YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

monarch.legacy.of.monsters.s01e06 2160p 4K HEVC HDR {CM} TSK.mkv

2.33 GB N/A video/x-matroska 410 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Always

အချစ်ဇာတ်ကားလေးတွေကို ရှာနေတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် Always ဆိုတဲ့ ဖီလစ်ပိုင် .ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အက်စီးဒန့်ကြောင့် အန်နာဆိုတဲ့ကောင်မလေးဟာ အမြင်အာရုံပဲ ဆုံးရှုံးခဲ့တာမဟုတ်ဘဲ မိဘနှစ်ပါးကိုပါ ဆုံးရှုံးခဲ့ရတယ်။ ခက်ခဲလှတဲ့ဘဝဆိုပေမယ့် သူမကတော့ အတတ်နိုင်ဆုံးပျော်အောင်နေပြီး ဖြတ်သန်းနေလေရဲ့... သူတို့နေတဲ့ ကွန်ဒိုမှာ လီနိုက ဂိတ်စောင့်ပေးရင်း အန်နာဆိုတဲ့ မျက်မမြင် ကောင်မလေးနဲ့ ရင်းနှီးသွားပြီး ချစ်မိသွားတဲ့အခါမှာတော့... သူတို့၂ယောက်ဘယ်လိုဆက်ဖြစ်ကြမလဲ..လျှို့ဝှက်ချက်တွေရော ရှိမလား.. File Size : (1.54 GB) and (574 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:48:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Kit Encoded by Phyo Pyae

Adventure • Drama
0 2022
Always
Flash Over
6

ရုတ်တရက်ဖြစ်ပေါ်လာတဲ့ ငလျင်ကြောင့် ကွမ့်ချိန်ဓာတုခြံကြီးထဲမှာ ဓာတုလမ်းကြောင်းတွေ ယိုစိမ့်ပြီး ပေါက်ကွဲမှုတွေ အဆက်မပြတ်ဖြစ်ပေါ်နေပါတယ်။ မီးခိုးငွေတွေ မီးတောက်တွေကြားထဲမှာ ဘေးအန္တရာယ်တွေက အဆက်မပြတ်ကြီးမားလာနေပါတယ်။ တကယ်လို့ ဒီအန္တရာယ်ကြီးကို ဒီအတိုင်းထားလိုက်ရင် တစ်မြို့လုံး ဒုက္ခရောက်ရမဲ့ အဖြစ်ကို ရောက်နေပါတယ်။ တစ်ဖက်က မီးငြိမ်းရင်း တစ်ဖက်က လူတွေကို ကယ်ဆယ်ရမဲ့ အခက်အခဲတွေကို ရင်ဆိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့မှ ပထမဆုံးအချိန်မှာပဲ ဘေးအန္တရာယ်နယ်မြေကို အရောက်သွားခဲ့ပါတယ်။ အန္တရာယ်တွေ ကြားထဲမှာ စက္ကန့်တိုင်းက တန်ဖိုးရှိပြီး သူတို့အသက်ကိုရင်းပြီး အသက်တွေကို ကယ်တင်နေပါတယ်။ မီးလောင်နေတဲ့ ဓာတုခြံထဲက အန္တရာယ်ရှိ ဓာတုပစ္စည်းတွေ ကြားထဲမှာ ကယ်ဆယ်ရေး အဖွဲ့က လူ့အသက်တွေကို ဘယ်လို ကြိုးစား ကယ်ဆယ်ကြမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK

Comedy • Romance
6 2023 114 mins
Flash Over
Human Resources
6

ဆေးကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက် ကျောင်းစရိတ်လိုချင်လို့ စတိုးဆိုင်မှာ အရောင်းစာရေးလေးလာလုပ်တယ် ဂျာကြီးကတော့သဘောကောင်းပါရဲ့ မန်နေဂျာချုပ်ကတော့ လေတိုက်တိုင်းစိတ်တို အဲဗားပတ်ဖြဲနေတယ် ဆိုင်ကလဲ သောက်တလွဲ ရောင်းလဲမကောင်းဘူး ဖွင့်ကဖွင့်ထားသေးတယ် ဆိုင်ဝန်ထမ်းတွေကလဲ ခဏခဏပျောက်နေတယ် ဒေါက်တာလောင်းလေးက ပဟေဠိပေါင်းများစွာကို အဖြေရှာဖို့အတွက် လိုက်ရင်းလိုက်ရင်းနဲ့ အရှုပ်ထုပ်တစ်ခုကို တူးဆွမိသွားတဲ့အခါ..... Suspense Horror စတိုင်မျိုးဖြစ်လို့ သိချင်စိတ်နဲ့ ကြောက်စိတ်ကို တစ်ပြိုင်တည်း ရသပေးမယ့် ဒီကားလေးကို ကြည့်ရှုအားပေးဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 676MB | 331MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... August

Adventure • Animation • Comedy • Fantasy
6 2021 108 mins
Human Resources
The Autopsy of Jane Doe
6.7

Horror ကားတွေ Thriller ကားတွေ ကြိုက်နှစ်သက်သူတွေအတွက် IMDb 6.8 ရရှိထားတဲ့ ဇာတ်ကားနဲ့တင်ဆက်ပေးလိုက်ပါတယ် တစိမ့်စိမ့်ကြည့်ရင်းကြောက်ဖို့ကောင်းတဲ့ခံစားချက်တွေနဲ့အတူ.ကြည့်ရှုလိုက်ရအောင် သေမှုသေခင်းက အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီး သေရတဲ့အကြောင်းအရင်းကိုဖော်ထုတ်ပေးရတဲ့ ရင်​ခွဲရုံက သားအဖနှစ်​​ယောက်​ဆီကို ဘယ်သူဘယ်ဝါဆိုတာမသိရတဲ့ ပိုင်ရှင်မဲ့အမျိုးသမီးအလာင်​းတစ်​ခုရောက်​လာပါတယ်​ အဲ့အမျိုးသမီးဟာ သေစေနိုင်လောက်တဲ့ပြင်ပဒဏ်ရာကြီးကြီးမားမားမရှိဘဲ ​သေဆုံး​နေတာဖြစ်​ပါတယ်​ သူသေဆုံးရခြင်​းအ​ကြောင်​းအရင်​းကိုလိုက်​ရှာရင်း​ ရှာရင်းနဲ့ သူတို့နှစ်ယောက် ကြုံတွေ့သိရှိလိုက်ရတဲ့အရာတွေကတော့... ​ အဲ့ဒီအမျိုးသမီးရဲ့ ​သေဆုံးရတဲ့အ​ကြောင်​းအရင်​းကိုပဲ အ​ဖြေရှာနိုင်​မလား အဲ့အမျိုးသမီး မ​သေခင်​ဘာ​တွေဖြစ်​ခဲ့လဲဆိုတာကို အ​​ဖြေရှာနိုင်​မလား မရှာနိုင်​ဘူးလား ဆိုတာကို​တော့ ...... Translated & Review By May Myat Thu Encoded By LK

Crime • Drama
6.7 2016 86 mins
The Autopsy of Jane Doe
Pada
7.4

ဒီဇာတ်လမ်းလေးကတော့ ၁၉၆၆မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ မြေယာတွေရဲ့ ဉပဒေကို ထိန်းချုပ်ခန့်ခွဲပြီး မြေယာအခွန်ကောက်ခံတဲ့ တရားဉပဒေပညာရှင်တွေရှိပါတယ်။ ၁၉၆၆မှာ အဲ့ဒီမြေယာခွန်ရှေ့နေတစ်ယောက်ရဲ့ရုံးခန်းထဲကို "Ayyankali Pada"တွေလို သူတိုကိုယ်သူတို ထုတ်ဖော်ပြောကြားတဲ့ လူငါးယောက် ဝင်လာပြီး ကယ်ရလာဉပဒေအဖွဲအစည်းက ပြင်ဆင်ချက်ထုတ်ခဲ့တဲ့ အာဒီဗာစီမြေယာအက်ဉပဒေကို ပယ်ဖျက်ပေးဖို တောင်းဆိုကြပါတယ်။ ဒါကို မြေယာခွန်ရှေ့နေက လက်မခံတဲ့နောက်မှာ သူတိုဟာ အဲ့လူကို ဓားစားခံအဖြစ် ဖမ်းဆီးလိုက်ကြပါတယ်။ သူတိုပြောတဲ့စကားကတော့ "ကျုပ်တိုက မတရားမှုကို စိန်ခေါပြီး ရင်ဆိုင်တိုက်ခိုက်တဲ့သူတွေပါ"တဲ့။ ဒီလူတွေဟာ ကြီးမားတဲ့တော်လှန်ရေးအတွက် ပြင်ဆင်နေကြတဲ့သူတွေပါ။ သူတိုရဲ့မြေ၊ သူတိုရဲ့တောအုပ်၊ သူတိုအိမ်ဖြစ်တဲ့ အာဒီဗာစီကို ထိပါးလာတဲ့ အစိုးရအာဏာပိုင်တွေကို ရင်ဆိုင်ပြီး မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းပြန်လည်တောင်းဆိုဖို စိုင်းပြင်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။ ဘယ်သူမှ ကိုယ်ချစ်ရတဲ့အရာတစ်ခုကို ထိလာရင် သွေးမအေးနိုင်ကြပါဘူး။ ဒါက ကိုယ်တွေရဲ့မြေပါ။ ကိုယ်တွေရဲ့ အိမ်ပါ။ ရဲရဲတောက်နေတဲ့ ဒီလိုစိတ်ထားမျိုးနဲ့ အင်အားကြီးလို လက်ဝါးကြီးအုပ်တဲ့ အစိုးရကို ဘယ်လို တော်လှန် သွားမလဲဆိုတာကို ဒီကားလေးထဲမှာ ကြည့်ရမှာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နဂိုRatingမြင့်တာအပြင် အိဒ္ဒိယနိုင်ငံရဲ့ သတင်းစာတိုက်ဖြစ်တဲ့ The Times of Indiaရဲ့ Anna Mathews ဟာ ဒီရုပ်ရှင်ကို Rating ၄/၅ အထိ ပေးထားတဲ့ ကားလေးဖြစ်ပါတယ်။ ကြည့်ပြီးရင် နောင်တမရနိုင်မယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ File size…2GB / 1GB Quality…1080p AMZ WEB DL  Malay AAC5.1CH / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Guu Guu & Honeyey & Yate

Comedy • Drama • Romance
7.4 2022 125 mins
Pada
Acharya
4.5

၂၀၂၂ မှာ အသစ်စက်စက် ထွက်ရှိထားပြီး နာမည်ကြီး မင်းသားချော ဘိုင်ရာဘာ ပါဝင် သရုပ်ဆောင်ထားတဲ့ Acharya ဆိုတဲ့ တလဲဂူး action drama ရုပ်ရှင်ဇာတ်ကားအသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါရစေ။ ဒီဇာတ်ကားလေးဟာ ၂၀၁၉ ထဲက ထွက်ရှိဖို့ ကြေငြာထားခဲ့ပေမယ့် ကိုဗစ်ရောဂါကြောင့်မလို့ ၂၀၂၂ ဧပရယ်လမှ ထွက်ရှိလာတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် ။ လွန်ခဲ့သော နှစ်ပေါင်း၈၀၀ ဝန်းကျင်ထဲက ဓမ္မစသာလီနဲ့ ပမ်မာဂတ်တမ် တို့ဟာ ဂျီဟာဗာရာရဲ့ မြစ်တစ်ဖက်တစ်ချက်ဆီမှာ တည်ရှိနေပြီး ဆစ်ဟာဗာနမ် တောအုပ်ကြီး ဝိုင်းရံထားတဲ့ ဘာသာရေးကိုင်းရှိုင်းပြီး ဓမ္မကို လက်ကိုင်ထားထားတဲ့ မြို့တွေ ဖြစ်ခဲ့ကြတယ်။ သူတို့ဟာ မယ်တော် ဂတ်တာမာကို အရမ်း ယုံကြည်သက်ဝင် ကိုးကွယ်ကြတဲ့ သူတွေပါ ။ ဒီလိုမျိုး ဓမ္မတရားကိုသာ စွဲကိုင်ပြီး အေးချမ်းစွာ တည်ရှိနေကြတဲ့မြို့လေးကို စီးပွားရေးသမားတစ်ဦးဖြစ်တဲ့ ဘာဆာဗာ ရောက်လာပြီး ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ်ကို မိုင်းတွင်းတွေ တူးဖော်ချင်နေတဲ့ ရာသော့လက်ထဲကို ထည့်ဖို့ ယုတ်မာတဲ့ နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်။ ဘာဆာဗာ ဓမ္မစသာလီကို အုပ်စိုးပြီးချိန်မှာတော့ တစ်ချိန်က ဓမ္မစသာလီရဲ့ ဂုဏ်ကျက်သရေတွေ ပျောက်ဆုံးသွားခဲ့ပြီး မြို့နှစ်မြို့ကြားမှာ ပဋိပက္ခတွေဖြစ်လာပါတော့တယ်။ အာချာရာဆိုတဲ့သူကတော့ လက်သမားယောင်ဆောင်ပြီး ဓမ္မစသာလီမြို့ကို ရောက်လာကာ ဘာဆာဗာ ရွာသားတွေအပေါ် ကျူးလွန်တဲ့ ဒုစရိုက်တွေကို တိတ်တဆိတ် ဖယ်ရှားသုတ်သင်နေတဲ့ သူပါ ။ ဓမ္မနဲ့ အဓမ္မယှဉ်ပြိုင်လာတဲ့အချိန်မှာ ဓမ္မက အနိုင်ရမှာလား အဓမ္မက ကြီးစိုးသွားမှာလား အာချာရာကရော ဘာအကြောင်းကြောင့် သူနဲ့ ဘာမှမသက်ဆိုင်တဲ့ ဓမ္မစသာလီ နဲ့ ပမ်ဒါဂတ်တမ် ရွာသားတွေကို ကူညီပေးနေရတာလဲ ဒီအကြောင်းရင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေမလဲ....ဆိုတာကို အမိုက်စား ဖိုက်တင်ခန်းတွေနဲ့ ဆက်ပြီး ကြည့်ရှုအားပေးကြပါဦးနော် File size…3.54GB /1.8GB Quality…  1080pHD RIP AAC5.1CH / 720p HDRIP Format…mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Poe ~ GuGu ~ Honeyey

Horror • Western
4.5 2022 152 mins
Acharya
Swordsman’s Romance
5.9

သိုင်းလည်းတကယ်ချမယ်၊ ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းပါမယ်၊ မင်းသားမင်းသမီးတွေလည်း အဆင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကိုညွှန်းပါရစေနော်။ သိုင်းကားဆိုပေမယ့် ပေါတောတောပြီးသွားမယ့်ကားမဟုတ်ဘူးဗျ။ ဘဝအဓိပ္ပါယ်ကို ဓါးသမားတစ်ယောက်က နားလည်သလိုရိုက်ပြထားတဲ့ပုံစံလေးပါ။ အလွယ်ပြောရရင်တော့ Comfort Zone ထဲကထွက်လာခဲ့တဲ့သိုင်းသမားအကြောင်းပေါ့…. တောင်ပိုင်းနဲ့မြောက်ပိုင်းမှာ ယဲ့အိမ်နဲ့လျောင်အိမ်ဆိုပြီး သိုင်းလောကမှာနာမည်ကြီးကြပါတယ်။ ယဲ့အိမ်ကတတိယသခင်လေး (ယဲ့ဝေ) ကတော့ မွေးရာပါပါရမီပါတာကြောင့် ခုနစ်နှစ်သားအရွယ်ကတည်းက သိုင်းကွက်ထွင်ခဲ့တဲ့သူပေါ့။ တောင်ပိုင်းမှာ နာမည်ဘယ်လောက်ကြီးလဲဆိုရင် သူ့ရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ သူရဲကောင်းလို့တောင် နာမည်တပ်ပိုင်ခွင့်မရှိပါဘူးတဲ့။ အဲ့ဒီလိုနဲ့ တောင်ပိုင်းသိုင်းပြိုင်ပွဲမှာ မြောက်ပိုင်းက လျောင်ရှီးလို့ခေါ်တဲ့သခင်မလေးနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတော့တယ်။ သူကယ်လိုက် ကိုယ်ကယ်လိုက်နဲ့ နောက်ဆုံးတော့ လည်လွန်းတဲ့ဘီးချီးပုံတက်နင်းမိတယ်ဆိုသလို ယဲ့ဝေတစ်ယောက် သိုင်းတွေအကုန်ပျက်စီးသွားပါတော့တယ်။ နာမည်ဂုဏ်သတင်းကြီးတဲ့ ယဲ့ဝေတစ်ယောက် သိုင်းတွေဆုံးရှုံးသွားတော့ ဘယ်လိုဖြတ်သန်းခဲ့ရလဲ? သူအပြစ်လုပ်ခဲ့မိတဲ့ သိုင်းလောကမိတ်ဆွေတွေကရော သူနဲ့ဘယ်လိုစာရင်းရှင်းကြမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:28:00 Type__Action, Fantasy, Romance Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt

Adventure • Animation • Comedy
5.9 2022
Swordsman’s Romance
The Lost King
6.6

The Lost King (2022) The Shape of Water မင်းသမီးကြီး Sally Hawkins ရဲ့ ဖြစ်ရပ်မှန် Historical Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်​ပေးလိုက်ပါတယ်။ IMDb 6.6/10, RT – 66% ရရှိထားတာဖြစ်ပြီး ၁၅ရာစုနှစ်တုန်းက ဗြိတိန်ဘုရင်ဖြစ်ခဲ့တဲ့ King Richard III အ​ကြောင်းကို ဖြစ်ရပ်မှန်ပေါ်အခြေတည် ဇာတ်လမ်းဆင် ရိုက်ကူးထားတာဖြစ်ပါတယ်။ အ​ပျော်တမ်းသမိုင်း​​လေ့လာသူ၊ အိမ်​ထောင်ရှင်၊ အလုပ်သမားဖြစ်တဲ့ Phillipa Langley ဟာ အထက်လူကြီးနဲ့ အဆင်မ​​ပြေမှု​တွေ​ကြောင့် အလုပ်မှာ ထိုက်သင့်တဲ့​နေရာကို မရသလို အိမ်​ထောင်​​ရေးကံလည်း မ​ကောင်းလို့ စိတ်​ထောင်းကိုယ်​ကြေ ဖြစ်​နေသူပါ။ တစ်ညမှာ​တော့ သားဖြစ်သူနဲ့ ရှိတ်စပီးယားပြဇာတ်သွားကြည့်ရင်း ပြဇာတ်မှာပါတဲ့ King Richard III အ​​ကြောင်း စိတ်ဝင်စားသွားခဲ့ပါတယ်။ King Richard III ဆိုတာ အင်္ဂလန်သမိုင်း​ကြောင်းမှာ နှယ်နှယ်ရရ မဟုတ်ဘဲ အစ်ကို​တော် Edward IV ရဲ့သား သူ့ရဲ့တူ​​တော်တွေကို လုပ်ကြံပြီး နန်းလုခဲ့သူ၊ ခါးမှာ ဘို့ကြီးနဲ့ ဆိုးရွားတဲ့ရုပ်အဆင်းရှိသူ ရက်စက်တဲ့ဘုရင်အဖြစ် သမိုင်းစာအုပ်​တွေထဲမှာ အာ​ဘော်တူတူပဲ ​ဖော်ညွှန်းထားတာပါ။ ရှိတ်စပီးယားပြဇာတ်ထဲမှာလည်း အလားတူ ပုံ​ဖော်​ရေးသားထားတာပါ။ Phillipa က အဆိုပါသမိုင်းကို​ရော ပြဇာတ်ကို​ရော အစစ်အမှန်လို့ မယုံကြည်ဘဲ Tudor မင်းဆက်ရဲ့ Richard III အ​ပေါ် ဂုဏ်သိက္ခာချတာလို့ တရား​သေစွဲမှတ်ရင်း သူနဲ့အမြင်တူတဲ့ သမိုင်း​လေ့လာသူ ဝါသနာရှင်‌တွေနဲ့ပေါင်းပြီး သမိုင်း​ကြောင်းအမှန်ကို သိ​​အောင်​လေ့လာရင်း Richard III ရဲ့ရုပ်အ​လောင်းနဲ့ပတ်သက်ပြီး တိတိကျကျသိထားတာမရှိခဲ့သလို မြုပ်နှံထားတဲ့​နေရာကိုပါ မသိလို့ Phillipa တစ်​ယောက် ရုပ်အ​လောင်းကိုရှာဖို့ စတင်ကြိုးစားပါ​တော့တယ်။ အလယ်ခေတ်နှောင်းပိုင်း၊ ရီနေးဆန့်ခေတ်အစဖြစ်ခဲ့တဲ့ ၁၅ ရာစုရဲ့ သမိုင်းဝင်ဘုရင်တစ်ပါးဖြစ်ခဲ့တဲ့ Richard III ကို ခုခေတ်ကြီးမှာ ပြန်ရှာဖွေ တူးဖော်ဖို့ဆိုတာ တကယ်ကို မလွယ်တဲ့ကိစ္စပါ။ အဲဒါကို Phillipa က တကယ်ကြီး လုပ်ပြနိုင်ခဲ့ပါတယ်။ သူ့ရဲ့ စွမ်း‌ဆောင်ခဲ့မှုအတွက်လည်း အင်္ဂလန်ဘုရင်မကြီးက သူ့ကို MBE ဘွဲ့ ချီးမြှင့်ခဲ့ပါတယ်။ အဲဒီလို အင်္ဂလန်ရဲ့ တကယ့်သမိုင်းဝင်အခိုက်အတံ့တစ်ခုကို ဖော်ထုတ်ခဲ့တဲ့အကြောင်းတွေကို ပြန်ရိုက်ကူးထားတဲ့ ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို JimX နဲ့ Htet Kyaw Myo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1GB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 48Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by JimX & Htet Kyaw Myo Encoded by Y

Crime • Drama
6.6 2022
The Lost King
Doraemon the Movie: Nobita’s Little Star Wars 2021
6.5

Doraemon the Movie: Nobita’s Little Star Wars 2021 (2022) ========================================== CM ပရိတ်သတ်ကြီးတို့ထဲမှာ ဒိုရေမွန်နဲ့ နိုဘိတကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ဘဝဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါ၊ ငယ်ဘဝဇာတ်ကောင်တွေကို ပြန်ထိတွေ့ရတဲ့အခါ ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းဇာတ်ကောင်ကို လွမ်းဆွတ်နှုန်းက ၅၀%၊ ကြည့်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ ငယ်ဘဝခံစားချက်ကို သတိရမိတာက ၅၀%ပါပဲ။ ငယ်ငယ်ကတော့ ကျောင်းဆင်းချိန်တို့၊ ကျောင်းပိတ်ရက်တို့မှာ ကြည့်ခဲ့ကြတယ်ဟုတ်။ အခုတင်ဆက်ပေးမယ့် Movie လေးရဲ့ ဇာတ်လမ်းကဒီလိုပါ။ နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်နေရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲက‌နေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေးထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီး သွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက် သင်္ဘောကြီးရောက်လာပြီး တိုက်ခိုက်တော့တာပါပဲ။ စပွိုင်းလွတ်အောင် ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာ တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phoenix Homura ဖြစ်ပါတယ်) File Size……….(1.68 GB) / (684 MB) / (421 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Phoenix Homura Encoder……….Admin X

6.5 2022 108 mins
Doraemon the Movie: Nobita’s Little Star Wars 2021
Her Hobby

Her Hobby (2023) အရိုးစွဲနေတဲ့ဓလေ့နဲ့ နိမ့်ရာကိုလှံစိုက်တတ်ကြတဲ့ လူ့သဘာဝကတော့ နေရာတိုင်းမှာရှိစမြဲပါပဲ ဒီဇာတ်လမ်းအကျဉ်းကတော့ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းပြီး ရွာကိုပြန်ရောက်လာတဲ့ ဂျောင်အင်းကို ရွာကလူတွေဟာ ရှေ့မှာပေါ်တင်တစ်မျိုး၊ နောက်ကွယ်မှာတစ်ဖုံ အမျိုးမျိုးကဲ့ရဲ့ပြောဆိုနေကြတာပါ တစ်ကောင်ကြွက်လိုဖြစ်နေတဲ့ဂျောင်အင်းကို နိုင်စားရာလိုမြင်နေကြတဲ့အတွက် ခိုကိုးရာမဲ့နေခဲ့တာပါ အဲလိုနဲ့ ရွာကိုအသစ်ပြောင်းလာတဲ့ အမျိုးသမီးတစ်ယောက်နဲ့ ခင်မင်ပြီးတဲ့နောက် ဂျောင်အင်းဟာ ခံယူချက်တွေပြောင်းလာပြီး ရွာကလူတွေကို လက်စားချေပါတော့တယ် မိန်းကလေးတွေဆို ပြောချင်ဆိုချင်ကြတဲ့လောကကြီးက ဂျောင်အင်းအတွက် ဘယ်လိုလောကကြီးဖြစ်မလဲ… ဂျောင်အင်းကရော နောက်ဆုံးမှာ ဘယ်လိုမျိုးတုံ့ပြန်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, Mystery Quality…. 1080p | 720p File size… 1.4GB | 679MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

0 2023
Her Hobby
Brother’s Keeper
7.3

တူရကီ နိုင်ငံရဲ့ အရှေ့ဘက်အစွန် ဆီနှင်းတွေထူထပ်နေတဲ့နေရာမှာ အထီးကျန်စွာတည်ရှိနေတဲ့ ယောက်ျား‌လေးဘော်ဒါကျောင်းလေးတစ်ကျောင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကလေးကို အငြိမ်လေး ရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ကျောင်းအုပ်ချုပ်သူတွေ၊ ကျောင်းဆရာတွေနဲ့ ကျောင်းသူကျောင်းသားတွေကြားက အေးစက်ပြီး ဗျုရိုကရေစီဆန်တဲ့ ဆက်ဆံရေးကို ရိုက်ပြထားပြီး ဇာတ်လမ်းတစ်လျှောက် အေးစက်စက် ခံစားချက်ကို ခံစားရ‌စေမှာပါ။ ဒါရိုက်တာ Ferit Karahan က သူ့ရဲ့ မသာယာတဲ့အတွေ့အကြုံတွေကိုထည့်သွင်းရိုက်ထားတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ မယ်မတ်ဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ဟာ သေလုမျောပါးနေမကောင်းဖြစ်ခဲ့ပါတယ်။ သူ့သူငယ်ချင်း ယူဆုဖ်က သူ့ကိုပြုစုစောင့်ရှောက်ရင်းနဲ့ ကျောင်းအုပ်ကြီးအပါအဝင် ဆရာတွေကိုအသိပေးခဲ့ပါတယ်။ ကျောင်းအုပ်ကြီးက အကြောင်းအရင်းကို မေးမြန်းစုံစမ်းတဲ့အခါ ကလေးဟာ အပြစ်ပေးခံရလို့ ဒီလိုဖြစ်သွားတာဖြစ်ကြောင်း သိသွားခဲ့ပါတယ်။ ဘာလို့ အပြစ်ပေးခံရတာလဲ၊ ပါဝင်ပတ်သက်သူတွေက ဘယ်သူလဲ၊ ဘယ်လိုတာဝန်ယူဆောင်ရွက်ကြမလဲ ဆိုတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca

Comedy • Science Fiction
7.3 2021
Brother’s Keeper
Stress Positions
5.5

ဒီတစ်ခေါက်မှာတော့ရယ်လည်းရယ်ရ ခေါင်းလည်းစားရ အဓိပ္ပာယ်အနှစ်သာရလေးတွေလည်းပါတဲ့ LGBT တွေရဲ့ ဘ၀ကိုပုံစံတစ်မျိုးတစ်ဖုံထူးထူးခြားခြားလေးရိုက်ကူး တင်ဆက်ထားတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Stress Positions ဖြစ်ပြီး LGBT ဒရာမာ ဟာသအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ တယ်ရီနဲ့ခါလာဆိုတဲ့ သူငယ်ချင်းနှစ်ယောက်က အဓိကအနေနဲ့ပါဝင်ထားပြီး တယ်ရီကသာမန် Gay ခါလာကတော့ လိင်ပြောင်းထားတဲ့ Transgender ပဲဖြစ်ပါတယ်။တယ်ရီက မကြာသေးခင်ကမှ ယောက်ျားဖြစ်သူနဲ့ကွာရှင်းထားတာဖြစ်ပြီး လက်ရှိမှာတော့ပိုက်ဆံအပြင်အလုပ်အကိုင်ပါမယ်မယ်ရရမရှိတဲ့ အတွက် ယောက်ျားဖြစ်သူရဲ့ ဂေးပါတီတွေလုပ်တဲ့ ပါတီအိမ်လို့ ခေါ်တဲ့အိမ်ကြီးထဲမှာ နေနေရတာပဲဖြစ်ပါတယ်။အဲ့ဒါအပြင် မတော်တဆမှုတစ်ခုဖြစ်ပြီး ခြေထောက်ကျိုးထားတဲ့ သူ့ရဲ့ တူဖြစ်သူမော်ဒယ်လေးကိုပါ အိမ်ပေါ်ခေါ်တင်ပြီး ပြုစုပေးနေရတဲ့ အတွက် တယ်ရီ့ဘ၀ကတော့ လွယ်ကူတယ်လို့တော့မဟုတ်ပါဘူး။ သူက ကိုဗစ်ကိုအရမ်းစိတ်ပူတတ်တဲ့သူဖြစ်ပြီး သူငယ်ချင်း အကြောင်းကိုသိနေလို့ သူ့တူအဆင်လေးနဲ့တောင်တစ်ခါမှ တောင်ပေးမတွေ့ပါဘူး။ဒါပေမယ့်လည်း နောက်ပိုင်းမှာ တွေ့ဖြစ်အောင်တွေ့သွားကြပြီး သူတို့သူငယ်ချင်းတွေ ကြားထဲက စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ LGBT တွေရဲ့ဘ၀တွေကခက်ခဲပုံတွေအကြောင်း ပွင့်ချိန်တန်ရင်တော့ ပွင့်သင့်ကြောင်းတွေကို ဟာသလေးတွေနဲ့နှောပြီး တင်ဆက်သွားမဲ့ ဇာတ်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…2.06GB / 806MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 95 mins
Stress Positions
Wheelman
6.4

လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix က Thriller ကားကောင်းလေးပါ။ ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့ လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။ တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာ သူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့ လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေ ကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီ ကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကို ကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကို ထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ် ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေ လုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့ အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ် အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိက ကားထဲက ဓာတ်လှေကားမှာ ယှဉ်ထိုးတဲ့ဘဲဖြစ်ပြီး နောက်ကျ Crossbone ဆိုပြီး ဖြစ်သွားတဲ့ Frank Grillo ပဲ ဖြစ်ပါတယ်။ Rating ကလည်း 6.4 ရရှိထားတာမို့ ပေါကားမဟုတ်တာတော့ အသေအချာပါပဲ။ File size…957MB / 451MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 22m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

6.4 2017
Wheelman
Doomsday
6

Doomsday (2008) IMDb Rating (5.9) / Rotten Tomatoes (50%) အကောင်းအဆိုးဒွန်တွဲမှုတွေရှိနေပေမယ့် Action/Sci-Fi တွေထဲတော့ ဒီရုပ်ရှင်ကားက မှတ်မိစရာဇာတ်ကားတစ်ကားပါပဲ။ Mad max တို့၊ Escape from New York နဲ့ 28 days later တို့လို ဂန္ထဝင်ဇာတ်ကားကြီးတွေကို မှီငြမ်းအတုယူ၊ အနာဂတ်စစ်သားနဲ့ အလယ်ခေတ် မြင်းစီးချပ်ဝတ်စ်သည်တော်နဲ့ ယှဉ်ပြိုင်တယ်ဆိုတဲ့ စိတ်ကူးကို တစ်စိတ်တစ်ပိုင်း အကောင်အထည်ဖော်၊ ဒါရိုက်တာကြီးကို သူ့ရဲ့အရင် ဇာတ်ကားနှစ်ကားမှာရခဲ့တဲ့ ရုပ်ရှင်ရိုက်ကူးရေးဘက်ဂျက်တွေရဲ့ သုံးဆအထိ ထုတ်ပေးပြီး အားပါးတရ ရိုက်ကူးခိုင်းလိုက်တဲ့အခါ rating တွေထိုးကျ၊ ခရမ်းချဉ်သီးပုပ်တွေ ဟိုတစ ဒီတစနဲ့ ရုံတင်ဝင်ငွေ အရှုံးပေါ်သွားတဲ့ Hollywood Bomb သောက်တလွဲကားကြီး ဖြစ်လာပါတော့တယ်။ စိတ်မပျက်ပါနဲ့ လူကြီးမင်း။ ဘာမှ မခိုင်မာ၊ ယုတ္တိမရှိတဲ့ဇာတ်အိမ်၊ မခိုင်မာ မပြောင်မြောက်တဲ့ ဇာတ်ကောင်စရိုက် ဖော်ကျူးမှု၊ ဟိုမရောက် ဒီမရောက်၊ ဘာကိုကြည့်ရမယ်မှန်းမသိတဲ့ တည်းဖြတ်မှု၊ မလိုအပ်ဘဲ သွေးသံရဲရဲလုပ်ပြနေတာတွေကြောင့် ပျစ်ပျစ်နှစ်နှစ် ဝေဖန်ခံရတဲ့ ဇာတ်ကားလည်း ဖြစ်နေပါသေးတယ်။ ချီးကျူးခံရတဲ့ အရာလေးတွေလည်း ရှိပါသေးတယ်။ ဥပမာ သရုပ်ဆောင်ရွေးချယ်ရေးက အံဝင်ခွင်ကျဖြစ်တာ၊ ဇာတ်ကြောင်းကို အစဉ်လိုက် လှလှပပ ပြနိုင်တာ၊ မှီငြမ်းထားတဲ့ ဇာတ်ကားတွေကို လွမ်းမောဖွယ်လုပ်ပြနိုင်တာ ဘာညာတွေမှာလည်း မဆိုးဘူး ဂွတ်တယ် အပြောခံရပါသတဲ့။ ဇာတ်လမ်းအတွက် စိတ်ကူးကတော့ သိပ်ကိုလှပပြီး ဆန်းကြယ်တာကိုတော့ ဝန်ခံရမယ်ဗျ။ လူသတ်ဗိုင်းရက်စ်ရောဂါပိုး ပြန့်ပွားလာတဲ့ကမ္ဘာမှာ survive လုပ်ရတဲ့ survival ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမဲ့ ရှေးက နောင်တော်ဇာတ်ကားကြီးတွေမှာ ရောဂါမဖြစ်တဲ့သူက တံတိုင်းတွေနောက်မှာ ပုန်းအောင်းကြရတာပါ။ ဒါပေမဲ့ ဒီဇာတ်ကားမှာတော့ စဖြစ်တဲ့ zero patients တွေကို တံတိုင်းထဲတည့်ပိတ်ပြီး သေပါစေပစ်ထားလိုက်တဲ့ မဟာကရုဏာရှင်တွေအကြောင်းဖြစ်လို့ မတူတဲ့စိတ်ကူးတော့ ဖြစ်နေပါပြီ။ နောက်ပြီး အန္တရာယ်မြေဖြစ်သွားတဲ့ စကော့တလန်မှာ တံတိုင်းခတ်ခံရပြီး အစွန့်ပစ်ခံလိုက်ရတဲ့ ရှင်သန်ကျန်ရစ်သူတွေမှာ အဖွဲ့နှစ်ဖွဲ့ ကွဲသွားပါတယ်။ မရောက်ဒါး လို့ခေါ်တဲ့ လှည့်လည်ကျက်စား သားရဲများ အဖွဲ့ကတစ်ဖွဲ့။ အလယ်ခေတ် သံချပ်ဝတ်မြင်းစီးစစ်သည်တော်တွေကတစ်ဖွဲ့။ သိပ္ပံခေတ်မှာ လေးမြားဓားလှံတွေနဲ့ လူရာဝင်နေကြသူတွေပေါ့။ တံတိုင်းပြင်ပ ရောဂါမဖြစ်သူတို့မြေမှာ သေမင်းတမန်‌ဗိုင်းရက်စ်က ခေါင်းပြန်ထောင်လာတော့ တံတိုင်းတွင်းက သေရမယ့်လူတွေ မသေတဲ့အဖြစ်ကို သူတို့စိတ်ဝင်စားသွားတယ်။ ‌ဗိုင်းရက်စ်ပေါက်ဖွားဖို့ သိပ်ကောင်းတဲ့ ရေမြေဖြစ်ပြီး ဖင်ချင်းပေါက် ကြပ်ညပ်နေတဲ့ နေရာကျဉ်းကျဉ်း တံတိုင်းထဲမှာ ဒီလူတွေ မသေတာ ကုသနည်းရှိလို့ပဲဆိုပြီး အလန်းစား အမိုက်စား သောက်ကြမ်းကြီး အထူးတပ်ဖွဲ့ဝင် အမျိုးသမီးကို အဖွဲ့တစ်ဖွဲ့ဦးဆောင်စေပြီး တံတိုင်းထဲကို လွှတ်လိုက်တာက ဇာတ်လမ်းစပါတယ်။ ဒီတော့ တံတိုင်းပြင်ပက သူတို့ကိုသေပါစေ ပစ်ထားခဲ့သူတွေအပေါ် တံတိုင်းတွင်းကလူတွေ ဘယ်လိုသဘောထားမလဲ စိတ်ကူးကြည့်ပေါ့။ ဒီလက်တစ်ဆုပ်စာအဖွဲ့လေးက ရှင်သန်သူ နှစ်ဖွဲ့ကြားမှာ သွေးသံရဲရဲသေကုန်တာကလည်း ‌ကြည့်လို့ကောင်းတဲ့ဇာတ်ကွက်တွေပါပဲ။ စားစရာ ရိက္ခာပြတ်လို့ လူသားအချင်းချင်း ပြန်စားနေရပါတယ်ဆိုတဲ့ တံတိုင်းအတွင်းမှာ နွားမအုပ်ကြီးကြားက မင်းသမီးတို့အဖွဲ့ ဖြတ်လာတဲ့အခန်းကိုကြည့်ရတော့ ကိုယ်ပဲဉာဏ်မမီတာလား မပြောတတ်တော့ဘူး။ ရှင်သန်သူတွေက အမဲသားမစားကြတဲ့သူတွေမလို့ဖြစ်မှာပါလေ။ လျှပ်စစ်စွမ်းအင် မရှိတော့လို့ အလယ်ခေတ် မြင်းစီးစစ်သည်တိုင်းပြည်ထူထောင်ကြသူတွေနားက စစ်စခန်းတစ်ခုမှာ အရံမီးစက်တွေ၊ လောင်စာတွေအပြည့်ရှိနေတာ။ သေတ္တာကြီးထဲက ကားအကောင်းစားတစ်စင်းထုတ်ယူလာပြီး ဆီအပြည့်ထည့် မောင်းထွက်သွားတဲ့ မင်းသမီးတို့အဖွဲ့ကိုတွေ့ရတော့ ဟိုရှင်သန်သူအဖွဲ့က လိုအပ်ရင်သုံးမလို့ ဥထားတာပါလို့ပဲ တွေးမိပါတယ်။ ဒါပေမဲ့ နှစ်အစိတ်လောက်သက်တမ်းရှိတဲ့ဓာတ်ဆီက ကားထဲထည့်မောင်းလို့ရသေးတယ်ဗျ။ တော်တော်ကောင်းတဲ့ ဓာတ်ဆီတွေပါဗျာ။ အင်္ဂလန်ထုတ် ဖြစ်နေလို့နဲ့တူပါရဲ့။ ဒါပေမဲ့ ဒီအချက်တွေကို ဇာတ်ကားကို ဇာတ်ကားလိုပဲကြည့်ဟဲ့ဆိုပြီး သည်းခံလိုက်ရင်တော့ CGI အမိုက်စား၊ သရုပ်ဆောင်ကောင်းကောင်း၊ အရင်က ဂန္တဝင်ဇာတ်ကားကြီးတွေရဲ့ အငွေ့အသက်တွေ၊ အလန်းစား ဖိုက်တင်ကတ်တွေနဲ့ ရင်ကိုထိတဲ့ဇာတ်ကားဖြစ်ပါကြောင်း။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

6 2008
Doomsday
My Dead Friend Zoe

IMDB Rating 7.2 / 10 အာဖဂန်နစ္စတန်စစ်ပြန် အမျိုးသမီးရဲဘော်ဖြစ်တဲ့ မဲရစ်ဟာ စစ်ပွဲရဲ့အနိဌာရုံတွေ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း PDST ဆိုတဲ့ နှောင်းပိုင်းစိတ်ဒဏ်ရာကို ခံစားနေရပါတယ်။ သူမဟာ ဂိုဒေါင်တစ်ခုမှာ အလုပ်ဝင်လုပ်နေပြီးတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အသက်အန္တရာယ်ထိခိုက်လုနီးပါး ဖြစ်အောင်လုပ်မိခဲ့တဲ့အတွက် တရားရုံးက အပြစ်ဒဏ်မချမှတ်ခင် အခွင့်အရေးပေးတဲ့အနေနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့အစည်းရဲ့ အပတ်စဉ် စိတ်ကုထုံး စကားဝိုင်းကို သွားတက်ရောက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားလူတွေရဲ့ စိတ်ဒဏ်ရာနဲ့ မတူတာက မဲရစ်က စစ်ပွဲမှာ စစ်မှုအတူထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ သူအခင်ရဆုံး အမျိုးသမီးရဲဘော် ဇိုဝီကို မြင်နေရတာပါ။ အဲအချိန်မှာ မဲရစ်ရဲ့အဖိုးဖြစ်သူက အတိတ်မေ့ရောဂါ အစောပိုင်းအဆင့်ကို ခံစားရပြီး အသိစိတ်လွတ်ကာ ထွက်,ထွက်သွားတာကို သူမအမေဆီက သိလိုက်ရပြီးတော့ သူမဟာ သူ့အဖိုး စစ်ပြန်ကိုလည်း ဘိုးဘွားစောင့်ရှောက်ရေးစင်တာကို သွားပို့ပေးရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ သူမဟာ သူ့အဖိုးကို ချက်ချင်း ဘိုးဘွားစင်တာကို မပို့နိုင်သေးပဲ သူနဲ့ ရက်ပိုင်းလောက် အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ မဲရစ်က အတိတ်မေ့ဝေဒနာ ခံစားနေရတဲ့သူ့အဖိုးရယ်၊ စိတ်ဒဏ်ရာကြောင့်ပဲလား တကယ့်ဝိဉာည်ပဲလားမသိပေမဲ့ မြင်မြင်နေရတဲ့ သူ့သူငယ်ချင်း ဇိုဝီရယ်နဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ၊ သူမကရော စိတ်ဒဏ်ရာကို ကျော်လွှားနိုင်ပြီး လူ့အဖွဲ့အစည်းမှာ ပြန်ဝင်ဆံ့နိုင်ပါ့မလားဆိုတာကို ဆွတ်ပျံ့ဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(796 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Act Molemy, Matteo

Drama • Comedy
0 2024
My Dead Friend Zoe