YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Mujhse Dosti Karoge! [2002] (MM Sub).mp4

1.26 GB N/A video/mp4 2089 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sulaikha Manzil
5

Sulaikha Manzil 2023 (IMDb 8.4/10) ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါ ခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sai~Aditi~Chiclon3~Yunni~Nyein~BpL

Drama • Mystery
5 2023 120 mins
Sulaikha Manzil
Don't Look Back
5.7

Monica Bellucci လို့ပြောလိုက်ရင် Melena,The Matrix, Spectre ဆိုတဲ့ကားကောင်းတွေအပြင် အခြားကားကောင်းများစွာမှာပါဝင်ခဲ့တဲ့ဟောလိဝုဒ်ရဲ့နာမည်ကြီးအီတလီမင်းသမီးတစ်လက်ဆိုတာ သိကြမှာပါ။ ဒီမင်းသမီးရဲ့ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ ကားကောင်းလေးတစ်ကားကိုညွှန်းရမယ်ဆိုရင် Don't Look Back ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ တွေ့ရခဲ ရိုက်ရခက်တဲ့အမျိုးအစားကို ‌ပြင်သစ်မင်းသမီးချော Sophie Marceau နဲ့ အီတလီမင်းသမီးမိုနီကာတို့ကို အပြိုင်အဆိုင် သရုပ်ဆောင်စေပြီး ရိုက်ကူးထားပါတယ်။ထူးခြားတာက မင်းသမီး ၂ ယောက်စလုံးက Bond Girl တွေ ဖြစ်ကြတာပါပဲ။ ပြင်သစ်စကားပြော ဒီဇာတ်ကားက ပြင်သစ်စတိုင်အတိုင်း တင်ဆက်ထားပြီး ဆယ့်ရှစ်အပေါင်းဆန်တဲ့အခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့တော့မသင့်တော်ပါဘူး။ ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောရမယ်ဆိုရင်တော့ အသက် ၈ နှစ်အရွယ်မှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့တဲ့ ဂျင်းဟာ အဲဒီအရွယ်မတိုင်ခင်က မှတ်ဉာဏ်တွေအကုန်လုံးကိုမေ့ပျောက်သွားပါတော့တယ်။ အဲဒီမှတ်ဉာဏ်တွေကိုပြန်ရှာတွေ့ဖို့ကြိုးစားရင်း ကြိုးစားရင်း ပိုပိုရှုပ်ထွေးလာတဲ့ ဇာတ်အိမ်ကို thriller/drama/horror/mystery ဆိုတဲ့ genre နဲ့ကိုက်အောင် ဘယ်လိုရိုက်ကူးထားတယ်ဆိုတာကိုတော့ Don't Look Back (2009) ကားလေးထဲမှာ ခံစားရင်ခုန်ပေးလှည့်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို San Thu Aung မှ တင်ဆက်ထားတာပါ။) File size…(1.7 GB) /(999 MB) Quality….BluRay 1080p /720p Format…mp4 Duration….01:50:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by San Thu Aung

Action • Adventure • Science Fiction
5.7 2009 110 mins
Don't Look Back
Among the Beasts
6

Action, Thriller, Mystery ဇာတ်ကားကောင်းကြိုက်သူများအတွက် Rotten Tomatoes 57%, IMDb rating 6.0/10 ရရှိထားတဲ့ ဇာတ် ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စစ်သားဟောင်းကြီး အယ်လ်တီဟာ ကျဆုံး သွားရှာပြီဖြစ်တဲ့ သူ့ရဲ့ ရဲဘော်ရဲဖက် ဘော်ဘီရဲ့ မိသားစုကို စောင့်ရှောက် ပေးနေခဲ့ပါတယ်။ တစ်နေ့မှာ ဘော်ဘီရဲ့ သမီး ကေလာ ပြန်ပေးဆွဲခံရပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။ အယ်လ်တီလည်း ရှာဖွေခဲ့ပေမယ့် မတွေ့ခဲ့ပါ ဘူး။ အယ်လ်တီလည်း စိတ်ဓာတ်တွေကျ၊ တာဝန်မကျေဘူးဆိုတဲ့ ခံစား ချက်တွေနဲ့ လုံးပန်းနေခဲ့ပါတယ်။ တစ်နှစ်ခန့်အကြာမှာ လိုလာ ဆိုတဲ့ မူးယစ်ဆေးဝါး‌ဂိုဏ်းခေါင်းဆောင်ရဲ့ သမီးဟာ သူ့ညီမဝမ်းကွဲလေး ဆိုဖီယာ ပြန်ပေးဆွဲခံရပြီး ပျောက်သွားတာမို့ ဖြစ်ပုံချင်းတူတဲ့ အယ်လ်တီ့ဆီကို အကူအညီလာတောင်းပါတယ်။ အယ်လ် တီတစ်ယောက်လည်း သူ့တာဝန်မကျေမှုကို ပြန်လည်ပေးဆပ်ဖို့အတွက် လိုလာ့ကို ကူညီပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီလိုနဲ့ အယ်လ်တီ၊ လိုလာနဲ့ အေဂျေတို့ သုံးယောက်ဟာ ကလေးပြန်ပေးဂိုဏ်းကို လိုက်လံစုံစမ်းတဲ့အခါ မှာတော့...... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin မှဖြစ်ပါတယ်) File Size..........(2.11 GB) / (685 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 33Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Mystery, Thriller Translator.......Leonard Lin Encoder..........SWM

Adventure • Animation • Comedy • Family • Fantasy • Western
6 2023 93 mins
Among the Beasts
Tango, Tequila and Some Lies
7.1

Tango, Tequila and Some Lies(2023) ********************************* Lu ဆိုတဲ့မိန်းကလေးဟာ သူ့သူငယ်ချင်းတွေနဲ့အတူ ဘားတစ်ခုကို စပ်တူ ဖွင့်ထားကြပါတယ်... ဒါပေမယ့် သူ့မှာ ပိုက်ဆံမရှိတာမို့လို့ သူ့ရဲ့ရှယ်ယာတွေကို မပေးနိုင်သေးပါဘူး .. နေ့ရွှေ့ညရွှေ့ ရွှေ့နေတတ်တာပါ... တစ်နေ့မှာ သူတို့ဘားကို ကောင်လေးတစ်ယောက် လာထိုင်ပါတယ်..အဲ့ဒီကောင်လေး သူ့ကို ချစ်လား မချစ်လားကို သူ့သူငယ်ချင်းတွေနဲ့ အလောင်းအစားလုပ်ပါတော့တယ် လောင်းကြေးကတော့ သူနိုင်ရင် သူ့ရဲ့ရှယ်ယာတွေ ပေးစရာမလိုတော့တာပါ,,, အဲ့ဒီလိုနဲ့ အဲ့ဒီကောင်လေး သူ့ကိုချစ်လာအောင် ဖျားယောင်းဖို့အစွမ်းကုန်ကြိုးစားပါတော့တယ်.. အဲဒီနောက်ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့... File Size :(2.4GB) and (952MB) Quality :AMZN.WEB-DL.1080P, 720p Format…mp4 Duration…01:54:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Mystery
7.1 2023 114 mins
Tango, Tequila and Some Lies
The Tunnel to Summer, the Exit of Goodbyes
7.3

The Tunnel to Summer, the Exit of Goodbyes (2022) ~ IMDb - 6.8/10, Rotten Tomatoes - 100% ~ " နွေရာသီလိုဏ်ခေါင်း ခွဲခွာခြင်းထွက်ပေါက် " တစ်ခါတလေလည်း ရဲရဲတင်းတင်း ပြုတ်ကျလိုက်၊ တစ်ခါတလေလည်း ရဲရဲတင်းတင်း ထိုးဆင်းလိုက်၊ ငါတို့တကယ်မရှိခဲ့ဘူးလို့ ငါတို့သိလိုက်ရတဲ့နှစ်တွေမှာ နွေရာသီ အမြဲစိမ်းလှပနေတဲ့ လှိုဏ်ခေါင်းလေးထဲ ငါ ပြေးဆင်းကြည့်မိတယ်... အချိန်တွေ ဘယ်လောက်ထိဟောင်းသွားခဲ့လည်း... ငါတို့ကမ္ဘာရဲ့အပြင်ဘက်မှာ နေဘယ်နှစင်းဝင်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးပေါက်သွားလဲ လူတွေ ဘယ်လောက်ထိ ခရီးရောက်သွားလဲ အပြင်မှာ ဘယ်လောက်ထိ ပြောင်းသွားကြလဲ အပြင်မှာ ဘယ်လောက်ထိ ဟောင်းသွားကြလဲ ဘယ်တော့မှမဟောင်းတဲ့ ထီးကလေးတစ်ချောင်းဟာ ငါဘာမှမသိရတော့တဲ့ ဘူတာရုံကလေးကို ဖြတ်သန်း ဒီကမ္ဘာဝန်းထဲ တို့ထပ်ရောက်ခဲ့ကြပြန်တယ် အချစ်ရယ်... ထွက်ပေါက်မှာ ခွဲခွာခြင်းများမရှိဘူးလို့ စုံလုံးမှိတ်ယုံလိုက်ကြတာပေါ့ နွေရာသီတွေလည်း လင်းဦးမယ်... (ဒီဇာတ်ကားနဲ့အညွှန်းကဗျာကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.65GB, 720MB Quality - 1080p, 720p IMDb Rating - 6.8/10 Format - mp4 Duration - 1H 23Min Genre - Animation Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action & Adventure • Drama • Mystery
7.3 2022 83 mins
The Tunnel to Summer, the Exit of Goodbyes
Babysitting
6.7

Babysitting (2014) =============== IMDb Rating – 6.7/10 Babysitting ကလေးထိန်းတဲ့ရုပ်ရှင်ကားလေးပေါ့။ မှိုလိုပေါက်နေတဲ့ ကလေးထိန်းကားတွေလို ပိစိညှောင့်တောက်လေးကို ထိန်းရမှာမဟုတ် ဘူးဗျ၊ ၉နှစ် ၁၀ နှစ်ဆိုဒ်ကို ထိန်းရမယ့် adventure ဆန်ဆန်ရုပ်ရှင်ကား လေးပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ တကယ်ကြည့်လို့ကောင်းပါတယ် ။ ဖရန့်က ကာတွန်းဆွဲဖို့အရူးအမူးဝါသနာပါပြီး ကာတွန်းဆွဲတာ ဘယ်လောက်ပဲ တော်တော် သူ့သူဌေးက သူ့ကိုရှိမှန်းတောင်မသိပါဘူး။ ဖရန့်က သူဌေးကို ဝင်မိတ်ဆက်မယ်ဆိုပြီး ရုံးခန်းထဲတိုးဝင်တာနဲ့ပဲ သူဌေးက မျက်မှန်းတန်းမိ သွားပါတယ်။ ဖရန့်ရဲ့ဘဝကြီးကို ဇောက်ထိုးဖြစ်အောင်လုပ်မယ့်နေ့ပေါ့။ အဲ့ဒီနေ့မှာ သူ့သူဌေးက ပါတီပွဲတက်စရာရှိလို့ အိမ်မှာကလေးထိန်းဖို့ ဖရန့်ကိုကမ်းလှမ်းလာပါတယ်။ ဖြစ်ချင်တော့ အဲ့ဒီနေ့က သူ့မွေးနေ့ ၊ ဘဝ တစ်ဆစ်ချိုး အသက်(၃၀)ပြည့်တဲ့မွေးနေ့။ ဒါပေမဲ့ သူလက်ခံခဲ့ပါတယ်.. သူ့အိမ်မက်တွေရှိသေးတယ်လေ။ ဂျစ်ကန်ကန် ကလေးကို ထိန်းရမယ့်အပြင် သူ့မိတ်ဆွေတွေကလည်း မွေးနေ့ပါတီကို ဘော်ဒါ စိတ်အပြည့်နဲ့ ဖန်တီးခဲ့တာဆိုတော့ ဖရန့်တစ်ယောက် ဘယ်လိုတွေတိုင်လည်မလဲ၊ ကလေးနဲ့ဘယ်လို လုံးပါးပါးမလဲ ဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ရယ်ရယ်မောမောနဲ့ပေါ့ပေါ့ ပါးပါးကြည့်ရှုရမယ့်ကားလေးဖြစ်တာမို့ မိသားစုနဲ့အတူ ကြည့်ရှုအပန်းဖြေနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)

Action • Adventure • Fantasy
6.7 2014
Babysitting
Manual of Love 2 (2007) Manuale d’amore 2
5.5

Manual of Love 2 (2007) Manuale d’amore 2 (or) Capitoli successivi အချစ်ကျမ်းစာ (Manual of Love) လို့အမည်ရတဲ့ အီတလီဇာတ်ကားဟာ စုစုပေါင်း ၃ ကားထွက်ရှိခဲ့ပြီး ဒါကတော့ ဒုတိယဇာတ်ကားဖြစ်ပါတယ်။ အီတလီ အချစ်ဇာတ်လမ်းလေးတွေဖြစ်ပြီးတော့ တစ်ကားမှာ အပိုင်းလေးတွေခွဲပြီး တင်ဆက်တဲ့ကားပါ။ တစ်ကားတည်းမှာပဲ ဇာတ်လမ်း လေးပုဒ်လောက် ပါရှိတာပါ။ အချစ်ဆိုတဲ့ခေါင်းစဉ်အောက်မှာ ချစ်ကြ မုန်းကြ ခံစားကြ ငိုယိုကြ လွမ်းဆွေးကြ ပျော်ရွှင်ကြ၊ ခံစားမှုပေါင်းမျိုးစုံနဲ့ လောကဇာတ်ခုံ အဖုံဖုံပေါ့လေ။ ယခု အမှတ် (၂) ကားကို ဒါရိုက်တာ Giovanni Veronesi ရိုက်ကူးတင်ဆက်ထားပြီး ဇာတ်လမ်းလေးခု ပါရှိပါတယ်။ ကျွန်တော်တို့ရဲ့ မမ Monica Bellucci ရဲ့ ညှို့အားပြင်း ဆွဲဆောင်ခြင်းတွေကို အသည်းတယားယား မြင်တွေ့ရမှာပါပဲ။ Elsa Pataky ရဲ့ ပျိုမြစ်တဲ့ ဗီးနပ်စ်ရှုံးအလှကလည်း မိန်းမောစရာပဲပေါ့။ ပထမဇာတ်လမ်းကတော့ ယာဉ်မတော်တဆ ဖြစ်ခဲ့ရတဲ့ သွေးသားဆူကြွတဲ့အရွယ် လူငယ်လေးတစ်ယောက် ခြေတောက်ပြန်လည်သန်စွမ်းဖို့ ဆေးရုံတက်ရတဲ့အချိန် လုံးကြီးပေါက်လှ ကာယဆရာမ Monica Bellucci ရဲ့ အညှို့ဓာတ်ကို ပြားပြားဝပ် အရှုံးပေးလိုက်ရတဲ့ အဖြစ်‌ေပါ့ဗျာ။ မမ ကလည်း လက်ထပ်ရမယ့်သူရှိ၊ မောင်လေးကလည်း ရည်းစားငုတ်တုတ်နဲ့။ နှစ်ယောက်သား စိတ်ကစားတဲ့ တစ်ညတာ ဆားငန်ရေတွင်းလေးအကြောင်းပါပဲ။ ဒုတိယဇာတ်လမ်းလား။ သူကတော့ လင်မယားချစ်ကို ကျော်လွန်လို့ သားသမီးချစ်ပေါ့။ သားသမီးသာဆိုတယ်။ မမွေးရသေးပါဘူး။ ရဖို့ကြိုးစားနေတုန်းပါ။ ပန်းသေနေတဲ့ ခင်ပွန်းကိုမှ မပစ်နိုင် ချစ်နေရတဲ့ ဇနီးသည်ခင်မျာ ဆေးရုံပေါင်းများစွာကိုသွားလို့ ကလေးရဖို့အရေး လုံးပမ်းရပုံပါပဲ။ အတူနေရုံနဲ့ ကလေးမရနိုင်တဲ့အခါမှာ ဖခင်ရဲ့သုတ်သွေးနဲ့ မိခင်ရဲ့ မျိုးဉကိုပေါင်းစပ်ပြီး မိခင်ရဲ့ သားအိမ်ထဲ ထည့်သွင်းသန္ဓေအောင်ဖို့ ကြိုးစားကြပုံလေးပါ။ တတိယမြောက် ဇာတ်လမ်းလား။ အမျိုးသားနဲ့ အမျိုးသမီး ချစ်ကြတာနဲ့ လူသားတွေက အားမရနိုင်ပါဘူး။ အမျိုးသားချင်းရော ချစ်လို့မရဘူးလား။ ရပါတယ်လေ။ ချစ်ခြင်းဆိုတာ အပြစ်ကင်းတာမျိုးပဲ။ ဒါပေမဲ့ ဘေးလူတွေရဲ့ အမြင်ကိုတော့ ရဲရဲကျော်ဖြတ်ဖို့ လိုသပေါ့လေ။ အမျိုးသားချင်း ချစ်မိရှာတဲ့ သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ဒဏ်ကို ကြံ့ကြံ့ခံလို့ လက်ထပ်နိုင်ဖို့ ကြိုးစားကြပုံလေးပါ။ လေးခုမြောက်ဇာတ်လမ်းကတော့ ရိုးသလိုလိုဆန်း၊ ဆန်းသလိုလိုနဲ့ရိုးတာမျိုး။ စလာကတည်းက ယဉ်သကို ဆိုတာမျိုးပါပဲ။ အိမ်ထောင်သက် ရင့်နေပြီဖြစ်တဲ့ “ရင့်ကျက်တဲ့ ကိုကြီး” က ငယ်သေးပေမယ့် ပင်လယ်ကူးမယ့် ပုဇွန်ဆိတ်မလေးကို အကြည့်လေးတွေ ခ,လိုက်တာ ဒီဇာတ်လမ်း ဖြစ်တော့တာပါပဲ။ ကလေးလေးတစ်ယောက်ကိုပိုက်လာတဲ့ အမျိုးသမီးလေးတစ်ယောက်။ သူ့ဖခင်ကို သိပေမယ့် မြင်သာမြင်ရ ဖွင့်မပြောရဲတဲ့အဖြစ်ပါ။ သူ့သားလေးကို သူ့အဖိုးနဲ့ တွေ့ဆုံပေးချင်ပေမယ့် ဖခင်ဖြစ်သူကို မခေါ်ရဲတဲ့ ညငှက်မလေး Elsa Pataky ဟာ ရင့်ကျက်တဲ့ ကိုကြီးရဲ့ ရင်ခွင်ကို ခရီးသွားဟန်လွှဲ ဝင်ခိုသွားပါတယ်။ ထူးဆန်းတာက သူတို့ရဲ့ နောက်မီးလင်းတဲ့အဖြစ်ကို မိန်းမလုပ်သူက ပြုံးပြုံးလေး ခွင့်လွှတ်သတဲ့။ အဲဒီမှာတင် ကိုကြီးတစ်ယောက် ပေါက်ကွဲတော့တာပဲ။ သူ့မိန်းမနဲ့ အကြီးအကျယ် ပြဿနာရှင်းရမယ်ထင်ပေမဲ့ သူ့မိန်းမရဲ့ အပြုအမူဟာ သူ့ကို စိတ်ရှုပ်ထွေးသွားစေပါတယ်။ အစက တောင်းပန်ခြင်းနဲ့ အိမ်ထောင်ရေးဆက်မယ်စိတ်ကူးပေမဲ့ သူ့မိန်းမရဲ့ ခွင့်လွှတ်ခြင်းက သူ့အပေါ် ချစ်ခြင်းမရ‌ှိ ငွေကြေးတစ်ခုနဲ့ မှီခိုချင်တယ်ထင်ခဲ့ပြီး အိမ်ပေါ်က ဆင်းသွားပါတော့တယ်။ ပြီးတော့ ဘာဆက်ဖြစ်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့နော်။ အီတလီစကားပြောများကို အင်္ဂလိပ်လိုပြန်၊ အင်္ဂလိပ်မှ မြန်မာလိုပြန်ရတဲ့အတွက် ဘာသာပြန်သူအနေနဲ့ အချိတ်အဆက်မိဖို့နဲ့ ပြေပြစ်ဖို့ အားထုတ်ခဲ့ရပါတယ်။ အီတလီစကားကို ကျွမ်းကျင်မှုမရှိပေမဲ့ တစ်ခုသိလိုက်တာက သူတို့ဟာ စကားတစ်ခွန်းပြောဖို့အတွက် အသံတွေ အများကြီး ထွက်ရတယ်ဆိုတာပဲ။ တစ်ခါတလေ တစ်ခွန်းတည်းကိုပဲ နှစ်ခါ နှစ်ခါ ပြောကြပြန်ရော။ ဒီတော့ စာတန်းထိုး တိုပေမဲ့ သူတို့ပြောနေတာ အကြာကြီး ဖြစ်နေပါတယ်။ ဒါပေမဲ့ ချန်ခဲ့တာမရှိ အားလုံးကို ဘာသာပြန်ပေးထားတယ်ဆိုတာ သိစေချင်ပါတယ်နော်။ ဒီဇာတ်လမ်းတွေဟာ 18+ မဟုတ်ပါဘူး။ ဒါပေမဲ့ မိသားစုနဲ့လည်း မတူမကြည့်သင့်ပါဘူး။ အမေရိကန်ကားတွေလို အပြောအဆို ယုတ်ရင့်နေတာမျိုးမဟုတ်ပေမဲ့၊ အဖော်အချွတ်တွေ မပါသလောက် ထည့်မထားပေမဲ့ လိင်စိတ်ကြွလာစေတဲ့ အကြောင်းအရာတွေကို ငြိမ့်ငြိမ့်ညောင်းညောင်း တင်ဆက်ထားလို့ တစ်ယောက်တည်း အိပ်ယာထက်မှာ Feel ရမယ့် ပုံစံလေးပါ။ ရှင်းခနဲ ဗွင်းခနဲ မြင်ရပြီး အချိန်တိုအတွင်း ကြည့်ပြီးသွားမဲ့ဇာတ်လမ်းမဟုတ်လို့ ကြိုတင်သတိပေးပါရစေ။ အီတလီတို့ရဲ့ ရုပ်ရှင်မြင်ကွင်းဟာ နာမည်ကြီးသလို ကြီးသလောက်လည်း လှပလွန်းပါတယ်။ Cinematography အတွက် ဒါရိုက်တာတစ်ယောက် သပ်သပ်ထားတာနဲ့တင် အထင်ကြီးလောက်ပါတယ်လေ။ သူတို့ဟာ ချစ်ခြင်းကို တင်ဆက်ရာမှာ ဂုဏ်သတင်းမွှေးသလို ဇာတ်ကားနာမည်ကိုက အချစ်ကျမ်းစာ ဆိုတော့ …။ ကဲ ဘာလိုသေးလဲဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှတင်ဆက်ထားပါတယ်။) Manual of Love ဇာတ်ကား ၃ ကားစလုံးကို channelmyanmar.to/?s=manual+of+love မှာကြည့်ပါ။ File size…(1.5 GB) Quality…BluRay 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Arr Khun Winchester

Action • Adventure • Science Fiction
5.5 1900 125 mins
Manual of Love 2 (2007) Manuale d’amore 2
Falling in Love
6.5

Falling in Love (1984) ~ IMDb – 6.5/10, Rotten Tomatoes – 54% ~ ခရစ်စမတ်မှာစတဲ့ဇာတ်လမ်းက ခရစ်စမတ်မှာ ဆုံးခဲ့တယ်။ အစဟာ ရင်ခုန်စိတ်မောဖွယ် ခံစားမှုပြန်လည်ဆန်းသစ်‌ခြင်းတွေနဲ့။ အဆုံးသတ်ကတော့ ယစ်မူးတပ်မက်စိတ်တွေနဲ့ နှလုံးသား နိုးထရှင်သန်ခြင်းများ ထုံမွှန်းနေလေရဲ့။ ချစ်ခြင်းဟာ အပြစ်ကင်းပါသတဲ့။ သူတို့ချစ်ခြင်းကြောင့် နာကျင်ကြေကွဲရသူတွေ ရှိလာခဲ့ရင်ရော… ချစ်ခြင်းဟာ အပြစ်ကင်းပါသေးလား။ မင်းဘက်ကိုလှည့်လို့ တလောကလုံးကို ကျောခိုင်းလိုက်မယ်ဆိုတဲ့လူမျိုးတွေအတွက်တောင် ချီတုံချတုံဖြစ်စရာ မသင့်တော်ခြင်းလွှမ်းတဲ့ အချစ်လမ်းဖြစ်နေလို့ပါပဲ။ သွက်လက်ချက်ချာ ပျော်ပျော်နေတတ်တဲ့ ဆရာဝန်ကတော်တစ်ယောက်။ ကြော်ငြာအနုပညာစိတ်ကူးလေးတွေလှပသူ။ ကားပျက်နေတဲ့အတွက် သူ့အိမ်ကနေ နယူးယောက်မြို့ကို ရထားစီးလို့လာခဲ့တယ်။ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ ကလေးတို့အဖေ၊ အင်မတန်လိမ္မာတဲ့ ဇနီးသည်လေးရဲ့ခင်ပွန်း။ သူလည်း ကားပျက်တာပဲဗျ။ နယူးယောက်မြို့ကို ခရစ်စမတ်ပွဲအတွက် ရထားနဲ့ ခရီးဆန့်ခဲ့သူပေါ့။ သူတို့နှစ်ယောက်ရဲ့ ဆုံဆည်းခြင်းနဲ့ ရင်ခုန်ခြင်းဟာ လူပျိုလူလွတ်တွေလိုတော့ မလှပ၊ မခမ်းနားဘူးပဲ ဆိုကြပါစို့ဗျာ။ ပိုင်ရှင်ကိုယ်စီရှိကြသူတွေဖြစ်လို့ အတင်းထိန်းချုပ်ထားတဲ့ အချစ်စိတ်တွေ ပေါက်ကွဲထွက်လာခြင်းကို တင်ဆက်ထားတဲ့ Falling in Love (ချစ်ခြင်းမှာ သက်ဆင်းရသူ) ဇာတ်ကားလေးပါပဲ။ ဒီဇာတ်ကားမှာ ဒိတ်ဒိတ်ကြဲ အမေရိကန်မင်းသမီးကြီး Meryl Streep က ဦးဆောင်ပါဝင်ထားပါတယ်။ Clint Eastwood နဲ့ The Bridges of Madison County ဇာတ်ကားမှာ ဒီလိုဇာတ်ရုပ်နဲ့ သရုပ်ဆောင်ခဲ့သလို ဒီဇာတ်ကားမှာလည်း ခင်ပွန်းနဲ့ ချစ်သူကြားမှာ နှလုံးသားနဲ့ဦးနှောက် ဗျာများရပုံတွေကို အလိုက်ဖက်ဆုံး သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အီတလီဖွား အမေရိကန်မင်းသားကြီး Robert De Niro ကလည်း လိုက်ဖက်ပြေပြစ်စွာ သရုပ်ဆောင်ထားပါတယ်။ မင်းသား မင်းသမီး အပြိုင်ကြဲတဲ့ Romantic အချစ်ဇာတ်လမ်းလေးပေါ့ဗျာ။ မြန်မာမျက်လုံးနဲ့ကြည့်ရင်တော့ ဖိနပ်ပြတ်နဲ့ ခွေးငတ် ဘာညာ ပြောကြမှာ။ ဒါပေမဲ့ အချစ်ကို တမံတုပ်လို့ မထိန်းနိုင်ဘူးဆိုတာကိုတော့ ဒီဇာတ်ကားမှာ အတိအလင်းမြင်တွေ့နိုင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 820MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 46Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.5 1984
Falling in Love
Not My Type
5.9

Not My Type (2022) ကျွန်တော်တို့ မြန်မာနာမည်ကြီးတေးသံရှင် မနောကို ဥပမာပြုရရင် မနောဟာလည်းတစ်ချိန်က Rock ‌တွေဆိုခဲ့တဲ့ ပုဂ္ဂိုလ်ပဲလေ။ သူ့ရဲ့မြန်မာသံ တောဓလေ့သီချင်းတွေဟာ ပရိသတ်ရင်ကိုရောက်သွားတဲ့အခါ သူဟာ Rock ကိုပစ်ခါခဲ့သလိုပဲပေါ့။ Musician တစ်ယောက်ဟာ လူတွေအကြိုက်ကိုမလိုက်ပဲ ကိုယ်ကြိုက်တာကို ကိုယ်လုပ်ရင် ဒီ Musician ဟာ အောင်မြင်ပါ့မလား။ ပြင်သစ်လူငယ်အဆိုတော်မလေး Marcia ဟာ ပြင်သစ် Classical တွေ Ballad သီချင်းတွေကို သီဆိုသူ ကြိုက်နှစ်သက်သူတစ်ယောက်ပေါ့။ အောင်မြင်သော မအောင်မြင်သော သူဟာ နေစရာမရှိလို့ မြစ်ထဲမှာ Houseboat နဲ့ နေရသူလေးလေ… အဲဒီလိုပါပဲ… ဒါဟေဂျန်း (Daredjane) ဆိုတဲ့ 70s အဆိုတော်တစ်ယောက် ဟာ 2021 မှာ အဘွားကြီးဖြစ်နေပြီပေါ့။ လူတွေလည်း သူ့ကိုမသိကြသလောက်ဖြစ်နေပါပြီ။ တစ်ခေတ်တစ်ခါက အဆိုတော်ဆိုပေမယ့် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့တဲ့ Musician ဖြစ်ပေတာကိုး။ ဒါပေမယ့် Marcia ဟာ Daredjane ကို ကြိုက်နှစ်သက်ပြီး လေးစားရတာကြောင့် သူနဲ့အတူ သီချင်းအသစ်တွေလုပ်မယ်၊ ပြန်အောင်မြင်အောင် အတူကြိုးစားမယ်ဆိုပြီး အဘွားကြီးဆီကို ဇွတ်တွေသွားပြီး လုပ်တာပေါ့။ ဖြစ်ခဲ့ပါတယ်… သူတို့အတူတကွ ဖန်တီးရင်း တစ်ယောက်တစ်ပိုဒ်စီရေး၊ သေချာပြင်ဆင်၊ Arrangement လုပ်ထားတဲ့ “Throwing Myself Into The Unknown” လို့ အင်္ဂလိပ်လိုအမည်ရတဲ့ သီချင်းဟာ အောင်မြင်မယ့်သီချင်းတစ်ပုဒ်ဆိုတာ သေချာပါတယ်။ Marcia အိပ်မက်ကတော့ ဒီသီချင်းတွေနဲ့ အဟောင်းတွေကို ပြန် Record ပြီး ပြန်ဆန်းသစ်ပြီး Daredjane ရဲ့နောက်ကွယ်ကနေ Daredjane အောင်မြင်တာကို ကြည့်ပြီး ကြည်နူးချင်တဲ့ အနုပညာသမားစစ်စစ် စိတ်ဓာတ်နဲ့ပေါ့… ဒါပေမယ့်လည်း… ကံမကောင်းအကြောင်းမလှစွာပဲ Daredjane ဟာ ဆုံးပါးသွားပါတယ်။ သားသမီးမထွန်းကား၊ ဆွေမျိုးမရှိတော့တဲ့ သူ့ရဲ့ အရမ်းမများ‌သော အမွေလေးတွေ၊ သီချင်းမူပိုင်ခွင့်‌တွေ စတာတွေရဲ့ တရားဝင်အရိုက်အရာဆက်ခံသူဟာ သူမရဲ့ ဝမ်းကွဲတူဖြစ်တဲ့ ဈေးခေါင်းလုပ်နေတဲ့ Anthony Denoël ဆိုသူပါပဲ။ ခက်ခဲနက်နဲလှတဲ့ ဒို၊ ဒီ၊ ရေ၊ မာ၊ မီ၊ ဖာ၊ ဖီ၊ ဆို၊ စီ၊ လာ၊ ထာ၊ တီ နုတ်တွေကို ချစ်မြတ်နိုးတဲ့ ဂီတအပေါ် သစ္စာရှိပြီး ငွေရဖို့သက်သက်မလုပ်ချင်သူ Marcia ဟာ သူ့လိုစိတ်ဓာတ်နဲ့လူက အဆိုတော်ကြီး Daredjane ရဲ့ အရိုက်အရာကို မဆက်ခံလိုက်ရပဲ ဘဝကို ကလိုက်ခုန်လိုက် ဘားသွား ကလပ်တက်ဖြတ်သန်းနေတဲ့ Anthony လိုကောင်က တရားဝင်ဆက်ခံခွင့်ရှိ‌နေတဲ့အခါ Marcia ရင်ဆိုင်ဖြတ်သန်းရမယ့် အရာတွေကို ပြင်သစ် သီချင်းသံလေးတွေ မြိုင်မြိုင်နဲ့ ရှုစားလိုက်ကြပါဦးဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 910MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 28Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

5.9 2022
Not My Type
Detective Dee’s Ghost Blood Hand
6

ဖုံလိုင်ခရိုင်မှ ခရိုင်မှူး ၃ ဦးဆက်တိုက် ထူးခြားစွာသေဆုံးသွားကြရာမှာ သက်သေရှာမရလိုက်လို့ အစိုးရတစ်ခုလုံး တုန်လှုပ်နေခဲ့တယ်။ အဲ့အချိန်မှာပဲ အမှုလိုက်ရာမှာ နာမည်ကြီးတဲ့ ဒီးရန်ကျယ်က တလီစစ်မှ ထွက်ခွါပြီး ဖုံလိုင်ခရိုင်မှာ ဒီအမှုကို စစ်ဖို့ ရောက်လာပါတယ်။ ဖုံလိုင်ခရိုင်သို့ ရောက်ရှိပြီးနောက်မှာလဲ တူညီတဲ့ သေဆုံးပုံနဲ့ နောက်ထပ် လူတွေ သေနေပါသေးတယ်။ ထို့အပြင် ထိုလူသတ်သမားက ဒီးရန်ကျယ်ရဲ့ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လာပါတယ်။ ဖုံလိုင်ခရိုင်က ထူးခြားတဲ့ သေဆုံးမှုတွေနဲ့ မိစ္ဆာဒဏ္ဍာရီတွေနဲ့ ပြည့်နှက်နေတဲ့ မြူဝင်္ကပါတောကြီးနဲ့ ဒီးရန်ကျယ်တစ်ယောက် လူသတ်တရားခံကို ဘယ်လို ရှာတွေနိုင်မလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ အဖြေရှာလိုက်ရအောင်နော်။

Drama
6 2020
Detective Dee’s Ghost Blood Hand
[18+] Cita
5

============== စီတာက အဖေအရွယ်သစ်သီးခြံပိုင်ရှင်သူဌေးကြီးတစ်ဦးကိုလက်ထပ်ထားတာပေမယ့် ကွယ်ရာမှာသူ့ရဲ့လင်ပါသားဖြစ်သူနဲ့ မရှင်းမရှင်းတွေဖြစ်ပါတယ်။သူဌေးကြီးကလည်း အပြင်မှာကြုံရာစားတတ်တဲ့စရိုက်ရှိသူမို့အချင်းချင်းပြဿနာမရှိပါဘူး။ ဒါပေမယ့်တစ်နေ့မှာ သူဌေးကြီးရဲ့သားက သူဟာ သားအရင်းမဟုတ်ကြောင်းနဲ့ ဒီဘ၀ကနေလွတ်မြောက်စေဖို့အဘိုးကြီးကိုလုပ်ကြံဖို့အတွက် သူ့ကိုတိုင်ပင်လာခဲ့ပါတယ်။ သူတို့ရဲ့အကြံအစည်အထမြောက်နိုင်မလား? တကယ်တမ်းဒီထက်ရှုပ်ထွေးတဲ့ ဘယ်လိုပြဿနာတွေက သူတို့ကိုစောင့်ကြိုနေဦးမလဲ? အရင့်အရင်ဇာတ်ကားတွေမှာ မထင်မရှားနေရာတွေကနေ ပါခဲ့ရတဲ့ မင်းသမီးအသစ်လေးနှစ်ဦးကိုစင်တင်မိတ်ဆက်ပေးထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 50 mins
[18+] Cita
State of Impurity Estado impuro
6.6

State of Impurity (2022) Estado impuro ဒီတစ်ခါမှာတော့ hispanic အရှုပ်တော်ပုံဇာတ်လမ်း‌လေးနဲ့ မိတ်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီရုပ်ရှင်က အာဂျင်တီးနား Indie ရုပ်ရှင်အမျိုးအစားလေးဖြစ်ပြီး အဖော်အချွတ်တွေပါဝင်တာကြောင့် မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ ဇာတ်လမ်းကတော့ မိတ်ဆွေသူငယ်ချင်း စုံတွဲသုံးတွဲ မိတ်ဆုံစားတဲ့ပွဲကနေ တော်ကီတွေပစ်ကြရင်း ဖြစ်ပေါ်လာတဲ့ ပေါက်ကွဲမှုအပေါ် အခြေခံထားတာဖြစ်ပါတယ်။ ဒီစုံတွဲထဲက တစ်တွဲဟာ တခြားသူတွေနဲ့ ခံယူချက်မတူဘဲ တစ်လင်တစ်မယားစနစ်အကြောင်းနဲ့ ပတ်သက်ပြီး စကားစစ်ထိုးရာကနေ နောက်ထပ် ဘယ်လိုမျိုး အခြေ‌အတင်‌တွေ ဖြစ်လာဦးမလဲဆိုတာကို Indie ဖလင်တို့ထုံးစံအတိုင်း အတွေးများများ တော်ကီများများနဲ့တင်ဆက်ထားပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

Horror • Drama • Fantasy
6.6 2022
State of Impurity Estado impuro
Brothers Bratri
6.7

Brothers (2023) IMDb Rating (6.7) ဒီဇာတ်လမ်းလေးက 1950s အစောပိုင်းကာလမှာ Czechoslovakia က ကွန်မြူနစ်အစိုးရကို ဆန့်ကျင်တဲ့ တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ Mašín ညီအစ်ကိုတွေဖြစ်တဲ့ Josef နဲ့ Ctirad ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး Mašín ညီအစ်ကိုနှစ်ယောက်က အနောက်တိုင်းတပ်ဖွဲက လွတ်လပ်ရေးရအောင် လုပ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့ လက်နက်ကိုင်လုယက်မှုတွေ၊ ရဲတွေကို သတ်ပြီး တော်လှန်ခဲ့တယ်။ 1953 မှာ Mašín ညီအစ်ကိုနဲ့ သူတိုသူငယ်ချင်းသုံးယောက် Berlin မြို အနောက်ပိုင်းကို ထွက်ပြေးဖို ကြိုးစားခဲ့ပြီး အဲဒီခရီးကြမ်းက အမှုထမ်း 20,000 ကျော် ပါဝင်ခဲ့တဲ့ ဂျာမဏီအရှေ့ပိုင်းရဲ့ အကြီးမားဆုံး စစ်တပ်နဲ့ရဲတွေရဲ့ ဝရမ်းပြေးဖမ်းဆီးမှုကြီးတစ်ခုအဖြစ် သမိုင်းတွင်ခဲ့တာပဲ ဖြစ်ပါတယ်။ Czech သမိုင်းကြောင်းမှာ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်းတွေ ဒါမှမဟုတ် ရာဇဝတ်သားတွေဆိုပြီး အမြင်ကွဲလွဲမှုတွေခံရတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့ ​တော်လှန်ရေးခရီးကို ဒီဇာတ်လမ်းမှာ စိတ်လှုပ်ရှားဖွယ်အပြည့်နဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.5 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, History, War Duration….02:16:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

6.7 2023 135 mins
Brothers Bratri
Arena Wars
5.8

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီး Sheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖို လူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်… တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးက တစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကို ခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ် သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။ အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက် အပြစ်ဝင်ခံ‌‌ပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကို အပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့ သတို့သမီးလောင်းနဲ့ ပြန်‌တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ ဖြစ်လာပါတယ်။ လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ…။ ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ…။ လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား…။ လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေ လက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ…။ ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြား ကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.41GB) / (844MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , Comedy , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Drama
5.8 2024 96 mins
Arena Wars
The Way We Speak
6.3

The Way We Speak (2024) IMDb Rating (6.3) / Rotten Tomatoes (94%) နာမည်ကျော်စာရေးဆရာတစ်ယောက်ဖြစ်တဲ့ ဆိုင်မွန်ဟာရစ်ဆန်က နောက်ဆုံးမှာတော့ သူ့အချစ်ဆုံး သူငယ်ချင်းဂျော့နဲ့ စကားရည်လုပွဲမှာ ပြိုင်ဘက်အဖြစ် ယှဉ်ပြိုင်ရတော့မှာ ဖြစ်တယ်။ ဂျော့က ကျန်းမာရေးအခြေအနေကြောင့် ဒီပြိုင်ပွဲကို ဆက်လက်မယှဉ်ပြိုင်နိုင်ခဲ့ချိန်မှာ သူ့နေရာမှာ ဆာရပ်ဆိုတဲ့ ခရစ်စယာန် စာရေးဆရာမတစ်ယောက်နဲ့ အစားထိုးစေခဲ့တယ်။ စတိတ်စင်ပေါ်မှာ တည်ငြိမ်တဲ့ပုံစံပေါက်နေတဲ့ဆိုင်မွန်ဟာ တကယ်တမ်းတော့ စိတ်မတည်ငြိမ်နိုင်ဘဲ ကင်ဆာရောဂါခံစားနေရတဲ့ မိန်းမဖြစ်သူနဲ့ အခြေအနေတွေ တင်းမာနေခဲ့သူပါ။ သူ့အချစ်ဆုံးသူငယ်ချင်းကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်၊ မိန်းမဖြစ်သူကို စိုးရိမ်ပူပန်တဲ့စိတ်၊ သူ့ရဲ့ အလုပ်ရည်မှန်းချက်တွေ ပျက်စီးသွားမလားဆိုတဲ့ ပူပင်သောကပေါင်းများစွာနဲ့ ဆိုင်မွန်ဟာ သူ့ပြိုင်ဘက်ဆာရပ်ကို ပြိုင်ဘက်တစ်ယောက်အဖြစ် မမြင်တော့ဘဲ ရန်သူတစ်ယောက်အနေနဲ့ မြင်ယောင်လာခဲ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ? ဘယ်လောက်ပဲစံနမူနာထားစရာလူတစ်ယောက်ဖြစ်နေပါစေ လက်တွေ့မှာ တစ်ကိုယ်ကောင်းဆန်မှုတွေ မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်မိတဲ့အရာတွေဆိုတာ ရှိလာနိုင်တယ်ဆိုတဲ့အချက်ကို ကောင်းကောင်းရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မျက်ရည်လွယ်သူတွေက တစ်ရှူးဆောင်ပြီး ကြည့်ရမယ့် စိတ်ခံစားမှုကို အပြည့်အဝပေးမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တာမို့ စောင့်ကြည့်ပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:27:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Comedy • Drama
6.3 2024 87 mins
The Way We Speak