YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mongrels (2024) WEB-DL 720p (CM).mp4

1.03 GB N/A video/mp4 95 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Flash Over
6

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။ တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။ အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

Comedy • Romance
6 2023 114 mins
Flash Over
Assembly
6.9

ဒီဇာတ်ကားလေးဟာဆိုရင် ၁၉၄၈ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တရုတ်ပြည်တွင်းတိုက်ပွဲ [ဟွိုင်ဟိုင်စစ်ပွဲ]ကို အခြေခံပြီး ရိုက်ကူးထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)နဲ့ အမျိုးသားတော်လှန်ရေးတပ်မတော်(NRA)တို့ အပြန်အလှည်အကြိတ်အနယ်တိုက်ခိုက်ကြစဥ်အချိန်ကာလတစ်ခု...။ တစ်ချိန်ထဲမှာပဲ တပ်ရင်းမှူးကူဇီတိနဲ့ သူ့လက်အောက်မှာရှိတဲ့ တပ်သား ၄၆ ယောက်ဟာ ရှေ့တန်းကိုခုခံကာကွယ်တိုက်ခိုက်ဖို့အတွက် ဝမ့်မြစ်ကမ်းနံဘေးကို တာဝန်ပေးစေလွှတ်ခြင်းခံလာရပါတော့တယ်။ "တပ်သားတွေ တပ်ဆုတ်ဖို့အတွက် တပ်ပြန်လည်စုဝေးဖို့အချက်ပေး ခရာသံမမှုတ်သရွေ့ တိုက်ပွဲမှာ တစ်ဦးတစ်ယောက်ထဲကျန်ရစ်ခဲ့ရင်တောင်မှ ရှေ့ဆက်ပြီးတော့တိုက်ရမယ်" -လျိုဇယ်ရွှိန်- စစ်သားဆိုသည့်အတိုင်း တစ်သွေး တစ်သံ တစ်မိန့် နာခံကြရသည်မဟုတ်ပါလော? တပ်ဆုတ်ဆိုသည့် အမိန့်ရမှ တပ်ကိုဆုတ်ကြရသလို/တပ်မဆုတ်ပဲ အသေခံကာရှေ့တန်းကနေ ပိတ်ဆို့ကာကွယ်ဆိုတဲ့ အမိန့်ရလျှင်လည်း အသက်ကိုပင် ပဒါနမထားတိုက်ခိုက်ကြရပါတယ်။ ကဲ...ဒါဆိုရင် ❏တပ်ရင်းမှူးကူဇီတိနဲ့ သူ့လက်အောက်ကရဲဘော်တွေ အချက်ပေးခရာသံကိုကြားပြီး အန္တရာယ်ကင်းကင်းနဲ့ ပြန်လာနိုင်ပါ့မလား ❏တပ်ပြန်ဆုတ်ဖို့အတွက် အချက်ပေးခရာကရောမှုတ်ပါ့မလား? ဒါဆိုရင်ရော သူတို့တပ်ရင်းရန်သူတွေကိုဘယ်လိုရင်ဆိုင်ကြမလဲ? ဘာတွေဘယ်လို ဖြစ်သွားကြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရအောင်လားရှင် ဒီဇာတ်ကားလေးက ၂၀၀၇ ခုနှစ်ကထွက်ရှိတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး Rating8.0 အထိရရှိခဲ့တဲ့ ဇာတ်ကားလဲဖြစ်ပါတယ်။ဒါ့အပြင် 2008 Hundred Flowers Awards နဲ့ 2009 Golden Rooster Awards ဆုပေးပွဲတွေမှာ အကောင်းဆုံးရုပ်ရှင်ဆုတွေကို ရရှိခဲ့တဲ့ကားဖြစ်လို့ လုံးဝလက်မလွှတ်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်နော်။ ။ File Size : 3.82 GB  ,  1.66 GB Quality : Blu-Ray 1080P 5.1 CH , 720 P Format…mp4 Duration…02:4:00 Genre :  Action, Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Chit Mya Mya Hmwe Encoded by Min Wai

Action • Comedy • Thriller
6.9 2007 123 mins
Assembly
The House That Never Dies II
3.7

သရဲကားကြိုက်သူများအတွက် Horror /Thriller ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ၁ ထွက်ရှိခဲ့ပြီး ၂၀၁၇ မှာတော့ ၂ ထွက်ရှိလာတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်နံပါတ် ၈၁ မှာပဲစတာဖြစ်ပါတယ်။ အဲ့ဒီအိမ်ကြီးက ကိုလိုနီခေတ်က ဂုဏ်သတင်းကြီးတဲ့ ဗိုလ်မှူးတစ်​ယောက်ရဲ့အိမ်တော်ကြီးဖြစ်ခဲ့တာပေါ့။ အခုအချိန်မှာတော့ အပျက်အစီးတွေနဲ့ ပုံစံကိုကခြောက်ခြားစရာကောင်းလှတဲ့ သရဲအိမ်ကြီးဖြစ်လို့နေပါပြီ။ အိမ်ကြီးကိုပြုပြင်ဖို့အတွက်အင်ဂျင်နီယာအဖွဲ့တစ်ဖွဲ့ဟာ ခြံဝန်းကိုရှင်းလင်းရင်းနဲ့အရိုးစုတစ်စုထွက်လာတာကနေစပါတယ်။ အိ မ်ကြီးရဲ့ရာဇဝင်ကိုသိထားကြတဲ့အလုပ်သမားတွေက အလုပ်ထွက်သွားကြတဲ့အခါ၊ ခေါင်းဆောင်တစ်ယောက်ပဲကျန်ရစ်ခဲ့ပါတော့တယ်။ ခေါင်းဆောင်ဟာအိမ်ကြီးမှာနေပြီး လုပ်ငန်းဆက်လုပ်ဖို့ပြင်တဲ့အခါ... အဲ့ဒီနောက်ပိုင်းကျောချမ်းစရာအဖြစ်အပျက်တွေဆက်တိုက်ဖြစ်လာရင်း... အိမ်ကြီးမှာကပ်တွယ်နေတဲ့ မကျွတ်မလွတ်တဲ့သရဲက ဘယ်လိုတွေခြောက်ခြားဖွယ်အရိပ်အယောင်တွေပြပြီး၊ ဘယ်လိုတွေခြောက်လှန့်မလဲဆိုတာတော့ ဇာတ်ကားကြည့်ရင်းကိုယ်တိုင်သာကြောက်လိုက်ကြပါတော့။ Quality : WEB-DL 1080p , 480p Format: mp4 Genres : Drama , Horror , Mystery Runtime : 1h 37min Subtitle : Myanmar Subtitle ( hardsub ) Translated by Ann Chi , Nu Mon , Yin Wai Phyo Encoded By LK

Action • Adventure • Horror • Science Fiction • Thriller
3.7 2017 97 mins
The House That Never Dies II
Low Life (2022) (18+)
5.4

ဒီတစ်ခါတော့ ဆိုရှယ်မီဒီယာနဲ့ပတ်သက်တဲ့ ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် ဘန်နီဆိုတဲ့ တစ်ယောက်ဟာ အသက်၁၃နှစ်အရွယ် ကောင်မလေးလိုမျိုး အွန်လိုင်းမှာဟန်ဆောင်စကားလိုက်ပြောပြီး သူ့ဆီကနေ ညစ်ညမ်းပုံတွေတောင်းတဲ့သူတွေကို ချိန်းဆိုဗီဒီယိုရိုက်ပြီးတော့ YOUTUBE က ချန်နယ်မှာတင်နေတဲ့သူတစ်ယောက်ပါ သူ့ရဲ့ လုပ်ရပ်က တရားမဝင်လို့ ရဲမှူးကိုယ်တိုင်ကိုက သတိပေးစာထုတ်ထားရတဲ့တစ်ယောက်ပေါ့ တစ်နေ့မှာတော့ သူ့ရဲ့ အမာခံ ပရိသတ်ကောင်မလေးတစ်ယောက်က သူ့အချစ်ဆုံး သူငယ်ချင်းရဲ့ အဖေကို ကလေးသူငယ်လိင်အကြမ်းဖက်တဲ့သူအဖြစ် ကောင်လေးကိုသတင်းပေးလိုက်ပြီး အဲဒီသူကိုဖော်ထုတ်ဖို့အတွက်ကြိုးစားကြတော့တာပေါ့ အဲဒီမှာပဲ မထင်မှတ်ထားတဲ့အဖြစ်အပျက်တွေက တစ်ခုပြီးတစ်ခုဖြစ်လာခဲ့တော့တာပါပဲ ဥပဒေရဲ့အထက်မှာရှိနေတဲ့ပုံစံမျိုးအချိုးချိုး နေတဲ့အဲဒီကောင်လေးကဘာတွေဖြစ်သွားမလဲ သူလုပ်တာကိုကြိုက်တဲ့သူတွေရှိသလို မကြိုက်တဲ့သူတွေရောရှိနေမှာလား ကောင်မလေးသူငယ်ချင်းရဲ့ အဖေကရော တကယ်ပဲ လိင်အကြမ်းဖက်တဲ့သူတစ်ယောက်လား အဲဒီသူကိုဖော်ထုတ်ရင်းဘာတွေဆက်ဖြစ်မှာလဲဆိုတာကတော့ ရင်တထိတ်ထိတ်နဲ့ကြည့်လို့ကောင်းတဲ့ကားကောင်းလေးတစ်ကားပါပဲ….. မှတ်ချက် ညစ်ညမ်းတဲ့စကားလုံးတွေပါလို့ မိသားစုနဲ့အတူကြည့်ဖို့မသင့်တော်ပါဘူး File size…(2.92GB)/(1012MB)/(605MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:45:00 Genre…Thriller / Crime / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Action • Adventure • Science Fiction
5.4 1900
Low Life (2022) (18+)
Lost in the Sun
6

“ငါထောင်ထဲမှာတုန်းက လူတိုင်းက သူတို့လုပ်ခဲ့တဲ့အမှားတွေအတွက် အခြားသူတွေကို အပြစ်တင်ကြတယ်” “ဒါပေမဲ့ ငါ့အမှားတွေက ငါကိုယ်တိုင်လုပ်ခဲ့တဲ့အရာတွေပဲ၊ ဘယ်သူ့အမှားမှမဟုတ်ဘူး” “ပြဿနာက အဲဒီအမှားတွေက ငါပြောင်းလဲလို့မရတော့တဲ့အရာတွေပဲ” ဂျွန်ဆိုတဲ့လူဟာ အိမ်ပိုင်မရှိ၊ အကြွေးတစ်ပုံကြီးနဲ့ ကားပေါ်မှာပဲဖြစ်သလိုနေပြီး ဘဝကို ဖြစ်သလိုရှင်သန်နေတဲ့ သတ်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ပါ။ လျှို့ဝှက်ချက်တွေအများကြီးနဲ့ ဘယ်သူ့ကိုမှမယုံကြည်တတ်တဲ့ တစ်ဇွတ်ထိုးသမား ဂျွန်ဟာ တစ်ရက်မှာ လူးဝစ်ဆိုတဲ့ကောင်လေးကို Farmington, New Mexico မှာရှိတဲ့ သူ့အဖိုးအဖွားအိမ်ကို လိုက်ပို့ပေးမယ်လို့ သူကိုယ်တိုင်လိုလိုလားလားဆုံးဖြတ်ခဲ့ပါတယ်။ လူးဝစ်ကတော့ လောလောလတ်လတ် အမေကိုဆုံးရှုံးထားရတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး မိဘမဲ့ဖြစ်သွားလို့ အဖိုးအဖွားအိမ်ကို တစ်ယောက်တည်းသွားမလို့လုပ်နေတုန်းမှာ ဂျွန်ဆိုတဲ့ လူကြီးတစ်ယောက်က လိုက်ပို့ပေးမယ်လို့ပြောလာတာကြောင့် ဂျွန်နဲ့အတူလိုက်လာတာဖြစ်ပါတယ်။ လူးဝစ်က တစ်ယောက်တည်းခရီးမထွက်ချင်တာကြောင့်သာ လိုက်လာတာပေမဲ့ လမ်းမှာ ဂျွန်ဟာ သူ့အမေချန်ခဲ့တဲ့ပိုက်ဆံတွေကိုယူပြီး ဂျွန်ရဲ့အကြွေးတွေကိုဆပ်လိုက်ပါတယ်။ ပိုက်ဆံတစ်ပြားမှမကျန်တော့တဲ့ သူတို့နှစ်ယောက်က ပိုက်ဆံလိုရင် လမ်းတစ်လျှောက်က ဓါတ်ဆီဆိုင်တွေကို ဓါးပြဝင်တိုက်ပြီး ပိုက်ဆံလုကြပါတယ်။ လူးဝစ်ကတော့ ဘာမှမတတ်နိုင်တဲ့ ဂျွန်လုပ်သမျှကိုပဲ ကူညီပေးနေရတာပါ။ လူးဝစ်အတွက် ဂျွန်ဟာ တကယ်ကိုဆိုးတဲ့လူတစ်ယောက်ပေမဲ့ တဖြည်းဖြည်း ရင်းနှီးလာရင်းနဲ့ ဂျွန်ရဲ့အထီးကျန်နေတဲ့ဘဝကို လူးဝစ်မြင်လာရတဲ့အခါ ဂျွန်အပေါ် နွေးထွေးပေးရင်းနဲ့ သူတို့နှစ်ယောက်ဟာ အရမ်းရင်းနှီးသွားကြပါတော့တယ်။ လမ်းတစ်လျှောက် ဓါးပြတိုက်လိုက်၊ ကားခိုးလိုက်လုပ်နေတဲ့ ဂျွန်ဟာ လူးဝစ်ကို အန္တရာယ်ကင်းကင်းပို့ဆောင်ပေးနိုင်ပါ့မလား။ သူတို့နှစ်ယောက်ကရော တကယ်သူစိမ်းတွေပဲလား။ ဂျွန်လိုလူမျိုးက ရုတ်တရက် လူးဝစ်ကို အိမ်လိုက်ပို့ပေးချင်တာက ဘာကြောင့်ဖြစ်မလဲ။ ဂျွန်ဆိုတဲ့လူကြီးက လူးဝစ်ဆိုတဲ့ကလေးကို အိမ်လိုက်ပို့ပေးတဲ့ ခရီးတစ်ခုကို ကြည့်ရှူရင်းနဲ့ ဂရုစိုက်မှုတွေ၊ သနားကြင်နာမှုတွေကို ခံစားရပြီး သင့်နှလုံးသားကို နွေးထွေးအောင်လုပ်ပေးနိုင်တဲ့ ဇာတ်ကားလေးတစ်ကားပါပဲ။ File size…1.34GB / 510MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 35m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

TV Movie • Thriller • Crime • Drama
6 2015 95 mins
Lost in the Sun
Cult Killer

Cult Killer (2024) မင်းသားကြီး Antonio Banderas ပါဝင်သရုပ်ဆောင်ထားတဲ့ စုံထောက်ဇာတ်ကားလေးပါ။ မင်းသမီးချော Alice Eve က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ထားပါတယ်။ ဇာတ်လမ်းက ခပ်အေးအေးပါပဲ။ စုံထောက်ကားအစစ်ပီသတာပေါ့ဗျာ။ လူချမ်းသာတစ်ယောက် သတ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူဌေးတွေက အဲဒီအမှုကို ဆက်မလိုက်စေချင်ကြဘူး။ ဒါပေမဲ့ စုံထောက်တစ်ယောက်ကတော့ အဲဒီအမှုကို အလေးအနက်ထားပြီး လိုက်ဖို့လုပ်တယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ကို ငွေနဲ့ပေါက်ထုတ်လိုက်ပြီး သူ့ရဲ့အထက်လူကြီးတွေကို အမှုပိတ်ဖို့ ဖိအားပေးခိုင်းနေပေမဲ့ စုံထောက်က သူ့အသိ အလွတ်စုံထောက်တစ်ယောက်နဲ့ ပူးပေါင်းပြီး အမှုကိုဖော်ဖို့လုပ်တယ်။ အမှုကို ကိုင်ဖို့ ဆုံးဖြတ်ပြီး စစုံစမ်းတော့မယ့် အချိန်မှာပဲ အလွတ်စုံထောက်က အသတ်ခံလိုက်ရပါတယ်။ အလွတ်စုံထောက်ရဲ့ တပည့်မလေးက သူ့ဆရာကို သတ်သွားတဲ့ လူသတ်သမားကိုရှာရှင်း သူတို့လိုက်နေတဲ့ အမှုက အများကြီး ပိုရှုပ်ထွေးတဲ့အပိုင်းတွေ ပါလာတာကိုသိလိုက်ရပါတော့တယ်။ စိတ်ဒဏ်ရာတွေရခဲ့ပေမဲ့ ဆရာကောင်းနဲ့တွေ့ပြီး စုံထောက်ဖြစ်လာတဲ့ စုံထောက်မလေးနဲ့ မကောင်းဆိုးရွားတွေနဲ့တွေ့ခဲ့ပြီး လက်စားချေဖို့လုပ်ရင်း မကောင်းဆိုးရွားဖြစ်လာတဲ့ ကောင်မလေးတစ်ယောက် သူတို့တွေ ဘယ်လိုထိပ်တိုက်ရင်ဆိုင်တွေ့ကြတာကို ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 525MB Quality – 1080p, 720p Format – mp4 Duration – 1H 45Min Genre – Adventure, Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Romance • Comedy
0 2024 105 mins
Cult Killer
Tell Me a Creepy Story

ဒီရုပ်ရှင်က တစ်ကားထဲမှာ ဇာတ်လမ်းလေးပုဒ်ပါပါတယ်။ ဒါကြောင့် တစ်နာရီခွဲအတွင်းမှာ မတူညီတဲ့ ဟော်ရာအပိုင်းတို လေးခုကို ကြည့်ရှုခံစားရမှာပါ။ ပထမဆုံးအပုဒ်က‌တော့ အစားကြူတဲ့ “ဂျိုး”အကြောင်းပါ။ ဂျိုးက မွေးစကတည်းက မိခင်နို့ကို မရပ်မနားစို့တဲ့အပြင် အချိတ်တန်အရွယ်ရောက်လာတော့လည်း အစားနဲ့ပါးစပ်မပြတ်အောင် ဖုတ်၀င်နေသလိုစားတဲ့နောက်… ဂျိုးကဘယ်သူလဲ ဂျိုးတစ်ယောက်ဘယ်လိုအဆုံးသတ်သွားမလဲ… ဒုတိယတစ်ခုကတော့ လူသတ် မြေမြှုပ် အလောင်းဖျောက်လိုက်လို့ အဖြစ်ဆိုးနဲ့ကြုံခဲ့ရတဲ့ လယ်သမားတစ်ယောက်အကြောင်း… တတိယဇာတ်လမ်းကတော့ ညဖက်ကြီး မိန်းမငယ်တစ်ဦး အိမ်မှာတစ်ယောက်တည်းရှိနေတုန်း ရေပိုက်ပြင်ဖို့ ကုမ္ပဏီကိုဖုန်းဆက်ခေါ်ရာကနေ ခေါ်ထားတဲ့လူထက်ပိုပြီး မမျှော်လင့်ထားတဲ့ ပိုက်ပြင်သမားကပါ ရောက်ချလာခဲ့တဲ့အခါမှာတော့… နောက်ဆုံးဇာတ်လမ်းကတော့ နယ်လှည့်အလှူပတ်ခံနေတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး ကံမကောင်းအကြောင်းမလှဘဲ သားသတ်သမားလင်မယားနှစ်ယောက်ရဲ့အိမ်မှာ အလှူ၀င်ခံရင်း ညစာစားဖို့ဆုံးဖြတ်လိုက်မိတဲ့နောက်… မတူညီတဲ့ ဇာတ်လမ်းလေးခုကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အခန်းမီးပိတ်ပြီး ကြည့်လိုက်ကြပါဦး။ အော်ဂလီဆန်စရာရိုက်ချက်တွေ ပါ၀င်တာကြောင့် အစာစားနေရင် မကြည့်ဖို့ သတိပေးလိုက်ပါရစေ။ File size…(1 GB)/(483 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Tell Me a Creepy Story
A Summer at Grandpa’s
7.6

A Summer at Grandpa’s ( 1984 ) Directed by Hou Hsiao-Hsien ထိုင်ဝမ်ပထမနယူးဝေ့ရဲ့ အထင်ရှားဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်သလို ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရတွေထဲက တစ်ယောက်ဖြစ်တဲ့ Hou Hsiao-hsienဟာ ဟောင်ကောင်နယူးဝေ့ စကတည်းက နောက်ဆုံး ဖီးချားဖလင် ၁၈ကားရိုက်ခဲ့ပြီး A Summer at Grandpa’s (1984)ကတော့ ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးပိုင်းကားတွေထဲက တစ်ကားပါပဲ။ ထိုင်ဝမ်နယူးဝေ့ မစခင်မှာ ထိုင်ဝမ်မှာ ကင်းဟူရဲ့ သိုင်းကားတွေလို သိုင်းကားတွေ, မယ်လိုဒရာမာတွေ ခေတ်စားခဲ့ပေမဲ့ ထိုင်ဝမ်နယူးဝေ့မှာတော့ ထိုင်ဝမ်ရုပ်ရှင်ဟာ ထိုင်ဝမ်နေဘဝတွေကို လက်တွေ့ကျကျပုံဖော်ထားတဲ့ ရုပ်ရှင်တွေ အရိုက်များလာခဲ့တယ်။ A Brighter Summer Day တို့ Taipei Storyတို့ A City of Sadness တို့ In Our Timeတို့ Growing Upတို့ဟာာ ဒီနယူးဝေ့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်ခဲ့ကြတယ်။ Hou Hsiao-hsienဟာ ထိုင်ဝမ်နယူးဝေ့မစခင်မှာ ဟာသကားသုံးကား ရိုက်ခဲ့ဖူးပြီး အတ်ဒဝတ်ယန်းတို့က In Our Time နဲ့ ထိုင်ဝမ်နယူးဝေ့ကို စဖောက်ပြီးတဲ့နောက်မှာ The Boys from Fengkuei (1983)ကို စရိုက်ခဲ့တယ်။ he Boys from Fengkuei က သူ့ရဲ့ပထမဆုံး Art House ရုပ်ရှင်ဖြစ်ခဲ့သလို ထိုင်ဝမ်နယူးဝေ့ရဲ့ ကနဦးအကျဆုံးကားလည်း ဟုတ်ခဲ့တယ်။ ဒီနောက်မှာတော့ သူက A Summer at Grandpa’s (1984)နဲ့ A Time to Live, A Time to Die (1985)ကို ဆက်ရိုက်ခဲ့တယ်။ ဒီနှစ်ကားအပြီး တစ်ကားထပ်ရိုက်ပြီးမှ Daughter of the Nile (1987)ကို ဆက်ရိုက်ခဲ့တယ်။ ဒီသုံးကားကို ဟောင်ရဲ့ The “Coming of Age” Trilogyလို့ ခေါ်ကြတယ်။ A Summer at Grandpa’s ( 1984 )ကတော့ “Coming of Age” Trilogyရဲ့ ပထမကားပါပဲ။ ထိုင်ဝမ်နယူးဝေ့မှာ ထိုင်ဝမ်ဒါရိုက်တာတွေဟာ ထိုင်ဝမ်နေပြည်သူတွေရဲ့ ဘဝကို ထဲထဲဝင်ဝင် စာစာနာနာနဲ့ လက်တွေ့အကျဆုံး ပုံဖော်လာကြသလို Houရဲ့ A Summer at Grandpa’s ( 1984 ) ဟာ သူ့ရဲ့ ပထမဆုံးထိုင်ဝမ်နယူးဝေ့ရုပ်ရှင်ဖြစ်တာနဲ့အညီပဲ အဲဒီကာလရဲ့ ထိုင်ဝမ်နေ ဘဝတွေကို လက်တွေ့ကျကျပုံဖော်ပြထားတယ်။ ဇာတ်ကတော့ ကောင်လေးရယ် သူ့ညီမလေးရယ် နွေရာသီကျောင်းပိတ်ရက်မှာ အဘိုးအိမ်မှာ သွားနေရတဲ့ အချိန်ကာလတွေကို ရိုက်ပြထားတယ်။ အမေနေမကောင်းလို့ မလွှဲရှောင်သာ ရွာမှာ သွားနေနေရတဲ့ ထိုင်ဝမ်မြို့ကြီးက ကလေးတွေစိတ်ထဲ ရွာက သက်ရှိသက်မဲ့ ဒြပ်ရှိဒြပ်မဲ့အရာတွေ တွယ်ငြိလာပုံကိုပြထားတယ်။ နောက် ကလေးရဲ့ ဦးလေးကနေတစ်ဆင့် အဲဒီခေတ် ထိုင်ဝမ်လူငယ်တွေနဲ့ လူကြီးတွေကြားက ပဋိပက္ခတွေ လူကြီးတွေရဲ့ အမြင်တွေ လူငယ်တွေရဲ့ဖြတ်သန်းမှုတွေကိုလည်း ဆင့်ကဲပြထားသေးတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းရဲ့အများစုကို ကျွန်တော်တို့က ကလေးတစ်ယောက်ရဲ့ နေရာကနေပဲ မြင်ရလိမ့်မယ်။ သူ့အဘိုးက သူ့ဦးလေးကို ပြောတဲ့ တစ်ချို့အရာတွေ, သူ့အဘိုးရဲ့ တစ်ချို့လုပ်ရပ်တွေကို သူနားမလည်ပုံတွေကိုလည်း မြင်ရလိမ့်မယ်။ ပြောရရင် A Summer at Grandpa’sဟာ ကလေးတစ်ယောက်ရဲ့ မျက်လုံးထဲကနေ ထိုင်ဝမ်ဘဝတွေကို မြင်ရအောင် တင်ဆက်သွားတဲ့ ရုပ်ရှင်ပါပဲ။ Flowers of Taipei Taiwan New Cinema ဒိုကူမန်ထရီထဲ ဟောင်က ” နယူးစီနီမာဆိုတာ ဘာများလဲ။ ဘာအသစ်မှမရှိတော့တဲ့အထိ ဟိုးကတည်းက ပုံစံမျိုးစုံနဲ့ ရိုက်ခဲ့ကြဖူးပြီးသားပဲ။ အရေးအကြီးဆုံးက အကြောင်းအရာပဲ။ ကိုယ့်မျက်မှောင်ခေတ်က အကြောင်းအရာတွေပေါ့”လို့ ပြောဖူးတယ်။ ဟောင်ဟာ ထိုင်ဝမ်နယူးဝေ့ရဲ့ ဦးဆောင်သူတွေထဲ ပါခဲ့ပေမဲ့လည်း ဘာအသစ်မှမရှိဘူးလို့ ခံယူထားခဲ့ပုံပါပဲ။ ဟောင် သူ့မျက်မှောက်ခေတ်ကိုပဲ သူတင်ပြခဲ့ပုံပါပဲ။ A Summer at Grandpa’sဟာ ဟောင်အနေနဲ့ သူ့မျက်မှောက်ခေတ်ကို သူပထမဦးဆုံး စတင်ပြဖြစ်ခဲ့တဲ့ ရုပ်ရှင်လို့ ပြောလည်း မမှားပါဘူး။ File size… 2.4 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by W

7.6 1984
A Summer at Grandpa’s
Pagalariyaan
7.4

Pagalariyann 2024 မှောင်ရိပ်အလွန် IMDb-8.4/10 ငယ်နုစဉ်အချိန်မှာ အချစ်ကိုယုံမှတ်လို့ ပုံအပ်မိတဲ့အခါ၊ တဒင်္ဂဆုံးဖြတ်ချက်အမှားအတွက် တန်ကြေးကြီးကြီး ပေးဆပ်ရတဲ့ မိန်းကလေးတွေ ကျွန်တော်တို့ပတ်ဝန်းကျင်မှာလည်း အတော်ကိုများပါတယ်။ အခုဒီဇာတ်ကားလေးကလည်း အချစ်ကိုအနှစ် ချစ်သူကို ဘဝရဲ့အလင်းရှင်လို့သတ်မှတ်မိတဲ့ မိန်းကလေးရဲ့အကြောင်းပေါ့။ အဖေရော သူငယ်ချင်းတွေက တားနေတဲ့ကြားကနေ အချစ်ကိုရှေ့တန်းတင်ပြီးတော့ ချစ်သူဝုဖ်ခေါ်ဆောင်ရာကို မိုင်သီလီတစ်ယောက် ကောက်ကောက်ပါအောင် ခိုးရာလိုက်သွားတာပေါ့။ တစ်ဖက်က အစ်ကိုဖြစ်သူ လူမိုက်ဂိုဏ်းခေါင်းဆောင်ကလည်း ဒီညီမလေးတစ်ယောက်ရှိတာဆိုတော့ အသည်းအသန် သူ့လူတွေကိုလွှတ်ရင်းနဲ့လိုက်ရှာ၊ အဖေကလည်း ဒီသမီးလေးကိုစိုးရိမ်စိတ်နဲ့ဗျာများနေရတဲ့အချိန်… တစ်ဖက်ကလည်း အခွင့်ကြုံတာနဲ့ တွယ်ချင်တဲ့ ပြိုင်ဘက်ဂိုဏ်းတွေက ငယ်သား‌တွေ မရှိနေတဲ့ ဆိုင်းလန့်ဆီကို လုပ်ကြံရေးသမားတွေလွှတ်လိုက်တာပေါ့။ ဒါပေမဲ့ မိုင်သီလီတစ်ယောက် ဘဝရဲ့အလင်းရှင်ရယ်လို့ သတ်မှတ်ထားတဲ့ဝုဖ်က တကယ်တော့ နာမည်နဲ့လိုက်အောင် မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးဖြစ်နေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ။ မထင်မှတ်ထားတဲ့ ဘယ်လိုplot twistတွေပါဦးမလဲဆိုတာ ရှုစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲ ဖြစ်ပါတယ်)

7.4 2024
Pagalariyaan
Two Guys
6.7

Two Guys (2004) ************************* IMDb… 7.2 My Sassy Girl ထဲမှ Cha Tae Hyun ၊ Bad Guys: City of Evil ထဲမှ Park Joong Hoon တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ ရယ်လည်း ရယ်ရ အက်ရှင်ကားဆန်ဆန်လေးလည်း ကြည့်ရှုရမဲ့ comedy action ဖြစ်တဲ့ Two Guys ရုပ်ရှင်ကို CM ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ဇာတ်လမ်းအညွှန်း- ဂင်ဟွန်း ( Cha TaeHyun) ဟာ အကြွေးတွေထူပြီး အကြွေးရှင်တွေဆီကနေ ပုန်းရှောင်နေရတဲ့ နာမည်ကြီး အကြွေးထူတဲ့ ကောင်လေးတစ်ယောက်ပေါ့။ ငွေတိုးချေးစားသူတစ်ယောက်ဟာ ဂင်ဟွန်းဆီက အကြွေးကို ပြန်တောင်းပေးဖို့ ဘတ်ဂျွန်ထယ် (Park Joong Hoon) ကို ငှါးရမ်းခဲ့ပါတော့တယ်။ ဒီလိုနဲ့ပဲ ဘတ်ဂျွန်ထယ်နဲ့ ဂင်ဟွန်းတို့နှစ်ယောက်သားတွေ့ဆုံမိပြီး တစ်နေ့မှာ ထူးဆန်းတဲ့အိတ်တစ်လုံးကြောင့် လူသတ်မှုတစ်ခုကို မျက်မြင်ကြုံတွေ့လိုက်ရတဲ့အပြင် ထိုအိတ်ကိုလည်း လိုချင်နေတဲ့ အဖွဲ့တစ်ခုနှင့်လည်း ရင်ဆိုင်ရတဲ့အခါမှာတော့… ဂင်ဟွန်းနဲ့ ဘတ်ဂျွန်ထယ်တို့ နှစ်ယောက် ဘယ်လိုတွေ ဒုက္ခများကြမလဲ.. ပွက်လောရိုက်ကြမလဲ.. အိတ်ကို လိုချင်နေတဲ့အဖွဲ့ရဲ့လက်ထဲကနေရော ဘယ်လို လွတ်အောင် ထွက်ပြေးကြမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Theint မှ ရေးသားပေးထားပါတယ်။) File size… 3.01GB/ 990MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 51m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Theint

Crime • Horror • Thriller
6.7 2004 116 mins
Two Guys
Black Eagle

1988 ရဲ့ အက်ရှင်ကားတစ်ကားဖြစ်တဲ့ Black Eagle ဇာတ်ကားမှာတော့ မင်းသားကြီး Sho Kosugi နဲ့ Jean-Claude Van Damme တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဗန်ဒိန်းလို့ ပရိသတ်ကြားမှာ လူကြိုက်များရေပန်းစားခဲ့တဲ့ မင်းသားကြီးကို ထူးထူးဆန်းဆန်း ဗီလိန်ဇာတ်ရုပ်ကနေ သရုပ်ဆောင်ထားတာ တွေ့ရပြီး Kane Kosugi လည်း ကလေးသရုပ်ဆောင်အနေနဲ့ ပါဝင်ထားတာကို တွေ့ရပါတယ်။ Kane Kosugi ကလည်း အဖေ့ခြေရာနင်းပြီး နောက်ပိုင်းမှာ ကိုယ်ခံပညာအသားပေး ဇာတ်လမ်းတွေနဲ့ အောင်မြင်တဲ့မင်းသားတစ်လက်ဖြစ်လာခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ မော်တာ ဆိုတဲ့ကျွန်းနိုင်ငံလေးအနီးမှာ ပျက်ကျသွားခဲ့တဲ့ F1-11 လေယာဉ်ပေါ်က ဒုံးကျည်လေဆာပဲ့ထိန်းစနစ်နည်းပညာကို ရုရှားတို့လက်ထဲကို မရောက်စေဖို့ အမေရိကန်အစိုးရအနေနဲ့ လင်းယုန်နက်လို့ အမည်ဝှက်ပေးထားတဲ့ (ကန်တာနီ)ကို ဆယ်ယူဖို့ စေခိုင်းခဲ့ပါတယ်.။ သူ့ရဲ့ကလေးတွေကို တစ်နှစ်မှာ ၂ ပတ်ပဲ အချိန်ပေးနိုင်တဲ့ ကန်တာနီကို ချုပ်ကိုင်နိုင်ဖို့ ဒင်းရစ်ကတ်အနေနဲ့ ဒန်နီနဲ့ ဘရိုင်ယန်တို့ကို ကြိုတင်ပြီး မော်တာကို ခေါ်ထားခဲ့ပါတယ်။ တစ်ဖက်မှာလည်း ကေဂျီဘီအေးဂျင့်တွေဖြစ်တဲ့ ကာနယ်ကလီမန်ကို နဲ့ ညာလက်ရုံး (အန်ဒရေး) တို့ကလည်း သူတို့ရဲ့အကျိုးအတွက် အသုံးချနိုင်ဖို့ မော်တာနိုင်ငံအနားမှာ ပျက်ကျသွားတဲ့ လေယာဉ်ဆီက လေဆာပဲ့ထိန်းစနစ်နည်းပညာကို အမေရိကန်တွေထက် လက်ဦးမှုရယူဖို့ ကြိုးစားလာခဲ့ပါတယ်။ ကန်တာနီဟာ သူတို့မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ လင်းယုန်နက်ရဲ့အမွေကို ဆက်ခံမယ့် သား (၂) ယောက်ကို စစ်ဆင်ရေးကြားထဲကနေ ကာကွယ်ပေးဖို့ ကြိုးစားလာခဲ့ရပါတယ်။ သူ့ကို လက်စဖျောက်ဖို့ ကြိုးစားလာတဲ့ ကလီမန်ကိုတို့ ရန်ကနေ သား (၂) ယောက်ကို ကယ်ဆယ်နိုင်ခဲ့ပြီးတဲ့အချိန်မှာတော့ သူ့ရဲ့ လင်းယုန်နက်ဝိညာဉ်ကို နိုးထဖို့ အချိန်တန်လာခဲ့ပါတယ်။ Jean-Claude Van Damme နဲ့ Sho Kosugi တို့ရဲ့ ကိုယ်ခံပညာအားပြိုင်မှု ဇာတ်ကွက်တွေကို တစ်ဝကြီးကြည့်ရှုနိုင်ဖို့ CM ကနေပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File Size : 2 GB, 1.2 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Drama
0 1988 93 mins
Black Eagle
Kayla’s Kin

Kayla’s Kin 2024 ================= နိုင်ဂျီးရီးယား ကနေပြီးတော့ movie တွေထွက်လာတဲ့အထဲမှာ ဇာတ်ညွှန်းလေးတွေကမဆိုးဘူးလို့ပြောလို့ရတယ်။ ပညာပေးကလဲ ဇာတ်လမ်းတိုင်းလိုနည်းနည်းမှာ တစ်နည်းနဲ့မဟုတ်တစ်နည်း ထည့်ပြီးတော့ ပညာပေးတတ်ပါသေးတယ်။ သရုပ်ဆောင်တွေရဲ့အရည်ချင်းလဲ မဆိုးဘူးပြောလို့ရပါတယ်။ သူတို့ဒီလိုမျိုးဆက်ပြီး ကြိုးစားသွားမယ်ဆိုရင်တော့ တစ်နေရာရာတော့ ရောက်လာမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကိုပဲ ဆက်ပြီးပြောလိုက်ကြပါ‌စို့ … ကေလာဆိုတဲ့မိန်းကလေးတစ်ယောက်က အောင်မြင်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်တစ်ယောက်ပါ။ ဒါပေမဲ့ သူရဲ့ငယ်ဘဝကတော့ လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ ဖခင်ကလူမိုက်ခေါင်းဆောင် မိခင်ဖြစ်သူက ဖခင်ရဲ့ရန်ကိုကြောက်တော့ သေချင်ယောင်ဆောင်ပြီးတော့ သမီးလေးကို ဖခင်နဲ့ဝေးရာမှာ တစ်ဦးတည်းပြုစုပျိုးထောင်ခဲ့တာပါ။ ဒီလို ဖခင်မျိုးရှိတာကြောင့် ကေလာက ယောကျာ်းသားတွေဆို မုန်းတီးပြီး‌မြင်သမျှယောကျာ်းတွေကို အယုံကြည်မရှိတော့တာ။ ဒါကိုပြုပြင်ပေးဖို့ကို မိခင်ဖြစ်သူကကော သူငယ်ချင်းကကော ကြိုးစားပေမဲ့မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ကိုသဘောကျတဲ့ကောင်လေးတစ်ယောက် ချစ်ရေးဆိုဖို့ကြိုးစားလာတဲ့အခါမှာတော့ ကေလာ တစ်ယောက်သူ့ဆုံးဖြတ်ချက်နဲ့သူ့ဘဝကို ဘယ်လိုတွေကပြောင်းကပြန်ဆန်စေမလဲဆိုတာတော့ ဆက်လက်ရှုစားကြပါဦး

Crime • Action • Mystery • Thriller
0 2024 88 mins
Kayla’s Kin
Illti
5.3

Illti (2025)”အစ်တီ” =============== အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ နာမည်ရ ပန်ချာပီမင်းသား ဂျာဂ်ဂျိဆန်ဒူနဲ့ ချစ်ဖို့ကောင်းတဲ့ ပန်ချာပီမင်းသမီးလေး တာနီယာတို့က အဓိကပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့.. ပန်ဂျပ်ပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ အတော်လေးဘရုတ်ကျလွန်းလို့ တစ်ရွာလုံးက မျက်မုန်းကျိုးနေရတဲ့ အစ်တီဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ အစ်တီဟာ ၉ လတည်းနဲ့ မွေးခဲ့တာဖြစ်ပြီး မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် လူပျိုဖြစ်တဲ့အထိ ကလေးလိုလိုခွေးလိုလိုနဲ့ ဆိုးချင်တိုင်းကို ဆိုးနေတာပါ။ အဲဒီလိုဆိုးနေရင်း အစ်တီတစ်ယောက် လူငယ်တွေရဲ့ထုံးစံ အချစ်နဲ့တွေ့ပြီး အချစ်ဆိပ်တက်နေတုန်းမှာ သူကြူနေတဲ့ကောင်မလေးက ယောက်ျားယူသွားတဲ့အတွက် အသည်းကွဲသွားခဲ့ပါတယ်။ နဂိုကတည်းက ပေါက်ကရတွေလုပ်ပြီးဆိုးပေနေတဲ့ အစ်တီတစ်ယောက် အသည်းကွဲပြီး ကမူးရှူးထိုးတွေလျှောက်လုပ်နေတုန်းမှာ ဆာရီအနီရောင်ဝတ်ထားတဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့မိတဲ့အခါမှာတော့…။ ပန်ချာပီရုပ်ရှင်တွေရဲ့ထုံးစံ သာယာနာပျော်ဖွယ် ဂီတသံလေးတွေနဲ့ ရယ်ရယ်မောမောကြည့်ရှုခံစားရမယ့် ဟာသရုပ်ရှင်လေးကို စီအမ်မာဆလာအဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

5.3 2025 160 mins
Illti