YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Mr.Lipstick.2021.EP12.mp4

448.39 MB 720p video/mp4 603 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Night Moves
5.8

IMDb – 6/10 Rotten Tomatoes – 86% အော်ရဂွန်မြစ်ကိုမှီခိုကာလုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမားတွေ။ စွမ်းအင်အရင်းမြစ်အတွက် မြစ်ပေါ်မှာ အထပ်ထပ်ဆောက်ထားတဲ့ရေကာတာတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ တောရိုင်းတိရိစ္ဆာန် ရေနေသတ္တဝါအပေါ်ဆိုး ကျိုးများသက်ရောက်နေလျှက်။ ဇာတ်ကြောင်းကသဘာဝပတ်ဝန်းကျင် အရေးလှုပ်ရှားသူ သုံဦးဟာ အချိန်ယူပြီး စနစ်တကျစီစဉ်ကာ ရေကာတာ တွေထဲမှတစ်ခုကို ဖောက်ခွဲဖို့ ကြံစည်ကြတဲ့အကြောင်းပါ။ လိုအပ်တဲ့အချိန်၊ငွေကြေးအင်အား၊ လူအင်အားတွေစိုက်ထုတ်ပြီး ဖောက်ခွဲရေးကိစ္စကိုအကောင်ထည်ဖော်လိုက်တဲ့အခါ ဖြစ်လာတဲ့အကျိုးသက်ရောက်မှုတွေက ထင်သလိုမဟုတ်ဘဲ ကပြောင်းကပြန်တွေဖြစ်ကုန်တယ်။ ဒီကြားထဲ လုပ်ဖော်ကိုင်ဖက်ထဲက တစ်ယောက်က အကျိုးဆက်တွေကို မခံနိုင်ဘဲ ဂဂျောင်ဖတ်ပြီး မလုပ်သင့်တာတွေဆက်လုပ်မိတယ်။ အဲဒီနောက် မီးခိုးကြွက် လျှောက်ဖြစ်ပြီး ရှောင်ရတိမ်းရတယ်။ ဇာတ်လမ်းက စကားပြော ခန်းတွေများပြီး ခပ်အေးအေးတန်ပိုနဲ့ပဲသွားပါတယ်။ ကင်မရာရိုက်ချက်တွေကလည်း ငြိမ်လွန်းပြီး ကြီးမားတဲ့ နိုင်ငံတော်ပုန်ကန်မှုတစ်ခုကိုခပ်ဝေးဝေးကနေအံကြိတ်ပြီး လှမ်းကြည့်နေရတဲ့ ခံစားချက်မျိုးရပါလိမ့်မယ်။ ဘာမှမလုပ်ချင်မကိုင်ချင်တဲ့ ခြေခင်းလက်ခင်းသာတဲ့တစ်နေ့မှာ အေးအေးလူလူထိုင်ကြည့်လို့ ကောင်းမယ့်ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…1.62GB / 619MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ..... Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kaung Paing

Action & Adventure • Animation • Sci-Fi & Fantasy
5.8 2014 112 mins
Night Moves
Spicy Police Flower 3

၁၉၀၀ခုနှစ်လောက်တုန်းကတောင်အာဖရိက မိုင်းတွင်းတစ်ခုမှာတူးဖော်ရရှိခဲ့တဲ့ ဒေါ်လာသန်း၂၀တန်ဖိုးရှိတဲ့ တောင်အာဖရိကနှလုံးသားလို့ခေါ်တဲ့စိန်တုံးကြီးကို လိုချင်တပ်မက်တဲ့မသမာလောဘသားတွေဟာ သူဌေးကြီးရဲ့သမီးကိုပြန်ပေးဆွဲခဲ့ပါတယ်။ ဓားစာခံကိုကယ်တင်ဖို့နဲ့ ပြန်ပေးတရားခံတွေကိုဖမ်းဆီးနိုင်ဖို့အတွက် ထန်ရှီးယွီတို့အမျိုးသမီးအထူးရဲအဖွဲ့ကိုတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာရော ထန်ရှီးယွီတို့အဖွဲ့က ဓားစာခံကိုဘေးကင်းကင်းနဲ့ကယ်တင်နိုင်ပါ့မလား...... ဉာဏ်များတဲ့ပြန်ပေးတရားခံတွေကိုရော အမိဖမ်းနိုင်ပါ့မလား...... မမရှီးယွီတို့အဖွဲ့ ဘယ်လိုတွေလက်စွမ်းပြကြဦးမလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ကြပါဦးနော် [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Crime Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Adventure • Family
0 2023
Spicy Police Flower 3
Honor Society
7.8

IMDb Rating - 6.5/10 လူကြီးတွေရော ကလေးတွေပါ ကြည့်လို့ရတဲ့ ပေါ့ပေါ့ပါးပါး ကျောင်းဟာသကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ 2022 က ထွက်ရှိထားပြီး ကြည့်ရှုနှုန်း rating တွေ မြင့်ခဲ့တဲ့ ဒါရိုက်တာ Oran Zagman ရဲ့ masterpiece လေးဖြစ်ပြီး Angourie Rice,Gaten Matarazzo(stranger things ထဲက ဒတ်စတင်) တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အော်နာ(Angourie Rice) ဆိုတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မ လေးဟာ သူ့ရဲ့အောင်မြင်မှုအတွက်ဆို ဘာမဆိုလုပ်မယ့် high archeiver, စီနီယာအထက်တန်းကျောင်းသူလေးပါ။ ဘယ်သူ့ရဲ့ ဖိအားပေးမှုကြောင့်မှ မဟုတ်ဘဲ သူကိုယ်တိုင်က နေရာတိုင်းမှာ အဆင့် ၁ ဖြစ်ချင်နေတဲ့ သူပေါ့။ သူ့ရဲ့ ရည်မှန်းချက်ကတော့ အမေရိကန်ရဲ့ အကြီးမားဆုံး တက္ကသိုလ်ဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ကို သူ့အရည်အချင်းနဲ့သူ တက်ရောက်နိုင်ဖို့ပါ။ သူ့ရဲ့ ဆွေးနွေးအတိုင်ပင်ခံ ဖြစ်တဲ့ မစ္စတာကာဗင် (Christopher Mintz-Plasse) က ဟားဗတ်တက္ကသိုလ်နဲ့ အဆက်အသွယ်ရှိပြီး ပြောရေးဆိုခွင့်ရှိတဲ့သူပေါ့။ သူက အော်နာ တို့အတန်းထဲက ထိပ်တန်း ၄ ယောက်ထဲက ထိပ်ဆုံးတစ်ယောက် ကို ဟားဗတ်မှာတက်နိုင်ဖို့ ထောက်ခံပေးမယ်လို့ ပြောပါတယ်။ မစ္စတာကာဗင်ရဲ့ ထောက်ခံပေးတာကို လိုချင်တဲ့ အော်နာ တစ်ယောက် အဆင့်၄ ဖြစ်နေတဲ့အခါမှာ သူ့အထက်က သုံးယောက်ကို ဖြုတ်ချဖို့ ကြံစည်ပါတော့တယ်။ ပြိုင်ဘက်တွေကို ယုံကြည်ချက်အပြည့်နဲ့ တစ်ယောက်ပြီးတစ်ယောက် ရှင်းထုတ်ရင်း မထင်မှတ်ဘဲ အကြီးမားဆုံးပြိုင်ဘက်ဖြစ်တဲ့ ကောင်လေး မိုက်ကယ်(ဒတ်စတင်)ကိုချစ်မိသွားတဲ့ အခါ..... Comedy ဆိုပေမဲ့ ပေါတောတောကြီးမဟုတ်ဘဲ ငြိမ့်ငြိမ့်လေးနဲ့ ချက်ကျလက်ကျ ခွီပြီးကြည့်ရမှာပါ။ လူငယ်တွေအတွက် အတုယူသင့်တာယူ ရှောင်သင့်တာရှောင်ဖို့ သင်ခန်းစာပေးထားတာတွေလည်း ပါတာမို့ ရည်မှန်းချက်ကိုယ်စီရှိကြတဲ့ ဆယ်ကျော် သက်လူငယ်လေးတွေ ဒီကားကနေ အထောက်အကူတစ်ခုခုရလိမ့်မယ်လို့ ယုံကြည် ပါတယ်...ကြည့်ကိုကြည့်သင့်တယ်နော်!!! (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khaing Khin ဖြစ်ပါတယ်) File Size..........(1.6 GB) / (685 MB) / (400 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Khaing Khin Encoder..........Zin Phyo Aung

Drama
7.8 2022 97 mins
Honor Society
Close Range
6.6

အတိုက်အခိုက် အသတ်အပုတ်မှာ လှပကျွမ်းကျင်လှတဲ့ မင်းသား Scott Adkins ရဲ့ ၂၀၁၅ ခုနှစ်တုန်းက အက်ရှင်ကားကောင်း တစ်ကားပါ။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ အမေရိကန်-မက်ဆီကိုနယ်စပ် မက်ဆီကိုဂိုဏ်းတစ်ခုရဲ့စခန်းမှာ မင်းသားတစ်ယောက် သူ့တူမကို တစ်ကိုယ်တော်စွန့်စားတိုက်ခိုက်ပြီး ဝင်ကယ်ရာကနေ စတင်ထားပါတယ်။ သူ့တူမ အဖမ်းခံရတယ်ဆိုတာလည်း သူ့အစ်မရဲ့နောက်ယောက်ျားဖြစ်သူက မူးယစ်ဆေးတွေနဲ့ ပတ်သက်နေသူ ဖြစ်ပြီး သူတစ်ခုကိုရှုပ်ထားလို့ ဟိုဖက်က ပြန်ပေးဆွဲသွားရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းက မရိုးရှင်းပြန်ပါဘူး၊ သူတို့အမေရိကန်ဖက်ခြမ်းက ရဲတွေကိုလည်း ဟိုဖက်က ဂိုဏ်းခေါင်းဆောင်ဆိုတာက ခါးပိုက်ထဲ ထည့်ထားနိုင်တဲ့အနေအထားပါ။ အဲဒါနဲ့ ဒီဂိုဏ်းခေါင်းဆောင်ကြီးက အမေရိကန်ဖက်က အကျင့်ပျက်ရဲတွေကို မင်းသားတို့ဆီ တစ်မိသားစုလုံး အရင်သွားဖမ်းခိုင်းထားပါတယ် ပြီးမှ သူတို့လိုက်လာပြီး တရားမျှတအောင် ကိုယ့်ဘာသာစီရင်ချက်ချမယ်ဆိုပြီး ကြိမ်းဝါးခဲ့ပါတယ်။ ထိုအခါမှာတော့ မင်းသားတစ်ယောက် သူ့အစ်မနဲ့ တူမဖြစ်သူကို ရန်သူတွေ (မူးယစ်ဂိုဏ်းရော အကျင့်ပျက်ရဲတွေရော) လက်ကနေ ကယ်တင်ရဖို့ ဖြစ်လာပါတော့တယ်.....။ ဂိုဏ်းခေါင်းဆောင်ကြီးက အတင်းလိုက်ဖမ်းချင်တာ ဘာလျှို့ဝှက်ချက်ရှိလို့လဲ..... မင်းသားရဲ့ နောက်ကြောင်းကရော ဘယ်လိုတွေရှိခဲ့တာလဲ... အများနဲ့တစ်ယောက် တိုက်ခိုက်လွတ်မြောက်နိုင်မလားဆိုတာကို Scott Adkins ရဲ့ အက်ရှင်လှလှတွေနဲ့အတူ ကင်မရာရိုက်ချက် မိုက်တဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size…2.25GB / 883MB Quality…BluRay 1080p / 720p Format…mp4 Duration….1h 20m Genre .....Action  , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Romance • Science Fiction
6.6 2015 80 mins
Close Range
Ripper Untold
6.2

ဘယ်သူမှမလုံခြုံပါဘူးတဲ့။ ဟုတ်ပါတယ်... သေခြင်းဆိုတာ အချိန်မရွေး၊ နေရာမရွေး ဖိတ်မခေါ်ဘဲ ရောက်လာတတ်တာမျိုးပါ။ ဒါပေမဲ့ ဒီကားထဲကလို ဝွိုက်ချက်ပယ်လ်က မိန်းကလေးတချို့ ကြုံခဲ့ရတဲ့သေခြင်းမျိုးကတော့ ဆိုးရွားလွန်းပါတယ်။ ရက်ရက်စက်စက် လည်လှီးအသတ်ခံရတဲ့မိန်းကလေးတွေ၊ နေ့စဉ်ရက်ဆက် ရင်ခွဲစစ်ဆေးခန်းဆီ၀င်လာတဲ့ အလောင်းတွေ၊ အဲဒီမိန်းကလေးအလောင်းတွေကို စစ်ဆေးအစီရင်ခံရတဲ့ ရဲမှုခင်းဆေးဘက်ဆိုင်ရာစစ်ဆေးရေးမှူး သောမတ်စ်၊ အမှုလိုက်နေရတဲ့ အင်စပက်တာရီးစ်၊ နည်းမျိုးစုံနဲ့သတင်းရအောင်ယူတဲ့ သတင်း ထောက်တစ်ယောက်၊ ဒေသခံလူမှုအဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင် ဒေါက်တာ လောင်ရီ၊ ပြည့်တန်ဆာအိမ်က မစ္စလဗီးန်၊ သောမတ်စ်ရဲ့ အထီးကျန်ဇနီးသည် အဲလိဇဘတ်.... သူတို့တွေဟာ ဝွိုက်ချက်ပယ်လ်မှာဖြစ်ပျက်နေတဲ့ သန်းခေါင်ယံလူသတ်မှုတွေနဲ့ ဘယ်လိုပတ်သက်နေမလဲ၊ အသတ်ခံရသူတွေဟာ ညဉ့်ငှက်မလေးတွေချည်း ဘာလို့ဖြစ်နေရသလဲ၊ တရားခံဘယ်သူဖြစ်မလဲဆိုတာ တကယ်ကို သည်းထိတ် ရင်ဖိုကြည့်ရှုရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ လူ့စိတ်ဟာဖောက်ပြန်လာရင် ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာ ဒီကားထဲမှာ ကွက်ကွက်ကွင်းကွင်း ဖော်ပြထားပါတယ်။ မှုခင်း/စုံထောက်ဇာတ်လမ်း ကြိုက်သူတွေရော သည်းထိတ်ရင်ဖိုမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ရုပ်ရှင်ချစ်ပရိသတ်တွေ အတွက်ပါ ဒီဇာတ်လမ်းကို ညွှန်းပေးလိုက်ပါတယ်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.0 GB) / (400 MB) / (220 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 25mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......C'mon Encoder..........SWM

Action • Adventure • Fantasy • Horror • Thriller
6.2 2021 85 mins
Ripper Untold
Table for Six
6.9

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ Comedy အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်ရှင် ။ ဒီဇာတ်ကားလေးကတော့ မအေတူ ဖအေကွဲ ညီအစ်ကိုသုံးယောက်အကြောင်း ရိုက်ကူးထားတာပါ ။ အိမ်ရဲ့ အစ်ကိုကြီးဆုံးဖြစ်သူဟာ အစွဲအလန်းကြီးသူဖြစ်ပြီးတော့ သူ့ရဲ့အရင်ရည်းစားဖြစ်တဲ့ မိုနီကာကို မမေ့နိုင်ဖြစ်နေခဲ့ပါတယ် ။ ဒါပေမဲ့လို့ သူ့ရဲ့ အရင်ရည်းစားဟာ သူ့ရဲ့ မအေတူ ဖအေကွဲ ညီလေး (၂) ရဲ့ လက်ရှိရည်းစားဖြစ်နေခဲ့သောအခါ...။ သူ့ရဲ့ မာနတရားတွေအတွက် သူဟာ လက်ရှိသူ့မိတ်ဆွေ မြောင်မြောင်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။နောက်ထပ် ညီအငယ်ဆုံးလေးဖြစ်သူဟာလဲ သူ၏ ချစ်သူနဲ့ နှစ်ပေါင်းရည်ကြာလာအောင်တွဲလာခဲ့ပေမဲ့ လက်ရှိမှာတော့ အချစ်ရေးဟာ ပြတ်ဆဲလုနီးပါးဖြစ်ပြီး နေ့တိုင်းပြဿနာတွေနဲ့ပဲ ကြုံတွေ့ရနေရတာပါ ။ တစ်မိုးအောက်ထဲမှာ စုံတွဲ ၃ တွဲ ဆက်ဆံရေး ၄ ခုနဲ့ အတူ အစ်ကိုကြီး အဖအရာ ဆိုတဲ့ စကားအတိုင်း အစ်ကိုကြီးဖြစ်သူတစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ - ❏ အချစ်ဟောင်းနဲ့ အချစ်စစ်တို့ ထိပ်တိုက်တွေ့လာတဲ့အခါမှာရော ဘယ်လိုဖြေရှင်းကြမလဲ? ❏ အိမ်ရဲ့ ပြဿနာတွေကိုရော သူတို့တွေ ဘယ်လိုကိုင်တွယ်ကြမလဲ? ❏မိသားစုအငွေ့အသက်လေးတွေ ရောထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ အသိုက်အမြုံလေး ဖြစ်သွားနိုင်ပါ့မလား ?ဆိုတာ ဟာသလေးတွေ ရောနှောပြီး ဘဝအမောတွေဖြေကာ ကြည့်ရှုလိုက်ကြရအောင်ပါနော်။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Comedy , Romance Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Documentary
6.9 2022 116 mins
Table for Six
Jersey
7

ဒီကားလေးက ယင်​ကောင်မင်းသား နာနီရဲ့ Jersey 2019 ကို ပြန် Hindi Remake ထားတယ်ဆိုပေမယ့် ဇာတ်လိုက် မင်းသားက Kabir Singh ဇာတ်ကားနဲ့ မြန်မာပြည်ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ မင်းသားချောလေး ရှာဟစ်ဒ်ကပူရ်ဆိုတော့ ကြည့်ရကျိုးနပ်ပါတယ်.... ဇာတ်လမ်းကြောရိုးကတော့ နိုင်ငံတော်ခရစ်ကတ်အသင်းထဲဝင်ခွင့်မရခဲ့တဲ့ အရည်အချင်းရှိ ခရစ်ကတ်ကစားသမားတစ်ဦးဟာ သူဘယ်လောက်ပဲ ကြိုးစားစား အခွင့်အရေးမရခဲ့တဲ့အတွက် ခရစ်ကတ်အားကစားကို လက်လျှော့ပြီး သာမန်ဘဝတစ်ခုမှာပဲ စိတ်နာနာနဲ့ နေထိုင်သွားခဲ့တယ်.... ခရစ်ကတ်ဝါသနာအိုးဖြစ်တ​ဲ့ သားဖြစ်သူရဲ့မွေးနေ့လက်ဆောင်အတွက် သူပူဆာတဲ့ Jersey (အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံ) ​လေး ကို ဝယ်ပေးချင်တဲ့စိတ်နဲ့ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲကို သူပြန်ရောက်သွားတဲ့အခါမှာတော့.... ပတ္တမြားမှန်ရင် နွံမှာမနစ်ဘူးဆိုတဲ့အတိုင်း သူ့ရဲ့တိမ်ဝှက်နေတဲ့ အရည်အချင်းတွေကို ထုတ်ဖော်ခွင့်ရပါ့မလား.... သူ့သားလေးတကယ်လိုချင်​နေတဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့လား.... သူဖြစ်ချင်နေတဲ့ အိပ်မက်ကော အကောင်အထည်ပေါ်လာပါ့မလား... ဒီဇာတ်ကားလေးက အားကစားသမားတစ်ဦးရဲ့စိတ်ဓါတ်နဲ့ ခွန်အားကို ရုပ်လုံးဖေါ်ပြပြီး အပိုထပ်ဆောင်းအနေနဲ့ သားသမီးအပေါ်ထားတဲ့ မိဘရဲ့မေတ္တာကိုလည်း အရိပ်အမြွက်လေးဖေါ်ပြထားလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်ရှင့်.... File size…2.76GB / 1.16GB Quality…1080p WEB RIP AAC5.1CH / 720p WEB RIP Format…mp4 Duration….2h 5omins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor , Poe , Shwe Pyae Sone & Oeliu J

Action • Crime
7 2022 175 mins
Jersey
Suicide Squad
5.9

Hype တွေများလွန်းလို့ တကယ့်ဇာတ်ကားထွက်လာတော့ထင်သလောက်ခရီးမရောက်ဖြစ်ခဲ့ရတဲ့ ဇာတ်ကားကိုဘယ်လိုဘယ်ပုံတွေကောင်းကြောင်း ဆိုးကြောင်းထပ်ပြီး မညွှန်းချင်တော့ပါဘူး။ မျှော်လင့်ထားသလောက် ဖြစ်မလာပေမယ့်မကောင်းဘူးလို့တော့လဲလုံးဝပြောလို့မရတာတော့အမှန်ပါ ဒါ့ကြောင့် ဇာတ်လမ်းသွားလေးပဲ နည်းနည်းညွှန်းပေးပါရစေ။ ဇာတ်ကားကို Batman နဲ့ Supermanရဲ့တိုက်ပွဲအပြီးSuperman သေဆုံးသွားတဲ့နောက်ပိုင်းကာလမှာဇာတ်အိမ်တည်ထားပါတယ်။ အစိုးရအဖွဲ့အနေနဲ့ Supermanလို လူစွမ်းကောင်းမျိုးသာ ဆိုးသွမ်းတဲ့ဘက်ကနေ လူသားတွေကိုဒုက္ခပေးမယ့်Villainတစ်ဦးဖြစ်နေမယ်ဆိုရင် ဆိုတဲ့စိုးရိမ်စိတ်တွေဖြစ်လာကြတဲ့အတွက်Amanda Waller ဆိုတဲ့အမေရိကန်အစိုးရအဖွဲ့မှ အမျိုးသမီးကြီးရဲ့အကြံအစည်ကDC ရဲ့နာမည်ကျော် Villainsကြီးများနဲ့အဖွဲ့တစ်ခုထူထောင်ပြီး အစိုးရအနေနဲ့မဖြေရှင်းနိုင်တဲ့ကိစ္စများကိုသူ့ရဲ့Task Force X ခေါ် Suicide Squad အဖွဲ့ကိုလွှတိပြီးဖြေရှင်းစေဖို့ပဲဖြစ်ပါတယ်။ Amanda ရဲ့ အကြံအစည်အောင်မြင်မလား ဒီvillainsကြီးတွေကိုရောသူထိန်းချုပ်နိုင်ပါ့မလား Suicide Squadအဖွဲ့သားတွေကရောဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ဖြေရှင်း ရမလဲဆိုတာကိုတော့ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားပေးပါခင်ဗျာ။ မညွှန်းတော့ဘူးဆိုပေမယ့် တစ်ခုလေးပြောပြစရာရှိပါသေးတယ် :-P ဇာတ်ကားရဲ့ အဓိက အားသာချက်တစ်ခုကတော့ characters ကိုက်ညီမှုရှိတာပါပဲ အထူးသဖြင့်Deadshot အဖြစ်သရုပ်ဆောင်တဲ့ Will Smith နဲ့ရေပန်းစားနေတဲ့ Harley Quinn အဖြစ်Margot Rubbie တို့ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကတော့ ပရိတ်သတ်အထူးကြိုက်နှစ်သက်ကြလိမ့်မယ်ဆိုတာကျိန်းသေပေါက် အာမခံရဲပါတယ် ။ Joker အဖြစ် အများစိတ်ဝင်စားနေတဲ့ Jared Letoကိုလဲ သူပါသမျှဇာတ်ဝင်ခန်း များအရသုံးသပ်ဖို့ခက်ခဲနေသေးပေမယ့် မဆိုးဘူးလို့တော့မြင်မိပါတယ်။ ဒါ့ကြောင့် rating တွေ Review တွေ ဘေးခဏချိတ်Hype ခဲ့သမျှတွေကိုခဏမေ့ပြီး မိမိအမြင်နဲ့ သာကြည့်ရှုခံစားကြပြီး မိမိအမြင်နဲ့သာဝေဖန်သုံးသပ်ကြည့်ကြပါလို့ပဲတိုက်တွန်းပါရစေခင်ဗျာ/ အော် ဒါနဲ့ .... နောက်ဆုံးမှာ နောက်လာမယ့် Justice League ဇာတ်ကားအတွက်အစပျိုးထားတဲ့ post credits sceneပါပါ တယ် မကြည့်ဖြစ်လိုက်မှာစိုးလို့ ကြိုပြီးသတိလေးပေးထားပါရစေ။ (ဘာသာပြန်သူကတော့ ဟန်ထူးဇော် ဖြစ်ပါတယ်) File Size : (2.18 GB) and (950 MB) Quality : EXTENDED Blu-Ray (1080p 5.1, 720p) Running Time : 2hr 15min Format : Mkv and Mp4 Genre : Action, Adventure, Fantasy Subtitle : Myanmar Subtitle (Hard Sub) Source : .EXTENDED.1080p.BluRay.x264-SPARKS Translated by Han Htoo Zaw Encode by Thanhtike Zaw

Crime • Thriller
5.9 2016 123 mins
Suicide Squad
The Last King of Scotland
7.6

~~IMDb 7.6, Rotten Tomatoes 87%~~ အော်စကာဆုတစ်ဆု နဲ့အခြားဆုပေါင်း ၄၀ ကျော်ဆွတ်ခူးထားပြီး ဆန်ကာတင်စာရင်းပေါင်း ၃၀ကျော်ဝင်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား The Last King Of Scotland. သရုပ်ဆောင်များအနေနဲ့ James McAvoy ကဇာတ်ဆောင်မင်းသားအဖြစ်၊ နာမည်ကြီးလူမည်းသရုပ်ဆောင်တွေထဲတစ်ယောက်ဖြစ်တဲ့ Forest Whitaker ကဗီလိန်မင်းသားအဖြစ် နဲ့ ကိုယ်တွေရဲ့ British မင်းသမီးကြီး Gillian Anderson တို့စသဖြင့်များစွာပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းပုံစံကတော့ နီကိုးလတ်စ်(James McAvoy ) က ဆရာဝန်ဘွဲ့ရပြီး စွန့်စားမှုလေးတစ်ခုလုပ်ချင်လို့ ရောက်ချင်ရာရောက်ဆိုပြီး နိုင်ငံတစ်နိုင်ငံကိုမျက်လုံးမှိတ်လက်ထောက်ရွေးခဲ့ပါတယ်။ သူကျသွားတာကတော့ ယူဂန်ဒါဖြစ်ပြီး အဲ့နောက်ယူဂန်ဒါမှာအကျိုးပြုဆရာဝန်လေးလာလုပ်ပါတော့တယ်။ ယူဂန်ဒါမှာ အဲ့အချိန် သမ္မတဟောင်းအိုဘိုတီပြုတ်ပြီး ဗိုလ်ချုပ်အာမင်(Forest Whitaker ) က သမ္မတလုပ်နေတာပါ။ အစပိုင်းကတော့ထုံးစံအတိုင်း လေထဲတိုက်အိမ်ဆောက်အာလုပ်ကတိတွေနဲ့ ပြည်သူ့ ယုံကြည်မှုကို ဖြားယောင်းခဲ့ပါတယ် ၊နောက်ပိုင်းမှာတော့ ဆန့်ကျင့်သူတွေကို ရှင်းလင်းသုတ်သင်ရင်း တိုင်းပြည်အခြေအနေကလည်းပိုဆိုးလာခဲ့ပါတယ်….. နီကိုးလတ်စ်ကတော့အကြောင်းတိုက်ဆိုင်သွားပြီးအာမင်ရဲ့မိသားစုဆရာဝန်ဖြစ်သွားရာကနေဇာတ်လမ်းကိုdramatic ဆန်အောင်ထည့်ထားပါတယ်။ ဒီရုပ်ရှင်က အမှန်တကယ်ဖြစ်ပျက်ခဲ့တာကို ဇာတ်လမ်းဆင်ရိုက်ကူးတင်ဆက်ထားတာဖြစ်တဲ့အတွက် လေ့လာချင်သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။ ဆင်ဆာကတော့ ကြည့်မလှတဲ့အလောင်းတွေ၊ မင်းသားရဲ့တွေ့ရာအိုင်ခြေဝင်ဆေးတဲ့ပုံရိပ်တွေပါမှာမို့ မိသားစုနဲ့တော့မကြည့်သင့်ပါဘူး…… File size…(3.9 GB)/(1.8 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama, Biography, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

7.6 2006 123 mins
The Last King of Scotland
The Hangman

သားအဖနှစ်ယောက် တောတွင်းတစ်နေရာမှာ စခန်းချရင်း မနက်နိုးလာတဲ့အခါ သားလုပ်တဲ့သူ ပျောက်သွားလို့ ဖခင်ဖြစ်သူ လီယွန်က အနီးအနားမှာ လိုက်ရှာရင်း အကူအညီတောင်းကြည့်လိုက်တဲ့အခါ နယ်ခံအချို့က Hangman လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကို ကိုးကွယ်ကာ ထိုနတ်ဆိုးကို ငရဲကနေ လွှတ်ပေးဖို့ ကြိုးစားနေတဲ့အပြင် သူ့သားကိုလည်း ထိုနတ်ဆိုးကိုးကွယ်သူတွေက ဖမ်းသွားတာကို သိလိုက်ရပါတော့တယ်။ သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေက ဘာလို့လိုချင်တာလဲ။ လီယွန်ကရော သူ့သားလေးကို နတ်ဆိုးကိုးကွယ်သူတွေနဲ့ နတ်ဆိုးလက်ထဲကနေ ကယ်တင်ပေးနိုင်ပါ့မလား။ နတ်ဆိုးကရော ငရဲကနေ လွတ်ပြီးကမ္ဘာမြေပေါ်ကို တက်လာမလား စတာတွေကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.2 GB)/(652 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Nway Oo K Zaw

0 2023
The Hangman
[18+] Borders of Love (aka) Hranice Lásky
5.6

ဒီကားလေးကတော့ Hranice Lásky လို့ခေါ်တဲ့ erotic drama ရုပ်ရှင်ကားလေးဖြစ်ပါတယ် အင်္ဂလိပ် နာမည်ကတော့ Borders of Love ဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… Petr နဲ့ Hana ကတွဲတာကြာပြီဖြစ်တဲ့အတွဲတစ်တွဲဖြစ်ပါတယ် တနေ့မှာသူတို့သူငယ်ချင်းအတွဲဆီကနေတစ်ခြားသူတွေနဲ့လွတ်လွတ်လပ်လပ်အတူအိပ်ကြောင်းကြားပြီးတဲ့နောက်မှာသူတို့လည်းကိုယ်တိုင်စမ်းကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ဒီလိုနဲ့တခြားသူတွေနဲ့ဘယ်လောက်အထိတစ်ယောက်နဲ့တစ်ယောက်လက်ခံနိုင်လဲ သူတို့နှစ်ယောက်ဆက်ဆံရေးဘယ်လိုဖြစ်မလဲကိုစိတ်ဝင်စားစရာကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ် File size…(1.5 GB)/(770 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Shin

5.6 2022
[18+] Borders of Love (aka) Hranice Lásky
Father of the Milky Way Railroad
6.3

Father of the Milky Way Railroad (2023) ~ IMDb – 6.3/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်အကြောင်းပြောဖို့ ဒီရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် Koji Yakusho အကြောင်းနဲ့ အရင်စပျိုးမယ်ဆို ဒီရုပ်ရှင်အတွက်တော့ မတရားရာကျကောင်းကျနေလိမ့်မယ်။ ဒါပေမဲ့လည်း မတတ်နိုင်ပါဘူး။ ၂၀၂၃ ဟာ ခိုဂျိ ကားတော်တော်ရိုက်တဲ့ နှစ်ပါပဲ။ ရုပ်ရှင်ကားလေးကား ဇာတ်လမ်းတွဲ ၂ခုထွက်ခဲ့တယ်။ ဇာတ်လမ်းတွဲ၂ခုကတော့ The Days နဲ့ Vivant ပေါ့။ Vivant မှာ သူ အပိုင်းတိုင်းနီးပါး ပါပေမဲ့ အခန်းတော့ သိပ်များလှတယ်မဟုတ်ဘူး။ ဒါပေမဲ့ သူပါတဲ့အခန်းတွေမှာ သူ့ကိုမြင်တာနဲ့ သူ့ဇာတ်ကောင်နဲ့လိုက်အောင်ပဲ ပဟေဠိဆန်ပြီး ရှိန်ချင်စရာကောင်းနေခဲ့တယ်။ သူ့ပါဖောမင့်န်လည်းကောင်းခဲ့သလို Vivant ကိုယ်တိုင်ကလည်း ဂျပန်စီးရီးပေမဲ့ ကွဲထွက်တဲ့ပုံစံနဲ့ တင်ဆက်ခဲ့တာကြောင့် တော်တော်လေးပေါက်ခဲ့တယ်။ ရုပ်ရှင်ဘက်ဆိုလည်း Família, Father of the Milky Way Railroad, Perfect Days နဲ့ Totto-Chan: The Little Girl at the Window တို့ထွက်ခဲ့တယ်။ Perfect Days နဲ့ သူ ကိန်းစ်မှာ သရုပ်ဆောင်ဆုရခဲ့သလို Perfect Days ကိုယ်တိုင်လည်း လက်ရှိ အော်စကာဆန်ခါတင်ဝင်ထားတယ်။ အဲဒီထဲက သူ့ပါဖောမင့်န်ကိုတော့ အားလုံးလည်းကြည့်ပြီး မြင်ပြီးလောက်ပါပြီ။ Perfect Days ရဲ့ ကောင်းခြင်းထက်ဝက်ဟာ သူ့ပါဖောမင့်န်ကြောင့်ဆိုတာကို ငြင်းလို့ရမယ်မထင်ဘူး။ Father of the Milky Way Railroad မှာတော့ လုံးဝကွဲပြားတဲ့ ကာရိုက်တာတစ်ခုနဲ့ ရုပ်ရှင်ကို သူအသက်သွင်းပေးထားခဲ့တယ်။ သူ့ရုပ်ရှင်တွေ ဆယ်ဂဏန်းကျော်ကြည့်ပြီးပေမဲ့ Father of the Milky Way Railroad ထဲက ခိုဂျိရဲ့ ကာရိုက်တာဟာ သူ့ကိုမြင်နေကျ ကာရိုက်တာတွေထက် တော်တော်ကွဲပြားတယ်ပြောရပါမယ်။ ဒီရုပ်ရှင်အတွက်တော့ မတရားပေမဲ့ ဒီရုပ်ရှင်ရဲ့ကောင်းခြင်းထက်ဝက်ဟာလည်း သူ့ကြောင့်ဆိုတာကို ငြင်းမရပြန်ဘူး။ နောက် ဒီကားရဲ့ ဒုတိယဇာတ်ဆောင်မင်းသားကတော့ မထွက်သေးပေမဲ့ ၂၀၂၃ရဲ့အကောင်းဆုံး အန်နီမေးရှင်းလို့ သမုတ်နေကြတဲ့ Hayao Miyazaki ရဲ့ The Boy and the Heron ထဲ The Grey Heron အဖြစ် အသံသရုပ်ဆောင်ထားတဲ့ Masaki Suda ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ထက်ပိုကြမ်းတာက သူ့ညီမအဖြစ်သရုပ်ဆောင်တဲ့ Nana Mori ပါပဲ။ ဒါပေမဲ့ ဒီထဲက ဇာတ်ရုပ်ဟာ သူသရုပ်ဆောင်နေကျ ဇာတ်ကောင်ပုံစံမျိုးပဲဆိုတော့ သိပ်ပြီးတော့ ထူးထူးကဲကဲတော့ မဖြစ်မနေဘူး။ နာနာမိုရိကို ရှန်းဂျီအီဝေရဲ့ အညံ့ဆုံးပေမဲ့ သူ့ကျန်တဲ့ရုပ်ရှင်တွေအတိုင်း ဒီကမ္ဘာကြီးထက်လှပနေဆဲဖြစ်တဲ့ Last Letter နဲ့ Kore-eda ရဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ The Makanai: Cooking for the Maiko House တို့မှာ သေချာမြင်နိုင်တယ်။ ဆိုတော့ သရုပ်ဆောင်တွေကတော့ အကောင်းဆုံးပဲလို့တောင် ပြောလို့ရတယ်။ ဇာတ်လမ်းကတော့ ဘိုင်အိုဂရပ်ဖီဇာတ်။ ဂျပန်စာရေးဆရာ ကဗျာဆရာ မီယာဇာဝခန်းဂျီရဲ့ အကြောင်းကို အခြေခံထားတယ်။ သူ့အကြောင်းဆိုတာထက် သူ့အဖေအကြောင်းလို့ပြောရမယ်။ ဒါကြောင့်လည်း နာမည်ကိုက ကြယ်စင်စုရထားလမ်းရဲ့အဖေ ဖြစ်နေတာ။ ကြယ်စင်စုရထားလမ်းဆိုတာ ခန်းဂျီရေးခဲ့တဲ့ စာအုပ်နာမည်။ ဒါကြောင့်ပဲ ခိုဂျိရဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင်ဖြစ်သွားတာ။ ဒီကားရဲ့ ဇာတ်က ဘာမှအဆန်းတကြယ်တော့မဟုတ်ဘူး။ ခိုဂျိတို့မိသားစုက မျိုးရိုးစဉ်ဆက် အပေါင်ဆိုင်ဖွင့်လာတဲ့ မိသားစု။ ရွာသူဌေးတွေ။ အဲဒီဘက်ခေတ်က ဂျပန်တွေကလည်း တရုတ်တွေလိုပဲ သားယောက်ျားလေးက မိသားစုအတွက် အရေးအကြီးဆုံးဖြစ်ခဲ့တယ်။ သားဦးယောက်ျားလေးဆို အသေချစ်ကြတယ်။ ခိုဂျိကတော့ သူ့သားဦးလေးကို အများကြီး အချစ်ပိုခဲ့တယ်။ ဖြစ်လည်းဖြစ်မြောက်စေချင်ခဲ့တယ်။ ခေတ်ဟောင်းက သူ့အဖေကတော့ အပေါင်ဆိုင်ဖွင့်မယ့်လူဆိုတာ မူလတန်းပညာလောက်တတ်ရင်ရပြီဆိုပြီး သူ့ကို မူလတန်းအထိပဲကျောင်းထားပေးခဲ့တယ်။ သူ့သားအလှည့်ကျတော့ ခေတ်သစ်ရဲ့အဖေတစ်ယောက်ဖြစ်တဲ့ သူက ဒီထက်ပိုထားပေးခဲ့တယ်။ သူ့သားကတော့ သနားတတ်တဲ့လူဖြစ်လို့ သူ့တို့လုပ်ငန်းအပေါင်ဆိုင်ကိုလည်း အမွေမယူချင်၊ မြို့မှာကျောင်းတက်လို့ အမြင်ကျယ်လာပေမဲ့ သူဘာဖြစ်ချင်လဲ သူမသိဘဲ ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက် ကျရှုံးလိုက် ကောင်လေးပေါ့။ ဒါပေမဲ့ ခိုဂျိက သူ့သားကိုသိပ်ချစ်တော့ ခဏခဏကျရှုံးနေတဲ့ သူ့သားကို အမြဲလိုအားပေးခဲ့တယ်။ သူ့သား သူ့ကိုယ်သူမယုံတဲ့အချိန်တွေမှာတောင် သူက သူ့သားကို ယုံပေးခဲ့တယ်။ သူ့အဖေရဲ့ ယုံကြည်မှု သူ့ညီမကို ချစ်တဲ့စိတ်တွေကနေ မီယာဇာဝခန်းဂျီဆိုတဲ့ စာရေးဆရာတစ်ယောက်ဖြစ်လာပုံကို ပြထားတယ်။ မီယာဇာဝခန်းဂျီဟာ အနုပညာသမားအများစုလိုဘဲ သေပြီးမှ တန်ဖိုးထားခံရတဲ့ အနုပညာသမားတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါပေမဲ့လည်း သူကံကောင်းခဲ့ပါတယ်။ ဗန်ဂိုးအတွက် သီအိုရှိခဲ့သလို ခန်းဂျီအတွက်လည်း သူ့အဖေရှိခဲ့တယ်။ ရှိခဲ့တယ်ဆိုတာထက်တောင် ပိုပါလိမ့်မယ်။ မိသားစုဒရာမာကားတွေမှာ သဘောကျချင်စရာကောင်းတဲ့တစ်ချက်က ကျွန်တော်တို့မှာရှိသည်ဖြစ်ဖြစ် မရှိသည်ဖြစ်ဖြစ် ချစ်ခြင်းဆိုတာကို ခံစားမိအောင်လုပ်ပေးနိုင်တာပဲဖြစ်လိမ့်မယ်။ အပိုင်းပေါင်းများစွာနဲ့ ရှည်လျားလှတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် တစ်နာရီခွဲ နှစ်နာရီပဲကြာတဲ့ မိသားစုဒရာမာတွေပဲဖြစ်ဖြစ် ဒီဂုဏ်ဒြပ်တော့အမြဲရှိနေကြတယ်။ “ကြယ်စင်စုရထားလမ်းရဲ့အဖေ” ဟာ ဘယ်လိုရုပ်ရှင်မျိုးလဲမေးလာရင်တော့ လမ်းပျောက်ခဲ့တဲ့သားတစ်ယောက်ကို အခါခါယုံကြည်ပေးခဲ့တဲ့ ဖခင်တစ်ယောက်အကြောင်းလို့ပဲ ပြောရလိမ့်မယ်။ ဝမ်းနည်းစရာတွေကို အလှပဆုံးတင်ဆက်နိုင်တာဟာ အနုပညာရဲ့ ဂုဏ်ဒြပ်တစ်ခုပေါ့။ အနုပညာဟာ ဝမ်းနည်းစရာတွေကို ရယ်မောရအောင် တင်ဆက်နိုင်သလို ဝမ်းနည်းစရာတွေကို ပီတိဖြာရအောင်လည်း တင်ဆက်နိုင်တယ်။ ဒီရုပ်ရှင်ကတော့ ဒုတိယအမျိုးအစားပေါ့။ ကြယ်စင်စုရထားလမ်းမှာ မျက်ရည်တွေ ကြယ်စင်လို လှပနေခဲ့တယ်။ ~~~~~~~~~~~~~~~~~~~~ ပြန်မလာ အငြိမ့် အငြိမ့်ရှိတယ် လူပြက်ကြီးက ပြောတယ် ငါ့ဘကြီး သေတော့ကွာ ပြန်မလာတော့ဘူး ငါက ပြန်လာဦးမယ် မှတ်နေတာ ဪ တစ်နေ့၊ တစ်နေ့ အဖေ၊ အမေတွေ ချစ်တဲ့သူတွေ ငါက ပြန်လာဦးမယ် မှတ်နေတာ ~ သုခမိန်လှိုင် (အငြိမ့် – ၂၀၀၈) ~~~~~~~~~~~~~~~~~~~~ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 930MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 2H 8Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.3 2023 128 mins
Father of the Milky Way Railroad
The Zen Diary
6.7

တကယ်လို့ဖြစ်နိုင်ခဲ့ရင် တစ်နေ့မှာ ဟင်းချက်ဖို့ ကျွန်တော်တို့ ၃နာရီလောက်တော့ အချိန်ပေးသင့်တယ်။ စားခါနီးမှ ဟင်းတစ်ခွက်ကိုချက်ရတဲ့အရသာက ဘာနဲ့မှမတူဘူး။ ထမင်းကပူနေရင် ငရုတ်သီးကြော်နဲ့‌တောင် စားကောင်းသလို အခုမှကျက်တဲ့ ဟင်းတစ်ခွက်ကလည်း မနက်ကချက်တဲ့ဟင်းတစ်ခွက်ထက် အဆပေါင်းများစွာသာတယ်။ အားလုံးသိတဲ့ အားလုံးမလုပ်နိုင်တဲ့ အမှန်တရားတစ်ခုပါပဲ။ ဘယ်လိုပုံစံနဲ့ ဘာဟင်းချက်မလဲတောင် စဉ်းစားဖို့ အချိန်မပေးနိုင်တဲ့ ကျွန်တော်တို့ဘဝတွေမှာပေါ့။ အောင်မြင်တာတွေ ကြီးမြင့်တာတွေ ကျော်ကြားတာတွေထက် ချစ်တဲ့သူနဲ့ အတူစားရတဲ့ ထမင်းပူပူတွေက အဓိပ္ပာယ်ပိုရှိမှန်း ကျွန်တော်တို့သိပြီးကြပေမဲ့ ဘဝဟာ တစ်ခုမဟုတ်တစ်ခုလိုနေရင်း အဲဒီရွေးချယ်မှုကို ကျွန်တော်တို့ကို လုပ်ခွင့်မပေးခဲ့ဘူး။ အခိုက်အတန့်တစ်ခုအထိတော့ ဒီလိုအခြေအနေမျိုး ရကောင်းရနိုင်ပေမဲ့ အခြေအနေအကြောင်းကြောင်းတွေဟာ ဒီလိုဘဝတွေနဲ့ ကျွန်တော်တို့ကို အမြဲတမ်း ဝေးကွာစေတယ်။ မြေကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျေးလက်ဘက်တစ်နေရာမှာ သီးပင်စားပင်တွေ စားလောက်အောင်လေး မခမ်းမနားစိုက်။ ညနေမှာ စီးကရက်တစ်လိပ်နဲ့ လွမ်းစရာကောင်းအောင် တောင်စွယ်မှာ နေကွယ်တာကို ခင်ဖုန်းသက်ဝေ ၅ပုဒ်ကို ရွတ်တတ်သလိုရွတ်ရင်း ငေး ။ စိတ်လိုလက်ရမှောင်နေတဲ့ညတွေဆို ဆေးလိပ်တစ်လိပ် ကော်ဖီတစ်ခွက် ကိုနေဝင်းဆိုတဲ့ မောင့်လပြည့်ဝန်းနဲ့ အိပ်ရာဝင်။ အဲဒီကမ္ဘာမှာ ညနေခင်းလမ်းလျှောက်တဲ့အခါ တိမ်တွေကလည်း အမြဲတမ်းရှိနေလိမ့်မယ်။ တက်သုတ်ရိုက်မဟုတ်တဲ့ အလုပ်တစ်ခုခုလည်း ရှိနေလိမ့်မယ်။ ဘယ်သူ့အတွက်မှမဟုတ်တဲ့ ဆွဲတတ်သလိုဆွဲထားတဲ့ပန်းချီတစ်ကား ကဗျာတစ်ပုဒ်လောက်တော့ ကြုံရင်ကြုံသလို ရေးကောင်းရေးဖြစ်လိမ့်မယ်။ ချက်ပြုတ်ခြင်းဆိုတာလည်း ဘဝရဲ့အချိန်ပေးနိုင်တဲ့အရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါဟာ စိတ်ဓာတ်ကျစရာတွေမရှိတဲ့ ရုပ်ရှင်တစ်ခုဖြစ်ကောင်းဖြစ်လိမ့်မယ်။ The Zen Diaryက ဒီလိုတကယ်နေနေတဲ့ ဘဝတစ်ခုအကြောင်းကို ဇင်အတွေးအခေါ်တွေနဲ့ ရစ်သိုင်းထားတဲ့ရုပ်ရှင်လို့ပြောရမယ်။ သဘောကျစရာကောင်းတာက ပူစရာတွေ မရှိနေတာတော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့လည်း သူ့ဘဝထဲရောက်လာတဲ့အပူတွေကို သူရင်ဆိုင်ဖြေရှင်းပုံတွေကိုပြထားတာလည်းလှတယ်။ ဇင်ဒိုင်ယာရီဟာ ရှင်သန်ခြင်းရဲ့အဓိပ္ပာယ်ကို ဖွင့်ဆိုထားတဲ့ ရုပ်ရှင်တစ်ကားလို့ပြောလို့ရတယ်။ ပြောလို့ပြောတာတော့မဟုတ်ပါဘူး။ ကျရှုံးမှုတွေနောက်ပိုင်းမှာ အေးချမ်းမှုကို ပြန်တွေ့သွားကြတဲ့ရုပ်ရှင်တွေကို ကျွန်တော်တို့သဘောကျကြတယ်မလား။ ကျွန်တော်တို့ဟာ အမြဲတမ်း ကျရှုံးနေတဲ့လူတွေပဲ။ ဇင်ဒိုင်ယာရီကတော့ တော်တော်လေးလက်တွေ့ကျတယ်။ ဇင်ဒိုင်ယာရီဟာ မမြဲခြင်းတရားတွေအောက်မှာပဲ တည်နေတယ် File Size : 2.2 GB / 1 GB Quality : WEB-DL 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

Science Fiction • Adventure • Action
6.7 2022 112 mins
The Zen Diary
Go For Broke
6

ဒီနေ့မှာတော့ ထိုင်းနိုင်ငံနယ်စပ်မြို့လေးကို အခြေခံရိုက်ကူးထားတဲ့ Go for Brokeဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆို… နည်းပညာတွေတင်မက AI က လူတွေနေရာကို ဝင်ယူလောက်တဲ့အထိ တိုးတက်နေတဲ့ခေတ်ကြီးမှာ လူတစ်ယောက်ဘဝကို ဖျက်စီးဖို့ဆိုတာ အလွယ်လေးဖြစ်သွားပြီ… ဒီကားထဲမှာ ကိုယ့်ဆန္ဒမပါဘဲ မူးယစ်သားကောင်ဖြစ်သွားတဲ့ လူတချို့နဲ့ သူတို့မိသားစုဝင်တွေရဲ့ ဘဝစာမျက်နှာတချို့ကို ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်… ဇာတ်လိုက် ကျန်းယောက်က တစ်ချိန်က စစ်သားတစ်ဦးပေါ… သူက စစ်တပ်ကထွက်ပြီး သင်္ဘောပေါ်လိုက်ခဲ့ပေမယ့်… ပြန်အလာမှာတော့ သမီးလေးလည်း ဆုံး… မိန်းမလည်း ဆေးစွဲပြီး သူ့ရှေ့တင် ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့တယ်… ဒီလိုနဲ့ သူအဖမ်းခံရတော့ အန်တုဆိုတဲ့ ရဲအရာရှိနဲ့ဆုံပြီး… မူးယစ်ဘုရင် မုခွန်ရဲ့ ပျောက်ဆုံးနေတဲ့ သား ရှားဝမ်အဖြစ် သူဘဝဇာတ်ခုံပေါ်ပြန်ရောက်ခဲ့တယ်… ဒီတော့ ဘာဖြစ်မယ်ဆိုတာ သိသာပါတယ်… ရှားဝမ်အဖြစ် သူကသက်သေတွေစုပြီး အန်းတုနဲ့ပူးပေါင်း ဖမ်းဆီးမယ်ပေါ့… ကဲ ထင်ထားတဲ့အတိုင်းဖြစ်မှာလား.. ကြားထဲ ဘယ်လိုလှည့်ကွက်တွေရှိဦးမှာလဲ… ဇာတ်လမ်းလေးကို ကြည့်လိုက်ကြရအောင်…

Drama • Thriller • War
6 2024
Go For Broke