YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Monk Comes Down the Mountain (2015)_720p.mp4

1.2 GB N/A video/mp4 3365 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
White Sun
7.1

ဒီကားရဲ့ နာမည် Seto Surya (နေဖြူ) ဆိုတာက နီပေါနိုင်ငံရဲ့ အမျိုးသားအလံမှာပါတဲ့ အစိတ်ပိုင်းတစ်ခုကို ရည်ညွှန်းထားတာပါ။ အတွင်းသားအနီရောင်နဲ့ အပြာအနားကွပ်၊ လခြမ်းကွေးလေးရယ် တောက်လောင်နေတဲ့နေရယ် ပါတဲ့ နီပေါအလံကို မြင်ဖူးရင် သိကြမှာပါ။ ဒီကားရဲ့ နေဖြူဆိုတာကတော့ အဲဒီ အဖြူရောင်နေကို ဆိုလိုတာဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၆ အထိ ဖြစ်ပွားခဲ့တဲ့ နီပေါ ပြည်တွင်းစစ်ပြီးစ အခြေအနေကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ တစ်ချိန်က နီပေါဟာ ဘုရင့်နိုင်ငံဖြစ်ခဲ့ပြီး ဘုရင့်တော်ဝင်တပ်တွေနဲ့ နီပေါကွန်မြူနစ်ပါတီ (မော်စီတုန်းဝါဒီသမားတွေလို့လည်း ခေါ်ပါတယ်) ကြား နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့ပြီး တော်လှန်သူ ကွန်မြူနစ်တွေ အနိုင်ရခဲ့တဲ့ စစ်ပွဲပါ။ နီပေါနိုင်ငံသားတွေဟာ ထုံးတမ်းစဉ်လာတွေ ဓလေ့တွေလိုက်နာသက်ဝင်ပြီး လူမှုအဆင့်အတန်း ဇာတ်နိမ့်၊ ဇာတ်မြင့် ခွဲခြားမှု ပြင်းထန်တဲ့အလျောက် လူတန်းစားအလွှာကွာဟမှုကို ဆန့်ကျင်တဲ့ မော်စီတုန်းဝါဒီသမားတွေ အာဏာရသွားတေ့ာ အတော်လေးလည်း ခွကျခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းဘက်ကို လှည့်ရမယ်ဆိုရင်ဖြင့် ရှုထောင့် ၂မျိုးက ပြောဖို့ စဉ်းစားထားပါတယ်။ ပထမတစ်မျိုးကတော့ ပူးဂျာလို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ရဲ့ ရှုထောင့်ပါ။ ပူးဂျာလေးဟာ အမေဖြစ်သူနဲ့အတူ ဝေးလံခေါင်သီတဲ့ တောင်တွေပေါ်မှာရှိတဲ့ ရွာဇနပုဒ်မှာ နေထိုင်ပါတယ်။ သူ့ရဲ့ အဖိုးလို့ ခံယူထားတဲ့ ရွာအကြီးအကဲကြီး ဆုံးသွားတဲ့အခါမှာတော့ ရွာမှာ ကြားဖူးနားဝ ကောလဟာလနဲ့ သူ့အဖေဖြစ်လိမ့်မယ်လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ရွာပြန်အလာကို မျှော်လင့်တကြီး စောင့်စားပါတော့တယ်။ ဒုတိယ ရှုထောင့်အနေနဲ့ကတော့ ချန်ဒျာလို့ခေါ်တဲ့ စစ်သားဟောင်းတစ်ဦးရဲ့ နေရာကနေပါ။ သူဟာ စစ်သားဆိုပေမယ့် ယခုလက်ရှိအာဏာရ ကွန်မြူနစ်ပါတီရဲ့ တစ်ချိန်က ပြောက်ကျားစစ်သား (သူပုန်)ပါ။ တော်လှန်စဉ်က ပါဝင်ခဲ့ပြီး စစ်ပွဲအပြီး ဘေးထွက်နေတဲ့လူမျိုးပေါ့။ သူ့အဖေဖြစ်သူ ဆုံးသွားပြီဆိုတဲ့ သတင်းကြောင့် ရွာကို ပြန်လာခဲ့ပေမယ့် အပေါ်မှာပြောသလို အယူအစွဲကြီးတဲ့ ရွာကလူတွေနဲ့ သူနဲ့ကြားက ပဋိပက္ခတွေကြောင့် သူ့အဖေဖြစ်သူ ရွာအကြီးအကဲကို အဆင်ပြေပြေသင်္ဂြိုလ်နိုင်ဖို့ လုံးပမ်းရပါတော့တယ်။ Venice ရုပ်ရှင်ပွဲတော်မှာ ဆုရထားပြီး Toronto တို့ Rotterdam တို့အပါအဝင် ဟုတ်ပေ့ဆိုတဲ့ ရုပ်ရှင်ပွဲတော်ကြီးတွေမှာ ပြသခွင့်ရထားတဲ့ ရုပ်ရှင်မို့ လက်မလွတ်စေလိုပါ။ ဒီ နီပေါဒါရိုက်တာဟာဖြင့် သူ့ရဲ့ ပထမဆုံး ပွဲဦးထွက်ရုပ်ရှင်ကား Highway တုန်းကလည်း ဘာလင်တို့ လိုကာနိုတို့လို ပွဲတော်ကြီးတွေနဲ့ စခဲ့တာပါ။ အခု White Sun ကတော့ သူ့ရဲ့ ဒုတိယကားပေါ့။ နီပေါလို ဒေသတွင်း အနုပညာဖန်တီးသူတွေ သူတို့လက်ရာတွေနဲ့ ကမ္ဘာပတ်နေတာကို ကြွေနေရသလိုမျိုး ကိုယ့်နိုင်ငံတွင်းက ရုပ်ရှင်သမားတွေရဲ့ လက်ရာတွေ (ယခု လူနည်းစု ပတ်နေကြပြီမှန်း သိပါတယ်) လည်း များများစားစား မြင်ရဖို့ မျှော်လင့်မိပါကြောင်း...။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 690MB Quality - 720p, 480p IMDb Rating - 7.1/10 Format - mp4 Duration - 1H 29Min Genre - Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Music • Romance
7.1 2016 87 mins
White Sun
Delirium
5.7

ဒီတစ်ခါမှာ ပရိသတ်ကြီးတို့ကို မိတ်ဆက်ပေးချင်တာကတော့ ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Delirium ဆိုတဲ့ဇာတ်ကားလေးပါ။ ပြသချိန် ၁ နာရီခွဲဝန်းကျင် ကြာပြီးတော့ Horror, Thriller အမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အနေနဲ့ လက်လွှတ်မခံသင့်တဲ့ ဇာတ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် Tom Walker က စိတ်ရောဂါကုဆေးရုံမှာ နှစ် ၂၀ ကုန်ဆုံးပြီးနောက်မှာ လွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ ရက် ၃၀ အကျယ်ချုပ်နေပြီးမှ ပုံမှန်လူတစ်ယောက်လို သွားလာခွင့်ရမှာပါ။ အဲဒီတော့ သူဟာ သူ့မိဘတွေ ချန်ခဲ့တဲ့ အိမ်ကြီးမှာ တစ်ယောက်ထဲ နေရဖို့ အကြောင်းဖန်လာပါ တော့တယ်။ အမေနဲ့ အဖေက သူတို့ငယ်ငယ်ကတည်းက ကွဲသွားကြတာ ဖြစ်ပြီးတော့ အဖေဖြစ်သူက သူမလွတ်လာခက် ရက်ပိုင်းအလိုမှာ ကိုယ့်ကိုယ့်ကိုယ်သတ်သေသွားတာ ဖြစ်ပါတယ်။ အစ်ကိုဖြစ်သူ Alex ကလည်း ထောင်ကနေ လွတ်မလာသေးပါဘူး။ အိမ်အကြီးကြီးထဲမှာ တစ်ယောက်ထဲနေရတဲ့ Tom ဟာ အိမ်ထဲကနေ အသံတွေကြားရတာတွေ၊ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေကို ကြုံတွေ့လာရပါတော့တယ်။ မိန်းကလေးတစ်ယောက် ရေနစ်နေတာကိုလည်း မြင်မြင်နေရပါသေးတယ်။ တစ်နေ့မှာတော့ Tom ဟာ မုန့်စားချင်လို့ ဈေးဆိုင်ကနေ မုန့်မှာရင်း မုန့်လာပို့တဲ့ Lynn ဆိုတဲ့ ကောင်မလေးကို သဘောကျသွားခဲ့ပါတယ်။ ဒါပေမဲ့ ကောင်မလေးကို ဖွင့်ပြောဖို့ ကြိုးစားနေချိန်မှာပဲ ထောင်ထဲမှာရှိနေရမယ့် သူ့အစ်ကို Alex ကို အိမ်ထဲမှာ စပြီး မြင်ရတော့တာပါပဲ။ Tom ကြုံနေရတာတွေ အကုန်လုံးက သူအရင်က ကြုံတွေ့ခဲ့ရတဲ့ ထရော်မာတွေကြောင့် စိတ်ထင်ယောင်ထင်မှား ဖြစ်တာလား ဒါမှမဟုတ် အိမ်ကြီးက တကယ်ပဲခြောက်လှန့်နေတာလား။ သူ့အနေနဲ့ Lynn ဆိုတဲ့ ကောင်မလေးနဲ့ အဆင်ပြေသွားနိုင်ပါ့မလား၊ ရက် ၃၀ အကျယ်ချုပ်ကိုလည်း အေးအေးဆေးဆေး ပြီးမြောက်သွားနိုင်မလားဆိုတာကိုတော့ Delirium ဆိုတဲ့ ဒီဇာတ်ကားထဲမှာပဲ ရင်တလှပ်လှပ်နဲ့ ကြည့်ရှုလိုက်ကြပါနော်။ File size…1.42GB / 623MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 36m Genre ..... Horror, Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Drama
5.7 2018 96 mins
Delirium
Reroute
6

Iskandalo ကိုစောင့်ကြည့်ခဲ့ဖူးသူတွေအနေနဲ့ ပါလာနိုး မျှော်ကိုးရင်းနဲ့ ဇာတ်သိမ်းတဲ့အထိ ဘာမှမဘာလိုက်ပဲ ကာလသားတွေကို အသည်းခွဲသွားခဲ့တဲ့ ရဲမေ မမကြီး Cindy Miranda ကို မှတ်မိကြဦးမှာပါ။ အခုဇာတ်ကားကတော့ မမကြီးရဲ့ဇာတ်ကားသစ်ဖြစ်ပြီး Iskandalo တုန်းက အားမရခဲ့သမျှ ဒီကားမှာတော့ စိတ်တိုင်းကျရတော့မှာဖြစ်ပါတယ်။ တကယ်တော့ ဒီကားက ဒီနှစ်အစောပိုင်းကတည်းကထွက်ထားခဲ့တာဖြစ်ပြီး အဖြူအမည်းပုံစံနဲ့ဖြစ်နေခဲ့လို့ ချန်ထားခဲ့တာပါ။ အခု Director's Cut မှာတော့ ဆေးရောင်စုံမြင်ကွင်းကျယ်နဲ့မမရဲ့အလှအပတွေကို တစ်ဝကြီးရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ အိမ်ထောင်ရေးအဆင်ပြေပုံမရတဲ့လင်မယားနှစ်ယောက် ခင်ပွန်းဖြစ်သူရဲ့ဘော်ဒါတွေဖျော်ဖြေမယ့် ပွဲတစ်ခုကိုသွားတက်ဖို့ခရီးထွက်လာကြပါတယ်။ လမ်းမှာခင်ပွန်းသည်ရဲ့ မွေးရပ်ရွာကိုဖြတ်သွားရမှာဖြစ်တဲ့အတွက် သူ့အဖေဆီ ဝင်လည်ဖို့လဲရှိပါတယ်။ သူ့ရွာကိုရောက်ကာနီးမှာ အာဏာပိုင်တွေက အော်ပရေးရှင်းတစ်ခုရှိလို့လမ်းပိတ်ထားတာနဲ့ကြုံပြီး လမ်းလွှဲကနေသွားခိုင်းတာနဲ့ ကြုံရပါတယ်။ လမ်းလွှဲကိုသွားဖို့ဆိုရင် ဟိုးအဝေးကြီးနောက်ပြန်မောင်းရမှာဖြစ်တဲ့အတွက် လမ်းကျွမ်းတယ်ဆိုပြီး ခင်ပွန်းဖြစ်သူ ဒန်ဟာ နီးရာလမ်းတစ်ခုကနေဖြတ်မောင်းရာကနေ လူသူဝေးတဲ့နေရာတစ်ခု တောလမ်းအလယ်မှာ ကားပျက်သွားပါတော့တယ်။ ဖုန်းလိုင်းမမိတဲ့နေရာမှာ ကားလဲမပြင်တတ်ပဲ တိုင်ပတ်နေရင်း သားကောင်အသေတစ်ကောင်ကိုထမ်းလာတဲ့လူကြီးတစ်ယောက်နဲ့တွေ့ဆုံမိပြီး အဲ့ဒီလူကြီးက သူ့အိမ်မှာနားရင်း စက်ပြင်ဆရာကိုစောင့်ဖို့ ဖိတ်ခေါ်လိုက်တဲ့အချိန်ကစလို့ လျှို့ဝှက်သည်းဖိုပဟေဠိတွေ တစ်ခုပြီးတစ်ခုကြုံလာရပါတော့တယ်။ လူသူမနီး တောကြီးအလယ် အိမ်ကြီးတစ်လုံး၊ ကြမ်းကြုတ်ခက်ထန်ပုံရတဲ့လူကြီးတစ်ယောက်၊ အသက်ချင်းကွာပြီး နားလည်ရခက်တဲ့အကြည့်တွေနဲ့ သူ့ဇနီးတို့နဲ့အတူ ဒန်တို့လင်မယား ဘာတွေဆက်ကြုံရမလဲ... ဆက်လက်ရှုစားလိုက်ကြပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 810MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 54Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

6 2022 114 mins
Reroute
Hansan: Rising Dragon
7

ဒါရိုက်တာ Kim Han-min ဆိုတာကတော့ The Admiral: Roaring Current, War of the Arrows တို့လို နာမည်ကြီး ဇာတ်ကားတွေကို ရိုက်ကူးခဲ့သူပါ။ အခုလည်း ဂျိုဆွန်း ရေတပ် စစ်သူကြီး လီဆွန်းရှင်းအကြောင်း ထပ်မံရိုက်ကူးထားတဲ့ ဇာတ်ကားသစ် ထွက်လာခဲ့ပြန်ပါပြီ။ အားလုံးသိကြတဲ့အတိုင်း စစ်သူကြီး လီဆွန်းရှင်းဟာ ဂျပန် ကျူးကျော်စစ်ကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ပြီး စစ်ပရိယာယ် ကြွယ်ဝတဲ့ နည်းဗျူဟာမှုးအဖြစ်လည်း ကျော်ကြားပါတယ်။ ဒီ Hansan: Rising Dragon ဆိုတဲ့ ရုပ်ရှင်ကတော့ စစ်သူကြီး လီဆွန်းရှင်းရဲ့ သမိုင်းဝင် အောင်ပွဲဆင်နိုင်ခဲ့တဲ့ ဟာဆန်းဒို တိုက်ပွဲ အကြောင်းကို အခြေခံပြီး အသေးစိတ် ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက အာရှကို မင်းမူခဲ့တဲ့ ဂျပန်တွေကို ပင်လယ်ပြင်မှာ ဘယ်လို ဗျူဟာခင်းပြီး အနိုင်ယူခဲ့လဲ? ကိုးရီးယားတွေရဲ့ ဂန္တဝင် လိပ်သင်္ဘောတွေက စစ်ရေးမှာ ဘယ်လို အရေးပါ အရာရောက်သလဲ? စတာတွေ ကြည့်နိုင်မဲ့အပြင် နိုင်ငံရေး စစ်ရေး လှည့်ကွက်တွေ ပြည့်နှက်နေ‌တဲ့ စိတ်ဝင်စားစရာ ကားကောင်းလေး ဖြစ်ပါတယ်။ စစ်သူကြီး လီဆွန်းရှင်း အနေနဲ့ ဝါရင့်မင်းသားကြီး Park Hae Il က ပါဝင် သရုပ်ဆောင်ထားပြီး မင်းသမီးလေး Kim Hyung Gi အပြင် Byun Yo Han , Taec Yeon , Gong Myung တိုနဲ့အတူ ဝါရင့်သရုပ်ဆောင်ကြီးတွေ တွဲဖက် ရိုက်ကူးထားတာမို့ လက်မလွှတ်သင့်တဲ့ ကားလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Win က ရေးပေးထားပါတယ်။) File Size : 8GB, 3GB, 1.2GB & 593MB Quality : 4K WEB-DL HEVC, 1080p WEB-DL, 720p WEB-DL & 480p Format : mkv,mp4 Duration : 2hr & 10mins Genre : Action, Drama, History Subtitle : Myanmar Subtitle(Hardsub) Translated by Win, Estel & Yumeko Encoded by Phyo Pyae & Kinnov

Drama • Music
7 2022 130 mins
Hansan: Rising Dragon
Dead Man’s Shoes
7.6

Dead Man’s Shoes (2004) ================== Crime / Drama/ Thriller Old but Gold ဖြစ်တဲ့ British ကားကောင်းလေးတွေကို ရှာဖွေ ကြည့်ရှုတတ်သူတွေအတွက် အလွန်သင့်တော်တဲ့ ရုပ်ရှင်ကားလေး တစ်ကားကို ညွှန်းပေးရမယ်ဆိုရင် ဒီရုပ်ရှင်ကားလေးဟာ ရှေ့ဆုံးကနေ နေရာယူထားလောက်မှာလည်းဖြစ်ပါတယ်။ ဟိုးအရင်ကကားတွေကို အမူပိုတယ်လို့ ထင်တတ်တဲ့သူတွေတောင် ကြည့်ရအဆင်ပြေမယ့်ကားလေးတစ်ကားလည်းဖြစ်တဲ့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီရုပ်ရှင်ကားလေးဟာ Drama/ Thriller အမျိုးအစားဖြစ်ပြီး Google Users ပေါင်း ၉၁% လောက် ကြိုက်နှစ်သက်ထားတဲ့ ကားကောင်း လေးပဲဖြစ်ပါတယ်။ နာမည်ကျော်ကြားပြီး ကောင်းမွန်လှတဲ့အင်္ဂလန်စီးရီးတွေဖြစ်တဲ့ This is England(2010/2011/2015), The Virtues နဲ့ A Room For Romeo Brass(1999) တို့ကို ရိုက်ကူးခဲ့တဲ့ အင်္ဂလန်ဒါရိုက်တာ Shane Meadows ရဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုသင့်တဲ့ အင်္ဂလန်ကား ကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ကားဟာ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တာနဲ့အညီ ၉၀ ခုနှစ်အငွေ့အသက်တွေ ရနေမှာ အန်တိုနီနဲ့ ရစ်ချက်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဇာတ်အိမ်ကောင်းကောင်းနဲ့ တည်ထားတဲ့ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် မလွတ်တမ်းအားပေးကြည့်ရှုပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size……….(2.63 GB) / (1.05 GB) / (569 MB) Quality…………BluRay 1080p / 720p / 480p Duration………1Hr 30Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Horror Translator…….San Thu Aung Encoder……….SWM

Comedy • Romance
7.6 2004
Dead Man’s Shoes
Mama Susan’s Friends

Mama Susan’s Friends (2023) ဂါလိုဟာ မိဘမဲ့ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ဦးလေးနဲ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်ပြီး ကျောင်းတက်နေပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ဟာ သူ့အပေါ်ကောင်းသလိုရှိပေမဲ့ သူ့သားသမီးအရင်းတွေနဲ့ယှဉ်ရင်တော့ မျက်နှာသာမပေးတာ ခွဲခြားတာမျိုးတွေရှိတတ်တဲ့အတွက် တစ်ခါတလေ စိတ်ညစ်ရတာရှိပေမဲ့ ဂါလိုက ပျော်ပျော်ပဲနေတတ်ပုံရပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ထက် ပိုစိတ်ညစ်ဖို့ကောင်းတာက ညညဆိုရောက်လာတတ်တဲ့ အိမ်မက်ဆိုးတွေပါပဲ။ မျက်နှာမည်းမည်းနဲ့လူတစ်ယောက် သူ့နောက်ကလိုက်နေတတ်တာ။ အဲဒီလိုပဲတစ်ကိုယ်လုံးမည်းနက်နေတဲ့ မိန်းမကြီးတစ်ယောက် သူ့ကို ဂုတ်ကနေကိုင် လေထဲမြှောက်ထားတာတွေကို မြင်မက်တတ်ပြီး အိမ်မက်နဲ့မတူအောင်ပြက်ပြက်ထင်ထင်ဖြစ်နေတတ်တာတွေကထူးခြားပါတယ်။ တစ်နေ့မှာတော့ သူ့ငယ်ဘဝမွေးရပ်မြေ ကျွန်းမြို့ငယ်လေးဆီက သူ့အဖေသေပြီဆိုတဲ့အကြောင်း ကြေးနန်းရောက်လာတဲ့အချိန်မှာ ဂယ်လိုတစ်ယောက် ဇာတိကိုပြန်ရဖို့ ဖြစ်လာပါတော့တယ်။ သူ့ဇာတိ သူမွေးတဲ့ အိမ်မှာ သူ့အဘွားဆူဇန်တစ်ယောက်သာ လက်ရှိနေထိုင်နေပါတယ်။ တစ်အိမ်လုံးမှာရှိနေတာကတော့ ဘာသာရေးရုပ်တုတွေ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပြီး တစ်ချိန်က အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးကိုရောက်တဲ့အချိန်မှာ တစ်ဖြည်းဖြည်းလက်တွေ့ဆန် ကြောက်မက်ဖွယ်ကောင်းလာတာတွေကိုတွေ့ရတဲ့နောက် ဂယ်လိုတစ်ယောက် ပဟေဠိတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ နာမည်ကျော် ဖိလစ်ပိုင်စာရေးဆရာ Bob Ong ရဲ့ဘတ်ဆဲလားတစ်အုပ်ဖြစ်တဲ့ Ang mga Kaibigan ni Mama Susan ကိုအသက်သွင်းထားတာဖြစ်ပြီး ”မာမားဆူဇန်ရဲ့ မိတ်ဆွေများ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီမိတ်ဆွေတွေက ဘယ်သူများလဲ… သူ့အဘွားရဲ့မိတ်ဆွေတွေဟာ သူ့အတွက်ရော မိတ်ဆွေဆန်ပါ့မလား… ကြောက်မက်စရာအိမ်အိုကြီးနဲ့ ရုပ်တုတွေရဲ့နောက်က လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်နေလဲ… စတာတွေကိုဆက်လက်အဖြေရှာကြပါ။ Jump Scare မပါသလောက်နဲ့ ကျောထဲစိမ့်လာမယ့်ပဟေဠိတွေအပြည့်နဲ့ Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 675MB Quality – 1080p, 720p Format – mp4 Duration – 1H 53Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by Y

0 2023 113 mins
Mama Susan’s Friends
Sushi Girl
6

Sushi Girl (2012) ============== ဖစ်ရှ်တစ်ယောက် ထောင်က လွတ်လာတဲ့နေ့မှာပဲ သူ့ရဲ့ ဘော်ဒါဟောင်း ဒုခ် ရဲ့ ဖိတ်ခေါ်ခြင်းကို ခံခဲ့ရတယ်။ လွတ်မြောက်မှုအတွက် ဂုဏ်ပြုဖို့ပေါ့။ ဒါပေမဲ့ ဒုခ် လက်စသတ်ချင်နေတဲ့ ကိစ္စတစ်ခုရှိနေတယ်။ ဖစ်ရှ်ဟာ ဓားပြ တိုက်မှုနဲ့ ထောင်ထဲမှာ ၆နှစ်တာ ကုန်ဆုံးခဲ့တယ်။ အပေါင်းအပါတွေကို တစ်ယောက်မှ မဖော်ထုတ်ဘဲ သူတစ်ယောက်တည်း အပြစ်ခံယူခဲ့တယ်။ ဒီ့အတွက် ဒုခ်က စွန့်ပစ်ခံထားရတဲ့ စားသောက်ဆိုင်တစ်ခုမှာ ဖစ်ရှ်အတွက် ဆူရှီကို ခမ်းခမ်းနားနား ထူးထူးခြားခြား ပြင်ဆင်ပေးထားတယ်၊ ဆူရှီအခင်း အကျင်းမှာတော့ ဝတ်လစ်စလစ်နဲ့ မိန်းကလေးတစ်ယောက်ဟာ တည်ခင်း စရာဗန်းအဖြစ် စားပွဲပေါ် လဲလျောင်းနေပေးရတယ်။ သူ့အလုပ်ဟာ သက်မဲ့ ပန်းကန်ဖြစ်ပေးဖို့ ဘာပဲကြားကြား ဘာပဲမြင်မြင် ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့ မိန်းကလေး။ ဒီလို ထူးခြားတဲ့ ဂုဏ်ပြုညစာစားပွဲလေးဟာ ထင်မှတ်မထား တာတွေ ဖြစ်လာတဲ့အခါ ဒီမိန်းကလေး ဘယ်လိုနေမလဲဆိုတာကိုတော့ ကြည့်ရှုခံစားရင်ခုန်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mugiwara Ya ဖြစ်ပါတယ်) File Size……….(1.46 GB) / (538 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Mystery, Thriller Translator…….Mugiwara Ya Encoder……….SWM

6 2012
Sushi Girl
Empire Queen: The Golden Age of Magic
5

ဒီဇာတ်ကားက Low Budget ဇာတ်ကားတစ်ကားဆိုပေမဲ့ ကြည့်လို့ အရမ်းကောင်းတဲ့ ဇာတ်ကားတစ်ကားပါ။ မှော်ကား ကောင်းကောင်လေး ကြည့်ချင်နေသူအတွက် ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ မှော်ပညာကို အသုံးပြုခွင့်ပိတ်ပင်ခံထားရတဲ့ အင်ပါယာတိုင်းပြည် အကြောင်းကို ရှုခင်းလှလှလေးတွေနဲ့ ရိုက်ကူးတင်ဆက်ထားတာတဲ့ ဖြစ်တဲ့အတွက် မိသားစုနဲ့ ကြည့်တာပဲဖြစ်ဖြစ် .. ဘယ်သူနဲ့ပဲ ကြည့်ကြည့် လုံးဝ အဆင်ပြေပါတယ်။ ဆိုးယုတ်တဲ့ ဘုရင်မ တစ်ယောက်ကို ဖြုတ်ချဖို့အတွက် လူသုံးယောက်က နတ်သိကြားမှော်တုတ်တံကို ရှာကြရင်း ဘယ်လို စွန့်စားခန်းတွေ .. နဂါးတွေ .. ရန်သူတွေနဲ့ ကြုံရမလဲဆိုတာကိုတော့ ဇာတ်ကားကြည့်ရင်း ခံစားကြပါတော့။ File size…3.18GB / 1.63GB Quality…WEB-DL 1080p / 720p Format…mp4 Duration….2h 28m Genre ….. Adventure , Comedy , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Horror
5 2024 148 mins
Empire Queen: The Golden Age of Magic
Kaho Naa…Pyaar Hai Kaho Naa Pyaar Hai
6.9

Kaho Naa…Pyaar Hai (2000) IMDb Rating (6.9) / Rotten Tomatoes (80%) ဒီရုပ်ရှင်ကားကြီးကတော့ မင်းသား Hrithik Roshan ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို မင်းသမီး Ameesha Patel ရဲ့ ပွဲဦးထွက်ရုပ်ရှင်လဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး Rakesh Roshan က သူ့သား Hrithik Roshan ကို စတင်ပွဲထုတ်တဲ့ ဒီရုပ်ရှင်ကားက ဘယ်လောက်တောင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သလိုဆိုရင် ဆုပေါင်း ၉၂ ခုထိ ရရှိခဲ့လို့ ဂရင်းနစ်စံချိန်ထဲတောင် ဝင်ခဲ့ပါတယ်။ Best Actor,Best Male Debut, Best Female Debut, Best Film ,Best Music Director, Best Director အစရှိတဲ့ ဆုပေါင်းများစွာကို အိန္ဒိယမှာကော နိုင်ငံတကာမှာပါရရှိခဲ့ပါတယ်။ Kaho Naa Pyaar Hai(2000) ရဲ့အောင်မြင်မှုကြောင့် မင်းသား Hrithik Roshan ဟာ တခါထဲ ထိပ်တန်းမင်းသားဘဝကိုရောက်ရှိခဲ့ပြီး ကမ္ဘာတဝန်းက ပရိတ်သတ်တွေရဲ့အားပေးမှုကို ရရှိခဲ့ပါတယ်။ မြန်မာမှာလဲ လက်ပွားမင်းသားရယ်လို့ သည်းသည်းလှုပ်အားပေးမှုကိုခံရပြီး သူ့ပရိတ်သတ်တိုင်းက Kaho Naa Pyaar Hai ရုပ်ရှင်လေးကို အရမ်းတန်ဖိုးထားနှစ်ခြိုက်ကြပါတယ်။ ကြိုက်ဆို ဒီရုပ်ရှင်ကားက သီချင်းတွေရော အကအလှတွေရော ဇာတ်လမ်းလေးကရော အကုန်လှပချစ်စရာကောင်းနေပြီး မင်းသားရော မင်းသမီးရော တကယ့်အဖြူထည်လေးတွေလို ချစ်စရာကောင်းနေခဲ့တာပါ။ Kaho Naa…Pyaar Hai ဆိုတာကတော့ “ချစ်တယ်လို့ ပြောပါဦး” ဆိုတဲ့အဓိပ္ပါယ်ပါပဲ.. ချစ်သူလေးဆီကနေ ချစ်တယ်လို့ ပြောခံရတာက ဘယ်တော့မှ ကြားမဝကြတာ သဘာဝပဲမလား….။ ဇာတ်လမ်းလေးကတော့… ရိုးသားကြိုးစားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်နဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ ရိုဟစ်ဟာ ကျိကျိတက်ချမ်းသာပြီး လိုလေသေးမရှိတဲ့ သူဌေးသမီလေး ဆိုနီယားနဲ့ မထင်မှတ်ပဲ ဆုံတွေ့ပြီး ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ အဆင့်အတန်းကွာခြားမှုကြောင့် သူတို့ချစ်ခရီးဟာ မဖြောင့်ဖြူးခဲ့ပါဘူး.. ဒါကြောင့် ရိုဟစ်ဟာ ဆိုနီးယား မိသားစုလက်ခံလာမယ့် အချိန်ကိုစောင့်စားပြီး သူ့ဘဝကိုအောင်မြင်ဖို့ကြိုးစားခဲ့ပါတယ်… ဒါပေမယ့် အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်ခါနီးမှာပဲ ကံကြမ္မာဆိုး တစ်ခုနဲ့ ကြုံတွေ့လိုက်ရတဲ့အခါမှာတော့….။ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးရှိတာမလို့ ရုပ်ရှင်ရုံမှာကြည့်သလို အေးအေးဆေးဆေး လိုက်ပါကြည့်ရှုခံစားသင့်တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။

6.9 2000 172 mins
Kaho Naa…Pyaar Hai Kaho Naa Pyaar Hai
Midnight FM
6.5

Midnight FM (2010) ******************* ၂၀၁၀ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး အားလုံးရဲ့ အချစ်တော် Ma Dong Seok မင်းသားကြီး Yoo Ji Tae နဲ့ The Flu ထဲက မင်းသမီး Park Soo Ae ပါဝင်ထားတဲ့ Midnigt FM ဆိုတဲ့ မှုခင်းဇာတ်ကားလေးအကြောင်း ပြောပြပေးချင်ပါတယ် .. နာမည်ကြီးရေဒီယိုအစီအစဉ်တင်ဆက်သူ ဂိုဆွန်းယောင်း(Soo Ae) က သမီးဖြစ်သူရဲ့ကျန်းမာရေးကြောင့် ရေဒီယိုဒီဂျေအလုပ်ကနေ အနားယူဖို့စီစဉ်ခဲ့ပါတယ်။ အနားမယူခင်နောက်ဆုံးနေ့မှာ အမှတ်တရဖြစ်သွား‌‌အောင် သူ့အစီအစဉ်ရဲ့ ပရိတ်သတ်‌တွေထဲက တစ်‌ယောက်ဖြစ်တဲ့ ဒေါ့ထယ်(Ma Dong Seok)ကို သူမရဲ့အစီအစဉ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ပုံမှန်အတိုင်း အစီအစဉ် တင်ဆက်နေရင်းနဲ့ ရုတ်တရက် သူမဆီ ဖုန်းဝင်လာပြီးတော့ သူမရဲ့ညီမဖြစ်သူနဲ့ ကလေးတွေကို ဖမ်းဆီးထားပြီး သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်လာခဲ့ပါတယ်။ ညီမဖြစ်သူနဲ့ ကလေး‌တွေကို လူသတ်သမားရန်ကနေ ကယ်တင်နိုင်ဖို့ဆိုရင် လူသတ်သမားပေးတဲ့ မေးခွန်းတွေကို မှန်မှန်ကန်ကန်နဲ့ ဖြေဆိုရမှာပဲဖြစ်ပါတယ်။ ဒီ‌‌တော့ ဂိုဆွန်းယောင်းအနေနဲ့ လူသတ်သမားလက်‌ကနေ ညီမနဲ့က‌လေးတွေကို ဘယ်လိုနည်းနဲ့ကယ်တင်မလဲ။ ဆွန်းယောင်းရဲ့ပရိတ်သတ်ဖြစ်တဲ့ ဒေါ့ထယ်ကလည်း ဘယ်လို‌တွေ ကူညီ‌‌ပေးသွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ပါဦးနော် .. (အညွှန်းကို Estel မှ ရေးသားပေးထားပါတယ်) File size…1.38GB / 591MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 46 min. Genre ….. Action, Thriller, Mystery, Psychological Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

6.5 2010 106 mins
Midnight FM
Pet Sematary
6.6

စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ သင်္ချိုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသင်္ချိုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ တစ်ခေါက်ကြည့်ပြီးသားကိုဘာသာပြန်တာတောင် ဘာသာပြန်ရင်းနဲ့ ကြောက်လာတဲ့ အမျိုးအစားမျိုးမို့ ဟော်ရာနှစ်သက်သူတွေ စိတ်ချလက်ချ ကြောက်လို့ရပါတယ်။ File size…(3.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

6.6 1989
Pet Sematary
[18+] School of Youth: The Corruption of Morals
6.1

***************************************************** မို့ဝန်းနဲ့ ဟန်မွန်းတို့က အမှုထမ်းစာ​​မေးပွဲကို အကြိမ်ကြိမ်ကျ​နေတဲ့သူ​တွေပါ ဟန်မွန်းက အမှူထမ်းစာ​မေးပွဲကို စိတ်မ၀င်စားဘဲ မိန်းက​လေး​​တွေရဲ့ကိုယ်လုံးတီးပုံ​တွေကို ဆွဲရတာ သ​ဘောကျ​တဲ့သူပါ .. မို့ဝန်းက​တော့ သင်္ချာဘာသာကို အလွန်စိတ်၀င်စားတဲ့​ကျောင်းသားလေးပေါ့ .. ရူက​တော့ ဂျပန်ဘာသာစကားကို စိတ်၀င်စားပြီး ဘာသာပြန်တစ်​ယောက်ဖြစ်ဖို့ ကြိုးစား​နေတာပါ .. အ​ဖေ​တွေကို မလွန်ဆန်နိုင်တာ​ကြောင့် စိတ်မ၀င်စား​ပေမဲ့လည်း အမှုထမ်းစာ​မေးပွဲကို ဝင်​ဖြေခဲ့ရပါတယ် တစ်​​နေ့သူတို့​ကျောင်းကို ​ကျောင်းသူ ၃​ယောက်​ပြောင်းလာတဲ့အချိန်ကစပြီး အ​ခြေအ​နေ​တွေ​ပြောင်းလဲသွားပါတယ် .. တစ်ည ရူနဲ့ မို့ဝန်းဟာ ပြန်​ပေးဆွဲခံရပြီး အလိုမတူဘဲ မုဒိမ်းကျင့်ခံလိုက်ရပါတယ် အဲဒီလိုနဲ့ သူတို့ကို မုဒိမ်းကျင့်တဲ့သူ​​တွေကို လိုက်ရှာကြပါ​တော့တယ် .. သူတို့ကို အဲဒီလိုလုပ်တာဟာ အသစ်​ပြောင်းလာတဲ့ ​ကျောင်းသူ​လေး​တွေလား ဒါမှ မဟုတ် တခြား ဘယ်သူ​များဖြစ်မလဲဆိုတာကို ဘယ်လိုအချက်နဲ့လိုက်ရှာကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှူကြရမှာပဲဖြစ်ပါတယ် .. File Size : 2.01GB, 787 MB Quality : 1080p,720p Format…mp4 Duration…1 hr. 30 min. Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

6.1 2014
[18+] School of Youth: The Corruption of Morals
Trouble

ဒီဇာတ်လမ်းလေးကတော့ Conny လို့ခေါ်တဲ့ ကလေးတစ်ယောက်အဖေ တစ်ခုလပ် အရောင်းသမားတစ်ယောက်ဟာ တီဗွီဝယ်တဲ့အိမ်ကိုတိဗွီ သွားတပ်ပေးရင် လူသတ်သမားအဖြစ်စွပ်စွဲခံရတာကြောင့် ထောင်ကျသွားပါတယ်။ သူသတ်တာမဟုတ်တဲ့လူသတ်မှုကိုတရားခံစွဲခံရတဲ့အခါ ဘယ်လိုမျိုးပြန်လည်လွတ်မြောက်အောင်လုပ်မလဲ… လူသတ်တရားခံကရော ဘယ်သူလဲ… Conny တစ်ယောက်နောက်ဆုံးမှာအပြစ်မရှိကြောင်းသက်သေပြနိုင်ပါ့မလားဆိုတာကို ပေါ့ပေါ့ပါးပါးလေး ကြည့်လို့ကောင်းမယ့် ဆွီဒင်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ IMDb မှာလည်း 6.1 အထိရရှိထားတာကြောင့် လက်လွတ်မခံဘဲစောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်။ File size…(1.7 GB)/(951 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife

0 2024
Trouble
Haile: A Family Nightmare Haile: Bir Aile Kâbusu
4.6

Haile: A Family Nightmare (2023) 2020နောက်ပိုင်းမှာတော့ 2000 ရှေ့တုန်းကလိုမျိုး အလယ်ခေတ်ဆန်ဆန် ကျိန်စာတိုက်တဲ့ဇာတ်လမ်းတွေကို ရိုက်ကြတာ ရှာလားပါတယ်။ ဒီဇာတ်ကားကတော့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ ကျိန်စာတိုက်တဲ့ ဇာတ်အိမ်မျိုးကိုဖော်ကျူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ကာမယ်ဆိုတဲ့သူဟာ သူချစ်တဲ့သူ သူ့ညီနဲ့လက်ထပ်မှာကို မနာလိုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ရွာကစုန်းမကြီးတစ်ယောက်ဆီမှာ ကျိန်စာတိုက်ခဲ့ပါတယ်။ ကျိန်စာကြောင့် သူ့ဆန္ဒအတိုင်းလိုချင်တဲ့ ကာမဆန္ဒကိုဖြေသိမ့်နိုင်ခဲ့ပေမယ့် ပေးဆပ်ရမယ့်တန်ဖိုးက အရမ်းကြီးပါတယ်။ ဒါကတော့ သူ့ရဲ့မယားနဲ့ ပထမဆုံးရတဲ့သားဦးကို ကျိန်စာတိုက်ခဲ့တဲ့နတ်ဆီကို ပူဇော်ပသရမှာပါ။ ဒီလိုနဲ့ နှမြောတွန့်တိုတဲ့စိတ်နဲ့ သားဦးကို စတေးလိုက်ပေမယ့်လည်း ကျိန်စာရဲ့တန်ပြန်မှုတွေက မရပ်သွားတဲ့ ဆက်ပြီးကြီးလာခဲ့ပါတယ်။ ဒီလိုနဲ့ ကာမယ်တို့ လင်မယားနှစ်ယောက်လုံးရဲ့ မိသားစုတွေမှာရှိတဲ့ ညီအစ်ကိမောင်နှမတွေအားလုံး သောကကို ၂၅ နှစ်ကြာဆက်တိုက်ခံစားခဲ့ရပါတယ်။ တစ်နေ့မှာတော့ လက္ခဏာတူတဲ့ အမျိုးသမီးတစ်ယောက်ဟာ ဒီအကြောင်းကို အိမ်မက်ရသွားပြီး ကာမယ်တို့ရှိရင်ကိုသွားဖို့ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဘာဖြစ်လို့ ကျိန်စာကြီးဟာ မပျက်သွားဘဲ နက်မှောင်ပြီးချောက်ချားဖို့ကောင်းလောက်အောင် ကာမယ်တို့ ရွာတစ်လုံးကျိန်စာသင့်သွားတဲ့အထိဖြစ်သွာစေလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့စောင့်မျှော်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.2 GB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:34:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

4.6 2023
Haile: A Family Nightmare Haile: Bir Aile Kâbusu
A New Kind of Wilderness
7.6

A New Kind of Wilderness (2024) IMDb Rating (7.6) / Rotten Tomatoes (90%) ဒီနော်ဝေးဒိုကူမန်ထရီမှာတော့ မိသားစုတစ်ခုကို ရိုက်ပြထားတယ်။ ထူးထူးခြားခြား ခေတ်သစ်လူနေမှုဘဝကြီးကနေ ကင်းကွာချင်ခဲ့တဲ့ မိသားစုတစ်စုပေါ့။ ဒီစိတ်ကူးကို နော်ဝေးသူ အမေကနေ စခဲ့တယ်။ အင်္ဂလန်သားအဖေနဲ့ နော်ဝေးသူအမေတို့ဟာ နော်ဝေးက ရွာလေးတစ်ရွာမှာ လယ်လေးတစ်လယ်မှာနေပြီး ဓာတ်ပုံဆရာအမေ ဓာတ်ပုံရိုက်လို့ရတဲ့ငွေနဲ့ ကိုယ်တိုင်စိုက်ထားတဲ့ သီးပင်စားပင်တွေနဲ့ မွေးထားတဲ့ တိရိစ္ဆာန်တွေကို အမှီသဟဲပြုပြီး ရှင်သန်ခဲ့ကြတယ်။ မောင်နှမလေးယောက်နဲ့ အဖေနဲ့အမေနဲ့ ခြောက်ယောက်ရှိတဲ့မိသားစုလေးပေါ့။ နောက်ပိုင်း ဒီစိတ်ကူးကို စခဲ့တဲ့ သူတို့အမေသေသွားတဲ့အချိန် သူတို့မိသားစုဟာ ဝင်ငွေမလောက်ငှတော့တာကြောင့် လယ်ကိုရောင်းပြီး မြို့ပေါ်ပြန်ပြောင်းရင်း ကြုံလာရတာတွေကို ပြထားတယ်။ ဒါတွေကအပေါ်ယံကြောတွေလို့ပဲ ပြောရပါမယ်။ သေသွားတဲ့လူတွေ ရှင်နေသေးတဲ့လူတွေ ကွဲကွာသွားသူတွေ ဘယ်လိုအခြေအနေတွေမှာပဲဖြစ်ဖြစ် မိသားစုဟာ ဘယ်လိုအသက်ဝင်နေလဲ ပြထားတဲ့ ရုပ်ရှင်လို့ အကျဉ်းဖျဉ်းပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2 GB) / (820 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Documentary Duration….01:24:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy • Adventure • Science Fiction • Horror
7.6 2024 84 mins
A New Kind of Wilderness