါးပါး Genere Sci-Fi အမျိုးအစားပဲဖြစ်ပါတယ် ဒီ‌တီလဂူးရုပ်ရှင်က ပုံမှန်ရိုက်နေကျပုံစံမဟုတ်ပဲ သိပ္ပံရုပ်ရှင်ဆိုပေမဲ့ ချာတူးမလန်သွားတဲ့အပြင် rating 7.1/10 ထိရရှိထားပါတယ် သိပ္ပံရုပ်ရှင်ဆိုပေမဲ့ space ship တွေ တဝီဝီနဲ့ light saber တွေ ထုတ်ပြီး ခုတ်ကြမဲ့ Sci-Fi အမျိုးအစားတော့မဟုတ်ပါဘူး အနာဂတ် 2400ခုနှစ်မှာ အခက်အခဲကြုံနေရတဲ့ လူသားမျိုးနွယ်ဟာ အတိတ်ကို အချိန်ခရီးသွားပြီး အဖြေရှာတော့ သူတို့ပြသနာကို ဖြေရှင်းပေးနိုင်တဲ့ တီထွင်မှုတစ်ခုရှိနေတာကို သိလိုက်ရပါတယ် မျက်မှောက်ခေတ် 1999 ခုနှစ်မှာလည်း အဲဒီမြို့လေးမှာ အိန္ဒိယထုံးစံအတိုင်း နိုင်ငံရေးတွေ အာဏာတွေပါဝါတွေနဲ့ တိုင်ပတ်နေတဲ့အခါမှာတော့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ရှုစားကြရမှာပါ Sci-Fi ကားဆိုပေမဲ့ အိုဗာတွေတလွဲတွေ သိပ်မပါပဲ ခိုင်မာတဲ့ ဇာတ်အိမ်နဲ့ အကွက်ကျကျရိုက်ကူးပြထားတာမို့ ပရိသတ်များခံစားဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ ဘာသာပြန်တင်ဆက်ပေးထားတာကတော့ BpL~ Saii ~ Zwe V ~YH တို့ပဲဖြစ်ပါတယ်

7.4 2023
7:11 PM
A Really Haunted Loud House
6.4

A Really Haunted Loud House (2023) =========================== October လလည်း ရောက်နေပြီဆိုတော့ ရာသီစာဖြစ်တဲ့ ဟောလိုးဝင်း ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ The Loud House မိသားစုဆိုရင်တော့ Family comedy ကို ကြိုက်ကြတဲ့ ပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ စရိုက်တစ်မျိုးစီရှိတဲ့ ညီအစ်မဆယ်ယောက်ကြား ကြီးပြင်းလာတဲ့ တစ်ဦးတည်းသော ပုရိသလေး လင်ကွန်း နဲ့ သူ့ရဲ့ဘော်ဒါ ကလိုက်ဒ်တို့ ဟောလိုးဝင်းတော်လှန်ရေးလေးတစ်ခု လုပ်ကြတော့မဲ့ အကြောင်းလေးပေါ့။ The Loud House မိသားစုက ရွိုက်ရယ်ဝုစ်မြို့လေးရဲ့ ဟောလိုးဝင်းပါတီကို အကြီးကျယ်အခမ်းနားဆုံး ကျင်းပတတ်ကြတဲ့ မိသားစုတစ်ခုပါ။ အံ့ဩဘနန်း ခြောက်လှန့်မှုတွေနဲ့ မြို့သူမြို့သားတွေကို ဆွဲဆောင်တတ်ပြီး နံပါတ်တစ်ကြောက် စရာအကောင်းဆုံးစံအိမ်ဆိုတဲ့ ဘွဲ့ကို ထိုက်ထိုက်တန်တန် ရရှိထားတဲ့အိမ်ပေါ့ လေ။ ဒီနှစ်မှာလည်း ရာဇဝင်တွေကို ဆက်လက်ထိန်းသိမ်းဖို့အတွက် သူတို့တွေ စပြီးပြင်ဆင်နေကြပါပြီ။ အဲဒီအချိန်မှာ ကျောင်းက ဆယ်လီဇိုးဘဲလေးတစ်ယောက်ရဲ့ ပါတီကို သွားဖို့ အကြောင်းဖန်လာတဲ့ လင်ကွန်းနဲ့ ကလိုက်ဒ်တို့ အခက်တွေ့လာကြပါတော့တယ်။ ဆယ်လီဇိုးဘဲလေးရဲ့ ပါတီကိုသွားပြီးပဲ ကဲကြမလား၊ မိသားစုရဲ့ စံချိန်ကို ဆက် ထိန်းဖို့အတွက် ရွေးချယ်ကြမလား ဆိုတဲ့ရင်ခုန်စရာလေးတွေ အပြင် ဆယ်ယောက် ပေါင်းလောင်းကျော်တတ်တဲ့ ညီအစ်မတစ်သိုက်ကလည်း ပါဝင်အားဖြည့်ကူညီ ပေးထားပါသေးတယ်။ ပိတ်ရက်ကို အိမ်မှာ အေးဆေးအနားယူရင်း မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.51 GB) / (629 MB) Quality………..WEB-DL 1080p / 720p Duration……..1Hr 12Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Family Translator……May Thet Khine Soe Encoder……….SWM

6.4 2023 72 mins
A Really Haunted Loud House
Sleepaway Camp

နှစ်ပေါင်း ၄၀ သက်တမ်းရှိပြီဖြစ်တဲ့ ညအိပ်တောတွင်းစခန်းလို့ အမည်ရတဲ့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နွေရာသီတခုမှာ အဒေါ်မိသားစုနဲ့နေထိုင်ရတဲ့ အန်ဂျလာဆိုတဲ့ အရှက်အကြောက်ကြီးတဲ့ ၁၄ နှစ်အရွယ်ကောင်မလေးဟာ ၀မ်းကွဲအစ်ကိုဖြစ်သူ ၁၅ နှစ်အရွယ် ရစ်ကီနဲ့ အယ်ရာ၀က် နွေရာသီတောတွင်းစခန်းကို လည်ပတ်ဖို့ရောက်ရှိလာခဲ့ပါတယ်။ အန်ဂျလာတို့ မောင်နှမ စခန်းကိုရောက်ရှိပြီးအကြာမှာ အန်ဂျလာအပေါ်ကို အနိုင်ကျင့် စနောက်မှုတွေရှိလာပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အန်ဂျလာကို အနိုင်ကျင့်စော်ကားသူတွေဟာ တယောက်ပြီး‌တယောက် ဆိုးရွားတဲ့မတော်တဆမှုတွေနဲ့ ကြုံတွေ့ပြီး သေဆုံးလာကြတဲ့အခါမှာတော့ ဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်က လက်သည်ဟာ ဘယ်သူများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ ၁၉၈၃ကတည်းက ထွက်ရှိထားခဲ့ပေမဲ့ သရုပ်ဆောင်ချက်တွေ မိတ်ကပ်ပြင်ချက်တွေဟာ သူ့ခေတ်သူ့အခါမှာတော့ တော်တော်ကောင်းတဲ့အထဲပါခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးမှာ လူသတ်သမားကိုထုတ်ဖော်ချပြလိုက်ခြင်းကလည်း အမေရိကန်ရုပ်ရှင်သမိုင်းကြောင်းမှာ ထိတ်လန့်တုန်လှုပ်မှုကို အထွတ်အထိပ်အထိရောက်ရှိစေခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၈၀ကျော်ခုနစ်တွေတုန်းက သည်းထိတ်ရင်ဖို ရုပ်ရှင်ကားဟောင်းတွေကို နှစ်သက်သူတွေအနေနဲ့တော့ ဒီရုပ်ရှင်ကို သေချာပေါက်မြည်းစမ်းကြည့်ဖို့ အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုအဆုံးသတ်လိုက်ပါတယ်။ File size…(1.8 GB)/(949 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 1983
Sleepaway Camp
Cocaine Crabs From Outer Space

အခြားဂြိုဟ်ကနေရောက်လာတဲ့ကဏာန်းနှစ်ကောင်ကို ကမ္ဘာမြေပေါ်ကလူငယ်နှစ်ယောက်က လက်တည့်စမ်းပြီး မူးယစ်ဆေးတစ်မျိုးဖြစ်တဲ့ကိုကင်းတွေကျွေးလိုက်ပါတယ် ထိုဂဏန်းနှစ်ကောင်လည်းဆေးကွဲပြီး အသားကုန်ပတ်မွှေပြီးသောင်းကျန်းပါတော့တယ် အဲ့ကဏာန်းနှစ်ကောင်က အဖြူရောင်ရှိတဲ့အမှုန့်မှန်သမျှကို”ကိုကင်း”တွေလို့ထင်မှတ်သွားပြီး “ကိုကင်း”ရှူချင်တာကြောင့် လူတွေသတ်တဲ့အထိဖြစ်လာပါတော့တယ် ထိုအခြေအနေကို စုံထောက်ကြီး”ရိစ်”ကဝင်ရောက်ဖြေရှင်းပေးရပါတော့တယ် ဒီဇာတ်ကားဟာ budgetဇာတ်ကားဖြစ်တာကြောင့် ရိုက်ချက်တွေမှာ အခြားကားတွေလို အသက်ဝင်နေတဲ့ဂဏန်းတွေ CGI တွေ တွေ့ရမှာမဟုတ်ပါဘူး horror ကားကိုမှ ဟာသဆန်ဆန်ရိုက်ကူးထားတာမလို့ အပျင်းပြေလောက်ပဲကြည့်လို့ကောင်းမယ့်ဇာတ်ကားပါ File size…(1.6 GB)/(930 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane

0 2022
Cocaine Crabs From Outer Space
Jurassic Invasion
5.7

သိပ္ပံကားတွေကြိုက်တတ်တဲ့ ပရိသတ်ကြီးအတွက် နောက်ထပ် သိပ္ပံကားကောင်းလေးတင်ဆက်ပေးလိုက်ပါပြီ ။ ဇာတ်လမ်းအကျဉ်းလေးကတော့ လီဝေက ဇီဝဗေဒနဲ့သိပ္ပံပညာမှာ အရမ်းထူးချွန်တဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ် ။ ဒါပေမဲ့ D-TACH ကုမ္ပဏီကို ရောက်ပြီးကတည်းက ကမ္ဘာဦးသက်ရှိ‌တွေနဲ့ မျိုးရိုးဗီဇပေါင်းစပ်ခြင်း စမ်းသပ်ချက်တွေအမြဲလုပ်နေပေမဲ့ မအောင်မြင်ခဲ့ပါဘူး ။ သူ့ရဲ့စမ်းသပ်ချက်တွေမှာ ပြဿနာမရှိဘူးလို့သူထင်ပေမဲ့ စမ်းသပ်ချက်တိုင်းက ကျရှုံးနေတော့ သံသယဝင်စရာဖြစ်လာပါတယ် ။ အဲဒီအချိန်မှာပဲ နိုင်ငံတော်ရဲ့ ဇီဝသက်ရှိမျိုးစိတ်များကာကွယ်ရေးဌာနကနေ တရားမဝင်စမ်းသပ်မှုတွေလုပ်နေတယ်ဆိုတဲ့သတင်းကြောင့် လာရောက်စစ်ဆေးချိန်မှာတော့… ပြဿနာတစ်ခုလုံးရဲ့ အရင်းအမြစ်ကိုရှာတွေ့သွားပါတော့တယ် ။ လီဝေတစ်ယောက် စမ်းသပ်ချက်တွေမအောင်မြင်ရတဲ့နောက်ကွယ်က အမှန်တရားကဘာဖြစ်နေမလဲ ? မျိုးရိုးဇဗီဇပေါင်းစပ်ပြီး အသွင်းကူးပြောင်းစေတဲ့ တရားမဝင်စမ်းသပ်ချက်ဆိုတာကရော ဘယ်လိုကိစ္စမျိုးဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ စိတ်ဝင်စားစွာနဲ့ကြည့်ရှုလိုက်ပါအုံး

5.7 2024
Jurassic Invasion
Rage Tokarev
5

Rage (2014) IMDb Rating (5.0) ပေါလ်မက်ဂွိုင်းယားဟာ ငယ်စဉ်ဘ၀ကနာမည်ကျော်ဂန်းစတားတစ်ယောက်ဖြစ်ခဲ့ဖူးပေမယ့် အတည်တကျမိသားစုဘ၀ထူထောင်တော့မယ်ဆိုတဲ့အချိန်မှာ ရာဇဝတ်မှုအားလုံးကိုစွန့်ပစ်ခဲ့ပြီး တရားဝင်စီးပွားရေးသမားတစ်ယောက်ဘ၀ကိုခံယူခဲ့ပါတယ်။ အခုချိန်မှာတော့ ချစ်စဖွယ်ဆယ်ကျော်သက်သမီးငယ်၊ သဘောကောင်းဖြူစင်တဲ့ဇနီးသည်မိန်းမလှလေးတစ်ယောက်နဲ့ ဂုဏ်သရေရှိလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေခဲ့ပါပြီ။ ဒါပေမယ့်လည်း ပေါလ်ရဲ့ဘ၀ကို ကျွမ်းထိုးမှောက်ခုံဖြစ်စေမယ့် ကြမ္မာဆိုးဟာ သမီးငယ်ရဲ့ ၁၆ နှစ်ပြည့်မွေးနေ့ မတိုင်ခင်လေးမှာဖြစ်ပေါ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ သူတို့အိမ်မှာ လူကြီးတွေမရှိတဲ့အချိန်လက်နက်ကိုင်လူတစ်စုက ကျူးကျော်ဝင်ရောက်ခဲ့ပြီး သမီးဖြစ်သူ ကေ့တလင်းကိုပြန်ပေးဆွဲဖမ်းခေါ်သွားခဲ့ပြီး မကြာခင်မှာပဲ အသက်မဲ့အလောင်းအဖြစ်ပြန်ရှာတွေ့ခဲ့ရတာပါပဲ။ သူ့နောက်ကြောင်းကိုသိတဲ့ ရဲတပ်ဖွဲ့ကရော သူ့မိတ်ဆွေတွေရော သူကိုယ်တိုင်ကပါ ဒီဖြစ်စဉ်ဟာ သူ့ရဲ့ဂန်းစတားအတိတ်ကအရိပ်တွေနဲ့ ဆက်စပ်နေမယ်လို့ပဲယူဆကြတဲ့အတွက် ပေါလ်အနေနဲ့အခုချိန်မှာငြိမ်းချမ်းနေပြီဖြစ်တဲ့ဘ၀ကိုစွန့်လွှတ်ပြီးမြေအောက်လောကကိုပြန်လည်မြေလှန်ဖို့ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.5 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Crime, Thriller Duration….01:38:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5 2014 98 mins
Rage Tokarev
The Cursed Land
6

The Cursed Land (2024) ************************* ထိုင်းသရဲကားထဲမှာမှ မူကွဲပုံစံအသစ်လေးနဲ့ အင်ဒိုသရဲကားနဲ့ခပ်ဆင်ဆင်တူတဲ့ horror movie သစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ကျိန်စာသင့်ဖုန်းဆိုးမြေပေါ်မှာရှိနေတဲ့ အိမ်ကြီးတစ်လုံးရဲ့ ရာဇဝင်အကြောင်းလေးပေါ့ .. ။ အင်ဂျင်နီယာချုပ်မစ်တစ်ယောက် စက်ရုံမှာ ကြီးကြပ်ပေးဖို့အတွက် နုံကျုပ်မှာရှိတဲ့ မွတ်စလင်ရပ်ကွက်က စက်ရုံနဲ့နီးတဲ့ အိမ်လေးတစ်အိမ်မှာ သမီးဖြစ်သူမေနဲ့ နေရဖို့ဖြစ်လာပါတော့တယ်။ အိမ်ဟောင်းဆိုပေမဲ့ အိမ်ပိုင်ရှင်တွေက သူတို့ကို အိမ်ကိုပြုပြင်ရုံပဲပြုပြင်ပြီး ဘာပစ္စည်းကိုမှ မထိဖို့ မလွှင့်ပစ်ဖို့တော့ အတန်တန်မှာခဲ့ပါသတဲ့။ နဂိုကတည်းက သူ့ရဲ့ပယောဂမကင်းတဲ့ ဇနီးသည်ဆုံးပါးမှုကြောင့် စိတ်မတည်မငြိမ်ဖြစ်ပြီး အကြောင်းအရင်းမရှိ ခေါင်းကိုက်ဝေဒနာ ခံစားခံနေရတဲ့ထဲ ဘာသာမတူတဲ့ မွတ်စလင်ရပ်ကွက်ကလည်းဖြစ် ဘေးအိမ်မှာကလည်း ပယောဂဆရာလိုလို အောက်လမ်းဆရာလိုလို ဟင်ဆိုတဲ့လူတစ်ယောက်လည်းရှိနေတော့ မသိုးမသန့်ခံစားနေရတဲ့ မစ်ဟာ အိမ်မှာကပ်ထားတဲ့ ဘာမှန်းမသိတဲ့အဆောင်တွေကို အကုန်ဖြဲပြီးလွှင့်ပစ်ပြီးတော့ နတ်ကွန်းလေးတစ်ခုဆောက်လိုက်ပါတယ် .. ။ အဲဒီချိန်ကနေစလို့ မစ်တစ်ယောက် ထူးထူးဆန်းဆန်းတွေမြင်ရ ကြားလာရတဲ့အခါမှာတော့…. (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.8GB / 727MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2 hr. 11 min. Genre ….. Horror, Supernatural Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu & Mary Christ Encoded by AHtet

6 2024 131 mins
The Cursed Land