YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Motel California (2025) E09 WEB-DL 1080p (CM).mp4

899.06 MB N/A video/mp4 141 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Grand Central
5.6

Blue Is the Warmest Colour နဲ့လူသိများခဲ့တဲ့ မင်းသမီး Léa Seydoux အချစ်ရိုမန့်ကားလေးဖြစ်ပါတယ်. အလုပ်လက်မဲ့ဖြစ်နေတဲ့ ဂါအီဟာ ပြင်သစ်နိုင်ငံရဲ့ နူကလိယလျှပ်စစ်ဓာတ်အားပေးစက်ရုံမှာအလုပ်လျှောက်ပါတယ်။ စက်ရုံမှာ training ပေးပြီးတော့မှအလုပ်ကိုဝင်လုပ်ခွင့်ရမှာဖြစ်တဲ့အတွက် လူငယ်တစ်ချို့ကို စီနီယာတစ်ချို့နဲ့တွဲပြီးလေ့ကျင့်ခိုင်းတယ်။ တိုနီနဲ့အခြားစီနီယာတွေက သူတို့ကိုကြီးကြပ်စေပြီးတော့လေ့ကျင့်မှုစမ်းသပ်မှုအောင်မြင်အောင်ကြိုးစားပေးကြတယ်။ နူကလိယစက်ရုံဆိုတာသိတဲ့အတိုင်းပဲ ဓာတ်ရောင်ခြည်သင့်မှုတွေရှိတဲ့အတွက် ဂါအီအစ်မ မာမီကတော့ သူ့ကိုမလုပ်စေချင်ဘူး။ ဒါပေမယ့်လည်း ပိုက်ဆံရတဲ့အတွက် ဂါအီဟာဒီအလုပ်ကိုပဲလုပ်ဖို့ဆုံးဖြတ်ထားတယ်။ စက်ရုံမှာနေနေရင်းနဲ့ တိုနီနဲ့ဇနီးလောင်း ကာရိုးနဲ့ ချစ်မိသွားတယ်။ အဲ့ဒီနောက်မှာတော့.. File Size :(1GB) and (398MB) Quality : BLU-RAY720P Format…mp4 Duration…01:34:00 Genre : Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Action • Comedy • Romance
5.6 2013 94 mins
Grand Central
Tenet
7.2

Inception တို့ Interstellar တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာ ခရစ္စတိုဖာ နိုလန်ရဲ့ နောက်ဆုံး ထွက်ရုပ်ရှင်သစ် ရပါပြီ။ ဒီရုပ်ရှင်က သိပ္ပံ စိတ်ကူးယဉ် ရုပ်ရှင်ဖြစ်ပြီး အချိန်ခရီးသွားခြင်း ကို စိတ်ကူးအသစ်နဲ့ ပြသထားတာပါ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။ အရမ်းကောင်းပါတယ်၊ ကြည့်ပါ။ နားလည်ချင်ရင် အခန်းတွေ ကျော်မကြည့်ဘဲ လိုက်စဉ်းစားနေမှ အဆင်ပြေမယ်တော့ ထင်ပါတယ်။ အဓိက သဘောတရားကတော့ ကျွန်တော်တို့ လူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းအတိုင်း ရှေ့ကို သွားနေပါတယ်။ ကမ္ဘာကြီးကလည်း အဲဒီလိုပဲ လည်ပတ်နေပါတယ်။ ၇ နာရီ မှာ တည်ရှိနေတဲ့လူဟာ နောက်ထပ် ၁၀ မိနစ် နေရင် ၇ နာရီ ၁၀ မိနစ်မှာ တည်ရှိနေမှာပါပဲ။ တကယ်လို့ အဲဒီလူတွေ အရာဝတ္ထုတွေဟာ အချိန်လမ်းကြောင်းနဲ့ ဆန့်ကျင်ဘက်ကို သွားတယ်ဆိုပါစို့ အချိန်ဖြစ်စဉ်အရ ၇ နာရီမှာ စတင်ပြီး နောက်ပြန်သွားတဲ့သူဟာ နောက် ၁၀ မိနစ်ကြာရင် ၆ နာရီ ၅၀ မှာ တည်ရှိနေပါလိမ့်မယ်။ ဒီတော့ သက်ရောက်မှုက အရင်လာပြီး အကြောင်းရင်းက နောက်မှလာပါလိမ့်မယ်။ ဥပမာ ကျည်ဆံက အရင် နံရံမှာ မြှပ်နေပြီး နောက်မှ သေနတ်ထဲကို ပြန်ဝင်လာတာမျိုးပေါ့။ Grandfather paradox တို့ multiverse တို့ Feynman ရဲ့ ပိုစေထရွန်တွေဟာ အလက်ထရွန်တွေ အချိန်နောက်ပြန်သွားနေခြင်းဖြစ်တယ်ဆိုတဲ့အဆိုတို့ စတာတွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်လမ်းပါပဲ။ ဒီအောက်က စာတွေကိုတော့ ရုပ်ရှင်ကြည့်ပြီး မရှင်းမှ လာဖတ်လိုက်ပါ။ Spoiler Alert ပါ။ အရာဝတ္ထုတစ်ခုဟာ အချိန်လားရာအတိုင်း အရှေ့ကို သွားနေပေမယ့် အနုမြူစွမ်းအင် လို ပေါက်ကွဲမှုတစ်ခုကြောင့် အချိန်လားရာ ပြောင်းပြန်ရွှေ့လျားတတ်တဲ့ ဓာတ်ပစ္စည်းတွေ ဖြစ်ကုန်တာပါ။ ဒီတော့ ကျွန်တော်က သာမန် ပစ္စည်းတစ်ခုကို ၂၀၂၀ နိုဝင်ဘာ ၃၀ ရက် မနက် ၉ နာရီမှာ နေရာတစ်ခုမှာ မြေမြှပ်ပြီး ဖွက်ထားတယ်ဆိုပါစို့။ အဲဒီပစ္စည်းဟာ အဲဒီနေရာမှာ အချိန်လားရာအတိုင်း တည်ရှိနေပြီ ၂၀၅၀ မှာ လူတစ်ယောက်က တူးဖော်ယူပါလိမ့်မယ်။ အဲဒီလူက အဲဒီပစ္စည်းကို အချိန်လားရာ ပြောင်းပြန်ပစ္စည်းဖြစ်အောင် ဖန်တီးလိုက်ပြီး အဲဒီနေရာမှာပဲ မြှှပ်လိုက်မယ်ဆိုရင် အဲဒီပစ္စည်းဟာ အတိတ်ကို တရွေ့ရွေ့နဲ့ ရောက်ရှိသွားပြီ။ ၂၀၂၀ နိုဝင်ဘာ ၃၀ မနက် ၉ နာရီ မှာပဲ အနာဂတ် နှစ် ၃၀ လောက်က ပစ္စည်းတွေကို တူးဖော်ယူလိုက်ရုံပါပဲ။ ဒီတော့ အနာဂတ်နဲ့အတိတ် သတင်းစကားပါးဖို့ဆိုတာ တစ်စက္ကန့်အချိန်ပဲလိုတယ်လို့တောင် ပြောလို့ရပါတယ်။ ပစ္စည်းတွေအတွက်အဆင်ပြေပေမယ့် ပြောင်းပြန်လူတွေအတွက်တော့ အဆင်ပြေမနေပါဘူး။ အဆုတ်ထဲကိုလေက ပုံမှန်မဝင်တာတွေ အမြင်အကြားတွေ ပုံမှန်မဟုတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဒီဇာတ်ကားရဲ့ မူရင်းဇာတ်လမ်းအရ အနာဂတ်မှာ လူတွေဟာ ကမ္ဘာကြီးပျက်စီးခါနီးလာပြီး ရင်းမြစ်တွေရှားပေးလာတဲ့အတွက် အသက်ရှင်ဖို့ နည်းလမ်းတစ်ခုကို တီထွက်လိုက်ပါတယ်။ ဒါကတော ့အချိန်ကို လားရာပြောင်းပြန်နဲ့ သွားဖို့ပါပဲ။ တစ်ကမ္ဘာလုံးကို ဒီလို သွားနိုင်ဖို့ လုပ်လိုက်မယ်ဆိုရင် အတိတ်ကာလက အချိန်ရှေ့အတိုင်း သွားနေတဲ့ လူအားလုံး သေဆုံးပျက်စီးရပါလိမ့်မယ်။ ဒါဟာ Grandfather paradox အဘိုးဝိရောဓိ နဲ့ ညှိပါတယ်။ သင်ဟာ အတိတ်ကို ပြန်သွားပြီး ကိုယ့်အဘိုးကိုယ် သတ်လိုက်မယ်ဆိုရင် သင်လည်းမွေးမလာနိုင်တော့ပါဘူး။ မွေးမလာနိုင်တော့တဲ့အတွက် အတိတ်ကို ပြန်ပြီး အဘိုးကို သတ်ဖို့ ဆိုတာလည်း မဖြစ်နိုင်တော့ပါဘူး။ ဘယ်လိုမှ ဖြေရှင်းမရတဲ့ ဝိရောဓိပါ။ ဒီရုပ်ရှင်ရဲ့ အနာဂတ်က လူတွေကတော့ ဒီဝိရောဓိမျိုးဖြစ်မလာနိုင်ဘူးလို့ ယုံကြည်ပြီး အတိတ်က ဘိုးဘေးအားလုံးကို ပြန်သတ်ဖို့ကြိုးစားသူရှိသလို၊ ဝိရောဓိကို ယုံကြည်လို့ တားဆီးဖို့ ကြိုးစားတဲ့သူတွေလည်း ရှိလာပါတယ်။ နောက်ပြီးတော့ တကယ်သာ အဲဒါ အောင်မြင်ပြီးသားဆိုရင် အတိတ်မှာ လူတွေအကုန်သေသွားတဲ့ စကြဝဠာဖြစ်တည်မှုတစ်ခု၊ အတိတ်ကလူတွေ မသေအောင် တားဆီးနိုင်တဲ့ အချိန်လမ်းကြောင်းတစ်ခု စသဖြင့် အမျိုးမျိးကွဲထွက်ပြီး multiverse တွေ တည်ရှိနိုင်မလားလည်း တွေးစရာဖြစ်နေပါတယ်။ ကျန်တဲ့ဇာတ်လမ်းတွေကတော့ ရုပ်ရှင်ထဲမှာပဲ ရှင်းလင်းသွားတာမို့နားလည်နိုင်မှာပါ။ File Size :(10.8GB) ( 3 GB , 1 GB ) Quality : BluRay.4K HEVC, 1080p , 720p  Running Time : 2 hr 30 min Format : Mp4 Genre : Action , Si-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Crime • Drama • Thriller
7.2 2020 150 mins
Tenet
Watcher
6.6

Box office တန်းဝင်တဲ့ သည်းထိပ်ရင်ဖို ဇာတ်ကားမျိုး ကြည့်ရှုချင်တဲ့ ပရိသတ်တွေအတွက်ပါ။ ဇာတ်လမ်းအညွှန်းလေးကတော့ ... ဂျူလီယာက သူ့ရဲ့ ချစ်ခင်ပွန်းနဲ့ ရိုမေးနီးယားကို ပြောင်းရွှေ့လာခဲ့တဲ့ အမေရိကန်သူလေးပေါ့။ ရိုမေးနီးယားစကားမပြောတတ်တော့ တိုင်းတစ်ပါးကို ရောက်ခါစမှာ သူ အတော်လေး အထီးကျန်ရပါတယ်။ အထီးကျန်ရတဲ့ကြားထဲမှာမှ သူ့ကို စောင့်ကြည့်နေတဲ့ သူ တစ်ယောက်က ရှိနေပြန်ပါတယ်။ အဲဒီအကြောင်း သူ့ယောက်ျားကို ပြောပြပေမဲ့ အလုပ်များတဲ့ horror ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း ယောက်ျားဖြစ်သူက မယုံပြန်ပါဘူး။ တကယ်တမ်း စောင့်ကြည့်နေတဲ့ အဲဒီလူရဲ့ ရည်ရွယ်ချက်က ဘာလဲ? လူကောင်းလား? လူဆိုးလား? ဂျူလီယာတစ်ယောက် ဘယ်လိုဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကို ဇာတ်ကောင် ဂျူလီယာ နဲ့အတူ အသည်းတယားယား စောင့်ကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 1.2GB, 471MB & 236MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 31mins Genre : Drama, Horror, Thriller Translated by May Myat Thu Encoded by Kinnov

Action • Adventure • Drama • History • Romance • War
6.6 2022 96 mins
Watcher
Groundhog Day
7.6

Groundhog Day လို့‌ခေါ်တဲ့ ဖေဖော်ဝါရီ ၂ရက်နေ့ဟာ မြောက်အမေရိကရဲ့ ပွဲတော်နေ့တစ်ခုပါပဲ။ Punxsutawney မြို့မှာ Punxsutawney Phil လို့ခေါ်တဲ့ ဂရောင်းဟော့လေး‌က နွေဦးပဲစောစော‌လာမလား ဆောင်းပဲရှည်မလား ဟောတာကို ကြည့်ပြီး ပါတီတွေပေးကြတဲ့နေ့ပေါ့။ အဲဒီနေ့မှာ နေရာအနှံ့က သတင်း‌သမားတွေ တီဗီအစီအစဉ် ကြေညာသူတွေ Punxsutawney ကို လာရောက်ကြတယ်။ ဒီရုပ်ရှင်ဟာ အဲဒီ Groundhog Day မှာ ပိတ်မိနေတဲ့ လူတစ်ယောက်အကြောင်းပေါ့။ တော်တော်လေးစောတဲ့ Time Loop ရုပ်ရှင်တစ်ကားဖြစ်သလို သူ့ဟန်ကို Theme အဖြစ်မှီးပြီး နောက်ပိုင်းသုံးလာကြတာတွေလည်း မနည်းပါဘူး။ Supernatural ထဲလည်း မှီးသုံးခဲ့ဖူးတယ်။ Groundhog Day ဟာ Classic တန်း၀င် Comedy ကားကောင်းတစ်ကားဖြစ်သလို ဝေဖန်ရေးသမား Roger Ebert အကြိုက်ဆုံးစာရင်းထဲ၀င်ခဲ့တဲ့ ရှားရှားပါးပါး Comedy ကားလည်း ဟုတ်ပါတယ်။ အဓိကဇာတ်​ဆောင်ကလည်း နာမည်ကျော် Bill Murray ဆိုတော့ ကောင်းမှာမပူရတော့ဘူး​ပေါ့။ ဇာတ်လမ်းလေးကလည်းဆန်းပါတယ်။ Bill ဟာ မိုးလေဝသကြေညာသူတစ်ယောက်ဖြစ်ပြီး မာနကြီး လက်​ပေါက်ကတ်သူပေါ့။ ရေတစ်၀က်ပဲရှိတဲ့ ဖန်ခွက်ကိုကြည့်ပြီး တစ်၀က်တောင်ရှိတယ်ပြောမယ့်လူရယ် တစ်၀က်ပဲရှိတယ် ပြောမယ့်လူရယ်ဆိုတဲ့ လူစား၂မျိူးမှာ သူဟာ ဒုတိယလူစားမျိူးပါပဲ။ ဒါနဲ့ပဲ တစ်ရက်ကျ ပန်ဆူ​​​တော်နီဆိုတဲ့ ဇနပုဒ်​လေး မှာ Groundhog Day ဆိုတဲ့ ရာသီပွဲတော်တစ်ပွဲကို သွားရောက်ရိုက်ကူးဖို့ အကြောင်းဖန်လာပါတယ်။ သူတို့အဖွဲ့သားတွေရောက်သွားကြပြီး Bill တစ်ယောက်ဟာ ထူးဆန်းစွာနဲ့ပဲ အဲဒီနေ့ကိုပဲ နေ့တိုင်း ဖြတ်သန်းနေရပါ​တော့တယ်။ သူဟာ Groundhog Day ဆိုတာကြီးကို နေ့တိုင်း ထပ်တလဲလဲ ကြုံနေရတဲ့ Time Loop သဘောမျိုးမှာနေနေရတယ်။ အဲဒီကနေ လွတ်လမ်းရှာရင်း ကြာလာတော့ စိတ်ဓါတ်တွေကျ၊ သတ်သေချင်စိတ်တွေပေါ်လာပါ​တော့တယ်။ အဲဒီနေ့ မနက်မှာဖွင့်တဲ့ Radioသံကြားရရင်ကို စိတ်က ဂယောက်ဂယက်တွေဖြစ်လာပြီး ဒီ Time Loop က​နေ ကျော်လွှားဖို့နည်းလမ်းကို အသည်းအသန်ရှာရပါတော့တယ်။ ရုပ်ရှင်ဟာ IMDB Rating 8.0 အထိရရှိထားပြီး Bill Murray ရဲ့ ဂန္တဝင်သရုပ်ဆောင်ချက်တွေ၊ ဘဝသင်ခန်းစာတွေကို ညိမ့်ညိမ့်လေးကြည့်သွားရမှာဖြစ်ပါတယ်။ ဘုရားသခင်ရဲ့ ကျီစယ်မှုတစ်ခုဖြစ်တဲ့ ဒီ Time loop ရဲ့ ရည်ရွယ်ချက်ကို ရှာ​ဖွေရင်း ကိုယ်သာ ဒီလို တစ်ရက်ထဲကိုပဲ အကြိမ်ကြိမ်ကြုံခဲ့ရရင် ဘာ​တွေ လုပ်မလဲဆိုတာ စိတ်ကူးယဉ်လိုက်ကြစေချင်ပါတယ်။ Groundhog Day နဲ့ ပတ်သက်ပြီး ဝေဖန်ရေးသမားတွေကတော့ "Groundhog Day ဟာ သူ့ပေးချင်တဲ့မက်ဆေ့နဲ့ သူ့ရည်ရွယ်ချက်ကို ထင်သာမြင်သာ ရှင်းရှင်းလင်းလင်းတွေ့နိုင်တဲ့ရုပ်ရှင်ပါပဲ။ သူ့ရဲ့ ပညာသားပါမှုကိုတော့ ချက်ချင်းကြီး သတိထားမိမှာမဟုတ်စေဘဲ မှတ်ဉာဏ်ထဲ အခြေကျရင်းနဲ့မှ သိလာမယ့် သဘောမျိုး " လို့ ဆိုကြပါတယ်။ ရုပ်ရှင်တစ်ကားကြည့်ပြီး ကိုယ့်ခံစားချက်ကို သေသေချာချာဖော်မပြတတ်ပေမဲ့ တူညီတဲ့ခံစားမှုတစ်ခုရတဲ့အခါ ဒီရုပ်ရှင်က Groundhog Day လို ရုပ်ရှင်မျိုးပဲဆိုပြီး ကိုယ့် မှတ်ဉာဏ်ထဲ Reference အနေနဲ့ ကိုးကားဖို့ ကျန်နေတဲ့ရုပ်ရှင်မျိုးလည်းဟုတ်တယ်လို့ ဆိုကြပါတယ်။ ရေတစ်၀က်ရှိတဲ့ ဖန်ခွက်တစ်ခွက်ကိုကြည့်ပြီး "တစ်၀က်တောင်ရှိတယ်"ဆိုတဲ့သူရော "တစ်၀က်ပဲရှိတယ်"ဆိုတဲ့သူရောဟာ အချိန်တစ်ခုမှာတော့ ရေအပြည့်ရှိတယ်လို့ ထင်မြင်သွားကြပါလိမ့်မယ်။ တကယ်ပြည့်မပြည့်တော့ ဘယ်သူမှမသိပေမဲ့ ချစ်ခြင်းကတော့ လိုနေတဲ့ရေတစ်၀က်ကို ဖြည့်ပေးသွားပါလိမ့်မယ်။ လောကကြီးကိုက ရေတစ်၀က်သာ ဖြည့်ထားတဲ့ ဖန်ခွက်ကြီးပဲမို့လို့ လူတွေဟာ ချစ်ခြင်းမေတ္တာကို လိုအပ်ခဲ့တာပေါ့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.2GB, 880MB, 440MB Quality - 1080p, 720p, 480p IMDb Rating - 8.0/10 Format - mp4 Duration - 1H 41Min Genre - Comedy, Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Crime • Drama
7.6 1993 101 mins
Groundhog Day
Fatafati

Fatafati IMDb-8/10 အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါ အဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ် ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရ‌စေလားရှင် (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB / 974MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Cherry~Moon~Saii~Yunni

Drama • Mystery • Science Fiction • Thriller
0 2023 131 mins
Fatafati
The Fast and the Furious: Tokyo Drift
The Quest for Tom Sawyer’s Gold
5.1

The Quest for Tom Sawyer’s Gold (2023) ============================= မိသားစုနဲ့အတူ အပန်းပြေကြည့်ရှု့နိုင်မယ့် ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ အခုဇာတ်ကားဟာ Tomb Raider တို့၊ Indiana Jones တို့လို ရတနာတွေ လိုက်ရှာတဲ့ ဇာတ်ကားမျိုးဆိုပေ မယ့် က‌လေးတွေအတွက် ရည်ရွယ်ပြီး ရိုက်ထားတာမို့ Dora: The Explorer လိုမျိုး ဇာတ်ကားမျိုးပါ။ ဇာတ်လမ်းက အရမ်းကြီးလေး နက်တဲ့ Plot Twist တွေ၊ သတ်ခန်းဖြတ်ခန်းတွေ မပါဝင်ပေမယ့် ထိုက်သင့်တဲ့ စွန့်စားခန်းမျိုးနဲ့ တင်ဆက်ထားတာမို့ ပေါ့ပေါ့ပါးပါး ကြည့်ရှု့နိုင်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အက်ဂီအန်းစတောင်းဟာ စွန့်စားပြီး ရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့် အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သား ဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ် အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့ စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါ တယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူ တွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲ အပြင်မှာပါ တကယ်လိုက်ရှာဖို့ ကြိုးစားပါတော့တယ်။ သူမသိအောင် ခိုးထွက်သွားတဲ့ သားကို လိုက်ရှာဖို့လုပ်ရင်း အက်ဂီ လည်း စွန့်စားခန်းပြန်ထွက်ဖို့ ကြုံလာပါတယ်။ ဒါပေမယ့် ရတနာတွေ ကို လိုက်ရှာဖို့ ကြိုးစားတာက သူတို့ချည်းတင်မဟုတ်ဘဲ ကျောင်းကို အသစ်ရောက်လာတဲ့ မစ္စတာ အေဂျေ ဆိုတဲ့ ဆရာတစ်ယောက်လည်း ပါပါတယ်။ အက်ဂီဟာ ကောလိပ်မှာတုန်းက မစ္စတာ အေဂျေရဲ့ သုတေ သနလက်ထောက်ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ သူတို့တွေ ရွှေတွေကို လိုက်ရှာဖို့ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ပေါ့ပေါ့ ပါးပါး ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin ဖြစ်ပါတယ်) File Size……….(1.6 GB) / (714 MB) / (408 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 28Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Family Translator…….Leonard Lin Encoder……….SWM

5.1 2023 88 mins
The Quest for Tom Sawyer’s Gold
Abulele
5.8

Abulele (2015) =========== “တကယ်လည်းမရှိ၊ ရှိခဲ့ရင်လည်း ခင်ဗျားတို့ ကျွန်တော်တို့ မမြင်နိုင်မယ့် ဖြစ်တည်မှုတစ်ခုအကြောင်းပေါ့ဗျာ”။ အစ္စရေးနိုင်ငံ ဂျေရုဆလင်မြို့တော်မှာ ကျောရိုးခံထားတဲ့ လျှို့ ဝှက်ဆန်းကြယ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်။ မြေထဲ ပင်လယ်ဒေသမှာ ကလေးနဲ့ခွေးပဲ အယုံအကြည်ရှိကြတယ်ဆို ပြီး အိပ်ရာဝင်ပုံပြင်တစ်ခုမျှသာ သမုတ်ခံထားရတာကတော့ Abulele ဆိုတဲ့ ရှေးဒဏ္ဍာရီလာသတ္တဝါကြီးတွေပဲဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် အိမ်မှာရော ကျောင်း မှာပါအဆင်မပြေဖြစ်ပြီး မဝင်ဆံ့နိုင်သလိုခံစားနေရတဲ့ အာဒမ်နဲ့ ဗုံးခိုကျင်းထဲကသတ္တဝါကြီးတို့ သူငယ်ချင်း​တွေဖြစ်လာကြတဲ့ အခါမှာတော့….. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi ဖြစ်ပါတယ်) File Size……….(1.2 GB) / (436 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Encoder……….SWM

5.8 2015 90 mins
Abulele
Here Alone
5.6

အခု တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဇွန်ဘီ horror / thriller ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားအစမှာတော့ Covid 19တွေဖြစ်တုန်းကလိုမျိုး ကူးစက်ရောဂါပြန့်နှံ့ နေပုံနဲ့အစချီထားပါတယ်။ ဒီကားထဲကဗိုင်းရပ်စ်ကတော့ ကိုဗစ်ထက်ပို အကြောင်းဆိုးတယ်ပေါ့လေ။ ကူးခံရရင် ဇွန်ဘီတွေဖြစ်ကုန််တာကိုး။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်ဆောင် အန်း ဟာ ရောဂါနဲ့ဇွန်ဘီတွေကိုရှောင်ဖို့ တောထဲမှာ တစ်ယောက်တည်းနေထိုင်ပါတယ်။ တစ်နေ့ အိုလီဗီယာဆိုတဲ့ ကောင်မလေးရယ် အဲ့ကောင်မလေးရဲ့ ပထွေး ခရစ်တို့ နှစ်ယောက်နဲ့ အန်းတို့ အမှတ်မထင်ဆုံဖြစ်သွားကြပါတယ်။ ဒဏ်ရာရနေတဲ့ ခရစ်ကို ကူညီပေးရင်း သူတို့ရင်းနှီးသွားကြပါတယ်။ ခရစ်တို့က အန်းကို သူတို့နဲ့အတူ မြောက်ဘက်ကို လိုက်ခဲ့ဖို့ခေါ်တဲ့အခါ အန်းကငြင်းခဲ့ပါတယ်။ အန်းက ဘာကြောင့် အဲ့တောထဲမှာပဲ အခြေချနေထိုင်နေတာလဲဆိုတဲ့အကြောင်းကို flashback လေးတွေရောထည့်ပြီး ရိုက်ကူးထားတာပါ။ဒီဇာတ်ကားက မြင်ဖူးတွေ့ဖူးနေကျ ဇွန်ဘီကားတွေနဲ့မတူပဲ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ဇာတ်လမ်းကိုဆွဲခေါ်သွားတာမျိုးပါ။ Survivalဆိုတာထက် ခံစားမှုကို အသားပေးတဲ့ဇာတ်ကားမျိုးဖြစ်တာမို့ ထူးခြားတဲ့ ဇွန်ဘီကားပါပဲ။ အခုလိုမိုးအေးအေးရာသီဥတုနဲ့ဆို ကြည့်ရတာပိုပြီးအရသာရှိစေမှာဖြစ်ပါတယ်။ File size…1.14GB / 556MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 38m Genre ….. Drama , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.6 2016 97 mins
Here Alone
All Ears
6

ဒီဇာတ်ကား​လေးကတော့ အသုဘနာရေးတွေမှာ သေဆုံးသွားတဲ့လူအကြောင်းပြောဖို့ ဇာတ်ညွှန်းတွေကိုရေးပေးလေ့ရှိတဲ့ ဝမ်ရှန့်။ သူကအရင်တုန်းက TV series ဇာတ်ညွှန်းဆရာတစ်ယောက်ပေါ့။ ဒါပေမဲ့သူ့ဇာတ်ညွှန်းတိုင်းဝေဖန်မှုတွေကြောင့် လက်လျှော့ခဲ့ရတယ်။ ဒီလိုနဲ့သေဆုံးတဲ့လူတွေအကြောင်းရေးတဲ့အသုဘမိန့်ခွန်းရေးသူတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကထူးထူးခြားခြား လူတွေသေဆုံးပြီးသွားရင် ကျန်ရစ်သူတွေကဒီသေဆုံးသွားတဲ့သူအပေါ် ဘယ်လိုခံစားချက်တွေရှိကြလဲ။ ဘယ်လိုမျိုးတွေဝမ်းနည်းပူဆွေးကြလဲစတာတွေကို ဖော်ကြူးပြသထားတာဖြစ်တာကြောင့် ဒီဇာတ်လမ်းလေးကိုဆက်လက်ကြည့်ရူလိုက်ကြရအောင်

6 2023
All Ears
L.I.F.E.

အကသမဖြစ်ချင်တဲ့အိပ်မက်ရှိတဲ့ ကုမ္ပဏီဝန်ထမ်း အမ်မာနဲ့ ငွေဝင်သိပ်မရဘဲချို့ချို့တဲ့တဲ့နေရတဲ့ အကသမလေး ယင်ကာတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အမ်မာက ‌ပြည့်ပြည့်စုံစုံနေရပေမဲ့ အကသမဘဝကိုပဲ တပ်မက်နေတယ်။ တစ်ဖက်မှာလည်း ယင်ကာက အကသမဖြစ်နေပေမဲ့ ဝင်ငွေနည်းတာကြောင့် အလုပ်ပြောင်းဖို့စဉ်းစားနေတယ်။ တစ်နေ့မှာ သူတို့နစ်ယောက်လုံးလမ်းဘေးကအမေအိုကြီးနဲ့ တစ်လှည့်စီတွေ့ဆုံဖြစ်ခဲ့ကြပြီး သူတို့လိုချင်တဲ့ဘဝတွေအကြောင်းရင်ဖွင့်လိုက်ကြတယ်။ အဘွားအိုကြီးက သူတို့နှစ်ယောက်စလုံးကို ဆုတောင်းမမှားဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ အမ်မာနဲ့ယင်ကာတို့က ခန္ဓာကိုယ်ချင်းပြောင်းသွားကြပါတော့တယ်။ သူတို့နှစ်ယောက် ကိုယ့်ခန္ဓာကိုယ်ကိုပြန်ရဖို့ ဘယ်လိုတွေလုပ်ကြမလဲ အဲ့မတိုင်မှာရင်ဆိုင်ရမဲ့အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(1.6 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khant Sett Naing

Drama • Crime
0 2024
L.I.F.E.
Katak: The Brave Beluga
6.1

ခတဒ်ဆိုတဲ့ဝေလငါးလေးဟာ အဘွားပြောပြတဲ့ဘယ်သူမှမယုံကြည်‌တဲ့အဘိုးရဲ့ပုံပြင်တွေကို ယုံကြည်သဘောကျတဲ့သူပေါ့။ အဘွားရဲ့နောက်ဆုံးအချိန်လေးမှာ သူ့အဘိုးနဲ့ပြန်ဆုံစည်း‌စေချင်တဲ့ဆန္ဒရှိလို့ မြစ်ထဲနေရာကနေ အဘိုးရှိရာသမုဒ္ဒရာဘက်ကိုခရီးဆက်ခဲ့တယ်။ အခြားဝေလငါးတွေနဲ့မတူပဲ ဖွံဖြိုးဖို့နောက်ကျနေတဲ့ခတဒ် မြစ်ထဲမှာပဲ နေဖူးတဲ့ ခတဒ် သမုဒ္ဒရာထဲမှာဘယ်လိုခရီးဆက်မလဲ ဘယ်လိုအခက်အခဲတွေနဲ့တွေ့မလဲ အဘိုးကိုရောတွေ့ခွင့်ရ‌သွားလားဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှူနိုင်ပါတယ်။ ဒီကားလေးကြည့်ပြီး စိတ်ခွန်အားတွေရရှိမယ်လို့မျှော်လင့်ပါတယ်။ File size…(1.2 GB)/(620 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:22:00 Genre… Animation, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali

6.1 2023
Katak: The Brave Beluga
Latency
5.5

အိမ်ထဲကနေအိမ်ပြင်ကိုမထွက်တဲ့ Gamer တွေဆိုတာ အပြင်မှာ တကယ်ကြီးကိုရှိပါတယ်။အခု တင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာလည်း အိမ်ထဲကနေအိမ်ပြင်မထွက်ဘဲ ဂိမ်းတွေ အသားကုန်ဆော့လို့ရူးသွားရတဲ့ Gamer မမ တစ်ယောက်အကြောင်းကို ရိုက်ကူးပြသထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒီဇာတ်ကားကိုလူငယ်တွေထက် ကလေးတွေကို ဆုံးမချင်တဲ့ လူကြီးတွေကတော့ပိုကြိုက်မယ်လို့ ထင်ပါတယ်။ဒါပေမယ့်လည်း လူငယ်ဇာတ်ကားဖြစ်တဲ့အတွက် လူငယ်တွေ အကြိုက်တွေကို အဓိကထားရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီး တန်ဆေးလွန်ဘေးဖြစ်တတ်တယ်ဆိုတာကို ကောင်းကောင်းကြီး ကွက်ကွက်ကွင်းကွင်းမြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့နာမည်ကတော့ Latency ပဲဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ဒီဇာတ်ကားထဲမှာအိမ်ထဲက အိမ်ပြင်မထွက်တဲ့ Gamer ကတော့ဟန်နာဖြစ်ပြီး သူအဲ့လို ဖြစ်နေရတယ်ဆိုတာလည်းအကြောင်းအရင်းရှိပါတယ်။ အဲ့ဒီအကြောင်းအရင်းကတော့ သူ့မှာဟင်းလင်းပြင် ကြောက်တတ်တဲ့ ရောဂါရှိလို့ဖြစ်ပြီး သူနေတဲ့တိုက်ခန်း ထဲကနေအပြင်ကို လုံး၀ခြေတစ်လှမ်းဆို တစ်လှမ်းတောင် မထွက်ရဲတာဖြစ်ပါတယ်။အဲ့လိုအိမ်ထဲမှာပဲ နေရတဲ့အတွက် ဂိမ်းတွေက သူ့အတွက်အဖော်ဖြစ်လာပြီး အခုအချိန်မှာဆိုရင် ဂိမ်းနဲ့ ပတ်သတ်တဲ့ပစ္စည်းတွေကို စမ်းသုံးပေးရတာတွေ အစမ်းဆော့ကြည့်ပေးရတာတွေလုပ်နေရပါပြီ။အဲ့လိုအပြင် မထွက်ပဲနဲ့ သူဘယ်လိုအသက်ရှင်နေထိုင်လဲလို့ မေးရင်တော့ အပေါ်ထပ်မှာနေတဲ့ သူ့သူငယ်ချင်းဂျန်ကိုအားကိုးပြီးနေနေ ရတာပဲဖြစ်ပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့သူ့ဆီကို Omnia လို့ခေါ်တဲ့ထုတ်ကုန် အသစ်တစ်ခုရောက်လာပြီး ပွဲမထုတ်ခင်သူ့ကိုစမ်းသပ်ခိုင်းခဲ့ ပါတော့တယ်။အဲ့ဒီ Omnia လို့ခေါ်တဲ့ပစ္စည်းကအာရုံကြောနဲ့ ဆက်သွယ်ပြီးလျှပ်စစ်ပစ္စည်းတွေ ဂိမ်းတွေ ပရိုဂရမ်တွေကို စိတ်နဲ့စေခိုင်းလို့ရစေတဲ့ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။ဟန်နာ ကလည်းအဲ့ဒီပစ္စည်းကိုအရမ်းကြိုက်သွားပြီးနောက်ပိုင်း အလွန်အကျွံတွေအသုံးပြုလာမိတဲ့အခါမှာတော့ဘယ်လို ဘေးထွက်ဆိုးကျိုးတွေကိုခံစားရပြီး ဘာတွေဆက်ဖြစ်မယ် ဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…993MB / 370MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Action , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024
Latency
Crazxy
5.3

Crazxy(2025) “အတိတ်ရဲ့အရိပ်” IMDb – 7.3/10 ဒီရုံတင်ကားကတော့ ခွဲစိတ်ဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာအဘီမန်ယူရဲ့ တစ်ကိုယ်တော်ဇာတ်လမ်းပေါ့ ရုံတင်ငွေအနေနဲ့လည်း ၁၅ကုဋေ ပြန်ရထားပါတယ် ဆရာဝန်တစ်ယောက်ဖြစ်ပေမဲ့ သမီးဖြစ်သူ ဉာဏ်ရည်မမီဘဲမွေးဖွားလာမှာမို့ မလိုချင်တဲ့ထိဖြစ်ပြီး ဇနီးဖြစ်သူနဲ့ပါ ကွာရှင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ ကားမောင်းနေရင်းက သမီးဖြစ်သူကို ပြန်ပေးဆွဲထားတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဝင်လာခဲ့တယ်။ သမီးနဲ့ဇနီးပေါ်မှာ သံယောဇဉ်သိပ်မရှိသူမို့ နောက်ပြောင်ပြီးခေါ်ဆိုတယ်လို့ပဲ ထင်ခဲ့တာပေါ့။ အဘီမန်ယူတစ်ယောက် သူ့သမီးကို ပြန်ကယ်ဖို့ရာ ဘယ်လိုတွေရင်ဆိုင်ဖြတ်သန်းရမှာလဲ။ ပိုပြီးထူးခြားတာက ဒီကားမှာ ဒေါက်တာအဘီမန်ယူက တစ်ယောက်တည်းသော ဇာတ်ကောင်ပါ။ သူ့ရဲ့ အတွင်းစိတ်ခံစားချက်တွေ ရုန်းကန်လှုပ်ရှားမှုတွေကို နက်နက်ရှိုင်းရှိုင်း မြင်ရမယ်။ သူ့သမီးကို ပြန်ပေးဆွဲသွားတဲ့လူက ဘယ်သူလဲ၊ သူကရော အချိန်မီကယ်တင်နိုင်မလား၊ ပြန်ပေးသမားနဲ့ သူနဲ့က ဘယ်လိုပတ်သက်မှုတွေရှိနေမလဲ။ ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာဖွေရင်းနဲ့ ဒတ်ပူးမင်းသားကြီး ရိုင်ယန်ရေးနိုးရဲ့ Buried (2010)လို ibeမျိုး ခံစားရမလားဆိုတာအားပေးကြည့်ရှုလိုက်ကြပါဦး။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

5.3 2025 94 mins
Crazxy