YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ms. Apocalypse (2024) WEB-DL 720P (CM).mp4

578.56 MB N/A video/mp4 105 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Van Helsing
6.3

ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ရှိတဲ့ Transylvania ကို စေလွတ်ခြင်းခံရတဲ့အခါ.... - နှစ်သက်တမ်းကြာမြင့်စွာ ရှိတဲ့ Dracula ရှိတဲ့နေရာကို ကြက်သွန်ဖြူ နဲ့ သွားရွလို့ မရမှန်းသိတဲ့အခါ Van Helsing တစ်ယောက် ဘာတွေသယ်ဆောင်သွားမလဲ...? - Dracula မှာ ဇနီးတွေ ရှိနိုင်ပါသလား ? Dracula က ကလေးမွေးနိုင်လား ? မွေးလာတဲ့ကလေးတွေကကော ဘာပုံစံဖြစ်မလည်း ? - အခြား ဘယ်သူတွေကရော Dracula ကိုနိုင်ဖို့ ဘယ်လိုတွေကူညီကြမလဲ ? - Dracula ကကော ဘာတွေကြံစည်နေကြတာလဲ ? - Dracula ရှိတဲ့ နယ်မြေ မှာ Ven Helsing က ဘာ mission တွေ လာလုပ်တာလဲ ? စလာကတည်းက တဝုန်းဝုန်း တဒိုင်းဒိုင်းပါပဲ ။ Black and White နဲ့ စတင်ခဲ့ပြီး သဘာ၀လွန် ဖြစ်ရပ်များစွာပါတဲ့အပြင် ရူပ်ထွေးပွေလီလှတဲ့ ဇာတ်လမ်းတွေက်ု Van Helsing တစ်ယောက်ဘယ်လိုတွေကျော်ဖြတ်မလဲဆိုတာ.......။ Crd Review File size…(8.3 GB)/(2.7 GB)/(1.6 GB) Quality….BluRay 4K HEVC/ 1080p HEVC/720p Format…mkv/mp4 Duration….02:11:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Min Khant Kyi Win

Comedy • Horror
6.3 2004 132 mins
Van Helsing
Mission: Impossible - Fallout
7.4

IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(11 GB)/(1.7 GB)/(1.2 GB) Quality….BluRay IMAX 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:27:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by CM Team

7.4 2018 147 mins
Mission: Impossible - Fallout
North Hollywood
5.7

ဒီကားလေးက 2021 ထွက် comedy/drama ကားကောင်းလေးပါ။ rating လည်း ထိုက်သင့်သလောက် ကောင်းကောင်းရထားတဲ့ ဇာတ်လမ်းလေးပါ။ comedy ဆိုတာထက် drama ဘက် ပိုယိမ်းပါတယ်။ ဇာတ်လမ်းအကျဉ်း ================== လောစ့်အိန်ဂျလိစ့် ၊ North Hollywood ဆိုတဲ့ မြို့ကလေးက ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝနဲ့ သူ​ပြေးလိုက်တဲ့ အိပ်မက်အကြောင်းရိုက်ထားတာပါ။ အထက်တန်းကျောင်းသားတစ်ဦးဖြစ်သူ မိုက်ကယ် ရူးရူးမူးမူးဖြစ်ချင်တာကတော့ ပရို စကိတ်စီးသမားတစ်ယောက်ပါ။ သို့သော် အမိမဲ့သား မိုက်ကယ်ရဲ့ စကိတ်သမားဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကို သဘောမတူတဲ့ သူ့အဖေကတော့ မိုက်ကယ်ကို အထက်တန်းကျောင်းပြီးတာနဲ့ ကောလိပ်ကို ဆက်တက်ပြီး ​ ပညာရေးကိုရှေ့ဆက်စေချင်တာပါ။ မိုက်ကယ်ကတေ့ာ သူဖြစ်ချင်တဲ့ စကိတ်သမားဖြစ်လာဖို့ ဘာကိုမဆို စတေးရ စတေးရ အဆင်သင့်ဖြစ်နေသူတစ်ဦးပါ။ ဇာတ်က အေးပါတယ်။ ဒါပေမယ့် ဇာတ်ကားမဆန်ဘဲ တကယ့်အပြင်က reality တစ်ခုကို ပြထားသလို ခံစားရမှာပါ။ ဆယ်ကျော်သက် လူငယ်တစ်ဦးရဲ့ ဖြစ်ချင်တဲ့ စိတ်ဆန္ဒနောက်ကို ပြေးလိုက်တဲ့ ခရီးလမ်းမှာ မိသားစု ၊ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အရေးပါမှု ဒါတွေကို လက်တွေ့ဆန်စွာခံစားကြည့်ရှုရပါမယ်။ File size…1.26GB / 547MB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
5.7 2021 94 mins
North Hollywood
Mat Kilau
7.7

IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ

7.7 2022 118 mins
Mat Kilau
Proud of Love
6.2

တူညီတဲ့အဖြစ်အပျက်တွေပဲထပ်ကာတလဲလဲဖြစ်ပျက်နေမယ့် တစ်ရက်တာမှာပဲပိတ်မိနေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ရှန်ရှီးဆိုတဲ့ကောင်မလေးက အလုပ်မှာလူသစ်ဖြစ်ပြီး၊ အလုပ်စစဝင်ချင်းနေ့မှာတင် သူဌေးနဲ့ကတောက်ကဆဖြစ်ခဲ့ပါတယ် ။ ဟယ်ကျိကျိုးကတော့ငယ်ရွယ်ပြီးထက်မြက်တဲ့ ကုမ္ပဏီပိုင်ရှင်သူဌေး ၊ ရန်ရှီးရဲ့အလုပ်ရှင်သူဌေးပေါ့။ အဲ့နောက်ပိုင်း ရှန်ရှီး နဲ့ဟယ်ကျိကျိုးဟာ ကြောင်နဲ့ကြွက်လိုအမြဲဖြစ်နေပါတော့တယ်။ သူဌေးက ဆူဆဲလိုက် ၊ ရန်ရှီးက သူဌေးကိုကျိန်ဆဲလိုက်ပေါ့။ ဒီလိုနဲ့တစ်နေ့မှာ အကြောင်းတစ်ခုကြောင့် ရန်ရှီးတစ်ယောက် တစ်ရက်တာ time loop ထဲမှာပိတ်မိသွားပါတော့တယ်။ ဒီတစ်ရက်တာမှာ ဒီအဖြစ်အပျက်တွေပဲ ပြန်ပြန်ဖြစ်နေတာဆိုတော့ ဘယ်လောက်တောင်စိတ်ညစ်စရာကောင်းလိုက်လေမလဲ။ သူမဟာ time loop ထဲကထွက်နိုင်ဖို့အမျိုးစုံစဥ်းစားတွေးတောကြံစည်ရတာပေါ့။ သူမ ပိတ်မိနေတဲ့ time loop ဟာ သူမရဲ့ သူဌေးဖြစ်သူနဲ့သက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါမှာတော့… ပိတ်မိနေတဲ့အချိန်စက်ဝန်းထဲကထွက်ဖို့ကြိုးစားရင်းနဲ့ ၊ မတည့်အတူနေ နှစ်ယောက်သားကြားမှာ ချစ်ခြင်းမေတ္တာတွေပေါက်ဖွားလာလေမလား။ Time loop ထဲကရောထွက်နိုင်ပါ့မလား။ ဇာတ်အိမ်ဆန်းဆန်းနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Romance Comedy အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Action • Adventure • Animation • Family
6.2 2021
Proud of Love
The Adults
5.9

The Adults (2023) ~ Rotten Tomatoes – 71% ~ လူကြီးဘ၀ အရွယ်ရောက်တဲ့သူဘ၀ဆိုတာ ဘယ်သူမဆို တစ်နေ့ကြုံတွေ့ရမှာပါ။ ငယ်ဘ၀က အမှတ်တရတွေ ပျော်ရွှင်စရာတွေကိုပါအတူတူ ယူဆောင်လာရင်းနဲ့ လူကြီးဘ၀မှာ လိုက်လျောညီထွေ နေထိုင်ရှင်သန်ရတာက လူတိုင်းအတွက် ဆန်းကြယ်တဲ့အလုပ်မဟုတ်ပါဘူး။ ဒီကားမှာတော့ ဝေးကွာသွားတဲ့ အကိုနဲ့ ညီမ ၂ယောက် မွေးရပ်မြေမှာ ပြန်ဆုံတွေ့ကြရင်း ငယ်ဘ၀အမှတ်တရတွေ ပြန်အသက်၀င်လာတာကို တွေ့ရမှာပါ။ အကို အဲရစ်က မွေးရပ်မြေကနေ မိခင်ဆုံးတည်းက ထွက်သွားတာ ၈နှစ်ရှိပါပြီ။ အိမ်ကို ခရီးတို ခဏပြန်လာပြီး ညီမ ရေချယ်၊ မက်ဂီတို့နဲ့ ပြန်ဆုံကြတာပါ။ အဲရစ်က တစ်ချိန်က မြို့မှာ အတော်ဆုံးပိုကာကစားတဲ့သူဖြစ်တဲ့အတွက် သူငယ်ချင်းတွေနဲ့ ညကျ ပိုကာကစားကြပါတယ်။ နိုင်တစ်ခါ ရှုံးတစ်လှည့်ပါပဲ။ သူတို့၃ယောက်ရဲ့ ငယ်စဉ်အိပ်မက်က တေးရေးတေးဆိုသူ လုပ်ပြီး ဖျော်ဖြေချင်တာပါ။ အရွယ်ရောက်လာတဲ့အခါမှာတော့ အိပ်မက်အတိုင်းတကယ်ဖြစ်မလာပါဘူး။ ရေချယ်နဲ့အဲရစ်ကလည်း မိသားစုပြသာနာတွေကြောင့် အဆင်မပြေလှပါဘူး။ ဒီလိုနဲ့ အဲရစ်ရဲ့ ခဏနေမယ့်ခရီးစဉ်က မထင်မှတ်ဘဲ ရက်ရှည်ဖြစ်သွားပါတယ်။ သူတို့ကြားက အစိုင်အခဲတွေကို ချေဖျက်ဖို့ပေါ့။ လက်ရှိဘ၀နဲ့ ငယ်ဘ၀က ကွာခြားချက်ကို မြင်အောင် ပိုင်းခြားပြီး လက်ရှိအတိုင်းရှင်သန်ဖို့ အသိတရား ရစေတဲ့ ကားတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 580MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 31Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.9 2023
The Adults
The 36th Chamber of Shaolin
7.6

The 36th Chamber of Shaolin (1978) ========================= IMDb Rating – 7.6/10 ဟိုအရင်က ရှောင်လင်သိုင်းကားဆိုပြီး ရုပ်ရှင်ပရိသတ်တွေကြား တော်တော် နာမည်ကြီးခဲ့တာ အားလုံးသိကြမှာပါ။ အဲဒီတစ်ခေတ်တစ်ခါက ထွက်ခဲ့တဲ့ ရှောင်လင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့ The 36th chamber of Shaolin ဖြစ်ပြီးတော့ ၁၉၇၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ကွန်ဖူးကား ဖြစ်ပါတယ်။ အင်္ဂလိပ်, ပြင်သစ်, ကွမ်းတုံနဲ့ တရုတ် ဘာသာစကား ၄ မျိုးနဲ့ ထွက်ရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ မန်ချူးလူမျိုးစုတွေက ကွမ်းကျိုးမြို့ကို အပိုင်သိမ်းထားရာကနေ စတင်ပါတယ်။ သူတို့က မြို့နေပြည်သူတွေကို နိုင်လို မင်းထက်ပြုမူပြီးတော့ သူတို့ကို မထောက်ခံသူမှန်သမျှကို သူပုန်လို့သတ်မှတ်ပြီး သတ်ပစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဖျက်စီးလို့စီးနဲ့ ထင်ရာစိုင်း ကြတာပါ။ မန်ချူးခေါင်းဆောင် ထျန်းသာ့စစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့သူက လူလယ်ခေါင်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကို ချုံးဝမ်းကျောင်းတော်က ဆရာ ကြီးဟော့နဲ့ ကျောင်းသားတွေက မကျေနပ်ကြပါဘူး။ ဒါကြောင့် သူတို့က မန်ချူး တွေကို ဆန့်ကျင်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဘာသိုင်းပညာမှ မတတ်တာမလို့ ကျောင်း တော်အပါအဝင် ကျောင်းသားတွေလည်း သေကြေပျက်စီးကြရတယ်။ အဲဒီထဲကမှ လျိုယွိထယ်ဆိုတဲ့ ကျောင်းသားလေးက မန်ချူးတွေကို ဆန့်ကျင်ဖို့ ရှောင်လင်ကျောင်းမှာ သိုင်းပညာသွားသင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လျိုယွိထယ် အနေနဲ့ မန်ချူးတွေလက်ကနေ ရှောင်လင်ကျောင်းဆီရောက်အောင် ဘယ်လိုသွား မလဲ၊ ရှောင်လင်သိုင်းပညာဆိုတာမှာရော ဘာတွေပါဝင်လဲ၊ မန်ချူးတွေကိုရော ပြန် လည်တိုက်ထုတ်နိုင်မလား၊ ဘယ်လိုတွေတိုက်ထုတ်မလဲဆိုတာကို ဇာတ်ကားထဲမှာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Elizabeth Khant ဖြစ်ပါတယ်) File Size……….(2.4 GB) / (1.08 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Elizabeth Khant Encoder……….SWM

7.6 1978
The 36th Chamber of Shaolin
Christmas As Usual
5.4

Christmas As Usual (2023) ==================== Thea က ခရစ္စမတ်အတွက် သူ့မွေးရပ်မြေကိုပြန်ဖို့ သူနဲ့စေ့စပ် ထားတဲ့ ချစ်သူ Jashanကိုပါ ခေါ်လာခဲ့တယ်။ ဒါပေမဲ့ Theaက သူ့မိသားစုကို Jashanက အိန္ဒိယလူမျိုးဖြစ်ကြောင်းနဲ့ သူတို့စေ့ စပ်ထားကြောင်းကို မပြောရသေးပါဘူး။ လူမျိုးချင်းမတူတဲ့ Thea နဲ့ Jashan တို့ ခရစ္စမတ်မှာ မတူညီတဲ့ ယဥ်ကျေးမှုဓလေ့ရိုးရာ ယုံကြည်မှုတွေကို ဘယ်လို မေးခွန်းထုတ် အမြင်ပြောင်းလဲစေ မလဲ၊ မိသားစုကြားက ခရစ္စမတ်အတွင်း ဘယ်လိုနွေးထွေးမှုတွေ ရှိလဲဆိုတာကို ကြည့်ရှုရမှာပါ။ နော်ဝေးမိသားစုလေးရဲ့ ပုံမှန်ခရစ္စ မတ်လေးက Jashan အတွက်တော့ ပုံမှန်ခရစ္စမတ်မဟုတ်ခဲ့တာမို့ သူဘယ်လိုကြိုးစားနေထိုင်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ရင်တ မမနဲ့ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.39 GB) / (482 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 28Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Romance Translator…….Thwal Htoo Zin Encoder……….SWM

Horror • Action • Fantasy
5.4 2023 89 mins
Christmas As Usual
June Zero

(function(f,b,n,j,x,e){})(); ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် သမိုင်းကြောင်းတစ်ခုက လူတစ်ယောက်အပေါ်ကို ဘယ်လောက်တောင်သက်ရောက်မှုရှိလဲ လူတစ်ယောက်အတွက် ဘယ်လိုအဓိပ္ပာယ်တွေပါဝင်နေသလဲဆိုတာကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… ဒုတိယကမ္ဘာစစ်တုန်းက ဂျူးလူမျိုးစုတွေကို မျိုးတုံးသတ်ဖြတ်ခဲ့တဲ့ Adolf Eichman ရဲ့ လူသိနည်းတဲ့တရားခွင်အပေါ်မှာ ဇာတ်ကြောင်းခံပြီး ဇာတ်လမ်းကိုတင်ဆက်ပြသထားပါတယ်။ ဒီဇာတ်လမ်းထဲမှာ လူသားဆန်ဆန်နေထိုင်မှုရဲ့အဓိပ္ပာယ်တွေ ပြီးတော့ Eichman ကိုကွပ်မျက်ခြင်းကိုလုပ်ဆောင်တဲ့ အပိုင်းမှာပါဝင်တဲ့ လူတစ်ယောက်ချင်းစီရဲ့ အခြေအနေတွေ ဖြစ်ရပ်တွေကိုပါ ထည့်သွင်းရိုက်ကူးထားလို့ နာဇီတွေရဲ့ ပြစ်မှုတွေကဘယ်လောက်တောင်လွှမ်းမိုးမှုရှိလဲဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ကြည့်ရှူခံစားပေးကြပါဦး။ File size…(2.2 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Swe Yee

0 2022
June Zero
Red Right Hand
5.3

Red Right Hand (2024) ဒီကားလေးကတော့ The Lord of the Rings နဲ့ Pirates of the Caribbean ကားတွေထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး 90’s Born တွေရဲ့ အချစ်ဦးဖြစ်ခဲ့တဲ့မင်းသား Orlando Bloom ရဲ့ Thriller, Action အမျိုးအစား ကားသစ်လေးဖြစ်ပါတယ်။ ကတ်ရှ်က လူမိုက်ဘ၀ကထွက်ပြီး ယောက်ဖနဲ့တူမနဲ့အတူ ခြံကိုဦးစီးနေသူပါ။ ယောက်ဖဖြစ်သူက ခြံကိုအပေါင်ခံပြီး မြို့ရဲ့ရာဇ၀တ်ခေါင်းဆောင်”ဘစ်ကတ်”ဆီမှာ ပိုက်ဆံချေးခဲ့ပါတယ်။ ဘစ်ကတ်က ကတ်ရှ်ကိုသူ့ဆီ အလုပ်ပြန်လာလုပ်ဖို့ ယောက်ဖနဲ့တူမဖြစ်သူကိုပါ ချိန်းခြောက်ပြီး အဓမ္မစေခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ဆက်လက်ခံစားကြပါဦး။ ဇာတ်လမ်းက နည်းနည်းမွဲပြာပုဆိုးလို့ပြောလို့ရပေမဲ့ ‌ဇာတ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုတွေ စိတ်လှုပ်ရှားစရာဇာတ်၀င်ခန်းတွေနဲ့ ဇာတ်ကိုဆွဲခေါ်နိုင်တာမလို့ Thriller ကြိုက်တတ်တဲ့သူတွေ အကြိုက်တွေ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 1GB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 51Min Genre – Action, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

5.3 2024
Red Right Hand
The Lost Cave of the Arctic Sea
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်သင်္ချိုင်းဖောက်တဲ့ ရုပ်ရှင်ကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့…… ပင်လယ်ကျွန်းတစ်ကျွန်းပေါ်မှာ နန်ယွဲ့ရှေးဟောင်းသမိုင်းဝင် နေရာဟောင်းကို ရှာတွေ့ခဲ့ပါတယ်။ ဒီနေရာက နန်ယွဲ့အမတ်ချုပ်ကြီး လွီကြားတဲ့ ရတနာတွေ ဖွက်ထားတဲ့ နေရာဖြစ်တယ်လို့ ပြောနေကြပါတယ်…… တိုက်ဖွန်မုန်တိုင်းကြီး ကျရောက်ခါနီးမှာ ထူးခြားတဲ့ နားကြားစွမ်းရည်ရှိတဲ့ ဝူဟိန်ကို နန်ယွဲ့သမိုင်းလေ့လာနေတဲ့ ကုလင်က အကူအညီတောင်းခဲ့တဲ့အတွက် ကျွန်းပေါ်ကို ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာ လွီကျားတို့ခေတ်ထက် ပိုဝေးတဲ့ သမိုင်းဝင်ဂူကြီးတစ်ခုကို တွေ့သွားတဲ့အခါ စွန့်စားရေးခရီးစဉ်တစ်ခုကို စတင်ခဲ့ပါတော့တယ်…… တရုတ်သင်္ချိုင်းဖောက်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်း ပုံရိပ်ယောင်တွေ တစ္ဆေတွေ မိစ္ဆာတွေ သင်္ချိုင်းထဲက ထူးဆန်းတဲ့အကောင်ကြီးတွေ မျိုးစုံကို မြင်တွေ့ရမှာဖြစ်တဲ့အတွက် အသည်းငယ်သူတွေတော့ သတိလေးနဲ့ ကြည့်ကြပါလို့……

Horror
5.8 2024
The Lost Cave of the Arctic Sea
Secret Passion aka Taynoe vlechenie
5.3

Taynoe Vlechenie (2023) CM ပရိသတ်ကြီးအတွက် ရုရှားစကားပြော ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် Veta ဆိုတဲ့ ကောင်မလေးက တစ်ခုခုအသိအမှတ်ပြုခံရဖို့ ကြိုးစားနေသူလေးပဲ ဖြစ်ပါတယ် သရုပ်ဆောင်သင်တန်းမှာ ဆရာသဘောကျတဲ့လူ မဟုတ်ပေမယ့်လည်း ဇွဲတော့မလျှော့ပါဘူး ဘာကိုမှ အလေးအနက်မထားတဲ့လူတွေကြားမှာ အိပ်မက်တစ်ခုကို ယုံယုံကြည်ကြည်ဆက်မက်နေတဲ့သူ သူ့ဘဝအတွက် ပြဇာတ်ရုံက အိပ်မက်ပါပဲ တစ်နေ့မှာ ပိုလန်ကလာတဲ့ ဒါရိုက်တာတစ်ယောက်နဲ့ အမှတ်မထင် ခင်မင်ခဲ့ပြီး သူလိုချင်တာကို ပြောပြတဲ့အခါမှာတော့ … ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုပေးပါဦး အဖော်အချွတ်အနည်းငယ် ပါတဲ့အကြောင်းတော့ ကြိုတင်သတိပေးပါရစေ အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ကပါ

Horror
5.3 2023
Secret Passion aka Taynoe vlechenie
Green Border
6.4

အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေဟာ ဥရောပသမဂ္ဂမှာ ခိုလှုံခွင့်ရရှိဖို့ ပိုလန်နဲ့ဘယ်လာရု့စ်ကြားက Green Border လို့ခေါ်တဲ့ ကြမ်းတမ်းပြီးညွန်ပေါတဲ့တောအုပ်တွေကို ခက်ခဲရာခဲဆစ်ဖြတ်သန်း ကြရပါတယ်။ ဒီနေရာမှာ သက်သောင့်သက်သာနေရတဲ့ဘဝကို စွန့်လွှတ်ပြီး ဒုက္ခသည်တွေရဲ့အသက်ကိုကယ်တင်နေတဲ့ဂျူလီအာ၊ ပိုလန်နယ်စပ်အစောင့်တပ်ဖွဲ့ဝင်ဂျန်နဲ့ ဆီးရီးယားမိသားစုတစ်ခုတို့ ပတ်သက်ဆက်နွယ်မိကြပုံကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ Drama အမျိုးအစားဖြစ်ပေမယ့် အလွန်အမင်းစိတ်ဆင်းရဲစရာ ကောင်းတဲ့အနိဌာရုံဖြစ်ရပ်တွေပါဝင်နေပြီး အဖြူအမည်းရုပ်ရှင် ဖြစ်နေတာက ဇာတ်ကိုပိုကြွအောင်ဖော်ကျူးနိုင်တာမြင်တွေ့ ရပါတယ်။ Green Border ဟာ ဖြစ်ရပ်မှန်ပါလို့မပြောထားပေမယ့် ဒါရိုက်တာ Agnieszka Holland နဲ့ ဇာတ်ညွှန်းရေးဆရာနှစ်ယောက်ဟာ ဒုက္ခသည်တွေ၊ နယ်စပ်ကဒေသခံတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အမည်မဖော်လိုတဲ့ပိုလန်နယ်စပ်အစောင့် တပ်ဖွဲ့ကအရာရှိတွေနဲ့ ကိုယ်တိုင်သွားရောက်တွေ့ဆုံမေးမြန်းပြီး မှတ်တမ်းတွေရယူပြီးမှ ရုပ်ရှင်ကိုရိုက်ကူးခဲ့ကြတာဖြစ်လို့ Agnieszka Holland ကတော့ ဒီရုပ်ရှင်ထဲမှာ လုပ်ကြံဖန်တီးပြီး ထည့်ထားတဲ့ဖြစ်ရပ်တစ်ခုမှမရှိဘူးလို့ ဆိုပါတယ်။ ရုပ်ရှင်ထွက်လာချိန်မှာ ပိုလန်အစိုးရအဖွဲ့ဝင်တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ပေမယ့် ပိုလန်မှာပထမဆုံးရုံတင်တဲ့အားလပ်ရက်မှာပဲ အမိမြေမှာပြသတဲ့ပိုလန်ရုပ်ရှင်တစ်ကားအတွက် ကြည့်ရှုသူအများဆုံး စံချိန်တင်သွားခဲ့ပါတယ်။ ဒီရုပ်ရှင်ကိုဆန့်ကျင်ချီတက်ဆန္ဒပြတဲ့ အစိုးရထောက်ခံသူတွေရှိခဲ့သလို ရုပ်ရှင်ပါအကြောင်းအရာတွေကိုထောက်ခံသူတွေကလည်း တန်ပြန် ဆန္ဒပြချီတက်ပွဲတွေလုပ်ဆောင်ကြတဲ့အထိဖြစ်ခဲ့ရပါတယ်။ ခရမ်းချဉ်သီးပုပ်ရဲ့ပျမ်းမျှ Rating က 8.3/10 ဖြစ်ပြီး နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်းများစွာရရှိထားပါတယ်။ Green Border မှာ ပိုလန်အစိုးရဟာ ယူကရိန်းအရေးနဲ့မတူဘဲ အရှေ့အလယ်ပိုင်းနဲ့အာဖရိကကဒုက္ခသည်တွေကို လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာနဲ့ ရက်ရက်စက်စက်ဆက်ဆံခဲ့ပုံတွေကို မီးမောင်းထိုးပြသွားခဲ့တာဖြစ်ပါတယ်။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ JULY ဖြစ်ပါတယ် ) File size… (2.17GB) Quality… WEB-DL 1080p Format… mp4 Duration….2h 32m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.4 2023 152 mins
Green Border
2 Fast 2 Furious Fast and Furious 2
5.9

Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်… ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ +++++++++++++++++++ 2 Fast 2 Furious (2003) IMDb Rating (5.9) / Rotten Tomatoes (37%) F1 ကပြဿနာမျိုးစုံပြီးတဲ့နောက် ဘရိုင်ယန်တစ်ယောက် ရဲအလုပ်ကထွက်ပြီး အရပ်သားဘဝနဲ့ တရားမဝင်ကားပြိုင်ပွဲတွေမောင်းလိုက်ငွေဝင်မဲ့ အလုပ်ကိစ္စမျိုးစုံကို ငပွေးတစ်ကောင်လို လုပ်နေတယ် အမှုငယ်ပေါင်းများစွာနဲ့ပေါ့။ ဒီချိန်မှာပဲ မိုင်ယာမီမှာ သွင်းကုန်ထုတ်ကုန်နဲ့ပတ်သက်ပြီး လုပ်ငန်းရှင်ကြီးတစ်ယောက်က မူးယစ်ဂိုဏ်းတွေနဲ့ပတ်သက်ပြီး သတင်းအရမ်းထွက်နေတယ်။ သူ့ဆီမှာ မူးယစ်ဆေးများစွာသိုလှောင်ထားတယ်လို့သံသယရှိနေသလို ငွေမဲတွေကိုလည်း ငွေဖြူအချီကြီးလုပ်ဖို့ စီစဉ်နေတယ်လို့သတင်းရနေတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဟာ အမှုတွေပယ်ဖျက်ပေးမယ်ဆိုတဲ့မက်လုံးနဲ့ ဘရိုင်ယန်ကိုကမ်းလှမ်းပြီး မိုင်ယာမီက လူဆိုးကြီးကိုလိုက်ဖို့ အသုံးချပါတော့တယ်။ File Size : (8.6 GB) /(2.1 GB) / (1 GB) Quality : BluRay 4K HEVC/ 1080p / 720p Running Time : 1hr 47min Format : Mkv/Mp4 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Encoded by Phyo Pyae/Ka Naung

5.9 2003 107 mins
2 Fast 2 Furious Fast and Furious 2
Poison Ivy
5.4

ဒီကားထဲက Drew Barrymore ရဲ့ စတိုင်နဲ့ ရဲတင်းတဲ့အလှအပတွေဟာ လူပြောများခဲ့ပါတယ်… နွယ်ပင်ဆိုတာ ရစ်ပတ်နွယ်တတ်တဲ့အမျိုးပဲ… ဒါပေမယ့်အဆိပ်နွယ်ပင်ဆိုရင်တော့ တင်းကြပ်စွာရစ်ပတ်နှောင်ဖွဲ့မှုတွေကြားမှာ ရုန်းထွက်မရဘဲအဆိပ်သင့်သွားနိုင်ပါတယ်… ဒီလိုအဆိပ်နွယ်ပင်အကြောင်းဆိုရင်တော့ Poison Ivy (1992) ဇာတ်ကားလေးက သံဝေဂရစရာပါ… ဇာတ်လမ်းလေးကတော့… Ivy ဆိုတဲ့မိဘမဲ့မိန်းကလေးတစ်ယောက်က ချမ်းသာတဲ့သူငယ်ချင်းရဲ့အဖေကိုချဉ်းကပ်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ချဉ်းကပ်တဲ့နေရာမှာ နာမည်နဲ့လိုက်အောင် အဆိပ်ပြင်းတဲ့ “Ivy” နွယ်ပင်ဆိုတဲ့အတိုင်း သေသေချာချာအကွက်ချစီစဉ်ပြီး သူငယ်ချင်းမိသားစုကို ပြိုကွဲအောင်ကြံစည်တာမျိုးပါ။ Ivy ရဲ့ ညှို့ဓာတ်အပြည့်နဲ့ ဘယ်လိုရစ်ပတ် အဆိပ်သင့်သွားသလဲဆိုတာ……။ Unrated Version နဲ့တင်ဆက်ထားပြီး အဖော်အချွတ်ခန်းတချို့ကြောင့် မိသားစုနဲ့ကြည့်ဖို့အဆင်မပြေပါ။

Crime • Thriller • Drama • Action
5.4 1992 92 mins
Poison Ivy