YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

monarch.legacy.of.monsters.s01e07.1080p.web.(CM).mp4

668.99 MB N/A video/mp4 3391 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hearts in the Game
6.5

Hearts in the Game (2023) ~ IMDb rating - 6.5/10 ~ ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ 2023 မှာထွက်ရှိထားတဲ့၊ ဇာတ်ညွှန်း​ကောင်း​ကောင်းနဲ့ ရိုက်ကူးထားတဲ့၊ ပျော်​စေတာ​ရော ဝမ်းနည်း​စေတာ​ရော ခံစား​စေရတဲ့ အချစ်ဟာသကား​လေး Hearts in the Game ပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ နယူး​ယော့ခ်မြို့မှာ သူ့ရဲ့လုပ်ငန်း​လေးကို အစပျိုးဖို့ကြိုးစား​နေတဲ့ ဆယ်လီနာမည်​ကျော်​တွေရဲ့ အရှုပ်​တွေ​ကောလဟလ​တွေကို အချစ်​တွေအဖြစ်ပြန်​ပြောင်းယူ​ပေးရတဲ့ ကိုယ်​ရေးကိုယ်တာတာဝန်ခံ ​ဟေဇယ်​မေလာတစ်​​ယောက် သူ့ရဲ့လုပ်ငန်းပိုမြဲ​ဖို့အခွင့်အ​ရေးတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီအခွင့်အ​​ရေးက​တော့ ​ဘေ့​စ်​ဘော​လောကမှာ နာမည်​ကျော် ဘောလုံးပစ်သမားတစ်​ယောက်အဖြစ် ​ကျော်ကြား​နေတဲ့ သူ့ရဲ့ငယ်ချစ်​ဟောင်း ဒီ​အေဂိုဗက်စ်ကက်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ကမ္ဘာ့စီးရီးပွဲစဥ်​တုန်းက အ​ကြောင်းတစ်စုံတစ်​​ရာ​ကြောင့် ကွင်းထဲမှာ ဆက်မကစားဘဲ ရပ်​နေမိတဲ့အတွက် အသင်းရဲ့ ဖလားရမယ့်အခွင့်အ​​ရေးကိုလွဲ​စေခဲ့တဲ့ ဒီ​အေဂိုတစ်​ယောက် ​ဘေ့စ်​ဘော​လောကထဲပြန်ဝင်ဖို့ ပရိသတ်​တွေရဲ့ အ​ကောင်းမြင်မှုကိုလိုအပ်​နေပါတယ်။ အဲဒီလိုပြန်ဝင်ဖို့အတွက် ​ဟေဇယ်ကကမ်းလှမ်းခံရပြီး ဒီ​​အေဂိုအ​ကြောင်း ​ဆောင်းပါး​ရေးဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ အဲ့ဒီအ​ကြောင်း​ရေးဖို့ သူတို့ရဲ့ဇာတိ​လေးဆီပြန်လာရင်း သူတို့နှစ်​ယောက် အတိတ်တုန်းက ဘာလို့လမ်းခွဲခဲ့ရတာလဲ... သူတို့နှစ်​ယောက်ကြားမှာ အချစ်​တွေပြန်လည်​ပေါက်ဖွားလာမလား... ဒီ​အေဂို ကွင်းလယ်ထဲရပ်ခဲ့မိတာက​ရော ဘာ​ကြောင့်လဲ.. ဆိုတာ​တွေကို ရိုမန်တစ်ဆန်ဆန် ကြည့်ရမယ့် ကား​ကောင်း​လေးတစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 640MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 22Min Genre - Comedy, Romance Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Comedy • Drama
6.5 2023 82 mins
Hearts in the Game
Dasara
6.5

မင်းသား Naniနဲ့ မင်းသမီးလေး Keerthy Suresh တို့ပါဝင်သရုပ်ဆောင်ထားတဲ့ရုံကားတစ်ကားဖြစ်ပြီး ဘတ်ဂျက်၆၅ကု​ဋေအထိ သုံးထားတဲ့အပြင် ၁၁၅ကုဋေအထိပြန်ရယူနိုင်တဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်တဲ့ Dasaraကိုတင်ဆက်​ပေးချင်ပါတယ် ဗီရာလပိုင်ဆိုတဲ့ရွာ​လေးမှာ အရက်ကိုသူတို့ရိုးရာလို့ကိုမှတ်ယူထားကြတဲ့အထိ အရက်ကိုစွဲလမ်းကြတဲ့ လူ​တွေ​နေထိုင်ကြပါတယ် အရက်မ​သောက်ရရင် အလုပ်ပျက်အကိုင်ပျက်ထိုင်မှိုင်ကြတဲ့အထိကို အရက်စွဲ​နေကြသူ​တွေပါ ဒါ​တွေ​ကြောင့်လည်း ဒီရွာ​လေးမှာဖွင့်ထားတဲ့ဆစ်ခ်ဘားအမည်ရှိ အ ရက်ဆိုင်ဟာအရက်ဝယ်သူ​တွေကြိတ်ကြိတ်တိုးတိုးနဲ့ ဝင်လာမ​စဲတသဲသဲပါပဲ ဒါတင်မက​သေးပါဘူး ဒီဘားရဲ့​ငွေကိုင်ရာထူးကလည်းတစ်ရွာလုံးကလူ​​တွေအ​လေးစားရဆုံးရာထူးလည်းဖြစ်ပါတယ် တစ်ဖက်မှာလည်း ဒါရန်နီ ဆူရီ နဲ့ဗန်လာနီတို့က ငယ်ငယ်ကတည်းက သူငယ်ချင်း​ကောင်း​တွေဖြစ်ကာ ဒါရန်နီဟာ ဗန်လာနီကို ဟိုးက​လေးဘဝကတည်းကချစ်​နေခဲ့​ပေမယ့် သူငယ်ချင်းဖြစ်သူဆူရီက ဗန်လာနီနဲ့ချစ်​နေတာ​ကြောင့် ကိုယ်ကျိုးစွန့်လွှတ်ခဲ့ပြီး သူ့သူငယ်ချင်းနှစ်​ယောက်အကျိုးကိုပဲ အမြဲကြည့်​ပေး​နေခဲ့သူပါ တစ်​နေ့မှာ​တော့ ဗန်လာနီကိုတခြားလူတစ်​ယောက်နဲ့ အိမ်​ထောင်ချ​ပေးဖို့လုပ်ကြတဲ့မိဘ​တွေ​ကြောင့် ဒါရန်နီဟာ ဆူရီကိုလည်းရွာကကြီးမှူးကျင်းပတဲ့ခရစ်ကတ်ပြိုင်ပွဲကိုဝင်ပြိုင်​စေပြီး ဘားရဲ့​ငွေကိုင်ရာထူးကိုရ​အောင်ကြိုးစားကြပါ​တော့တယ် ဒါ​ပေမယ့်တကယ့်ပြိုင်ပွဲ​နောက်ကွယ်မှာ​တော့ ကြီးမှူးသူ​တွေရဲ့စနက်နဲ့ ပြိုင်ပွဲအနိုင်ရရှိသူကို သတ်မှတ်ထားပြီးသားမှန်းသိလိုက်ရတဲ့အခါ ဒါရန်နီနဲ့ဆူရီတို့အသင်းက ဘယ်လို​တွေလုပ်ကြမလဲ သူတို့​တွေဒီလိုလှည့်ကွက်​တွေနဲ့ပြည့်နှက်​နေတဲ့ ပြိုင်ပွဲကိုနိုင်ပါ့မလား အကွက်ချစီစဥ်မှူ​တွေကို ဘယ်လိုဖြတ်​​ကျော်ကြမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှူ့လိုက်ရ​အောင်​နော် File size…3.29GB / 1.45GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 36m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~KhinKhin

Drama
6.5 2023 159 mins
Dasara
Darby and the Dead
6.1

Aဇာတ်လမ်းအကျဉ်းလေးကတော့ ငယ်ငယ်ကတည်းအမေ့ခြေရာအတိုင်း လိုက်နင်းပြီး ပန်းပွားအကမယ်ဖြစ်ချင်တဲ့ ဒါဘီဟာ ပါဟာကမ်းခြေမှာ သူ့အမေနဲ့အတူကမ်း‌ခြေမှာ ရေဆော့နေတုန်း လှိုင်းပုတ်လိုက်မှုကြောင့် နှစ်ယောက်လုံးသေဆုံးသွားပါတယ်။ ဝိုင်းဝန်းအသက်ကယ်ကျပေမယ့် ဒါဘီတစ်ယောက်တည်းကိုသာ တမလွန်ကနေပြန်ခေါ်လိုက်နိုင်ပါတယ်။ အသက်မသေတဲ့အပြင် သေပြီးအသက်ပြန်ရှင်လာတဲ့ဒါဘီမှာ သေပြီးသား ဝိဉာဉ်တွေကိုမြင်ရတဲ့ စွမ်းအားတစ်ခုပါထပ်ဆောင်းအပိုရရှိခဲ့ပါတယ်။ ဒီလိုနဲ့ လူသေဝိဉာဉ်တွေရဲ့ လူ့ဘဝမှာမပြီးပြတ်‌‌သေးတဲ့ကိစ္စ‌တွေကို လိုက်လံကူညီ‌ပေးရင်းနဲ့ နောင်ဘဝသစ်ကိုကူးနိုင်‌အောင် တတ်နိုင်သမျှ ဆောင်ရွက်ပေးတာပေါ့။ ဒီလိုနဲ့ဒါဘီရဲ့ဘဝဟာ တစ်ဖြည်းဖြည်းနဲ့ လူ အများက ငကြောင်မလို့ပြောဆိုခံရရင်း လူမသိသူမသိအနှိမ်ခံဘဝနဲ့ ကျောင်းတက်ခဲ့ရပါတယ်။ တစ်နေ့တော့ သူ့ကိုမုန်းပါတယ်ဆိုတဲ့ ကျောင်း မှာ နာမည်ကြီးပန်ပွားမယ်အဖွဲ့ခေါင်းဆောင်ကာပရီဟာ လျှပ်စစ်ဆံပင် ကောက်စက်ကြောင့်သေဆုံးသွားပါတယ်။ ကာပရီကို ဒါဘီတစ်ယောက် တည်းမြင်ရတာရယ်ကြောင့်ရယ် ကာပရီရဲ့မပြီးပြတ်သေးတဲ့ ၁၇နှစ်ပြည့် မွေးနေ့ပါတီကိုဆက်လုပ်ချင်တာကြောင့်နောင်ဘဝသစ်ကိုမကူးနိုင်ဘဲ ဒါဘီကို အတင်းအကြပ်အကူအညီ‌တောင်းလို့လက်ခံလိုက်ရပါတယ်။ ကျောင်းမှာရှိလို့ရှိမှန်းတောင်မသိတဲ့လူမသိသူမသိ ငကြောင်မလေး ဒါဘီဟာ သေသွားပြီးဖြစ်တဲ့နာမည်ကြီး ကာပရီမွေးနေ့ပွဲပါတီကို ကျင်းပဖို့ အတွက်ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့မလဲဆိုတာဆက်လက်ကြည့်ရှု ပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(2.13 GB) / (854 MB) / (493 MB) Quality............WEB 1080p / 720p / 480p Duration.........1Hr 40mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Fantasy Translator.......Tin Myo Lwin Encoder...........Zin Phyo Aung

Science Fiction
6.1 2022 100 mins
Darby and the Dead
Kung Fu Ghost
5

မွဲနေပါတယ်ဆိုတဲ့ ဒေစီဆီကို အမွေပေးချင်လို့ဆိုပြီး ဖုန်းတစ်ကောလ် ဝင်လာပါတယ်။ သူ့အဘိုးသေသွားလို့ အဘိုးရဲ့အိမ်ကိုအမွေရပါမယ်တဲ့။ မွဲပါတယ်ဆိုမှ ဘာပြောကောင်းမလဲ ယူအက်စ်ကို ဒေစီတစ်ယောက် ကပြီးထွက်သွားခဲ့တာပေါ့။ ဟိုရောက်မှ ပျားအုံကိုတုတ်ထိုးမိတဲ့ ဒေစီပါ။ အမွေရတဲ့အိမ်ကြီးကလည်း ကြောက်စရာအပြည့်၊ မှောင်မဲနေတာပဲ။ တစ်ခါတစ်ခါ ထပ်ခိုးထပ်ကနေ သူ့ကိုချောင်းကြည့်နေသလိုလို။ အဲ့ဒီလို အိမ်ကြီးမှာ တစ်ပတ်တိတိနေပြီးမှ အမွေရမှာတဲ့။ အဘွားအတွက် အမွေ ရအောင်ယူမယ်ဆိုပြီး စိတ်တင်းထားပြီးကာမှ သရဲနှစ်ယောက်နဲ့ မျက်မြင် ကိုယ်တွေ့တွေ့ရပါတော့တယ်။ တစ်ယောက်ကတော့ သရဲငယ်ငယ်အဆင်လေးဝီလီယမ်ဖြစ်ပြီး နောက် တစ်ယောက်ကတော့ သရဲဘိုးအေကြီးပေါ့။ အဲ့ဒီသရဲနှစ်ယောက်က ဒေစီကို ဘာလို့ဒီအိမ်မှာ နေစေချင်ရတာလဲ။ ပြီးတော့ အိမ်ကြီးထဲမှာရော ဘာတွေ လျှို့ဝှက်ထားသေးလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ (Horror ဆန်ဆန်ကြည့်ရမယ့်ကားမျိုးမဟုတ်ဘဲ ဟာသဆန်ဆန်ကြည့်ရမယ့် ကားလေးပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.96 GB) / (875 MB) / (600 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 35mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy Translator.......Jo Jo Va Encoder..........SWM

Action • Crime • Drama • Thriller
5 2022 95 mins
Kung Fu Ghost
Once Upon a Time in the West
8.3

~ IMDb - 8.5/10, RT - 95%, Meta - 80% ~ Directed By Sergio Leone ရုပ်ရှင်သမိုင်းထဲက အပြောင်မြောက်ဆုံး ဒါရိုက်တာတွေအကြောင်းပြောရင် Sergio Leone ကို ချန်ခဲ့လို့မရလောက်ပါဘူး။ Sergio Leone ဆိုတဲ့ နာမည်ကို သိပ်မရင်းနှီးရင်တောင် Dollars Trilogy တို့ Once Upon A Time In America တို့ကို ရင်းနှီးကြမှာပါပဲ။ Sergio ဟာ တစ်သက်လုံးမှာမှ ၇ကားပဲ ရိုက်ခဲ့ပြီး ၆ကားက အနုပညာအရ ၀က်၀က်ကွဲ အောင်မြင်ခဲ့တဲ့ကားတွေပါ။ သူရိုက်ခဲ့တဲ့ Dollar သုံးကားကိုတော့ Dollars Trilogy အဖြစ် သတ်မှတ်ထားပြီး Once Upon A Time In America, Once Upon A Time In The West နဲ့ Duck, You Sucker! တို့ကိုတော့ Once Upon A Time Trilogy အဖြစ် သတ်မှတ်ထားပါတယ်။ ဒီ Trilogy ၂ခုစလုံးဟာ အကောင်းဆုံး Trilogyတွေ စာရင်းတွေရဲ့ ထိပ်နားတွေမှာ ပါနေကျပါပဲ။ ဒီ၆ကားလုံးမှာ Once Upon A Time In America ကလွဲ ကျန်တဲ့၅ကားက Spaghetti Western ကားတွေပါပဲ။ ၆ကားလုံးဟာ သူ့မာစတာပိစ်‌တွေလို့ ပြောလို့ရပါတယ်။ Sergio ကို Spaghetti Western ရဲ့ Creator လို့ ဆိုကြပါတယ်။ Spaghetti Western ဆိုတာက Western ကားတွေရဲ့ genre အခွဲတစ်ခုဖြစ်ပြီး ‌အီတလီသားတွေရိုက်တဲ့ Western ကားတွေကို ဝေဖန်ရေးသမားတွေပေးထားတဲ့နာမည်လို့ အကြမ်းဖျင်းဆိုလို့ရပါတယ်။  Sergioဟာ အနီးကပ်ရိုက်ချက်တွေ Long Takeတွေ လှိုင်လှိုင်သုံးပြီး ရိုးရိုးရှင်းရှင်း ဇာတ်လမ်းကိုတောင် အစကြည့်မိတာနဲ့ ဘာဆက်ဖြစ်မလဲသိချင်ပြီး ဆုံးတဲ့ထိကြည့်မိအောင် ဆွဲ‌ဆောင်မှုရှိတဲ့ Storytelling မျိုးကို သုံးတတ်တဲ့သူပါ။ သူရိုက်တဲ့ Westernကားတွေမှာ သေနတ်မပစ်ခင်ကို အချိန်အတော်ယူပြီး ကာရိုက်တာတွေရဲ့ အနေအထားကို ပြတတ်ပြီး ‌ချွေးတွေမျက်နှာမဲကြီးတွေ မမှိတ်မသုန်အကြည့်တွေကို အနီးကပ်ရိုက်ပြ ပုံဖော်တတ်ပါတယ်။ အသေးစိတ်ကို ပုံဖော်တတ်တဲ့ Perfectionist လို့ ဆိုလို့ရပါတယ်။  Once Upon A Time In The West ဟာ Sergio ရဲ့ ပုံစံအတိုင်းပဲ ပဟေဠိဆန်တဲ့ ကောင်းဘွိုင်သေနတ်သမားတစ်ယောက်ကို အဓိကဇာတ်ကောင်အဖြစ်ထားပြီး ပုံဖော်ထားတဲ့ ရုပ်ရှင်ပါ။ 12 Angry Men က Henry Fonda, The Magnificent Seven က Charles Bronso nနဲ့ Claudia Cardinaleတို့က အဓိကသရုပ်ဆောင်ထားသလို Sergio ရုပ်ရှင်ပီပီသသ စီနီမာတိုလည်း လန်းပါတယ်။  ထူးခြားတာကတော့ မကြည့်ခင်က အဓိကဇာတ်ကောင်က Henry Fonda ဖြစ်မယ်ထင်ခဲ့ပေမဲ့ တကယ်တမ်း သူက ဗီလိန်နေရာက သရုပ်ဆောင်ထားတာပါ။ Henry Fonda ရဲ့ တစ်ခုတည်းသော ဗီလန်ဇာတ်ကောင်ဖြစ်ပြီး တခြားသရုပ်ဆောင်တွေကိုလည်း သူတို့သရုပ်ဆောင်နေကျနဲ့ ကွဲပြားတဲ့ ပုံစံတွေမှာ သုံးသွားတယ်ဆိုပါတယ်။ ပသို့ပဲဆိုဆို Henry Fonda ကတော့ သရုပ်ဆောင်ကောင်းမြဲပါပဲ။  Featured Song ဖြစ်တဲ့ Once Upon A Time In The West ကို Ennio Morricone က ရေးသားထားတာဖြစ်ပြီး သူဟာ Academy Honorary Award ရထားတဲ့ နှစ်ယောက်တည်းသော Composer တွေထဲက တစ်ယောက်ပါ။ Sergio ရဲ့ ကားတိုင်းမှာ သူပါပါတယ်။ ဒီသီချင်းကြောင့်လည်း ရုပ်ရှင်ဟာ Once Upon A Time ဆိုတဲ့ စကားလုံးနဲ့ ပိုပြီးလိုက်ဖက်သွားခဲ့တာပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.9GB, 1.53GB Quality - Blu-ray 1080p, 720p IMDb Rating - 8.5/10 Format - mp4 Duration - 2H 45Min Genre - Western Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller
8.3 1968 166 mins
Once Upon a Time in the West
My Man
6.1

အသက် ၁၀ နှစ်အရွယ် ဟာနာ ဆိုတဲ့ ကလေးမလေးတစ်ယောက်က ဆူနာမီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး တစ်ကောင်ကြွက်ဘဝကို နေ့ချင်းညချင်း ရောက်ရှိသွားပါတယ်... မုန်တိုင်းဒဏ်ကို အလူးအလဲခံခဲ့ရပြီး မိဘနှစ်ပါလုံးဆုံးပါးသွားတဲ့ ဟာနာလေးကို ၂၆ နှစ်အရွယ် ဂျွန်ကိုဆိုတဲ့ အမျိုးသားတစ်ယောက်က မွေးစားခဲ့ပါတယ်... ဂျွန်ကိုနဲ့ ဟာနာတို့ မြို့ငယ်လေးတစ်မြို့မှာ အတူနေထိုင်ခဲ့ကြပါတယ် တစ်နေ့ သူတို့နေတဲ့မြို့ငယ်လေးမှာ လူသတ်မှုတစ်ခု ပေါ်လာခဲ့ပါတယ် နောက်တော့ ဂျွန်ကိုနဲ့ဟာနာတို့လည်း လျှို့ဝှက်ချက်တစ်ခုနဲ့ တိုကျိုမြို့ကို ပြောင်းရွေ့သွားပါတော့တယ် ဟာနာတို့ ဘာလို့တိုကျိုကို ပြောင်းသွားကြတာလဲ... ဂျွန်ကိုတို့ သားအဖနဲ့ သူတို့မြို့က လူသတ်မှုနဲ့ ဘယ်လိုဆက်စပ်မှုရှိလဲဆိုတာ ဆက်လက်စောင့်ကြည့်ပေးကြပါဦး ဒီဇာတ်ကားက ဆုတွေလည်း ရရှိထားပြီး ဒရမ်မာဇာတ်လမ်းအေးအေးလေးတွေကို ကြိုက်တဲ့ ပိရိသတ်တွေ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ File Size__(2.2GB) / (1.1GB) Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__02:02:00 Type__Crime, Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Parris Encoded by Naing Aung Latt

Action • Crime • Thriller
6.1 2014 129 mins
My Man
The War of the Roses
6.8

The War of the Roses (1989) ~ IMDb – 6.8/10, Rotten Tomatoes – 83% ~ လူတွေရဲ့ ဦးခေါင်းခွံကို တုန်လှုပ်စေတဲ့ အကျပ်ရိုက်မှု ၂မျိုးရှိပါသတဲ့။ မနေချင်တော့တဲ့သူကို ဘယ်လိုဆွဲထားမလဲ ဆိုတာနဲ့ မသွားချင်တဲ့သူကို ဘယ်လိုနှင်ထုတ်မလဲ ဆိုတာပါပဲ။ ဒီရုပ်ရှင်ဟာ ခေါင်းအေးတည်ငြိမ်တဲ့ ကွာရှင်းပြတ်စဲရှေ့နေကြီး ဂါဗင်တစ်ယောက် သူရုံးခန်းထဲထိုင်နေတဲ့ သောကတစ်ဗွေနဲ့ အမှုသည်အမျိုးသားကို ပြန်ပြောင်းပြောပြတဲ့ သူ မကူကယ်နိုင်ခဲ့တဲ့ အတိတ်ဟောင်းတစ်ခုပဲဖြစ်ပါတယ်။ ဒီကားရဲ့ ဒါရိုက်တာကြီးကိုယ်တိုင် ရှေ့နေကြီး ဂါဗင်နေရာကနေ ဇာတ်ကြောင်းပြောသူအဖြစ် ပါဝင်ထားပါတယ်။ ဂါဗင် ပြောပြတဲ့ ဇာတ်လမ်းကတော့ သူ့မိတ်ဆွေအရင်းခေါက်ခေါက်ဖြစ်ခဲ့ဖူးတဲ့ ရို့စ်မောင်နှံရဲ့ ကွာရှင်းပြတ်စဲမှုအကြောင်းပါ၊ ရို့စ်မိသားစုဆိုပြီး ဖြစ်မလာခင် ငယ်ရွယ်တက်ကြွတဲ့ အိုလီဗာဆိုတဲ့ ဥပဒေကျောင်းသားလေးနဲ့ ရိုးရှင်းပွင့်လင်းတဲ့ ဘာဘရာဆိုတဲ့ မိန်းမငယ်လေးတို့ စတင်တွေ့ဆုံမှုကနေ (အညွှန်းထဲပြောပြလို့မရသေးတဲ့) အဆုံးသတ်မှုတစ်ခုဆီအထိပေါ့။ ဂါဗင်ကတော့ လူတွေဟာ သူတို့ဖြစ်ချင်တာ သူတို့ရချင်တာအတွက် ဘယ်လောက်ထိကို ဆိုးဆိုးဝါးဝါးလုပ်နိုင်လဲဆိုတာကို ရှေ့ဆုံးတန်းကနေ ပေါက်ပေါက်ဆုပ်ကိုင်ရင်း ကြည့်ခွင့်ရခဲ့တဲ့ နောင်တ,တစ်ပွေ့နဲ့ သူပေါ့။ ကွာရှင်းပြတ်စဲမှုတွေမှာ များသောအားဖြင့် တစ်ဖက်နဲ့တစ်ဖက် အပြိုင်အဆိုင်လုကြပေမယ့် တကယ်တမ်းတော့ “အနိုင်ဆိုတာ မရှိပါဘူး၊ ဘယ်လောက်ရှုံးသလဲဆိုတဲ့ ရှုံးနိမ့်မှုအဆင့်ပဲရှိတယ်” တဲ့။ ဒီထိ ဒီလိုတွေပြောနေလို့ စိတ်ညစ်စရာကားကြီးလို့ ထင်နေပါဦးမယ်၊ တကယ်က Comedy/Romance ပါနော်၊ အတိအကျဆို လှောင်လုံးတွေ အထေ့ငေါ့တွေပါတဲ့ Satirical အမျိုးအစားထဲမှာ ပါတာမို့ စကားအသုံးအနှုန်းတွေက တော်တော်လေး ရယ်ရပါတယ်။ ရယ်ရသလောက် တော်တော် အသည်းတမမဖြစ်ရတဲ့အခန်းတွေလည်း ပါလို့ Thriller Tag များ ပါနေမလားလို့ ကိုယ့်မှာ ပြန်ပြေးကြည့်ရသေးတယ်။ အခုလက်ရှိ ရုပ်ရှင်ရဲ့အရှည်က ၁နာရီ ၅၆ မိနစ်ဆိုပေမဲ့ ဒါရိုက်တာရဲ့ အဆိုအရ တကယ်တမ်းက ၃ နာရီ ၄မိနစ်စာရှိခဲ့တာပါတဲ့။ ဖြတ်ချခဲ့တဲ့အခန်းတွေထဲက တချို့ကိုတော့ Trailer တွေမှာ ရှာကြည့်လို့ရပါတယ်။ ဇာတ်လမ်းထဲက စကားအတိုင်းဆိုရင်တော့ “မိန်းမတွေဟာ ကျုပ်တို့ထင်ထားတာထက် အများကြီးပိုဆိုးနိုင်တယ်” တဲ့။ အလားတူပါပဲ၊ ထည့်ပြောမသွားပေမဲ့ ယောက်ျားတွေဟာလည်း ဘယ်လောက်တောင် စိတ်ကုန်စရာကောင်းနိုင်ကြောင်း သေချာပြသွားပါတယ်။ တကယ်လို့များ သင်ဟာ အိမ်ထောင်ကွဲဖို့ ဆုံးဖြတ်နေသူဖြစ်ရင် ဒီကားလေး ကြည့်ပြီး တစ်ခေါက်ပြန်စဉ်းစားကြည့်ပါ တကယ်လို့ သင်ဟာ အိမ်ထောင်ပြုဖို့ အရမ်းဇောသန်နေရင်လည်း ဒီကားကြည့်ပါ။ မိန်းမတွေ ဘယ်လောက်ကြောက်ဖို့ကောင်းပြီး ယောက်ျားတွေ ဘယ်လောက်စိတ်ကုန်ဖို့ကောင်းကြောင်း ဆင်ခြင်မိသွားမှာပါ။ ဒါပေမဲ့ သင်ဟာ စိတ်လိုလက်ရ ရယ်မော အပန်းဖြေပစ်ချင်လည်း ဒီကားကြည့်ပါ။ ကုန်ကုန်ပြောရရင်တော့ ဘာပဲဖြစ်နေနေ အချိန်ရရင် ဒီကားကြည့်ပါလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 855MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 56Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

6.8 1989 116 mins
The War of the Roses
Girl With a Gun

Girl with a Gun”သေနတ်နှင့်မိန်းကလေး” တစ်နေ့မှာတော့ တိုမီဆိုတဲ့ကောင်မလေးဆီကို ဖုန်းတစ်လုံးဝင်လာပါတယ်…။ ဖုန်းထဲကပြောစကားကြောင့် တိုမီရဲ့မိခင်ဖြစ်သူဟာ ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားမှန်းသိလိုက်ရပါတယ်။ မိဘတွေနဲ့လည်းမတွေ့ရတာကြာလေတော့ ဖြစ်စဥ်ကိုမယုံ ကြည်နိုင်လောက်အောင်ဖြစ်နေတဲ့ တိုမီတစ်ယောက် မိဘတွေရှိရာ မွေးရပ်မြေမြိုလေးဆီပြန်ခဲ့ပါတော့တယ်။ သိုပေမယ့် တိုမီရဲ့မြိုလေးဟာ အရင်နဲ့မတူဘဲ ရာဇဝတ်မှုခင်းတွေ ဖြစ်ပျက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့…. တိုမီတစ်ယောက် မိဘတွေရဲ့အမှုကို ဘယ်လိုအဖြေရှာမလဲ၊ ဘယ်လိုလက်စားချေမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်…။ File size…1.34GB / 587MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 24m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

0 2023
Girl With a Gun
Star Wars: Episode IV – A New Hope
8.6

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IV – A New Hope (1977) ဒီရုပ်ရှင်ဟာ StarWars ရုပ်ရှင်တွေရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ ကားပါ။ StarWars ပထမဆုံး ၃ ကားရဲ့ ပထမဆုံးအပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ဇာတ်လမ်းအရဆိုရင်တော့ StarWars I II III အပြီး Jedi တွေ ပျောက်ကွယ်သွားချိန် အင်ပါယာ အာဏာရလာချိန်ကာလပဲ ဖြစ်ပါတယ်။ Rogue One ရဲ့ နောက်ဆက်တွဲကာလကို ပြသထားပါတယ်။ Rogue One ရဲ့ နောက်ဆုံးမှာ DeathStar ရဲ့ ပုံစံတွေကို မင်းသမီးလိုင်ယာဆီ ပို့ခဲ့ပြီးနောက်မှာ မင်းသမီးထွက်မပြေးနိုင်ခင် ဖမ်းမိသွားခဲ့ရာက စပါတယ်။ StarWars နောက်ထွက်ကားတွေမှာ CGI တွေ ဘယ်လိုပဲ ကောင်းကောင်း၊ ဘယ်လိုပဲ ခေတ်မှီမှီ StarWars ဖန်တွေအတွက်တော့ ပထမဆုံး ၃ ကားဟာ Classic ပါပဲ။ ဒီဦးဆုံးရုပ်ရှင်တွေရဲ့ ဒိုင်ယာလော့ခ်တွေဟာလည်း ယခုချိန်ထိ ကျော်ကြားဆဲဖြစ်ပြီး နောက်ပိုင်း ရုပ်ရှင်ပေါင်းများစွာမှာ reference အဖြစ်ပြန်လည်အသုံးပြုခံနေရတာပါပဲ။ ဒါ့အပြင် မင်းသမီးလိုင်ယာ နဲ့ ဟန်ဆိုလို တို့ရဲ့တွဲဖက်ညီမှုဟာ အနာကင်စကိုင်းဝေါ်ကာ နဲ့ ပါ့ဒ်မီ တို့ထက် အများကြီးသာလွန်တယ်လို့ မြင်မိပါတယ်ဗျာ။ ခံစားနိုင်ပါပြီ။

Horror • Thriller
8.6 1977 121 mins
Star Wars: Episode IV – A New Hope
Do the Right Thing
8

IMDb 8/10, RT 92% ရရှိထားတဲ့ Comedy/Drama ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Cannes ရုပ်ရှင်ပွဲတော်က ဆုအပါအဝင် ဆုပေါင်း ၂၁ ဆုနဲ့ အော်စကာမှာလည်း nomination ဝင်ခဲ့တဲ့ ဒီ ဇာတ်ကားထဲမှာ ဒါရိုက်တာဖြစ်သူ Spike Lee က မူကီအဖြစ် ကိုယ်တိုင်ပါဝင်ထားတဲ့အပြင် ဆုံးပါးသွားပြီဖြစ်တဲ့ မင်းသားကြီး Danny Aiello ကလည်း ပါဝင်သရုပ်ဆောင်ထားတာပါ။ ဘရွတ်ကလင်းက လူမည်းအများစု နေထိုင်တဲ့ ရပ်ကွက်လေးတစ်ခုမှာ အမေရိကန်-အီတလီ လူဖြူဖြစ်သူ ဆယ်လ်က သားနှစ်ယောက်နဲ့အတူ ပီဇာဆိုင်လေးဖွင့်ထားပါတယ်။ သူတို့လူမျိုးတူတွေရှိတဲ့ရပ်ကွက်မှာ သွားဖွင့်လို့ရပေမဲ့ တခြားပီဇာဆိုင်တွေ ရှိနှင့်နေပြီးတာမို့ လူမည်းတွေရှိတဲ့ ရပ်ကွက်ထဲ ဖွင့်ထားခဲ့တာဖြစ်ပြီး ခေတ်အဆက်ဆက်က လူမည်းတွေကပဲ သူ့ဆိုင်ကို အားပေးလာခဲ့ကြတာပါ။ သူ့ဆိုင်မှာ သူ့သားနှစ်ယောက်အပြင် မူကီဆိုတဲ့ လူမည်းကောင်လေးကိုလည်း ပီဇာ‌တွေ လိုက်ပို့ဖို့ ခန့်ထားပါသေးတယ်။ မူက ကတော့ သူ့သားအကြီးကောင်နဲ့ သိပ်မတည့်လှဘဲ အငယ်ကောင်နဲ့ပဲ တပူးတတွဲတွဲရှိသူဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သူတို့ရဲ့ပီဇာဆိုင်မှာ စားနေကျ မူကီ့ရဲ့သူငယ်ချင်းဖြစ်သူက ခါတိုင်းလိုပဲ ပီဇာလာစားရာက နံရံမှာချိတ်ထားတဲ့ ပုံတွေကိုကြည့်ပြီး ဘာလို့ သူတို့ လူမျိုး (လူမည်း)တွေရဲ့ပုံကျ မချိတ်ဘဲ လူဖြူပုံတွေချည်း ချိတ်ထားတာလဲလို့ အစချီပြီး ပြောရာကနေ နှစ်ဖက် အချေအတင်ဖြစ်ခဲ့ပါတော့တယ်။ လူဖြူ၊ လူမည်းလို့ ဆိုလိုက်ရင်ကို အစကတည်းက လူမျိုးရေးခွဲခြားမှုနဲ့ အငြိုးအတေးတွေက ဒွန်တွဲပါတတ်တာမို့ နှစ်ကာလကြာ အတူယှဉ်တွဲနေထိုင်ခဲ့တဲ့ သူတို့ရဲ့ဆက်ဆံရေးမှာ ဘယ်လိုတွေ သက်ရောက်မှုဖြစ်ပေါ်လာနိုင်မလဲဆိုတာနဲ့ အဲဒီပဋိပက္ခတွေကို ဖြေရှင်းနိုင်မလားဆိုတာကိုတော့.. ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(2.8 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:00:00 Genre… Comedy,Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

8 1989 120 mins
Do the Right Thing
The House of Magic
6.2

Thunder and the House of Magic (2013) ပိုင်ရှင်တွေ အိမ်ပြောင်းသွားရာက ကျန်နေခဲ့တဲ့ ကြောင်ဝါလေးတစ်ကောင် လမ်းထဲမှာ နေဖို့နေရာလိုက်ရှာရင်းနဲ့ ထူးဆန်းတဲ့အိမ်ကြီးတစ်ခုကို ရှာတွေ့သွားပါတယ်။ ထူးဆန်းပြီး သရဲခြောက်တယ် ကြောက်စရာသတ္တဝါကြီးတွေရှိတယ်လို့ လမ်းထဲမှာ နာမည်ကြီးနေတဲ့အိမ်ကြီးပေါ့။ နေစရာမရှိလို့ ရွေးချယ်စရာမရှိတဲ့ ကြောင်လေးကတော့ ဒီအိမ်ကြီးထဲမှာ နေဖို့ဖြစ်လာပါတော့တယ်။ အိမ်ထဲမှာ နေထိုင်သူက မျက်လှည့်ဆရာအဘိုးကြီး Lawrence နဲ့ သူ့ရဲ့ တိရစ္ဆာန်တွေပါ။ ကြင်နာတတ်တဲ့ Lawrence က ကြောင်လေးကို နေရာတစ်နေရာပေးပြီး နွေးနွေးထွေးထွေး ကြိုဆိုတဲ့အပြင် Thunder ဆိုတဲ့ နာမည်‌လေးလည်း ပေးလိုက်ပါတယ်။ Lawrence ဆီမှာ အရင်က ရှိနေတဲ့ ကြွက်လေး Maggie နဲ့ ယုန်ကြီး Jack တို့ကတော့ သူတို့ထက် အချစ်ပိုသွားမှာ စိုးရိမ်ပြီး Thunder လေးကို မောင်းထုတ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြပါတော့တယ်။ အချင်းချင်း တိုက်ခိုက်နေကြချိန်မှာ Lawrence မသိအောင် အိမ်ကို ရောင်းဖို့ကြံစည်နေတဲ့ Daniel ရဲ့ အန္တရာယ်ပေါ်လာချိန်မှာတော့ သူတို့တွေ ဘယ်လိုစည်းစည်းလုံးလုံး ဖြေရှင်းကြမလဲဆိုတာကို…. (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Juno Saurus ရေးသားထားပါတယ်) File size… 1.4 GB / 866 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

Action • Adventure • History
6.2 2013 85 mins
The House of Magic
Chicago

IMDb – 7.2 Rt – 86% အော်စကာဆု (၆) ဆု၊ ရွှေကမ္ဘာလုံးဆု၊ BAFTA ဆုတွေအပြင် တခြားဆု ပေါင်း(၅၉) ဆုအထိရရှိထားပြီး nomination များစွာလည်း ဝင်ထားတဲ့ musical comedy ရုပ်ရှင်ကားကောင်း တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ 1975 ခုနှစ်ထွက် ဘရော့ဝေးပြဇာတ် Chicago ကို ရိုက်ကူးထားတာဖြစ်ပြီး 1920 ခုနှစ်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီမဖြစ်သူ ဗရော်နီကာနဲ့ ယောင်္ကျားဖြစ်သူတို့နှစ်ယောက်ကို အိပ်ရာပေါ်မှာအတူတွေ့ရလို့ နှစ်လောင်းပြိုင် လက်စသတ်ပေးလိုက်တဲ့ ရှိုးသမလေး ‌ဗယ်မာ ကယ်လီ။ ငယ်စဉ်ကတည်းက အိပ်မက်မက်ခဲ့ရတဲ့ စတိတ်စင်ပေါ်မှာဖျော်ဖြေရဖို့ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့လုပ်ရင်း လူလိမ်ကောင် ဖရက်ရဲ့အမြတ်ထုတ်တာကို ခံလိုက်ရတဲ့ အိမ်ထောင်သည်မလေး ရော့စီ ဟတ်။ သူတို့နှစ်ယောက်လုံး ကွတ်ခ်ကောင်တီထောင်ရဲ့ လူသတ်သမားအဆောင်မှာတွေ့ခဲ့ကြပြီး ထောင်မှူး မားမား မော်တွန်ရဲ့ချိတ်ဆက်ပေးမှုကြောင့် တခါမှအရှုံးမရှိသေးတဲ့ ရှေ့နေ ဘီလီ ဖလင်းနဲ့ ‌သိခဲ့ကြပါတယ်။ ဒေါ်လာ ၅၀၀၀ ပေးရင် ယေရှု ကိုတောင်လွတ်အောင်လုပ်ပေးနိုင်တယ်လို့ပြောတဲ့ ရှေ့နေ ဖလင်းတစ်ယောက် သူ့အပြောတွေအတိုင်း တကယ်ဖြစ်လာမှာလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2.8 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Comedy, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2002
Chicago
Kannappa
4.1

Kannappa (2025) IMDb – 4/10 WEB DL HDTC ဗားရှင်းဖြင့်တင်ဆက်ထားပါသောကြောင့်ကြော်ညာများပါဝင်ခြင်းကို သတိပြုပါ။ ဘာဟုဘာလီသရုပ်ဆောင် တလေဂူးမင်းသားကြီး ပရာဘာ့စ်ရဲ့ ရုံတင်ကားသစ်ကြီး HDTCဗားရှင်း ထွက်လာတာမို တင်ဆက်ပေးလိုက်ပါတယ်။ အရှေးကူးမားလည်း ပါဝင်အားဖြည့်ပေးထားပြီး တက်သစ်စမင်းသမီးချောလေး ပရီတီးမူခွန်ဒန်ရဲ့ အကအလှတွေကိုပါရှုစားကြရမှာပါ။ (*ဘာသာရေးကားဖြစ်တာမို အခေါ်အဝေါ်တွေ အမည်တွေလွဲမှားခဲ့ပါက ကျွန်တော်တို Bollywood Teamကနေ အနူးအညွတ်တောင်းပန်အပ်ပါတယ်။*) ရွာမှာဖြစ်နေတဲ့ ကပ်ဘေးကြီးအဆုံးသတ်စေဖို ဘုရားနာမည်တပ်ပြီး ရွာရဲ့နတ်ဆရာမက သီနာဒူရဲ့သူငယ်ချင်းဖြစ်သူကိုယဇ်ပူဇော်လိုက်ပါတယ်။ အဲဒီကစလို သီနာဒူတစ်ယောက် ဘုရားဆိုတာကို ကျောက်တုံးကြီးတစ်တုံးကလွဲရင် ဘာမှကောင်းကျိုးမပေးတဲ့အရာဆိုပြီးအမုန်းတရားကြီးထွားခဲ့ပါတယ်။ အရာအားလုံးကို မြင်တော်မူတဲ့ အရှင်သိဝက သီနာဒူ ကလေးဘ၀ကတည်းက စောင့်ကြည့်နေပြီး တစ်နေ့ကျရင် သူ့ကိုကိုးကွယ်ယုံကြည်တဲ့သူဖြစ်လာမယ်ဆိုတာ သိနေခဲ့တာပေါ့။ မုဆိုးတစ်ယောက်ဖြစ်လာတဲ့သီနာဒူ ဘုရားပေါ်သက်ဝင်ယုံကြည်လာပုံနဲ့ စရီကာလာဟာသ်စတီဗိမာန်တော်ကြီး တည်ဆောက်ကိုးကွယ်လာပုံကိုမြင်တွေ့ရမဲ့ စိတ်ဝင်စားစရာ သမိုင်းဝင်ဘာသာရေးဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

Fantasy • Adventure
4.1 2025 182 mins
Kannappa