YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mrs. Cop 2015 S01 E14 WEB-DL 1080p [CM].mp4

1.3 GB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
19(1)(a)
6

IMDB Rating မှာ 6.1 ရထားပြီး လူကြိုက်များတဲ့တောင်ပိုင်းမင်းသား ဗီဂျေးဆီသူပသီရဲ့ မာလာရာလမ်း ဘာသာစကားပြောရုပ်ရှင်လေးတစ်ပုဒ် တင်ဆက်ဖို့အချိန်ရောက်လာခဲ့ပြန်ပါပြီခင်ဗျာ။ ဇာတ်လမ်းအကျဉ်း မြို့လေးတစ်မြို့မှာ အထီးကျန်စွာနေနေရတဲ့ သားအဖနှစ်ယောက် သမီးဖြစ်သူက မိတ္ထူဆိုင်လေးဖွင့်ထားပြီး ဖခင်ဖြစ်သူက အငြိမ်းစားယူပြီးရိုးရှင်းလှတဲ့ဘဝကို ဖြတ်သန်းနေတဲ့အချိန်၊ သူတို့နိုင်ငံမှာက မီဒီယာနဲ့စာနယ်ဇင်းဖိနှိပ်မှုတွေများလာပြီး စာပေနယ်က စာရေးဆရာတွေ အသတ်ခံနေရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ရှုပ်ထွေးမှုလှိုင်းလုံးတွေသူတို့အပေါ်ရိုက်ခတ်လာချိန်မှာတော့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ ရုပ်ရှင်ထဲမှာဆက်လက်စီးမျောခံစားပေးပါ။ ဇာတ်အိမ်ခိုင်မှု့ကတော့ မာလာရာလမ်းကားမို့အပြစ်ပြောစရာမရှိသလောက်ပါပဲဗျာ။ File size…1.57GB /737MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 47min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo & Hoeney & Kevin

Crime • Drama • Thriller
6 2022 107 mins
19(1)(a)
Sharmaji Namkeen
6.6

အခုတစ်ခါမှာတော့ Channel Myanmar ကနေ Sharmaji Namkee လို့အမည်ရတဲ့ ဘောလိဝုဒ်ရုပ်ရှင်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီရုပ်ရှင်ကတော့ ဘောလီဝုဒ်ရုပ်ရှင်လောကအတွက် စိတ်မကောင်းဖွယ်ရာဖြစ်ရပ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုလည်း မမှားပါဘူး ရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ B.G. Sharma နေရာကို မူလပထမက ဘောလီဝုဒ်ရဲ့နာမည်ကြီး မင်းသား Ranbir Kapoor တို့ရဲ့ဖခင် မင်းသားကြီး Rishi Kapoor ကနေ ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ် စိတ်မကောင်းစွာနဲ့ပဲ မင်းသားကြီး Rishi ဟာ ရုပ်ရှင်ရိုက်ကူးနေဆဲအချိန်မှာပဲ ဘဝတစ်ပါးကို ကူးပြောင်းသွားတဲ့အတွက် အခြားမင်းသားကြီးတစ်လက်နဲ့ အစားထိုးကာပြန်လည်ရိုက်ကူးခဲ့ရတာပဲ ဖြစ်ပါတယ် အစားထိုးရိုက်ကူးမဲ့မင်းသားကြီးကလည်း အခြားသူမဟုတ်ပါဘူး နာမည်ကြီး Oh My God ရုပ်ရှင်မှာ ဘုရားသခင်ကိုတရားစွဲခဲ့တဲ့ မင်းသားကြီး Paresh Rawal ပဲဖြစ်ပါတယ် ဒီတော့ ဇာတ်လမ်းအညွှန်းလေးကို သွားလိုက်ကြရအောင် B.G.Sharmaji ဟာ အိမ်သုံးပစ္စည်းအရောင်းဆိုင်ကနေ အနားယူပြီးတဲ့နောက် အိမ်မှာ ဟိုနားမတ်တပ် ဒီနားငုတ်တုတ်နဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတဲ့ဘဝကို အားမလိုအားမရဖြစ်ပြီး သူဝါသနာပါရာ ဟင်းချက်အလုပ်ကို တစိုက်မတ်မတ် စပြီး လုပ်ဆောင်ပါတော့တယ် မီးဖိုချောင်ထဲက မထွက်စတမ်းဟင်းချက်နေတဲ့ Sharma ရဲ့လက်ရာတွေကလည်း စားဖူးသူတိုင်း လျှာလည်သွားလောက်အောင် အင်မတန်ကောင်းမွန်လှပါတယ် ဒီလိုနဲ့ တစ်နေ့ Sharma ရဲ့သူငယ်ချင်းဖြစ်သူ Chadda က ဘာသာရေးပွဲတစ်ခုမှာဟင်းချက်ရမယ်ပြောပြီး Sharma ကို အမျိုးသမီးတစ်ဖွဲ့ရဲ့ ရန်ပုံငွေပါတီပွဲမှာ ချက်ဖို့ခေါ်သွားရာကနေ အဲ့ဒီအမျိုးသမီးတွေက Sharma ရဲ့ဟင်းချက်လက်ရာတွေကို အကြိုက်တွေ့ပြီး သူတို့ရဲ့ ရန်ပုံငွေပါတီပွဲတွေမှာ Sharma တစ်ယောက် ပင်တိုင်စားဖိုမှူးဖြစ်လာခဲ့ပါတယ် ဒါပေမဲ့ အခုလိုတွေ ပါတီပွဲတွေမှာ ဟင်းလိုက်ချက်နေတာကို Sharma က သူ့သားတွေကိုမပြောပြဘဲဖုံးကွယ်ထားတဲ့အခါ.... သူ့သားတွေက အဲ့ဒီလျှို့ဝှက်ချက်ကို သိရှိသွားတဲ့အခါ.... သားဖြစ်သူရဲ့ ကန့်ကွက်မှုနဲ့ ပတ်ဝန်းကျင်အမြင်တွေကို Sharma တစ်ယောက် ဘယ်လိုကျော်လွှားမလဲ.... သူ့ရဲ့ဝါသနာပါရာ ဟင်းချက်တာကိုရော ဆက်လုပ်နိုင်ဦးပါ့မလား... မင်းသားကြီး Rishi ရဲ့သရုပ်ဆောင်လက်ရာကို နှမြောစွာနဲ့ မခံစားလိုက်ရပေမဲ့လည်း မင်းသားကြီး Paresh ရဲ့ ဟန်ပန်တွေက ပရိသတ်အားလုံးရဲ့အကြိုက်ကို ကျေနပ်စေမှာမလို့ ဒီရုပ်ရှင်လေးမှာ လိုက်ပါခံစားရင်း အားပေးကြည့်ရှုပေးကြပါဦးနော် File size…2.62GB / 1Gb Quality…1080p WEB RIP AAC 5.1CH / 720p Format…mp4 Duration….1h 59min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Shwe Pyae & Shwe Pwint & Poe & Jerrica

Drama • Music
6.6 2022 119 mins
Sharmaji Namkeen
The Ice Demon
5.2

စိတ်ရောဂါအကြောင်း၊ စိတ်ရောဂါနဲ့ပတ်သက်လို့ ပြောကြတဲ့အခါ စိတ်ရောဂါမျိုးစုံလည်းရှိတဲ့အပြင် အဲဒီ့စိတ်ရောဂါဖြစ်စေနိုင်တဲ့ အကြောင်းအရာမျိုးစုံကလည်းစုံလင်လှသဗျာ၊ စိတ်ရောဂါဆိုတာလည်း စိတ်ဒဏ်ရာခဏခဏရတာမျိုးတွေကနေဖြစ်‌တတ်တော့ စိတ်ရောဂါနဲ့စိတ်ဒဏ်ရာဟာ အညမညသဘောနဲ့ အတူတွဲနေတတ်တယ်ဗျ။ အိမ်ရာတစ်ခုထူထောင်ကြပြီဆိုရင် အိမ်ထောင်ဦးစီးဆိုတဲ့ အမျိုးသားဖြစ်သူက ဒီစိတ်ပိုင်းဆိုင်ရာကိစ္စကို သိပ်ပြီးဂရုစိုက်ရတယ် သားသမီးမွေးတဲ့အခါပိုဆိုးတယ်၊ ကိုယ့်သားသမီး ကိုယ့်ရဲ့လက်တွဲဖော်သူတို့တွေစိတ်ဒဏ်ရာမရအောင် သူတို့တွေအပေါ်မှာ မရက်စက်မိအောင်ဒါတွေက သိပ်ကိုအရေးကြီးတယ်။ဒီဇာတ်လမ်းကတော့ အိမ်ထောင်ဦးစီးမပီသတဲ့ယောက်ျားတစ်ယောက်နဲ့ သူ့အမျိုးသမီးရဲ့ စိတ်ဒဏ်ရာ သူ့သမီးလေးနေထိုင်ရတဲ့ပတ်ဝန်းကျင်ဒါမျိုးတွေကို သေချာလေးဖော်ညွန်းထားနိုင်တဲ့ ဇာတ်ကားမျိုးလို့ဆိုရမယ်။ ပုံမှန် သရဲပေါကားတွေလိုမျိုးအကောင်ကြီးတွေဘွားဆိုပေါ်လာမယ်၊ လန့်သွားမယ် ဟောပြီးသွားပြီ ဒါမျိုးကားမျိုးတွေသဘောကျတတ်ရင်တော့ ဒီဇာတ်ကားနဲ့ အလာ့ဂျစ်ရှိနိုင်တယ်၊ ပုံမှန်ဟောလိဝုဒ်ကားတွေကြည့်နေကြလူတွေအတွက်တော့ ရုရှားကားဖြစ်တဲ့အတွက် အမြင်တစ်မျိုးလေးနဲ့ကြည့်ရမယ်။ ဘယ်ချိန်သရဲပေါ်လာမလည်းဆိုပြီးစောင့်ကြည့်နေရမယ့်ကားမျိုးဆိုတာထက် တစိမ့်စိမ့်ကြည့်ရမယ့်ကားမျိုးဆိုရင်ပိုမှန်လိမ့်မယ်။ တကယ်တော့ သရဲတို့ နတ်ဆိုးတို့ကြောက်စရာကောင်းတယ်ဆိုတာ လူတွေကိုဘယ်မှီမလဲ၊ ဒီလိုတွေးမိရင်တော့ ဒီသရဲကားကသိပ်ကြောက်စရာကောင်းတော့မယ်မထင်ပါဘူး... (ဇာတ်ကားနဲ့အညွှန်းကို Murphy မှ ပြန်ဆိုရေးသားထားပါတယ်) Size - 650MB, 350MB Quality - 1080p, 720p Format - mp4 Duration - 1H 32Min Genre - Horror, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Murphy Encoded by Y

Thriller
5.2 2021 92 mins
The Ice Demon
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
Dante’s Inferno: An Animated Epic
6.5

Dante’s Inferno ………………………… ဒီကားမထွက်ခင် ဂိမ်းအရင်ထွက်တာဗျ ဂိမ်းတုန်းကလည်းတော်တော်တော့လို့ကောင်းခဲ့ပါတယ် ဒန်ထေရဲ့ငရဲဆိုတဲ့ဇာတ်လမ်းဟာ တကယ်တော့သမ္မာကျမ်းစာပါဇာတ်လမ်းမဟုတ်ဘူးဗျ ၁၄ရာစု အီတလီကဗျာဆရာကြီး ဒန်ထေ ‌အလီဂေလွိရေးဖွဲ့တဲ့ ကျော်ကြားတဲ့ကဗျာကြီးထဲကဇာတ်လမ်းပါ ဗုဒ္ဓဘာသာဇာတ်ထုတ်မှာဆိုရင် ရင့်မာတကျိပ်ဇာတ်ထုတ်ထဲကနေမိဇာတ်ထုတ်လိုပဲဗျ ဒန်ထေဟာ ခရစ်ယာန်ငရဲကြီးကိုးထပ်ကိုဖြတ်ကျော်ပြီး ချစ်သူကိုပြန်ကယ်တဲ့ဇာတ်လမ်းပါ ဒီကာတွန်းမှာထူးဆန်းတာက ဇာတ်ဝင်ခန်းတခုနဲ့တခုပုံတွေမတူဘူးဗျ အဲ့တချက်တော့ကြည့်ရတာတမျိုးပဲ IMDbမှာ‌တော့ 6.9/10ထိရထားပါတယ် File size… 1.33GB / 781 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 29m Genre ….. Action , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr. Nyan

6.5 2010 84 mins
Dante’s Inferno: An Animated Epic
The Sum of All Fears
6.4

The Sum of All Fears (2002) ~ IMDb – 6.4/10, Rotten Tomatoes – 59% ~ ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကား​မြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါ​သေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်​​​​အေး​ခေတ် လက်နက် အားပြိုင်မှုကို ​ကျောရိုးယူရိုက်ကူးထားတာပါ။ ~ ဇာတ်လမ်းအကျဉ်း ~ အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ပြန်တုံ့ပြန်ဖို့ ပြင်ဆင်ပါ​တော့တယ်။ တစ်ဖက်က ရုရှား​တွေကလည်း အ​မေရိကန်​တွေ ထိုးစစ်ဆင်လာမှာသိတဲ့အတွက် ပြန်တိုက်ဖို့ပြင်ဆင်ရင်း နျူကလီးယားလက်နက်​တွေ ၂ဖက်လုံးထုတ်သုံးမယ့် အ​ခြေအ​နေထိဖြစ်လာခဲ့ပါတယ်။ ဒီ​နေရာမှာ ​ဘော်တီမိုးတိုက်ခိုက်မှုဟာ ရုရှား​​ရဲ့လုပ်ရပ်မဟုတ်ဘူးလို့ ယူဆသူက ​ဒေါက်တာဂျက်ရိုင်ယန်ပါ။ ဂျက်အ​နေနဲ့ ဒီအကြမ်းဖက်​ ဖောက်ခွဲမှုရဲ့ တရားခံအစစ်ကိုရှာရင်း ၂နိုင်ငံ စစ်ကြီးဖြစ်မယ့်အ​ရေး၊ ​နောက်ထပ်ကမ္ဘာစစ်ဖြစ်မယ့်အ​ရေးကို တားဆီးရဖို့ ဖြစ်လာပါ​တော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို X မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 1GB Quality – 1080p, 720p IMDb Rating – 6.4/10 Format – mp4 Duration – 2H 4Min Genre – Action, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by X Encoded by Y

6.4 2002 124 mins
The Sum of All Fears
Underworld: Rise of the Lycans
6.7

Underworld: Rise of the Lycans(2009) *********************************** Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်း အမိုက်စားအက်ရှင်ခန်းတွေကြောင့် ဘက်ဂျက် ၂ဆနီးပါး ရုံတင်ဝင်ငွေပြန်လည် ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်….. လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့ စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်… ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲ အဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလို တစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်… underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်.. File size… 3.8GB& 909MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 46min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae

6.7 2009 92 mins
Underworld: Rise of the Lycans
The Sound of Summer

မြန်မာနိုင်ငံကနွေရာသီဟာ မြန်မာနိုင်ငံသားတွေအတွက်တော့ ကြောက်စရာကောင်းအောင်ပူသလို ဂျပန်နိုင်ငံရဲ့ နွေဟာလည်းသူတို့အတွက်တော့ ကြောက်စရာကောင်းအောင်ပူပါတယ် ဒီဇာတ်ကားရဲ့ပေးချင်တဲ့ meassage ကတော့ နွေရာသီဟာ ပူပြင်းပြီး အသက်အန္တရာယ်ရှိတယ်ဆိုပေမယ့်လည်း စိတ်ရောဂါ အခြေအနေတွေလည်းဖြစ်တတ်ပါသေးတယ် နေမြင့်လေ အရူးရင့်လေ လို့ဆိုလိုချင်တာကို မြင်အောင်ရိုက်ပြသွားတယ်လို့ပဲမြင်ပါတယ် ဇာတ်အိမ်ကလေးကတော့ ဂျပန်နိုင်ငံမှာနွေရာသီဆိုရင် ပုဇင်းရင်ကွဲတွေဟာ ကြောက်စရာကောင်းလောက်အောင် များပြားဆူညံနေတတ်ပါတယ် ပုဇင်းရင်ကွဲတွေကိုကြောက်တတ်တဲ့ ကောင်မလေးတစ်ယောက် ကပ်ပါးကောင်းတွေအပေါ် ထင်ယောင်ထင်မှားဖြစ်တတ်တဲ့ ရောဂါအခံနဲ့ စိတ်ဝေဒနာကို ခံစားရမှန်းမသိခံစားနေရတာကို သူသတိမထားမိခဲ့ဘူး လက်တွေ့ဘဝနဲ့ ထင်ယောင်ထင်မှာမှုတွေကြားမှာ သူဘယ်လိုရုန်းကန်မလဲဆိုတဲ့ ဂျပန် Horror ဇာတ်ကားလေးကိုတော့……… (***နွေကိုနွေလိုပဲရင်ဆိုင်တာအကောင်းဆုံးပါပဲနော်***) ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(886 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:15:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Drama • Comedy
0 2022
The Sound of Summer
Hichki
7.5

Hichki ( သို့မဟုတ်)ဝင်ရိုးစွန်းကြယ်လေး ~~~~~~~~~~~~~~~~~~~ ” ဝင်ရိုးစွန်းကြယ်လေးဟာ သဘောၤတွေကို လမ်းပြပေးခဲ့တယ် ဆိုရင် ကျွန်တော်တို့အတွက် ဆရာမ ဟာ ဝင်ရိုးစွန်ကြယ်လေး ” ပါပဲ။ ဒါကတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံးစာရင်းဝင် 9F အတန်းသားတွေက သူတို့ရဲ့ ဆရာမ Naina ကို ပြောခဲ့ကြတဲ့ စကားလေးတွေပါ။ ဒီတော့ ဆရာမ Naina အကြောင်း စပြောရအောင်။ ဆရာမ Naina ဆိုတဲ့ မိန်းမပျိုလေးဟာ Tourette syndrome လို့ခေါ်တဲ့ ဝေဒနာ ခံစားနေရသူပါ။ဒီဝေဒနာ ကဦးနှောက်ရဲ့ လုပ်ဆောင်ချက် စည်းချက်မကျမှုတွေကြောင့် စိတ်လှုပ်ရှားတိုင်း ကြို့ထိုးနေတဲ့ ခံစားမှု မျိုးဖြစ်ပါတယ်။ ဒီဝေဒနာဟာ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မထိခိုက်ပါဘူး။ ဒါပေမဲ့ ဒီဝေဒနာကြောင့်ပဲ Naina ဟာ ငယ်စဉ်ကတည်းက ရယ်ပြောင်ခံခဲ့ရတယ်။ ကျောင်း များစွာမှ ထုတ်ပယ်ခံရပြီး မိသားစုဆက်ဆံရေး မှာလည်း ပျော်ရွှင်မှုမရှိခဲ့ဘူး။ ” ကျွန်မ ကို သာမန်ကလေးတွေလို တန်းတူ ဆက်ဆံပေးကြပါလား ရှင် ” သို့ပင် Naina ဟာ ပြင်မရတဲ့ အားနည်းချက်ကို သိမ်ငယ်မနေခဲ့ပါဘူး။ ဒီတစ်ချက်ဟာ ဇာတ်ကားရဲ့ Message တစ်ခုပါပဲ။ ဘဝလူသားတွေဆီမှာ အားနည်းချက်ကိုယ်စီ ရှိတတ်ကြပြီး ပြင်မရတဲ့အားနည်းချက်တွေမှာပဲ စိတ်ဓာတ်ကျရပါတယ်။ ဒါပေမဲ့ Naina ရဲ့ စရိုက် က ဒီစိတ်ဓာတ်ကို ရိုက်ချိုး ပြနိုင်ခဲ့ပါတယ်။ Naina အနေနဲ့ ဆရာမ အလုပ်အကိုင် လျှောက်တော့လည်း ကျောင်းပေါင်းများစွာက ငြင်းပယ်ခဲ့တယ်။ နောက်ဆုံးမှာတော့ St.Nokler’s ကျောင်းရဲ့ အညံ့ဆုံး အဆိုးဆုံး အတန်းကို သင်ပေးဖို့ ဖြစ်ခဲ့ပါတယ်။ 9F ဆိုတဲ့အတန်းကလည်း တကယ့်အဆိုးလေးတွေချည်း။ ဆရာမ တွေကိုတောင် ထွက်ပြေးအောင် ကြံဖန်ကြတဲ့ကလေးတွေ။ ကျောင်းတစ်ခုလုံးမှာ ရတဲ့ “Perfect ” တံဆိပ်လေးတွေ တပ်ခွင့်မရှိတဲ့ကလေးတွေ။ ကျောင်းသန့်ရှင်းရေးသမား တွေရဲ့ ကလေးတွေ။ ဒီတော့ 9F ကလေးတွေကို ပညာရေးစိတ်ဝင်စားအောင် Naina တစ်ယောက် စီစဉ်ရပါတော့တယ်။ ဒီဇာတ်ကားရဲ့ ပညာရေးတည်ဆောက်ပုံက တကယ် လက်တွေ့ဆန်တယ်။ စူးစမ်းချင်စိတ်ကို တည်ဆောက်တယ်။ ကျွန်တော်ကတော့ ဒီဇာတ်ဝင်ခန်းတွေ သိပ်ကြွေခဲ့တာပဲ။ ” ကလေးတို့ နားထောင်။ မင်းတို့ကြောက်ရတဲ့ အလုပ်တွေ စာရွက်တွေပေါ်ရေးပါ။ ပြီးရင် လေယာဉ်လေးခေါက်ပြီး လွှင့်ပစ်လိုက်ကြပါ။ မင်းတို့ကြောက် တာ မင်းတို့ အားနည်းချက် အစစ်အမှန်မဟုတ်ဘူး ” ဒီလို တည်ဆောက်ခဲ့တဲ့ Naina ။ တကယ့် ဆရာစစ် တစ်ယောက်ရဲ့ အသွင်အပြင်တွေ။ တကယ် ချစ်မြတ်နိုးရတဲ့ စိတ်ထားတွေ မြင်ခဲ့တယ်။ ကျွန်တော်တို့ ဖြတ်သန်းရာမှာလည်း ကြယ်စင်တွေ မြင်ခဲ့ဖူးကြတယ် မဟုတ်လား။ဒီဇာတ်ကားလေး ကို ကြည့်ရင်း ကျွန်တော်တို့ရဲ့ ဆရာသမား များကို ပြန်မြင်ယောင်လာမိတယ် ။ ဘယ်လောက် အချိန်ပေးရကောင်းတဲ့ ဇာတ်ကားကောင်းပါလဲ။ – ဘ၀ မှာ နေရောင်ခြည် ရှိရုံနဲ့ ပန်းလေးတွေ မသန်မာတတ်သေးပါဘူး။ ပျိုးထောင် တတ်ဖို့ လိုအပ်ပါသေးတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုပါပဲ။ ဒီကလေးတွေ ဘာကြောင့် ဆိုးသွမ်းရလဲ။ အညံ့ဆုံးဖြစ်နေရတာလဲ ဆိုတာ Naina တစ်ယောက် အဖြေရှာခဲ့တယ်။ ဇာတ် အိမ်အနေနဲ့ လည်း အပန်းပြေစေဖို့ သက်သက်မဟုတ်ဘဲ နိုင်ငံ့ပညာရေး ကိုပါ မီးမောင်းထိုးပြနေခဲ့တယ်။ လူမှုရေး နဲ့ ပညာရေးကို နှီးနွယ်နေမှု / ဖြတ်သန်းရာ ဘဝတွေနဲ့ မိသားစုနွေးထွေးမှုကိုပါ ထည့်သွင်းရိုက်ကူးထားတာမို့ အတော် ကြည်နူးရတဲ့ ပန်းချီ တစ်ချပ်လိုပါ။ ဒီဇာတ်ကားလေး ဟာ ကျွန်တော် ပြောပြရုံနဲ့ မပြီးပြည့်စုံပါဘူး။ ဝေဒနာ ခံစားနေရတဲ့ Naina တစ်ယောက် ဆရာမ အလုပ်ကို ဘာကြောင့် အသည်းအသန် လုပ်ချင်ခဲ့တာလဲ။ 9F အတန်းက ကလေးတွေကရော ဘယ်လို ဖြတ်သန်းရမလဲ ဆိုတာ ကတော့…………………။

7.5 2018 116 mins
Hichki
Kensuke’s Kingdom
7.2

အရောင်အသွေးစိုစို .. ဇာတ်အိမ်ကောင်းကောင်းနဲ့ Anime ကားကို ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကို ညွှန်ပေးပါရစေ။ ဇာတ်လမ်း အကျဉ်း +++++++++++ မိုက်ကယ်နဲ့ သူ့ရဲ့ ခွေးလေး စတယ်လာတို့ဟာ မိသားစုနဲ့အတူ ပင်လယ်ခရီးထွက်လာရင်း မုန်တိုင်းမိပြီး ကျွန်းတစ်ကျွန်းပေါ်ကို ရောက်သွားကြပါတယ်။ အဲဒီ ကျွန်းပေါ်မှာ တစ်ယောက်တည်းနေတဲ့ ကင်ဆူကီဆိုတဲ့ ဂျပန်လူမျိုး အဘိုးကြီးတစ်ယောက်နဲ့ သူတို့ တစ်ရက်မှာ ဆုံမိကြတယ်။ အဲဒီအဘိုးကြီး ကင်ဆူကီက ကျွန်းပေါ်မှာ ဒုတိယ ကမ္ဘာစစ်ကတည်းက သူတစ်ယောက်တည်း နေခဲ့တဲ့ အဘိုးကြီး။ မိုက်ကယ်ဟာ လူသူ ကင်းမဲ့တဲ့ ကျွန်းပေါ်က နေထိုင်မှု ဘဝနဲ့အသားကျအောင် ကြိုးစားနေထိုင်ရင်း အဲဒီအဘိုးကြီးနဲ့ နောက်ပိုင်းမှာ တအား ရင်းနှီးသွားပါတယ်။ ပြီးတော့ အဲဒီအဘိုးကြီးဆီကနေ ပညာတွေကို သင်ယူရရှိခဲ့ပါတယ်။ အဲဒီ အဖိုးတန်လှတဲ့ ပညာတွေက ဘာတွေဖြစ်မလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ခံစားကြည့်ရှုကြရမှာ ဖြစ်ပါတယ် လို့ .. (ဘာသာပြန်နဲ့ အညွှန်း BZW ဖြစ်ပါတယ်) File size…(1.13GB) / (588MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 25m Genre ….. Adventure , Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Drama • Romance
7.2 2023 84 mins
Kensuke’s Kingdom
Christmas Eve in Miller’s Point
5.4

Christmas Eve in Miller’s Point (2024) IMDb Rating (5.4) / Rotten Tomatoes (78%) သိပ်မကြာခင်မှာ ခရစ္စမတ်ကို ရောက်တော့မှာဆိုတော့ ကြည်နူးစရာကောင်းတဲ့ ခရစ္စမတ်ကားလေးတစ်ကားကို ညွှန်းပေးချင်ပါတယ်။ ခရစ္စမတ်အကြိုနေ့မှာ အီတလီအမေရိကန်မိသားစုတစ်စုက မိသားစုစုံညီစွာ ကျင်းပဖို့ ကျေးလက်ဒေသလေးကို ပြန်လည်ရောက်ရှိလာကြပါတယ်။ ဒီအိမ်လေးကို ရောင်းချတော့မှာဖြစ်လို့ ဒီနေရာမှာ မိသားစုစုံညီစွာ ခရစ္စမတ်အကြိုကို ကျင်းပတာနောက်ဆုံးမို့ ဝမ်းနည်းဝမ်းသာ ကြည်နူးစရာမိသားစုပုံစံလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအိမ်လေးထဲမှာ မိသားစုတွေ အတူတူဆုံစည်းစားသောက်ကြတာတွေ၊ ခရစ္စမတ်ကို ပျော်ရွှင်စွာ ဆင်နွှဲကြပုံတွေ၊ ဆယ်ကျော်သက်တွေရဲ့ မိဘနဲ့ ကတောက်ကဆဖြစ်မှုလေးတွေ၊ ခရစ္စမတ်လက်ဆောင်တွေ အချင်းချင်းဖလှယ်ကြပုံတွေကို ကြည်နူးစွာ မြင်တွေ့ရမှာ ဖြစ်လို့ ပျော်စရာကောင်းတဲ့ ခရစ္စမတ်ညလေးမှာ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကြည့်ရင်းနဲ့ ကိုယ်တိုင် ဒီမိသားစုထဲကို ရောက်ရှိသွားသလို ခံစားရပြီး ပျော်ရွှင်ကြည်နူးစရာတွေ ရရှိမှာဖြစ်လို့ ခရစ္စမတ်ကာလလေးမှာ ဒီကားလေးကို မဖြစ်မနေကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(2.5 GB) / (1.1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:47:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

5.4 2024 107 mins
Christmas Eve in Miller’s Point
The Most Beautiful Girl in the World
6.1

The Most Beautiful Girl in the World (2025) ******************************************* WinTV ရုပ်သံလိုင်းရဲ့ တစ်ဦးတည်းသောအမွေဆက်ခံသူ ရူဘန်ဟာ အရမ်းကို ပွေရှုပ်တတ်တဲ့ ပလေးဘွိုင်းလေးတစ်ယောက်ပေါ့။ သူဟာ သူ့အဖေနဲ့လည်း မျက်နှာချင်းဆိုင်လိုက်တာနဲ့ ရန်ပွဲဆိုတာလိုဖြစ်နေပြီး အမေဖြစ်သူကလည်း သူနဲ့သူ့အဖေကို ထားကာ ထွက်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ရူဘန့်အဖေဟာ ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ သူ့အဖေရဲ့ သေတမ်းစာမှာတော့ ရူဘန်တစ်ယောက် ၆လအတွင်းမှာ ကမ္ဘာပေါ်က အလှဆုံးမိန်းကလေးနဲ့ လက်ထပ်နိုင်မှ ပိုင်ဆိုင်မှုတွေအကုန်လုံးကို ရမယ်ဆိုတာပါပဲ။ ဒီအတွက်နဲ့ ရူဘန်တစ်ယောက် မိန်းမရှာပုံတော် ထွက်ရပါတယ်။ ရုပ်သံလိုင်းရဲ့ ကမ္ဘာပေါ်မှာ အလှဆုံးမိန်းကလေးဆိုတဲ့ မော်ဒယ်ရှိုးကို အထူးစီစဥ်အနေနဲ့ ရူဘန်ရဲ့ ဇနီးလောင်းရှာဖွေပွဲကြီးအဖြစ်‌ ပြောင်းလဲလိုက်ပါတော့တယ်။ ဒီလိုနဲ့ပဲ ရူဘန်တစ်ယောက် ၆လအတွင်း မိန်းကလေးတစ်ယောက်နဲ့ လက်ထပ်နိုင်ပါ့မလား .. ရူဘန်ရဲ့ ဘဝ အချစ်ခရီးလမ်းက ဘယ်လိုတွေ ကြုံတွေ့လာရမလဲ … ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ အချစ်ရိုမန့်ဟာသ ဇာတ်ကားသစ်လေးဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…1.52GB / 674MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 03m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by AHtet

6.1 2025 122 mins
The Most Beautiful Girl in the World
Elite Force: B.R.I. – Body Recovery Immmusination B.R.I

ထွက်​ရှိ​ထားတာ​ မကြာ​သေးတဲ့​ ဒီဇာတ်ကားဟာ Action/Sci-fi​ အမျိုး​အစား​ဖြစ်​ပြီး​ ဒါရိုက်တာ​ Roman Elpidio ရိုက်ကူး​ထား​တာပါ။ ကြာချိန် တစ်နာရီ​ခွဲခန့်သာရှိပြီး Sci-fi အနည်း​အကျဥ်း​ပါပေမဲ့ အက်​ရှင်​ဇာတ်​ကားလို့ပဲ ဆို​ရမှာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့ BRI လို့​ခေါ်​တဲ့ ပရို​ဂရမ်​တစ်ခုဟာ ခြေ​လက်​အင်္ဂါတွေ ပျက်စီး​ဆုံးရှုံး​သွား​ရင်​တော့ အလို​လို​ပြန်ထွက်လာမဲ့ စွမ်း​ရည်​မြင့်​ စူပါစစ်သည်တွေကို မွေးထုတ်ပေးမဲ့ ပရောဂျက်တစ်ခုဖြစ်ပါတယ်။ ဒီပရိုဂရမ်ရဲ့ ပဲ့ကိုင်​ရှင်က ဒေါက်တာ​ Marco ဖြစ်​ပါတယ်​။ ပရို​ဂရမ် အဆုံး​မသတ်ရသေးခင်မှာပဲ Jasper ဆိုတဲ့​ လုပ်​ဖော်​ကိုင်​ဖက်​တစ်ဦးက ဒေါက်​တာ​ Marco ကို ခြိမ်း​ခြောက်​အကျပ်​ကိုင်​ပြီး သစ္စာ​ဖောက်​ပါတော့​တယ်​။ အဲဒါ​ကြောင့်​ ဒေါက်တာ​ Marco လည်း ကမ္ဘာ​အရပ်​ရပ်​က အိမ်​ခြေ​ရာ​မဲ့ စစ်သည်​ဟောင်း​လေး​ဦး​ကို ခေါ်​ယူလေ့ကျင့် အဆင့်​မြှင့်​တင်​ပေးပြီး Jasper ရဲ့ စီမံကိန်း​ကို ဟန့်​တားရပါတော့တယ်။ ဘတ်​ဂျက်​ရုပ်ရှင်​ဆိုပေမဲ့​ အက်​ရှင်​ခန်း​တွေက ထင်​ထားတာထက်​ ကောင်း​မွန်​ပြီး ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့​ဇာတ်​လမ်း​မျိုး​ဖြစ်​ပါတယ်​။ ဇာတ်​အိမ်​က အက်ရှင်ကားအများစု ထုံးစံ​အတိုင်း​ အနည်းငယ်​ အပ်ကြောင်းထပ်နေပေမဲ့ အတိုင်းအတာ​တစ်ခု​ထိ ဖျော်ဖြေ​မှု​ပေး​နိုင်​ပါလိမ့်မယ်​။ File size…(1.1 GB)/(680 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

Horror
0 2025 91 mins
Elite Force: B.R.I. – Body Recovery Immmusination B.R.I
Spin Kick
6

Spin Kick (2004) ****************** IMDb…..6.0 ဒီတစ်ခါမှာတော့ 2004 ခုနှစ်တုန်းက ထွက်ရှိခဲ့ပြီး Hyun Bin, Kim Dong Wan, Jo An, Lee Ki Woo စတဲ့ ပရိတ်သတ်ကြီးနဲ့ ရင်းနှင်းပြီးသားသရုပ်ဆောင်များစွာ ပါဝင်ထားတဲ့ ကျောင်းသားအက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ – ဇာတ်လမ်းအကျဉ်း – မန်းဆယ်အထက်တန်းကျောင်းဆိုတာကတော့ တစ်ချိန်တစ်ခါက တိုက်ကွမ်ဒိုအဖွဲ့ရဲ့ အောင်မြင်မှု မှတ်တမ်းတွေကြောင့် ကျော်ကြားခဲ့ပေမဲ့လည်း ယခုအချိန်မှာတော့ သူ့ရဲ့ တောက်ပတဲ့ ရွှေရောင် နေ့ရက်လေးတွေက ပျောက်ကွယ်သွားပါပြီ။ ပျက်စီးပြီး အခွံသာသာပဲ ကျန်တော့တဲ့ တိုက်ကွမ်ဒိုအဖွဲ့မှာ အရည်အချင်းရှိတဲ့လူဆိုလို့ မင်ဂယူဆိုတဲ့ ကျောင်းသားတစ်ယောက်သာ ကျန်ရှိပါတော့တယ်။ ဒီလိုနဲ့ အမျိုးသားတိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပဖို့ 2 ပတ်ပဲ ကျန်တော့တဲ့အချိန်မှာ မန်းဆယ် အထက်တန်းကျောင်းရဲ့ တိုက်ကွမ်ဒို ကစားသမားအဖွဲ့ဝင်တွေက ဘတ်စ်ကားပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ကျောင်းသားလူမိုက်တွေနဲ့ ငြိပြီး ရန်ဖြစ်ရာကနေ ဆေးရုံရောက်သွားပါတော့တယ်။ အဲဒီအချိန် ကျောင်းရဲ့ နှစ် 50 အစဉ်အလာကို ဆက်လက်ထိန်းသိမ်းသွားချင်တဲ့ ကျောင်းအုပ်ကြီးက လူမိုက်တွေကို တိုက်ကွမ်ဒိုပြိုင်ပွဲ ဝင်ပြိုင်ပေးရင် ကျောင်းဆက်တက်ခွင့်ရမယ်ဆိုတဲ့ အပေးအယူတစ်ခု လုပ်ခဲ့ရာကနေ ပြိုင်ပွဲဝင်ပြိုင်ဖို့ ဖြစ်လာခဲ့ပြီး… လမ်းပေါ်မှာ အမြဲတမ်း အနိုင်ကျင့် ရန်ဖြစ်နေကြတဲ့ လူမိုက်ကျောင်းသားတွေက နည်းပြဆုန်းချွန်းဂွန်နဲ့အတူ လေ့ကျင့်ပြီး မန်းဆယ်အထက်တန်းကျောင်းဆီ အောင်မြင်မှုသရဖူကို ပြန်လည်ယူဆောင်ပေးလာနိုင်မလား.. ဆိုတာကိုတော့ ဇာတ်လမ်းမှာပဲ ဆက်လက်ကြည့်ရှုဖို့ ညွှန်းဆိုလိုက်ချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ May Thet ပဲ ဖြစ်ပါတယ်။) File Size : 3.79GB/ 1.30GB Quality : WEB_DL 1080p/ 720p Format…mp4 Duration…01:51:00 Genre : Action, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet Encoded by Tiff

6 2004 102 mins
Spin Kick