YoteShin Drive is below this article. Scroll down to view.

The Redmi Pad will be announced on October 4

Author: Anonymous Published on: 12 Aug 2022

Xiaomi will announce a 12T series with the 200MP camera on October 4, and the company has now confirmed that the new tablet is called the Redmi Pad. 𝑻𝒉𝒆 𝑹𝒊𝒈𝒉𝒕 𝑹𝒊𝒈𝒉𝒕 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 𝑪𝒉𝒐𝒊𝒄𝒆 for entertainment, gaming, e-learning, and browsing is here. 🤩the #redmipad is launching on the 4th of October, 12 pm! Stay tuned: https://t.co/3wa6eqk0um Tell us in Comments Below What You Would Use #redmipad! pic.twitter.com/z5sgr48szy & mdash; Redmi India (@redmiindia) September 29, 2022 The Redmi Pad is the entertainment, Games, Gain for e-learning and browsing and the company will produce green. The 8MP camera will be equipped on the back. The brown model will be released under the photo displayed on Xiaomi's official website. Xiaomi has not said anything to the specs of the Redmi Pad, but it will be included in HELO G99 Soc, Android 12-based MIUI to select 4GB of RAM and 128GB storage. The Redmi Pad will feature a 10.61-inch 90hz LCD 2000 & # 215; The 8,000 pixel battery and 18w Charging. The 22.5W adapter will be included in the container. The tablet will also include Dolby ATMOS Certificate Specifices and will feature an 8MP camera on the east. Graphite Gray, Moonlight Silver and Mint Green colors will be made. This is the specs of the WiFi model, which is different in the 11.2-inch display. 7,800mAh batteries are reported. It is not yet known whether the model will be announced on the 4th of this month. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mountain Village Inn (2023) 1080p WEB-DL CM.mp4

762.09 MB N/A video/mp4 899 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Wedding Crashers
6.5

IMDb Rating -7/10 Rotten Tomatoes - 75% Wedding crashers ဆိုတဲ့သူတွေက မင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲ အပျော်တမ်းလိုက်တက်တဲ့သူတွေ နောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ် ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာ မင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့ အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီး မင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။ အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာ မျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာ ပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲ ကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်က ခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ် ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီး ချစ်မိသွားလေသောအခါ... ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... နောက်ကြောင်း အလိမ်အညာဇာတ်ထုပ်ကြီးနဲ့ သူ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ... ဂျရဲမီ နဲ့ ကလဲရာရဲ့ညီမဖြစ်သူ (စပ်စပ်လူး နတ်ပူး) ဂလော်ရီရာ တို့လည်း တွေ့ဆုံသွားကြပြီး အဲ့မိသားစုနဲ့အတူ အပန်းဖြေအိမ်အထိ ပါသွားပြီး ဘာတွေ ဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုလိုက်ပါ ဒီအကြောင်းတွေကို ရယ်စရာမောစရာ ဟာသလေးတွေဘက်ကနေ ရိုမန့်ဆန်ဆန်လေး ရိုက်ကူးပြသွားတဲ့ comedy/romance ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဂျရဲမီအဖြစ် မင်းသားကြီး Vince Vaughn နဲ့ ဂျွန်အဖြစ် မင်းသားကြီး Owen Wilson တို့ နှစ်ယောက်အတွဲဆိုရင်တော့ friendship ဇာတ်ဝင်ခန်းတွေ ဟာသဇာတ်ဝင်ခန်းတွေကို ဘယ်လို chemistry မိမိ သရုပ်ဆောင်သွားကြလဲဆိုတာ ပြောပြနေစရာ လိုမယ် မထင်တော့ပါဘူး။ လူတိုင်းသိကြမယ့် Catch me if you can ဇာတ်လမ်းထဲက ဖခင်ကြီး Christopher Walken နဲ့ The notebook မင်းသမီးလေး Rachel McAdams တို့လည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ nominee တွေအများကြီးဝင်ခဲ့ပြီး award တွေ အများကြီးရထားတဲ့အပြင် IMDb Rating 7 အထိ ရရှိထားတဲ့ ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်မို့ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူကတော့ Orika ဖြစ်ပါတယ်) File size…  2.36GB / 1.05GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 59m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Crime • Drama • Thriller
6.5 2005 119 mins
Wedding Crashers
Sin City: A Dame to Kill For
6.4

2005က ထွက်ခဲ့တဲ့ Sin City (https://channelmyanmar.org/sin-city-2005/) ရဲ့ တိုက်ရိုက် အဆက်လို့ပြောလို့ရတယ်။ (အဆက်လို့တော့ လုံးလုံးပြောမရတာက ခေါင်းစီးအခန်းဖြစ်တဲ့ A Dame To Kill For က ပထမကားက ဒွိုက်ရဲ့ဇာတ်လမ်း မတိုင်ခင်က ဇာတ်လမ်းဖြစ်နေလို့ပါပဲ။ ပြောရရင် ဒီကဇာတ်တွေအားလုံးက တစ်ဇာတ်ကလွဲ ကျန်တာတွေက ပထမဇာတ်တွေကို ပြန်ဆက်ထားတဲ့ prequel တွေ sequel တွေချည်းပဲ။ ပထမကားရဲ့ အရသာကို ပြန်မီအောင်တော့လုပ်ထားတယ်။ ဒါပေမဲ့ ပထမကားလောက် လူမဆန်ခြင်းမျိုးတွေတော့ တွေ့ရမှာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူ့နည်းသူ့ဟန်နဲ့ အီဗာဂရင်းနဲ့ ဂျက်စီကာအယ်ဘာရဲ့ အလှတွေနဲ့ သွေးသံရဲရဲတွေကို ပေါင်းစပ်ထားတဲ့ ခပ်ကြမ်းကြမ်းကားတော့ ဖြစ်နေတုန်းပဲ။ ပထမကားမှာတုန်းက တစ်ခန်းတစ်ခန်းချင်းစီကို သူ့အခန်းနာမည်နဲ့ စာတန်းထိုးပေးထားလို့ တစ်ဆက်တည်းမဟုတ်မှန်းသိသာခဲ့ပေမဲ့ ဒီကားကတော့ တစ်ဆက်တည်းလိုလိုတော့ လုပ်ထားတယ်။ ဒီကားက အဖြစ်တွေမှန်သမျှ တစ်ဆက်တည်းလို့ ပြချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒီတော့ သူ့ Timeline ကို ပြန်စီချင်ရင် ဒီကားရဲ့အစဉ်ကို ဗဟိုထားပြီး ပထမကားက အပိုင်းတွေကို ဖြည့်လိုက်မှရမယ်။ Clive Owenကလွဲ ကျန်တဲ့ဇာတ်ကောင်တွေမှာ အရင်သရုပ်ဆောင်တွေပဲ သရုပ်ဆောင်ထားတယ်။ အသစ်တွေလည်းပါတယ်။ ဒီကားရဲ့ ဒါရိုက်တာနှစ်ယောက်က ခေတော့မခေဘူး။ တစ်ယောက်က မူရင်း ဂရပ်ဖစ်နိုဗယ်ရဲ့ စာရေးဆရာ ။ နောက်တစ်ယောက်က တာရန်တီနိုနဲ့ တစ်ယောက်တစ်ခြမ်းရိုက်ဖူးသလို သူ့ကားမှာလည်း တာရန်တီနိုကိုထည့်သုံးဖူးတဲ့ဘဲ။ ပထမကားရိုက်တာမှာလည်း တာရန်တီနို အကြံယူလိုက်တာလား။ ဝင်ရိုက်ပေးတာလားတော့မသိ ရှိတော့ရှိခဲ့တယ်။ သူကိုယ်တိုင်လည်း Mexico Trilogyလို့ခေါ်တဲ့ နာမည်ကြီး Trilogy ကို ရိုက်ထားဖူးတယ်။ သူရိုက်ခဲ့တဲ့ထဲ Alita: Battle Angelတို့ Once Upon a Time in Mexicoတို့ From Dusk Till Dawnတို့တော့ လူတော်တော်သိလောက်မယ်။ Spy Kidsထွက်သမျှကားတွေအကုန်လည်း သူပဲရိုက်ထားတာ။ ဒီကားကပထမကားထက် နည်းနည်းတော့ လျော့သွားပေမဲ့ တော်တော်ကြည့်ကောင်းတဲ့ ကားဖြစ်နေတုန်းအပြင်ကို ထူးခြားချက်က ဒီကားထဲက အီဗာဂရင်းရဲ့ဇာတ်ကောင်က ရုပ်ရှင်သမိုင်းတစ်လျှောက်က noir ရုပ်ရှင်တွေထဲက နာမည်ကြီး black widowကာရိုက်တာတွေကို Homage ပေးထားတယ်လို့ ပြောကြတယ်။black widowဆိုတာက ကိုယ့်လင် ကိုယ့်ရည်းစားကို သတ်တဲ့ မိန်းမကိုခေါ်တာ။ Double Indemnityတို့ The Postman Always Rings Twice တို့ထဲက ကာရိုက်တာတွေကိုပေါ့။ Sin City: A Dame to Kill Forဟာ ပထမကားထက် ကြမ်းကြုတ်ရက်စက်တာတွေလျော့သွားပေမဲ့ ပထမကားထက်တော့ ပိုဆွဲဆောင်မှုရှိတဲ့ကားဆိုတာတော့ အီဗာဂရင်းနဲ့တင် အာမခံလို့ရပါတယ်။ ပထမကားလိုပဲ ရုပ်ရှင်ကြည့်ရတာနဲ့မတူဘဲ neo-noir comicsစာအုပ်တစ်အုပ်ဖတ်ရသလို အရသာမျိုးရစေမယ့်ကားပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်တင်ဆက်ထားသူကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(3 GB)/(1.3 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:42:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by WiRa Aung

Action • Drama • Mystery • TV Movie
6.4 2014 102 mins
Sin City: A Dame to Kill For
Elvis
7.6

သမိုင်းတလျှောက် အအောင်မြင်ဆုံး အဆိုတော်တွေထဲ တစ်ယောက်ဖြစ်တဲ့ အဲလ်ဗစ်ပရက်စ်လီအကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆင်ပေးထားပါတယ်။ မင်းသားကြီး တွမ်ဟန့် နဲ့ မင်းသား အော်စတင်ဘတ်တလာတို့ အဓိက သရုပ်ဆောင်ထားပြီး ဒါရိုက်တာ၊ ဇာတ်ညွှန်းကတော့ The Great Gatsby ရဲ့ ဇတ်ညွှန်းဆရာကြီး Baz Luhrmann ပဲဖြစ်ပါတယ်။ အဲလ်ဗစ်ရဲ့ ငယ်ဘဝကနေသေဆုံးသွားတဲ့အချိန်အထိ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေ အောင်မြင်မှုတွေ အခက်အခဲတွေ သမိုင်းတွေ အကြောင်းကို သီချင်းတွေနဲ့အတူ အကောင်းဆုံးရိုက်ကူးထားတာပါပဲ။ Bohemian Rhapsody လို အရသာမျိုးကောင်းကောင်းခံစားရမှာဖြစ်လို့ လက်မလွတ်တမ်း ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size…2.6GB | 1.4GB | 554MB Format… mp4 Duration…. 2h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Drama
7.6 2022 159 mins
Elvis
Get Away If You Can
3

ဒီရုပ်ရှင်ဟာ မြင်ရတွေ့ရခဲတဲ့ ရုပ်ရှင်ပါ။ အင်မတန် ဆန်းပြားတဲ့အကြောင်းအရာတစ်ခုဖြစ်တဲ့ လူ့စိတ်ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ လင်မယားနှစ်ယောက် သင်္ဘောနဲ့ ခရီးတစ်ခုထွက်လာကြတယ်။ မိန်းမက လမ်းမှာတွေ့တဲ့ ကျွန်းလေးတစ်ကျွန်းမှာ ဆင်းချင်တယ်။ ယောက်ျားက မဆင်းချင်ဘူး။ ဒီလိုနဲ့ မိန်းမက ခိုးဆင်းသွားတယ်။ ဒါကိုယောက်ျားက ပြန်ခေါ်ဖို့ကြိုးစားတယ်။ ကျွန်းပေါ်က မိန်းမရယ်၊ လှေပေါ်က ယောက်ျားရယ်၊ စိတ်ချင်းလွန်ဆွဲကြတယ်။ ဒါကိုအတိတ်က ဖြစ်ရပ်လေးတွေနဲ့ ပေါင်းစပ်ပြီး လူ့သဘောမနောကို ထင်ဟပ်အောင်ပြထားတဲ့ရုပ်ရှင်ပါ။ ဒီရုပ်ရှင်ဟာ‌ တော်တော်လေးကိုထူးခြားတဲ့ ရုပ်ရှင်ပါ။ ဒီလိုတော်တော်ထူးခြားတဲ့ရုပ်ရှင်မှာ တော်တော်ကောင်းတဲ့ ဇာတ်ပို့မင်းသား တစ်ယောက်ပါပါတယ်။ သူကတော့ Ed Harris ပေါ့။ လက်ရှိ Westworld ထဲ အန်တနီဟော့ပ်ကင်းအလွန်မှာ သူသရုပ်ဆောင်အကောင်းဆုံးလို့ပြောလို့ရသလို Top Gun: Maverick တို့ Apollo 13 တို့ A Beautiful Mind နဲ့ National Treasures တို့လို ရုပ်ရှင်ကောင်းတွေအများကြီးမှာ ဇာတ်ပို့သရုပ်ဆောင်ခဲ့တဲ့သူပါ။ ဇာတ်လမ်းဟာ ထူးခြားတာနဲ့အညီ လိင်ဆက်ဆံခန်းကို ကွက်ကွက်ကွင်းကွင်း စိမ်ပြေနပြေကြီး ပြသွားတာမို့ တစ်ကိုယ်တည်းကြည့်ပြီး အတွေးပွားသင့်တဲ့ ဇာတ်ကားမျိုးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 30Min Genre - Drama, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Thriller
3 2022 90 mins
Get Away If You Can
Blank
4

Boston Science Fiction Film Festival မှာ Best Director, Best Production Design, Best Actor ဆုတွေရထားတဲ့ Sci-Fi ရုပ်ရှင်ပါ ။ Sci-Fi တွေချည်းပြတဲ့ပွဲမှာ ဆုရထားတဲ့ Sci-Fi ကားဆိုတော့ စဉ်းသာစားကြည့်‌ပေါ့။ IMDb ကလည်း 7.5/10 ဆိုတော့ စောက်ချဉ်တော့မဟုတ်ဘူး။ နာမည်ကြီးစာရေးဆရာမတစ်ယောက် စာရေးမထွက်လို့ ဆိတ်ငြိမ်ရိပ်သာလို့ခေါ်တဲ့ အေအိုင်အကူအညီနဲ့ ဧကစာရီနေပြီး စာရေးဖို့လုပ်တယ်။ အေအိုင်က ၂မျိုး၊ တစ်ခုက ရိုဘော့ သူ့ကိုဝေယျာဝစ္စလုပ်ပေးမယ့် လက်ထောက်၊ နောက်တစ်ယောက်ကတော့ အကြံပေး လမ်းညွှန်ပေးတဲ့ အရိပ်လိုဟာ...။ သူစာရေးလို့ပြီးမှ သူအဲဒီကထွက်လို့ရမယ်ပေါ့။ ကံဆိုးချင်တော့ ဗိုင်းရပ်စ်ဝင်သွားပြီး စစ္စတန်တစ်ခုလုံး ဇောက်ထိုးတွေဖြစ် ရိုဘော့အေအိုင်နဲ့ သူနဲ့ပြဿနာတွေတက်လာတဲ့အခါမှာ သည်းထိတ်ရင်ဖို Thriller ကား တစ်ကားအဖြစ် အသက်ဝင်လာတယ်။ မထင်ထားတဲ့ Plot Twist အကြမ်းစားကြီးကိုလည်း တွေ့ကြရမယ့်၊ အသည်းတအေးအေးနဲ့ ကြည့်ရမယ့် ဆုရ Sci-Fi Thriller ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို "___" မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 820MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 35Min Genre - Drama, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by "___" Encoded by Y

Crime • Thriller
4 2022 95 mins
Blank
Quicksand

လင်မယားနှစ်ယောက် အပျော်ခရီးထွက်ရင်း ခွေးချေးပုံနင်းမိတဲ့ Quicksand ဆိုတဲ့ (2023) ထွက် Thriller movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဂျော့ရှ်နဲ့ ဆိုဖီယာဟာ ပြိုလဲခါနီးအိမ်ထောင်ရေးတစ်ခုကို လူသူမသိအောင်ဖုံးဖိရင်း ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့ကို ဆေးပညာဆိုင်ရာညီလာခံတစ်ခုအတွက် ရောက်ရှိလာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက သူစိမ်းပြင်ပြင်ဖြစ်နေခဲ့ပေမဲ့လည်း အကြောင်းကြောင်းကြောင့် ညီလာခံနေ့မတိုင်ခင်မှာပဲ နှစ်ယောက်သားတောင်တက်ခရီးတစ်ခု အတူတူထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ လက်စ်အယ်ရီနာ့စ်လို့ခေါ်တဲ့ သေမင်းတမန်တောနက်ကြီးထဲရောက်ရှိသွားပြီး Quicksand လို့ခေါ်တဲ့ ရုန်းလေနစ်လေ နွံအိုင်ကြီးထဲကို လင်မယားနှစ်ယောက် ပြုတ်ကျသွားပါတော့တယ်။ နွံအိုင်ထဲရောက်သွားပေမဲ့လည်း ငယ်ငယ်ကဖတ်ဖူးတဲ့ တြိစက္ကဝတ္ထုတွေထဲကလို လူကိုချက်ချင်းဝါးမြိုသွားတာမျိုးတော့ မဟုတ်ပါဘူးဗျ။ နွံအိုင်တွေရဲ့ တကယ့်သဘောတရားမှာက သူ့ထဲမှာပါဝင်တဲ့ ဗွက်တွေသဲတွေရေတွေရဲ့ သိပ်သည်းဆက လူထက်ကိုများတာမို့ လူခန္ဓာကိုယ်ရဲ့ ဘော်ဒီဝိတ်အဓိကသက်ရောက်နေတဲ့ ခြေထောက်ပိုင်းပဲနစ်မြုပ်သွားမှာဖြစ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကတော့ အဆုတ်ထဲကလေတွေကြောင့် ပေါလောပေါ်နေမှာပါ။ ဒါပေမဲ့လည်းအဲဒါကြောင့် လုံးဝအသက်အန္တရာယ်မရှိတာမျိုးမဟုတ်ဘဲ အစာငတ်သေတာတွေ၊ တောရိုင်းတိရစ္ဆာန်တွေရဲ့ရန်တွေလည်း ရှိသေးတာပေါ့နော်။ ဒီလိုနဲ့လင်မယားနှစ်ယောက် တောနက်ထဲက နွံအိုင်ကြီးထဲမှာနစ်နေရင်း ဘယ်လိုအန္တရာယ်တွေ ကြုံလာရမလဲ။ဒါတွေကို နှစ်ယောက်သားအတူတူ ဘယ်လိုဖြတ်ကျော်ဖို့ကြိုးစားကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ရွှံ့တွေဗွက်တွေထဲရိုက်ရပေမဲ့ မင်းသမီးကတော်တော်လေးလှပြီး မင်းသားကလည်းသရုပ်ဆောင်ပီပြင်တာမို့ နွံအိုင်ကြီးထဲကလင်မယားနှစ်ယောက် ကြုံလာရမဲ့အနာဂတ်ကို ဇာတ်ကားလေးကြည့်ရင်းပဲ သူတို့နဲ့အတူတူ ခံစားကြည့်ကြပါဦးဗျာ

Action • Crime • Drama
0 2023 86 mins
Quicksand
The Post
7

IMDb....7.3,,,,,Rotten ....88 ဒါရိုက်တာက Steven Spielberg ....အဓိက သရုပ်ဆောင်တွေက Meryl Streep, Tom Hanks နဲ့  Sarah Paulson  .... Rating တွေ မြင့်တာတွေ အော်စကာဆုတွေမှာ စာရင်းဝင်ခဲ့တာတွေ အခြားဆုပေါင်းများစွာ ရတာတွေ အသာထား .. .ဒီဒါရိုက်တာ နဲ့ ဒီသရုပ်ဆောင်တွေနဲ့တင် ထွေထွေထူးထူး ညွှန်းဆိုဖွဲ့စရာ မလိုဘူးထင်တယ်.... အမေရိကန်ရဲ့ထိပ်တန်းသတင်းစာတိုက်တစ်ခုဖြစ်တဲ့ The Washington Post မှာ ပထမဆုံးအမျိုးသမီးပုံနှိပ်ထုတ်ဝေသူဟာ Katherine Graham (မင်းသမီးကြီး Meryl Steep) ပါ...အယ်ဒီတာကတော့ Ben Bradlee (မင်းသားကြီးTom Hanks) ဖြစ်ပါတယ်. .သူတို့ဟာ အစိုးရရဲ့နှစ်ပေါင်းသုံးဆယ်တိုင်တိုင်  ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပြည်သူတွေကိုညာခဲ့တာတွေကို ပြိုင်ဘက်သတင်းစာတိုက်ဖြစ်တဲ့ The Nw York Times နဲ့အပြိုင် ထုတ်ဖော်ကြတယ်... အစိုးရကိုလျှို့ဝှက်ချက်တွေ ထုတ်ဖော်ပြီဆိုမှာတော့  သူတို့တွေ ကြုံရတဲံ အခက်အခဲတွေ အန္တရယ်တွေဟာ ဘေးပတ်လည် ဝိုင်းနေပါတယ်... အစိုးရရဲ့ လျှို့ဝှက်ချက်တွေ လိမ်ညာမှုတွေက ဘာလဲ...သူတို့တွေကရော ရင်ဆိုင်နိုင်ပါ့မလား... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ညီမငယ် JtheKoala  ဖြစ်ပါတယ်... File Size :(2.6GB) &(994MB) Quality : Blu-Ray 1080P5.1Ch, 720p Format…mp4 Duration…01:55:00 Genre :Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by JtheKoala Encoded by Phyo Pyae

Drama
7 2017 116 mins
The Post
God’s Crooked Lines
7

God’s Crooked Lines (2022) အဲလေ့စ် ဂူးတ်ဆိုတဲ့ အလွတ်တန်းစုံထောက်အမျိုးသမီးတစ်ယောက်ဟာ စိတ်ကျန်းမာရေးဆေးရုံမှာ အမှုတစ်ခုကိုစုံစမ်းဖို့ ယောင်္ကျားဖြစ်သူကို အဆိတ်ခတ်သတ်ဖို့ကြိုးစားတဲ့ သံသယလွန်ကဲမှုစိတ်ရောဂါရှင်လူနာအနေနဲ့ ရောက်လာခဲ့ပါတယ်။ ဆေးရုံထဲမှာ အမှုကိုစုံစမ်းနေတုန်းမှာပဲ သူ့ကိုအပြင်လူဆိုတာသိနေရမယ့် ဆေးရုံရဲ့ဒါရိုက်တာကိုယ်တိုင်က သူ့ကိုစိတ်မနှံ့တဲ့လူလို ဆက်ဆံလာတဲ့အခါ အဲလေစ့်တစ်ယောက် သူအရူးမဟုတ်ဘူးဆိုတဲ့အကြောင်းကိုရှင်းပြရင်း ပြဿနာတွေ ပိုကြီးမားလာခဲ့ပါတယ်။ အဲလေ့စ်နဲ့အတူ ဆေးရုံကိုရောက်လာတဲ့ ဆရာဝန်ညွှန်ကြားချက်စာထဲမှာတော့ အဲလေ့စ်ဟာ ဟာကွက်မရှိလိမ်နိုင်သူ၊ ဉာဏ်ထက်တဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူနဲ့ဆန့်ကျင်တဲ့လူမှန်သမျှကို အကြောင်းအမျိုးမျိုးနဲ့ ယုံလာအောင် လှည့်စားတတ်လို့ သူပြောသမျှ ဘာတစ်ခုမှမယုံဖို့ပြောထားပါတယ်။ ဒါပေမယ့် အဲလေ့စ်ကတော့ သူဟာပုံမှန်လူတစ်ယောက်ဖြစ်ပြီး ဒီကိုရောက်နေရတဲ့တစ်ခုတည်းသောအကြောင်းအရင်းက အမှုစုံစမ်းဖို့အတွက်ပဲဖြစ်တယ်ဆိုပြီး အခိုင်အမာပြောလာခဲ့ပါတယ်။ အဲလေ့စ်ဟာ စိတ်ကျန်းမာရေးချို့တဲ့ပြီး ကယောင်ကတန်းတွေမြင်နေတဲ့သူလား? ဒါမှမဟုတ် အမှန်တကယ် အမှုစုံစမ်းဖို့ရောက်လာတဲ့ အလွတ်တန်းစုံထောက်တစ်ယောက်လားဆိုတာကို ပဟေဠိဆန်စွာကြည့်ရှုမှာပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Han Thar ပါ။) File Size : 2.1GB, 828MB, 414MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 34mins Genre : Drama, Mystery, Thriller Translated by Han Thar Encoded by Kinnov

Comedy • Drama • Romance
7 2022 155 mins
God’s Crooked Lines
I Love You, Man
7

I Love You, Man (2009) ~ IMDb – 7/10, Rotten Tomatoes – 83% ~ ကျွန်တော်တို့ ယောက်ျားလေးတွေတိုင်းမှာ ဆိုးတူကောင်းဖက် ဘော်ဒါ တွေဆိုတာ ရှိတတ်ကြပါတယ်။ ကိုယ် ဘာကောင်ကြီးပဲဖြစ်နေနေ ကိုယ့်ကို အခင်အမင်မပျက်မယ့် “သားကြီး” တွေပေါ့ဗျာ။ ဒီဇာတ်ကားလေးထဲမှာတော့ မင်းသားကြီး Paul Rudd က ကောင်မလေး မျက်နှာတစ်ချက် မညှိုးရအောင် လိုလေသေးမရှိထားတဲ့ Boyfriend Material ကြီး၊ မိန်းကလေးတိုင်းက ခင်မင်ရတဲ့ နားလည်တတ်သူကြီး ပီတာ အဖြစ် သရုပ်ဆောင်ထားပါတယ်။ မကြာခင် ဇနီးလောင်းလေး ဇိုဝီနဲ့ လက်ထပ်ရတော့မှာမို့ စီစဉ်စရာ ရှိတာတွေ စီစဉ်ပြီး အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမဲ့ ပီတာမှာ အရေးကြီးဆုံးဖြစ်တဲ့ သတို့သားအရံ လုပ်ပေးမဲ့ အခင်ရဆုံး ယောက်ျားလေး သူငယ်ချင်း မရှိဘူး ဖြစ်နေပါတယ်။ ဒီတော့ လူရိုးလူဖြောင့်ကြီး ပီတာ တစ်ယောက် ယောက်ျားလေး သူငယ်ချင်း ရှာပုံတော်ဖွင့်ရင်း နောက်ဆုံးမှာတော့ ကျားဆိုမှကျား ဘ၀ကို ပေါ့ပေါ့ပါးပါး နေတတ်တဲ့ ဆစ်ဒ်နီ တစ်ဖြစ်လဲ Jason Segel နဲ့ ဆုံမိပြီး လမိုင်းကပ်သွားကြပါတော့တယ်။ ဆစ်ဒ်နီနဲ့ ပီတာ၊ ပီတာ နဲ့ ဆစ်ဒ်နီ နှစ်ယောက်ကြား သူငယ်ချင်း ခင်မင်မှု ခိုင်မာလာပုံကို အလွဲလေးတွေ ဟာသလေးတွေနှောရင်း ရင်ထဲမှာ နွေးထွေးသွားအောင် ခင်းကျင်းပြထားတဲ့ ‌ဒီဇာတ်ကားလေးကို CM ပရိသတ်တွေ ခံစားလို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။ “ဒီဇာတ်ကားလေးကို ကြည့်ရင်းနဲ့လည်း ကိုယ့်ရဲ့ အခင်ရဆုံး သားကြီး တစ်ယောက်လောက်ကို ပြေးသတိရမိမယ် ထင်ပါတယ်” (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 802MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 45Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

7 2009
I Love You, Man
Adventure Of Tin Tin
7.4

ဒီ 3D အန်နီမေးရှင်း ဇာတ်ကားလေးဟာ တကယ့်ဒိတ်ဒိတ်ကျဲ ရုပ်ရှင်ဇာတ်ကားပေါင်းမြောက်များစွာကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဒါရိုက်တာကြီး Steven Spielberg ရဲ့ ပြောင်မြောက်လှတဲ့ လက်ရာများထဲမှ တစ်ခု အပါအဝင်ဖြစ်ပါတယ်။ Action & Adventure အမျိုးအစားဇာတ်ကားဖြစ်ပြီး PG အဆင့်သတ်မှတ်ထားကာ မိသားစုနဲ့အတူ ကြည့်ရှုနိုင်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ။ IMDB rating 7.4 အထိရရှိထားပြီး အလားတူပဲ Rotten Tomatoes မှာလည်း rating 7.5 အထိ ရရှိထားတဲ့လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်း အညွှန်းပြောရရင် ရဲရင့်တက်ကြွဖျတ်လတ်ပြီး စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်သတင်းထောက်ကလေး တင်တင် ဟာ မမျှော်လင့်ပဲ နှစ်ပေါင်းများစွာခန့်က တကယ်ရှိခဲ့တဲ့ ယူနီကွန်း ဆိုတဲ့ တိုက်ပွဲဝင် စစ်သင်္ဘောပုံစံတူငယ်ကို အမှတ်မထင်ဝယ်လိုက်မိရာကနေ သူ့ဆီကို အန္တရာယ်တွေ တစ်ခုပြီးတစ်ခု ကျရောက်လာပါတော့တယ်။ ဒါပေမယ့် တင်တင် တစ်ယောက် ကြောက်ရွံ့နောက်တွန့်သွားခြင်းမရှိပဲ ယူနီကွန်း နဲ့ပတ်သက်တဲ့ လျှို့ဝှက်ချက်အဖြေများကို ရှာဖွေရင်း ဘယ်လိုဘယ်ပုံဆက်လက် စခန်းသွားမလဲဆိုတာကို ရုပ်ရှင်ကိုပဲဆက်လက်ကြည့်ရှုလိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်ကား အညွှန်းဟာ တိုပြီး စိတ်ဝင်စားစရာမကောင်းတာကြောင့် ရုပ်ရှင်ကိုလည်း စိတ်ဝင်စားစရာမကောင်းလောက်ဘူးလို့ မထင်လိုက်ပါနဲ့ ဇာတ်ဝင်ခန်းတိုင်းဟာ ဒါရိုက်တာကြီး Steven Spielberg ရဲ့ လက်ရာအတိုင်း အသည်းတယားယား ရင်တထိတ်ထိတ် နဲ့ စိတ်လှုပ်ရှားစွာ နဲ့ ကြည့်ရမှာကိုတော့ လုံးဝရာနှုန်းပြည့်အာမခံ ပါတယ် File size… 2.42 GB / 1.2 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ….. Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

7.4 2011
Adventure Of Tin Tin
Tokyo Revengers 2 Part 1: Bloody Halloween – Destiny
6.5

Tokyo Revengers 2 Part 1: Bloody Halloween – Destiny (2023) Anime ရော Manga ပါ နာမည်ကြီးခဲ့တဲ့ Tokyo Revengers 2 ရဲ့ Live Action ထွက်ရှိလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ Takemichi ဟာ သူ့မျက်စိရှေ့မှာတင် Tokyo Manjikai ဂိုဏ်းက သူ့ချစ်သူ Hinata ကို သတ်သွားတာကို မြင်လိုက်ရပါတယ်။ ဒီလိုနဲ့ Takemichi တစ်ယောက် ချစ်သူကိုကယ်တင်ဖို့အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ဆီကို အချိန်ခရီးသွားခဲ့ပါတော့တယ်။ Hinata ကို ကယ်တင်ဖို့ အတိတ်ကအဖြေကို ရှာဖွေရမယ့် Takemichi ဟာ တကယ့်‌အဖြေကို တွေ့ရှိသွားချိန်မှာတော့…။ Tokyo Manjikai ဂိုဏ်းကို တည်ထောင်ခဲ့သူ လူ ၆ ယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်နဲ့ဆက်စပ်နေတဲ့ အဲဒီအဖြေကို Takemichi တစ်ယောက် ဘယ်လိုကိုင်တွယ်သွားမလဲ။ သူ့ချစ်သူ Hinata ကိုရော ကယ်တင်နိုင်ပါ့မလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာမို့ Tokyo Revengers ပရိသတ်ကြီး လက်လွှတ်မခံကြနဲ့ဦးနော်။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe & Khaing ပဲ ဖြစ်ပါတယ်။ Genre….. Action, Crime, Drama Quality…. 1080p | 720p File size… 1.2GB | 644MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe & Khaing Encoder ….. Aaron

6.5 2023
Tokyo Revengers 2 Part 1: Bloody Halloween – Destiny
Undercover Brother
5.9

Undercover Brother (2002) ==================== IMDb Rating – 5.9/10 အမေရိကားနိုင်ငံမှာ အာဖရိကန် – အမေရိကန်တွေရဲ့ယဉ်ကျေးမှုဟာ ၁၉၇၀ ခုနှစ်ကာလတွေမှာ တရှိန်ထိုးတိုးတက်မြင့်မားလာခဲ့ပေမယ့်လို့ ၁၉၈၀ ခုနှစ် မှာတော့ ဖြစ်ရပ်ပေါင်းများစွာနဲ့အတူ တဖြည်းဖြည်းနဲ့လျော့နည်းကျဆင်းလို့ လာခဲ့ပါတယ်။ တကယ်တော့ ဒါဟာ လူမည်းတွေကို မုန်းတီးတဲ့ လူဖြူဖြစ်သူ “The Man” ရဲ့ နောက်ကွယ်ကနေ ကြံစည်ကြိုးကိုင် အကွက်ချထားမှုတွေ ကြောင့်ပဲဖြစ်ပါတယ်။ ဒါပေမယ့် “The Man” မှာလည်း သူထင်ထားသလို၊ ဖြစ်စေချင်သလို ခရီးလမ်းမပေါက်ရောက်နိုင်ဘဲဖြစ်နေရပါတယ်။ ဒါဟာဘာ ကြောင့်လဲဆိုတော့ “ဘရားသားဟုဒ်” လို့ခေါ်တဲ့လူမည်းတွေနဲ့ဖွဲ့စည်းထာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုရဲ့ လိုက်လံတားဆီးမှုတွေကြောင့်ပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ အမေရိကန်သမ္မတနေရာမှာ ဝင်အရွေးခံမယ်လို့ သတင်း တွေထွက်နေပြီးတော့ လူမည်းတွေရဲ့ထောက်ခံမှုတွေကိုလည်း အများကြီးရထားတဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သူ့အနေနဲ့ ရွေး ကောက်ပွဲကို ဝင်အရွေးခံယှဉ်ပြိုင်မှာ မဟုတ်ဘဲ ကြက်ကြော်ဆိုင်သာ ဖွင့်ပြီးရောင်း စားတော့မယ်လို့ ကြေညာခဲ့လိုက်ပါတယ်။ ဒါဟာ ဘယ်သူမှ ဘယ်လိုမှ ထင်မှတ် မထားခဲ့မိတဲ့ အကြောင်းအရာဖြစ်နေတာကြောင့် “ဘရားသားဟုဒ်” အဖွဲ့အနေနဲ့ ဒီကိစ္စဟာ “The Man” ရဲ့စနက်မကင်းဘူးဆိုတာကို ရိပ်မိပေမယ့် အရင်လို မဟုတ် ဘဲ စုံစမ်းဖို့ခက်ခဲနေပါတော့တယ်။ ဒီအချိန်မှာ ကယ်တင်ဖို့ ရောက်လာတာကတော့ သူ့ဟာသူ တစ်ကိုယ်တော်လှုပ်ရှားနေတဲ့ “Undercover Brother” ခေါ် သူလျှိုဘရား သားပဲဖြစ်ပါတယ်။ သူဟာ ဘယ်လိုမျိုးတွေတော်နေလို့ “ဘရားသားဟုဒ်” ကနေ လက်တွဲခေါ်ချင်နေရ တာလဲ၊ သူ့အနေနဲ့ “ဘရားသားဟုဒ်” ရဲ့ကမ်းလှမ်းချက်ကို လက်ခံပြီးတော့ “The Man” ရဲ့ အကြံအစည်တွေကို ဖော်ထုတ်နိုင်ပါ့မလား၊ “The Man” ရဲ့ အကြံအစည် တွေကရော ဘာတွေလဲ၊ သူနဲ့ ဗိုလ်ချုပ်ဘောက်ထ်ဝေလ်ရဲ့ သမ္မတဝင်အရွေးမခံဘဲနဲ့ ကြက်ကြော်ဆိုင်ပဲ ဖွင့်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ကရော တစ်နည်းနည်းနဲ့ပတ်သတ်နေ မလား… ဒါတွေအားလုံးရဲ့အဖြေကိုတော့ ဒီ “Undercover Brother” ဆိုတဲ့ spy action comedy ကားလေးကိုကြည့်ရင်းနဲ့ ရှာဖွေဖော်ထုတ်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(1.8 GB) / (823 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy Translator…….Fiona Gillen Encoder……….SWM

Drama
5.9 2002 86 mins
Undercover Brother
Johan Falk: The End (Slutet)
7.7

ဒီတစ်ခါမှာတော့ Johan Falk film series တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဥရောပတိုက်ရဲ့ နိုင်ငံတော်တော်များများက ဒုစရိုက်အဖွဲ့အစည်းတွေ အားလုံးလိုလိုကို လက်ဝါးကြီးအုပ်ထားတဲ့ အင်အားကြီးမာဖီးယားအဖွဲ့အစည်းကြီးနဲ့ ရဲတစ်ယောက်ဖြစ်တဲ့ Johan Falkတို့ ထိပ်တိုက်တွေ့ဆုံကြပြီး အားပြိုင်ကြတာကို တွေ့ရမှာပါ။ ဇာတ်လမ်းအညွှန်းကတော့ Johan Falk ဟာ သူ့ရဲ့ မိသားစုကို ဒုက္ခပေးဖို့ကြိုးစားနေတဲ့ အရှေ့ဥရောပက မာဖီးယားနဲ့ ပြဿနာတွေဖြေရှင်းဖို့ကြိုးစားနေတာပါ။ ထိုမာဖီးယားရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာမသိသေးဘဲနဲ့ပေါ့။ ထိုအချိန်မှာပဲ သူ့ရဲ့ အလုပ်ဖော်တစ်ယောက်ကလဲ ဒုစရိုက်မှုတွေကို နောက်ကွယ်မှာလုပ်နေတဲ့ ကုမ္ပဏီကနေ အရေးကြီးစာရွက်စာတမ်းတွေကို ခိုးခဲ့ပြီး Johan ရဲ့ မိန်းမကိုပေးခဲ့ပါတယ်။ ဖြစ်ချင်တော့ ထိုစာရွက်စာတမ်းတွေဟာ သူတို့ထင်ထားတာထက်ကို အများကြီး အရေးပါနေတာကိုတော့ သူတို့ကလုံးဝမသိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူတို့မိသားစုကို လုပ်ကြံတဲ့လူတွေ တစ်နေ့တစ်ခြားများလာတဲ့အခါ အဖြေရှာတော့မှ ဒီစာရွက်စာတမ်းတွေနဲ့ သက်ဆိုင်နေတာကို သိလိုက်ရပြီးနောက်မှာ Johan တစ်ယောက် သူ့ရဲ့မိသားစုကို ဘေးကင်းအောင်ထားနိုင်မှာလား? ထိုစာရွက်စာတမ်းတွေက ဘာလို့ ဒီလောက်အရေးကြီးနေတာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး File size…(1.9 GB)/(976 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:43:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

7.7 2015
Johan Falk: The End (Slutet)
Timeless Romance
5

ဒီတစ်ခေါက်ညွှန်ပေးမဲ့ကားလေးကတော့ 2019ထွက် comedy နဲ့ drama ရောထားတဲ့ timeless Romance ဆိုတဲ့ကားလေးပါပဲ ဇာက်လမ်းအညွှန်းလေးကတော့ Qin Duyi ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ဆောက်လုပ်ရေးcompany တစ်ခုမှာ လက်ထောက်မန်နေဂျာတစ်ယောက်ပါ သူက တစ်ယောက်တည်းနေတတ်သူဖြစ်ပြီး နေ့တိုင်း အလုပ်နောက်ကျတာမို့ အမြဲ အဆူခံထိသူပါ တစ်နေ့ သူဟာ ပလုပ်နောက်ကျတာကြောင့် ဆောက်လုပ်ရေးဆိုက်ထဲမှာ အလုပ်သွားလုပ်ဖို့အပြစ်ပေးခံရပါတယ် အဲ့ဒီမှာ ဆွဲကြိုးလေး တစ်ကုံးကောက်ရတဲ့အချိန်မှာတော့ သူ့ဘဝကြီးဟာ ပြောင်းလဲလာပါတော့တယ် သူဟာ ဆွဲကြိုးလေးကို ယူလာပြီး ညမှာတော့ သူ့အိမ်ကို ထူးဆန်းတဲ့ မိန်းမလှလေးလေးယောက်ရောက်လာပါတော့တယ် မိန်းမလှလေးတွေက သူ့ကိုပြောတယ် သူတို့ကိုကူညီပါလို့ သူတို့ဟာ ရှေးခေတ်ကနေ လာခဲ့ပြီး ကိစ္စတစ်ခုကြောင့် ဆွဲကြိုးထဲမှာ ပိတ်မိနေကြတာပါ သူတို့ဟာ သူတို့ရဲ့ဖူးစာရှင်ကို ရှာပြီး သူတို့ကို ချစ်တယ်လို့ပြောမှသာ သူတို့ရဲ့ရှေးခေတ်ကိုပြန်နိုင်မှာဖြစ်ပြီး Qin Duyi ကတေ့ာ သူတို့ရဲ့ ကယ်တင်ရှင် သူတို့က ဝိဉာဉ်တွေ ဖြစ်တာကြောင့် သူမရဲ့ ခန္တာကိုယ်ကို ငှါးဖို့လိုအပ်တာပါလို့ပြောကြပါတယ် အဲ့မိန်းကလေးလေးယောက်ကတော့ Liu Rusi : ရဲရင့်ပြီး ချောမောလှတဲ့ မိန်းမစစ်သူကြီး Chen Zilian: စိတ်ကူးယဉ်ဆန်ပြီး မိန်းမယစ်အိုးလေး Li Mengying: အကလဲတော် ရုပ်လေးလဲလှ ဉာဏ်လဲကောင်းလှတဲ့ အကမယ်လေး Susu : ငွေကိုရေလိုသုံးပြီး စိတ်တိုင်းကျနေသော မိန်းမလှလေး သူတို့လေးယောက်ဟာ သူတို့ရဲ့ဖူးစာရှင်ဆီက ချစ်တယ်ဆိုတဲ့ စကားကိုကြားဖို့ Qin Duyi ရဲ့ ခန္တာကိုယ်ထဲကို ဝင်ပြီးကြိုးစားကြမှာပါ အဲ့ဒီတော့ ကောင်မလေး ငါးယောက်ရဲ့စိတ် ခန္တာကိုယ်က တစ်ခုထဲ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ ဇာက်ကားလေးကို စောင့်ကြည့်လိုက်ပါအုံးနော်

5 2019
Timeless Romance
Pokkiri
7.6

Pokkiri 2007 (လူမိုက်လေးရဲ့ ချစ်ပုံပြင်) IMDb – 7.6/10 ယခုတစ်ခါမှာတော့ ဗီဂျေးမင်းသားရဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင် ဇာတ်လိုက်တွေထဲမှာလည်း နာမည်ကြီးတွေပါတဲ့အတွက် အဟောင်းထဲက အကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ချန်နိုင်းမြို့မှာ ဂိုဏ်းတွေကြီးစိုးနေပြီးတော့ အဲဒီထဲမှာမှ နာရာဆင်မဟန်နဲ့ အာလီဘိုင်တို့ရဲ့ ဂိုဏ်းကတော့ အမြဲတမ်း ရန်ပွဲတွေရှိပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေပါတော့တယ်။ ဒီအချိန်မှာ ချန်နိုင်းကို အရာရှိအသစ်ပြောင်းလာခဲ့ပြီးတော့ နာမည်ကတော့ မိုဟာမတ် မိုင်ဒီခန်းလို့ခေါ်ပါတယ်။ သူဟာ ပြောင်းရွှေ့လာပြီးပြီးချင်းမှာ ပထမဆုံးယူရတဲ့ တာဝန်ကတော့ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေကို ဖြိုခွင်းဖို့ပါပဲ။ လုပ်ရပ်နဲ့သက်သေပြတယ်လို့ပဲ ပြောရမလား၊ တာဝန်ထမ်းဆောင်ချိန် ၄၈နာရီအတွင်းမှာပဲ လူမိုက် ၃၀၀ကျော်ကို ဖမ်းပြီးတော့ လူမိုက်၈ယောက်ကတော့ အသတ်ခံလိုက်ရပါတယ်။ ဒီလိုအချိန်မှာပဲ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးတစ်ယောက်လည်း ချန်နိုင်းမှာရှိနေပါတယ်။ သူဟာ ချစ်မိသွားပြီဆိုတဲ့ ဒုက္ခတွေ့ပြီမှတ်လို့ ယုံကြည်ထားခဲ့ပေမယ့် ရှရူသီလို့ခေါ်တဲ့ ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့လည်း လူမိုက်လေးချစ်မိသွားတဲ့ ကောင်မလေးဟာ အကြမ်းဖက်တဲ့ကိစ္စကို အရမ်းကို မုန်းတီးတဲ့သူဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ ပိုက်ဆံအတွက်ဆိုရင် ဘာမဆိုလုပ်တဲ့ လူမိုက်လေးနဲ့ အကြမ်းဖက်မှုတွေဆိုရင် မုန်းတီးတတ်တဲ့ ကောင်မလေးတို့ရဲ့ အချစ်ဇာတ်လမ်းမှာ ဘယ်လို အတားအဆီးတွေကို ဖြတ်ကျော်ရမလဲ…… ချန်နိုင်းမှာ သောင်းကျန်းနေတဲ့ ဂိုဏ်းတွေနဲ့ရော လူမိုက်လေးနဲ့ ဘယ်လိုတွေ ဆက်စပ်ပြီးတော့ ဘာတွေဆက်ပြီးဖြစ်မလဲဆိုတာကို ကြည့်ရှုရမယ့် အကြမ်းအရမ်းအက်ရှင်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.6 2017 165 mins
Pokkiri