YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Move.to.Mind.2022.720p.WEB-DL.CM.mp4

566.84 MB N/A video/mp4 924 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
On the Fringe
6.8

~ IMDb - 6.7/10, Rotten Tomatoes - 80% ~ စပိန်မင်းသား Juan Diego Botto ဒါရိုက်တာလုပ်ပြီး ပွဲဦးထွက်အနေနဲ့ရိုက်တဲ့ စပိန်ရုပ်ရှင်ပါ။ သူကိုယ်တိုင်ရော နာမည်အကြီးဆုံး စပိန်မင်းသမီး Penélope Cruz ရော သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာတော့ စပိန်ရဲ့မျက်မှောက်ခေတ်မှာ ကြုံနေရတဲ့ လူမှုဘဝပြဿနာတွေရောကိုပြထားပြီး အဲဒီထဲက အကြီးဆုံးပြဿနာဖြစ်တဲ့ ဘဏ်ကြွေးကြောင့် နေအိမ်က နှင်ထုတ်ခံရတဲ့ မိသားစုတွေအကြောင်းကိုရော ကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ပြထားတယ်။ စပိန်ပြည်သူတွေကို အရင်အစိုးရက ဘဏ်တိုးနှုန်းသက်သက်သာသာနဲ့ ငွေချေးပေးမယ်လို့ ကြေညာခဲ့တဲ့အတွက် ပြည်သူတွေဟာ အိမ်အပေါင်စာချုပ်တွေနဲ့ ငွေချေးတာတွေ၊ သားသမီးအိမ်၀ယ်ဖို့ မိဘက အာမခံပေးတာတွေ လုပ်ခဲ့ကြတယ်။ အစိုးရသစ် ဘဏ်စနစ်အသစ်မှာ အတိုးတွေဟာ မိုးထိထိုးတက်ကုန်ကြပါတယ်။ ဒီနောက်မှာ ဘဏ်တွေဟာ အတိုးကို အကြောင်းပြုလို့ အိမ်တွေကို သိမ်းလာတဲ့အခါ စပိန်မှာ အိုးမဲ့အိမ်မဲ့တွေ များပြားလာခဲ့တယ်။ ဒီလိုနဲ့ အိုးမဲ့အိမ်မဲ့ဖြစ်သွားတဲ့လူတွေရယ် သူတို့ဘက်က ပရဟိတသမားတွေဟာ ဘဏ်တွေကို ပြန်လည်တိုက်ခိုက်ဖို့ ကြံကြတယ်။ ဒါကတော့ ကျောရိုးဇာတ်ပေါ့။ ဒီကနေ ခွဲထွက်ပြီး အိမ်ဆုံးသွားတဲ့လူ၊ ကူတဲ့လူ၊ အိမ်ဆုံးဖူးတဲ့လူ အလီလီအထွေထွေအပြင် အခြေခံလူတန်းစားမျိုးစုံရဲ့ ဒုက္ခနဲ့ ဘဏ်တွေရဲ့ ကုတ်သွေးစုပ်မှုတွေအကြောင်း ရိုက်ပြထားပါတယ်။ စပိန်ကားတွေဟာ သူတို့ပြချင်တာကို လှလှပပပြတတ်တဲ့သဘောရှိတာမို့ ဇာတ်အရမ်းလည်းမနာ မနာတယ်လည်းမဟုတ်ဘဲ လှတပတနဲ့ကို ခံစားကြရမယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 805MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 1H 45Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Comedy
6.8 2022 103 mins
On the Fringe
Predestination
7.4

ကျွန်တော်တို့ အတိတ်ကို ပြန်သွားကြမယ်ဗျာ။ ပြီးရင် ကျွန်တော်တို့ ပြန်ပြင်ချင်တာလေးတွေပြင်ကြမယ်။ စာမေးပွဲမှာ မကျက်လိုက်ရလို့ မဖြေလိုက်ရတဲ့ စာပုဒ်လေးတွေ ကျက်ပြီး ပြန်ဖြေမယ်။ ပျောက်သွားတဲ့ဆိုင်ကယ်လေးကို မပျောက်ခင်ညမှာ အိပ်ခန်းထဲအထိထည့်ပြီး ဖက်အိပ်မယ်။ မဟုတ်တာလုပ်မိလို့ ပြတ်သွားရတဲ့ ex လေးကို မလွှတ်တမ်းဖက်ပြီး သူ မကြိုက်တဲ့အလုပ်ကို ရှောင်ခဲ့မယ်။ ဒါမှမဟုတ် မဟုတ်တာတွေပဲ လျှောက်လုပ်ပြီး ဖြစ်ထွန်းသင့်သလောက် ဖြစ်မလာတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ ပါးသွားရိုက်ကြမယ်။ အတိတ်ဟာ ပြုပြင်လို့ ရကောင်းတဲ့အရာ ဟုတ်ပါသလား။ ပြုပြင်ချင်တိုင်း ပြုပြင်လို့ရရင်ရော အနာဂတ်တွေက ပိုကောင်းလာပါ့မလား။ သဘာဝလောကကြီးက စီမံပေးပြီးသား ဇာတ်ခုံပေါ်မှာ အလိုက်သင့်ကနေရတာကပဲ လူပီသလေမလား။ ကျွန်တော်တို့မှာ မလိုချင်တဲ့ အတိတ်ရယ် ပြန်တမ်းတ လွမ်းမောရတဲ့အတိတ်တွေရယ် ရှိကြမှာပါ။ ဒါပေမဲ့ အတိတ်ဆိုတာ အတိတ်ပဲဖြစ်တာကြောင့်မလို့ နောက်မှာပဲ ချန်ထားခဲ့တာ အကောင်းဆုံးဖြစ်လေမလား။ အချိန်ခရီးသွားတာကို ဇာတ်လမ်းဆင်ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေ အများကြီးထဲကမှ ဩစတေးလျဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ်။ 7.5 IMDb နဲ့ Rotten Tomato 84% ရထားတဲ့ ဇာတ်ကားလေးဆိုပေမဲ့ Box Office မှာတော့ သိပ်အောင်မြင်တယ်လို့ မ‌ဆိုနိုင်ခဲ့ပါဘူး။ အမြတ်ငွေ ဒဿမ စွန်းစွန်းပဲ ရခဲ့ပေမယ့် အခြားဘက်ကကြည့်ရင် သူထွက်ရှိခဲ့တဲ့ 2014 ခုနှစ်က ဇာတ်ကားကောင်းတွေ များခဲ့တော့ ပရိသတ်တွေ ရုပ်ရှင်ရုံတွေကြား ဗျာများခဲ့ရပုံပေါ်ပါတယ်။ ပထမဆုံး ဒီဇာတ်ကားကို စိတ်ဝင်စားတာကတော့ မင်းသားကြီး Ethan Hawke ကြောင့်ပါပဲ။ သူ့ကို The Magnificent Seven (Remake) ထဲမှာ‌တင် တော်တော်သဘောကျခဲ့တာမလို့ပါ။ ပြီးတော့ တမူထူးခြားတဲ့ ဇာတ်လမ်းသွားကလည်း အခြားအချိန်ခရီးသွားဇာတ်ကားတွေကနေ သိသိသာသာ ကွဲပြားပါတယ်။ ဇာတ်ကားနာမည်ကတင် ဆွဲဆောင်နိုင်မှုရှိတာမလို့ပါ။ အချိန်ခရီးသွားတာကို ဗြန်း‌ဗြန်းကွဲ ကြိုက်သလိုလုပ်ခွင့်ရှိပြီး ဟိုဝင်ဒီထွက် ဘုရားသခင်နီးပါး အစွမ်းအစရှိပေမဲ့ "ဇာတ်ဆရာစေစား ခိုင်းနွားလားသို့" ပြားပြားဝပ်ခဲ့ရတဲ့လူသားတစ်ယောက်အကြောင်းဖြစ်လို့ "ကြိုတင်စီမံ ကြမ္မာဖန်" လို့ အနီးစပ်ဆုံး ပြောနိုင်ပါလိမ့်မယ်။ Plot Twist ကို အသားပေးတဲ့ဇာတ်ကားဖြစ်တဲ့အတွက် ဇာတ်လမ်းအညွှန်းကတော့ နှစ်ကြောင်းလောက်နဲ့ ပြီးသွားနိုင်ပါတယ်။ အင်မတန်ကျွမ်းကျင် သပ်ရပ် ခြေရာစေ့တဲ့ ဗုံးသမားတစ်ယောက်နောက်ကို အသည်းအသည်လိုက်နေရတဲ့ အဖွဲ့အစည်းကြီးတစ်ခု ရှိပါတယ်။ အေးဂျင့် (၁၁) ယောက်ထဲက အတော်ဆုံး အေးဂျင့် "ဂျွန်ဒိုး" က ရင်ဘက်ကိုရော အသည်းကိုရော အချိန်တွေရောရင်းပြီး ဗုံးသမားကို လိုက်လံသုတ်သင်ခဲ့ရပါတယ်။ ဒါပေမဲ့ သူကဘယ်သူလဲ၊ သူသုတ်သင်ရမယ့် ဗုံးသမားက ဘယ်သူလဲ၊ ဗုံးသမားကရော ဘာ့ကြောင့် လူ‌အများကြီးကို လိုက်သတ်နေရတာလဲ ဆိုတာတွေကို တွေ့မြင်ရမှာပါ။ အထူးအကြံပေးချင်တာကတော့ ဒီဇာတ်ကား နာမည်ကျော်ရတဲ့အကြောင်းအရင်းက စကားပြောတွေဖြစ်လို့ စကားပြောတွေကို ‌‌ကျော်ကြည့်ချင်တဲ့သူတွေ၊ မုန့်နှိုက်စားရင်း စကားလုံးတွေ မဖတ်လိုက်ရသူတွေကတော့ ဇာတ်လမ်းကို ထဲထဲဝင်ဝင်နားလည်ဖို့ အားစိုက်ရမယ်ထင်ပါတယ်။ ဇာတ်လမ်းကို နားမလည်ဘူးဖြစ်စေ၊ ဇာတ်လမ်းကိုမကြိုက်ဘူးဖြစ်စေ ကျွန်တော့်ရဲ့ ဘာသာပြန် ညံ့ဖျင်းမှုပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဇာတ်ကားက အရမ်းကောင်းလို့ပါပဲခင်ဗျာ။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 1.12GB, 505MB Quality - Bluray 1080p, 720p IMDb Rating - 7.5/10 Duration - 1hr 37mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Drama, SciFi Translated by Arr Khun Winchester Encoded by Y

Drama
7.4 2014 97 mins
Predestination
Searching
7.6

Searching ဆိုတဲ့ကားလေးက ၂၀၁၈ ခုနှစ်ထွက် Thriller, Mystery, Drama ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် သားအဖနှစ်ယောက်ရှိတယ် အမေဆုံးပြီးနောက်ပိုင်း အဖေတစ်ခုသမီးတစ်ခု တစ်နေ့မှာ သမီးဖြစ်သူပျောက်သွားတယ် အဲ့ဒါနဲ့ရဲကိုတိုင်ချက်ဖွင့် လိုက်ရှာတယ် အဲ့ဒါပါပဲ။ ထူးခြားတာကတော့ တစ်ကားလုံး ကွန်ပြူတာစခရင်ပေါ်မှာပဲ ပြီးသွားပါတယ်။ (ဇာတ်လမ်းကိုတော့ Spoilသလိုဖြစ်မှာဆိုးလို့လုံးဝမရေးထားခြင်းဖြစ်ပါသည်) ဒိုင်ယာလော့ခ်တွေအကုန်လုံးက Facebook YouCast စတဲ့ social mediaတွေက live လွှင့်တာတွေVideo call ခေါ်တာတွေ Chat message တွေပဲဖြစ်ပါတယ်။ အဲ့လိုမျိုးကြီးရိုက်ထားလို့ ပျင်းစရာတော့လုံးဝမကောင်းပါဘူး တစ်ကားလုံး ဇာတ်လမ်းဇာတ်ကွက်အချိတ်အဆက်မိမိ တင်ဆက်ထားပါတယ်။ ယနေ့ခေတ်ရဲ့ Social life ကိုလုံးဝပုံဖော်ရိုက်ကူးထားတဲ့ကားလေးပါ။ အမှုအသွားအလာကလဲ စိတ်ဝင်စားဖို့ကောင်းသလိုသားသမီးနဲ့မိဘကြားက မထင်မှတ်တဲ့အမှားလေးတွေ နားလည်မှုလွဲမှုလေးတွေကိုလဲ လှစ်ဟပြထားပါသေးတယ်။ လျို့ဝှက်ဆန်းကြယ်ဇာတ်ကားမျိုးကိုမှသဘောကျတဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့်ကားလေးတစ်ကားဖြစ်ပါတယ်။ အဲ့ဒါအပြင် တစ်ကားလုံး အင်တာနက်သုံးနေတာဖြစ်နေတဲ့အတွက် ဇာတ်ကားကြည့်ရင်းပညာပါရနိုင်ပါသေးတယ်ခင်ဗျ :D မှတ်ချက်။ ။ ဒီဇာတ်ကားရဲ့ Engမူရင်းစာဖိုင်မှာ Chat messageနေရာတွေမှာ စာတန်းမပါလာတာကြောင့် ကိုယ့်ဘာသာကိုယ်အသစ်ထည့်ပေးထားပါတယ်။အဲ့ဒါကြောင့်အချို့နေရာတွေမှာ စာတန်းမြန်နေတာမျိုးရှိနေနိုင်ပါတယ်။ စာတန်းအတွက် အချိန်နည်းလွန်းနေတာမျိုးပါ။ သည်းခံဖတ်ပေးကြပါခင်ဗျ :D (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဟိန်းမင်းထွန်းပါ) File Size : (800 MB) and (380 MB) Quality : HCHDRip 720p Running Time : 1hr 42min Format : Mp4 Genre : Drama , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.HC.HDRip.X264.AC3-EVO Translated by Hein Min Tun Encoded by Thanhtike Zaw

Action & Adventure • Drama • Mystery • Sci-Fi & Fantasy
7.6 2018 102 mins
Searching
The Greatest Showman
7.9

ခြူးတစ်ပြားမှ မရှိသူတစ် ယောက်အဖြစ်ကနေ ကမ္ဘာသိ ဆပ်ကပ်တည်ထောင်သူဖြစ်လာ သူတစ်ဦးအကြောင်း တင်ဆက် ထားတာဖြစ်ပါတယ်။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ပီတီဘာနမ်ဟာ ခြူးတစ်ပြားမှမရှိတဲ့ ဘဝကနေကြီးပြင်းလာရသူဖြစ်ပြီး အရွယ်ရောက်လို့ အလုပ်ဝင်တဲ့အခါမှာ လည်း အလုပ်က ဒေဝါလီခံသွားတဲ့အတွက် အလုပ်လက်မဲ့ဖြစ်ခဲ့ ပါတယ်။ ဘာနမ်ဟာ အလုပ်ပြုတ်ပြီး တဲ့နောက် သူ့မိသားစုအတွက် တစ်ခုခုတော့လုပ်မှဖြစ်မယ့် အနေအထားမှာ ဂီတနဲ့ပေါင်းစပ်တဲ့ ဆပ်ကပ်ပွဲလုပ်ဖို့ စိတ်ကူးရခဲ့ပါ တယ်။ အဲဒါနဲ့ ဘာနမ်ဟာ သူနဲ့အ တူ အလုပ်လုပ်နိုင်မယ့်သူတွေကို တစ်ဦးချင်းစီ လိုက်လံစုဆောင်း ပြီး ပွဲတစ်ခုစီစဉ်ခဲ့ပါတော့တယ်။ အဲဒီနောက်မှာတော့ အက မယ်တွေ၊ ကျွမ်းဘားမယ်တွေ၊ မျက်လှည့်ပညာရှင်တွေစသဖြင့် လူတွေအများကြီးနဲ့ မြိုင်ဆိုင်လှ တဲ့ ဘာနမ်ရဲ့ နယ်လှည့်ဆပ်ကပ် အဖွဲ့ကြီးဖြစ်တည်လာပါတော့ တယ်။ ရှိုးပွဲစီးပွားရေးကို စတင်ခဲ့တဲ့ပီတီဘာနမ်ရဲ့ ဘဝဖြတ်သန်းမှု အချိုးအကွေ့တွေနဲ့ ၁၉၁၉ လောက်က ဆပ်ကပ်ပြပွဲတွေ စတင်ခဲ့ရတဲ့အနေအထားတွေ၊ ရင်းဂလင်းညီအစ်ကို၊ ဘာနမ်နဲ့ ဘေလီဆပ်ကပ် အဖွဲ့ကြီးရဲ့အ ကြောင်းတွေကို ရှုစားရမှာမို့ ပရိ သတ်အကြိုက်တွေ့မှာ သေချာပါ တယ်။ X-Man လို့ ပရိသတ်အသိများတဲ့ သရုပ်ဆောင် ဟျူးဂျက်ခ် မန်းက ဆပ်ကပ်တည်ထောင်သူ ပီတီဘာနမ်နေရာကနေ သရုပ်ဆောင်ထားပြီး ဇက်ခ်အက်ဖ်ရွန်၊ မစ်ရှဲလ်ဝီလျံ၊ ရီဘက်ကာဖာဂူ ဆန်၊ ဇန်ဒါရာ၊ ကီရာလာဆက် တယ် စတဲ့ သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File Size : (951 MB) Quality : Blu-Ray 720p Running Time : 1hr 45min Format : Mp4 Genre :Biography, Drama, Musical Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-SPARKS Translated by EL’ Moh Encoded by Thanhtike Zaw

Action & Adventure • Drama
7.9 2017 105 mins
The Greatest Showman
The Lion King II: Simba’s Pride
6.4

The Lion King 2 ******************** အားလုံးရဲ့ အချစ်တော် ခြင်္သေ့လေးစင်ဘာဟာ အရွယ်ရောက်လို့ ဘုရင်ကြီးစင်ဘာအဖြစ် အုပ်စုကို တာဝန်ယူနေပါပြီ။ အရိုက်အရာ ဆက်ခံမယ့် ခီယာရာဆိုတဲ့ အဖေတူသမီးတော်လေး တစ်ယောက်လည်း ရှိပါတယ်။ ခီယာရာလေးဟာ အရွယ်ရောက်လို့ အရာရာကို စူးစမ်းလို စိတ်ပြင်းပြနေပါတယ်။ ဒီတော့ ငယ်ရာကကြီးလာတဲ့ စင်ဘာ စိတ်ပူရပါပြီ။ တစ်ဘက်မှာလည်း နယ်နှင်ခံလိုက်ရတဲ့အုပ်စုက ခြင်္သေ့မ ဇီရာဟာ စကားရဲ့အရိုက်အရာကို ဆက်ခံမယ့် ကိုဘူးလေးကို ပျိုးထောင်ပေး နေပါတယ်။ လက်စားချေဖို့ အမုန်းတရားတွေနဲ့ အပြင်းအထန်လေ့ကျင့် ပေးနေပါပြီ။ ဇီရာဟာ စင်ဘာကို အလစ်ချောင်း လုပ်ကြံဖို့ ကိုဘူးကို အသုံးချပါတော့တယ်။ အစီအစဉ်အရ ကိုဘူးတစ်ယောက် စင်ဘာနဲ့ နီးစပ်နိုင်ဖို့ သမီးဖြစ်သူ ခီယာရာကို အရင်ချဉ်းကပ်ရပါတယ်။ အသုံးချဖို့ စခဲ့ပေမယ့် ကံကြမ္မာရဲ့လှည့်စားမှုကြောင့် သူတို့နှစ်ဦး ချစ်မိသွားပါတော့တယ်။ အမုန်းတရား လှည့်စားမှုတွေ သစ္စာဖောက်မှုတွေနဲ့ အုပ်စုနှစ်ခုကြားက ချစ်သူနှစ်ဦးရဲ့ လမ်းခရီး‌လေး ဖြောင့်ဖြူးပါ့မလား အတူပေါင်းစည်းနိုင်ဖို့ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ မူဖာဆာပြောခဲ့တဲ့အတိုင်း တစ်သားတည်းဖြစ်အောင် ပေါင်းစည်းနိုင်ပါ့မလားဆိုတာကိုတော့… File Size : (1.14 GB) and (553 MB) Quality : Blu-Ray (1080p 5.1, 720p) Running Time : 1hr 21min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Phu Myat Thwe Encoded by Thit San Khant

Horror
6.4 1998
The Lion King II: Simba’s Pride
Beans
6.9

Beans (2020) ========== IMDb Rating – 6.9/10 “ကမ္ဘာပေါ်မှာ မျိုးနွယ်တစ်ခုပဲရှိတယ် လူသားမျိုးနွယ်ပါ” တဲ့။ ဒီဇာတ်ကားက တကယ့်သမိုင်းဝင်အဖြစ်အပျက်ပေါ် အခြေခံ ပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ ၁၉၉၀ခုနှစ်မှာ Oka မြို့က သူတို့ဂေါက်ကွင်းကိုချဲ့ဖို့အတွက် Mohawk တိုင်းရင်းသားတွေ အထွတ်အမြတ်ထားတဲ့မြေကို ထိဖို့ကြိုးစားပါတယ်။ အဲဒီမှာပဲ ၇၈ရက်ကြာ အရေးအခင်း ဖြစ်ပွားခဲ့တာပါ။ အဲဒီအချိန်တုန်းက ဒီဇာတ်ကားရဲ့ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေး ဆရာဖြစ်တဲ့ Tracey Deer က ၁၂နှစ်အရွယ် Mohawk သူ လေးပါ။ Tracey Deer က ဒီဇာတ်လမ်းကို Meredith Vuch- nich နဲ့အတူ ၂၀၁၂မှာ စရေးခဲ့ပေမဲ့ အရေးအခင်းကာလရဲ့အချိန် တွေကို ပြန်စဉ်းစားရတာက သူ့အတွက် ခက်ခဲလို့ ၇နှစ်တိတိ ကြာပြီးမှ ဒီဇာတ်လမ်းကိုအဆုံးသတ်နိုင်သွားတာပါတဲ့။ ပင်ပန်း ခဲ့ရတာနဲ့တန်အောင်ပဲ ဒီဇာတ်ကားက ဆုပေါင်း၁၅ဆုရရှိထား ပါတယ်။ Oka အရေးအခင်းကာလ အဖြစ်အပျက်တွေ၊ Mohawk တွေရဲ့ တိုက်ပွဲ နဲ့ ဇာတ်လိုက်ဖြစ်တဲ့ ဘင်းစ်ဆိုတဲ့ ဆယ်ကျော်သက်ကောင် မလေးရဲ့ စိတ်ထား၊အကျင့်စရိုက်ပြောင်းလဲမှုတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.52 GB) / (640 MB) / (365 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 32Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….EL Encoder……….SWM

6.9 2020 92 mins
Beans
Fool’s Paradise
6

Fool’s Paradise(2023) ********************* ဒီဇာတ်လမ်းလေးကတော့ ရုပ်ရှင်လောကအကြောင်း‌ သရော်ထားတဲ့ Comedyကားလေးပါ။ အနုပညာလောကရဲ့ ကျော်ကြားမှုတွေ၊ ဂုဏ်‌တွေ၊ ငွေတွေနောက်လိုက်ကြတဲ့သူတွေရဲ့ ဇာတ်ကြောင်းဘဝတွေပါ။ အနုပညာရှင်တွေဆိုတာ နေ့ချင်းညချင်းနာမည်ထကြီး၊ နေ့ချင်းညကြီးပဲ ခွက်ပျောက်ဖြစ်သွားတဲ့သဘောရှိပါတယ်။ ဒီလောကထဲမှာပဲ နာမည်ကြီးစဥ်က ကပ်ဖားယပ်ဖားလုပ်ပြီး အရှိန်အဝါမှေးမှိန်သွားမှ ပစ်ချတတ်တဲ့ အေဂျင်စီတွေရဲ့ သဘောကိုလည်း မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းကြောင်းအနေနဲ့ စကားလည်းမပြောတတ်၊ ဉာဏ်ရည်ကလည်း ငါးနှစ်ကလေးသာသာ ကျပ်မပြည့်တဲ့သူတစ်ယောက် အနုပညာလောကကြီးမှာနာမည်ကြီးဖြစ်လာပုံကိုရိုက်ကူးပြထားတာပါ။ တစ်ကားလုံးမှာမှ စကားက လေးလုံးပဲပြောသွားပါတယ်။ သူ့ကို အမှီပြုပြီး ဖြတ်ခုတ်တွေ၊ ကပ်ဖားတွေ၊ အချောင်စားချင်တဲ့သူတွေအကြောင်းမြင်တွေ့ရမှာပါ။ Mr. Beanလို စကားမပြောဘဲ ဝါးလုံးကွဲရယ်ရအောင်လုပ်ပြတဲ့ကားမျိုးတော့မဟုတ်ပါဘူး။ သရော်ကားဖြစ်တာနဲ့အညီ လူတွေရဲ့ စိတ်နေစိတ်ထားတွေ၊ တစ်ပတ်ရိုက်အကွက်တွေ မြင်တွေ့ရမယ့်ကားမျိုးပါ။ File Size : (2.2GB)and (703MB) Quality :WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:38:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

6 2023 99 mins
Fool’s Paradise
Cure
7.5

Cure (1997) ~ IMDb – 7.2/10, Rotten Tomatoes – 97% ~ Directed by “Kiroshi Kurosawa” Cure ရဲ့ ဒါရိုက်တာ ခိရိုရှိ ကူရိုဆာဝါကို ဂျပန်ရုပ်ရှင်ပရိသတ်တော်တော်များများလည်း ရင်းနီးလောက်ပါတယ်။ Japanese Horror Genre အကြောင်းပြောရင် မပါမဖြစ်ကိုထည့်ရမယ့် ဂုရုကြီးဖြစ်သလို လက်ရှိ ဂျပန်စီနီမာရဲ့ ဆရာတစ်ဆူလည်းဟုတ်တယ်။ ခိရိုရှိဟာ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာနဲ့ ဝေဖန်ရေးသမားဖြစ်သလို Tokyo University of the Arts မှာ ပရော်ဖက်ဆာလည်း လုပ်နေတယ်။ တစ်နှစ်က အော်စကာရခဲ့တဲ့ ဂျပန်ရုပ်ရှင် Drive My Car ရဲ့ ဒါရိုက်တာ ရူဆုခဲဟမဂုချိလည်း အဲဒီမှာပဲ သူ့တပည့်ဖြစ်ခဲ့သလို သူ့လွှမ်းမိုးမှုလည်း ရှိခဲ့တယ်။ ခိရိုရှိဟာ Pulse, Creepy, Tokyo Sonata, Séance, Retribution နဲ့ Charisma တို့လို အောင်မြင်တဲ့ Thriller, Horror ကားတွေကိုလည်း ရိုက်ခဲ့တယ်။ Cure ဟာ ခိရိုရှိ ကူရိုဆာဝါရဲ့ အကောင်းဆုံးတွေထဲက တစ်ကားဖြစ်သလို ခိရိုရှိကူရိုဆာဝါဟာ Cure နဲ့ပဲ အင်တာနေရှင်နယ်ရဲ့ အာရုံစိုက်မှုကို စရခဲ့တယ်။ ရလည်းရသင့်ပါတယ်။ ပြောရရင် ဒီကားကို တစ်ချို့က Se7en နဲ့ ဆင်တယ်လို့ပြောကြတယ်။ မှားတော့လည်းမမှားဘူး ပြောရမှာပေမဲ့ ဒီလိုကားမျိုးရိုက်လို့ ဒီလိုမျိုးဆင်သွားတာက ဆန်းတော့ဆန်းမနေဘူး။ ဒါပေမဲ့လည်း Cure ဟာ Se7en ထက် တင်ဆက်ပုံ ပိုသိမ်မွေ့သလို Se7en ရဲ့ အလှဆုံးလို့ပြောကြတဲ့ ဇာတ်သိမ်းထက် ပိုအထာကျတဲ့ ဇာတ်လမ်းမျိုးပိုင်ထားတယ်လို့တော့ ပြောချင်တယ်။ လူတိုင်းအတွက်တော့ ဒီလိုဖြစ်နေမယ်မထင်ဘူး။ ဂျပန်ရုပ်ရှင်ရဲ့ တင်ဆက်ပုံနဲ့ ရင်းနှီးနေတဲ့ လူတွေအတွက်တော့ ဟုတ်လိမ့်မယ်။ ပါရာဆိုက်နဲ့အော်စကာရခဲ့တဲ့ ဘွန်းဂျွန်းဟိုကတော့ Cure ကို One of the Greatest Films of All Time လို့ ဆိုထားဖူးတယ်။ ဒီကားက ခိရိုရှိကူရိုဆာဝါနဲ့ Koji Yakusho ပထမဆုံး စတွဲရိုက်တဲ့ကားလည်းဟုတ်တယ်။ ခိုဂျိရဲ့ သရုပ်ဆောင်စွမ်းရည်ကို စပြနိုင်ခဲ့တဲ့ သူ့ရဲ့အစောပိုင်းကားတွေထဲက တစ်ကားလည်းဟုတ်တယ်။ ခိုဂျိဟာ ခိရိုရှိနဲ့ Pulse, Séance, Retribution, Charisma တို့လည်း ဆက်တွဲရိုက်ခဲ့တယ်။ အကုန်လုံးလည်း အောင်မြင်ခဲ့တယ်။ နောက်ပိုင်း သူဟာ Kore-eda တို့ Shinji Aoyama တို့နဲ့လည်း ရိုက်ခဲ့သလို တစ်နှစ်ကဆို Under the Open Sky လို သူ့သရုပ်ဆောင်စွမ်းရည်ကို ပြနိုင်တဲ့ကားမျိုးတွေ ရိုက်ခဲ့တယ်။ အင်တာနေရှင်နယ်အနေနဲ့ Memoirs of a Geisha တို့ Babel တို့ ဒီနှစ်ဆို Wings of Desire ဒါရိုက်တာ Wim Wenders နဲ့ Perfect Days ရိုက်ပြီး Cannes မှာပါ မင်းသားဆုရသွားတယ်။ သတိထားမိချင်မှ ထားမိမှာပေမဲ့ သူ့ကို ကျွန်တော်တို့ Tampopo လို ဂန္ထဝင်ကားမှာ စတွေ့နိုင်တယ်။ Cure ရဲ့ ဇာတ်ဟာ စုံထောက်နဲ့ စိတ္တဇလူသတ်သမား အပြိုင်ကြဲတဲ့ ဇာတ်လိုဇာတ်မျိုးပဲ။ ဒါပေမဲ့ ဒီနောက်ကွယ်မှာ စိတ်ရဲ့အစစ်အမှန်ဆိုတာနဲ့ ပေါင်းစပ်ထားတယ်။ ဒီလိုဆိုလို့ ကြောင်တောင်တောင် ဒိုင်တွေချည်း ထိုင်ရွတ်နေမှာလားဆိုတော့ မဟုတ်ဘူး။ မသိမသာလေးနဲ့ပဲ ကစားသွားတယ်။ ဒါကြောင့်လည်း တင်ဆက်ပုံက တော်တော်သိမ်မွေ့တယ်လို့ ပြောခဲ့တာပါပဲ။ ပြောရရင် ဒီထဲက လူသတ်သမားက လူသတ်နေတာတောင်မဟုတ်ဘူး။ လူတွေသေကြတယ်။ သေပုံတွေဆင်ကြတယ်။ ဒါပေမဲ့ သူတို့ကြား ဘာအဆက်အစပ်မှ ရှိမနေသလို သူတို့ကိုသတ်သွားတဲ့လူတွေဆိုတာကလည်း သူတို့ရဲ့ အရင်းနှီးဆုံး သူတို့အချစ်ဆုံးလူတွေချည်း။ ဒါပေမဲ့ စုံထောက်က မသင်္ကာဘူး။ ဒီကြားက အဆက်အစပ်ကို ရအောင်လိုက်ရှာတယ်။ တကယ်တမ်းလည်း အဆက်အစပ်က ရှိမနေဘူး။ ဒါပေမဲ့ ဘာအကြောင်းနဲ့ ဒီလူတွေ ဒီလိုဖြစ်ကြလဲဆိုတာကို စုံထောက်က‌ တွေ့သွားတယ်။ ဒါပေမဲ့လည်း သူလက်လှမ်းမမီပြန်တဲ့အရာပေါ့။ ဒါကို သူဘယ်လိုဖြေရှင်းမလဲ ကြည့်ရမယ့်ဇာတ်ပေါ့။ ဒီဟန်ကို ဘန်နီဒစ်ကမ်ဘားဘတ်ရဲ့ ရှားလော့အပိုင်းတစ်ပိုင်းမှာလည်း သုံးသွားဖူးတယ်။ ဘယ်အပိုင်းလဲတော့ စပွိုင်လာဖြစ်မှာစိုးလို့ မပြောတော့ဘူး။ ၂ခုလုံးကြည့်ဖူးရင် သိမှာပါပဲ။ နိဂုံးချုပ်ရရင် Cure ဟာ သိမ်မွေ့တယ် သိချင်စရာကောင်းတယ်။ ကြက်သီးထစရာကောင်းတယ်။ အေးစက်တယ်။ အေးစက်တာနဲ့မလိုက်အောင်ဘဲ Cure ဟာ အားရစရာကောင်းတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.25GB, 970MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 51Min Genre – Crime, Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.5 1997 112 mins
Cure
Trainwreck
6.2

စိတ်ပိုင်းဆိုင်ရာအရ ငယ်စဉ်မှာ မိသားစုနဲ့ ပတ်သက်ပြီး စိတ်ဒဏ်ရာခံစားခဲ့ရတဲ့ကလေးတွေဟာ သူတို့စိတ်ထဲမှာ ဒဏ်ရာ ရခဲ့တာကို စွဲလမ်းနေတတ်ပြီး အသက်ကြီးလို့ လက်တွဲဖော်ရွေးတဲ့အခါမှာလည်း ကိုယ့်အပေါ် မကောင်းတဲ့လူ၊ နာကျင်စေတတ်တဲ့လူတွေကပဲ ရွေးချယ်နေတတ်ကြတယ်လို့ ဆိုကြပါတယ်။ Amy Townsend ကတော့ အဖေနဲ့ အမေရဲ့ အိမ်ထောင်ရေးအကွဲအပြဲကြား “တစ်လင်တစ်မယား စနစ်ဆိုတာ လက်တွေ့မဆန်ဘူး”ဆိုတဲ့ စကားနဲ့ ကြီးပြင်းလာရတဲ့ ကောင်မလေးပါ။ ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် တွဲတတ်ပေမဲ့ ဘယ်သူ့ကိုမှ အတည်မတွဲဘဲ အပေါ်ယံ ပေါ့ပျက်ပျက်ပဲ ဆက်ဆံတတ်ပါတယ်။ S’nuff မဂ္ဂဇင်းတိုက်မှာ အယ်ဒီတာအနေနဲ့ အလုပ်လုပ်နေတဲ့ Amy တစ်ယောက် အားကစားသမားတွေကို ခွဲစိတ်ပေးနေတဲ့ နာမည်ကြီးဆရာဝန် ဒေါက်တာ Aaron ကို အင်တာဗျူးလုပ်ဖို့ တာဝန်ပေးခံရတဲ့အခါမှာတော့….. ဒီရုပ်ရှင်ရဲ့ ဇာတ်ညွှန်ကို Amy Schumer ရေးထားပြီး Amy Townsend အဖြစ် ကိုယ်တိုင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးခွဲစိတ်ဆရာဝန် Dr. Aaron အဖြစ် Bill Hader က သရုပ်ဆောင်ထားပါတယ်။ Action မင်းသားကြီး John Cena လဲ ရည်းစားတွေထဲက တစ်ယောက် အဖြစ် ပါဝင်သရုပ်ဆောင်ပေးထားပါသေးတယ်။ ဇာတ်ကွက်အနေနဲ့ မထူးဆန်းပေမဲ့ ပေါ့ပေါ့ပါးပါး ရယ်‌မောပြီး ဘဝအမောတွေ ပြေစေမယ့် Rom-Com ရုပ်ရှင်လေးကို ခံစားကြည့်ကြပါဦးနော် File size… 2.1 GB / 752 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 2h 5m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Phu Myat Thwe

6.2 2015 125 mins
Trainwreck
Parachute
6

CM ပရိတ်သတ်ကြီးကို Rotten Tomatoes 87% နဲ့ IMDB 7.5 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဆိုရှယ်မီဒီယာဟာ ယနေ့ခေတ်ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရာတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတယ် ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူးဗျ။ မနက်မိုးလင်း မျက်စိဖွင့်လို့ ညအိပ်ယာဝင်သည်အထိ Facebook, Instagram, Twitter အစရှိတဲ့ App မျိုးစုံကို ရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုနေကြတာပေါ့။ ဒါပေမဲ့ ခက်တာက လူအတော်အများဟာ Social Media ပေါ်က အတုအယောင် lifestyle တွေနဲ့ influencer တွေရဲ့ based on fact မဟုတ်တဲ့ အတွေးအမြင်တွေကို အမှန်လို့ ယူဆလာကြပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်တွေ မလုံလောက်တဲ့စိတ်တွေ တဖြည်းဖြည်း စိမ့်ဝင်လာကြပါတယ်။ ဒီကားထဲက Riley ဟာလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး မူမမှန်တဲ့ စိတ်ရောဂါတစ်ခုရှိနေတာပါ။ မော်ဒယ်တွေရဲ့ ကျော့ရှင်းလှတဲ့ပုံတွေကို မြင်တိုင်း တခြားမိန်းကလေးတွေကို မြင်တိုင်း သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့ သူပေါ့။ ပြန်ထည်ထူထောင်ရေးစခန်းက ပြန်ထွက်လာပြီး ဘဝကို အသစ်က ကြိုးစားရှင်သန်တော့မဲ့နေရာကနေ ဇာတ်လမ်းကို အစပျိုးထားပါတယ်။ ဇာတ်လမ်းကို ငြိမ့်ငြိမ့်လေး ခံစားရမယ်။ သင်ခန်းစာတချို့လည်းရမယ်ဆိုတော့ သေချာပေါက် ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ထင်ပါတယ်ဗျာ။ (အညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.87GB / 718MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

Horror • Thriller • Mystery
6 2024 108 mins
Parachute
A Song from the Dark
6.6

IMDb Rating(6.6/10) နိုင်ဂျီးရီးယားကရှေးခေတ်အယူအဆတွေအပေါ်မှာ အခြေခံထားတဲ့ သာဘာဝလွန်ဖြစ်ရပ်ကားလေးပါ၊ ဆုတောင်းသံတွေကြောင့် ဝိညာဉ်တွေဟာ သက်ရှိလောကစွပ်ဖက်နိုင်စွမ်းရှိပြီး ဒီလိုစွပ်ဖက်မှုကိုလည်း ကာကွယ်ပေးတဲ့သူတွေကလည်းရှိပါတယ်၊ Ashionye တို့မျိုးရိုးဟာ seers လို့ခေါ်တဲ့ သက်ရှိတွေကို ဝိညာဉ်တွေလက်ထဲကနေကာကွယ်ပေးတဲ့သူတွေပါ၊ Ash ကလည်းဒီပါရမီကိုဆက်ခံခဲ့ရပြီး ငယ်ငယ်ထဲက သူ့အဖေဟာ ဝိညာဉ်တွေရဲ့ခေါ်ဆောင်သွားခြင်းကိုခံခဲ့ရတာမို့ တကောင်ကြွက်ဖြစ်ခဲ့ရတာပါ၊ အဲ့ဒီနောက်မှာ Magnus နဲ့ Isioma တို့လင်မယားက England ကိုခေါ်သွားတာကြောင့် England မှာဘဝအသစ်စခဲ့ရပါတယ်၊ အရွယ်ရောက်လာတဲ့အခါ သူ့ရဲ့ပါရမီကိုအသုံးချပြီး ငွေရှာနေခဲ့ပါတယ်၊ Magnus နဲ့ Isioma တို့ကလည်းအတူမနေကြတော့ပဲ Isioma ကသူကလေးတွေနဲ့အတူ သူ့သတို့သားလောင်း Russell နဲ့အတူနေထိုင်နေကြတာပါ၊ Magnus ကနိုင်ဂျီးရီးယားနိုင်ငံရေးသမားတယောက်ဖြစ်လာခဲ့ပြီး တရက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေနဲ့ ကိုယ့်ဟာကိုသတ်သေသွားခဲ့ပါတယ်၊ ဒါဟာသမရိုးကျသေဆုံးခဲ့ရတာမျိုးမဟုတ်ဘဲ ‌အမှောင်ထုကဝိညာဉ်‌တွေနဲ့ဆက်စပ်နေခဲ့ပါတယ်၊ Isioma နဲ့ သူ့ကလေး၃ယောက်မှာလည်း အမှောင်ထုနဲ့နီးကပ်လာတဲ့ အရိပ်အယောင်တွေဖြစ်လာပြီး Ash တယောက်ကဒါတွေကိုဖြေရှင်းပေးဖို့ဖြစ်လာပါတယ်၊ Ash တယောက်ကရင်ဆိုင်ရမယ့် ဝိညာဉ်ကဘယ်သူလဲ၊ Magnus တို့ကဘာတွေများလုပ်ခဲ့လို့ ဒီဝိညာဉ်က မိသားစုတခုလုံးကိုပစ်မှတ်ထားခဲ့ရတာလဲ၊နောက်ဆုံးမှာကော Isioma နဲ့ ကလေး၃ယောက်က အသက်ရှင်သွားနိုင်ပါ့မလား File size…(1.7 GB)/(850 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Drama, Fantasy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Myat Kyaw

6.6 2024 105 mins
A Song from the Dark
Thorns of Love
7.3

Thorns of Love (2023) IMDb Rating (7.3) Kentaro ဆိုတဲ့ ရည်းစားကောင်လေး ​ပစ်သွားတာခံလိုက်ရတဲ့ စာကြည့်တိုက်ဝန်ထမ်းဖြစ်တဲ့ ရိုးရိုးအေးအေးကောင်မလေး Tomita Momo က သူ့ရည်းစားဟောင်း Kentaro ရဲ့ ကောင်မလေးအသစ်ကို social media ပေါ်ကနေ တွေ့ခဲ့တယ်။ Kentaro ရဲ့ လက်ရှိရည်းစားဖြစ်တဲ့ Riko က Momo နဲ့ ဆန့်ကျင်ဘက် ရဲရင့်၊ confidence ရှိပြီး ပြင်တတ်ဆင်တတ် အလန်းစားကောင်မလေးတစ်ယောက်ပေါ့။ Momo က သူ့ရည်းစားဟောင်းရဲ့ ကောင်မလေးအသစ် Riko ကို မနာလိုအားကျပြီး Riko လို ဖြစ်ချင်ရာကနေ တစ်နေ့မှာ Riko နဲ့ဆုံပြီး စကားပြောဖိုကြိုးစားခဲ့တယ်။ ရည်းစားချင်းတူနေတဲ့ ကောင်မလေးနှစ်ယောက် စစချင်းမှာ ​အချင်းချင်း အမြင်မကြည်ရာကနေ နှစ်ယောက်သား ပူးပေါင်းမိချိန်မှာတော့ မထင်မှတ်ထားတဲ့ချိတ်ဆက်မှုတွေပေါ်လာပြီး သူတိုနှစ်ယောက်ရဲ့ဆက်ဆံရေး ဘယ်လိုပြောင်းလဲလာမလဲဆိုတာကို plot ကောင်းကောင်းနဲ့ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.2 GB) / (720 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:38:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

7.3 2023 98 mins
Thorns of Love
Việt and Nam Trong lòng dat
6.4

Việt and Nam (2024) IMDb Rating (6.4) / Rotten Tomatoes (100%) ဗီယက်နမ်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အချင်းချင်းချစ်ကြိုက်နေတဲ့ ကျောက်မီးသွေးမိုင်းတွင်း လုပ်သားလေးနှစ်ယောက်ရဲ့ အကြောင်းပါ။ တစ်ယောက်ကတော့ တနယ်တကျေးကို စွန့်စားသွားပြီး ဘဝသစ်ထူထောင်ချင်နေပြီး နောက်တစ်ယောက်ကတော့ ဗီယက်နမ်စစ်ပွဲအတွင်းက ပျောက်ဆုံးနေတဲ့ သူ့အဖေကို ရှေ့တန်းစစ်မျက်နှာပြင်ဟောင်းအထိ သွားရှာချင်သူပါ။ သူတို့နှစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်ကိုယ်စီပြည့်စုံနိုင်မနိုင်ကတော့ ရှူစားကြည့်ပါ။ ထူးခြားချက်ကတော့ ၂နာရီဝန်းကျင်ရုပ်ရှင်တစ်ကားလုံး ဇာတ်ဆောင်တွေရဲ့ နာမည်ကို တစ်လုံးမှ ခေါ်မသွားပါဘူး။ ဇာတ်လမ်းက သိပ်မဆန်းပေမယ့် တင်ပြပုံ၊ ဗီယက်နမ်လူမျိုးတွေရဲ့ ရိုးရာ၊ ယုံကြည်မှု၊ ဗီယက်နမ်စစ်ပွဲရဲ့ အနိဌာရုံ စတာတွေကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ LGBTQ လိင်ဆက်ဆံခန်းပြကွက်တချို့ပါဝင်လို့ ကြည့်ရှုသူများသတိပြုပါ။ Thanh Hai Pham, Duy Bao Dinh Dao, Thi Nga Nguyen နဲ့ Viet Tung Le တို့က သရုပ်ဆောင်ထားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Minh Quy Truong ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာ ဒါရိုက်တာဆု၊ ရုပ်ရှင်ဆု စသဖြင့် ဆုပေါင်း ၅ ဆုရထားသလို စကာတင် ၁၉ကြိမ်ဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(3.9 GB) / (1.7 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:05:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

Romance • Comedy
6.4 2024 124 mins
Việt and Nam Trong lòng dat
The Beta Project
4

The Beta Project (2025) သဘာဝလွန်ရုပ်ရှင်တွေကို ကြည့်ရတာစိတ်ဝင်စားတဲ့သူတွေအတွက် ဒီလထဲအသစ်ထွက်ထားတဲ့ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Supernatural တွေကိုလိုက်ရှာပြီး ရှင်းလင်းနေတဲ့ “The Project” ဆိုတဲ့ အဖွဲ့အစည်းဟာ နတ်ဆိုးတွေရဲ့မိခင်ကြီး Lilith ကို ရှင်းလင်းဖို့အတွက် အသုံးဝင်မယ့် အရည်အချင်းကိုယ်စီရှိတဲ့ အမျိုးသမီးလေးယောက်ကို လိုက်လံရှာဖွေစုဆောင်းဖို့ ကြံစည်ထားခဲ့ကြပါတယ်။ အဲ့ဒီအမျိုးသမီးလေးယောက်က ဘယ်သူတွေလဲ…တကယ်ပဲအားလုံးကို စုစည်းနိုင်မှာလား..? The Project ရဲ့ အစီအစဉ်တွေကရော အကုန်အထမြောက်ပါ့မလား အစရှိတဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေအပြင် ကံကြမ္မာအကြောင်းကိုပါ ဒီဇာတ်လမ်းလေးထဲမှာ တစေ့တစောင်းကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Plot twist တွေပါ ပါဝင်တာကြောင့် တွေးရတာကြိုက်တဲ့သူတွေဆိုရင်တော့ လက်လွှတ်မခံဖို့ အကြံပြုချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (1.2 GB) / (540 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Acrion Duration…. 01:23:23 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Theint Waddy Lynn

Comedy • Romance
4 2025 82 mins
The Beta Project
Summer Days with Coo
7.4

Summer Days with Coo (2007) ——————— IMDB – 7.4/10, MyAnimeList – 7.4/10 တစ်ရက်မှာ ကိုးအိချိဆိုတဲ့ကောင်လေးဟာ မြေကြီးထဲက ကျောက်တုံးထဲမှာပိတ်မိနေတဲ့ ဂျပန်ဒဏ္ဍာရီလာ ကပ်ပါအကောင်လေးကို အမှတ်တမဲ့ ကောက်ယူမိပြီး အိမ်ကိုခေါ်လာခဲ့ပါတယ်။ ကပ်ပါဆိုတာ ကလေးအရွယ်ခန္ဓာကိုယ်အရွယ်အစားကို လိပ်ကျောအခွံနဲ့ခေါင်းမှာအပြားလေးပါတဲ့ မြစ်နေသတ္တဝါလေးတွေဖြစ်ပါတယ်။ သူတို့ကလူစကားလည်းပြောတတ်ကြသလို ရေကူးလည်းအရမ်းကျွမ်းကျင်ကြပြီး လူတစ်ယောက်ထက်တောင် အားပိုကောင်းပါတယ်တဲ့။ ကပ်ပါဆိုရင် သခွားသီးနဲ့တွဲမြင်ရလောက်အောင်လည်း သူတို့က သခွါးသီးလည်း အရမ်းကြိုက်ကြပါသေးတယ်နော်။ အဲဒီ လွန်ခဲ့တဲ့နှစ်ပေါင်းရာချီက ကပ်ပါကောင်လေးဟာ သူ့ရဲ့မျိုးနွယ်စုတွေကိုရှာဖွေဖို့ ကိုးအိချိနဲ့ခရီးတွေသွားရင်း ဘာတွေဆက်ဖြစ်မလဲ ဘယ်လိုဒရမ်မာတွေခင်းမလဲဆိုတာ သိရအောင် ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါရစေနော်။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Na Ei ဖြစ်ပါတယ်) File size… 1.8 GB / 840 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 18m Genre ….. Animation, Adventure, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Na Ei

7.4 2007 138 mins
Summer Days with Coo