YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Monstrous.2022.EP4.WEB-DL.720P(CM)NEW.mp4

280.51 MB N/A video/mp4 3301 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama • Thriller
7.5 2020 138 mins
Pacto de Fuga
Irrational Man

Irrational Man (2015) အချစ်နဲ့အမှန်တရား ယှဉ်ရွေးဖို့လိုလာတဲ့အခါ အချစ်ကို ရွေးချယ်မလား အမှန်တရားကို ရွေးချယ်မလား… မတရားမှုကို တရားသောနည်းလမ်းနဲ့ယှဉ်ဖို့ မဖြစ်နိုင်တဲ့အခါ ကံစီမံရာအတိုင်းလို့ သဘောထားပြီး မတရားမှုကို ငြိမ်ခံမလား ကိုယ်တိုင်က မကောင်းဆိုးဝါးဖြစ်လာပြီး တရားမျှတမှုကို ရယူမလား.. အသိဉာဏ်ကြီးမြင့်သူတစ်ယောက်က ရာဇဝတ်မှု ကျူးလွန်ဖို့ ကြိုးစားတဲ့အခါ ပြီးပြည့်စုံတဲ့ရာဇဝတ်မှုတစ်ခု ဖြစ်လာနိုင်မှာလား…. ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ Irrational man (2015)ဆိုတဲ့ကားလေးပါ အဓိက သရုပ်ဆောင်တွေကတော့ Joker မင်းသားကြီး Joaquin Phoenix နဲ့ မင်းသမီးချော Emma Stone (La La Land) ပါပဲ.. ဇာတ်လမ်းအကျဉ်း အေ့ဘ်က မိန်းမဖြစ်သူ သစ္စာဖောက်တာကို ခံလိုက်ရပြီးနောက် ဘဝကို ဆက်ရှင်သန်ဖို့ အဓိပ္ပါယ်ပျောက်ဆုံးနေတဲ့ ဒဿနိကဗေဒဆရာတစ်ယောက်ပါ.. ကျောင်းပြောင်းရဖို့ ဖြစ်လာပြီး ဘရေလင်းတက္ကသိုလ် ဒဿနိကဗေဒဌာနကို ပြောင်းလာခဲ့ရချိန်မှာပဲ သူ့ဘဝရဲ့ ပြောင်းလဲမှုကြီးကို ဖြစ်ပေါ်စေမယ့် ဂျေလ်ဆိုတဲ့ ကျောင်းသူလေးနဲ့ တွေ့ဆုံခဲ့ရပါတော့တယ်… ဂျေလ်က လှပပြီးအသိဉာဏ်ရှိတဲ့ ချစ်သူကောင်လေးက အရမ်းဂရုစိုက်တာကိုခံရတဲ့ ပျော်ရွှင်တက်ကြွတဲ့ ကောင်မလေးပေါ့ .. ပုံမှန်ဘဝကို ဖြတ်သန်းနေရင်းနဲ့ အေ့ဘ် ကျောင်းပြောင်းလာပြီး ဂျေလ်ကို ‌သူ့စာတမ်းနဲ့ ပတ်သက်ပြီး စကားလက်ဆုံစပြောဖြစ်ရာက သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးက အစပြုခဲ့ပါတော့တယ်… ဘဝကို အဓိပ္ပါယ်မဲ့ဖြတ်သန်းနေတဲ့ အေ့ဘ်ကို အချစ်ကြီးချစ်မိသွားလေတဲ့ ဂျေလ်တစ်ယောက် ချစ်သူကို ပလစ်ပြီး အေ့ဘ်ဘဝထဲ စုံဝင်နိုင်ဖို့အရေး အသည်းအသန် ကြိုးစားခဲ့ပါတော့တယ် .. ကျောင်းသူလေးတွေနဲ့ မတွဲ စိတ်လည်းမဝင်စားတဲ့ အေ့ဘ်တစ်ယောက် တစ်နေ့မှာတော့ ဂျေလ်နဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေကြရင်း တစ်ဖက်စားပွဲဝိုင်းက စူးရှတဲ့စကားသံတွေရဲ့ နောက်မှာ သူ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေမယ့် အကြောင်းအရင်းတစ်ခုကို ရှာတွေ့သွားခဲ့ပါတော့တယ်.. ဘဝရဲ့အဓိပ္ပါယ်ကို တစ်ဖန်ရှာဖွေတွေ့ရှိသွားတဲ့ အေ့ဘ် တစ်ယောက် စိတ်သစ်လူသစ်နဲ့ အသိဉာဏ်အသစ်တွေနိုးကြားပြီး အရင်ကစိတ်မဝင်စားခဲ့တဲ့ ကျောင်းသူလေး ဂျေလ်အပေါ် ပြန်တုံ့ပြန်လာလေမလား … အေ့ဘ်ကို အကြီးအကျယ်ပြောင်းလဲသွားစေတဲ့ အကြောင်းအရင်းကရော ဘာများလဲ.. အဲဒီအကြောင်းအရင်းနောက်ကွယ်မှာ အေ့ဘ်ဘဝအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေမှာလဲ.. အေ့ဘ်နဲ့ဂျေလ်တို့ ဘယ်လိုအဆုံးသတ်သွားကြမလဲဆိုတာကိုတော့ … ဇာတ်ကားလေးထဲမှာပဲ ဆက်ကြည့်လိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် (P.S ကြည့်နေရင်းနဲ့ အားမလိုအားမရဖြစ်ပြီး ဇာတ်လမ်းရဲ့ အဆုံးသတ်ကိုတော့ ကျော်မကြည့်လိုက်ပါနဲ့နော်.. Joker မင်းသားကြီးရဲ့ မထိတထိသရုပ်ဆောင်ဟန်တွေနဲ့ Emma Stone ရဲ့ အလှအပလေးကိုပဲ ငေးမောရင်း ဖြည်းဖြည်းချင်း စီးမျောကြည့်လိုက်ပါလို့) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.6 GB)/(800MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre…Drama,Comedy,Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2015
Irrational Man
A Tourist’s Guide to Love
5.7

A Tourist’s Guide to Love (2023) ~ Rotten Tomatoes – 71% ~ ဒီဇာတ်ကားကတော့ American နဲ့ Asian ဒရာမာနှစ်မျိုးလုံးကို ပေါင်းစပ်တင်ဆက်ပေးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ တစ်ချိန်က She’s All That ဇာတ်ကားနဲ့ နာမည်‌ကျော်ခဲ့ဖူးပြီး အခုလက်ရှိမှာတော့ Producer Writer အဖြစ်နဲ့ပါ လုပ်ကိုင်နေတဲ့ Racheal Leigh Cook ကနေ ဇာတ်ဆောင်မင်းသမင်းအဖြစ်ပါဝင်ထားပါတယ်။ တစ်ဖက်မှာ​တော့ ဗီယက်နမ်သွေးပါတဲ့ အမေရိကန်မင်းသား Scotty Ly က ဇာတ်ဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အမန်ဒါရိုင်လေ ဆိုတဲ့ အမျိုးသမီးလေးဟာ မကြာခင်ကမှ အူကြောင်ကြောင်ရည်းစားနဲ့ မထင်မှတ်ဘဲလမ်းခွဲခဲ့ရပါတယ်။ ဒီအခါမှာ သူဟာ စိတ်ထွက်ပေါက်လည်းရ၊ အလုပ်အတွက်ပါ ခွင်တည့်တယ်ဆိုပြီး ဗီယက်နမ်မှာ ခရီးသွားလုပ်ငန်းအကြောင်း သွားစုံစမ်းဖို့သွားပါတော့တယ်။ ဒီလိုနဲ့ပဲ ဗီယက်နမ်ရောက်တဲ့အခါ ဆင်းဆိုတဲ့ သူက သူ့ရဲ့ခရီးသွားအကြံပေးအနေနဲ့ စောင့်နေခဲ့ပါတယ်။ ဖြစ်ချင်တော့ ဆင်းက အမန်ဒါတကယ်သွားစုံစမ်းရမယ့် ကုမ္ပဏီအတွက် အလုပ်လုပ်နေခဲ့တာပေါ့။ ဒီလိုနဲ့ပဲ တဖြေးဖြေးနဲ့ ဆင်းနဲ့ အမန်ဒါတို့ ဗီယက်နမ်ကို လည်ပတ်ရင်းနဲ့ အချင်းချင်း ချစ်သက်ဝင်လာကြပါတော့တယ်။ အဲဒီအခါမှာ အမန်ဒါတစ်ယောက် သူ့ကုမ္ပဏီအတွက်ပဲ ယုတ္တိကျကျ ဆုံးဖြတ်ချက်တွေချနိုင်မှာလား… ဆင်းရဲ့ ချောမောမှုတွေကြားမှာ မျောပြီး နှလုံးသားစေရာနောက် လိုက်သွားမလား… ဘာတွေ ဘယ်လိုဆက်ဖြစ်လာမှာလဲ… ဆိုတာကို ဒီဇာတ်ကားထဲမှာ ရင်ခုန်စောင့်မျှော်နေရမှာပဲဖြစ်ပါတယ်။ America မှာ ဖြစ်လေ့ရှိတဲ့ RS ပြဿနာတွေ လူတွေရဲ့အခက်အခဲကို ပြသပေးနိုင်တဲ့အပြင် အာရှရဲ့ ယဉ်ကျေးမှုအမွေအနှစ်များလှတဲ့ ဗီယက်နမ်နိုင်ငံရဲ့ သဘာဝအလှတရား၊ ရှေးဟောင်းအမွေအနှစ်တွေကိုပါထည့်ရိုက်ကူးထားပြီး ပီပြင်အောင် ပေါင်းစပ်သရုပ်ဖော်ထားနိုင်တဲ့ဇာတ်ကားဖြစ်လို့ ရိုချင် ရယ်ချင်တဲ့သူတွေအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 765MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 34Min Genre – Adventure, Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
5.7 2023
A Tourist’s Guide to Love
Catfish Murder

Catfish Murder ကတော့ Crime, Drama, Thriller အအမျိုးအစား ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ တေလာပါကာဆိုတာက သိပ္ပံပညာရပ်မှာ သိပ်ကိုထူးချွန်တဲ့ စာကြမ်းပိုးတစ်ယောက်။ သူက အထက်တန်းကျောင်းမှာ အနိုင်ကျင့်ခံရတာကြောင့် အိမ်တွင်းပုန်းဗီဒိယိုဂိမ်းပဲ ထိုင်ဆော့နေရင်း အမ်မာဆိုတဲ့ ကောင်‌မလေးတစ်ယောက်နဲ့ အွန်လိုင်းအီစီကလီဆက်ဆံရေးရှိလာခဲ့တယ်။ တစ်ရက် သူက သူနဲ့ Chemistry အတန်းက lab partner ဖြစ်သူ ဆိုဖီယာရဲ့ မွေးနေ့ပွဲကို သူနဲ့အတူတူတက်ဖို့ အမ်မာကိုဖိတ်ခဲ့ပေမဲ့ အစကသဘောတူခဲ့တဲ့ အမ်မာက မလာနိုင်ခဲ့တော့ သူလဲ မွေးနေ့ပွဲကို မသွားဖြစ်လိုက်တော့ဘူး။ ဒါပေမဲ့ မွေးနေ့ညမှာ မွေးနေ့ရှင်ဆိုဖီယာ အသတ်ခံခဲ့ရတယ်။ အဲနေ့ညက တေလာနဲ့ဆိုဖီယာကို အတူတွေ့ခဲ့ပါတယ်ဆိုတဲ့သက်သေနဲ့အတူ တေလာအဖမ်းခံလိုက်ရတယ်။ တေလာအတွက် အပြစ်ကင်းစင်ကြောင်း ပြပေးနိုင်ဖို့ အမေဖြစ်သူနဲ့ ညီမဖြစ်သူတို့က အသည်းအသန်ကြိုးစားကြတဲ့အခါ တကယ့်တရားခံအစစ်က ဘယ်သူဖြစ်မလဲ။ တကယ်ပဲ တေလာကိုယ်တိုင်ဖြစ်နေမလား။ Catfish Murder ဆိုတဲ့ဇာတ်လမ်းအမည်အရ အမ်မာကရော ဒီအမှုနဲ့ဆက်စပ်နေမလား။ ဟင်ခနဲ ဟာခနဲဖြစ်သွားစေရမဲ့ plot twist တွေနဲ့အတူ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.4 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshimoshi

0 2023
Catfish Murder
Hana’s Miso Soup
7

Hana’s Miso Soup (2015) ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ Hana Chan no Misoshiru ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ သတင်းစာတိုက်မှာ အလုပ်လုပ်နေတဲ့ Yasutake Shingo ဟာ အနေအေးတဲ့လူတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့ သူဟာ သွက်လက်ကြွတဲ့ ဂီတတက္ကသိုလ်ကကျောင်းသူလေး Kazynori Chieဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် တဖြည်းဖြည်းရင်းနှီးပြီး ချစ်သူတွေဖြစ်သွားခဲ့ရာက တစ်နေ့မှာတော့ Chie ဟာ ကင်ဆာဖြစ်နေတာကို သိခဲ့ရပါတော့တယ်။ ဒါပေမဲ့ Shingo ကတော့ Chieကို လက်မလွှတ်ဘဲ ခွဲစိတ်မှုခံယူစေပြီး လက်ထပ်ခဲ့ပါတယ်။ အဲဒီလိုကနေ လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ Chieမှာ ကိုယ်ဝန်ရလာခဲ့ပါတော့တယ်။ ဒါပေမဲ့ စိုးရိမ်စရာတစ်ခုကတော့ Chieဟာ ကလေးမွေးခဲ့ရင် ကင်ဆာပြန်ဖြစ်ပြီး သေနိုင်တယ်ဆိုတာပါ။ ဒါပေမဲ့နောက်ဆုံးမှာတော့ အသက်ကိုပါရင်းပြီး ကလေးကို မွေးဖို့အတွက်ဆုံးဖြတ်ခဲ့တာကြောင့် Hanaဆိုတဲ့ ကျန်းမာတဲ့သမီးလေးမွေးဖွားလာခဲ့ပါတယ်။ သို့ပေမဲ့လည်း သူရဲ့ရောဂါအခြေအနေကြောင့် ဘယ်အချိန်မှာ ဘယ်လိုဖြစ်နိုင်မလဲဆိုတာ မသိနိုင်တဲ့Chieဟာ သမီးလေးHanaကို ငယ်ငယ်ကတည်းက စားသောက်မှုပုံစံတွေ နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေကို သင်ကြားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Chieဟာ သူစိုးရိမ်နေခဲ့တဲ့အတိုင်း ကင်ဆာပြန်ဖြစ်မှာလား ဒါမှမဟုတ် မိသားစုသုံးယောက်အတူတူ အချိန်အကြာကြီး ပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ရှိသွားနိုင်မှာလားကို ပရိသတ်ကြီးကိုယ်တိုင် စောင့်မျှော်ကြည့်ရှုလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.5GB | 587MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

Drama • Comedy
7 2015 118 mins
Hana’s Miso Soup
Carrie
7.4

Carrie (1976) ~ IMDb – 7.4/10, Rotten Tomatoes – 93% ~ Carrie ဟာ စတီဖင်ကင်းရဲ့ ပထမဆုံးဝတ္ထုဖြစ်ခဲ့သလို ကော်ပီပေါင်း 30,000 ရောင်းရတဲ့အထိ ပေါက်ခဲ့တဲ့ ဘတ်ဆဲလ်လား ဝတ္ထုလည်းဖြစ်ခဲ့တယ်။ Carrie ကနေစလို့ စတီဖင်ကင်းဆိုတဲ့နာမည်က မိန်းစထွင်းမှာ နေရာတစ်နေရာ ရလာခဲ့တယ်ဆိုလည်း မမှားဘူး။ Carrie ကို ရုပ်ရှင်အနေနဲ့ လေးခါပြန်ရိုက်ခဲ့ပြီး Carrie (1976), The Rage: Carrie 2 (1999), Carrie (2002) တို့နောက် ၂၀၁၃မှာလည်း Chloë Grace Moretz ကိုသုံးပြီး Remake ထပ်ရိုက်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီ ၁၉၇၆ဗားရှင်းဟာ အကောင်းဆုံးဖြစ်သလို ကင်းကိုယ်တိုင်လည်း ထပ်ရိုက်မယ်ကြားတော့ မူရင်းကားက ခြောက်ပြစ်ကင်းနေမင့်ကို ဘာလို့ ထပ်ရိုက်နေဦးမှာလဲလို့ ပြောခဲ့ပါသေးတယ်။ စတီဖင်ကင်းကိုယ်တိုင် ဒီရုပ်ရှင်ရဲ့ ဇာတ်သိမ်းဟာ စာအုပ်ထက်သာတယ်လို့ ချီးကျူးဖူးပါတယ်။ Carrie ဟာ စာအုပ်အနေနဲ့တင်အောင်မြင်ခဲ့တာမဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ ပြန်လည်ရိုက်ကူးရာမှာလည်းအောင်မြင်မှုတွေ ရခဲ့ပြီး Horror ဇာတ်ကားတွေထဲမှာ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားလို့ သတ်မှတ်ခံခဲ့ရပါတယ်။ Carrie (1976) ရိုက်တဲ့ဒါရိုက်တာကို နာမည်သာ မသိရင်မသိမယ် သူ့ကားတွေတော့ အားလုံးသိကြမှာဖြစ်သလို သူ့ကားတွေဟာ အကောင်းတကာ့ အကောင်းဆုံးကားတွေဆိုတာလည်း ငြင်းမရပါဘူး။ ဂန္ထဝင် ဒါရိုက်တာကြီး Brian De Palma ပါပဲ။ Al Pacino ရဲ့ အကောင်းစားတွေထဲက တစ်ကားဖြစ်တဲ့ Scarface, ကယ်ဗင်ကော်စနာ ရှောင်ကွန်နရီ ရောဘတ်ဒီနဲရိုးတို့ ပါဝင်ထားတဲ့ The Untouchables, ဂျွန်ထရာဗိုတာရဲ့ အကောင်းဆုံးတွေထဲက Blow Out, ဒါ့အပြင် Mission: Impossible, Dressed to Kill, Carlito’s Way တို့လို ကားကောင်းတွေလည်း ရိုက်ခဲ့ပါတယ်။ ရိုက်ခဲ့သလောက် အကုန်ကောင်းခဲ့တဲ့ ဒါရိုက်တာကြီးပါပဲ။ သရုပ်ဆောင်တွေကတော့ Sissy Spacek နဲ့ ဂျွန်ထရာဗိုတာတို့ကို သုံးထားပါတယ်။ ဇာတ်လမ်း ဒါရိုက်တာ သရုပ်ဆောင် အကုန်ပါဖက်ဖြစ်နေတယ်ပြောရပါမယ်။ နောက် ဒီကားနဲ့ အော်စကာမှာ Spacek က Best Actress ဆန်ခါတင်ဝင်ခဲ့သလို Laurie က Best Supporting Actress ဆန်ခါတင်ဝင်ခဲ့ပါတယ်။ ဇာတ်ကတော့ ကင်းရဲ့ ရေးတတ်တဲ့ပုံစံအတိုင်း Supernatural Horror ဇာတ်ပါပဲ။ ကင်းပရိသတ်တွေတော့ ကျိန်းသေ အကြိုက်တွေ့မယ့် ဟော်ရာဇာတ်လို့ပြောရပါမယ်။ Horror ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် လုံးဝ ကြည့်သင့်တဲ့ဇာတ်ကားမျိုးပါပဲ။ Carrie (2013) နဲ့လည်း ကွဲလွဲတာတွေ အများကြီးရှိပေမဲ့ Bright Burn ဆန်ဆန် Carrie မဟုတ်ဘဲ အရာဝတ္ထုတွေကို စိတ်နဲ့စေစားနိုင်တဲ့ အစွမ်းရှိတဲ့၊ ဘာသာရေးအစွန်းရောက် အမေကြောင့် စိတ်ဒဏ်ရာရနေတဲ့၊ လူရာဝင်အောင်ကြိုးစားနေတဲ့ အပယ်ခံ ဆယ်ကျော်သက်လေး Carrie ကိုတွေ့ရတဲ့အတွက် 1976 Version က သဘောကျစရာအကောင်းဆုံးပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.45GB, 1.15GB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 38Min Genre – Horror, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7.4 1976
Carrie
Anwar: The Untold Story

Anwar : The Untold Story [2023] နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်… ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်… နိုင်ငံရေးဆန္ဒပြပွဲတွေ… အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ… နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ… စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက… စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ… လူထုအားကို ဘယ်လို အရယူသွားမလဲ… အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ…. ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ… ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Biography, Drama, History Quality…. 1080p | 720p File size… 1.2GB | 569MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Anwar: The Untold Story
Walk Hard: The Dewey Cox Story
6.8

(ကိုယ်လုံးတီးခန်းများ လိင်ဆက်ဆံခန်းများပါဝင်သဖြင့် မိသားစုဖြင့်ကြည့်ရှုရန်မသင့်တော်ပါ) အတ္တုပတ္တိ( Biopic) ရုပ်ရှင်တွေ အထူးသဖြင့် ဂီတလို့ ပြောလိုက်တာနဲ့ ကြည့်ရှုသူ အများစုကတော့ သိကြမှာပါပဲ။ အဆိုတော် ဒါမှမဟုတ် ဂီတလောကရဲ့ အနပညာရှင် တစ်ယောက်ယောက်ဖြစ်မယ်။ လူဖြူလည်းဖြစ်မယ် လူမည်းလည်း ဖြစ်ရင်ဖြစ်မယ်။ သူတို့ရဲ့ ဘ၀ခရီးလမ်း အခက်အခဲတွေ ဘယ်လိုမျိုး ကျော်ဖြတ်လာရမလဲဆိုတာကို ဝေဆာနေအောင် ကွန့်မြူးပြီး ပြောကြမယ်။ ဒါပေမဲ့ ဒီကားကတော့ ဒီလိုမဟုတ်ဘူး။ ဖန်တရာတေဒီဇာတ်ကြောင်းတွေပဲ ထပ်နေတဲ့ ဒီရုပ်ရှင် အမျိုးအစားထဲကကိုမှ တကယ်မရှိတဲ့ ဒူဝီ ကော့စ် ဆိုတဲ့ အဆိုတော်ကို ဖန်တီးပြီး ဒီရုပ်ရှင်တွေကိုပဲ အကြီးအကျယ် ပြန်ဖဲ့သွားတာမျိုးဗျ။ ဥပမာ ပြောရရင် ဒီအဆိုတော်က ငယ်ငယ်က တခုခုကြောင့် စိတ်ဒဏ်ရာရပြီး တစ်ခုခုဖြစ်နေရမယ်။ ဒီကားမှာကတော့ ဘာမဆိုင် ညာမဆိုင် တောခုတ်ဓားတစ်ချောင်းကြောင့် မင်းသားအကိုသေပြီး မင်းသားက စိတ်ဒဏ်ရာ ရသွားတာမျိုးက စလှော်တော့တာပါပဲ။ ဂီတ အကျော်အမော်ကြီးတွေဖြစ်ကြတဲ့Bob Dylan, The Beatles, Elvisက အစ လူပေါင်းစုံရဲ့ စတိုင်တွေ အကုန်ပြောင်။ အဲဒါမှ အားကိုမရသေးရင် အဓိပ္ပါယ်နှစ်ခွနဲ့ အောက်လုံး သီချင်းတွေကို မင်းသားကဆိုပြလိုက်ရမှ။ မကျေနပ်သေးဘူးလား။ ဒါဆိုရင်လည်း ထုံးစံအတိုင်း ဆေးစွဲ မိန်းမရှုပ်တဲ့အခန်းတွေလာမယ်။ ဒါပေမဲ့ ဒိုင်ယာလော့တွေနဲ့ မြင်တွေ့နေကျ ဇာတ်၀င်ခန်းတွေကို လှော်ချက်တွေက တခွီးခွီးရယ်နေရမှာမျိုးတွေပေါ့။ Biopic ကိုမှ ကြိုက်နှစ်သက်ကြတဲ့CMပရိတ်သတ်ကြီးအတွက် နောက်နောင် Biopic တွေကြည့်တိုင်း အမှတ်ရနေမယ့် ကားကောင်းလေး တစ်ခုဖြစ်တဲ့အတွက် ကြည့်ရှုအားပေးကြပါဦးခင်ဗျ။ File size… 2.2 GB / 921 MB Quality… BluRay Extended 1080p / 720p Format… mp4 Duration…. 1h 36m Genre ….. Comedy/Music Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman

6.8 2007 96 mins
Walk Hard: The Dewey Cox Story
Mantra Warrior: The Legend of The Eight Moons
5.9

ရှေးဟောင်းဒဏ္ဍာရီတွေအရ နှစ်ပေါင်း ၅၀၀ ကြာတိုင်းမှာ နတ်ဆိုးဝိဥာဉ်တွေကို ဆက်သွယ်ထိန်းချုပ်နိုင်တဲ့ “စတိ”နတ်စွမ်းအားဟာ မိန်းမပျိုတစ်ဦးရဲ့အသွင်နဲ့ နိုးထလာလိမ့်မယ်လို့ အဆိုရှိခဲ့တယ် အဲဒီစွမ်းအားဟာ အရာအားလုံးကို ဖန်တီးနိုင်သလို ဖျက်လည်းဖျက်ဆီးလိုက်နိုင်တာမို့ စကြဝဠာတစ်ခုလုံးရဲ့ ကပ်ဆိုးကြီး တစ်ခုလည်း ဖြစ်လာနိုင်ခဲ့တယ် ဝမ်နရာဂြိုဟ်ရဲ့ လမင်းရှစ်စင်း တစ်တန်းတည်းကျပြီး သေဆုံးခြင်းပင်လယ်နဲ့ အပြိုင်ဖြစ်သွားချိန်မှာ “စတိ”စွမ်းအား အမှားဘက်မရောက်အောင် ထိန်းသိမ်းပေးမယ့် မှော်ဝင် စစ်သည်တော်တွေ မွေးဖွားလာလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိနေခဲ့တယ် ဒီဒဏ္ဍာရီတွေကို ယုံကြည်ခဲ့တဲ့ စစ်သူကြီးဆူခရစ်ပ်က မှော်ဝင်စစ်သည်တော်တွေ ဖြစ်လာနိုင်တဲ့ ဝါယု၊ဝေလာ၊ဘူစဘာဆိုတဲ့ တပည့်သုံးယောက်ကို စောင့်ရှောက်သင်ကြားပေးခဲ့ပြီး ဝမ်နရာဂြိုဟ်ရဲ့ဘုရင်ဖာလီလက်အောက်ကို ဝေလာနဲ့ ဘူစဘာကို သူလျှိုအဖြစ် စေလွှတ်ခဲ့တယ် ဝမ်နရာကို အုပ်ချုပ်သူ အယိုဒယားပြည့်ရှင်ရဲ့ သားတော်ရမ်ရဲ့ မိဖုရားဆီတာဟာ နတ်ဆိုးဝိဥာဉ်တွေနဲ့ ဆက်သွယ်နိုင်လာခဲ့တာမို့ “စတိ” စွမ်းအား နိုးထလာတော့မယ်ဆိုတဲ့ ဒဏ္ဍာရီ စတင်လာပါတော့တယ် အယိုဒယားရဲ့ ရန်သူ လုန်ကာဂြိုဟ်ဘုရင်ထွတ်စကန်က မင်းသမီးဆီတာကို ပြန်ပေးဆွဲသွားပြီး ဝမ်နရာဂြိုဟ်ကိုပါ ပုန်ကန်စေခိုင်းချိန်မှာတော့ မင်းသမီးဆီတာကို ပြန်ကယ်တင်နိုင်ပါ့မလား ဒဏ္ဍာရီလာ မှော်ဝင်စစ်သည်တော်တွေကရော တကယ်မွေးဖွားလာနိုင်မှာလား ဂြိုဟ်တွေ ပုန်ကန်မှုကို ဖြေရှင်းနိုင်ပြီး စကြဝဠာမဟာမိတ်ကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size_(1.9GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Animation, Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nue Nue

5.9 2023 90 mins
Mantra Warrior: The Legend of The Eight Moons
The Two Faces of January
6.2

January ဆိုတဲ့စကားလုံးဟာ မျက်နှာနှစ်ဖက်ရှိတဲ့ ဂရိနတ်ဘုရား Janus ကိုအစွဲပြုပြီး ခေါ်ဝေါ်တယ်ဆိုတာ သိပါသလား။ ဒီရုပ်ရှင်ဟာ ဆန့်ကျင်ဖက်နှစ်ခု ဒွန်တွဲ တည်ရှိနေခြင်းကို ကိုယ်စားပြုတဲ့ နတ်ဘုရား Janus ကို ကျောရိုးယူပြီး ရိုက်ကူးထားတဲ့ ဇာတ်အိမ်ဖြစ်ပါတယ်။ ဂရိနိုင်ငံမှာ ဧည့်လမ်းညွှန်အဖြစ် အလုပ်လုပ်နေတဲ့ လူလိမ်ပေါက်စ ရိုင်ဒယ်လ်ဟာ တစ်နေ့မှာ လူကုံထံဇနီးမောင်နှံ နှစ်ဦးနဲ့ တွေ့ရှိခဲ့တယ်။ တိုင်းတစ်ပါးမှာ လာဆုံတဲ့ အမေရိကန်သားချင်းအနေနဲ့ သူတို့ ၃ ဦးဟာ အချိန်တိုအတွင်း ခင်မင်သွားကြတော့တယ်။ ဒါပေမဲ့ ခမ်းနားမှု မျက်နှာဖုံးကွာကျသွားတဲ့အချိန်ရိုင်ဒယ်လ်ဟာ လူကုံထံလင်မယားထဲက ခင်ပွန်းဖြစ်သူရဲ့ ရာဇဝတ်မှုကြီးကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့အခါ…. အထက်တန်းဆန်ဆန် ဇာတ်လမ်းနောက်ခံနဲ့ အံ့ဩမှင်သက်စေမဲ့ ရှုခင်းတွေ၊ အချစ်နဲ့ အန္တရာယ်ကြားက စွန့်စားမှုတွေကို ကြည့်ရှုနိုင်မဲ့ ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ File size…1.20GB / 596MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 36m Genre ….. Crime , Mystery , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

6.2 2014 96 mins
The Two Faces of January
The Visit
6.3

The Visit ဟာ Horror/Documentary အမျိုးအစားရုပ်ရှင် ဇာတ်လမ်းလေးဖြစ်ပြီး M. Night Shyamalan ဇာတ်ညွှန်းရေး ရိုက်ကူးကာ Olivia DeJonge, Ed Oxenbould, Deanna Dunagan တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ Budget $5M နဲ့ရိုက်ကူးပြီး ရုံတင်ငွေ $100M နီးပါးပြန်လည် ရရှိခဲ့တဲ့ ဝေဖန်ချက်ကောင်းတွေနဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ Shamalan အတွက် တစ်ကျော့ပြန်လည် ‌အောင်မြင်မှု ရစေခဲ့တဲ့ကားလေးလဲဖြစ်ပါတယ်။ Becca နဲ့ Tyler တို့မောင်နှမနှစ်ယောက်ဟာ သူတို့တစ်ခါမှ မတွေ့ဘူးတဲ့ အဘိုးအဘွားတွေဆီ ငါးရက်သွားနေဖို့ Masonville ဆိုတဲ့မြို့လေးဆီ အလည်သွားကြပါတယ်။ သူတို့ရဲ့ ငါးရက်တာ ခရီးစဥ်မှာ သူတို့အဘိုးအဘွားတွေရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေ ကြောင့် တစ်စစထိတ်လန့်လာရရင်း နောက်ဆုံးမှာတော့ ဒီခရီးစဥ်ဟာ သူတို့ဘဝအတွက် ကြောက်ရွံ့တုန်လှုပ်စရာအကောင်းဆုံးအဖြစ် အပျက် ဖြစ်သွားပါတော့တယ်….. File size…2.01GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 34m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

6.3 2015
The Visit
Triangle
6.9

Melissa George For further information please contact the Icon Press Office on 020 8492 6300 / [email protected] Release date October TBC Certificate TBC Triangle (2009) IMDb Rating (6.9) /Rotten Tomatoes (80%) Triangle (2009) ဇာတ်ကားမှာ horror film queen ကြီးဖြစ်တဲ့ Melissa Suzanne George ခေါင်းဆောင်ပါဝင်ထားပါတယ်။ ဗြိတိန်ထုတ်လုပ်ရေးက ထွက်ရှိလာတဲ့ကားဆိုပေမဲ့ အဘော့အဲအော့ဝါးအား နဲ့ အဂိန်း ဆိုတဲ့ ဗြိတိသျှ အသံထွက်တွေတော့ ကြားရဖို့မရှိပါဘူး။ ဒါပေမဲ့ Australian မင်းသားလေး Liam Hemsworth ရဲ့ နုပျိုတဲ့ ရုပ်သွင်ကိုတော့ မြင်ရဖို့ရှိတယ်ဗျ။ စိတ္တဇအသားပေး လူသတ်နဲ့လျှို့ဝှက်ဆန်းကြယ်ဇာတ်ကားဖြစ်တာနဲ့အညီ ဟိုရောက်ဒီရောက်ဇာတ်ကွက်တွေကို တကွဲတပြား ပြသနေပြီးမှ ဟိုတစ်စ ဒီတစ်စ ဆက်စပ်ယူရတဲ့ ဇာတ်လမ်းမျိုးပါ။ ကြည့်နေဆဲနဲ့ ကြည့်ပြီးအသွားမှာ လူကြီးမင်းတို့ကို တွေးစရာတွေ တပုံတပင် ပေးသွားဖို့လည်းရှိပါတယ်။ ဇာတ်လမ်းရဲ့ကျောရိုးက အပျော်စီးရွက်လှေတစ်စင်းပေါ် လိုက်ပါလာတဲ့လူတစ်စု ပင်လယ်ပြင်မှာ မိုးကြိုးမုန်တိုင်းတစ်ခုနဲ့ ပက်ပင်းတိုးကြပါလေရော။ လုံးဝ မှောက်ခုံကြီးဖြစ်နေတဲ့ ရွက်လှေဗိုက်ပေါ်က လူတစ်စုဟာ အနားမှာ ဘွားခနဲပေါ်လာတဲ့ သင်္ဘောကြီးပေါ်ကို တက်လိုက်ကြတယ်ဆိုပါစို့။ သင်္ဘောပေါ်မှာ လူတစ်ယောက်မှ မပါလာပါဘူး။ ဒါပေမဲ့ စားစရာတွေ သစ်သီးတွေ လျှပ်စစ်တွေ လည်ပတ်နေတဲ့ အင်ဂျင်တွေနဲ့ လူမပါဘဲရွေ့နေတဲ့ သင်္ဘောကြီးပါပဲ။ သင်္ဘောနာမည်က လူတစ်ဦးရဲ့အမည်။ သူက နတ်ဘုရားတွေထဲကမှ သေမင်းကို မတည်နိုင်တဲ့ကတိကိုပေးပြီး လိမ်လည်လှည့်ဖျားခဲ့လို့ တောင်ပေါ်ကို ကျောက်တုံးကြီးတွန်းတင်၊ ထိပ်ပေါ်ရောက်တော့ ကျောက်တုံးကြီးက ပြန်လိမ့်ကျသွား၊ နောက်တစ်နေ့မှာ အစကနေ ပြန်တွန်းတင်ရမယ့် အပြစ်ဒဏ်ကို ခံစားနေရသူ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ သင်္ဘောပေါ်တက်သွားတယ်။ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံရလို့ သေကုန်တယ်။ သေမင်းဆီကနေ လွတ်အောင်ပြေးကြရင်း သေမင်းဆီမှာပဲ ပြန်လည်ဝပ်တွားခယရတဲ့ သူတို့တွေရဲ့ကံကြမ္မာဟာ ဘယ်လိုအဆုံးသတ်မလဲ။ သူတို့ကြုံနေရတဲ့ ကျိန်စာကို ဘယ်လိုဖြေမလဲဆိုတာ ကြည့်လိုက်ကြပါဦးစို့။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။) File size…(1.1 GB) / (2.3 GB ) Quality….BluRay 1080p HEVC / 720p Format…. mkv/mp4 Duration….01:39:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

Drama • History
6.9 2009
Triangle
Champions
7.3

Champions(2018) ****************** IMDb…7.3 ထက်မြက်တဲ့ဘက်စကက်ဘောနည်းပြတစ်ယောက်ဖြစ်တဲ့မွန်တီးစ်တစ်ယောက်ဟာ တော်လည်းတော်သလို စိတ်မရှည်ဒေါသထွက်လွယ်တဲ့လူတစ်ယောက်ဖြစ်တာနဲ့အညီ သူ့အသင်းက နည်းပြအချင်းချင်း သဘောထားမတိုက်ဆိုင်ရာကနေစကားများရန်ဖြစ်ပြီးအသင်းကထုတ်ခံလိုက်ရပါတယ်.. ယောကျ်ားလေးထုံးစံအတိုင်းစိတ်ပျက်ဒေါသထွက်ပြီးအရက်သောက်…အရက်မူးပြီးမောင်းတော့ယာဉ်တိုက်မှုဖြစ်.. တိုက်တာကလည်းရဲကားကိုမှ..အဲဒီမှာတရားရုံးရောက်..တရားသူကြီးက လူမှုဝန်ထမ်းလုပ်မလား ထောင်ထဲသွားမလားလို့မေးတော့.. လူမှုဝန်ထမ်းပဲလုပ်မယ်ပေါ့..အဲဒီမှာဇာတ်လမ်းကစပြီ.. မွန်တီးစ်တစ်ယောက်အသိဉာဏ်ချို့တဲ့(ကျပ်မပြည့်)တဲ့လူတွေကိုဘက်စကက်ဘောနည်းပြလုပ်ဖို့အကြောင်းဖန်လာတဲ့ အချိန်မှာ စိတ်မရှည်တတ်တဲ့နည်းပြတစ်ယောက်နဲ့ ဘတ်စကက်ဘော ကစားတဲ့နေရာမှာ အားနည်းချက်တွေ အများကြီးရှိတဲ့သူတစ်သိုက်နဲ့စတွေ့ကြတဲ့အခါမှာတော့…ကိုင်း အလွဲလွဲအချော်ချော်တွေနဲ့ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကိုတော့ခံစားလိုက်ပါဦး… ဟာသအမြူးလေးတွေကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေဇာတ်ကားလေးတစ်ကားဖြစ်ကြောင်းပြောပါရစေ…။ File Size : 2.20GB/ 1.09GB Quality : Blu-Ray 1080p/ Blu-Ray 720p Format…mp4 Duration…02:06:00 Genre : Comedy, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by Tiff

7.3 2018 124 mins
Champions
The Mayor
6.5

The Mayor (2017) ***************** ဒီတစ်ခေါက်မှာတော့ Exhuma (2024) ထဲက မင်းသားကြီး ချွဲမင်ရှစ်ရဲ့ နိုင်ငံရေးဇာတ်ကား ကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ cast တွေကတော့ Choi Min Shik, Shim Eun Kyung, Kwak Do Won, Ra Mi Ran, Ryu Hye Young, When Life Gives You Tangerines (2025) ထဲက Moon So Ri တို့ အပြင် နာမည်ကြီးသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ .. ဗြောင်ဂျုံဂူ (ချွဲမင်ရှစ်) က ဆိုးလ်မြို့ရဲ့ မြို့တော်ဝန်တစ်ယောက်ဖြစ်ပါတယ် ။ သူဟာ တတိယအကြိမ် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ဖို့ရွေးကောက်ပွဲဝင်ပြိုင်နေပြီး နောက်ပိုင်းမှာလည်း သမ္မတရွေးကောက်ပွဲအထိပါ ယှဉ်ပြိုင်ဖို့ ရည်မှန်းချက်ရှိသူတစ်ယောက်ပေါ့ ။ ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့အတွက် သူဟာ ကမ်ပိန်းအဖွဲ့တစ်ခု တည်ထောင်ပါတယ်။ ကမ်ပိန်းဒါရိုက်တာ ရှင်းဟျော့ဆူနဲ့ ကြော်ငြာနယ်ပယ်ဘက်က လူငယ်အမျိုးသမီး ဘတ်ဂယောင်းတို့လည်း ကမ်ပိန်းမှာ ပါဝင်လာခဲ့ပါတယ်…။ ဒီလိုနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း ဗြောင်ဂျုံဂူဟာ အတိုက်အခံပါတီတွေကြားထဲကနေ ရွေးကောက်ပွဲမှာ အနိုင်ရဖို့ စတင်ကြိုးစားပါတော့တယ်…။ ဇာတ်လမ်းတစ်ခုလုံးကတော့ ရွေးကောက်ပွဲစတင်ချိန်ကနေ ပြီးဆုံးတဲ့အထိ ရွေးကောက်ပွဲ ခရီးစဉ်တစ်လျှောက်လုံးကို ရိုက်ပြထားတာဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေကြားက အကျင့်ပျက်ခြစားမှုတွေ အကျပ်ကိုင်ခြိမ်းခြောက်မှုတွေ သစ္စာဖောက်မှုတွေလိုမျိုး နိုင်ငံရေးအရှုပ်အထွေးကြီး တစ်ခုလုံးကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.7GB / 823MB Quality… WEB-DL 1080p/ 720p Format…mp4 Duration…. 2 hr. 10 min. Genre ….. Drama, Political Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Drama
6.5 2017 130 mins
The Mayor