YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mr.Queen.2020.Special.EP01.mp4

227.29 MB 720p video/mp4 5444 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Perempuan Bergaun Merah
6.1

IMDb 5.6 ရထားတဲ့ အင်ဒိုနီးရှား သရဲကားလေးဖြစ်ပါတယ်။ ဒင်းနဲ့ကာရာက အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြပြီးတော့ ကာရာကတော့ စည်းကမ်းတင်းကြပ်လွန်းတဲ့ အမေနဲ့ အတူတူနေတဲ့သူပါ။ ဒင်းကတော့ မိဘတွေမရှိတော့တဲ့နောက်ပိုင်း မောင်လေးနဲ့ နှစ်ယောက်တည်းနေပါတယ်။ တစ်နေ့မှာ ကာရာရဲ့အမေ အိမ်မှာမရှိတုန်း သူတို့နှစ်ယောက် သူငယ်ချင်းတွေနဲ့အတူတူ ကလပ်သွားဖို့ လုပ်ကြရင်းနဲ့ ကလပ်မသွားခင် ကာရာ့အိမ်မှာ အရက်စုသောက်ကြပါတယ်။ အကုန်မူးနေတဲ့အချိန် သူတို့သူငယ်ချင်းအဖွဲ့ထဲက ဝစ်စနူးက ဒင်းကို မတရားကျင့်ဖို့လုပ်တော့ ဒင်းက ကြောက်လန့်ပြီး ထွက်ပြေးသွားပါတယ်။ နောက်တစ်နေ့ရောက်တော့ သူ့သူငယ်ချင်း ကာရာက လုံးဝကို ပျောက်သွားပြီး ရဲတွေလည်း ရှာလို့မရဖြစ်နေရင်း အချိန်တွေ ကြာလာခဲ့ပါတယ်။ ဒီလိုနဲ့ ဒင်းရဲ့မွေးနေ့ ရောက်လာတဲ့အချိန်မှာတော့ ဝတ်စုံအနီနဲ့ မိန်းမတစ်ယောက် ပေါ်လာပြီး ခြောက်လှန့်တာတွေ ဖြစ်လာခဲ့တဲ့နောက်မှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ရှုကြပါစို့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Horror Quality…. 1080p | 720p | 480p File size… 894MB | 441MB | 231MB Format… mp4 Duration…. 1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... Aaron

Drama
6.1 2022 91 mins
Perempuan Bergaun Merah
Togo
6.5

Netflix ကထုတ်တဲ့စပိန်စကားပြောကားလေးပါ Togo ဟာ‌ခြေတစ်ဖက်ဆာ‌နေတဲ့အိမ်ခြေရာမဲ့အဖိုးအိုတစ်ယောက်ပါ။ သူဟာ သူ့အပိုင်လို့သတ်မှတ်ထားတဲ့အကွက်မှာ လာရပ်တဲ့ကားတွေကို စောင့်ကြည့်ပေးရင်း အသက်‌မွေးရသူပါ။တစ်နေ့မှာတော့ အိမ်ကနေထွက်ပြေးလာတဲ့ မိန်းကလေးတစ်ယောက်ဟာ သူအလုပ်လုပ်တဲ့နေရာကိုလာနေရာကနေ Togo လည်းသမီးတစ်ယောက်လိုသံယောဇဉ်တွယ်မိပါတယ်။ တစ်ချိန်တည်းမှာပဲ မူးယစ်ဂိုဏ်းတစ်ဂိုဏ်းဟာ နယ်မြေချဲ့ထွင်လာပြီး Togo ကိုသူတို့နဲ့ပူပေါင်းဖို့ အတင်းအကျပ်တိုက်တွန်းပါတယ်။Togo ကလည်း သူ့နယ်မြေလို့သတ်မှတ်ထားတဲ့ ရပ်ကွက်ကိုကာကွယ်ပေးဖို့ကြိုးစားရာကနေ မူးယစ်ဂိုဏ်းနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ဖြစ်လာရပါတော့တယ်။ File size…2.38 Gb / 998Mb / 481MB Quality….Webrip 1080p / 720p / 480p Format…mp4 Duration….1:53:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Adventure • Animation • Fantasy
6.5 2022 95 mins
Togo
The Lunchbox
7.3

IMDb Rating (7.8) / Rotten Tomatoes (97%) အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။ သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။ သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ လူတွေက ချစ်ဖို့လည်းလိုတယ် အချစ်ခံရဖို့လည်းလိုတယ် ဆိုတဲ့အချက်ကို အသိမ်မွေ့ဆုံးပုံစံတစ်ခုနဲ့ ချပြသွားခဲ့ပါတယ်။ လူတွေက တစ်ချိန်ချိန်မှာတော့ နှောင်ကြိုးတစ်ခုမှာ ရစ်တွယ်မိတတ်ကြတာပါပဲ။ ထမင်းချိုင့်မှားပို့မိတာကနေတောင် ရစ်တွယ်မိတတ်ကြတာမျိုးပေါ့။ အိန္ဒိယရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သဘောကျမိတဲ့အချက်က လူတွေမေ့နေတဲ့အချက်တစ်ခုခုကို သိမ်သိမ်မွေ့မွေ့ ထောက်ပြနိုင်တာပါပဲ။ ပညာပေးစရာရှိရင်ပေးမယ် ပညာပေးကားလို့တောင် ထင်လိုက်ရတာမဟုတ်တာမျိုးတွေနဲ့ပေါ့။ မင်းသားမင်းသမီးတွေကလည်း ဆေးဆိုးပန်းရိုက် အပြင်အဆင်တွေနဲ့ အလွန်အကျွံ လုပ်ယူထားမျိုးမရှိဘဲ သာမန်လူတစ်ယောက်လို သာမန်ကိစ္စတွေကိုကြုံတွေရပုံတွေကိုပဲ သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ တင်ပြထားတာတွေကလည်း အိန္ဒိယရုပ်ရှင်တွေကို သဘောကျမိတဲ့အချက်ပါပဲ။ အကယ်၍များ တစ်ယောက်ယောက်က လူတွေကြား မေတ္တာပုံစံတစ်မျိုးကို ဖော်ကျူးမယ့် ဘောလိဝုဒ်ရုပ်ရှင်တစ်ခုကို မေးလာခဲ့ရင် ဒီဇာတ်ကားက ကျွန်တော့်စိတ်ထဲ ပထမဆုံးပေါ်လာမယ့် ရုပ်ရှင်ပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Thant Bo မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/ (850 MB) Quality….BluRay Remux 1080p /720p Format…mp4 Duration….01:48:44 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Min Thant Bo

Romance
7.3 2013 104 mins
The Lunchbox
Andhadhun
7.7

IMDb Rating - 9/10 Google Users - 97% Rotten Tomatoes - 100% Box office - ₹110 crore Genere - Comedy, Crime, Thriller အချစ်၊ဂီတ၊ပြစ်မှု၊သဲထိတ်ရင်ဖို စတာတွေကိုတစ်ကားထဲမှာ ကြည့်ရှု ခံစားရမယ့် ဇာတ်ကားကောင်းတစ်ကားပါ။ အထူးသဖြင့် 'သူများမကောင်းကြံကိုယ့်ဘေးရန်ထိ' ဆိုတဲ့ စကားကို အဓိကမြင်မိစေပါတယ်။ ထို့နောက် ဇာတ်ကားရဲ့ တင်ဆက်ပုံဖြစ်တဲ့ မြူးကြွတဲ့ သီချင်းသံစဉ်တွေနဲ့ အတူ ပျင်းရိစရာ ဇာတ်ဝင်ခန်းရယ်လို့ ရှာမတွေ့တဲ့ ဇာတ်ကားတစ်ကားအဖြစ် ချီးကျူးမိမှာပါ။ မျက်မမြင်တစ်ယောက်အနေနဲ့လူသတ်မှုကို သိနေပါလျက် အမှုဖွင့်ချင်ပေမဲ့သူကိုယ်တိုင် မျက်မြင်သက်သေဖြစ်ခွင့်မရှိတဲ့ အခါမှာ...... ဒီဇာတ်ကားဟာ နာမည်ကြီး ဇာတ်ကားတစ်ကား၊IMDb Rating ထဲမှာလည်း နေရာကောင်းရထားတဲ့ဇာတ်ကားတစ်ကားဆိုတာသိရင်"ဇာတ်လမ်းအကျဉ်း" ဆိုတဲ့အပိုင်းကို မဖတ်စေချင်ပါဘူး။ (ဇာတ်လမ်းအကျဉ်း ရေးရတာ တော်တော်ခက်ပါတယ်။တချို့ ဇာတ်ကွက်တွေ ပေါ်သွားမှာ ကြောက်ရပါတယ်) " ဇာတ်လမ်း အကျဉ်း " အာ့ကက်ချ်က မျက်ကန်း စန္နရားပညာရှင်ပါ။ မျက်မမြင်တွေဟာ အာရုံစူးစိုက်မှု ကောင်းတယ်တဲ့။ အနုပညာရှင်တွေအဖို့ အာရုံစူးစိုက်မှု ပိုကောင်းစေဖို့ပါတဲ့။ ဒီလိုနဲ့ သူဟာ တီးခတ်ဖျော်ဖြေမှု တစ်ခုမှာမင်းသားကြီး ပရာမော့ဒ်ဆင်းမဟာနဲ့ ဆုံတော့ပရာမော့ဒ်ဆင်းမဟာ သူတို့ မင်္ဂလာနှစ်ပတ်လည်နေ့မှာသီးသန့်ဖျော်ဖြေပေးဖို့ ဖိတ်ကြားခဲ့ပါတယ်။ အဲ့ဒီနေ့ အာကက်ချ် ပရာမော့ဒ်ရဲ့အိမ်ရောက်သွားတော့ပရာမို့ဆင်ဟာဟာ သေစက်စက်နဲ့ သေဆုံးနေပါပြီ။ ဒါကို အာကက်ချ်ဟာ တုန်လှုပ်သွားခဲ့ပါတယ်။ ဘာကြောင့်ပါလဲ.....? လူသတ်မှု နံဘေးမှာ ရင်တထိတ်ထိတ်နဲ့တီးခတ်နေရတဲ့ အာကက်ပါ။ ဒါကို အာကက်ချ်ဟာ တိုင်ချက်တစ်ခုအတွက် ရဲစခန်းသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမြင်လိုက်ရတာက.....? ပရာမို့ဆင်ဟာ ဘာကြောင့် အသတ်ခံရတာလဲ? သူ ဘယ်လို ဖော်ထုတ်မလဲ? အမှန်တရားကို ဆက်လက်ဖုံးကွယ်ထားမလား။ အာကက်ချ်ဟာစိတ်မကောင်းစွာနဲ့ သူ ကြံမ္မာဆိုးတစ်ခုကို ထပ်ကြုံလိုက်ရပါတယ်။ ဘယ်လို ကြမ္မာဆိုးလဲ? သူ့ချစ်သူကောင်မလေး မြင်သွားတဲ့ ဗီဒီယိုဖိုင်ကဘယ်လို ဗီဒီယိုဖိုင်လဲ? အထင်လွဲသွားတဲ့ ချစ်သူကောင်မလေးကို ဘယ်လို သက်သေပြမလဲ? သက်သေခံ ပရာမော့ဒ်တို့ အိမ်နီးချင်းအဖွားကြီး ဘယ်လို အန္တရာယ်ကြုံမလဲ? ဒါတွေ အားလုံးကို အာကက်ချ်တစ်ယောက်ဘယ်လို ရင်ဆိုင်မလဲဆိုတာကိုစိတ်ဝင်စားဖွယ် တွေ့မြင်ရမှာပါ။ {မှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Eng မူရင်းစာဖိုင်မှာ English လိုစကားပြောတဲ့ဇာတ်ဝင်ခန်းအချို.တွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဖာသာအသစ်ထည့်ဖြည့်ရေးပေးထားပါတယ်။ထိုနေရာများမှာ လိုအပ်ချက်တစ်ချို.ရှိခဲ့ပါက သည်းခံပေးကြပါ။အတတ်နိုင်ဆုံးအကောင်းဆုံးနဲ့အဆင်ပြေအောင်လုပ်ထားပေးပါတယ်} (ဇာတ်လမ်းအညွှန်းကိုတော့ ညီကိုးမှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူနဲ့ ညီညီကိုးပါ) File Size :(2.3 GB) / (900 MB ) Quality : BluRay 1080p / WEB-DL 720p Running Time : 2h 20min Format : Mp4 Genre : Comedy, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu & Nyi Nyi Koe (MLMC) Encoded by Thanhtike Zaw & Nyeinsaeya Aung

Comedy • Drama
7.7 2018 139 mins
Andhadhun
Whiplash
8.4

IMDb - 8.5/10_____Rotten- 94% Won 3 Oscars. Another 91 wins & 144 nominations. ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့… .အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ. ..ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့.. .ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့.. တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်…. ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်.. ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့… ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ကိုယ်တိုင်ပဲတီးတာ…သူဟာ ၁၅နှစ်သားအရွယ်ထဲက ဒရမ်တီးတယ်ဆိုပဲ. ..ပြီးတော့ ဒီကားအတွက်ကြိုတင်ပြင်ဆင်မှုအဖြစ် တစ်နေ့ကို ၄နာရီလေ့ကျင့်ပါသတဲ့…..Rating တွေမြင့်တာကလည်း ဒါ့ကြောင့်နေမယ်….ကျန်တာကတော့ spoiler ဖြစ်သွားမှာစိုးလို့မပြောတော့ပါဘူး….. File Size…(903 MB) Quality…BluRay 720p Format…mp4 Duration…01:46:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by  Lyric Lynn Khant

Action • Adventure • Science Fiction
8.4 2014 107 mins
Whiplash
[18+] Ahasss

Ahasss (2023) ဂျိတ်ခ်က ငယ်ရွယ်ပြီး အတွေ့အကြုံမရှိတဲ့ ခိုကိုးရာမဲ့ အိမ်စေကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူ့ဘော့စ်ဖြစ်သူ မစ္စတာစတုန်းဟေးလ်ကတော့ ချမ်းသာပြီး အပေးအကမ်းရက်ရောပေမယ့် အရက်မူးတဲ့အခါ သွေးဆိုးတတ် သူ့ဇနီးဖြစ်သူကိုနှိပ်စက်ပြီး အကြမ်းပတမ်း လိင်ဆက်ဆံတတ်သူပါ။ သူ့ဇနီးတင်မက သူနဲ့ဘဝတူအိမ်ဖော်အမျိုးသမီး ဂျန်နီကိုလည်းအလွတ်မပေးပါဘူး။ စတုန်းဟေးလ်ကို သူတုန်နေအောင်ကြောက်ပေမဲ့လည်း စတုန်းဟေးလ်ရဲ့ဇနီးသည် အိမ်ရှင်မ အယ်ဒလင်းက သူ့ကိုအထာပေး အစာကျွေးလိုက်တဲ့အခါမှာတော့ အရူးအမဲသားစားမိသလို တန်းတန်းစွဲသွားတဲ့ ဂျိတ်ခ်ဟာ အချစ်အတွက် အသက်ပင်သေသေ ဖင်ညှောင်ရိုးပင်ကျိုးကျိုး စွန့်စားရဲတဲ့သတ္တိတွေရှိလာပြီး မမအယ်ဒလင်းကို ဒီဘဝကြီးက ကယ်တင်ဖို့အတွက် သူ့ဘော့စ် စတုန်းဟေးကိုသတ်ဖို့ကြံပါတော့တယ်။ သူ့အကြံအစည်အောင်မြင်မလား… သူနဲ့အယ်ဒလင်းတို့လွတ်မြောက်ရာမှာနှစ်ကိုယ်တူဘဝထူထောင်နိုင်မလား… ဆက်လက်ရှုစားကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 910MB Quality – 1080p, 720p Format – mp4 Duration – 1H 47Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Science Fiction • Horror
0 2023
[18+] Ahasss
The Outwaters
4

Found-footage အမျိုးအစားဝင် ၂၀၂၂ ခုနှစ်ထွက် အမေရိကန် horror ရုပ်ရှင်ကားတစ်ကား တင်ဆက်ပေးချင်ပါတယ်။ ပုံမှန် horror ရုပ်ရှင်ကားပုံစံထက် မှတ်တမ်းဗီဒီယိုရုပ်သံကို ပြန်ခံစားရတဲ့ မှတ်တမ်းဇာတ်လမ်းပုံစံမျိုး တမူထူးခြားတဲ့ ရသကိုခံစားမိရမှာပါ။ Horror ကားဆိုပေမယ့် Nope (2022) တို့လို အစပိုင်းမှာ sci-fi ဆန်ဆန်ဆွဲခေါ်သွားပြီး ဇာတ်လမ်းတစ်ဝက်အကျော်မှသာ horror ရသကို သွေးသံရဲရဲနဲ့အပြည့်အဝခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ ကုန်ကျစရိတ် ဒေါ်လာ ၁၅,၀၀၀ ဝန်းကျင်သာသုံးထားပေမယ့် Rotten tomatoes မှာ rating 74% ထိရပြီး ဆုအနေနဲ့လည်း ၂၀၂၂ ခုနှစ် Unnamed Footage Festival နဲ့ Dead of night film featival မှာ Best feature ဆုတွေရထားတာဖြစ်လို့ အောင်မြင်တယ်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။ သရုပ်ဆောင် Robbie Banfitch ကိုယ်တိုင် ရေးသားရိုက်ကူး ပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များကတော့ Angela Basolis၊ Michelle May၊ Scott Schamell၊ Leslie Ann Banfitch၊ Christine Brown နဲ့ Aro Caitlin တို့ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကယ်လီဖိုးနီးယားတောင်ပိုင်း မိုဟာဗီးသဲကန္တာရထဲမှာ သီချင်းဗီဒီယို outdoor ရိုက်ကွင်းရိုက်ဖို့သွားတဲ့ သူငယ်ချင်းလေးယောက် ရော်ဘီ၊ အန့်ဂျ်၊ စကော့တ်နဲ့ မစ်ရှယ်လ်တို့အကြောင်းဖြစ်ပါတယ်။ ဇာတ်ရဲဌာနကို ဖုန်းခေါ်တိုင်ကြားတဲ့အသံနဲ့ memory card တစ်ခုကို ရဲဌာနက စစ်ဆေးကြည့်ရှုတဲ့မြင်ကွင်းနဲ့ ဇာတ်လမ်းကိုစဖွင့်ထားပါတယ်။ရော်ဘီနဲ့ စကော့တ်က ညီအစ်ကိုတွေဖြစ်ပြီး အဆိုတော်ပေါက်စဖြစ်တဲ့ မစ်ရှယ်လ်အတွက် သီချင်းဗီဒီယိုရိုက်ကွင်းသွားဖို့ ခရီးထွက်ကြပါတယ်။ အစပိုင်းမှာ ပြသနာမရှိပေမယ့် မိုဟာဗီးသဲကန္တာရထဲမှာ စခန်းချတဲ့အချိန်မှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေ၊ သဘာဝအတိုင်းမဟုတ်တဲ့ အသံဗလံတွေကြားလာရပါတယ်။ စခန်းချတဲ့ဒုတိယညမှာ မိုးချုန်းသံလိုလိုဘာလိုလိုအသံနဲ့ ထူးထူးဆန်းဆန်းလေသံတွေကြားလို့ စကော့တ်နဲ့ ရော်ဘီတဲပြင်ထွက်ကြည့်မိရာကနေ သူတို့လေးယောက်အတွက် နောက်ပြန်မလှည့်နိုင်မယ့် ကံဆိုးမိုးမှောင်ကျမှုနဲ့ ဖြစ်ရပ်ဆန်းတွေကို ကြုံတွေ့လိုက်ကြရပါတော့တယ်။ File size…(2.25 GB)/(1.26 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:50:00 Genre…Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

Documentary • War • History • Drama
4 2022 110 mins
The Outwaters
The Other Boleyn Girl
6.7

ဒီကားလေးကတော့ ၂၀၀၈ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.5/ 10, rotten tomatoes 43% ရရှိထားတဲ့ သမိုင်းနောက်ခံဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ပရိသတ်အချစ်တော် Scarlett Johansson လည်းပါဝင်ထားပြီး မြင်နေကျမဟုတ်တဲ့ နူးညံ့ပြီး ဖြူစင်တဲ့ကောင်မလေးဇာတ်ရုပ်နဲ့ မြင်ရမှာပဲဖြစ်ပါတယ်။ British ဝတ္တုရေးဆရာ Philippa Gregory ရဲ့ ဝတ္တုကိုပဲ ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ဒီရုပ်ရှင်ကတော့ ဒုတိယမြောက် Live action ရိုက်ကူးခြင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ၁၆ ရာစုရဲ့ နန်းတော်တွင်းနဲ့ ထီ းနန်းဆက်ခံမှုအရှုပ်တော်ပုံတွေနဲ့အတူ Scandalous Family လို့ ခေါ်ခံလိုက်ရအောင်ထိကို ပွေလီသွားခဲ့တဲ့ Boleyn မိသားစုရဲ့ ပြဿနာတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အထူးသဖြင့် ငယ်ဂုဏ်နဲ့ လှမာန်ကြွ၊ ထင်ရာစိုင်းတတ်တဲ့ အန်းရဲ့ နယ်နှင်ခံရအပြီး တည်ငြိမ်ထက်မြက်တဲ့ပုံစံအကူးအပြောင်း၊ မျှော်လင့်ထားသလိုဖြစ်မလာခဲ့တဲ့ ဘုရင်မဘဝမှာ စိတ်ရဲ့ခြောက်လှန့်ခြင်းခံနေရပြီး အမြဲထိတ်လန့်၊ စိတ်မလုံခြုံဖြစ်နေရတဲ့ပုံစံ အကူးအပြောင်းတွေက တကယ်အံ့ဩ‌ဖို့ကောင်းလောက်အောင်ကို ကြည့်လို့ကောင်းတာပါပဲ။ သမိုင်းနောက်ခံဇာတ်လမ်းဖြစ်တဲ့အပြင် အမိုက်စားသရုပ်ဆောင်ချက်တွေနဲ့ အနိမ့်အမြင့်စုံတဲ့ဇာတ်လမ်းအသွားကိုမြင်ရမယ့် လက်မလွတ်သင့်တဲ့ဇာတ်ကားလေးမို့ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်‌နော်။ File size… 2.2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aditi

Horror • Thriller • Drama • Mystery
6.7 2008
The Other Boleyn Girl
Golden Kamuy
6.9

ဂျပန် နာမည်ကြီး ကာတွန်းစီးရီး Golden Kamuy ကို ရုပ်ရှင်အဖြစ် ပြန်ရိုက်ထားတဲ့ ဇာတ်ကားအသစ်ထွက်ပါပြီ။ High and Low ရုပ်ရှင်တွေရဲ့ ဒါရိုက်တာကြီး Shigeaki Kubo ပဲရိုက်ကူးထားတာ ဖြစ်ပါတယ်။ အက်ရှင် စွန့်စားခန်း အမျိုးအစားပါပဲ။ ဇာတ်လမ်းအကျဉ်း ************** ဟော့ကိုင်ဒိုနယ်မြေရဲ့ ကိုင်နူလူမျိုးတွေဟာ ရွှေ ကန် ၂၀၀၀၀ ကျော် ( ကီလို ၇၀၀၀၀ ကျော်) ကို ဂျပန်နယ်ချဲ့တွေလက်က ကာကွယ်ဖို့ စုစည်းထားချိန်မှာပဲ ကိုင်နူလူမျိုးတစ်ယောက်က အားလုံးကို သစ္စာဖောက်ပြီး ရွှေတွေကို လုသွားပါတယ်။ အဲဒီရွှေတွေကို ဖွက်ထားပြီး ဂျပန်တပ်ဆီမှာ အဖမ်းခံလိုက်ရပြီး ထောင်ထဲရောက် သွားပါတယ်။ အဲဒီထောင်ထဲမှာပဲ ရွှေတွေရဲ့မြေပုံကို လူ ၂၄ ယောက်ရဲ့ ကိုယ်ပေါ်မှာ ဆေးမှင်ကြောင်ထိုးပေးလိုက်ပြီး ထောင်က ထွက်ပြေး ခိုင်းလိုက်ပါတယ်။ ဒီတော့ လူ ၂၄ ယောက်လုံးရဲ့ ဆေးမှင်ကြောင်တွေကိုစုစည်းနိုင်တဲ့ သူက နိုင်ငံအသစ်ကြီးထောင်နိုင်လောက်အောင် များတဲ့ရွှေတွေကို ပိုင်မှာဖြစ်တာကြောင့် ဂျပန်ရဲ့ တပ်ဖွဲ့-၇ ကရော အခြားရည်ရွယ်ချက်နဲ့ သူတွေကရော ဆေးမှင်ကြောင်သမားတွေကိုလိုက်ရှာပါတော့တယ်။ ဆေးမှင်ကြောင်သမားအချင်းချင်းကလည်း လည်သူစားစတမ်း လုနေကြတာမို့ အဲဒီအရှုပ်တော်ပုံထဲကို ရွှေတွေလိုက်ရှာနေတဲ့ တပ်သားဟောင်းလေးတစ်ယောက်နဲ့ အိုင်နူမိန်းကလေးတစ်ယောက်တို့ ကြားညပ်သွားတဲ့အခါ… File size…2.97GB / 1.33GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 7m Genre ….. Action , Adventure , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

Horror • Thriller
6.9 2024
Golden Kamuy
Field of Dreams
7.5

Field of dreams ဟာ 1989 ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် Sport/ Fantasy drama film ဖြစ်ပြီး IMDB rating 7.5၊ Rotten tomatoes 88% ထိရရှိထားပါတယ်။ ဒါရိုက်တာ Phil Alden Robinson ရဲ့ လက်ရာဖြစ်ပြီး Kevin Costner က ရေးလ်ကင်ဆယ်လာအဖြစ် အဓိကပါဝင် သရုပ်ဆောင်ထားပါတယ် ရေးလ်ဟာ အမျိုးသမီးဖြစ်သူအန်နီနဲ့ အိမ်ထောင်ကျပြီးတဲ့နောက် အိုင်အိုဝါကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ် အန်နီရဲ့ အကြံအရ သူတို့နှစ်ဦးဟာ ပြောင်းဖူးခင်းတစ်ခင်း ဝယ်ခဲ့ပါတယ် ညနေခင်းတစ်ခုမှာ ရေးလ်ဟာ ထိုပြောင်းခင်းထဲမှ “မင်းအဲဒါကိုဆောက်ရင် သူလာလိမ့်မယ်”ဆိုတဲ့ ထူးဆန်းတဲ့အသံကို ကြားခဲ့ပါတယ် ရေးလ်က ဒီအသံဟာ သူ့ကို ဘေ့‌စ်ဘောကွင်းဆောက်ဖို့ ပြောတာလို့ အခိုင်အမာ ယုံကြည်ခဲ့ပြီး လက်တွေ့အကောင်အထည် ဖော်ပါတော့တယ် ၁၉၁၉ခုနှစ် ကမ္ဘာအဆင့် ဘေ့စ်ဘောပြိုင်ပွဲမှာ တမင်အရှုံးပေးခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ ခြေဗလာဂျိုးဂျက်ဆန်နဲ့ တခြားကစားသမားရှစ်ယောက်ဟာ ထိုကွင်းဆောက်ပြီးချိန်မှာ ရောက်လာပါတော့တယ် ဒီ‌ဘေ့စ်ဘောကွင်းကြီးဟာ သူတို့တွေ လူ့ဘဝတုန်းက မဖြစ်မြောက်ခဲ့ရတဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးနိုင်မလား ရေးလ်ကရော ပြောင်းခင်းထဲကနေ အသံတွေထပ်ကြားရဦးမှာလား ဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ် File size…(2.1 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:47:00 Genre…Drama, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Melody

Drama
7.5 1989
Field of Dreams
Abbé Pierre – A Century of Devotion
6.6

IMDb 6.6/10 ရရှိထားတဲ့ Biography/Drama/History/War ပြင်သစ် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိုဟီ ဂူဝက်စ် တစ်ဖြစ်လဲ အာဘစ်ပီယာက “ဆင်းရဲမွဲတေခြင်းနဲ့ စစ်ဖြစ်နေတဲ့သူ၊ အသံမဲ့လူသားတွေအတွက် အသံဖြစ်ပေးခဲ့သူ၊ ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်ဖို့ နည်းလမ်းမျိုးစုံနဲ့ အစွမ်းကုန် ကြိုးစားနေတဲ့သူ” အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီး သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ကတ်သလစ် ဘုန်းတော်ကြီးဖြစ်သူ အိုဟီ ဂူဝက်စ်က မေတ္တာတရားကြီးမားပြီး ဘဝရဲ့ရပ်တည်ချက်ကို အမြဲရှာဖွေနေသူပါ။ ကံမကောင်းအကြောင်းမလှစွာနဲ့ ဒုတိယကမ္ဘာစစ်အတွင်း စစ်ထဲဝင်ခဲ့ရပေမဲ့ ဘုန်းတော်ကြီးတစ်ဦးအဖြစ် သူ့ရဲ့ရပ်တည်ချက်ကို မစွန့်ပစ်ဘဲ အတတ်နိုင်ဆုံး ထိန်းသိမ်းထားခဲ့သူလည်း ဖြစ်ပါတယ်။ တော်လှန်ရေးကာလအတွင်း သရုပ်မှန်ကို ဖုံးကွယ်နေထိုင်ဖို့ရည်ရွယ်ချက်နဲ့ အာဘစ် ပီယာဆိုတဲ့ အမည်သစ်တစ်ခုနဲ့ လျှို့ဝှက်လုပ်ဆောင်ခဲ့ပါတယ်။ (အာဘစ်ဆိုတာက ပြင်သစ်လို ဘုန်းတော်ကြီးတွေကိုခေါ်တာမို့ ဘုန်းတော်ကြီး ပီယာဖြစ်ခဲ့တယ်လို့ ဆိုရမှာပေါ့လေ။) ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတော့ ပြင်သစ်မှာ ငတ်မွတ်ခေါင်းပါးမှု၊ အိုးမဲ့အိမ်မဲ့တွေများပြားလာမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး သေကြေပျက်စီးမှုတွေရှိလာခဲ့ချိန်မှာတော့ အာဘစ်ပီယာတစ်ယောက် အိမ်ခြေရာမဲ့တွေအတွက် ရွတ်ရွတ်ချွံချွံ တိုက်ပွဲဝင်ခဲ့ပါတော့တယ်။ အိုးမဲ့အိမ်မဲ့တွေအတွက် အေမာရုဆိုတဲ့ နားခိုရာကိုဖွင့်လှစ်ပြီး အားလုံးကို နွေးထွေးစွာ ကြိုဆိုခဲ့တာပါ။ သူက နောက်ခံတောင့်တင်းပြီး လူချမ်းသာအသိုင်းအဝိုင်းကမို့ အစပိုင်းမှာတော့ သူ့မိသားစုဝင်တွေရဲ့ အင်အားနဲ့ တောင့်ခံနိုင်ခဲ့ပေမဲ့ အချိန်ကာလကြာလာတော့ သူရဲ့ အေမာရုနားခိုရာမှာ လူတွေများလာပြီး ပတ်ဝန်းကျင်က တိုင်ကြားမှုတွေ၊ ထောက်ပံ့ငွေမလုံလောက်တာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတော့တယ်။ အာဘစ်ရဲ့ ဘဝတစ်လျှောက် ကြုံတွေ့ခဲ့ရတဲ့ လောကဓံက ဒါတင်မကသေးပါဘူး။ ဆောင်းရာသီမှာ အိုးမဲ့အိမ်မဲ့လူတွေက နေစရာမရှိ၊ စားစရာမဲ့စွာနဲ့ လမ်းဘေးမှာအေးခဲပြီး သေနေတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပြီး ယူကြုံးမရဖြစ်ခဲ့ရတာမျိုးလည်း ရှိပါသေးတယ်။ မေတ္တာတရားကြီးမားပြီး လူသားအားလုံးကို ကူညီချင်သူ အာဘစ်တစ်ယောက် အားလုံးကို ကယ်ဆယ်ကူညီခဲ့ပေမဲ့ လူသားဆိုတဲ့အမျိုးက တကယ်ရော ကယ်ဆယ်ပေးတဲ့အတိုင်း ကျေးဇူးသိတတ်စွာနဲ့ တုံ့ပြန်ကူညီပေးတတ်သူလား၊ သူနိမ့်ကျလာတဲ့အခါ လူသားရဲ့သဘာဝက ဘယ်လိုတွေ ထွက်ပေါ်လာမှာလဲ၊ အာဘစ်ရဲ့ဆန္ဒအတိုင်း တကယ်ပဲ ဆင်းရဲမွဲတေမှုနဲ့ စစ်ပွဲကရော အဆုံးသတ်နိုင်ပါ့မလားဆိုတာကိုတော့ သူ့ဘဝရဲ့ အနိမ့်၊ အမြင့်၊ အတက်၊ အကျ အစုံစုံကို ဇာတ်ကားထဲမှာ ဗဟုသုတရဖွယ်၊ သံဝေဂယူဖွယ် ရှုစားကြည့်လိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်က Emily ပါ။) File size…(1.8 GB)/(915 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:17:00 Genre… Biography, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6.6 2023 138 mins
Abbé Pierre – A Century of Devotion
The Croods
7.2

The Croods (2013) IMDb Rating (7.1) / Rotten Tomatoes (71%) Croods 2 ထွက်တော့မှာဆိုတော့ Croods ကို ပြန်နွေးတဲ့ အနေနဲ့ ကြည့်မိတယ်။ ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးကသူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီးသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့။ ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီးမီးကို စတင် ဖန်တီးပြတော့တာပဲဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ်။ သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်။ ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ။ ဒီဇာတ်လမ်းမှာ ဘာတွေ တွေ့ရလဲ ဆိုတော့ မိသားစု စိတ်ဓါတ်ရယ် အဖေတစ်ယောက် ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေ အပြင် အသက်ရှင်နေထိုင်ဖို့ ဘာက အရေးကြီးလဲ ဆိုတဲ့ သော့ချက်ကိုပြသွားတာ အကြိုက်ဆုံးပါပဲ။ ကျနော် ရုပ်ရှင်တွေ ကြည့်ဖြစ်ရင် ဒီရုပ်ရှင်က ဘာပေးလဲ ဆိုတဲ့ဟာကို ရှာမနေပဲ စိတ်အပန်းဖြေဖို့ အတွက်ပဲ ကြည့်လေ့ ရှိပါတယ်။ ဒီ Croods ကတော့ စိတ်အပန်းဖြေဖို့ အပြင် လူရဲ့ စိတ်အဟာရကိုဖြည့်ဆည်းပေးလို့ ကလေးရော လူကြီးပါ ကြည့်သင့်ပါတယ်။ (ရုပ်ရှင်ကားကို Esher Van Sui Par က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Review ရေးပေးထားပါတယ်။) File size…(5.5 GB) / (1.7 GB) / (1.1 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Animation,Family Duration….01:38:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Esther Van Sui Par

7.2 2013 98 mins
The Croods
Anywhere but Here

IMDB 6.2 ရထားပြီး 1999 ခုနှစ်တုန်းက ထွက်ထားတဲ့ Comedy/Romance ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ The Black Swan ရုပ်ရှင်နဲ့ အော်စကာရထားတဲ့ Natalie Portman ရဲ့ ငယ်လက်ရာ ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နယ်မြို့လေးမှာနေရတာ အနာဂတ်မရှိဘူးလို့ ခံစားရတဲ့ အဒဲလ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့မိသားစုနဲ့ ဒုတိယမြောက်ယောက်ျားကိုထားခဲ့ပြီး ဆယ်ကျော်သက်သမီးလေး အန်းနဲ့အတူ ကယ်လီဖိုးနီးယားကို ထွက်လာခဲ့ပါတယ်။ အဒဲလ်က ဟိတ်ဟန်ကြီးတယ် ၊ စွန့်စားချင်တယ် ၊ စိတ်ကူးယဉ်ဆန်တယ်။ သူ့သမီးအန်းကတော့ လက်တွေ့ကျပါတယ်။ အဒဲလ်က သူ့သမီးကို ရုပ်ရှင်သမီးဖြစ်စေချင်ပြီး သူ့သမီး အန်းကတော့ US အရှေ့ပိုင်းမှာ တက္ကသိုလ်တက်ချင်ပါတယ်။ သားအမိနှစ်ယောက် ဘဝရဲ့အဓိပ္ပာယ်ကို ရှာဖွေဖို့ကြိုးစားနေတဲ့ ဇာတ်လမ်းလို့ ဆိုချင်ပါတယ်။ ဇာတ်လမ်းအဆုံးမှာ သူတို့ ဘဝအဓိပ္ပာယ်ကို ရှာတွေ့ ၊ မတွေ့ကတော့ ကြည့်တဲ့လူပဲ ဆုံးဖြတ်ပေးရမှာပါ။ File size…(1.6 GB)/(980 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama ,Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by OliveLyu

Action • Crime • Drama • Thriller
0 1999
Anywhere but Here
Cheer to Life
6

“အတွေ့အကြုံဆိုတာ ကျွန်မတိုရဲ့အမှားတွေကို လူကြားကောင်းအောင်လို သုံးနှုန်းတဲ့ ဝေါဟာရတစ်ခုပါပဲ။ အဲ့ဒီအတွေ့အကြုံလိုခေါ်နေကြတဲ့ အမှားတွေကြောင့်ပဲ ကျွန်မတိုရဲ့ဘဝဟာ ထူးခြားသွားတယ်.. တန်ဖိုးရှိသွားတယ်။ ကျွန်မတိုရဲ့အမှားတွေကြောင့် ကျွန်မတိုနာကျင်ခံစားရမယ်.. ဒါပေမယ့် အဲ့ဒီအမှားတွေကနေပဲ ကျွန်မတိုသင်ယူစရာတွေရလိုက်တယ်။ ပြင်စရာရှိတာပြင်ပြီး ရှေ့ဆက်ကြရတယ်လေ..။” ဟုတ်ပါတယ်.. တကယ်တော့ ကျနော်တိုရဲ့အတွေ့အကြုံတွေကိုပြောတဲ့အခါ ကျနော်တိုလွဲဖူးတဲ့အလွဲလေးတွေကိုလည်း ချန်ထားပြီးပြောလိုမရပါဘူး။ Viva a Vida(Cheers to Life)တဲ့ ရုပ်ရှင်နာမည်က..။ Viva a Vida ဆိုတာက ပေါ်တူဂီဘာသာစကားပါ။ အခက်အခဲတွေကိုရင်ဆိုင်ဖိုကြုံလာတဲ့အခါမှာလည်း အချင်းချင်းအားပေးစကားအနေနဲ့ Viva a Vida ဆိုပြီးပြောကြတယ်။ သူတိုရဲ့ပျော်ပွဲရွှင်ပွဲတွေ ရိုးရာအထိမ်းအမှတ်ပွဲတွေမှာလည်း ဖန်ခွက်ချင်းတိုက်တဲ့အခါ “Cheers”ဆိုတဲ့အဓိပ္ပာယ်နဲ့ သုံးကြတယ်။ ဆုတောင်းပေးတဲ့သဘောကိုလည်းဆောင်သလို အားပေးနှစ်သိမ့်ပေးတဲ့သဘောကိုလည်းဆောင်တယ်။ “ရှင်သန်နေသ၍ ပျော်ရွှင်နေပါစေ”လို အနီးစပ်ဆုံး ဗမာမှုပြုလိုရပါတယ်။ ဇာတ်လမ်းကိုပြောပြရရင် ဇာတ်လမ်းက ရိုးရိုးလေးနဲ့ဆန်းပါတယ်။ ဂျက်ဆီကာဆိုတဲ့ ဘရာဇီးနိုင်ငံသူ တစ်ကောင်ကြွက်မလေးက ရှေးဟောင်းပစ္စည်းအရောင်းဆိုင်မှာအလုပ်လုပ်နေတဲ့ အရောင်းစာရေးမလေးတစ်ဦးပါ။ သူ့ရဲ့ခံယူချက်ကတော့ရှင်းတယ်.. လူတွေကအနှေးနဲ့အမြန်ပဲ သူတိုသရုပ်မှန်တွေပေါ်လာမှာတဲ့.. ဒါကြောင့်မို တစ်ယောက်တည်းနေတာပဲကောင်းတယ်.. တစ်ယောက်တည်းအထီးကျန်နေတယ်ဆိုတာ လူကြိုက်မများသေးတဲ့ အရသာကောင်းတစ်ခုပဲတဲ့။ တစ်နေ့ကျတော့ သူတိုဆိုင်ကို ပိုလိုက်တဲ့ ရှေးဟောင်းပစ္စည်းတွေကိုစစ်ရင်း လည်ဆွဲလေးတစ်ခုကိုအမှတ်မထင်သွားတွေ့လိုက်ရတယ်။ အဲ့ဒီလည်ဆွဲလေးက သူကလေးဘဝတုန်းက သူ့အဘွားပေးခဲ့တဲ့ လည်ဆွဲလေးနဲ့ သွားတူနေတယ်။ အဲ့ဒီပစ္စည်းတွေပိုလိုက်တဲ့သူဆီ ဆက်သွယ်စုံစမ်းကြည့်တော့ သူ့ဝမ်းကွဲအစ်ကိုတော်နေမှန်းသိလိုက်ရတယ်။ အဲ့လိုနဲ့ သူတိုနှစ်ယောက် ဒီလည်ဆွဲရဲ့ရာဇဝင်ကို အတူတူပြန်တူးဆွဖိုအတွက် လည်ဆွဲပိုင်ရှင်ကိုရှာဖွေဖို အစ္စရေးနိုင်ငံအထိ ခရီးနှင်ခဲ့ကြပါတယ်။ ဟုတ်ပါတယ် ဇာတ်လမ်းက ရိုးရိုးလေးပါ။The Hero’s Journey Archetype တွေအတိုင်းပဲ ဇာတ်ကောင်တွေရဲ့ ခရီးတစ်လျှောက်မှာ ရင်သပ်ရှုမောစရာတွေ.. ရယ်စရာတွေ..နာကျင်စရာတွေ..ဝမ်းနည်းစရာတွေ..ကြုံရမယ်။ အခက်အခဲတွေကိုကျော်ဖြတ်မယ်။ ဒါပေမယ့် တခြားရုပ်ရှင်တွေနဲ့မတူတာက ဒီရုပ်ရှင်ကတော်တော်လေး လက်တွေ့ဆန်ပါတယ်။ အလွဲလွဲအချော်ချော်တွေနဲ့ ပရမ်းပတာတွေဖြစ်လေ့ဖြစ်ထရှိတာကိုလည်း သေသေချာချာကြီးပြထားတယ်။ ကျနော်တိုရဲ့ ဘဝတွေကိုပုံမှန်လည်ပတ်ဖိုကြိုးစားရင်း ကျနော်တိုရဲ့စွန့်စားလိုစိတ်တွေ တဖြည်းဖြည်းခမ်းခြောက်လာတယ်။ အဲ့လိုဖြစ်လာတဲ့အခါ အချိန်နည်းနည်းလောက် ကိုယ့်ဘာသာကိုယ်ပြန်သုံးသပ်ဖိုလိုအပ်တယ်ဆိုတာကိုလည်း ဒီရုပ်ရှင်က ပြောပြသွားပါတယ်။ နောက်ပြီး လူမှုစံနှုန်းတွေရဲ့လောင်းရိပ်အောက်ကနေ.. ရှင်သန်ပွင့်လန်းလာတဲ့ အချစ်..မေတ္တာ..သံယောဇဉ်တိုအကြောင်းကိုလည်း ပါးပါးလေးမြင်ရပါလိမ့်မယ်။ ကျနော်တို ဘယ်လိုလူတွေလဲဆိုတာကို သတ်မှတ်ပေးနေတာက ကျနော်တိုဘာတွေလုပ်ခဲ့လဲဆိုတဲ့အရာတွေပါပဲ။ ကျနော််တို ဖန်တီးပြုလုပ်လိုက်တဲ့အရာတွေကပဲ ကျနော်တိုရဲ့အနာဂတ်ကိုပုံဖော်သွားပါလိမ့်မယ်။ ဒီလို Random(ဖြစ်ချင်တိုင်း)ဖြစ်နေတဲ့ လောကကြီးရဲ့ အဖြစ်အပျက်တွေတိုင်းမှာ သူ့ရည်ရယ်ချက်နဲ့သူရှိပါတယ်။ “လူတွေက သူတိုဘယ်ကနေလာခဲ့လဲဆိုတာကိုတောင်မသိရင် သူတိုဘယ်ကိုဆက်သွားရမလဲဆိုတောကို ဘယ်လိုလုပ်ပြီးသိနိုင်တော့မှာလဲ..။ ကျွန်မတိုရဲ့ အတိတ်ကိုကောင်းကောင်းကြီးနားလည်ထားမှသာ ကျွန်မတိုရဲ့ အနာဂတ်ကို ခပ်ရေးရေးမြင်နိုင်မှာမလား..။” ( အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Hein Kyaw ဖြစ်ပါတယ်) File Size… (1.61 GB) / ( 938 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 44m Genre …..Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Pyae Hein Kyaw

Action • Horror • Thriller
6 2024
Cheer to Life