YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ms. Incognito (2025) E05 720p WEB-DL [RMC].mp4

558.87 MB N/A video/mp4 16 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Consultant

~ IMDb rating - 6.5/10 ~ လူ ၅ ယောက်ရဲ့ ထူးထူးခြားခြားပတ်သက်ဆက်နွယ်နေပုံကို Psychology ရှုထောင့်က‌နေ တွဲဖက်ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ Psycho ဆန်ဆန်ကားပေမယ့် တစ်ကားလုံး ဆရာ၀န်နဲ့ လူနာစကားပြောတဲ့ပုံစံနဲ့ အငြိမ်ကြည့်ရမှာပါ။ ဒေးဗစ်ဆိုတဲ့ စိတ္တဇရောဂါဆရာ၀န်ဆီကို လူနာ ၃ယောက် ရောက်လာတာကနေ စပါတယ်။ ‌ဒေးဗစ်က မကြာသေးခင်က ဇနီးဖြစ်သူ ကိုယ့်ကိုယ်ကိုယ်သတ်သေလို့ ပူဆွေးနေတာပါ။ ဒေးဗစ်ကို ရဲဘက်က အမှုဖွင့်ထားပေမယ့် သူ့ဇနီးက ရောဂါတစ်မျိုးကြောင့် သတ်သေတာဆိုပြီး အမှုပြန်ပိတ်သွားပါတယ်။ လူနာ ၃ယောက်က သူတို့ဖြစ်နေတဲ့ အခြေအနေကို ဒေးဗစ်ဆီ လာရင်ဖွင့်ကြတာပါ။ ဂျွန်ရယ် မိုက်ရယ် ကိတ်ရယ်ဆိုပြီး ၃ယောက် တစ်လှည့်စီလာကြပါတယ်။သူတို့နဲ့ ဆွေးနွေးရင်း ဒေးဗစ်ရဲ့ အကြောက်တရားတွေ ပြန်ပေါ်လာတဲ့အခါ... သူတို့ ၃ယောက် ပြောပြနေတဲ့ အကြောင်းအရာတွေက ဒေးဗစ်တို့ ဇနီးမောင်နှံနဲ့ ဘယ်လို ဆက်စပ်နေတာလဲ... သူတို့ ၅ယောက်က ဘယ်လို ပတ်သက်နေတာလဲ... ဒေးဗစ်ဇနီးကရော ကိုယ့်ကိုယ်ကိုယ်သတ်သေတာဟုတ်ရဲ့လား... နောက်ဆုံးမှာ ဘယ်သူက မှန်ပြီး ဘယ်သူက မှားနေတာလဲ... ဒေးဗစ်ရဲ့ အကြောက်တရားတွေက ဘာတွေလဲ ဆိုတာသိချင်ရင်တော့ ခုပဲ ကြည့်လိုက်ပါနော်။ ငြိမ်ငြိမ်လေးနဲ့ သိလိုစိတ်ပြင်းပြလာအောင် ဆွဲခေါ်သွားတဲ့ ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 760MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 37Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Drama
0 2022
The Consultant
Light for the Youth
6.5

IMDB - 7.1/10, 2 Wins ဆယ်ကျော်သက်အရွယ်မှာတောင် လွတ်လွတ်လပ်လပ် မပျော်ရွှင်ခဲ့ရတဲ့အခါ အသက် ၂၀ ရောက်လာမှာကို ကြောက်ရွံ့နေခဲ့ဖူးလား ဘဝမှာ အပေါ့သွားဖို့အချိန်မရလောက်အောင်အထိ အလုပ်တွေလုပ်ခဲ့ရဖူးလား အစမ်းခန့်မဟုတ်တဲ့ တရားဝင်အလုပ်သမားဖြစ်ဖို့အတွက် ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးတွေ ဖြေဆိုခဲ့ရဖူးသလား "အီဂျွန်း" ဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ဖြစ်ပါတယ် ။ သူ့ရဲ့ အလုပ်သင်ဘဝ အခက်အခဲတွေကို နားလည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူလို့ သူထင်မှတ်ခဲ့တဲ့ ကြီးကြပ်ရေးမှူး "အီဆယ်ယွန်း" ဟာ တကယ်ပဲ သူ့ဒုက္ခတွေကို စာနာနားလည်ပေးနိုင်မယ့်သူ ဟုတ်ပါရဲ့လား ။ လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြတယ်ဆိုတာကို လူတိုင်းနီးပါး နားလည်ကြပေမယ့် တကယ်တမ်းတော့ လူတွေဟာ ကိုယ့်ဒုက္ခကိုသာ ရှေ့တန်းတင်မြင်တတ်ကြပါတယ် ။ ကိုယ်ချင်းစာတရားဟာ လူအများစုမှာရှိတာ မှန်ပေမယ့်လည်း ကိုယ့်အခက်အခဲတွေကို ပြန်တွေးမိတဲ့အခါ ကိုယ်ချင်းစာတရားထက် ကိုယ့် အတ္တကိုသာ ရှေ့တန်းတင်မိတတ်ကြတဲ့ လူ့လောကကြီးရဲ့ သဘောထားတွေ မပြည့်စုံတဲ့ဆယ်ကျော်သက်လူငယ်တွေရဲ့ စိတ်ခံစားချက်တွေအပြင် "အီဂျွန်း" ကြုံတွေ့ခဲ့ရတဲ့ ဘဝအခက်အခဲတွေ ၊ အရွယ်နဲ့မလိုက်အောင် မြင်တွေ့ခံစားခဲ့ရတာတွေက နောက်ဆုံးမှာ "အီဂျွန်း" ကို ဘယ်လို အကျိုးသက်ရောက်သွားစေမလဲ ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ "အီဂျွန်း" အနေနဲ့ All of us are Dead (2022) မှာ ပါဝင်ခဲ့တဲ့ Yoon Chan Young က ပါဝင်သရုပ်ဆောင်ထားပြီး "အီဆယ်ယွန်း"အနေနဲ့ မင်းသမီး Kim Ho Jung က ပါဝင်ထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hmwe Thet Winn ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.63GB and 852MB and 293MB Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Hmwe Thet Winn Encoder ..... LK

Action
6.5 2020 114 mins
Light for the Youth
4 Horror Tales: Hidden Floor
5.6

ဒီတစ်ခေါက်တော့ Four Horror Tales:Hidden Floor ဆိုတဲ့ Korea Horror ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ single-mother မင်ယောင်ဆိုတဲ့ အမျိုးသမီးဟာ သူ့သမီးလေး ဂျူဟီး နဲ့အတူ တိုက်ခန်းအသစ်တစ်ခုကို ပြောင်းလာတာကနေ အစပြုထားပါတယ်။ ရောက်ရောက်ချင်းမှာပဲ ဒီတိုက်ခန်းအိမ်ယာမှာ လေးလွှာ မထားတာကို မင်ယောင်က သတိထားမိသွားပါတယ်။(လေးဂဏန်းဟာ တရုတ်လို သေခြင်း နဲ့ အသံထွက်ဆင်လို့ နိမိတ်မကောင်းဘူးလို့ ယူဆကြပါတယ်။)မင်ယောင်ကတော့ ဒါတွေကို အယုံအကြည်မရှိတာကြောင့် အမှုမဲ့ အမှတ်မဲ့ပါပဲ။ မင်ယောင်တို့ သားအမိနေတဲ့အခန်းနံပါတ်က (၅၀၄)ပါ။သူတို့အောက်က အခန်းကတော့ (လေးလွှာမရှိတာကြောင့် ) ၃၀၄ ပေါ့။တစ်ရက်ကျ မင်ယောင်တို့ဆီကို အောက်အခန်းက လူက ဒေါသတကြီးနဲ့ရောက်လာပြီး မဆူပူဖို့ ၊ဝုန်းဝုန်းဒိုင်းဒိုင်းတွေ မလုပ်ဖို့ ဒေါသတကြီး လာပြောပါတယ်။မင်ယာင်တို့သားအမိဟာလည်း တိတ်တိတ်ဆိတ်ဆိတ်နေတတ်သူတွေမို့ ဒါမျိုးလာပြောခံရတာကို ထူးထူးဆန်းဆန်းဖြစ်နေပါတယ်။ပိုပြီး ထူးဆန်းတာက ညဘက်ဆိုရင် သူတို့အောက်ခန်းကတောင် (၃၀၄ လို့ ထင်ရတဲ့အခန်းက )ဆူညံသံတွေ ကြားရတာပါပဲ။ သားအမိနှစ်ယောက်ပဲရှိတဲ့ မင်ယောင်ဟာ နေ့ခင်းတွေအလုပ်သွားပြီဆိုရင် သမီးလေးကို အိမ်မှာပဲ တစ်ယောက်တည်းထားခဲ့ရပါတယ်။ဒီလိုထားခဲ့ပြီး ရက်နည်းနည်းကြာတဲ့အခါ ဂျူဟီးလေးဟာ အောက်ထပ်တမံသလင်းကို နားကပ်ပြီး အကြာကြီးနားထောင်နေတာ၊နံရံမှာ နားမလည်နိုင်တဲ့ ပုံတွေလျှောက်ဆွဲတာ စတဲ့ အရင်ကသူမလုပ်ဘူးတဲ့ ထူးထူးဆန်းဆန်းတွေ လုပ်လာပါတယ်။ ဂျူဟီးလေး အဲ့လိုဖြစ်ပြီး တစ်ချိန်တည်းမှာပဲ သူတို့ရဲ့ တိုက်ခန်းအိမ်ယာမှာ လူသေမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာတယ်။ ဂျူဟီးရဲ့ ထူးဆန်းတဲ့ အပြုအမူတွေနဲ့ လူသေမှုတွေဟာ ဘယ်လိုဆက်စပ်နေမလဲ၊သူတို့ အောက်တည့်တည့်က ကြားရတဲ့ အသံတွေဟာ ဘာတွေလဲ၊မေမေ မင်ယောင်ကရော ဒီအဖြစ်အပျက်တွေကြားထဲမှာ ဂျူဟီးလေးကို ဘယ်လို ကာကွယ်ပေးမလဲဆိုတာ ရင်တုန်အသည်းတုန်စွာနဲ့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ IMDB 5.3/10 ရရှိထားပြီး Horror ကားကြိုက်နှစ်သက်သူတွေ ကျောတချမ်းချမ်းနဲ့ စောင့်ကြည့်ရမယ့် ဇာတ်ကားလေးဖြစ်တာကြောင့် ကြည့်ရှူကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ်) File size…1.61GB / 526.3MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 40m Genre ..... Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Documentary • Music
5.6 2006 100 mins
4 Horror Tales: Hidden Floor
Saathiya
6.8

IMDb rating – 6.8/10 မင်းသား Vivekနဲ့ မင်းသမီးRani Mukerjiတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားရှရွတ်ခန်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ ဇာတ်လမ်းကောင်းတပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက် တက္ကသိုလ်ကျောင်းသားတွေဖြစ်တဲ့ အာဒီတီနဲ့ ဆူဟာနီတို့ရဲ့ အချစ်ဇာတ်လမ်းပဲဖြစ်ပါတယ်… သူတို့နှစ်ယောက်ဟာ လူငယ်သဘာဝချစ်ကြိုက်မိကြပြီး မိဘချင်းသဘောမတူတဲ့ကြားက လူကြီးတွေမသိအောင် ခိုးပြီးလက်ထပ်ထားကြပါတယ်… အဲ့ဒီလက်ထပ်ပွဲအကြောင်းကို မိဘတွေသိသွားတဲ့အခါ ဘာတွေဖြစ်လာမလဲ… အချစ်စိတ်နဲ့လက်ထပ်ခဲ့ကြတဲ့လူငယ်တွေ လောကဓံတရားနဲ့ ကြုံတွေ့ရတဲ့အခါ ခံနိုင်ရည်ရှိပါ့မလား …ဘာတွေဆက်ဖြစ်လာကြမလဲဆိုတာ ဒီကားလေးမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦးရှင်

Comedy • Romance
6.8 2002 143 mins
Saathiya
Rohan at the Louvre
6.7

Rohan at the Louvre (2023) ဒီဇာတ်ကားလေးကတော့ ပန်းချီအနုပညာကို နောက်ခံထားပြီး Mystery ဆန်ဆန် ရိုက်ထားတဲ့ ဂျပန်ဇာတ်ကားပဲဖြစ်ပါတယ်။ Rohan ဟာ ဂျပန်မှာသာမက နိုင်ငံရပ်ခြားမှာပါ နာမည်ကျော်ကြားတဲ့ မန်ဂါရုပ်ပြရေးဆဲွသူတစ်ယောက်ပါ။ သူဟာ အရောင်တွေကို လေ့လာလိုက်စားတဲ့နေရာမှာ အားသန်ပြီး သူ့ဆီမှာ သဘာ၀လွန်စွမ်းအားတစ်ခုလဲ ရှိပါတယ်။ တရက်မှာ သူ လေ့လာနေတဲ့ အရောင်ကို ဆဲွထားတဲ့ ပန်းချီတစ်ချပ်ကို လေလံပဲွမှာ လေလံဆဲွရာကနေမှ ဒီပန်းချီကားကို တခြားလိုချင်သူတွေလဲရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ ဒီပန်းချီကားကို ရေးဆဲွသူနောက်ကို ခြေရာခံရာကနေ ပြင်သစ်နိုင်ငံ ပဲရစ်မြို့က နာမည်ကျော် လုဗ်ပြတိုက်ဆီကို ခရီးထွက်ဖို့ဖြစ်လာပါတော့တယ်။ ရိုဟန်တစ်ယောက် သူရှာဖွေနေတဲ့ ပန်းချီကားကိုတွေ့သွားမလား? Adventure, Fantasy, Mystery genre ကြိုက်နှစ်သက်သူတွေအဖို့ ရုပ်ပြကာတွန်းကနေ Live Action အနေနဲ့ ပြန်လည်ရိုက်ထားတဲ့ ဒီဇာတ်ကားက အာသာပြေစေမှာပါ။ Genre….. Adventure,Drama , Mystery Quality…. 1080p | 720p File size… 1.6GB | 640MB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

6.7 2023 118 mins
Rohan at the Louvre
Carrie
7.4

Carrie (1976) ~ IMDb – 7.4/10, Rotten Tomatoes – 93% ~ Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းဟာ စာအုပ်ထက်သာတယ်လို့ ချီးကျူးဖူးပါတယ်။ Carrie ဟာ စာအုပ်အနေနဲ့တင်အောင်မြင်ခဲ့တာမဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာလည်းအောင်မြင်မှုတွေ ရခဲ့ပြီး Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလို့ သတ်မှတ်ခံခဲ့ရပါတယ်။ Carrie (1976) ရိုက်တဲ့ဒါရိုက်တာကို နာမည်သာ မသိရင်မသိမယ် သူ့ကားတွေတော့ အားလုံးသိကြမှာဖြစ်သလို သူ့ကားတွေဟာ အကောင်းတကာ့ အကောင်းဆုံးကားတွေဆိုတာလည်း ငြင်းမရပါဘူး။ ဂန္ထဝင် ဒါရိုက်တာကြီး Brian De Palma ပါပဲ။ Al Pacino ရဲ့ အကောင်းစားတွေထဲက တစ်ကားဖြစ်တဲ့ Scarface, ကယ်ဗင်ကော်စနာ ရှောင်ကွန်နရီ ရောဘတ်ဒီနဲရိုးတို့ ပါဝင်ထားတဲ့ The Untouchables, ဂျွန်ထရာဗိုတာရဲ့ အကောင်းဆုံးတွေထဲက Blow Out, ဒါ့အပြင် Mission: Impossible, Dressed to Kill, Carlito’s Way တို့လို ကားကောင်းတွေလည်း ရိုက်ခဲ့ပါတယ်။ ရိုက်ခဲ့သလောက် အကုန်ကောင်းခဲ့တဲ့ ဒါရိုက်တာကြီးပါပဲ။ သရုပ်ဆောင်တွေကတော့ Sissy Spacek နဲ့ ဂျွန်ထရာဗိုတာတို့ကို သုံးထားပါတယ်။ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် အကုန်ပါဖက်ဖြစ်နေတယ်ပြောရပါမယ်။ နောက် ဒီကားနဲ့ အော်စကာမှာ Spacek က Best Actress ဆန်ခါတင်ဝင်ခဲ့သလို Laurie က Best Supporting Actress ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဇာတ်ကတော့ ကင်းရဲ့ ရေးတတ်တဲ့ပုံစံအတိုင်း Supernatural Horror ဇာတ်ပါပဲ။ ကင်းပရိသတ်တွေတော့ ကျိန်းသေ အကြိုက်တွေ့မယ့် ဟော်ရာဇာတ်လို့ပြောရပါမယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် လုံးဝ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ Carrie (2013) နဲ့လည်း ကွဲလွဲတာတွေ အများကြီးရှိပေမဲ့ Bright Burn ဆန်ဆန် Carrie မဟုတ်ဘဲ အရာဝတ္ထုတွေကို စိတ်နဲ့စေစားနိုင်တဲ့ အစွမ်းရှိတဲ့၊ ဘာသာရေးအစွန်းရောက် အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့၊ လူရာဝင်အောင်ကြိုးစားနေတဲ့ အပယ်ခံ ဆယ်ကျော်သက်လေး Carrie ကိုတွေ့ရတဲ့အတွက် 1976 Version က သဘောကျစရာအကောင်းဆုံးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.15GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.4 1976
Carrie
Ferrari
6.8

Ferrari (2023) ============= IMDb Rating – 6.8/10 ဒါကတော့ Ford vs Ferrari တို့, Lamborghini တို့ ရုပ်ရှင်တွေမှာ ပြိုင်ဖက်အဖြစ် အမြဲတမ်း ပါဝင်လေ့ရှိတဲ့ Ferrari အကြောင်း ရုပ်ရှင် ဖြစ်ပါတယ်။ တခြားကား brand တွေအကုန်လုံးက သူ့ကို ပြိုင်ဖက် အဖြစ်သတ်မှတ်ပြီး သူ့ထက်သာအောင်ကြိုးစားကြတဲ့အထိကို ဂန္ထဝင် ဖြစ်တဲ့ Brand ဖြစ်ခဲ့တာပါ။ အီတလီနိုင်ငံရဲ့ ရတနာတစ်ပါးလို့ တင်စား ခံခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ Enzo Ferrari ဆိုတာကတော့ ဒီ brand ရဲ့ တည်ထောင်သူ ဖခင်ကြီးတစ်ယောက်ပါ။ ဒီဇာတ်လမ်းကတော့ မြင်နေကြဇာတ်လမ်း ပုံစံတွေလိုမျိုး Ferrari တစ်ယောက် ဒီနာမည်တစ်လုံးရလာဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားခဲ့တယ် ဆိုတာမျိုးတွေ မဟုတ်ပါဘူး။ အောင်မြင်မှု အသီးအပွင့်တွေ ရရှိနေပြီး သား Ferrari ကုမ္ပဏီဟာ Enzo ရဲ့ မလိမ္မာမှုကြောင့် Ferrari လုပ်ငန်းကြီး တစ်ခုလုံး ဒေဝါလီခံရတော့မဲ့ အခြေအနေတွေ၊ သူ့ရဲ့ နာမည်နဲ့ လုပ်ငန်းကို အဖက်ပြန်ဆယ်ဖို့အတွက် ကြိုးစားပုံကို အီတလီနိုင်ငံက Mille Miglia မိုင်တစ်ထောင် ကားပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်တာနဲ့အတူ ထင်ဟပ် ပြထားတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူများကတော့ Act Molemy, Leonard Lin တို့ဖြစ်ပါတယ်) File Size……….(5.5 GB) / (2.05 GB) / (800 MB) Quality…………WEB-DL 4K / 1080p / 720p Duration………2Hr 10Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, History Translator…….Act Molemy, Leonard Lin Encoder……….SWM, Y

Drama • Thriller
6.8 2023 131 mins
Ferrari
Justice League: War
7.2

Justice League War (2014) IMDB: 7.2 Rotten Tomatoes: 57% Genre: Action/Sci-fi Justice League War ဟာ ၂၀၁၄ ခုနှစ်ထွက် DC Animation ဇာတ်လမ်းလေးတစ်ခုဖြစ်ပါတယ်။ အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ Justice League အဖွဲ့စတင်ဖြစ်ပေါ်လာပုံကိုရိုက်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုဖြစ်ပြီး ဆိုက်ဘော့တောင်မှာ ဆိုက်တော့မဖြစ်သေးတဲ့ကာလဖြစ်ပါတယ်။ ဇာတ်ညွှန်း မြို့ကြီးတွေတိုင်းမှာ အမည်မသိအကောင်ကြီးတွေက ဗုံးတွေလာထောင်နေပါတယ်။ ဘာကြောင့်လည်းမသိသလို ဘယ်ကလာတယ်ဆိုတာလည်းမသိခဲ့ရပါဘူး။ ဒီလိုလာရောက်ပြီးကျူးကျော်မှုကို ကာကွယ်ဖို့ ဂရင်းလန်သန် တစ်ယောက်အလုပ်တွေရှုပ်နေပါတယ်။ ဒီလိုမျိုးကာကွယ်နေတုန်းမှာ ဘတ်မန်းရောက်ရှိလာကာ ဘုနဲ့ဘောက်ဖြစ်ကြရင်း စူပါမန်းဆီကိုရောက်သွားပါတယ်။ တစ်ဖက်မှာလည်း ဖလက်ရှ်က အဆိုပါဗုံးကို ဒေါက်တာစတုန်း(ဆိုက်ဘော့အဖေ) ဆီကိုအဖြေရှာဖို့အပ်ခဲ့ပါတယ်။ ဝါရှင်တန်ဒီစီမြို့ကတော့ ဒိုင်ယာနာကို သံတမန်အနေနဲ့ဆင့်ခေါ်ထားပါတယ်။ တစ်ခုမှတ်ထားရမှာက ဒီဇာတ်လမ်းဇာတ်အိမ်တည်ထားတဲ့အချိန်မှာလူတွေက စူပါဟီးရိုးတွေကိုကြောက်ရွံကြပြီး မထောက်ခံတဲ့အချိန်ဖြစ်ပါတယ်။ အမည်မသိအကောင်းကြီးတွေ(ပါရာဒီးမွန်း)တွေရဲံနောက်ကွယ်မှာတော့ ဒါ့ခ်ဆိုက်ဒ် ရှိနေပါတယ်။ ဒါ့ခ်ဆိုက်ဒ်ကို ဘတ်မန်း၊ စူပါမန်း၊ ဖလက်ရှ်၊ ဆိုက်ဘော့၊ ရှဇမ်း၊ ဝန်ဒါဝူးမန်း၊ ဂရင်းလန်သန် တို့ ၇ ယောက်ပေါင်းပြီးဘယ်လိုများ ကာကွယ်ကြမှာလဲ။ File size… 1.4 GB / 686 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 19m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Comedy
7.2 2014
Justice League: War
Willow Creek

1999 နာမည်ကျော် The Blair Witch Project တို့လိုပုံစံ found footage horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားမှာအခြေခံတာကတော့ တစ္ဆေသရဲတွေ စုန်းတွေမဟုတ်ပဲ နှင်းလူဖြစ်ပါတယ်။ နှင်းလူကိုမှ သူ့ကိုတွေ့ရများတယ်ဆိုတဲ့ဒေသတွေ၊ ဒေသခံတွေရဲ့အတွေ့အကြုံတွေ၊ နှင်းလူကျွမ်းကျင်သူတွေကိုပါ ထည့်သွင်းဖန်တီးထားတာဖြစ်ပါတယ်။Blair Witch Project လိုပဲလူနည်းနည်းစရိတ်ကျဉ်းကျဉ်းနဲ့ဖန်တီးထားတာဖြစ်ပေမယ့် ပရိသတ်တွေ ဝေဖန်ရေးဆရာတွေရဲ့အားပေးမှုတွေကြောင့်ပေါက်ခဲ့တဲ့ဇာတ်ကားတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ နှင်းလူအကြောင်း မှတ်တမ်းတင်ရုပ်ရှင်ရိုက်ချင်တဲ့စုံတွဲတစ်တွဲ နှင်းလူရှိတယ်ဆိုတဲ့တောနက်ကြီးထဲကိုဝင်ရောက်ကြရာကနေ အန္တရာယ်နဲ့ရင်ဆိုင်ရပုံအကြောင်းဖြစ်ပါတယ်။ဒီလိုဇာတ်ကားတွေကြိုက်ရင်ကြည့်ထားသင့်တဲ့ကားပါပဲ။ File size…(1.1 GB) Quality….720p Format…mp4 Duration….01:49:00 Genre… Adventure, Horror, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

0 2013
Willow Creek
Fireflies in the Garden
6.4

ဥယျာဉ်ထဲက ပိုးစုန်းကြူးတွေ အထက်ကောင်းကင်ကိုဖြည့်ဖို့ရာ ကြယ်တွေရှိပါသတဲ့ ကမ္ဘာပေါ်မှာတော့ ပိုးကလေးတွေပေါ့ အရွယ်အစားချင်းတော့ဘယ်တူလိမ့် အနှစ်သာရအားဖြင့်လည်းသူတို့က ကြယ်တွေမဟုတ်ခဲ့ တစ်ခါတလေတော့ သူတို့မှာကြယ်လိုစတင်ခြင်းမျိုးရှိလေရဲ့ ကြယ်လိုတောက်ပမှုမျိုး ကြာကြာထိန်းမထားနိုင်တာကလွဲ…။ – ရောဘတ်ဖရော့စ် ဒီကဗျာဟာ မှောင်မိုက်တဲ့အချိန်တွေကြားက ခဏတဖြုတ်ဖြစ်လာတဲ့ အလင်းရောင်အခိုက်အတန့်လေးတွေကို ဖော်ကျူးထားတာပါပဲ။ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲဘူးဆိုတိုင်း အခွင့်သင့်သလိုလင်းလာတတ်တဲ့ အေးချမ်းခြင်းအခိုက်အတန့်တွေကို မခံစားရတော့ဘူးလို့မှမဟုတ်ပဲလေ။ ကဗျာနဲ့ရုပ်ရှင်က ထပ်တူကျလောက်အောင်ဆွဲညှိမရပေမဲ့ ကြည့်တတ်ရင် အရိပ်အမြွက်လောက်တော့မြင်ပါလိမ့်မယ်။ Cast တွေကတော့ လက်ဖျားခါလောက်စရာပါပဲ။ William Dafoe, Ryan Reynolds, Julia Roberts, Carrie- Ann Moss တို့လို တကယ့်အကြီးကြီးတွေကိုမှရွေးသုံးထားတယ်။ ဒီရုပ်ရှင်ကတော့ ရီဗျူးတွေကောင်းလှတယ်မဟုတ်ဘူး။ ကောင်းလှတယ်မဟုတ်တဲ့အခြေအနေကိုတောင် သရုပ်ဆောင်တွေဆွဲတင်ခဲ့လို့ ရောက်တာဖြစ်လိမ့်မယ်။ တိုက်ဆိုင်မှုရှိသူတွေအတွက်တော့ ရင်ထဲရောက်မှာပေါ့။ ဒီရုပ်ရှင်က မိသားစုပြဿနာတွေအကြောင်း။ အဓိကကတော့ အဖေ နဲ့ သားကြားက ညှိမရတဲ့နာကျည်းချက်တွေပေါ့။ သိပ်ကိုဒေါသကြီးပြီး အရာအားလုံးကိုထိန်းချုပ်ချင်နေတဲ့အဖေတစ်ယောက်၊ အဖေ့ကိုသေလောက်အောင်မုန်းနေတဲ့သားတစ်ယောက်၊ သားကိုချစ်လွန်းတဲ့အပြင် အဲဒီလိုအဖေကိုလည်း သည်းခံလွန်းတဲ့အမေ။ ဒါက သိပ်မဆန်းတဲ့ မိသားစုပုံစံတစ်ခုပါပဲ။ “လှိုင်းထန်လေထဲမျောတဲ့အခါ အထီးကျန်လာတိုင်းအတွေးထဲမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဘဝဒဏ်ချက်များအိပ်မက်မှာ မျက်ရည်တွေစို့ရတဲ့အခါ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ ဒုက္ခတွေထည်လဲတွေ့ခဲ့အခါ တခြားသူမရှိဘူးကျွန်တော့်အတွေးမှာ အမြဲမြင်ယောင်တမ်းတမိတယ်အဖေ…” လေးဖြူရဲ့အဖေသီချင်းကို နားထောင်မိတဲ့လူတိုင်းကတော့ အဖေ့ကိုချစ်စိတ်နဲ့လွမ်းနိုင်လိမ့်မယ်မထင်ဘူး။ အဖေ့ကိုမျက်နှာချင်းတောင်မဆိုင်ချင်တဲ့လူတွေ တပုံတပင်ကြီးရှိလိမ့်မယ်။ မြင်ယောင်တမ်းတမိသမျှ အဖေ့ပုံရိပ်တွေက အမုန်းရောင်ခြယ်ထားရင် ဘယ်လိုနတ်ဆေးမျိုးက ပယ်ဖျက်နိုင်ပါ့မလဲ။ မိဘဆိုတာက ကောင်းတာပဲဖြစ်စေချင်မှာပါ။ ဒါပေမဲ့ မိဘတွေရဲ့အတ္တကြား ကလေးတွေရင်ထဲ ကျည်ဘယ်နှချက်ထိခဲ့ပြီလဲ။ ငယ်ဘဝစိတ်ဒဏ်ရာဆိုတာ ပျောက်ဖို့အခက်ဆုံး ဒဏ်ရာတွေထဲမှာပါတယ်။ အနာကျက်တယ်ဆိုတာမရှိဘူး။ အချိန်မရွေးသွေးထွက်လာနိုင်တဲ့ ဒဏ်ရာမျိုးပါပဲ။ အထူးသဖြင့် အဲဒီဒဏ်ရာက ကိုယ့်မိဘတစ်ယောက်ယောက်ဆီက ရခဲ့တာဆိုရင်ပေါ့။ ဒီရုပ်ရှင်ထဲမှာ အဖေဖြစ်တဲ့ချာလီနဲ့ သားဖြစ်တဲ့ မိုက်ကယ်တို့ကြားက ပြဿနာတွေက ဇာတ်လမ်းပဲ။ ချာလီက သိပ်စည်းကမ်းကြီးတယ်။ အတင်းအကြပ်ဆန်တယ်။ အရာရာကို ပြီးပြည့်စုံနေစေချင်တယ်။ မိုက်ကယ်ခမျာ ငယ်သေးတော့ ကလေးဆန်ဆန် အမှားတွေလုပ်မိတာပေါ့။ ဒီထဲမှာ ကလေးတွေအမှားလုပ်တဲ့အပေါ် မိဘတွေရဲ့ဖြေရှင်းပုံက သိပ်အရေးပါကြောင်းပြသွားတယ်။ ဆူလိုက် ငေါက်လိုက်လုပ်တဲ့ ချာလီကို သူ့သားမိုက်ကယ်က သေစေချင်တဲ့အထိ မုန်းတီးသွားအောင် အဲဒီစကားလုံးတွေက ဖန်တီးခဲ့တာပါပဲ။ အချိန်တွေကိုအမြန်ရစ်ပြီး လက်ရှိအချိန်မှာတော့ ချာလီက ပင်စင်စားအရွယ်၊ မိုက်ကယ်က သက်လတ်ပိုင်းအရွယ် ရောက်နေကြပြီ။ မိုက်ကယ်ရင်ထဲက ဆူးတွေတော့ ရှိနေဆဲပါပဲ။ ချာလီရဲ့စရိုက်တွေကလည်း အရင်လိုပါပဲ။ သူတို့တွေပြန်တွေ့မယ့်နေ့မှာ ယာဉ်မတော်တဆမှုနဲ့ မိုက်ကယ်ရဲ့အမေ လီဆာ ဆုံးပါးသွားခဲ့တယ်။ ဇာတ်လမ်းဟာ ဒီအချိန်မှအသက်ဝင်လာတယ်။ အတိတ်နဲ့ ပစ္စုပ္ပန်ကို တလှည့်စီပြရင်း ချာလီစိုက်ခဲ့တဲ့ မိုက်ကယ်ရင်ထဲက ဆူးတွေကို တချောင်းချင်း အသက်ပြန်သွင်းတယ်။ ချာလီဟာတော်တော်ဆိုးတာပဲလို့ ကျွန်တော်တို့ လိုက်မုန်းမိလိမ့်မယ်။ မိုက်ကယ်နေရာမှာ ကိုယ်ရောက်နေသလို ချာလီ့အပေါ်ရွံမုန်းစိတ်တွေမွေးမိလိမ့်မယ်။ ဒါပေမဲ့ တနေ့ထက်တနေ့ မျက်ဝန်းမှာနောင်တရိပ်တွေပြည့်လာတဲ့ ချာလီကိုမြင်လာရတော့ ကျနော်တို့သနားမိလိမ့်မယ်။ “ကျွန်တော်တို့ကြားထဲ ဘာတွေဖြစ်သွားတာလဲ” ဆိုတာ မိုက်ကယ်က သူ့အဖေ ချာလီကိုမေးခဲ့တဲ့စကားပေါ့။ မိသားစုနဲ့မတူလောက်တဲ့အထိ ထူးဆန်းနေလွန်းတဲ့သူတို့ရဲ့ဆက်ဆံရေးမှာ စကား ၁၀ ခွန်းလောက်တောင် ဖြောင့်အောင်မပြောနိုင်တဲ့အထိဖြစ်သွားတယ်။ ဒီနေရာမှာ ကျနော်တို့သူတို့ ၂ ယောက်လုံးဘက်က ခံစားကြည့်လို့ရတယ်။ မိုက်ကယ်ဆိုရင် ဘယ်တုန်းကမှ နွေးထွေးမှုမရခဲ့တဲ့သားတယောက်၊ အဖေ့ရဲ့တင်းကြပ်တဲ့စည်းကမ်းတွေအောက်မှာ ပြားပြားဝပ်ခဲ့ရတဲ့အပြင် တချိန်လုံးအမှားလုပ်မိမှာကြောက်နေရတဲ့အထိ စိတ်ဒဏ်ရာပေါင်းစုံ သူ့အဖေကြောင့်ရခဲ့တယ်။ ဒါဆို ချာလီကကော။ ချာလီကလည်း အထီးကျန်နေတဲ့ အတ္တသမားကြီးပါပဲ။ သူ့မိန်းမကလည်းသူ့ကိုမချစ်၊ သူ့သားကလည်း သူ့ကိုသေစေ‌ချင်လောက်တဲ့အထိမုန်း၊ အလုပ်ကလည်းအဆင်ပြေလှတယ်မရှိ။ အဲဒါတွေကို သူ့ဘေးနားကလူတွေဆီပုံချပြီး အားလုံးရဲ့အမုန်းကိုလက်ခံခဲ့တယ် ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ။ သူ့ရဲ့အထီးကျန်မှုကလည်း သူစိုက်ပျိုးသမျှ သူရိတ်သိမ်းရတာပဲကိုး။ သူတို့ ၂ ယောက်ဘယ်သူမှန်သလဲဆိုရင် ကျနော်က မိုက်ကယ်မှန်တယ်လို့မြင်တယ်။ ဒီအမြင်က ကျနော်အဖေနေရာမရောက်သေးလို့လည်းဖြစ်ပါလိမ့်မယ်။ ရောက်ခဲ့ရင်လည်း ကိုယ်မရှိတော့တဲ့အခါ ကိုယ့်သားသမီးတွေကို လိပ်ပြာလုံလုံနဲ့ လေးဖြူရဲ့ အဖေသီချင်းကို နားထောင်စေချင်တယ်။ ဒါပါပဲ။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:39:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Thant Bo

6.4 2008 108 mins
Fireflies in the Garden
Madame Claude

Madame Claude (1977) Madame Claude ဆိုတဲ့ ဇာတ်ကားကတော့ ၁၉၆၀-၁၉၇၀ ဝန်းကျင်မှာ ကျော်ကြားခဲ့တဲ့ Paris မြို့က ပြည့်တန်ဆာခေါင်းကြီး Fernende Grudet ခေါ် Madame Claude အကြောင်းကိုအခြေခံထားတာ ဖြစ်ပါတယ်။ Madame Claude ရဲ့ ပြည့်တန်ဆာဝန်ဆောင်မှုက ကြီးလွန်းလို့ အာဏာအရှိဆုံးဆိုတဲ့ ယောက်ျားတွေ သူဌေးတွေ နိုင်ငံရေးသမားကြီးတွေ နာမည်ကြီးတွေပါ အသုံးပြုကျတဲ့အတိုင်း သူ့မှာလျှို့ဝှက်ချက်တွေ အများကြီးကို ကိုင်ဆောင်ထားတဲ့လူပါ။ ဒီဇာတ်လမ်းထဲမှာ Madame Claude ရဲ့ စီးပွားရေး အင်ပါယာ ကိုယ်ပိုင် ဘဝ နောက်ကျောကို ဓါးနဲ့ထိုးတာတွေ အာဏာတွေ အားနည်းချက် တွေကို ယောက်ျားတွေ ကြီးစိုးတဲ့ ကမ္ဘာမှာ ဘယ်လိုကျော်ဖြတ်ခဲ့ရသလဲဆိုတာကို တင်ဆက်ပြသထားတာပဲဖြစ်ပါတယ်။ နောက်ထပ်အရေးကြီးတဲ့ ဇာတ်ကောင်ကတော့ Sidonie ဆိုတဲ့ အမျိုးသမီးပါ Madam Claude ရဲ့တပည့် သူမရဲ့ ကိုယ်ပိုင်ဘဝရော အလုပ်မှာရော အရေးပါခဲ့တဲ့ လူပါ။ Madam Claude တယောက် အာဏာကြီးလာတာနဲ့အမျှ ရန်သူတွေလဲများလာပါတယ်။ နောက်ဆုံး သူတည်ဆောက်ထားတဲ့ အင်ပါယာကြီးကိုပါ ပျက်စီးဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုဖြေရှင်းကျော်လွှားမလဲဆိုတာ…။ ၁၉၇၇ ဝန်းကျင်က ပြင်သစ်နိုင်ငံရဲ့ နိုင်ငံရေးတွေ ယဥ်ကျေးမှုတွေ သေချာလေး တင်ဆက်ထားတာဖြစ်လို့ ခေတ်ဟောင်းပုံစံတွေ စိတ်ဝင်စားတယ်ဆိုရင် ကြည့်သင့်တဲ့ ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်ခင်ဗျာ။ – အဖော်အချွတ်ခန်းတွေပါဝင်တာမလို့ မိသားစုနဲ့တော့ ကြည့်လို့မရပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Moe Zac မှ တင်ဆက်ထားပါတယ်။)

Comedy • Drama
0 1977 105 mins
Madame Claude
Deaner ’89
5.6

ဒီဇာတ်ကားလေးကတော့ ၁၉၈၀ ခုနှစ်တွေက မက်တယ်ဂီတရဲ့ အရသာကို ကောင်းကောင်းကြီး ပေးသွားနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++ ဒီးနာ မူးဒရော့ချ်ဆိုတဲ့ ကောင်လေးက ကျောင်းမှာ ဟော်ကီကစားတာ အရမ်း တော်တဲ့ ကောင်လေးတစ်ယောက်။ သူ့မှာ ဂျန်ဆိုတဲ့ ညီမလေး တစ်ယောက်လည်းရှိတယ်။ တစ်ရက်မှာ သူ့ဆီကို ထူးဆန်းတဲ့ သေတ္တာကြီး တစ်လုံး ရောက်လာတယ်။ အဲဒီ သေတ္တာက မက်တယ် ဂီတကို အရူးအမူး ကြိုက်သူကြီး သူ့အဖေအရင်းရဲ့ သေတ္တာ။ သူ့အဖေအရင်းက ဆုံးသွားပြီ။ အဲဒီကစပြီး သူတို့က မွေးစားသားနဲ့ သမီးတွေဆိုတာ သူတို့ သိသွားကြပြီးတော့ သူတို့က ဘယ်သူတွေလဲဆိုတာ သိဖို့အတွက် ရှာဖွေကြရင်း တစ်ရက်မှာ ဒေါ့ကန်ဆိုတဲ့ မက်တယ်အဖွဲ့ကို သွားကြည့်ဖို့အတွက် ဒီးမူးဒရော့ချ်က ဆုံးဖြတ်ချက်ချလိုက်တယ်။ ဒါနဲ့ သူက အောင်မြင်တဲ့ ဟော်ကီကစားသမား ဘဝ အခွင့်အလမ်းတွေ အားလုံးကို လွှတ်ချခဲ့ပြီးတော့ သူ့ကိုယ်သူ ရှာဖွေဖို့ အတွက် ခရီးထွက်ခဲ့ပါတော့တယ်။ အဲဒီ ခရီးမှာ သူ ဘာတွေ ကြုံရမလဲ .. သူ့ဘဝ ဘယ်လိုပြောင်းလဲသွားခဲ့တာလဲဆိုတာကတော့ ဇာတ်ကားထဲမှာ အူနှိပ်အောင် ရယ်မောရင်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားရဲ့ ပေးချင်တဲ့ မက်ဆေ့ကလည်း အရမ်းကောင်းတာမို့ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါလို့ ပြောရင်း … ( အညွှန်းနဲ့ ဘာသာပြန် BZW ဖြစ်ပါတယ်) File size… (1.30GB) / (746MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Action , Comedy , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Comedy • Horror • Science Fiction
5.6 2024 90 mins
Deaner ’89
Yevadu
5.9

IMDb Rating ကတော့ 4.8 လောက်ပဲရရှိထားပေမယ့် အခုလထဲမှာအရမ်းကိုခေတ်စားနေတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမို့Channel Myanmar ပရိတ်သတ်ကြီးအတွက်တင်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းမှာ Action နဲ့ Drama ကို တွဲဖက်ရိုက်ကူးထားပြီး မင်းသား Ram Charan က အဓိက သရုပ်ဆောင်ထားပါတယ်။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Shruti Haasan နဲ့ မင်းသမီး Amy Jackson တို့ရဲ့ ဆွဲဆောင်မှုကလည်း ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ရှုစေမှာပါ။ ဇာတ်လမ်းမှာ လူမိုက် ဘီရူးဘိုင် ရဲ့ နှောက်ယှက်မှုနဲ့ မင်းသမီးကို လိုချင်တာကြောင့် အန္တရာယ်တွေကျရောက်ခါနီး အနေအထားမှာ သူမရဲ့မိဘတွေက ချစ်သူ နဲ့ အတူ ထွက်ပြေးခိုင်းတာကနေ စပါတယ်။ ဘတ်စ်ကားနဲ့ထွက်ပြေးနေရင်း ဘီရူးဘိုင်ရဲ့ လက်ကမလွတ်မြောက်ခဲ့တာကြောင့် မင်းသားဟာ အသေသတ်ခံရပြီး ကားကိုပါ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒါပေမဲ့ အသက်သေခါနီးဆဲဆဲ မှာပဲ ဆေးရုံပေါ်ရောက်ခဲ့ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မကြီးကြောင့် ဘဝအသစ်တစ်ခုကို ရရှိခဲ့ပြီး မိမိရဲ့ရန်သူများကို ပြန်လည်လက်စားချေပုံများကို အိန္ဒိယဇာတ်လမ်းအထာများနဲ့ ရိုက်ပြသွားတာကို တမေ့တမော ခံစားကြည့်ရှုနိုင်ကြမှာပါ။ Genre….. Action, Thriller Quality…. 1080p HEVC | 720p WEB-DL File size… 7.2GB | 2.8GB Format… mkv, mp4 Duration…. 2h 48min Subtitle…. Myanmar Subtitle (Hardsub) Encoder ….. Aaron

Comedy • Crime • Action
5.9 2014 166 mins
Yevadu