YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mr.Queen.2020.EP19.mkv

613.33 MB N/A video/x-matroska 9548 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Somewhere in Queens
6.8

Somewhere in Queens (2022) ===================== IMDb Rating - 7.0/10 ဒီဇာတ်ကားလေးကတော့ နာမည်ကြီး stand-up comedian တစ်ယောက်ဖြစ်တဲ့ Ray Romano ရိုက်ကူးပြီး ကိုယ်တိုင်သရုပ် ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လီယို နဲ့ သူ့မိန်းမ အန်ဂျလာရူဆို တို့က အီတလီ-အမေရိကန်မိသားစုတစ်ခုဖြစ်တဲ့ ရူဆိုမိသားစု ကပါ။ လီယို ကတော့ရူဆိုမိသားစုရဲ့ဆောက်လုပ်ရေးလုပ်ငန်း မှာပဲအလုပ်လုပ်ပါတယ်။ လီယို မှာဘတ်စကတ်ဘောကစား တာထူးချွန်တဲ့ စတစ် လို့‌ခေါ်တဲ့သားတစ်ယောက်လည်းရှိပါ တယ်။ တစ်နေ့တော့ လီယို ကကျောင်းကဘတ်စကတ်ဘော ပြိုင်ပွဲအပြီးမှာ ကင်းထောက်တစ်ယောက်နဲ့တွေ့ပြီး သူ့သား အတွက်ဘတ်စကတ်ဘောဆော့ရင်း ကောလိပ်တက်နိုင်မယ့် စကောလားရှစ်အခွင့်အရေးကိုတွေ့ရှိခဲ့ပါတယ်။ လီယို ကတော့အဲဒါကိုအရမ်းစိတ်လှုပ်ရှားနေပြီး သူ့သားကို ဖြစ်မြောက်စေချင်တာပါ။ ရူဆိုမိသားစုကတော့အပျက်ဘက် ကပဲမြင်ပါတယ်။ ဒါပေမယ့် စတစ် ကစကောလားရှစ်အတွက် မလေ့ကျင့်ခင်မှာပဲ သူ့ရဲ့ကောင်မလေးကဖြတ်သွားလို့ depression တွေ၀င်ပြီး မစားနိုင်မသောက်နိုင်ဖြစ်သွားခဲ့ပါတယ်။ အဲဒါကို လီယို ကသိတော့မနေနိုင်တော့ပဲ သူ့သားကိုအစွမ်းကုန်မြေ တောင်မြှောက်ပေးတဲ့အခါမှာတော့ ဆက်ပြီးဘာတွေဖြစ်မလဲ ဆိုတာကိုစိတ်၀င်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဖခင် တစ်ယောက်က သားတစ်ယောက်အပေါ်မှာထားတဲ့မျှော်လင့် ချက်ကိုကွက်ကွက်ကွင်းကွင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် ဒီကား လေးကိုကြည့်ဖို့ recommend ပေးပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Kat ဖြစ်ပါတယ်) File Size..........(2.11 GB) / (850 MB) / (480 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Sport Translator.......Theo Kat Encoder..........SWM

Comedy • Drama
6.8 2023 106 mins
Somewhere in Queens
Creed
7.4

Rocky IV မှာ သေဆုံးခဲ့တဲ့ Apollo Creed ရဲ့သားဖြစ်သူ Adonis Creed အကြောင်းဖြစ်ပြီး၊ ရော့ကီ က သူ့သူငယ်ချင်းရဲ့သားဖြစ်သူကို လက်ဝှေ့ပညာလေ့ကျင့်သင်ကြားပေးပြီး အောင်မြင်မှုရအောင်ကူညီ ပေးတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာဖြစ်ပါတယ်။ လက်ဝှေ့ ဆိုတာ အခြားအားကစားနည်းတွေလိုမျိုးမဟုတ်ပါဘူး။ ချွေးထွက်များမှ သွေးထွက်နည်းမယ်။ အနာခံမှ အသာစံရပါမယ်။ လေ့ကျင့်မှုကောင်းဖို့ လိုသလို ကြိုးဝိုင်းထဲမှာလဲ ဇွဲနပဲကောင်းဖို့လိုပါတယ်။ ဒီကားမှာ လက်ဝှေ့သမားတစ်ယောက်ရဲ့ကြံ့ခိုင်မှု၊ စိတ်ဓာတ်မာကျောမှု တို့ကိုပေါ်လွင်အောင်ရိုက်ပြထားနိုင်တာကြောင့် သင်ဟာ လက်ဝှေ့ဝါသနာ ပါသူ မဟုတ်လင့်ကစားဒီကားကို သဘောကျသွားနိုင်ပါတယ်။ အော်စကာ ဆုအတွက် ဇကာတင်စာရင်းဝင်ခဲ့တဲ့ဇာတ်ကားဖြစ်သလို IMDB Rating ကလဲ7.6/10 ဖြစ်တာကြောင့်သင်ဟာ လက်ဝှေ့ဝါသနာပါသူ၊ Rocky ကားတွေ ကြိုက်နှစ်သက်သူဆိုရင်တော့ ဒီကားကိုလုံးဝကြည့်သင့်ပါတယ်လို့ အကြံပြုပါရစေ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (950 MB)  Quality : Blu-Ray 720p Running Time : 2hr 13min Format : Mp4 Genre : Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hein Min Tun Encoded by Thanhtike Zaw

Action • Drama • History • Mystery
7.4 2015 133 mins
Creed
Sleepless in Seattle
6.7

မင်းသားကြီး Tom Hanks အဓိကပါဝင်ထားတဲ့ ဇာတ်ကားဆိုတော့ အညွှန်းတောင်ဖတ်စရာမလိုဘဲ ကြည့်သင့်ပါတယ်.. ပြီးတော့ဒီကားက အော်စကာ ဆု(၂)အတွက်ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆုများစွာလည်းရရှိခဲ့ပါတယ်.. အချစ်ဆိုတာကို လူတွေဘယ်လိုခံယူကြသလဲဗျ။ တကယ်တမ်းဖြစ်စဉ်ကတော့ Samဟာ ချစ်ရတဲ့ဇနီးဆုံးသွားလို့ သားလေးတစ်ယောက်နဲ့အတူ ဝမ်းနည်းစွာ ကျန်ရစ်ခဲ့ရှာပါတယ်။ နေထိုင်ရာချီကာဂိုတစ်မြို့လုံးဟာ သွားလေသူချစ်သူရဲ့ပုံရိပ်တွေ ပြည့်နှက်နေတာကြောင့် သူ့အကြောင်းမတွေးမိအောင် ဆီယာတယ်ဆိုတဲ့ မြို့အသစ်ကို ပြောင်းရွှေ့သွားပါတယ်။ ဒါပေမဲ့ Samရဲ့သားလေး Jonahကတော့ မြို့အသစ်ကိုပြောင်းလာပေမယ့် အဖေဖြစ်သူဟာ ပူဆွေးမြဲပူဆွေးနေတာကြောင့် စိတ်ပညာအကြံပေးဖုန်းဖြေကြားလေ့ရှိတဲ့ ရေဒီယိုအစီအစဉ်ကို ဖုန်းဆက်ပြီး သူ့အဖေကို မိန်းမအသစ်ရှာပေးဖို့ အကူအညီတောင်းပါတော့တယ်။ ဒီတော့ရေဒီယိုအစီအစဉ်က ဖြေကြားသူဆရာဝန်ဟာ သူ့အဖေကို ဖုန်းပေးခိုင်းပြီး ဆွေးနွေးပါတယ်။ အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကို့တော့.. ဇာတ်လမ်းလေးကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် သီချင်းလေးတွေကလည်း အရမ်းကောင်းလို့ နောင်တမရအောင် ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ File Size :(2.7GB) (730MB) and (313 MB) Quality : Blu-Ray1080P5.1ch, 720p Format…mp4 Duration…01:45:00 Genre : Romance , Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Romance
6.7 1993 105 mins
Sleepless in Seattle
A Christmas Story Christmas
6.7

ဦးစွာပြောလိုတာကတော့ Rating ပါ.. Rating မကြည့်ကြနဲ့လို့ ဆိုကြပေမယ့် ဒီလိုပွဲ‌တော်အကြောင်းပြုပြီး ပေါချင်းသောချင်းထွက်နေကြ ဇာတ်ကားတွေထဲမှာ ဒီကားဟာ တော်တော်လေးကို ကြည့်လို့ကောင်းတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်… ခရစ္စမတ်ကားတို့မည်သည် Family Typeလေးနဲ့ ပျော်ပျ်ောရွှင်ရွှင်အဆုံးသတ်ပြီး ခရစ္စမတ်အရသာကို ခံစားရစေစမြဲဆိုပေမယ့် ဒီဇာတ်လမ်းလေးကတော့ မတူကွဲပြားဘဲ ထူးခြားမှုကို ခံစားရစေတယ်ဗျ။ ရာလ်ဖ် ပါကာဆိုတဲ့ စာရေးဆရာဟာ သားသမီး၂ယောက်ရဲ့ ဖခင်ပေါ့ … သူတို့မိသားစုဝင် ၄ယောက်ဟာ ခရစ္စမတ်တိုင်း အဝေးကလာတဲ့ အဖိုးအဖွားတွေနဲ့ ပွဲတော်ဆင်နွှဲနေကြဆိုပေမယ့် ဒီနှစ်မှာတော့ အဖေဖြစ်သူဆုံးပါးသွားတဲ့အခါ တာဝန်အားလုံးဟာ ရာလ်ဖ်အပေါ်ကျရောက်လာပါတော့တယ်… ရာလ်ဖ်ရဲ့ဖခင်ဟာ ခရစ္စမတ်ပွဲကျင်းပရာမှာ ဆရာတစ်ဆူဖြစ်တဲ့အတွက်ကြောင့် သူ့အဖေခြေရာအတိုင်းထပ်တူဖြစ်လာပါမလားလို့ ressureတွေပိုပိလာတဲ့အခါ … ရာလ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်ဖြေရှင်းရသလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2.5GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:38:00 Type__Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Comedy
6.7 2022 102 mins
A Christmas Story Christmas
The Hound of the Baskervilles: Sherlock the Movie
6.2

The Hound of Baskervilles: Sherlock the Movie (2022) ~ IMDb – 6.2/10, MyDramaList – 7.7/10 ~ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။ The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့… The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့ Suspect X (2008) ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။ The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။ ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်လေးပုဒ်ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ The Hound of Baskervilles ကို ဂျပန်ကနေ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားကို ကြည့်ချင်ရင်တော့ The Hound of Baskervilles: Sherlock the Movie ကိုပဲ ညွှန်းရမှာဖြစ်သလို စုံထောက်ကားပရိသတ်တွေအတွက်ရော၊ ရှားလော့ဟုမ်းပရိသတ်တွေအတွက်ပါ ဇာတ်ကောင်တွေနဲ့အတူ စိတ်ဝင်တစား အဖြေရှာဖို့ကောင်းတဲ့ ဂျပန်စုံထောက်ဇာတ်ကားကောင်းတစ်ကားပါပဲ။ {တကယ်လို့ ဒီဇာတ်ကားထဲကသီချင်းနှစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ နားထောင်ချင်ရင် Find You in the Stars by Yugo Kanno နဲ့ Lullaby by YU-KA ဆိုပြီး ရှာဖွေနားထောင်ကြည့်လိုက်ပါ။} (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 59Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Drama
6.2 2022 118 mins
The Hound of the Baskervilles: Sherlock the Movie
A Girl in My Room
6.6

A Girl In My Room (2022) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance Quality…. 1080p | 720p File size… 1GB | 472MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

6.6 2022
A Girl in My Room
Sumpahan Malam Raya
7.2

Sumpahan Malam Raya 2023 IMDb 7.1/10 (Comedy/Horror/Mystery) ရှဝဲလ်ဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်နဲ့ သူ့ကောင်မလေး တာနီယာတို့ ဂန်းစတားတွေရန်ကိုကြောက်လို့ပြေးရမယ့်အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သူ့အဖေရဲ့ သေတမ်းစာရောက်လာပြီး ဘန်ဂလိုတစ်လုံး အမွေရတော့ Motel ဖွင့်စားတာပေါ့ ရှဝဲလ် တစ်ယောက်ငယ်ရည်းစားနဲ့လဲ ပြန်ဆုံ လက်ရှိရည်းစားကိုလဲချစ်နဲ့ ဒုက္ခတွေများနေတဲ့အချိန်မှာ သူ့ Motel ကိုလာတဲ့ ဧည့်သည်တွေ တစ်ယောက်ပြီးတစ်ယောက်သေကုန်ကြတယ် နောက်ထပ်လဲထူးခြားဆန်းပြားတဲ့ကိစ္စတွေကိုထပ်ကြုံလိုက်ရတဲ့အခါမှာတော့… ဇာတ်လမ်းအစကနေအဆုံးထိ ပါးစပ်မပိတ်အောင်ရယ်ရမှာတော့ သေချာပါတယ် Horror/Comedy တွဲထားတာဆိုပေမဲ့ ခပ်ပေါပေါကားတော့မဟုတ်ပါဘူးနော် မင်းသမီးချောလေးတွေလဲ ရှယ်သုံးပေးထားတာဆိုတော့ ကြည့်ရတာ တန်တယ် Rating ကိုလဲရှိုးလိုက် 7.1 ထိရထားတာ ပေါ့ပေါ့ပါးပါးလေး နဲ့ တကယ်ကောင်းတဲ့ကားလေးပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Oo ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Horror, Mystery Quality…. 1080p | 720p File size… 1.7GB | 945MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Thet Oo Encoder ….. Aaron

7.2 2023
Sumpahan Malam Raya
Founders Day
5

Founders Day (2023) ============= Founders Day ( 2023) ဇာတ်ကားကတော့ သည်းထိပ်ရင်ဖိုအမျိုးအစားထဲကပါပဲ။ Mystery သဘောလည်းပါတယ်ပြောရမယ်။ ဒါပေမယ့် များသောအားဖြင့် Horror ကားတွေက ပုဂ္ဂလိကအကြောက်းအရာတွေကိုအခြေခံပြီးရိုက်ကြပေမယ့် ဒီဇာတ်ကားမှာတော့ ရှုထောင့်တစ်မျိုးကို ပေးထားပါတယ်။ လေးနှစ်တစ်ကြိမ်မဲပေးရွေးချယ်ရတဲ့ မြို့တော်ဝန်ရာထူးကို အရယူကြဖို့ ကြိုးစားကြတဲ့ဘက်နှစ်ဘက်ရဲ့ပြသနာတွေကို အခြေပြုပြီးတော့ ကြားအုပ်စုက အာဏာယူသွားတာမျိုးကို ရိုက်ကူးထားတာပါ။ ထူးခြားသွားတဲ့အပိုင်းကတော့ ဒီလိုပြသနာတွေဖြစ်ကြတဲ့ ဘက်နှစ်ဘက်ကို သတ်လိုက်ခြင်းဟာ တရားတယ်/လူထုကို ငဲ့ညှာခြင်းဖြစ်တယ်ဆိုပြီး တင်ပြသွားတာပါ။ ဒါရိုက်တာ Erik Bloomquist က ရိုက်ကူးခဲ့တာဖြစ်ပြီး Toronto After Dark Film Festival မှာ Audience Award ကို ရရှိခဲ့ကြီး IMDb rating 4.4 ရပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thy Santa ပါ ) File size_(1.5GB)/(770MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:46:00 Genre_Comedy , Horror, Mystery Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thy Santa

5 2023 107 mins
Founders Day
Somante Krithavu
6

Somante Krithavu (2023) “လူ့ဂွစာ” IMDb – 6.0/10 စိမ်းစိုတဲ့ လယ်ယာရှုခင်းတွေနဲ့အတူ ကျေးလက်သဘာ၀ကို ဖော်ကျူးထားတဲ့ မလေယာလမ်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဆိုမန်ဆိုတာ စိုက်ပျိုးရေးအရာရှိလူပျိုကြီးတစ်ယောက်။ သဘာ၀တရားကြီးကို ချစ်မြတ်နိုးပြီး အော်ဂဲနစ်ဆိုတာကို ရူးသွပ်သူတစ်ယောက်။ အလိမ်အညာစကားမဆိုဘဲ အလုပ်ကိုရိုးသားကြိုးစားစွာနဲ့လုပ်ကိုင်နေသူတစ်ယောက်ဆိုလည်းဟုတ်။ သူတင်မကဘဲ သူ့မိသားစုနဲ့ ပတ်ဝန်းကျင်ကိုပါ ဓာတုဆေးပါတဲ့ အစားအသောက် အသုံးအဆောင်တွေကိုမသုံးစွဲဖို့ လိုက်တားမြစ်ပြီးဆုံးမနေတဲ့အတွက် တစ်ရွာလုံးနဲ့တစ်ယောက်ဆိုသလို သူ့ကိုအမြင်မကြည်ကြပါဘူး။ ဖြစ်ချင်တော့ သူ့သစ်တောရုံးက သစ်ပင်တစ်ပင်မှာ တင်ပါးဆုံပုံစံထွက်လာတာကို ကလေးတွေက နောက်ပြောင်ပြီး ဓာတ်ပုံရိုက်လိုက်ကြ အမျိုးသမီးတွေလည်းအဲဒါကိုကြည့်ပြီး ရှက်ကြတယ်ဆိုတော့ ရွာလူကြီးက ခုတ်ဖို့စီစဉ်ပါရော။ ဒီမှာပဲ ဆိုမန်တစ်ယောက် သစ်ပင်မခုတ်ဖို့အရေး အစာငတ်ခံဆန္ဒပြပါတော့တယ်။ ဒီလိုလူ့ဂွစာဖြစ်နေတဲ့ ဆိုမန်ရဲ့ ဘ၀ရှင်သန်ပုံကို ဟာသလေးနှောပြီးရိုက်ကူးတင်ဆက်ထားတာမို့ အပျော်သဘောနဲ့ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

6 2023 121 mins
Somante Krithavu
The Fog
3.7

The Fog (2005) Genre – Horror, Mystery Halloween ဇာတ်လမ်းတွေကို ရေးသားခဲ့သူ John Carpenter ရဲ့ လျှို့ဝှက်သည်းထိတ်ရင်ဖိုဇာတ်လမ်း လေးကို ၁၉၈၀ တုန်းက တစ်ခါ ရိုက်ကူးခဲ့ပြီး ယခုကားကတော့ ၂၀၀၅ မှာ ပြန်ရိုက်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းကလေးက အန်တိုနီယိုကျွန်းမြို့ကလေးမှာ အခြေခံထားတာပါ။ ငါးဖမ်းလှေကလေးကို သူငယ်ချင်းဖြစ်သူနဲ့အတူ စီးပွားဖြစ်လုပ်ကိုင်နေတဲ့ လူငယ်လေး နစ်ခ်၊ ကျွန်းပေါ်က မီးပြတိုက်လေးမှာ ရေဒီယိုအသံလွှင်ရုံလေးထောင်ပြီး လူတွေကို ဖျော်ဖြေတင်ဆက်နေတဲ့ စတီဗီ၊ ဘုန်းတော်ကြီးတစ်ပါး၊ မြို့တော်ကောင်စီကလူတွေရယ် ဒီလိုလေး နေထိုင်လာခဲ့ကြတာ ကြာပြီပေါ့။ တစ်ရက်ကျ တည်ထောင်သူ ဘိုးဘေး ၄ ဦးကြောင့် ဒီမြို့လေး ဒီလို စည်ပင်သာယာခဲ့တာဆိုပြီး ရုပ်ထု ၄ ရုပ်နဲ့ ဂုဏ်ပြုပွဲမလုပ်ခင်တစ်ရက်မှာ ထူးခြားဆန်းကြယ်တဲ့ မြူခိုးတွေ မြို့လေးထဲကို ဝင်ရောက်လာပြီး ကြမ္မာဆိုး ဝင်ရောက်ခဲ့ပါတော့တယ်။ ဒီအချိန်မှာပဲ နစ်ခ်ရဲ့ ၆ လလောက်ပျောက်သွားတဲ့ ချစ်သူလေး အဲလိဇဘတ်ကလည်း ပြန်ရောက်လာတဲ့အချိန်နဲ့ တိုက်ဆိုင်ကာ နစ်ခ်တို့အတွဲလည်း ဒီ ပဟေဠိကို ဘယ်လိုအဖြေရှာကြမလဲ အသက်အန္တရာယ်တွေထဲက ဘယ်လိုရုန်းကန်ကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ နစ်ခ်နေရာကိုတော့ Smallville စီးရီးထဲက Superman မင်းသား Tom Welling ဖြစ်ပြီး အဲလိဇဘတ်နေရာကိုတော့ နာမည်ကြီး Taken မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသမီးချော Maggie Grace တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွန်းနဲ့ ဘာသာပြန်ဆိုသူထားကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.9 GB / 880 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

3.7 2005
The Fog
Third Day

တူရကီ အချစ်ကားကောင်းလေးတစ်ကားမိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘဝမှာသူချစ်ရတဲ့သူနဲ့ပဲလက်တွဲမယ်လို့ ဆုံးဖြတ်ထားတဲ့အယ်လီယာဟာ dating site တစ်ခုမှာ ဆီမိဟ် ဆိုတဲ့ ကောင်လေးနဲ့ဆုံမိတယ်။ ဆီမိဟ်ဟာ သူ့အတွက် စစ်မှန်တဲ့လက်တွဲဖော်ဆိုပြီးယုံကြည်တဲ့အတွက် ဆီမိဟ်ရှိရာနေရာကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။ လက်ထပ်ဖို့ အတင်း တိုက်တွန်းနေတဲ့ မိခင်ဖြစ်သူကို အစ္စတန်ဘူမှာ အလုပ်အင်တာဗျူး ရှိတယ် ၊ ခရီးသွားဖို့အချိန်သုံး‌ရက်လောက်ပေးပါဆိုပြီးတောင်းဆိုတယ်။ မိခင်ဖြစ်သူကလည်း သုံးရက်ကျော်လို့မှပြန်မလာရင် ယောက်ျားပေးစား ပစ်မယ်လို့ပြောတယ်။ အယ်လီယာကလည်းသူ့အမေပြောတဲ့စကားကို လက်ခံပြီးအိမ်ကနေ ထွက်လာခဲ့တယ်။ ဒီလိုနဲ့ ဆီမိဟ်တို့အိမ်ရောက်တဲ့အခါမှာ သူထင်ထားတဲ့သူနဲ့လွဲနေတဲ့အခါမှာတော့…. File size…1.93GB / 1.05GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 39m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

0 2024 97 mins
Third Day
A Working Man
6

A Working Man (2025) IMDb Rating (6.0) / Rotten Tomatoes (50%) ကတုံးမင်းသား ဂျေဆန်စတေသမ်ရဲ့ ရုံတင်ကား အသစ်ပါ။ ထုံးစံအတိုင်း တစ်ကိုယ်တော် အသားကုန်ကျုံးတဲ့ ဇာတ်လမ်းပါပဲ။ ဒါရိုက်တာကတော့ ဆူဆိုက်စကွက်တုန်းက ရိုက်ခဲ့တဲ့ David Ayer ပါပဲ။ ဇာတ်ညွှန်းကိုတော့ စတားလုံး ကူရေးပေးထားတာပါ။ ဇာတ်လမ်းအကျဉ်း ဗြိတိန်အထူးတပ်ဖွဲ့ဝင်ဟောင်း၊ တက္ကစီသမားဟောင်း၊ ငါးမန်းဖမ်းသမားဟောင်း၊ ပျားမွေးသမားဟောင်း၊ ကြေးစားဟောင်း ဘဲကြီးဟာ ဆောက်လုပ်ရေးအလုပ်သမားလုပ်နေပါတယ်။ သူ့ကို ကူညီထားတဲ့ သူဌေးလင်မယားမှာ ဆယ်ကျော်သက် သမီးလေးတစ်ယောက်ရှိတယ်။ အဲဒီ ကောင်မလေးကို ရုရှားမာဖီးယားတွေ ဖမ်းသွားချိန်မှာ လင်မယားက သူ့ကို အကူအညီတောင်းလာပါတော့တယ်။ ဒီတော့ ဖမ်းသွားတဲ့ တစ်ဖွဲ့လုံးကို တစ်ယောက်တည်းလိုက်ချပါတယ်။ မာဖီးယားတစ်ဖွဲ့လုံးကို တစ်ယောက်တည်းချပါတယ်။ ဒုတိယကားထွက်လာခဲ့ရင်တော့ ရုရှားစစ်တပ်တစ်ခုလုံးကို တစ်ယောက်တည်းချနိုင်ချေရှိပြီး တတိယကားဆိုရင်တော့ တစ်ကမ္ဘာလုံးကိုပါ ချပါလိမ့်မယ်။ ကြည့်နေတဲ့သူတွေကိုပါ ထွက်ချနိုင်ချေ ရှိပါတယ်။ ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(5.7 GB) / (2.6 GB) / (1.1 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Crime,Thriller Duration….01:56:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Mr.Anderson

Drama • Family • Romance
6 2025 116 mins
A Working Man
A Troll in Central Park
5.3

A Troll in Central Park 1994 ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကို အခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့် စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။ သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့ မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတို့ရဲ့ကမ္ဘာမှာ ဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ ဆိုတော့ Stanley ကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲ ဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီး ဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။ Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကို လုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။ Central Park မှာ Stanley က Gus တို့မောင်နှမနှစ်ယောက်နဲ့ဆုံပြီး ပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့ သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ ဆိုတော့ Stanley ဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်။ IMDB မှာလည်း 5.3ထိရရှိထားပြီးတော့ ဒီထဲက Soundtrack ဟာဆိုရင်လည်း ပရိသတ်တွေရဲ့ရင်ထဲမှာနေရာတစ်ခုရရှိခဲ့ပါတယ်။ ကလေးတွေအပြင် Animation ကြိုက်နှစ်သက်တဲ့လူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size… 1.8 GB / 830MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 16m Genre ….. Family/Musical Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by edrikk

Thriller • Horror • Mystery • Drama
5.3 1994 76 mins
A Troll in Central Park
Almost Family
5

ဒီကားလေးမှာတော့ အလွန်အကျွံဂရုစိုက်တတ်တဲ့ ဖခင်ဖြစ်သူ‌တွေနဲ့ လွတ်လပ်လိုစိတ်အပြည့်ရှိတဲ့ သားသမီးတွေကြားက ပဋိပက္ခဖြစ်ရပုံတွေကို သွက်သွက်လက်လက် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာဖြစ်ပါတယ်… မာရီယာနာဟာ ဘရာဇီးနိုင်ငံသူဖြစ်ပြီး ဂီတကို ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ် .. မိခင်ကဲ့သို့ အနုပညာဝါသနာထုံသူဖြစ်သော်လည်း ဖခင်ဖြစ်သူ အိုတာရီယိုဟာ မိသားစုလုပ်ငန်းဖြစ်သည့် စားသောက်ဆိုင်အလုပ်ကိုသာ လုပ်ကိုင်စေလိုသူဖြစ်ပြီး မာရီယာနာ့အိပ်မက်တွေကို လျစ်လျူရှုခဲ့ပါတယ်… သို့သော်လည်း မာရီယာနာဟာ ဖခင်လောင်းရိပ်အောက်မှ ရုန်းထွက်ဖို့‌ကြိုးစားကာ ပဲရစ်ရှိဂီတကျောင်းတစ်ခုသို့ တက်ရောက်နိုင်ခဲ့ပါတယ်.. အာဂျင်တိုင်းသားဖြစ်သူ မီဂေးလ်ဟာလည်း ဟိုတယ်လုပ်ငန်းရှင်မိသားစုမှ ပေါက်ဖွားလာသူဖြစ်ပြီး ဖခင်ရဲ့ လိုလေသေးမရှိ စောင့်ရှောက်မှုကိုခံရသူဖြစ်ပါတယ်.. ပြင်သစ် အနုပညာကျောင်းတစ်ခုမှာ ဆုံတွေ့ပြီး ချစ်ကြိုက်ကာ လက်ထပ်ဖို့အထိ ရည်ရွယ်ကြတဲ့ မိဘများရဲ့ ‌ လောင်းရိပ်မမိလိုသူ မာရီယာနာနဲ့ မီဂေးလ်တို့ နှစ်ဦးဟာ အလွန်အကျွံအကာအကွယ်ပေးတတ်တဲ့ ဖခင်နှစ်ဦးနဲ့ ထိပ်တိုက်ဆုံရတဲ့နောက်မှာတော့ မိဘနဲ့သားသမီးကြား အပြန်အလှန်ပွတ်တိုက်မှု ဖြစ်ပွားပါတော့တယ်.. ဒီကားလေးမှာဆိုရင် အာဂျင်တီးနားနိုင်ငံနဲ့ ဘရာဇီးနိုင်ငံတို့ရဲ့ မတူညီတဲ့ ရှုခင်းတွေ ရာသီဥတုတွေ ဓလေ့ထုံးတမ်းတွေကို လှလှပပ ရိုက်ကူးတင်ဆက်ထားပြီး ရယ်ရယ်မောမောကြည့်ရှုရမှာ ဖြစ်လို့ ရုပ်ရှင်ချစ်သူများ အပန်းပြေကြည့်ရှုနိုင်ရန် ညွှန်းဆိုပေးလိုက်ရပါတယ်ခင်ဗျာ…… File Size… (1.82 GB) / (967 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 21m Genre ….Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Action • Thriller
5 2025 80 mins
Almost Family