YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Moon Lovers Scarlet Heart Ryeo(2016) EP1 WEB-DL 1080P[CM].mp4

1.34 GB N/A video/mp4 182 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Breaking Girl Code

အန်ဒီဟာဘွဲ့ရပြီး‌နောက် နယူးယော့ခ်မြို့မှာ အလုပ်သင်ဆင်းခဲ့ပေမဲ့ သူ့ရဲ့ကောင်လေးနဲ့နီးဖို့အတွက် ဘော့စတွန်ကိုပြောင်းလာခဲ့ပြီး အလုပ်တစ်ခုကိုရှာနေသူပါ။ အလုပ်အများစုကလည်းအလုပ်မခန့်ကြတဲ့အပြင် မြို့အသစ်ကိုပြောင်းလာတဲ့သူဖြစ်တာကြောင့် သူငယ်ချင်း အသိမိတ်ဆွေကလည်းမရှိဖြစ်နေပါတယ်။ ဒီလိုနဲ့ Be Friend ဆိုတဲ့ အက်ပ်တစ်ခုကိုစမ်းသုံးကြည့်ရင်း ဖာရာဆိုတဲ့ မြို့ခံကောင်မလေးတစ်ယောက်တွေ့ပြီး ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်နေ့မှာတော့ ဖာရာခေါ်သွားတဲ့ ကလပ်ကိုလိုက်သွားရင်းနဲ့ ဖာရာရဲ့ကောင်လေး အီသန်ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကလပ်ကိုလာတဲ့ မိန်းကလေးတွေကိုဆေးခတ်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ကြတာတွေကို အန်ဒီတစ်ယောက်သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုအရှုပ်အထွေးကြီးထဲကို အန်ဒီဝင်ပါနေမိပြီးသားဖြစ်နေမလဲ၊ အီသန်တို့ကကျူးလွန်နေတာတွေကိုရော အန်ဒီတားဆီးနိုင်မလား၊ သူပါပြဿနာတွေတက်ကုန်မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(600 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

Comedy • History • Music
0 2023 90 mins
Breaking Girl Code
Always

အချစ်ဇာတ်ကားလေးတွေကို ရှာနေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် Always ဆိုတဲ့ ဖီလစ်ပိုင် .ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အက်စီးဒန့်ကြောင့် အန်နာဆိုတဲ့ကောင်မလေးဟာ အမြင်အာရုံပဲ ဆုံးရှုံးခဲ့တာမဟုတ်ဘဲ မိဘနှစ်ပါးကိုပါ ဆုံးရှုံးခဲ့ရတယ်။ ခက်ခဲလှတဲ့ဘဝဆိုပေမယ့် သူမကတော့ အတတ်နိုင်ဆုံးပျော်အောင်နေပြီး ဖြတ်သန်းနေလေရဲ့... သူတို့နေတဲ့ ကွန်ဒိုမှာ လီနိုက ဂိတ်စောင့်ပေးရင်း အန်နာဆိုတဲ့ မျက်မမြင် ကောင်မလေးနဲ့ ရင်းနှီးသွားပြီး ချစ်မိသွားတဲ့အခါမှာတော့... သူတို့၂ယောက်ဘယ်လိုဆက်ဖြစ်ကြမလဲ..လျှို့ဝှက်ချက်တွေရော ရှိမလား.. File Size : (1.54 GB) and (574 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:48:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Drama
0 2022
Always
The Curious Case of Dolphin Bay
5.8

Mystery နဲ့ လူငယ်ကားလေးတွေကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Curious Case of Dolphin Bayဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလုံးလည်း သိပြီးကြတဲ့အတိုင်း ကမ္ဘာကြီးက တဖြည်းဖြည်းပူနွေးလာပြီး ပင်လယ်ပျော်သတ္တဝါတွေလည်း မျိုးတုံးလာကြပါတယ်။ ဒီလိုပင်လယ်သတ္တဝါတွေမျိုးတုံးလာမှုကို ဖြေရှင်းချင်ပြီး ပင်လယ်ချစ်တတ်တဲ့ Quinnဟာ ကျောင်းပိတ်ရက်မှာ သြစတေးလျမှာရှိတဲ့ အဏ္ဏဝါဇီဝဗေဒစင်တာ တစ်ခုမှာ အလုပ်သင်လုပ်ဖို့ လင်းပိုင်ပင်လယ်အော်ကို လာခဲ့ပါတယ်။ အလုပ်သင်ဆင်းတဲ့ လူငယ်လေးယောက်ထဲမှာမှ Teddyဆိုတဲ့ကောင်လေးက အဏ္ဏဝါဇီဝဗေဒကို စိတ်ဝင်စားလို့မဟုတ်ဘဲ ဒီပင်လယ်အော်မှာရှိနေတဲ့ ရတနာသိုက်ရှာဖို့ လာခဲ့တာပါ။ စိတ်ကူးယဥ်ဆန်ဆန် Mysteryတွေကို ဖြေရှင်းချင်တဲ့ Teddyနဲ့ လက်တွေ့ကိုပဲ ယုံကြည်တဲ့ သိပ္ပံသမား Quinnတို့ ဘယ်လိုတွေ သူငယ်ချင်းဖြစ်သွားကြမလဲ။ ပြီးတော့ ဒီပင်လယ်အော်မှာပဲ ခြောက်လှန့်နေတဲ့ ရတနာသိုက်ရှာတစ္ဆေတစ်ကောင်လည်း ရှိနေပါသေးတယ်။ အဲဒီကိစ္စကိုရော Quinnတို့ ဘယ်လိုအဖြေရှာကြမလဲ..... ဒီကားကိုကြည့်ရတာတန်စေတဲ့ အကြောင်းအရင်းတွေကတော့ ပင်လယ်ကမ်းခြေရှုခင်းတွေ သန္တာကျောက်တန်းဇီဝမျိုးကွဲတွေကို တွေ့ရတာအပြင် အဆင်ချောချောလေးကို ငမ်းရတာလည်းပါပါသေးတယ် File size…(1.88GB) / (969MB) / (490MB) Quality…. Web 1080P / 720p / 480P Format…mp4 Duration….01:23:00 Genre...Adventure / Family / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jane

Drama • Horror • Romance
5.8 2022 83 mins
The Curious Case of Dolphin Bay

IMDb Rating - 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size..........(2.9 GB) / (1.48 GB) / (926 MB) Quality............BluRay 1080p / 720p / 480p Duration.........2Hrs 31mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Biography, Drama Translator.......JimX Encoder..........SWM

Action • Drama • War
null 2022
The Admiral
One Day, You Will Reach the Sea
7.1

လွမ်းမောဖွယ် ဂျပန် drama ဇာတ်ကားလေး တစ်ကားပါ။ မနကိုတနိဆိုတဲ့ အရမ်းအေးဆေးရှက်ရွံ့ပြီး လူတွေနဲ့သိပ်အဆက်အဆံလုပ်လေ့မရှိတဲ့ မိန်းကလေးတစ်ယောက်မှာ အရမ်းရင်းနှီးချစ်ခင်တဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက မိန်းကလေးလေးအချင်းချင်းတောင် ကြိတ်ပြီးအားကျရလောက်အောင်ချစ်စရာကောင်းပြီး၊ လူတကာနဲ့ဝင်ဆန့်တဲ့ ဆုမိရဲဆိုတဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်ပဲရှိခဲ့ပါတယ်။ ဆုမိရဲတစ်ယောက်သေဆုံးသွားချိန်မှာတော့ ကိုတနိဟာ ဖြေမဆည်နိုင်အောင်ဖြစ်ခဲ့ပြီး အတိတ်တွေထဲမှာပဲပိတ်မိနေခဲ့ပါတယ်။ လက်ရှိဘဝကို အဆင်ပြေအောင်ရှေ့ဆက်နေပေမဲ့လည်း အတိတ်ကသူငယ်ချင်းမလေးဟာဘယ်လိုထူးခြားတဲ့မိန်းကလေးမျိုးဖြစ်ခဲ့တာတွေ၊ နှစ်ဦးကြားက သံယောဇဉ်တွေ၊ အတူပျော်ခဲ့ဖူးတဲ့အမှတ်တရ၊ ဖြစ်ရပ်တွေကို ပြန်ပြောင်းသတိရရင်း လွမ်းဆွတ်ရပုံတွေကို လွမ်းမောဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Moe Lay ပါ။) File Size : 1.7GB, 784MB & 382MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 2hr & 6mins Genre : Drama Translated by Moe Lay Encoded by Kinnov

Comedy • Family • Fantasy
7.1 2022 126 mins
One Day, You Will Reach the Sea
The Wife
7.1

IMDB 7.3,,,,Rotten....84% ဒီကားက ကားသစ်ဆိုပေမယ့် တော်တော်နဲ့မလုပ်ဖြစ်ဘူး...ဘာလို့လဲဆိုတော့ ရုပ်ရှင်ပိုစတာက ဆံနွယ်တွေဖြူလွှပြီး ပါးရည်တွေတွန့်နေတဲ့ အဘိုးကြီးအဘွားကြီးပုံဖြစ်တော့ ဆွဲဆောင်မှုအားနည်းနေတဲ့အပြင် ရုပ်ရှင်ရဲ့ နာမည်ကလည်း The wife ဆိုတော့ ရုပ်ရှင်ကားပါအကြောင်းအရာများဟာ ဘောင်ခေတ်ထားတဲ့ ဇာတ်ကားကြီးလို့ ခံစားမိတယ်...သို့ပေမယ့်  ဒီနှစ်အော်စကာဆန်ကာတင်စာရင်းရဲ့ အကောင်းဆုံးမင်းသမီးရွေးချယ်ယာထားတဲ့သူတွေထဲမှာ ဒီကားရဲ့ အဓိက မင်းသမီးကြီး Glenn Close  ပါလာလေတော့ မဖြစ်မနေလုပ်ရတော့တယ်...IMDb နဲ့  RT  ကလည်း ကြွရွနေတယ်.... တစ်ကယ်တော့ ဒီကားမျိုးက အညွှနး်ရေးလို့ တော်တော်ကြီးကို မဖြစ်တဲ့ကားမျိုးပါ... မရေးတတ်ရေးတတ်နဲ့ဖွဲ့စည်းထားတဲ့ ၀ါကျ(၃)လေးကြောင်းအောက်မှာ အော်စကာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားကြီးဟာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်သလို ဒီလိုကားကောင်းကိုကြိုက်တဲ့သူတို့အဖို့ ထဆဲချင်စိတ်ပေါက်သွားစေနိုင်လို့ပါ.. ...တစ်ချို့သူတွေအတွက် ဒီကားဟာ ဘာကားကြီးမှန်းလဲ မသိဘူးလို့ ရေရွတ်ကောင်း ရေရွတ်လိမ့်မယ် ...ဒါပေမယ့် တစ်ချို့သူတွေအတွက် ဒီကားက ခင်ဗျားတို့ကို ကျောက်ရုပ်တစ်ရုပ်လိုမျိုးဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိတယ်... ပြောတဲ့ ဒိုင်ယာလော့တွေ ....သရုပ်ဆောင်တွေ ...ဇတ်လမ်းအချိတ်အဆက်တွေကလည်း တကယ်ကောင်းပါတယ်.. ဒီကားနဲ့ပတ်သက်ပြီး ပြောပြလို့ရတာနည်းနည်းတော့ရှိတယ်.... လင်မယား(၂)ယောက်ရှိတယ်...ယောင်္ကျားက စာရေးဆရာ..တစ်နေ့တော့ မနက်အစောကြီးဖုန်းဆက်လာတယ်... ခင်ဗျားရေးတဲ့စာအုပ်ကြောင့် နိုဘယ်ဆု ရပါတယ်..ဒါ့ကြောင့် ဆွီဒင်က စတော့ဟုမ်းမြို့ကို ဆုယူဖို့ကြွခဲ့ပါတဲ့... ကိုင်း ဘာကြောင့် ဒီကားကို The wife လို့ခေါင်းစဉ်တပ်တာလဲ... ဘာဖြစ်လို့ အဘိုးအဘွားကြီးကိုမှ ရွေးချယ်ရိုက်ကူးရတာလဲ...မင်းသမီးကြီးကရော ဘယ်လောက်များသရုပ်ဆောင်ကောငး်လို့ အော်စကာဆန်ကာတင်စာရင်း ဝင်တာလဲဆိုတာတွေကိုတော့ ခံစားကြည့်လိုက်ပါဦးဗျို့.... ဇာတ်လမ်းအညွှနး်နဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်... File Size : (940 MB) and (333 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

Comedy
7.1 2018 100 mins
The Wife
Outpost

စိတ္တဇ Horror ဇာတ်လမ်းကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ IMDb Rating 4.8 ပဲရရှိထားပေမဲ့ အေးအေးဆေးဆေးစိတ်လှုပ်ရှားပြီးကြည့်လို့ရမဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိတ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်က မိုက်ခ်ဆိုတဲ့သူ့ယောက်ျားရဲ့ရိုက်နှက်နှိပ်စက်မှုတွေကို အမြဲတမ်း ခံစားနေရပြီး မခံနိုင်တဲ့အဆုံးမှာတော့ သူ့သူငယ်ချင်းနစ်ကီကို အကူအညီတောင်းခဲ့ပါတယ်။ဒီလိုနဲ့ နစ်ကီကသူနဲ့စကားမပြောတာကြာနေပြီ ဖြစ်တဲ့ သူ့အစ်ကိုအားလ်ဆီကို သူငယ်ချင်းဖြစ်သူအတွက်ဆက်သွယ်ပေးခဲ့ပြီးတော့ တောင်ပေါ်မှာအလုပ်တစ်ခုပေးဖို့အတွက် အကူအညီတောင်းခဲ့ပါတယ်။အားလ်က သစ်တောစောင့်ရှောက်ရေး ဌာနမှာအလုပ်လုပ်နေတာဖြစ်ပြီး သူတို့ဆီက ဟိုးအမြင့် တစ်နေရာက ကင်းစင်မှာမီးဘေးစောင့်ကြည့်ဖို့ မျှော်စင်တစ်ခုမှာကင်းသမားလိုနေတာပါ။ အဲ့ဒါကြောင့်ပဲ ကိတ်လည်းသူ့ယောက်ျားနဲ့ဝေးရာမှာနေဖို့အတွက် အဲ့ဒီမျှော်စင်မှာ ကင်းစောင့်ဖို့ တာဝန်ယူခဲ့ပါတော့တယ်။စစချင်းမှာ စိတ်ဂယောင်ချောက်ခြားမှုတွေ များစွာခံစားခဲ့ရပြီးနောက်မှာ တဖြည်းဖြည်းချင်း အဆင်ပြေလာခဲ့ပါတော့တယ်။ ဒါပေမယ့် သူနေထိုင်တဲ့မျှော်စင်နဲ့ အနီးအနားမှာရှိတဲ့ ရက်ဂျီဆိုတဲ့လူတစ်ယောက်နဲ့ သွားပတ်သတ်မိတဲ့အခါမှာ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရပါတော့တယ်။ အဲ့ဒီဖြစ်ရပ်ဆိုးတွေကဘာဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲဝင်ရောက်ခံစား ကြည့်ရှုကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…1.89GB / 763MB Quality…WEB-DL 1080p 5.1 CH / 720p Format…mp4 Duration….1h 28m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2022 84 mins
Outpost
Lord of Misrule
5.1

Lord of Misrule (2023) ကျေးလက်ပုံပြင်တွေကို အခြေခံထားတဲ့ ဟော်ရာကားတစ်ကားပေါ့။ ဒီလိုကားတွေက မကောင်းတောင် တော်တော်တော့ ကြည့်ကောင်းတတ်တယ်။ ဥပမာဆို The Witch, Kwaidan, The Wailing, Sleepy Hollow, The Ritual နဲ့ In the Earth တို့လို ကားမျိုးတွေပေါ့။ ဒီကားကလည်း ဒေသတစ်ခုက နတ်ဆိုးလိုလို နတ်လိုလို မမြင်အပ် မြင်အပ်အရာတစ်ခုအကြောင်း ဇာတ်လမ်းကို အခြေခံထားတယ်။ တရားဟောဆရာမလုပ်နေတဲ့ ရေဘက်ကာဟော်လန်ဟာ ဒေသသစ်တစ်ခုမှာ အခြေသွားချတယ်။ ခေါင်သီတဲ့ဒေသတစ်ခုပေါ့။ အဲဒီဒေသက‌ ကောက်ရိတ်သိမ်းပွဲတော်မှာ သူ့သမီးက ကောက်ရိတ်သိမ်း နတ်သမီးအဖြစ် ရွေးချယ်ခံထားခဲ့ရတယ်။ အဲဒီပွဲမှာ သူ့သမီးလေးပျောက်သွားတဲ့နောက် ရေဘက်ကာဟာ ရဲတွေ အိမ်နီးချင်းတွေရဲ့အကူအညီနဲ့ သူ့သမီးလေးကိုရှာဖို့လုပ်တယ်။ ဒါပေမဲ့ ၃ရက်တန်သည်အထိ သူ့သမီးရဲ့ အရိပ်ကိုတောင်မမြင်ရဘူး။ ဒီနောက်မှ သူသိလိုက်ရတာက လွန်ခဲ့တဲ့ ၁၂နှစ်ကလည်း ဒါမျိုးအဖြစ် ဖြစ်ဖူးကြောင်းပေါ့။ ဒီအဖြစ်ကို ခြေရာကောက်ရင်း သူ့သမီးကို သူပြန်ရှာဖို့ကြိုးစားတာကို ကြည့်ရမယ့်ဇာတ်လမ်းပေါ့။ ဒီရုပ်ရှင်က Midsommar နဲ့တောင် နည်းနည်းဆင်တယ်တောင်ပြောရမယ်။ ဟော်ရာပရိသတ်တွေ ကြိုက်လောက်မယ့်ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 845MB Quality – 1080p, 720p IMDb Rating – 5.1/10 Format – mp4 Duration – 1H 44Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Thriller • Mystery
5.1 2023 104 mins
Lord of Misrule
Ondu Sarala Prema Kathe
8.3

Ondu Sarala Prema Kathe (2024) “ရိုးရှင်းသော အချစ်ဇာတ်လမ်းတစ်ပုဒ်” IMDb – 8.4/10 ဇာတ်လမ်းနာမည်အတိုင်းပါပဲ အချစ်ဇာတ်လမ်းရိုးရိုးလေး တစ်ပုဒ်ကို အလှပအသေသပ်ဆုံးနဲ့ တင်ဆက်သွားတဲ့ ကန်နာဒါရုပ်ရှင်တစ်ကားပေါ့။ မင်းသားကြီးရာ့ဂျ်ကူးမားရဲ့မြေးလည်းဖြစ် သရုပ်ဆောင်ပိုင်းမှာလည်း အဘိုးခြေရာနင်းပြီး အင်မတန်ထူးချွန်တဲ့ မင်းသား ဗီနေးရာ့ဂျ်ကူးမားရဲ့ ရုပ်ရှင်ကားအသစ်ကို တင်ဆက်ပေးလိုက်ပါတယ်။ မြူးဇစ်ဒါရိုက်တာဖြစ်ချင်တဲ့ ဂီတကိုမြတ်နိုးတဲ့ကောင်လေးတစ်ယောက်။ သူ့ရင်ခုန်သံနဲ့တစ်ထပ်တည်းကျမဲ့ လက်တွဲဖော်ကိုပဲ မျှော်လင့်နေတဲ့သူ။ သူချစ်တွေ ကိုယ်ချစ်တွေဆိုတာထက် ဘ၀ကိုအကောင်းဆုံးရှင်သန်ပြီး သံစဉ်တွေနောက်ကိုလိုက်ရင်း ရင်ခုန်သံနဲ့ တစ်သားတည်းကျမဲ့ချစ်သူကို ရှာဖွေနေခဲ့ပါတယ်။ တစ်ရက်မှာတော့ စတူဒီယိုက ဆရာဖြစ်သူနဲ့ဖုန်းပြောနေရင်း ဆရာ့ဘက်က သီချင်းဆိုနေတဲ့ အသံချိုလွင်လွင်လေးကို ကြားလိုက်တဲ့အခါမှာ သူ့ရင်ခုန်သံနဲ့ တစ်သားတည်းကျနေတာကို သိလိုက်ရတဲ့နောက်။ အသံပိုင်ရှင်ကို လိုက်ရှာရင်း ဘာတွေဆက်ဖြစ်မလဲဆိုတာ ရိုးရှင်းတဲ့ ဒီအချစ်ဇာတ်လမ်းလေးထဲမှာ ခံစားကြည့်ရှုကြပါစို့လားဗျာ။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ V ~ Zwe ~ Saii ~ KKKZ ~ Yunniတို့ဖြစ်ပါတယ်)

Horror
8.3 2024
Ondu Sarala Prema Kathe
The Golden Book of Tricks
5.7

ပြည်သူတွေရဲ့ယုံကြည်ကိုးကွယ်မှုကို အသုံးချပြီးတော့ အမြတ်ထုတ်စီးပွားရှာကြတဲ့ မသမာသူတွေကို ပြန်ပြီးဆန့်ကျင်နှိမ်နင်းတဲ့အကြောင်းလေးဖြစ်ပါတယ်။ တစ်ဖက်ပိတ် ယုံကြည်ကိုးကွယ်စိတ်ဟာဘယ်လောက် ကြောက်စရာကောင်းလဲဆိုတော့ ခရိုင်တစ်ခုလုံးကိုဒုက္ခပေးနိုင်တဲ့အထိပါပဲ။ ခရိုင်လေးမှာ ထူးဆန်းတဲ့ဖြစ်ရပ်တွေဆက်တိုက်ဖြစ်နေခဲ့တယ်။ အဲဒါကမကောင်းဆိုးဝါးဓာတ်ရှိတဲ့ ပစ္စည်းတစ်ခုကြောင့်ပါဆိုပြီး အသိဉာဏ်နည်းတဲ့ပြည်သူတွေကိုအယုံသွင်းတယ်။ အဲဒီလိုအယုံသွင်းပြီးတော့ တဖြည်းဖြည်းနဲ့ မိန်းမပျိုလေးတွေကို သူတော်စင်မအဖြစ်ပူဇော်ခိုင်းတဲ့အထိပါဖြစ်လာခဲ့တယ်။ အိမ်ကရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကိုပါ ဂိုဏ်းကိုပူဇော်လာဖို့တောင်းဆိုလာတဲ့ခါ…… ဒီမသမာတဲ့ဂိုဏ်းကိုရပ်တန့်လို့ရနိုင်ပါဦးမလား…… ပြည်သူတွေကနေစပြီး ခရိုင်မှူးအရာရှိမင်းအထိပါ ချုပ်ကိုင်ထားတဲ့ မသမာဂိုဏ်းကိုဘယ်လိုများတွန်းလှန်ကြမလဲဆိုတာ အားပေးကြည့်ရှုလိုက်ပါဦးနော်။

5.7 2024
The Golden Book of Tricks
Rooming With Danger

Rooming With Danger (2023) IMB Rating (4.9/10) Bianca တယောက်ကငယ်ငယ်ထဲသူ့ရဲ့တဦးထဲသောညီမလေးသက်‌ေသသွားတာကြောင့်စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတာပါ၊သူ့ညီမအတွက်ဆိုလူပါသတ်တဲ့အထိစိတ်ဒဏ်ရာပြင်းထန်နေခဲ့တာပါ၊ တဖက်မှာတော့ Angelina တယောက်ကသူ့ကောင်လေး Marco ရဲ့မဆင်မခြင်ဒေါသထွက်တတ်တဲ့အကျင့်ကိုသည်းမခံနိုင်တော့တာကြောင့် အိမ်ပေါ်ကဆင်းလာခဲ့ပြီး Bianca အိမ်မှာအခန်းငှားဖို့ဖြစ်လာခဲ့ပါတော့တယ်၊Angelina တယောက်မသိတာက Bianca ကသူငှားခဲ့တဲ့အခန်းရဲ့အရင်ပိုင်ရှင်ကိုသတ်လိုက်တယ်ဆိုတာပါပဲ၊နောက်ထပ်ပြဿနာတွေကတော့ Bianca တယောက် Angelina ကိုသေသွားတဲ့သူ့ညီမနဲ့အထင်မှားရာကနေစတော့တာပါပဲ၊ Bianca တယောက် Angelina ကိုချစ်စိတ်ကြောင့် Angelina ကိုနှောက်ယှက်တဲ့သူ‌ေတွကိုကော ချစ်တဲ့သူတွေကိုကော အန္တရာယ်ပြုဖို့ကြိုးစားပါတော့တယ်၊Bianca ကကောဘယ်လောက်ထိဆိုးဆိုးရွားရွားဆက်ပြုမူမှာလဲ၊ဇာတ်လမ်းအစက Marco ဆိုတဲ့သူကကောဘယ်လိုတွေပက်သက်လာမယ်၊Angelina တယောက်‌နောက်ဆုံးမှာဒီဖြစ်ရပ်ဆိုးတွေကလွတ်မြောက်သွားနိုင်ပါ့မလား၊ဒီလိုအကြောင်းအရာတွေကို ဒီဇာတ်ကားမှာရင်တထိတ်ထိတ်နဲ့စိတ်ဝင်စားဖွယ်ကြည့်ရှုသွားရမှာပါ။ File size…(1.3 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

Comedy • Drama
0 2023
Rooming With Danger
Land of Broken Hearts

အချစ်ရုပ်ရှင်ပဲ ကြည့်ချင်တဲ့သူတွေအတွက် စိတ်ကူးယဉ်အချစ်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- ဟွမ်ကျန့်ခိုင်းဟာ သူ့ကိုယ်သူ ရုပ်ရှင်ဇာတ်လမ်းတစ်ခုထဲမှာ ရှင်သန်နေတယ်လို့ထင်နေပါတယ်။ သူ့ဘဝရုပ်ရှင်မှာ မွေးကတည်းက ဇာတ်ညွှန်းရှိပြီးသား သူဘာမှ မပြောင်းလဲနိုင်ဘူး။ ဇာတ်ညွှန်းအတိုင်းပဲ တစ်နေ့ပြီးတစ်နေ့ ဘဝကို ဖြတ်သန်းရမယ်လို့ ထင်နေပါတယ်။ ဒါပေမဲ့ ဒါကို မကျေနပ်တဲ့သူက အိမ်အသစ်ပြောင်းပြီး ဆံပင်အရောင်အသစ်ဆိုးပြီး ဘဝသစ်ကို စဖို့ ကြိုးစားနေပါတယ်။ အိမ်အသစ်မှာ ထူးဆန်းတဲ့ သူနဲ့ အိမ်အတူငှားနေတဲ့ လီရှောင်လဲ့နဲ့ တွေ့တဲ့အချိန်မှာတော့ သူ့ရဲ့ဘဝမှာ ပြောင်းလဲမှုတွေ စတင်ခဲ့ပါတယ်။ အဲဒီ နာမည် ၁၀ ခုကျော်လောက်ရှိပြီး စကားအခွန်းတိုင်းမှာ အလိမ်အညာတွေနဲ့ ပြည့်နေတဲ့ မိန်းကလေးရဲ့ဘဝကို သူအားကျမိခဲ့ပါတယ်။ အချင်းချင်း ဘယ်သူမှန်း မသိပေမဲ့ အချင်းချင်း နားအလည်ဆုံးလူ ဖြစ်ခဲ့ပါတယ်။ အဲလိုနဲ့ တဖြည်းဖြည်း သူက လီရှောင်လဲ့ရဲ့ အကြောင်းကို ပိုပိုသိချင်လာပြီး လီရှောင်လဲ့ကတော့ ရှောင်ပြေးသွားခဲ့ပါတယ်။ အချစ်က ဘာလဲဆိုတာကို သိချင်နေတဲ့ သူတို့နှစ်ယောက် အချစ်ကို ရှာတွေ့သွားမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Drama • Romance
0 2024
Land of Broken Hearts
Lucca’s World
6.6

Cerebral palsy လို့ခေါ်တဲ့ ဦးနှောက်အကြောသေရောဂါကြောင့် လူကာဆိုတဲ့ကလေးငယ်ဟာ စကားမပြောနိုင် ၊ အစားမစားနိုင်သလို လမ်းလည်းမလျှောက်နိုင်ပါဘူး။ မိခင်ဖြစ်သူဘာဘာရာကတော့ ကလေးမွေးတုန်းက သူမညှစ်နိုင်ခဲ့လို့ဖြစ်ရတာဆိုတဲ့အပြစ်ရှိစိတ်နဲ့ လူကာကိုလူကောင်းလိုဖြစ်တဲ့အထိ ကုသပေးမယ်လို့ ဆုံးဖြတ်ထားသူပါ။ တစ်ရက်မှာတော့ ဆိုင်တိုထရွန်လို့ခေါ်တဲ့ အိန္ဒိယကစက်တစ်မျိုး အကြောင်း သိလိုက်ရတာကြောင့် ဘာဘာရာတို့မိသားစုဟာ အိမ်ပေါင်ပြီး လူကာကို အိန္ဒိယခေါ်လာခဲ့ကြပါတယ်။ ဆိုင်တိုထရွန်ကြောင့် လူကာရဲ့ ဦးနှောက်နှစ်ခြမ်းဟာ ဆက်သွယ်မှုတွေလုပ်နိုင်လာပြီး အစားစားတာ၊ စကားပြောတာနဲ့လမ်းလျှောက်တာတွေကို စလုပ်လာနိုင်ခဲ့ပါတယ်။ ကုသမှုပြီးလို့ မက္ကစီကိုကိုပြန်ခဲ့ရပေမယ့် ဘာဘာရာကတော့ ဆိုင်တိုထရွန်နဲ့ဆက်ကုမယ်ဆိုရင် လူကာဟာ အခုထက်ပိုတိုးတက် လာနိုင်တာကိုသိနေပေမယ့် သူတို့မိသားစုကလည်း အိန္ဒိယအထိ ထပ်ခရီးနှင်ဖို့မတတ်နိုင်ခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ မက္ကစီကိုဆိပ်ကမ်း တစ်ခုမှာ အမေရိကန်ကိုပို့ဆောင်ဖို့ ဆိုင်တိုထရွန်စက်နှစ်လုံး ရောက်နေကြောင်းသိရှိလိုက်ရတာကြောင့် ဘာဘာရာတစ်ယောက် ဒီစက်တွေကို အမေရိကန်အထိမရောက်ဘဲ မက္ကစီကိုကလေး ဆေးရုံမှာတင်အသုံးချနိုင်အောင် စတင်ကြိုးပမ်းပါတော့တယ်။ ဘာဘာရာရဲ့စိတ်ကူးအတိုင်း ဆိုင်တိုထရွန်စက်တွေကို မက္ကစီကိုမှာတင် တကယ်ပဲအသုံးပြုနိုင်သွားမှာလား။ လူကာကရော ဘယ်အခြေအနေအထိပြန်ကောင်းလာမှာလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.34GB) / (732MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Drama • Comedy
6.6 2025 96 mins
Lucca’s World
Alappuzha Gymkhana
7.1

Alappuzha Gymkhana (2025)”အာလာပူဇာ အားကစားရုံ” ============================================== ဘောက်ဆင်ဖိုက်တင်ခန်းတွေကြည့်ရတာကြိုက်တဲ့ အိန္ဒိယရုပ်ရှင်ပရိသတ်တွေအတွက် အသစ်ထွက်ထားတဲ့ မာလျာလမ်စကားပြော အားကစား ဟာသဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ Manjummel Boys လိုမျိုး ငယ်သူငယ်ချင်းတွေကိုလွမ်းစရာ သည်းထိတ်ရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ခါလစ်ရာမန်က ပဲ့ကိုင်ထားတာပါ။ ဇာတ်လမ်းကတော့ အပြင်ကျောင်းတစ်ကျောင်းမှာ တက်ပြီး ကောလိပ်ဝင်ခွင့်ဖြေနေတဲ့ သူငယ်ချင်းတစ်သိုက် အုပ်စုလိုက်ကြီး စာမေးပွဲကျကြပါတယ်။ သူတို့သူငယ်ချင်းအဖွဲ့ဟာ စာလည်းမလုပ်၊ ကောလိပ်ဝင်ဖို့လည်းဂရုမစိုက်ဘဲ အရက်သောက်လိုက် စော်ပတ်လိုက်နဲ့ အာဝါဒါးလုပ်နေကြတာပါ။ ဒါပေမဲ့ သူတို့ထဲက သူငယ်ချင်းတစ်ယောက်က ကံကောင်းထောက်မပြီး ကောလိပ်ဝင်ခွင့်အောင်သွားတဲ့အတွက် မခံချင်စိတ်နဲ့ စာမလုပ်နိုင်ရင်လည်း အားကစားလုပ်နိုင်တယ်ဆိုပြီး ဘောင်ဆင်လို့ခေါ်တဲ့ အင်္ဂလိပ်လက်ဝှေ့ထိုးဖို့ကြံစည်ပြီး သူတို့မြို့က အားကစားရုံမှာ စာရင်းသွားသွင်းကြပါတယ်။ ပြည်နယ်အဆင့် အားကစားသမားဖြစ်ရင် အော်တိုမစ်တစ် ကောလိပ်ဝင်ခွင့်ရတဲ့သဘောရှိတဲ့အတွက် သူတို့လေလွင့်ကျောင်းသားတစ်သိုက် ကောလိပ်ဝင်ဖို့ကြိုးစားရင်း ဝါသနာကို ရှာတွေ့သွားပုံတွေ၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြပုံတွေ၊ လက်ဝှေ့ထိုးခန်း ခပ်မိုက်မိုက်တွေကို စိတ်အားတက်ဖွယ်ရာ ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးဖြစ်တဲ့အတွက် CM Bollywood Team ကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Drama
7.1 2025 140 mins
Alappuzha Gymkhana