YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Moonlight.Mystique.S01.E05.720p.WEB-DL.[RMC].mp4

327.19 MB N/A video/mp4 3 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Seven Swords
1

ဒီတစ်ခေါက် CM ပရိသတ်တို့အတွက် Seven Swords ဆိုတဲ့ သိုင်းကားလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ရှန့်ကူနတ်တိရစ္ဆာန်ချီလင်ဟာ ရွှမ်းယွမ်၊ ချိန်ယင် စသည့် မိစ္ဆာနိုင်ဓား ၇ ချောင်းကို ထုလုပ်ခဲ့ပြီး လူ့ပြည်မှ ကျင့်ကြံသူ ၇ ဦးကို ဓားသခင် ၇ ဦးအဖြစ် ပေးအပ်ခဲ့သည်။ တစ်ချိန်တည်းမှာပဲ ချန်ရှိမြိုတွင် နှစ်တစ်ထောင်ခန့် ကျင့်ကြံခဲ့သော မြွေမိစ္ဆာတစ်ကောင်က သူမ၏စွမ်းအင်တိုးပွားစေရန်အတွက် သက်ရှိတွေကို အန္တရာယ်ပြုခဲ့ပါတယ်။ ဓားသခင် ၇ ဦးတိုဟာ လူ့ပြည်ငြိမ်းချမ်းရေးအတွက် မြွေမိစ္ဆာကို တိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးပိတ်လှောင်ထားနိုင်ခဲ့ပါတယ်။ နှစ် ၅၀၀ ကြာပြီးနောက် ချိန်ယင်ဓားသခင်က ဖမ်းဆီးထားခြင်းကို အားဖြည့်ပေးနေစဉ် မြွေမိစ္ဆာက အခွင့်ကောင်းယူပြီး ဖမ်းဆီးရာမှ လွတ်မြောက်သွားခဲ့ပါတယ်။ ချိန်ယင်ဓားသခင်ဟာ သူ့ရဲ့ စီးတော်မြည်းကို ချိန်ယင်ဓားနှင့်အတူ ထွက်ပြေးလွတ်မြောက်နိုင်ရန် အသက်ပေးကာကွယ်ပေးခဲ့သည်။ ဖုန်းယွင်အရက်ဆိုင်မှ စားပွဲထိုးလေး လော့ရှောင်ထျန်းသည် အရက်ပိုပေးသည့်လမ်းတွင် ထိုမြည်းနှင့် တွေ့ခဲ့ပြီး ချိန်ယင်ဓား ၏ရွေးချယ်ခြင်းကို ခံလိုက်ရသည်။ ထိုအချိန်မှစပြီး ပြဿနာမျိုးစုံနှင့် ကြုံတွေ့ရပါတော့သည်။ လော့ရှောင်ထျန်းတစ်ယောက် ဘယ်လို ပြဿနာတွေနဲ့ တွေ့ကြုံရမလဲ...... မြွေမိစ္ဆာကိုရော ဘယ်လို တိုက်ခိုက်ကြမလဲ...... ဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 18min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

1 2022 78 mins
Seven Swords
Boogie Nights
5.2

မြောက်ကိုရီးယားရဲ့ ရုတ်တရက် နျူးကလီးယားဗုံး ပစ်လွှတ်မယ်ဆိုတဲ့ သတင်း​ကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ကမ္ဘာပျက်မတတ်ဖြစ်နေကြတယ်.. တစ်ချို့လည်း ဒီသတင်းကြောင့် အသက်ဘေးလွတ်မြောက်ဖို့ကြိုးစားကြသလို တစ်ချို့ကလည်း နောက်ဆုံးအချိန်ဆိုပြီး လုပ်ချင်ရင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ကြတယ်.. ဒီထဲမှာလည်း ခတ်လတ်လတ် လူရွယ်တစ်ယောက်ကတော့ သူ့ဘဝရဲ့ နောက်ဆုံးနေ့ကို စိတ်တိုင်းကျ ကုန်ဆုံးဖို့အတွက် သူငယ်ချင်းတွေနဲ့ ကလပ်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်... ကလပ်သွားရင်း မမျှော်လင့်ဘဲအလန်းစား စကီ ၅ပွေနဲ့တွေ့တဲ့အခါမှာတော့... ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ Comedy , Romance လေးဖြစ်လို့ ခံစားကြည့်ကြပါဦ:... File Size : (1.1GB)(491MB) and (113 MB) Quality : WEB-DL1080P,720p Format…mp4 Duration…01:28:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel Encoded by Phyo Pyae

Crime • Drama • Thriller
5.2 2022 88 mins
Boogie Nights
Lost in Florence
5

လူတိုင်းလိုလိုရဲ့ဘဝမှာ ကိုယ်ဖြစ်ချင်၊ လုပ်ချင်တဲ့အရာနဲ့ အများပတ်ဝန်းကျင်က လက်ခံထားကြတဲ့ ဖြစ်သင့်လုပ်သင့်တယ်ဆိုတဲ့အရာကြားမှာ ဘာရွေးချယ်ရမှန်း မသိဘဲ လမ်းပျောက်တွေဝေနေတာမျိုးရှိဖူးကြမှာပါ။ ဒီကားထဲက အဓိကဇာတ် ဆောင်ဖြစ်သူ အဲရစ်ခ်ဆိုတဲ့ အမေရိကန်သားလေးဟာလည်း ဒီလိုမျိုးပဲဖြစ်နေ တာကိုတွေ့ရမှာပါ။ ဇာတ်လမ်းအစမှာဆိုရင် သူနဲ့နှစ်လကြာရှည်တွဲလာခဲ့တဲ့ ကောင်မလေးဖြစ်သူ ကော် လင်းတို့ဟာ အဲရစ်ခ်ရဲ့ဝမ်းကွဲရှိတဲ့ အီတလီနိုင်ငံရဲ့ ဖလောရန့်စ်မြို့ကို အလည်လာခဲ့ ကြပါတယ်။ အဲဒီမှာ အဲရစ်ခ်တစ်ယောက် ကော်လင်းကိုရိုဆန်ဆန်လေး လက်ထပ်ခွင့် တောင်းခဲ့ပေမယ့်လို့ ကော်လင်းက အဲရစ်ခ်ဟာ ဖြစ်သင့်တဲ့ ဥပဒေကျောင်းကိုတက်ဖို့ မလုပ်ဘဲ၊ မဖြစ်သင့် မဖြစ်လာနိုင်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးကစားတဲ့ အိပ်မက် နောက်ကိုပဲလိုက်နေတာကြောင့်အနာဂတ်အလားအလာမရှိဘူးဆိုပြီးလမ်းခွဲလိုက် ပါတယ်။ အဲဒီနောက်မှာတော့ အဲရစ်ခ်ဟာ အသည်းကွဲသမားလေးဖြစ်နေပြီးတော့ အမေရိကန်မှာရှိတဲ့သူ့အိမ်ကိုပြန်မသွားသေးဘဲ ဖလောရန့်စ်က သူ့ဝမ်းကွဲအိမ်မှာပဲ သောင်တင်နေပါတော့တယ်။ အဲဒီလိုနေရင်းနဲ့ သိပ်မကြာခင်မှာပဲ ဖလောရန့်စ်ရဲ့ရိုးရာ ကစားနည်းတစ်ခုဖြစ်တဲ့ ကာချီယိုစတိုရီကိုဆိုတဲ့ ဘောလုံးကစားနည်းတစ်ခုကို ဆော့ ကစားဖြစ်သွားပြီး အဲရစ်ခ်တစ်ယောက်သဘောကျသွားမိပါတယ်။ ဒါပေမယ့်လည်း ဒီကစားနည်းဟာ ခက်ခဲကြမ်းတမ်းလှသလို အီတလီလူမျိုးတွေမှပဲ ဆော့ခွင့်ရတယ်ဆိုတဲ့အားကစားနည်းတစ်ခုဖြစ်နေတော့ အဲရစ်ခ်တစ်ယောက်ဇွဲမ လျှော့ဘဲဆက်ဆော့ကစားနိုင်ပါ့မလား၊ ဒါမှမဟုတ် ဒီလိုမျိုးသူဖြစ်ချင်၊ လုပ်ချင်တဲ့ ဟာတွေထက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတဲ့ ဥပဒေကျောင်းကိုပဲဆက်တက်သွားမလား။ သူ့ကောင်မလေးကြောင့်ရလာတဲ့ အသည်းကွဲဒဏ်ရာတွေကိုရော ဘယ်လိုကုစားမလဲ၊ ကိုယ့်မွေးရပ်မြေမဟုတ်တဲ့ အီတလီမှာရော ဘယ်လိုတွေရှေ့ဆက်သွားမလဲဆိုတာ ကိုတော့ ကိုယ်တိုင်ပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size..........(2.07 GB) / (938 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Drama, Romance Translator......Fiona Gillen Encoder..........SWM

Crime • Drama • Romance
5 2017 97 mins
Lost in Florence
Love Nonetheless
6.7

ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ ရို့မန့်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ အသက်အရွယ်ကွာခြားတဲ့လူနှစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ အချစ်ကို ဘယ်လိုအဓိပ္ပာယ်ယူဆပုံဖော်ကြလဲဆိုတာကို တင်ဆက်ပေးထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ROMANCE ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း တာဒါစံက စာအုပ်ဟောင်းအရောင်းဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက်မှာတော့ တာဒါစံရဲ့ဆိုင်ကို အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့ပြီး စာအုပ်တစ်ခုကို ခိုးယူထွက်ပြေးခဲ့တယ် ဒါကို မြင်သွားတဲ့ တာဒါစံက ကောင်မလေးကို လိုက်ဖမ်းခဲ့တယ် နောက်ပြီး မိသွားတဲ့အချိန်မှာ ကောင်မလေးက ခံဝန်စာတစ်စောင်ရေးပေးခဲ့ရတယ် တကယ်တော့ ဒီကောင်မလေးက တာဒါစံကို သဘောကျနေခဲ့တာပါ သူ့ထက် အသက်ထက်ဝက်လောက်ကြီးတဲ့ လူတစ်ယောက်ကို သဘောကျနေတဲ့ ဒီကလေးမလေးကို တာဒါစံကတော့ ကလေးတစ်ယောက်အဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ် ကောင်မလေးက ဆိုင်ကိုအမြဲလာတယ် လာတိုင်းလည်း တာဒါစံကို စာတစ်စောင်ပေးတယ် စာထဲမှာလည်း သူ့ကိုလက်ထပ်ဖို့ အမြဲပြောထားတယ် ဒါပေမယ့် စိတ်ထဲမှာ အခြားတစ်ယောက်ရှိနှင့်နေပြီးသားဖြစ်တဲ့ တာဒါစံကလည်း ကောင်မလေးကိုအမြဲတမ်းငြင်းပယ်ခဲ့တယ် နောက်ဆုံး သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမလဲ ကောင်မလေးရဲ့ အချစ်ကြောင့် တာဒါစံ စိတ်ပြောင်းလဲသွားမှာလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး Native Title: 愛なのに Also Known As: Ai Nanoni , Ainanoni Screenwriter: Imaizumi Rikiya Screenwriter & Director: Jojo Hideo Genres: Comedy, Romance Tags: Second Hand Bookshop, Student Country: Japan Release Date: Feb 25, 2022 Content Rating: 18+ – Teens 18 or older File Size__(1.3GB) / (600MB) Quality__1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:47:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Action • Adventure • Fantasy
6.7 2022
Love Nonetheless
Little Fish
6.9

Little Fish (2020) ~ IMDb – 6.9/10, Rotten Tomatoes – 91% ~ House of the Dragon ထဲမှာ Alicent Hightower အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မမအိုလီဗီယာလေးက တိကုဆရာဝန်မလေးနေရာက ပါဝင်ထားပြီး ဒရာမာ၊ အချစ်၊ သိပ္ပံ အမျိုးအစားစုံတာမို့ အရသာစုံတဲ့ ထမင်းဝိုင်းလိုကားလေးပါ။ ရုပ်ရှင်ဝါသနာအိုးတွေအနေနဲ့လည်း Timeline ကစားထားတာတွေကို လေ့လာလို့ရမယ့်ကားလေးပေါ့။ အမှတ်တရဆိုတာက လူသားတွေရဲ့ဇာတ်လမ်းကို ပြန်ပြောင်း ပြောပြဖို့အတွက် အရေးကြီးတဲ့ အထူးအခိုက်အတန့်လေးတွေပါတဲ့…။ အကယ်၍များ ဒီလို အမှတ်တရတွေ သိုမှီးထားတဲ့ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့မယ်ဆိုရင်ရော… NIA လို့ခေါ်တဲ့ မှတ်ဉာဏ်တွေကို ပျောက်ကွယ်သွားစေတဲ့ ရောဂါတစ်မျိုးဟာ ကမ္ဘာမှာ ပျံ့နှံ့လို့နေပါတယ်။ ကုရာနတ္ထိ ဆေးမရှိသေးတဲ့အပြင် မှတ်ဉာဏ်ပျောက်ဆုံးသွားသူတွေရဲ့ သံသယက သူတို့ကို ချစ်ခင်သူတွေကို စည်းတားသလိုဖြစ်သွားတာတွေ ဒုနဲ့ဒေးပါ။ ဒီလိုအခြေအနေ အရပ်ရပ်တွေကို ဓါတ်ပုံဆရာလေးနဲ့ တိကုဆရာဝန်မလေးတို့ စုံတွဲ ဘယ်လိုတွေ ကျော်လွှားကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်ပြီးကြည့်လိုက်ကြပါနော်… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 645MB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 1H 41Min Genre – Drama, Romance, Sci-Fi Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama
6.9 2020 101 mins
Little Fish
My Best Part
5.5

My Best Part (2020) =============== ဘဝဆိုတာ အလှည့်အပြောင်း အချိုးအကွေ့များစွာနဲ့ ခက်ခဲလွန်း လှပါတယ်။ ခက်ခဲလှတဲ့ ဘဝကြီးမှာ ကိုယ် ရင်ထဲထိနင့်နေအောင် သိပ်ချစ်ရတဲ့သူတစ်ယောက်ဟာ ကိုယ်ဘယ်တော့မှာ ပြန်မချစ်ချင် တော့တဲ့သူတစ်ယောက်ဖြစ်သွားတဲ့ အခိုက်အတန့်လောက် နာကျင် ခက်ခဲရတာ မရှိပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ဟာ ဒီအခိုက် အတန့်တွေကိုကျော်ဖြတ်ရင်းနဲ့ ရှေ့ဆက်လျှောက်ကြရဖို့လိုအပ်ပါ တယ်။ အချစ်ဆိုတာပြဇာတ်တစ်ပုဒ်လိုပါပဲ၊ ပြဇာတ်ကြောင့် လူတွေ ပျော်ရွှင်၊ ကြည်နူး၊ ငိုကြွေးရသလို၊ အချစ်ကြောင့်လည်း လူတွေပျော် ရွှင်၊ ကြည်နူးငိုကြွေးရပါတယ်။ဒါပေမဲ့ လူတိုင်းအချစ်နဲ့ မကင်းနိုင် သေးပါဘူး။ ဒီဇာတ်ကားလေးထဲမှာလည်း အချစ်ကြောင့် ခံစားခဲ့ရတဲ့ ပြင်သစ် လူငယ်လေးတစ်ယောက်ရဲ့ အကြောင်းကိုရိုက်ကူးထားတာဖြစ်ပါ တယ်။ ထူးခြားတာက သာမာန်အချစ်ဇာတ်လမ်းတွေလိုမဟုတ်ပဲ LGBT အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ LGBT တို့ကြားက အချစ်ရေးအပြင် LGBT တစ်ယောက်ရဲ့ စိတ်ခံစားချက် ဘဝဇာတ် ကြောင်းတွေကိုပါ ပေါင်းစပ်ပုံဖော်ရိုက်ကူးထားတဲ့ My Best Part ဆိုတဲ့ ဇာတ်ကားလေးကိုကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.71 GB) / (759 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 49Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thetti Tun Encoder……….SWM

Comedy • Fantasy • Family
5.5 2020 108 mins
My Best Part
Once and for all / Odata Pentru Totdeauna

“Once and for all” လို့အဓိပ္ပါယ်ရတဲ့ရိုမေးနီးယန်းဇာတ်ကား‌တစ်ကားဖြစ်ပြီးအရမ်းအောင်မြင်နေတဲ့ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့လူတွေမသိတဲ့အခြားတစ်ဖက်ကဘဝအကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပါ အဲလက်စ်ဟာအပြင်ပန်းမှာတော့လူတိုင်းအားကျရလောက်အောင်အောင်မြင်ကျော်ကြားနေပေမဲ့တကယ်တမ်းသူ့ဘဝကတော့ထင်သလောက်မကောင်းခဲ့ပါဘူး ဂုဏ်သတင်းအပြင်ငွေတွေပါအများကြီးရှာနိုင်နေပေမဲ့စိတ်ကျရောဂါနဲ့စိတ်‌ခြောက်ခြားတာဟာသူ့ဘဝကြီးကိုတစ်စတစ်စတိုက်စားနေပါတော့တယ် အဲလက်စ်တစ်ယောက်ကုသလို့မရနိုင်တဲ့စိတ်ဝေဒနာကြောင့်စိတ်ဓာတ်တွေအောက်ဆုံးထိထိုးကျပြီးသူတစ်ယောက်ထဲထွက်သွားဖို့စီစဉ်ထားရာကနေ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပါတော့တယ် သူ့ဘဝမှာအရေးကြီးတာတွေကိုသတိရသွားတာကြောင့်သူ့ရဲ့စိတ်‌ဝေဒနာကိုဘာပဲလုပ်ရလုပ်ရကုသဖို့ဆုံးဖြတ်လိုက်တဲ့အဲလက်စ်တစ်ယောက် ကြုံတွေ့လာတဲ့ဖြစ်ရပ်တွေကိုကျော်လွှားနိုင်ပါ့မလား သူ့စိတ်ကပဲသူ့ကိုအနိုင်ယူသွားမလား ဆိုတာကိုကြည့်ရှုရမဲ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့နဲ့ဘဝဟာလုံးဝအဆုံးသတ်မဟုတ်သေးဘူးဆိုတာကိုမီးမောင်းထိုးပြထားပြီးကြုံရင်ကြုံသလိုဟာသလေးတွေပါထည့်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ File size…(1.1 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn

0 2022
Once and for all / Odata Pentru Totdeauna
City Island

City Island (2009) ============= IMDb Rating – 7.4/10 ဇာတ်လမ်းလေးကတော့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပေါ့။ ‌မျက်နှာချင်း တိုင်းခဏတဖြုတ်ပဲ လေပေးဖြောင့်တဲ့ ရစ်ဇိုတို့လင်မယားမှာ သားသမီးနှစ် ယောက်ရှိတယ်။ ယောက်ျားဖြစ်သူ ဗင့်စ်ဟာ အကျဉ်းဦးစီးအရာရှိတစ်ဦး ဖြစ်ပြီး မိန်းမဖြစ်သူ ဂျွိုင်ဆီကို ကြောက်နေရတယ်။ မိန်းမမသိအောင် ဆေး လိပ်တောင်ခိုးသောက်ရတဲ့ဘဝ။ ဂျွိုင်ဆီကလည်း ကြမ်းကြမ်းတမ်းတမ်း။ သူတို့သမီးလေး ဗီဗီယန်ကို ကောလိပ်ကျောင်းတက်နေတယ်လို့သိထားပေ မယ့် တကယ်တမ်းက အဖော်အချွတ်မယ်လုပ်ပြီးမိဘတွေမသိအောင်ပိုက်ဆံ ရှာနေသူပါ။သားဖြစ်သူ လူပျိုပေါက်အရွယ် ဗင်နီဟာ ကိုယ့်ကိုယ်ကို ကျောင်း ထက်ပိုတော်တယ်လို့ထင်ပြီး အမြဲကျောင်းပြေးနေသူ။ ဒီလိုနဲ့ ဗင့်စ်နဲ့ အမျိုး သမီးတစ်ယောက်နဲ့ တစ်ချိန်တစ်ခါက လက်သွန်ကြက်သွန်ဖြစ်ပြီးမွေးလာတဲ့ သားတစ်ယောက်က ဒီလိုအကြောင်းပြချက်ကိုယ်စီရှိတဲ့ မိသားစုထဲကို ရောက် လာတဲ့အခါမှာတော့………. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size……….(2 GB) / (851 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 44Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator……Tin Myo Lwin Encoder……….SWM

Comedy • Action
0 2009 104 mins
City Island
Troy
7.2

Troy (2004) ရုပ်ရှင်ခံစားမှု Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော သမိုင်းဆရာတွေကလည်း စစ်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာတွေ။အာချိလိ၏ အကြောင်းတွေကိုလည်း တစ်နည်းတစ်ဖုံဖြင့် ရေးသားခဲ့ကြသည် ။သို့ဖြစ်စေကာမူ ဟိုးမား၏ ကဗျာနှစ်ပုဒ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့သည်ဟု မှတ်ယူရပေမည်)နှောင်းလူတွေကနေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးဖြင့် ထရိုဂျန်စစ်ပွဲများအကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့ကြသည်။ ထို့သို့ ထရိုဂျန်မြို့ပုံပြင်အား 2003 ခုနှစ်တွင် ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကနေ ထပ်မံ၍ သရုပ်ဆောင် အကျော်အမော်များ|ကြီးကျယ်ခမ်းနားသော ဆက်တင်များဖြင့်ရိုက်ကူးထုတ်လုပ်ခဲ့ကြတော့သည်။ဘရက်ပစ် |အော်လန်ဒိုဘလွန်း စသည့် သရုပ်ဆောင်များပါဝင်သည်။သန်းပေါင်း၁၈၀ကျော် အကုန်ကျခံ ရိုက်ကူးသည်။လက်ရှိ အကုန်အကျအများဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်းထဲတွင် မှတ်တမ်းဝင်ခဲ့သည်။ မူရင်းဇာတ်လမ်းတည်ဆောက်ပုံသည် သဘာဝကျသော ဖြစ်တည်မှုကို ကျော်လွန်၍ ရေးသားထားတာဖြစ်သော်လည်း ဒါရိုက်တာကြီး ဝုဖ်ဂန်းပီတာဆင်ကမူ လက်တွေ့ကျသည့် အနေအထားဆီကို ရောက်ရှိအောင် ပြန်လည်ဖန်တီးခဲ့သည်။ကနဦးဖွဲ့စည်းပုံအရဆိုလျှင် ယခုဇာတ်ကား၏ အဓိက ဇာတ်ဆောင်ဖြစ်သူ အာချိလိမှာ သာမန်လူသားတစ်ယောက်မဟုတ်ချေ ။နတ်ဘုရား ပီလိယပ်နှင့် ပင်လယ်စောင့်နတ်ဘုရားမ သီးထစ်တို့ကနေ မွေးဖွားသန့်စင်ထားသည့် စွမ်းအားတန်ခိုးရှင် တစ်ပါးဖြစ်၏။ထို့အတူ စစ်ပွဲတိုက်ခိုက်ရာတွင်လည်း ကောင်းကင်ပေါ်က နတ်ဘုရားတွေကပါ နှစ်ဘက်စလုံးကနေ ပါဝင်တိုက်ခိုက်ကြကြောင်း ရေးသားထားသော်လည်း ဒါရိုက်တာကြီးကမူ ထိုသို့သော အချက်အလက်တွေကို မျက်ကွယ်ပြုပြီး သာမန်လူသားတွေအဖြစ်သာ ယုတ္တိကျကျ ပြန်လည်ဖန်တီးခဲ့သလို ကိုးနှစ်ကျော်ကြာစစ်ပွဲအားလည်း ရက်သတ္တပတ်မျှသာ ကြာမြင့်သောကာလဆီကို ပြောင်းလဲပစ်ခဲ့ပါသည်။ထို့အတူ အာချိလိမှာလည်း တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် စစ်သူရဲတစ်ဦးအဖြစ်သာ မြင်တွေ့ခဲ့ရကာ ဇာတ်သိမ်းပိုင်းတွေကိုလည်း အခြားကဗျာဆရာကျော်တစ်ဦးဖြစ်သည့် ဗစ်ဂျေးလ်၏ အီနီးယပ် လက်တင်ကဗျာရှည်က ဇာတ်ကွက်များဖြင့် ပြုပြင်ပေါင်းစပ်ခဲ့ကြ၏။ ဇာတ်လမ်းအကျဉ်းကို တင်ပြရပါမူ ဟယ်လင်နှင့်ပဲရစ်တို့၏ ချစ်ခြင်းကနေ နှစ်ပြည်ထောင်ခင်းကျင်းသော စစ်ပွဲကြီးတစ်ပွဲစတင်ခဲ့သည်ဟု ဆိုရပေမည်။ပဲရစ်၏အကိုတော် ဟက်တာအနေဖြင့် ညီခိုးယူလာသည့် မိန်းကလေးသည် ဂရိနိုင်ငံက ဘုရင်ကြီးခယ်မမှန်းမသိခဲ့ချေ ။သိရှိချိန်မှာမူ နောက်ကျခဲ့လေပြီ။ အာချိလိအမှူးပြုသော ဂရိအင်ပါယာတပ်မကြီးသည် ထရွိုင်မြို့နိုင်ငံအား သိမ်းပိုက်ဖို့ချီတက်ခဲ့တော့သည်။သို့ဖြစ်စေကာမူ ခံစစ်အားတောင့်တင်းလှသည့် အီလီယွန်မြို့အား သိမ်းပိုက်ဖို့မလွယ်လှချေ ။ ထို့နောက်တွင် စစ်သူရဲ အာချိလိနှင့် ထရွိုင်မြို့မှ မင်းသား ဟက်တာနှင့် ပဲရစ်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပုံအား ရှုစားရမှာဖြစ်ပါသည်။ ဒါရိုက်တာကြီး ပီတာဆင်အနေဖြင့် အာချိလိ ဇာတ်ရုပ်အား ပိုမိုရုပ်လုံးကြွစေရန်အတွက် သူရဲကောင်း ဇာတ်ရုပ်တိုင်း ပုံစံသေဖွဲ့စည်းလေ့ရှိသည့် ထီမထင်သူ။ရာထူးဂုဏ်သိမ်မမက်မောသူ။ပင်ကို ဖွဲ့စည်းပြီးသား စရိုက်ဖြစ်သည့် ဒေါသခက်ထန်သူတစ်ဦးအဖြစ် အာချိလိဇာတ်ရုပ်ရုပ်လုံးအား ပီပြင်စွာ တင်ဆက်ပေးနိုင်ခဲ့သလို သူနှင့် ဆန့်ကျင်ဘက် ရန်သူဖြစ်သွားရှာတဲ့ ပဲရစ် အကိုတော် ဟက်တာဇာတ်ရုပ်ကိုလည်း လက်ရုံးရည် နှလုံးရည်ပြည့်ဝသူတစ်ဦးအဖြစ်သာမကပဲ စစ်ထက်ငြိမ်းချမ်းရေးသာအလိုရှိသူ။အာဏာဂုဏ်သိမ်အား မမက်မောသူ။မိသားစုအပေါ်ဖခင်ကောင်းပီသရှာသူ။အနိုင်မရနိုင်မှန်းသိသော်လည်း သူရဲကောင်းပီသစွာ နောက်မဆုတ်ပဲ တိုက်ခိုက်သူတစ်ဦးအဖြစ် မင်းသားတော်ဟက်တာကိုလည်း လေးစားဂရုဏာသက်ဖွယ်ခံစားခဲ့ရသည့် စံပြဇာတ်ကောင်အသွင်ဖြင့် ပေါင်းစပ်ပေးနိုင်ခဲ့ပါသည်။ ရာဇဝင်များထဲမှာ အခိုင်အမာထည့်သွင်းထားသည့် နတ်ဘုရားအရှိန်အဝါသရုပ်ဖော်ပုံတွေကိုလည်း မှေးမှိန်ပစ်ရုံသာမက ထိုသို့ယုံကြည်မှု သည် အချည်းနှီးအမြင်သာဖြစ်ကြောင်း (ဆရာချစ်ဦးညို ၏ လင်္ကာဒီပချစ်သူ ဝတ္ထုလိုမျိုး) ကောင်းကင်ကအရာကို မြေကြီးပေါ် ပစ်ချပစ်ခဲ့သည်။အာချိလိ၏ အပိုလိုနတ်ဘုရားရုပ်တုဦးခေါင်းကို ဓါးဖြင့်ခုတ်ချလိုက်မှု ပုံရိပ်ဖြင့် ပြောင်းပြန်လှန်ပစ်လိုက်သည်။ထို့အတူ အာချိလိ၏ အားနည်းချက်တစ်ခုဖြစ်သော ခြေဖနောင့် နေရာကိုလည်း လူသားမှန်လျှင် ဒဏ်ရာသင့်ပါက သေဆုံးရမည်ဆိုသည့် မူလဖန်တီးမှု ကိုလည်း မသွေဖီသလို လက်တွေ့သရုပ်ကျမှု ဖြင့်လည်း အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံးပေါင်းစပ်ခဲ့သည်ကိုလည်း ရှု့မြင်ရပါမည်။ သူရဲကောင်းမှန်သူတိုက်ပါက စစ်ပွဲတိုင်း အောင်နိုင်သည် တရားသည်ဟု ဝါဒဖြန့်လေ့ရှိတဲ့ အမြင်ဆာလောင်မှု ကိုလည်း စစ်ပွဲ၏ကြောက်မက်ဖွယ် သွေးသံရဲရဲ ခြေပြတ်လက်ပြတ် သေဆုံးကြရမှုများဖြင့် အားကျဖွယ်ရာ မရှိကြောင်း ။စစ်ပွဲမှန်သမျှသည် နာကျင်ဆုတ်ယုတ်ဖွယ်ရာတွေကိုသာ ခံစားရတာဖြစ်ကြောင်းကို သေကျေနေကြသည့် အလောင်းကောင်တွေ ။ပြိုပျက်လောင်မြိုက်နေကြသည့် အဆောက်အဦမြင်ကွင်းများနှင့် သွေးပျက်ဖွယ်ခံစားမှု ဆီကို ပြောင်းလဲမြင်ယောင်မိမှာ သေချာပါသည်။ ဇာတ်လမ်းအဆုံးသတ်မှာ ပဲရစ်၏ မလျော်ကန်သော အထားအသိုမှားသော ချစ်ခြင်းမေတ္တာအတွက် အော့နှလုံးနာမိသလို အာချိလိနှင့် ဟက်တာတို့၏ ယုံကြည်ရာကောင်းကင်ပြာအောက်မှ တဖွဲဖွဲလွင့်ကြွေကျလာကြတဲ့ ကြက်သွေးရောင် မိုးစက်ပွင့်များ လွင့်ပါးသွားရာနောက်ကိုလည်း နာကျင်ကြေကွဲစွာဖြင့် ငေးရီနေမိခဲ့တာ သေချာသည်။ ထရွိုင်မြို့အောင်ပွဲဟာ ပြုသူရော ဖြစ်သူရော မှန်ကန်တဲ့ရလဒ်တွေကို ပိုက်ထွေးရရှိခဲ့တာ သေချာခဲ့ပါသလား ဆိုတာကိုတော့ ။ IMDb Rating 7.2/10 Rotten Tomatoes 54% (ရုပ်ရှင်အညွှန်းကို Nyi Linn Eain FB မှ ကူးယူဖော်ပြပါသည်။) 4K နဲ့ 1080p Quality ကို www.cmapp.tv မှာ member ဝင်ပြီး လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.2 2004 163 mins
Troy
Justice League: The New Frontier
6.9

IMDB 6.9 (nice) နဲ့ Rotten Tomatoes 71% ရရှိထားပါတယ်။ ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာ ရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။ အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့် Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။ အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman, အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman, ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash, ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့ အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့ Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့် ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။ တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲ စစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင် ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ File size… 1.3 GB / 622 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Comedy • Drama • Romance
6.9 2008
Justice League: The New Frontier
What’s Eating Gilbert Grape
7.8

* What’s Eating Gilbert Grape * IMDB – 7.8/10 Rotten Toamtoes – 89% Leonardo DiCaprio နဲ့ Jonny Depp တို့ အတူ တွဲရိုက်တဲ့ ရှားရှားပါးပါး ရုပ်ရှင် . . ။ အမေရိကန် မြို့ငယ်လေးတစ်မြို့ရဲ့ လူနေမှုဘဝ တွေကို မြင်ရမယ့် ရုပ်ရှင် . . ။ အတက်အကျ အနိမ့်အမြင့် အချိုးအကွေ့တွေနဲ့ ဝေဝေဆာဆာ ဖန်တီးထားတဲ့ ဇာတ်ညွှန်းတစ်ပုဒ်ကို ခံစားရမယ့် ရုပ်ရှင် . . ။ ဇာတ်လမ်းအကျဉ်းက အသက် 24 နှစ်အရွယ် Gilbert (Jonny Depp) ဆိုတဲ့ ကောင်လေးနဲ့ သူ့မိသားစုအကြောင်း ပါ။ သူ့မှာ စိတ်မမှန်တဲ့ အူကြောင်ကြောင် ညီတစ်ယောက် (Leonardo) ရှိတယ်။ ဒီရုပ်ရှင်ကို ကြည့်မယ်ဆိုရင် သူတို့ရဲ့ နေ့စဉ်ဘဝ အပါအဝင် ဝမ်းနည်းစရာ စိတ်ပျော်စရာ စတဲ့ ခံစားချက် အမျိုးမျိုးကို ထိတွေ့ရမှာပါ။ ဒီရုပ်ရှင်က 1993 ခုနှစ်မှာ ထွက်ခဲ့ပါတယ်။ အဲ့အချိန်တုန်းက Leonardo ရဲ့အသက် 19 နှစ်ပဲ ရှိပါသေးတယ်။ သူ့ရဲ့ သုံးကားမြောက်ရုပ်ရှင်ပါ။ ဒါ့အပြင် Leo ရဲ့ ပထမဆုံး အော်စကာ ဇကာတင် စ ဝင်တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ Supporting Actor အနေနဲ့ ဝင်တာပါ။ အဲ့ဒီကနေ စ လိုက်တာ နောက်ဆုံး The Revenant ကျမှ အော်စကာ ရပါတော့တယ်။ ဒီရုပ်ရှင်မှာ Leo ကို တစ်ခါမှ မမြင်ဖူးတဲ့ သူငယ်နပ်စား စိတ်ရောဂါရှင် အူတိအူကြောင် ကောင်လေးတစ်ယောက်အနေနဲ့ မြင်ရမှာပါ။ Jonny Depp လည်း ဒီကားကို ရိုက်ကူးနေချိန်မှာ အသက် ၃၁ ပဲ ရှိပါသေးတယ်။ ကျွန်တော်ကတော့ ဒီကားမှာ Depp ကို ကြွေတယ်။ အေးတိအေးစက် နဲ့ သရုပ်ကို ဆောင်ထားပြီး မထင်ထားတာတွေ ထ ထ လုပ်တဲ့ Depp . . ။ ရူပါကလည်း အဖြောင့်။ (ဆော်တွေတော့ မသိ။ ကိုယ်တော့ ကြွေတယ်) သူနဲ့ Leo နဲ့ ညီအစ်ကို နှစ်ယောက်ဆိုတဲ့ Character ကို ကြည့်ရတာ Legend ကြီး နှစ်ယောက်ရဲ့ ကနဦးဘဝ နှစ်ခုကို တစ်ပြိုင်တည်း လေ့လာခံစားနေခွင့် ရသလိုကို ဖြစ်နေပါတော့တယ်။ အခြား Character တွေဆိုရင် အဲ့ဒီအချိန်က နာမည်ကြီးမင်းသမီးကြီး Luliette Lewis တို့ Mary Steenburgen တို့လည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။ အခြားနာမည်ရှိပြီးသား Character တစ်ချို့လည်း ပါသေးတယ်ဆိုတော့ ဒီရုပ်ရှင်က character တော်တော်မြိုင်တယ်ပြောရမယ်။ အခြားသော Music တို့ DOP တို့ Production Design တို့ စတဲ့ ကဏ္ဍ အသီးသီးမှာတော့ ဒီဘက်ခေတ်ရုပ်ရှင်တွေလောက် ခေတ်မမှီပေမယ့်လည်း ရိုးရှင်းသပ်ရပ်ပြီး ဒီနေ့ထိ မျက်စိအရသာကို ရှိနေပါတယ်။ ပေါ့ပေါ့ပါးပါးလည်းဖြစ် . . အနှစ်သာရလည်းပြည့်ဝတဲ့ Hollywood ရဲ့ classic drama ကား တစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ What’s Eating Gilbert Grape ကို ရွေးချယ်ဖို့ အကြံပြုအပ်ပါတယ်။ _________ မောက်ခမ်းဝါ (ရုပ်ရှင်အညွှန်းကို မောက်ခမ်းဝါ FB မှကူးယူဖော်ပြပါသည်။)

7.8 1993 118 mins
What’s Eating Gilbert Grape
[18+] Ilsa: She Wolf of the SS
5

ဒုတိယကမ္ဘာစစ် နာဇီခေတ် နှိပ်စက်ညှင်းပန်းတာများအပြင် မဖွယ်မရာ အခန်းများစွာ သွေးပျက်စရာ ကိုယ်လုံးတီးခန်းများစွာ ပါဝင်သောကြောင့် ၁၈ ယောက်လောက် စုကြည့်ကြရန် အကြံပေး တိုက်တွန်းလိုပါသည်။ Ilsa ဆိုတာ Third Reich တပ်ဖွဲ့က ခေါင်းဆောင်တစ်ယောက် သူ့စခန်းတွေမှာလည်း ဆေးပညာဆိုပြီး အတော်ကို မကောင်းဆိုးဝါးဆန်ဆန် ဆိုးဝါးရက်စက်တဲ့ နည်းတွေနဲ့ လူတွေကို ပေါင်းစုံ စမ်းသပ်နေတာမျိုး။ ယောက်ျားတွေဆိုလည်း လုပ်ချင်တာလုပ် သားကြောတွေဖြတ်ပြီး စမ်းသပ်တာမျိုး မိန်းမတွေဆိုလည်း ရှေ့တန်းမှာ ယောက်ျားသားတွေထက် ပိုပြီး ကြံ့ခိုင်လာအောင် နာကျင်တာတွေ ပို ခံနိုင်အောင် လုပ်ပြဖို့ သက်သေပြချင်တာနဲ့ ဆရာဝန်တစ်ယောက်နဲ့ အတူ သောင်းကျန်းနေတာပါ။ အဲဒီ စခန်းအတွင်းက သွေးပျက်ဖျက်ရာ အဖြစ်အပျက်တွေကို ဘယ်လိုမျိုး တင်ဆက်ထားသလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ရှေးခေတ်ကား ဖြစ်တဲ့အတွက်ကြောင့် စာဖိုင်အခြေအနေအရ လွဲချော်မှုများကို အဆင်ပြေဆီလျော်အောင် ပြန်ဆိုရသည့်အတွက် အဆင်မပြေဖြစ်ခဲ့သည်ရှိသော် တောင်းပန်အပ်ပါသည်ခင်ဗျ။ File Size : 1.8 GB / 795 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 36min Format : Mp4 Genre : Drama, Thriller, War, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by : တုတ်ကြီး Encode by : Xcode

Horror • Drama • Thriller
5 1975 96 mins
[18+] Ilsa: She Wolf of the SS
Jingle Bell Run
6.5

IMDb Rating – 6.5/10 ဒီကားကိုတော့ ဒါရိုက်တာ Lucie Guest ရိုက်ကူးထားပြီး မင်းသား Andrew Walker နဲ့ မင်းသမီး Ashley Williams တို့ကပါဝင် သရုပ်ဆောင်ထားပါတယ်။ ခရစ်စမတ်ပွဲတော်ချိန်လဲနီးလာပြီဆိုတော့ ခရစ်စမတ်ကားလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီကားလေးဟာတော့ အချစ်ဇာတ်လမ်းတစ်ခုကို ဟာသဆန်ဆန်ရိုက်ကူးထားပြီး ခရစ်စမတ်ပွဲတော်အကြောင်းလဲ အများအပြားပါဝင်တဲ့အတွက် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းပါ။ အယ်ဗရီဆိုတဲ့မူကြိုကျောင်းဆရာမလေးက ကလေးတွေတွက် စာဖတ်ခန်းလုပ်ဖို့ အလှူငွေရှာနေတာဖြစ်ပြီးတော့ စာဂျပိုး တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကစာအုပ်တွေကို ကြိုက်သလောက် အားကစားကတော့ သုညလို့တောင် ပြောလို့ ရတဲ့ထိပါပဲ။ ဒီလိုနဲ့ gym trainer အမဖြစ်သူရဲ့ကောင်းမှုနဲ့ ခရစ်စမတ်ပြိုင်ပွဲတစ်ခုမှာ ဒေါ်လာတစ်သန်းအတွက် ပါဝင် ယှဉ်ပြိုင်ဖို့ဖြစ်လာပါတယ်။ စာလုံးဆက်ပဟေဠိတွေမှာ အရမ်းတော်တဲ့အယ်ဗရီကတော့ ပြိုင်ပွဲကိုနိုင်ဖို့ထက် အရင်ဆုံး မထွက်ရဖို့ဆိုတဲ့ ပန်းတိုင်နဲ့သွားပြိုင်မှာပါ။ ဝက်စ်ကတော့ ဟော်ကီကစားသမားဟောင်းဖြစ်ပြီး အနားယူပြီး ကတည်းက နာမည်ကျနေတဲ့သူပါ။ ဒီလိုနဲ့ သူ့ကျော်ကြားမှုတွေ ပြန်ရဖို့အတွက် ခရစ်စမတ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့လုပ်ပါတော့တယ်။ အားကစားမှာအရမ်းထူးချွန်ပေမဲ့ ဗဟုသုတကတော့ သုညဖြစ်နေတဲ့ ဝက်စ်ကတော့ ဘာပဲဖြစ်ဖြစ်သူနိုင်ရမယ်ဆိုပြီး ယှဉ်ပြိုင်လိုစိတ် အပြည့်နဲ့ ဆုကိုရဖို့ပြိုင်ပွဲဝင်တာပါတဲ့။ ဒီလိုနဲ့ အရာရာဆန့်ကျင်ဘက်နှစ်ယောက်ဟာ ပြိုင်ပွဲမှာ အသင်း တစ်သင်းတည်းအတွဲခံလိုက်ရတဲ့အခါမှာတော့ ပြဿနာတွေ ရှိလာပါတယ်။ ဒါမဲ့ဦးနှောက်သမားနဲ့ခွန်အားသမားပူးပေါင်းထားတဲ့ သူတို့အသင်းဟာ အလွဲတွေရဲ့ကြားမှာ အချင်းချင်းရဲ့အားနည်းချက် တွေကိုဖြည့်ပေးရင်း အကောင်းဆုံးအသင်းတဖြည်းဖြည်းဖြစ်လာခဲ့ပါတယ်။ ထုတ်လုပ်သူကလဲ ကြည့်ရှုနှုန်းတက်ဖို့ ဝက်စ်ကိုအယ်ဗရီနဲ့ဖလစ်ခိုင်းတဲ့ အခါ ကျော်ကြားမှုကိုလိုချင်တဲ့ ဝက်စ်ကအယ်ဗရီနဲ့နီးစပ်အောင် လုပ်ပါတော့တယ်။ ဒီလိုနဲ့ပြိုင်ပွဲကိုဆက်ပြိုင်ရင်း ဟန်ဆောင်မှုတွေကစစ်မှန်လာတဲ့အခါ ဝက်စ်ကသူအရမ်းရူးသွပ်ရတဲ့ ကျော်ကြားမှုကိုရွေးမှာလား… အားလုံးကိုစွန့်လွှတ်ပြီးအယ်ဗရီ့ကိုပဲရွေးမှာလား… အနိုင်ရဖို့မတွေးတဲ့အယ်ဗရီက ဝက်စ်ဆီက ဘယ်လိုmotivation တွေရမလဲ… ဝက်စ်ကရော အယ်ဗရီ့ဆီက တစ်ကိုယ်ကောင်းမဆန်ဖို့သင်ယူပြီး ဘယ်လိုပြောင်းလဲသွားမလဲ… ဒါတွေကို ခရစ်စမတ်ပြိုင်ပွဲတစ်လျှောက်လုံးကို ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ အလွဲလေးတွေကိုကြည့်ရင်း အဖြေရှာရမှာပါ။ File size… (1.74GB) / (881MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

6.5 2024 85 mins
Jingle Bell Run
Culpa Tuya : Your Fault
5.5

Culpa Tuya : Your Fault (2024) 2023 တုန်းက ထွက်ရှိခဲ့တဲ့ My Fault ရဲ့ sequel ဇာတ်လမ်း Your Fault ဖြစ်ပါတယ်။ ဇာတ်ကြောင်းကို နားလည်ဖို့ဆိုရင်တော့ My Fault ကို အရင်ကြည့်ဖို့ လိုပါလိမ့်မယ်။ My Fault မကြည့်ရသေးရင်တော့ ရီဗျူးကို ဆက်မဖတ်ဘဲ စပွိုင်လာရှောင်သင့်ပါတယ်။ Your Fault မှာတော့ နစ်ခ်နဲ့နိုအာတို့က တိတ်တိတ်လေး ခိုးကြိုက်နေကြတဲ့ ချစ်သူတွေ ဖြစ်နေပါပြီ။ နစ်ခ်က အလုပ်သင်ဘဝနဲ့ ရှေ့နေကုမ္ပဏီတစ်ခုမှ အလုပ်ဆင်းနေပြီး နိုအာက အထက်တန်းပြီးလို့ ကောလိပ်သွားတက်ပါတော့မယ်။ နစ်ခ်ဟာ အလုပ်မှာ ဆိုဖီယာဆိုတဲ့ ကောင်မလေးနဲ့ အတူတူ အလုပ်တွဲလုပ်ရပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ရတာကလည်း နောက်ကွယ်မှာ အကြောင်းရင်းတစ်ခုက ရှိနေပါတယ်။ တစ်ဖက်မှာလည်း နိုအာဟာ ကောလိပ်မှာ နစ်ခ်ရဲ့ အတိတ်ကပတ်သတ်ခဲ့သူတစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပါတယ်။ ဒီတော့ နဂိုကမှ တိတ်တိတ်ပုန်း ချစ်ကြိုက်နေရတဲ့ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးမှာ ဘယ်လိုအနှောက်တွေ ဝင်လာပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး File Size : 2.2 GB, 1 GB Quality : WEB-DL 1080p / 720p Running Time : 2hr Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by : Act Molemy Encode by : Thit San Khant

Action • Comedy • Crime
5.5 2024 118 mins
Culpa Tuya : Your Fault
No Escape
5.8

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် တရုတ်အက်ရှင်ရုပ်ရှင်အသစ်ကို ဘာသာပြန်တင်ဆက်ပေးလိုင်ပါတယ်။ ဇာတ်လမ်ယအကျဉ်းကတော့- ကွမ်ရှီးဒေသက ဓားပြတစ်ဖွဲ့ဟာ တရုတ်အရှေ့မြောင်ပိုင်းဒေသတွေမှာ သောင်းကျန်းနေပါတယ်။ တရားမဝင်သတ္တုတွင်းတွေကို ဓားပြတိုက်ပြီး လူသတ်မီးရှိူ့ ဒုစရိုက်မှုမှန်သမျှ အကုန်လုပ်တဲ့အဖွဲ့ပေါ့။ အခုတစ်ခေါက်မှာလည ရွှေသတ္တုတွင်းကို ဓားပြတိုက်ပြီးနောက် မွန်ဂိုဘက်မှာ လာပုန်းနေကြပါတယ်။ ကျန်းရှောင်းနဲ့ ရှောင်ထုံတို့ဟာ မွန်ဂိုရဲတပ်ဖွဲ့မှာ လူတိုင်းက အားကျရတဲ့ စုံတွဲဖြစ်ပါတယ်။ ခရိုင်ရဲစခန်းက ပူးတွဲစစ်ဆေးဖို့ တောင်းဆိုချက်ကြောင့် ဓားပြအဖွဲ့ကို လိုက်လံစုံစမ်းခဲ့ပြီး ဓားကြနဲ့ တိုက်ခိုက်တဲ့အချိန်မှာ ရှောင်ထုံဟာ ကျည်ဆန်မှန်သွားပြီး အောက်ပိုင်းသေခဲ့ပြီး ကျန်းရှောင်းမှာလည်း ညာဘက်လက် ပြတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အရှုံးမပေးတဲ့ ကျန်းရှောင်းဟာ ဓားပြအဖွဲ့ကို အသတ်ပေးပြီး ဖမ်းဆီးနိုင်ဖို့ ကြိုးစားပါတော့တယ်။ ဓားပြတွေကို သူတို့ဖမ်းဆီးနိုင်ကြမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Crime • Thriller
5.8 2025
No Escape