YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mon.Mon.Mon.Monsters.2017.1080p.BluRay {CM}.mp4

1.6 GB N/A video/mp4 55 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Plebs: Soldiers of Rome
5.7

~ IMDb rating - 6.5/10 ~ ဒီကားကို ညွှန်းရမယ်ဆိုရင်တော့... - ရယ်ရမယ် - ရယ်ရမယ် - ရယ်ရမယ်ဆိုတဲ့ သူငယ်ချင်းသံယောဇဉ် အခြေတည်တဲ့ ရောမခေတ်နောက်ခံ စစ်ထွက်ကားလေးပေါ့။ တစ်ရံရောအခါက ရောမမှာ စစ်ပြန်သူရဲကောင်းတွေကို စားသောက်ဆိုင်တွေမှာ အခမဲ့စားသောက်ခွင့်ပေးဖို့ အမိန့်ထုတ်လိုက်ပါသတဲ့...။ ဒါကို မခံမရပ်နိုင်တဲ့ ဇာတ်လိုက်ကျော် စားသောက်ဆိုင်ပိုင်ရှင်လေးဟာ အဲဒီအမိန့်ကို ကလန်ကဆန်ပြုမိလို့ သူတို့ဆိုင်ဟာ လုံးလုံးပျက်စီးသွားပါတော့တယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ အမိန့်စာအကပ်ခံရတဲ့ အိုးအိမ်တွေကို စစ်ပြန်တွေဆီ ရောင်းရမယ်ဆိုတဲ့ အမိန့်ကြောင့် အိမ်ရှင်ကပါ သူ့ကို အိမ်ပေါ်ကနှင်ချလိုက်တဲ့အခါမှာတော့… သူရဲကောင်းတွေကို အပစားပေးပြီး စစ်သားတွေဟာ ရေပေါ်ဆီလိုဖြစ်နေတဲ့ ကာလမှာ စစ်ပွဲတွေအပြီးတိုင်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးကာလဆီ ဦးတည်ဖို့ အမိန့်တစ်ရပ်ထုတ်ပြန်လိုက်တဲ့အခါမှာတော့ ဇာတ်လိုက်ကျော်နဲ့ သူငယ်ချင်းတစ်စုဟာ တပ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့။ ကဲ… စစ်ပွဲတွေကော အပြီးတိုင်ရပ်နားရဲ့လား စစ်ပွဲတွေက ရပ်နားလို့ရော ရရဲ့လား..။ ဟာသကားပါနော် ဟာသကား။ ဒေါင်းလို့ကြည့်ရှုကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 830MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 26Min Genre - Adventure, Comedy, War Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Action • Science Fiction • Thriller
5.7 2022 86 mins
Plebs: Soldiers of Rome
The Place
7

မြို့တမြို့ရဲ့ လမ်းထောင့်လေးတနေရာမှာ “the place” ဆိုတဲ့စားသောက်ဆိုင်လေးတခုရှိတယ်။ ဒီဆိုင်ရဲ့ထောင့် စားပွဲခုံလေးတခုမှာအမြဲထိုင်နေတတ်တာကအမည်မသိ တဲ့လူတယောက်။သင်လိုချင်တဲ့အရာဘာပဲဖြစ်ဖြစ်ကို သူကရအောင်လုပ်ပေးနိုင်သလိုအပေးအယူအနေနဲ့ သူပြန်လို ချင်တာကတော့ သူခိုင်းတဲ့မဖြစ်နိုင်တဲ့တာ၀န်တွေကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြီးမြောက်အောင်လုပ်ပြီး သူ့ကိုအသေး စိတ်ပြန်ပြောပြပေးဖို့ပဲ။သူ့သတင်းကြားပြီး သူ့ဆီကိုလာကြတဲ့ တဦးတယောက်ချင်းဆီတိုင်းမှာကလည်း မတူညီတဲ့ ဘ၀ဇာတ်လမ်း တွေ တောင်းဆိုမှုတွေရှိကြသလို ပြန်လုပ်ပေးကြရမယ့် တာ၀န်တွေ ကလည်းကွဲပြားကြတယ်။ ဥပမာပြောရရင် ရဲတယောက်ကို လုယက်မှုတခုအတွက်သူ့ရဲ့အကူ အညီလိုချင်ရင် လူတယောက်ကိုလက်ကိုင်တုတ်နဲ့ သေလုနီးပါး ရိုက်ခိုင်းတာမျိုး။ ကလေးအဖေတယောက်ကို သူ့ကလေးအသက် ရှင်စေချင်ရင် တခြားကလေးတယောက်ကိုလက်စ‌ဖျောက်ခိုင်း တာမျိုး။ ဒီလိုနဲ့ပဲ သူ့ဆီကိုလူအမျိုးမျိုးလာကြတယ် သူခိုင်းတဲ့ တာ၀န်တွေကို နည်းအမျိုးမျိုးနဲ့လုပ်နိုင်အောင်ကြိုးစားကြတယ်။ ဒါပေမယ့် ဒီလူကြီးရဲ့ မှတ်စုစာအုပ်ပေါ်ရေးနေရင်းသူတို့ကို တီဗီဖန်သားပြင်ပေါ်က ဇာတ်လမ်းတခုလို ဖန်တီးမှုတွေ ရုပ်သေး ရုပ်လိုကြိုးဆွဲခိုင်းစေမှုတွေကြားမှာ သူတို့ဘယ်လိုအကြောင်းအရာ တွေကိုသိလာကြမှာလဲ။ နောက်ဆုံးမှာတော့ သူတို့ရဲ့တာ၀န်တွေပြီး ဆုံးပြီးလိုအင်ဆန္ဒတွေပြည့်၀သွားကြရမလား ကျရှုံးပြီး လက်လွှတ်’ လိုက်ရမလားဆိုတာကို The placeဆိုတဲ့ အီတလီ သည်းထိတ်ရင်ဖို ဒရာမာကားလေးမှာရှုစားပေးကြပါဦး။ File size…1.58 GB / 453MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Thriller
7 2017 102 mins
The Place
Beyond the Edge
5.5

မိုက်ကယ်ဆိုတဲ့ လူတစ်ယောက်ကသူများတွေမသိအောင် အကွက်တွေရွှေ့ပြီး လိမ်လည်လှည့်ဖျားပြီး ပိုက်ဆံတွေရအောင်လုပ်နေတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလဲ ကာစီနိုတစ်ခုဆီက ပိုက်ဆံအများကြီးရဖို့အတွက် အဲ့ဒီကာစီနိုမှာ အလုပ်သမား အနေနဲ့သုံးလလောက်ဝင်လုပ်ခဲ့ပြီး အချိန်ကျလာတဲ့အခါမှာတော့ သူ့ရဲ့မဟာအစီအစဉ် ကြီးကို အကောင်အထည်ဖော်ခဲ့ပါတော့တယ်။ အားလုံးအဆင်ပြေ ချောမွေ့နေပြီး နောက်ဆုံးကျမှပဲ ပါးစပ်နားရောက်နေတဲ့ ထမင်းလုတ်ပုတ်ချခံရသလို သူ့ပိုက်ဆံတွေ အားလုံးလဲ တခြားသူတစ်ယောက်ဆီပါသွားပါတော့တယ်။အဲ့ဒီအပြင်ကိုမှ သူ့အကြောင်းကို သိသွားတဲ့ ကာစီနိုပိုင်ရှင်ကလဲ နရင်းတွေအုပ်ပြီးတော့ သူဆုံးရှုံးခဲ့ရတဲ့ပိုက်ဆံ ငါးသန်းကို တစ်ပတ်အတွင်းပြန်တောင်းပါတော့တယ်။ ဒီလိုနဲ့ အစီအစဉ်တွေသေချာချပြီး လုပ်ခဲ့တဲ့ မိုက်ကယ်တစ်ယောက် သူဘယ်လို သူများလှည့်စားတာခံလိုက်ရတာလဲဆိုတာကို စုံစမ်းကြည့်တဲ့အခါမှာတော့ သွေးရိုးသားရိုးမဟုတ်ပဲ သဘာဝလွန်စွမ်းအားတွေကြောင့် ဆိုတာကိုသိခဲ့ရပါတယ်။ဒီလိုနဲ့မိုက်ကယ်လဲ တစ်ပတ်အတွင်းသူပြန်ပေးရမဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် အဲ့လိုမျိုးသဘာဝလွန်စွမ်းအားတွေရှိတဲ့ လူတွေနဲ့ပေါင်းပြီး အဖွဲ့တစ်ခု ဖွဲ့လိုက်ပြီး ပိုက်ဆံတွေကိုပြန်ရအောင်ကြိုးစားတဲ့ပုံကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.76GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 51m Genre ….. Action , Adventure , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Comedy • Horror • Fantasy
5.5 2018
Beyond the Edge
Crescent Gang
6.2

CM ပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ရသတစ်မျိုးလေးပေးစွမ်းမယ့် Crescent Gangဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကျဉ်းကိုပြောပြရမယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေရဲ့ ဥပ‌ဒေအရ ကလေးငယ်တွေရဲ့ အဖေအမေ‌တွေ သေဆုံးသွားတဲ့အခါ ကျန်တဲ့အဖိုးအဖွား ဆွေမျိုးတွေကစောင့်ရှောက်‌ဖို့ မသင့်တော်ဘူးဆိုရင် မြို့နယ်တရားရုံးကနေ အဲ့ကလေးတွေကို စောင့်ရှောက်ရေးအိမ်တွေ ဂေဟာတွေကိုပို့ပေးလေ့ရှိပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ကလေးတွေကလည်း အဲ့လိုစောင့်ရှောက်ရေးအိမ်မှာ နေနေကြတဲ့ကလေးတွေပေါ့။ တစ်နေ့မှာ Crescent လမ်းက ကလေးစောင့်ရှောက်ရေး အိမ်ကို လစ်ဘာတီဆိုတဲ့ကောင်မလေးတစ်ယောက်အသစ်ရောက်လာပါတယ်။ သူရောက်လာပြီးမကြာဘူး အိမ်ပိုင်ရှင်ကအိမ်ကိုရောင်းထုတ်လိုက်လို့ အဲ့မှာရှိတဲ့ ကလေးတွေအကုန်တကွဲတပြားဖြစ်ကုန်တော့မယ့် အ‌ခြေအနေကိုရောက်လို့လာပါ တော့တယ်။ လစ်ဘာတီက အိမ်သန့်ရှင်းရေးလုပ်ရင်း လွန်ခဲ့တဲ့ 25 နှစ်ကျော်လောက်က အဲ့အိမ်မှာနေခဲ့တဲ့ ကရီနာဆိုတဲ့ကောင်မလေးရေးထားတဲ့စာကိုရှာတွေ့သွားပြီး သူတို့ကလေးတစ်သိုက် စာထဲမှာရေးထားတဲ့အတိုင်း ကရီနာကိုလိုက်ရှာပါတော့တယ်။ ဒီကလေးတစ်သိုက် ကရီနာကိုရှာတွေ့သွားမှာလား အိမ်ပြောင်းပြီးတကွဲတပြားတွေဖြစ်ကုန် ကြမှာလား ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးလေးခံစားကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.41GB / 609MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 22m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror
6.2 2023 82 mins
Crescent Gang
Raatchasi
7.4

ဂီသာရာနီဆိုတဲ့ ဆရာမဟာ ဘယ်လိုတော်ကြောင်း ဘယ်လိုထက်ကြောင်း ဘယ်လိုရဲရင့်ကြောင်းဆိုတာကြားဖူးကြမှာပါ..ဟုတ်ပါတယ် ဒီရုပ်ရှင်က သူမရဲ့ဇာတ်ကားပါပဲ။ ပညာရေးမှာ ပြစ်ချက်တစ်ခုရှိလာရင် အကြောင်းပြချက်က မလုံလောက်တဲ့ ဆရာ/မ အင်အားနဲ့ စနစ်ဆိုး.. ဒါတွေဟာ လက်ညှိုးထိုးပြစရာ။ ဘယ်အစိုးရမှ လောက်ငှတဲ့ ငွေပမာဏမပေးမထားတော့ ဝန်ထမ်းတွေလည်း အပြင်စီးပွားရှာတယ်။ အထက်လူကြီးတွေက အာဏာရပါတီကဆိုပြီး မြို့တိုင်းမှာ ပါတီအလံလွှင့်ထူဖို့လောက် ကျောင်းတွေမှာ လစ်လပ်နေတာကို သူတို့ စိတ်မဝင်စားဘူး။ မဲဆွယ်တုန်းခဏပဲ ပြည်သူကို ကြည့်ကြတာပါ။ အဲ့ဒီလို မြို့မျိုးမှာဆို လူသတ်မှုလည်း ထွန်းကားတယ်ဗျ။ ဒီကျောင်းက ထူးဆန်းတယ်။ ကျောင်းမှာ ရာထူးအကြီးဆုံးက ဘဲကြီးက နှာဘူးထတယ်။ ဆရာမတွေကို ရိုသေလေးစားမှုမရှိ။ ကျောင်း အထွေထွေလုပ်သားတွေက အစ လက်မှတ်ထိုးပြီး အိမ်ပြန်စီးပွားလုပ်တယ်။ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အနာဂတ်ထက် ပါးပေါ်က မိတ်ကပ်မပျက်ဖို့ ပိုဂရုစိုက်တယ်။ ကလေးတွေရဲ့ စာဖတ်သံထက် နားထောင်နေတဲ့ နားကြပ်က သီချင်းသံကို ပိုကြားရဖို့ အာရုံစိုက်တယ်။ ဆရာတွေက အရည်အချင်းမရှိဘဲ သင်ပြနေသူတွေ။ ခေတ်နောက်ကျန်ခဲ့ပြီး ခေတ်သစ်ပညာရေးနဲ့အလှမ်းဝေးနေသူတွေ။ ရာထူးတိုးဖို့ လစာတိုးဖို့ပဲ အာရုံစိုက်ပြီး ကိုယ်ကိုယ်တိုင် မသိတဲ့ စာတွေကို ကလေးတွေရှေ့ ဖြီးဖြန်းတယ်။ သင်္ချာဆရာက သင်္ချာရဲ့ အကျိုးကျေးဇူးကို မသိ။ သမိုင်းဆရာက သူပြောမှ သမိုင်းတွေ အသစ်ပေါ်လာ။ ဓာတုဗေဒဆရာက လက်တွေ့ခန်းမမြင်ဖူး။ အင်္ဂလိပ်ဆရာက ကိုယ်ကိုယ်တိုင် အင်္ဂလိပ်လိုမပြောတတ်။ ရာထူးနောက်ကို လိုက်ပြီး အရည်အချင်းမပြည့်ဝတဲ့ ဒီလို ဆရာတွေ။ “ကျောင်းသားတွေကို စာမေးပွဲနဲ့ အမှတ်ပေး အရည်အချင်းစစ်၊အတန်းတင်ပေးကြပေမဲ့ ဘယ်ဆရာ/မကိုမှ အရည်အချင်းစစ်တာမျိုးမှ မရှိဘဲ ” ကာယဆရာကတော့ ဗိုက်ရွှဲရွှဲနဲ့။ သူ့ပုံစံက အချိန်ပြည့် နားနေခန်းမှာ စားသောက်ဇိမ်ယစ်လွန်းလို့ ဝပြဲနေတဲ့ပုံနဲ့။ ကျောင်းပတ်ဝန်းကျင် အိမ်တွေက ကျောင်းခြံထဲကို အမှိုက်ပစ်ချတယ်။ ကျောင်းအနီးမှာ ဆေးလိပ်ကွမ်းယာ ရောင်းနေကြတာလည်း ရှိတယ်။ ခြံစည်းရိုးအအပြင်ဘက် ခိုးထွက်နေတဲ့ ကလေးတွေကို တားဆီးမယ့်သူ မရှိ။ ဒီလို ကျောင်းဆိုးမျိုး…. အဲ့လိုစနစ်ပျက်နေတဲ့ ခပ်ဆိုးဆိုး ကျောင်းကို… ခုတော့ ‘သူမ’ ရောက်လာခဲ့ပါပြီ။ ကျောင်းကို သူမ ဘယ်လို စီမံမလဲ။ ဒီကျောင်းရဲ့ပညာရေးကို ဘယ်လို ကောင်းမွန်အောင် လုပ်မလဲ။ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ သူက ဘာလို့ ဒီကျောင်းကိုမှ ရွေးချယ်ခဲ့လဲ ဆိုတာကို စိတ်ဝင်တစား ကြည့်စေမိမှာပါ။ ———————————————– ဒီဇာတ်ကားဟာ ပညာရေးလောကသားတွေ၊ ဆရာ/မတွေတင် မဟုတ်ဘဲ အားလုံး ကြည့်သင့်တယ်လို့ထင်ပါတယ်။ ပညာရေးနယ်ပယ်ထဲ အဆိုးဆုံးတွေကို တွန်းလှန်တဲ့ မိန်းမတစ်ယောက်ရဲ့ ပညာရေးဦးစားပေး ဇာတ်ကားတစ်ကားပါ။ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ပညာရေးစနစ်ကို လည်ပြန်ကြည့်မိရင်ပဲဖြစ်ဖြစ်၊ ရသတစ်ခုခု ရစေရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ တင်ပေးရကျိုးနပ်ပါပြီ။ ကျွန်တော် ဒီဇာတ်ကားကို ကြည့်ပြီးချိန်မှာ ကိုယ်ဟာ ကျောင်းဆရာတစ်ယောက်ဖြစ်ပေမဲ့ ကျောင်းဆရာ အရည်အချင်း ရှိရဲ့လားဆိုပြီး မေးမိပါတယ်။ ေတာ်တော်လေးတောင် ရှက်မိပါတယ်။ (မှတ်ချက်- အထက်ပါ ရေးသားချက်များသည် ဇာတ်လမ်းတွင်းမှ အဖြစ်အပျက်များ ဖြစ်ပြီး မည်သည့်ဌာန၊မည်သည့်အဖွဲ့အစည်းကိုမှ မထိခိုက်စေလိုပါ) (ရုပ်ရှင်အညွှန်းနဲ့ မြန်မာမှု ပြုထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူတို့ ညီအစ်ကိုဖြစ်ပါတယ်။)

7.4 2019 153 mins
Raatchasi
Bad Lands
6.2

Bad Land (2023) ရုပ်ရှင်ကားဟာ ဒီတလောကမှ ထွက်ရှိထားတဲ့ ဂျပန် Crime Thriller ရုပ်ရှင်ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ ဂျပန်တွေက သိတဲ့အတိုင်း တစ်ခုခုဆို ခံစားချက်ပြင်းပြင်းနဲ့ ရိုက်ပြ တတ်တဲ့သူတွေဖို့ ဒီလိုဇာတ်ကားတွေက အရမ်းကြည့်ကောင်းနေမှာ အသေအချာပါပဲ။ ဇာတ်လမ်းကျောရိုးလေးကတော့ Neri နဲ့ Jo တို့ အမေတူအဖေကွဲ မောင်နှမ ၂ ယောက်ရဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ Neri ဟာ လက်ရှိ အချိန်မှာ အိုဆာကာမြို့က အသက်ကြီးသူတွေကို ပစ်မှတ်ထားလိမ်လည်တဲ့ လူလိမ်ဂိုဏ်းတစ်ခုမှာ အလုပ်လုပ်နေပြီး သူ့မောင် ဖြစ်တဲ့ Jo ကတော့ ထောင်ကထွက်လာတာ မကြာသေးပါဘူး။ အစ်မဖြစ်သူက မောင်ဖြစ်သူကို သူ့အလုပ်ထဲ ဆွဲခေါ်ရင်း ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲ ဘယ်လို ကံကြမ္မာမျိုး ဒီမောင်နှမ ၂ ယောက် ရင်ဆိုင်ရမလဲ။ ဒီလိုအခြေအနေတွေ ဖြစ်လာစေဖို့ အတိတ်က ဘယ်လိုဖြစ်ရပ်တွေ ရှိခဲ့ကြလဲ ၂ ယောက်သား စတာတွေကို ၂ နာရီကျော်ကြာပေမဲ့ ခဏလေးလို့ ခံစားစေရလောက်အောင် ကောင်းတဲ့ဇာတ်ကားထဲမှာ ကြည့်ရှုရမှာ ဖြစ်လို့ Japan ကားကြိုက်သူတွေ crime ကောင်းကောင်းကြိုက်သူတွေ လုံးဝကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားဖြစ်ပါတယ်ခင်ဗျ။ File size…2.00 GB / 1.02 GB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….2h 23m Genre ….. Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.2 2023
Bad Lands
MR-9: Do or Die
5.5

MR9 Do or Die ဇာတ်ကားဟာ 2023 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်-ဘင်္ဂလားဒေ့ရှ် သူလျှိုအက်ရှင် သည်းထိတ်ရင်ဖို ဇာတ်လမ်းကောင်းတခုဖြစ်ပြီး ဒါရိုက်တာ Asif Akbar က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် စာရေးဆရာ Qazi Anwar Hussain ရဲ့ ဝတ္ထုဖြစ်တဲ့ Dhongsho Pahar ကို အခြေခံထားထားဖြစ်ပြီး မင်းသား ABM Sumon က MR9 ဆိုတဲ့ သူလျှို Masud Rana နေရာကနေ အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ R&R စက်ရုပ်ကုမ္ပဏီက ဘီလျံနာ ညီအကိုနှစ်ဦးဟာ နည်းပညာကိုအသုံးချပြီး ညီဖြစ်သူရဲ့ အမြင်အာရုံကို အကောင်းအတိုင်းဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့အခါ နည်းပညာမြင့် တိုက်ခိုက်ရေးပစ္စည်းတွေကို ကမ္ဘာအနှံ့ ဖြန်ချိတင်သွင်းဖို့ ကြံစည်ခဲ့ပါတော့တယ်။ လူမြင်ကောင်းအောင် နည်းပညာကုမ္ပဏီကြီးကို ဗန်းပြပြီး ကန့်လန့်ကာနောက်ကွယ်မှာတော့ ပါဘလို အက်စ်ကိုးဘားလို မြေအောက်ဒုစရိုက်မှုတွေကို တသီတတန်းကြီး ‌ လုပ်ဆောင်တော့တဲ့ ဘီလျံနာညီအကိုနှစ်ဦးကို MR9 ဆိုတဲ့ ထိပ်သီးဘင်္ဂလားဒေ့ရှ် သူလျှိုတဦးဟာ CIA နှင့် ပူးပေါင်းပြီး နိုင်ငံတကာ ရာဇ၀တ်မှုအဖွဲ့အစည်းကို ဘယ်လိုဖြိုခွင်းသွားမလဲဆိုတာ အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ သည်းထိတ်ရင်ဖို စောင့်ကြည့်ကြရမှာဖြစ်ပါတယ်။ File size…1.48GB / 717MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

5.5 2023
MR-9: Do or Die
Paint it Gold

Paint It Gold [2023] (IMDb 5.6/10) ရန်ဇို နာဗီဆိုတာ ခေတ်ဟောင်းက ပန်းချီဆရာတစ်ယောက်… ပန်းချီကားရောင်းရငွေလေးနဲ့ပဲ ရှင်သန်နေတယ်… သိပ်ချစ်ရတဲ့ ဇနီးသည်ဆုံးသွားပြီးကတည်းက သူ့ရဲ့ စိတ်ကူးစိတ်သန်းတွေလည်း လွင့်ပါးသွားခဲ့ရတယ်… ပန်းချီဆရာတို့ ထုံးစံ လူ့လောကနဲ့ ဆန့်ကျင်ဘက်… ဘောင်တို့ရဲ့ ပြင်ပက လူတစ်ယောက်ပေါ့… နာဗီ့မှာ အာသာဆိုတဲ့ ပြတိုက်မှူးမိတ်ဆွေတစ်ယောက် ရှိတယ်… အာသာက နာဗီကို အမြဲတစေ ကူညီတယ် ဒါပေမယ့် နာဗီက အကုန်လုံးကို သဲထဲရေသွန်ဖြစ်အောင်ပဲ လုပ်လေ့ရှိတယ်… ဒီလိနေ့မှာတော့ အာသာ သည်းခံနိုင်တဲ့အတိုင်းအတာကို ကျော်လွန်သွားခဲ့ပါတယ်… အဲ့နောက်တော့ ဆယ်စုနှစ်ပေါင်းများစွာတိုင် တည်တံ့ခဲ့တဲ့ သူငယ်ချင်းဆက်ဆံရေးလည်း ပျက်စီးသွားလေတော့သတည်းပေါ့… ဒါပေမယ့်လည်း အချိန်တစ်ခုအကြာမှာတော့ သူတို့ ပြန်ခေါ်ပြန်ပြော ဖြစ်သွားပါတယ်… ပြန်တည့်သွားကြတဲ့နောက် နာဗီတစ်ယောက် သူ့အချိန်ပြီးသွားပြီ သူသေဖို့ အသင့်ဖြစ်ပြီလို့ ဆိုကာ သူ့ကိုယ်သူ သတ်သေမယ့်အစီအစဉ်မှာ ကူညီပေးဖို့ အာသာကို အကူအညီတောင်းပါတယ်… အာသာကတော့ မကူညီခဲ့ပါဘူး… အဲ့နောက်တော့ နာဗီလည်း သူလုပ်စရာ ရှိတာကိုသာ လုပ်ဖို့ ကြိုးစားရင်းက ဘာတွေဆက်မဖြစ်လဲဆိုတာကို ကြည့်ရမှာပဲဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1GB | 575MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2023
Paint it Gold
Sniper Elite: Nano Crisis
5.7

ရွှေတြိဂံနယ်မြေရှိ S နိုင်ငံဟာ ဒုစရိုက်အဖွဲ့တွေနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ S နိုင်ငံရဲ့ အထူးတပ်ဖွဲ့ဝင် စနိုက်ပါသမား ပိုင်ယဲ့ဟာ နာ့မီနည်းပညာမှာ ပါရဂူဖြစ်တဲ့ ပါမောက္ခဝေကို ကာကွယ်ပို့ဆောင်ပေးဖို့ တာဝန်ကျခဲ့ပါတယ်။ ပို့ဆောင်တဲ့လမ်းမှာ ကင်းမြီးကောက်အဖွဲ့ရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ပိုင်ယဲ့တစ်ယောက် ဒဏ်ရာ အပြင်းအထန်ရသွားခဲ့ပါတယ်။ ပါမောက္ခဝေက နာ့မီနည်းပညာနဲ့ ပြန်လည်ကုသပေးခဲ့တဲ့အတွက် အမြန်ဆုံး သက်သာသွားတဲ့ ပိုင်ယဲ့ဟာ ကင်းမြီးကောက်လက်ထဲ ကျန်ခဲ့တဲ့ ညီအစ်ကိုကို သွားကယ်ခဲ့ပါတယ်။ နာ့မီနည်းပညာနဲ့ ကမ္ဘာကြီးကို အုပ်ချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ကင်းမြီးကောက်က နာ့မီစမ်းသပ်ရေးစခန်းကို ရှာတွေ့သွားခဲ့ပြီး ပုန်းခိုတိုက်ခိုက်ခဲ့တဲ့အတွက် ပါမောက္ခဝေကလွှဲပြီး ကျန်တဲ့လူအကုန် သေသွားခဲ့ပါတယ်။ ပါမောက္ခဝေကို ပြန်လည်ကယ်တင်ဖို့အတွက်…… ရွှေတြိဂံနယ်မြေက ပြည်သူတွေရဲ့ ငြိမ်းချမ်းလုံခြုံရေးအတွက်…… ပိုင်ယဲ့တို့အဖွဲ့က ဘယ်လို ကြိုးစားတိုက်ခိုက်ကြမလဲ ဆိုတာကို ရုပ်ရှင်နဲ့အတူ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Romance • TV Movie • Comedy
5.7 2024
Sniper Elite: Nano Crisis
Neela Nira Sooriyan (aka) Blue Sunshine
6.5

Neela Nira Sooriyan (aka) Blue Sunshine (2024) “ဖြစ်တည်မှု” သူများဝေဖန်မှာကိုဂရုမစိုက်ဘဲ ကိုယ့်ဖြစ်တည်မှုကိုလက်ခံပြီး ကိုယ့်ဘ၀ကိုယ်ရွေးချယ်ရဲတာလည်း လူတိုင်းမှာမရှိတဲ့ သတ္တိတစ်မျိုးပါပဲ။ အခုခေတ်မှာ အဲဒီလိုမျိုး အရှိအတိုင်းလက်ခံလာကြပြီဖြစ်တဲ့ LGBT ဖြစ်တည်မှုဟာ မထူးဆန်းတော့ပေမဲ့ အိန္ဒိယလို အစဉ်အလာကြီးပြီး ရှေးရိုးစွဲလူကြီးတွေများတဲ့နိုင်ငံမှာတော့ လုံး၀ကိုမလွယ်ကူတဲ့ကိစ္စပါ။ ဒီဇာတ်လမ်းကတော့ အမျိုးသမီးဘ၀ကိုပြောင်းလဲခံယူချင်တဲ့ ကျောင်းဆရာလေးတစ်ယောက်နဲ့ သူတို့ရဲ့ရှေးရိုးစွဲအသိုင်းအဝိုင်းအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။ အာရာဗင်ဟာ မြို့ငယ်လေးတစ်မြို့က ရှေးရိုးစွဲအသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတဲ့ ကျောင်းဆရာလေးတစ်ယောက်ပါ။ ယောက်ျားလေးတစ်ယောက်အဖြစ် မွေးဖွားလာရပေမဲ့ အာရာဗင်အဖြစ်ချင်ဆုံးဆန္ဒကတော့ အမျိုးသမီးတစ်ယောက်ရဲ့ဘ၀ပါပဲ။ အဲဒီလိုမိန်းကလေးဘ၀ကိုပြောင်းလဲဖို့အတွက် ဟော်မုန်းဆေးတွေသောက်နေပြီး ဘ ာနူးဆိုတဲ့ မိန်းကလေးနာမည်တစ်ခုကိုလည်း သူ့ကိုယ်သူပေးထားပါသေးတယ်။ တစ်နေ့တော့ သူတို့အိမ်မှာ ငွေကြေးအကျပ်အတည်းကြောင့် ဖခင်ဖြစ်သူက ပိုက်ဆံသွားချေးရင်း သူဌေးတစ်ယောက်ရဲ့သမီးနဲ့အာရာဗင်ကို ပေးစားဖို့ အကြောင်းဖန်လာပါတယ်။ အဲဒီမှာပဲ အာရာဗင်တစ်ယောက် သူ့အိပ်မက်ဖြစ်တဲ့ အမျိုးသမီးဘ၀ကို အမြန်ပြောင်းလဲရဖို့ ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အာရာဗင်တစ်ယောက် ကျောင်းဆရာလေးအဖြစ်ကနေ ဆရာမအသွင်ပြောင်းလဲပြီး ဆာရီနဲ့ကျောင်းတက်လာတဲ့အခါ….။ LGBT ဖြစ်တည်မှု ဒါမှမဟုတ် လူတစ်ယောက်ရဲ့ သူ့ဘ၀သူရွေးချယ်ခွင့်ကို လက်မခံပေးတဲ့ အသိုင်းအဝိုင်းမျိုးမှာ အာရာဗင် တစ်ဖြစ်လဲ ဘာနူးတစ်ယောက် ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ၊ သူ့မိဘတွေနဲ့ ကျောင်းက ဘယ်လိုတုံ့ပြန်လာမလဲဆိုတာ စိတ်၀င်တစားကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~V~ZweYan~ToMo ပါ။)

Drama
6.5 2024
Neela Nira Sooriyan (aka) Blue Sunshine
Lesson Learned Fekete pont
7.7

Lesson Learned (2024) IMDb Rating (7.7) ဒီဟန်ဂေရီရုပ်ရှင်ကိုတော့ ဟန်ဂေရီဒါရိုက်တာ bálint szimlerကရိုက်ထားပြီး။ bálint szimlerဟာ Balaton Method (2015)နဲ့ ပွဲဦးထွက်ခဲ့တယ်။Balaton Methodဟာလည်း အရည်အသွေးမီတဲ့ကားဖြစ်သလို ဒီကားကလည်း အရည်အသွေးကောင်းတဲ့ကားပဲဆို‌တော့ ဒါရိုက်တာကောင်းဖြစ်ဖို့ တာစူလာတဲ့လူလို့ ပြောလို့ရပါတယ်။ Lesson Learned ( 2024 )မှာတော့ ကျောင်းသားတွေ ကျောင်းနဲ့ ကျောင်းဆရာတွေကြားက အခြေအနေကို ပြထားတယ်။ ပြောရရင် သူ့တားဂတ်က ပညာရေး ဖြစ်ပါလိမ့်မယ်။ ပုံမှန်ပညာရေးပိုင်းကို ဒါရိုက်တာတွေက ရုပ်ရှင်တွေနဲ့ ထောက်ပြကြတဲ့နေရာမှာ စာသင်နည်းအသစ်တွေ အတွေးအခေါ်အသစ်တွေနဲ့ ထောက်ပြကြတာများပေမဲ့ bálint szimlerထောက်ပြပုံကတော့ ကျွန်တော်တို့ နိုင်ငံနဲ့တောင် အံကိုက်တယ်လို့ပြောလို့ရပါတယ်။ ဘာလို့ဆို သူအဓိက ထောက်ပြတာက စနစ်ကိုလည်းမဟုတ် သင်ကြားပုံကိုလည်းမဟုတ်ဘဲ လူတွေကိုပါပဲ။ ကျောင်းဆရာ ဆရာမတွေကိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ပညာရေးစနစ်အသစ်ဘယ်လိုဆွဲဆွဲ , ဘယ်လိုတက္ကနစ်တွေ သင်ထောက်ကူတွေသုံးသုံး, သင်ကြားပေးမယ့်လူတွေ မပြောင်းလဲသရွေ့ သူတို့အတွေးအခေါ်တွေ မပြောင်းလဲသရွေ့တော့ မထူးဘူးလို့ပဲ မြင်တယ်။ bálint szimlerကလည်း ဒါကိုပဲ တစ်ကျောင်းလုံးက ဆရာတွေဆရာမတွေရဲ့သူတို့ဘာသာပြဿနာတွေ သူတို့နဲ့ကလေးတွေကို ဆက်ဆံပုံမှားယွင်းနေတဲ့ ပြဿနာတွေသက်သက်နဲ့ပဲ တင်ဆက်သွားတယ်။ စီမံအုပ်ချုပ်ပုံကအစ သင်ကြားပုံအဆုံး ကျောင်းသားဘက်ကိုမငဲ့ဘဲ သူတို့ဘက်သူတို့ပဲ ကြည့်နေကြမှန်းသိလား မသိပေမဲ့ ကြည့်နေတဲ့ ပုံစံတွေပေါ့။ ကျွန်တော်တို့ဘက်နဲ့လည်း ဆင်တော့ဆင်ပါတယ်။ ဂုဏော အနန္တောတွေ မပါတာပဲ ကွာလိမ့်မယ်။ ဒါပေမဲ့ ငါတို့ကဆရာဆိုတဲ့ ဆိုက်ချင်းတော့ တူကောင်းတူလိမ့်မယ်။ ဝါးလုံးနဲ့ရမ်းသလိုတော့ ဖြစ်နေပေမဲ့ အများစုတော့ ဒီလိုပါပဲ။ ပြောကြသလိုပဲ လူနည်းစုအတွက်ပဲ ကောင်းနေတဲ့အရာက အဖြေရသွားတာမျိုးမဟုတ်ဘူး။ ဒီလိုဆိုလို့ ဒီရုပ်ရှင်မှာ ကောင်းတဲ့ဇာတ်ကောင်မပါတာလားဆို‌တော့ မဟုတ်ဘူး။ တစ်ယောက်တော့ ပါခဲ့တယ်။ ဒါပေမဲ့ ဒါကို တင်ဆက်ပုံကလည်း လက်တွေ့ကျပါတယ်။ ကျွန်တော်ကြည့်ဖူးသမျှကားတွေလိုမဟုတ်ဘဲ သူလည်း မကျေနပ်နေရုံ ကလေးတွေဘက်က မခံချင်နေရုံကလွဲ ဘာမှမတတ်နိုင်ခဲ့ဘူး။ အဆုံးမှာတော့ စနစ်က ဒီလိုဖြစ်နေရင် စနစ်ထဲ အံမကိုက်တဲ့တစ်ယောက်က ထွက်သွားရတဲ့ပုံစံမျိုးနဲ့ ထွက်သွားလိုက်ရတယ်။ တစ်ဘက်က ကြည့်ရင် ဒီကားက ပျင်းစရာတော်တော်ကောင်းတဲ့ကားပါပဲ။ ဘာမှမမပါပါဘူး။ တစ်ဘက်ကကြည့်ရင်လည်း ဒါဟာ ပညာရေးစနစ်တွေကို လက်တွေ့အကျဆုံး တင်ဆက်ထားတဲ့ရုပ်ရှင်ပါပဲ။ စိတ်ဝင်စားရင် ကြည့်ကြည့်ပြီး စိတ်မဝင်စားရင် မကြည့်ဖို့ကလွဲ ဘာမှတော့ ပြောစရာမရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(5.3 GB) / (2.4 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:00:31 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Romance • Thriller
7.7 2024 119 mins
Lesson Learned Fekete pont
Magazine Dreams
6.9

ဒါကတော့ Marvel ရဲ့ Kang မင်းသားကြီး Jonathan Mayor ရဲ့ body building ကားဖြစ်ပါတယ်… ၂၀၂၃ မှာထွက်ခဲ့တယ်ဆိုပေမယ့် Rating ပိုင်းအရလည်း အတော်လေး ကောင်းပြီး လူသိပ်မသိလိုက်တဲ့ ကားကောင်းလေးပါ… ကိုယ်ကာယမောင်တွေအတွက် Mr. Olympia ချန်ပီယံဆိုတာ ကမ္ဘာ့ဖလားလိုပါပဲ… ဒီပွဲမှာ ချန်ပီယံဖြစ်ဖို့ နှစ်ရှည်လများစွာ လေ့ကျင့်နေတဲ့ Psychopath ဆန်ဆန် ဇာတ်ကောင်အဖြစ် Jonathan Mayor ကိုတွေ့မြင်ရမှာပါ… သူ့ရဲ့ အိမ်မက်ကတော့ သူအားကျရတဲ့ Mr. Olympia ဆုရှင် ဘရက်ဗန်ဒါဟွန်းလို အောင်မြင်ပြီး တစ်နေ့ မဂ္ဂဇင်း ဂျာနယ်တွေရဲ့မျက်နှာဖုံးမှာ ဖော်ပြခံချင်တာပါပဲ ဒါပေမဲ့ ဆင်းရဲသားလူဆိုးရပ်ကွက်က လူမည်း Bodybuilder တစ်ယောက်အနေနဲ့ အိမ်မက်တွေက ထင်သလောက် လွယ်ကူနေပါ့မလားဆိုတာကိုတော့ ဆက်လက်ကြည့်ရှုသွားရမှာပါ… File size…(6.03GB) / (2.43 GB) / (880 MB) Quality… WEB-DL 4K HEVC / 1080p HEVC / 720p Format…mkv / mp4 Duration….2h 3m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thiha Yan Naing

6.9 2023 124 mins
Magazine Dreams
Galatea
6.5

Galatea (2025) **************** The Great Queen Seondeok နဲ့ 49 Days ဒရမ်မာတွေထဲက မင်းသမီး Lee Yo Won နဲ့ The Scandal of Chun Hwa, Under the Queen’s Umbrella ထဲက Chani တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ AI နည်းပညာ‌တွေ ခေတ်စားလာတဲ့ အခုလို ခေတ်ကြီးထဲမှာ လူသားအသွင်သဏ္ဌာန်နဲ့ AI service သာ ရှိခဲ့မယ်ဆိုရင် သင်ရော ဘယ်လိုပုံစံနဲ့ မှာယူချင်ပါသလဲ.. ဒီကားလေးထဲမှာတော့ လူသားတွေကိုယ်စား နှစ်ပေါင်းများစွာ အကြွေးဆပ်ပေးမဲ့ AI, အတိတ်က သတ္တိမရှိခဲ့လို့ လက်လွှတ်ခဲ့ရတဲ့ မိန်းကလေးနဲ့ ပုံစံတူ AI, ကိုယ်မသေခင် ကိုယ့်ရဲ့ အချက်အလက်ပေါင်းစုံကို update လုပ်ထားခဲ့လို့ရပြီး ‌ကိုယ်သေသွားပြီး နောက်မှာတောင် ကိုယ့်အလုပ်တွေကို ဆက်လုပ်ပေးနေဦးမဲ့ AI… အစရှိသဖြင့် စိတ်ကူးယဉ် လူသား AI အမျိုးမျိုးအစားစားကို ကဏ္ဍ ၅ ပိုင်းခွဲပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြထားတာမို့လို့ နောက်နောင် AI နည်းပညာနဲ့ တိုးတက်လာ‌တော့မဲ့ လောကကြီးကို ကြိုတင်စိတ်ကူးယဉ်ကြည့်ရင်း ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုခံစားပေးကြပါဦးရှင်။ (ဇာတ်လမ်းအညွှန်းကိုတော့ Hnin Wai Oo မှ ရေးသားထားပေးပါတယ်။) File Size : 440MB/ 1.06GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:23:21 Genre : Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo & MMyo Encoded by Tiff

TV Movie • Mystery • Thriller • Crime
6.5 2025
Galatea
Mister Green
7.2

Mister Green (2024) IMDb Rating (7.2) 2024 ထွက် အီတလီစကားပြော ဟာသကားလေး တစ်ကား ဖြစ်ပါတယ်။ သူငယ်ချင်း သုံးယောက် Aran, Paolo နဲ့ Davide အလုပ်မရှိ အကိုင်မရှိ ပျင်းပျင်းရိရိ လေးတွဲတွဲနဲ့ တစ်နေကုန် ဆေးပဲရှူနေတဲ့ Aran၊ Naples ကနေ Rome ကို ဒါရိုက်တာဖြစ်ဖို့ အရေး ထွက်လာခဲ့ပေမယ့် သူငယ်ချင်း နှစ်ယောက်နဲ့ အတူတူ သောင်တင်နေတဲ့ Paolo၊ သူ Call Centerမှာ အလုပ်လုပ်တာကို သူများ သိသွားမှာ ရှက်နေတဲ့ Davide တို့ သူငယ်ချင်း သုံးယောက်က ဆေးခြောက် စိုက်ပျိုးရေးကို စတင်ဖို့ဖြစ်လာပါတယ်။ အကြောင်းကတော့ Aran ယူနေကျ ဆေးအရောင်းအဝယ် လုပ်တဲ့ Mr. Green မရှိတော့တဲ့ အခါ သုံးယောက်သား ဆေးခြောက် ပျိုးပင်လေးတွေ ယူလာပြီး အိမ်မှာ အညွှန်းစာအုပ် တစ်အုပ်နဲ့ စိုက်ကြတဲ့ ဇာတ်လမ်းပါ။ သုံးယောက်သား အလွဲတွေနဲ့ ဘယ်လို ခွီရမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size… (1.4 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:20:57 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Leonie

Thriller
7.2 2024 79 mins
Mister Green
The Bhootnii
6.1

The Bhootnii 2025 (ချစ်ခြင်းကိုတောင့်တနေတဲ့ အချစ်သရဲမလေး) နာမည်ကြီးမင်းသားကြီး ဆန်ဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ ဟာသလေးတွေနှောပြီး ကြည့်ရှုရမဲ့ သရဲကားအသစ်စက်စက်ကြီးထွက်ရှိလို့လာပါပြီ။ စိန့်ဗင်ဆင့်ဆိုတဲ့ ကျောင်းတော်ကြီးမှာ ထုံးတမ်းဓလေ့ပွဲတစ်ခုရှိပါတယ်။ အဲဒီဓလေ့ပွဲကတော့ သူတို့ကျောင်းဝင်းထဲမှာရှိတဲ့ အပျိုစင်သစ်ပင်ဆိုတဲ့ သစ်ပင်ကြီးကို နှစ်စဉ်နှစ်တိုင်း ချစ်သူများနေ့မှာ ပူဇော်လေ့ရှိတဲ့ ဓလေ့ပဲဖြစ်ပါတယ်။အဲဒီလို အပျိုစင်သစ်ပင်ကြီးကို ပူဇော်ရင် အချစ်စစ်နဲ့တွေ့ရမယ်ဆိုတဲ့ အယူရှိကြပါတယ်။ သို့ပေမဲ့လည်း အဲဒီသစ်ပင်ကြီးမှာ သရဲမတစ်ယောက်ရှိနေပြီး အဲဒီသရဲမဟာ ချစ်သူများနေ့မှာပဲ ပေါ်လာတတ်ပါတယ်။ အဲဒီလို သရဲမက ပေါ်လာပြီဆိုရင်လည်း ယောက်ျားလေးတွေ တစ်ယောက်မဟုတ် တစ်ယောက် သတ်သေတာမျိုးက နှစ်စဉ်နှစ်တိုင်းကြုံတွေ့လာရပါတယ်။ အဲဒီအကြောင်းကို ကျောင်းသူလေးတစ်ယောက်က သတိထားမိသွားရာကနေတဆင့် ကျောင်းမှ တာဝန်ရှိသူများက ဒီဖြစ်ရပ်ကို တားဆီးနိုင်ဖို့ လုပ်ကြတဲ့အခါမှာတော့ ……… ကျောင်းမှ တာဝန်ရှိသူများမှ ဒီကျောင်းရဲ့ ကျောင်းသားဟောင်းဖြစ်တဲ့ ဘာဘာလို့ခေါ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို သိပ္ပံနည်းကျ ဖြေရှင်းပေးတဲ့သူကို ဒီကိစ္စတွေ ဖြေရှင်းပေးဖို့ ခေါ်လိုက်ရာကနေ အပျိုစင်သစ်ပင်မှာရှိတဲ့ သရဲမက ဘယ်လိုအကြောင်းတွေကြောင့် ဒီသစ်ပင်ကြီးမှာရှိနေရတာလဲ …….. ဒီသရဲမရဲ့ ဘဝ ဇာတ်ကြောင်းကရော ဘာလဲ …… ဘာဘာ တစ်ယောက်ရော အပျိုစင်သစ်ပင်ပေါ်က သရဲကို နှိမ်နင်းပေးလိုက်နိုင်မှာလား …… ဆိုတာကို ဟာသလေးတွေနှောရင်း ကြည့်ရှုရမဲ့ သရဲကားဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

6.1 2025 130 mins
The Bhootnii