YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Mommy I Love You(2022)cm EP.13.mp4

685.89 MB N/A video/mp4 142 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Crossfire
4

အက်ရှင်မင်းသားကြီး Louis Mandylorရဲ့ ကားသစ်လေးဖြစ်တဲ့ Crossfire movieလေး ထွက်ရှိလာပါပြီ။ ဒီကားလေးထဲမှာတော့ Louisတစ်ယောက်ဟာ နိုင်ငံတော်အတွက် တာဝန်ကျေတဲ့ အေးဂျင့်ကောင်းတစ်ယောက်၊ လူကုန်ကူးခံရတဲ့မိန်းကလေးတွေကို ကယ်တင်ပေးတဲ့ဟီးရိုးတစ်ယောက်ဖြစ်တဲ့ အေးဂျင့်Mark Patson အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ အရမ်းတော်လွန်းတဲ့အေးဂျင့်တစ်ယောက်ကို အဖေတော်ထားရတဲ့ခံစားချက်ကဘယ်လိုဖြစ်မလဲ။ အများအမြင်မှာတော့ သူရဲကောင်းကိုအဖေတော်ရတာ ဂုဏ်ယူဖို့ကောင်းတယ်လို့မြင်ကြပေမဲ့ လက်တွေ့မှာတော့ ‌သူဖမ်းခဲ့တဲ့လူဆိုးတွေက လက်စားလာချေမှာကို စိုးရိမ်ထိတ်လန့်နေရတာမျိုးပေါ့။ တစ်နည်းအားဖြင့်ပြောရရင် ဒီရုပ်ရှင်လေးထဲက Alishaလေးရဲ့ဘဝဟာလည်း အလားတူပါပဲ။ အမျိုးသမီးငယ်လေး‌တွေကို လူကုန်ကူးနေတဲ့ Godzillaမာဖီးယားဂိုဏ်းကို အမြစ်ပြတ်ရှင်းလင်းနိုင်ခဲ့တဲ့အတွက် Mark Patsonဟာ လူအများပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့အေးဂျင့်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒီရှင်းလင်းသုတ်သင်မှုရဲ့နောက်ကွယ်က အရင်းအနှီးကတော့ တစ်ဖက်ဂိုဏ်းရဲ့အငြိုးအတေးအောက်မှာ ဇနီးဖြစ်သူကို ဆုံးရှုံးလိုက်ရခြင်းပါပဲ။ နဂိုထဲက အဖေဖြစ်သူစွမ်းဆောင်ချက်ကြောင့် နေရာတိုင်းမှာ သတိနဲ့နေနေရတာကို မနှစ်မြို့တဲ့Alishaကတော့ အမေဖြစ်သူကိုဆုံးရှုံးလိုက်ရတဲ့နေ့ကတည်းက ဖခင်ဖြစ်သူကိုအမုန်းကြီးမုန်းပါတော့တယ်။ ကျော်ကြားမှုနဲ့မိသားစုကို လဲပစ်တဲ့လူ၊ မိသားစုအတွက်မတွေးဘဲ သူရဲကောင်းကြီးလုပ်ချင်နေတဲ့လူလို့ သူ့ကိုအထင်လွဲသွားတဲ့ Alishaကို ဖြေရှင်းချက်ပေးဖို့ Markတစ်‌ယောက် အလုပ်ထွက်ပြီး နားလည်မှုရယူဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ လူသတ်သမားက အမေဖြစ်သူကိုသတ်ရုံနဲ့မကျေနပ်နိုင်ဘဲ Markရဲ့တစ်ဦးတည်းသောမိသားစုကိုပါ ဇီဝိန်ခြွေဖို့ကြိုးစားလာတဲ့အခါမှာတော့ Markတစ်ယောက် သမီးလေးကို ဘယ်လိုကာကွယ်သွားမလဲ။ Alishaကရော အဖေ့ကိုအထင်လွဲနေတာတွေ ပျက်ပြယ်သွားပြီး နားလည်မှုပြန်ရမှာလားဆိုတာကိုတော့ ဒီရုပ်ရှင်လေးမှာပဲ အားလုံးအတူ ခံစားလိုက်ကြပါစို့။ File size…(1 GB)/(480 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:26:00 Genre...Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Comedy • Drama
4 2023 86 mins
Crossfire
Gunehgaar

Gunehgaar 2023 IMDb - 7.5 ယခုတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ အိန္ဒိယမှုခင်းဒရာမာကားဖြစ်ပါတယ်။ အဓိကဇာတ်ကောင်မှာ ဘန်ဆယ်လ်၊ မရီနာလီ နဲ့ အုမ်တို့လူသုံးယောက်နဲ့ နေရာတစ်ခုတည်းမှာတင်ပြီးသွားပေမဲ့ ဇာတ်လမ်းကတော့ ထင်ထားသလောက် မရိုးရှင်းနေပါဘူး။ ဇာတ်လမ်းအကျဉ်း တစ်ညမှာ ဘန်ဆယ်လ်က ဂျာနယ်လစ်တစ်ယောက်ဖြစ်တဲ့ မရီနာလီကို အရေးကြီးသတင်းပြောစရာရှိတယ်ဆိုပြီး သူ့အိမ်ကိုဖိတ်လိုက်တယ်။ မရီနာလီဟာ ငါးအကြီးကြီးမိပြီအထင်နဲ့ ဘန်ဆယ်လ်အိမ်ရောက်လာတဲ့အချိန်မှာ သူထင်မှတ်မထားတဲ့ လူတစ်ယောက်နဲ့တွေ့လိုက်ရတယ်။ သတင်းယူဖို့လာတဲ့ မရီနာလီတစ်ယောက် သူက သတင်းရဲ့တစ်စိတ်တစ်ပိုင်းထဲပါနေပြီဆိုတာမသိဘဲ ဝင်ပါလိုက်ရာကနေ လူသတ်မှုအကြောင်းတွေပါ ပါလာတဲ့အချိန်မှာ ဒီလူသုံးယောက်ရဲ့ ဘယ်လိုပတ်သက်နေတယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ မိုးအေးအေးမှာ ဇာတ်လမ်းငြိမ့်ငြိမ့်လေးနဲ့ ဘယ်လိုလောင်ရဦးမလဲဆိုတာ ပြဇာတ်ကြည့်နေရသလို လူသတ်မှုတွေကိုဘယ်လိုအဖြေရှာကြမယ်ဆိုတာ ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းရေးသားသူကတော့ Moon ဖြစ်ပြီး ဘာသာပြန်သူတွေကတော့ Moon ~ BpL ~ Yunni ~ Thaik San ~ chiclon3 တို့ပဲဖြစ်ပါတယ်) File size…600MB / 400MB Quality…1080p / 720p Format…mp4 Duration….1h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ BpL ~ Yunni ~ Thaik San ~ chiclon3

Reality
0 2022 54 mins
Gunehgaar
Blind
7

Blind 2023 Neerja လေယာဉ်ပြန်ပေးဆွဲတဲ့ကားထဲက လေယာဉ်မယ်လေး ဆိုနမ်ကပူးရ် ခေါင်းဆောင်အနေနဲ့ပါဝင်ထားတဲ့ အိန္ဒိယ crime/thriller ရုပ်ရှင်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်း ထိပ်တန်းရဲအရာရှိတစ်ဦးဖြစ်တဲ့ဂျီယာဟာ မိဘမဲ့ဂေဟာမှာအတူကြီးပြင်းခဲ့တဲ့ မောင်လေးဖြစ်သူ အေဒရီရန်အပေါ် အစ်မအရင်းလိုတာဝန်ကျေတဲ့သူတစ်ဦးပါ။ တစ်နေ့မှာတော့ မောင်လေးဖြစ်သူကိုကလပ်ကနေ ဆွဲခေါ်လာပြီးအပြန်မှာ မတော်တဆမှုတစ်ခုကြောင့် အမြင်အာရုံဆုံးရှုံးလိုက်ရပြီး မောင်လေးဖြစ်သူနဲ့ အရာရှိဘဝကိုပါ စွန့်လွှတ်လိုက်ရပါတယ်။ တစ်နေ့တော့ မိဘမဲ့ဂေဟာကအပြန် လမ်းမှာတက္ကစီငှားရင်း မထင်မှတ်ထားတဲ့ လူသတ်မှုတစ်ခုကို ကိုယ်တိုင်ကြုံလိုက်ရပြီး တစ်ဦးတည်းသောသက်သေ ဖြစ်သွားတဲ့ချိန်မှာ မျက်မမြင်တစ်ယောက်ရဲ့စကားကို ဘယ်သူမှလက်မခံခဲ့ပါဘူး။ ဒီလိုနဲ့ ဂျီယာဟာ ရဲဝန်ထမ်းဟောင်းတစ်ယောက်အနေနဲ့ ဒီအမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမှာလဲ သူကိုယ်တိုင် လူသတ်သမားကို ရှာတွေ့နိုင်မှာလားဆိုတာ အဖြေရှာရင်း ကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Moon~Zwe~V~BpLတို့ပဲဖြစ်ပါတယ်။ File size…1.8GB / 737MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon~Zwe~V~BpL

Comedy • Drama
7 2023
Blind
Stellar: A Magical Ride
6.7

ယုံဘယ်ဆိုတာတော့ ကားအငှားလောကမှာ အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်ပါ။ တစ်နေ့မှာတော့ တစ်နေရာကို ပို့ပေးရမဲ့ ကားတစ်စီး ကို သူငယ်ချင်းဖြစ်သူက ဒုန်းရှစ်က ယူပြီး ပျောက်သွားတဲ့အခါ ယုံဘယ်တစ်ယောက် အခက်ကြုံရပါတော့တယ်။ ဖြစ်ချင်တော့ လူဆိုးဂိုဏ်းတစ်ခုကလည်း ပျောက်သွားတဲ့ကားထဲမှာ သူတို့ရဲ့ အဖိုးတန်ပစ္စည်းတွေ ပါသွားတယ်ဆိုပြီး ယုံဘယ်ကို အပူတပြင်း လိုက်ရှာနေကြပါပြီ။ ယုံဘယ်ကတော့ သူ့အဖေရဲ့ နာရေးသတင်းကို သိလိုက်ရတာကြောင့် အဖေ့ရဲ့ ဈာပနအခမ်းအနားကိုသွားခဲ့ပြီး အရင်က သူ တက္ကစီမောင်းပြီး စီးပွားရှာခဲ့တဲ့ အဖေ့ရဲ့ ကားစုတ်လေး ကို ရှာနေခဲ့ပါတယ်။ ကံဆိုးချင်တော့ အရင်က ဇိမ်ခံကားအဖြစ် သူသိခဲ့တဲ့ ကားလေးက အခုတော့ တံခါးတောင် ကောင်းကောင်းဖွင့်လို့ မရတဲ့ အနေအထားကို ဖြစ်နေပါပြီ။ ဒါပေမဲ့ အဲ့ဒီ ကားလေးကို သူ့ရဲ့ စီးတော်ယာဉ်အဖြစ် အသုံးချပြီး ကားပျောက်ရှာပုံတော် ဖွင့်ဖို့ စီစဉ်ပါတော့တယ်။ ပျောက်သွားတဲ့ ကားထဲမှာ ရှိတဲ့ လူဆိုးတွေရဲ့ အဖိုးတန် ပစ္စည်းဆိုတာက ဘာများလဲ? ယုံဘယ်တစ်ယောက် ဆုံးသွားတဲ့အဖေရဲ့ ကားစုတ်လေးနဲ့ ကားအရှာတော်ထွက်ရင်းကြုံရတဲ့ ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ အလွဲတွေကိုတော့ ဇာတ်လမ်းလေးထဲ ဆက်ပြီး ကြည့်ရှုလိုက်ကြရအောင်ပါ။ Son Ho Jun (Terius Behind Me ထဲက အယောင်ပြစီးပွားရေးလုပ်ငန်းရှင်ကြီး)၊ Heo Sung Tae (Squid Game ထဲက နံပါတ် 101) နဲ့ Lee Kyu Hung (All of Us Are Dead ထဲက စုံထောက်ကြီး) တို့လို support role မှာ ကျွမ်းကျင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့ကြသူတွေက ဒီကားမှာတော့ main role ကနေ ပါဝင် သရုပ်ဆောင်ထားကြတာပါ။ File Size          :  1.9GB, 703MB & 343MB Quality            : 1080p WEB-DL, 720p WEB-DL & 480p Format            : mp4 Duration         : 1hr & 38mins Genre              : Comedy, Drama , Fantasy Translated by  ChitThe Encoded by Kinnov

Comedy • Fantasy
6.7 2022 98 mins
Stellar: A Magical Ride
Okja
7.4

ကိုရီးယားအမျိုးသမီးငယ်လေး မီဂျာနဲ့ သူ့ရဲ့မိတ်ဆွေထူးဆန်းတဲ့သတ္တဝါကြီး အုတ်ဂျာတို့ရဲ့အကြောင်းကို ဇာတ်အိမ်ဖွဲ့ထားတာပါ။ အသက်(၁၃)နှစ်အရွယ် မိဘမဲ့မိန်းကလေး မီဂျာဟာအဘိုးဖြစ်သူနဲ့ တောင်ကိုရီးယားက တောင်တန်းတစ်ခုမှာနေထိုင်ပြီး သူ့ရဲ့တစ်ဦးတည်းသော အဖော်လည်းဖြစ်၊သူငယ်ချင်းလည်းဖြစ်သူ အုတ်ဂျာဆိုတဲ့ အနေအေးပြီးထူးခြားကြီးမားတဲ့ဝက်ကြီးတစ်ကောင်ပါ။ မီဂျာနဲ့ အုတ်ဂျာဟာတောင်တန်းတွေ၊ တောတွေထဲ အတူလျှောက်သွားကစား ကြရင်း မခွဲအတူနေထိုင်ကြပြီး အိပ်ရင်တောင် အတူတူပါ။ တစ်ရက်မှာတော့ သူတို့နှစ်ယောက်ရဲ့ ပျော်ရွှင်ကြည်နူးစရာ ကမ္ဘာလေးပျက်သုဉ်းဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒါကတော့ အုတ်ဂျာ ထူးဆန်းစွာနဲ့ ပျောက်ဆုံးသွားတာကြောင့်ပါ။ တကယ်တော့ အုတ်ဂျာကို မီရန်ဒိုစီးပွားရေးလုပ်ငန်းစုကြီးကနေ သူတို့သဘောနဲ့သူတို့ ဖမ်းဆီးသွားတာဖြစ်ပြီး နယူးယောက်ကို ပို့ဆောင်ခဲ့ပါတယ်။ မီရန်ဒိုကော်ပိုရေးရှင်းဟာ အသားထုတ်လုပ်မှုတွေ ပိုမိုတိုး မြှင့်နိုင်ဖို့အတွက် အုတ်ဂျာကို သုတေသနလုပ်ရအောင်လို့ ဖမ်း ဆီးသွားတာဖြစ်ပါတယ်။ အုတ် ဂျာနဲ့ မခွဲအတူနေခဲ့တဲ့ မီဂျာဟာ သူ့အချစ်ဆုံးသူငယ်ချင်းကို အိမ် ပြန်ခေါ်လာနိုင်ဖို့ ကြိုးပမ်းပါတော့ တယ်။ အဲဒါနဲ့ မီဂျာဟာ အုတ်ဂျာရှိ တဲ့ မီရန်ဒိုကော်ပိုရေးရှင်းကို လိုက်သွားပြီး ကယ်ဆယ်နိုင်ဖို့ လုပ် ဆောင်ရင်း တိရစ္ဆာန်အရေးလှုပ် ရှားသူတွေနဲ့ပါ ပေါင်းမိခဲ့ပြီး အုတ်ဂျာကို ကယ်ဆယ်နိုင်ရေး လုပ် ဆောင်ခဲ့ပါတယ်။ အုတ်ဂျာအတွက်နဲ့ နယူး ယောက်ကို လိုက်သွားတဲ့ မီဂျာ ဘယ်လိုအခက်အခဲတွေရင်ဆိုင် ရမှာလဲ။ အုတ်ဂျာကိုကော အချိန် မီကယ်တင်နိုင်မှာလား။ သူချစ်တဲ့ အုတ်ဂျာကို မူလနေရပ်ဆီ ပြန် ခေါ်သွားနိုင်မှာလားဆိုတာ ဆက် ကြည့်လိုက်ဦးနော်။ ခါတိုင်းကြည့်နေကျ ကိုရီး ယားဇာတ်လမ်းတွေလိုမဟုတ်တဲ့ ဇာတ်အိမ်လေးနဲ့မို့ ပရိသတ်တွေ သဘောကျမယ်ထင်ပါတယ်။ ဒီဇာတ်ကားမှာ မီဂျာအဖြစ် အန်းဆိုဟွန်းက အဓိကပါဝင် သရုပ်ဆောင်ထားပြီး တီလ်ဒါဆွင် တန်၊ ပေါလ်ဒါနို၊ ဂျိတ်ဂျီလင်ဟော စတဲ့ကိုရီးယား၊ အမေရိကန်သရုပ်ဆောင်များစွာ ပါဝင်ထား ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Twinlay ပဲဖြစ်ပါတယ်) File Size : (903 MB) Quality : 720p Webrip Running Time : 1hr 58minutes Format : Mp4 Genre : Action, Adventure, Drama Translated By Khin Pyae Littletwinlay Encode By Thanhtike Zaw

Crime • Drama • TV Movie • Thriller
7.4 2017 122 mins
Okja
The Runner
4.3

The Runner ဆို့တဲ့ နာမည်ကိုတွေ့လိုက်တော့ ငယ်ငယ်က ဆရာကြီးမြသန်းတင့်ရဲ့ လေလွင့်သူ ဝတ္ထုလေးကို ပြန်အမှတ်ရမိပါတယ် ဆရာကြီးမြသန်းတင့်ရဲ့ ဘာသာပြန်မှုကြောင့်သာ နာမည်ကျော် The Catcher In The Rye ဝတ္ထုကိုဖတ်ခွင့်ရခဲ့ပါတယ်။ လေ့လွင့်သူကို ဖတ်ကြည့်လိုက်တိုင်းလဲ လူငယ်လေးတစ်ယောက်ရဲ့ တစ်နေ့တာ မွန်းကျပ်မှုတွေဟာ ကိုယ့်ဘဝရဲ့ လူငယ် ဘဝကို ပြန်လည်အမှတ်ရမိနေဆဲပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ လူငယ်တစ်ယောက်ရဲ့ ပတ်ဝန်းကျင် မိသားစုရဲ့ မွန်းကျပ်မှု ကို ခံစားရစေမှာ အမှန်ပါပဲ။ လူငယ်နဲ့ မူးယစ်ဆေးပြဿနာဆိုတာ ဘယ်တော့မှ ဖြေရှင်းလို့မပြီးနိုင်တဲ့ ပြဿနာတွေပါပဲ။ မူးယစ်ဆေးဝါး သုံးစွဲကြတယ်ဆိုတာ အပျော်သုံးကြ လက်တည့်စမ်းကြပေမဲ့ စွဲစွဲမြဲမြဲ သုံးတဲ့သူတွေဟာ ဘဝရဲ့ စိတ်ဒဏ်ရာတွေ မိသားစုပြဿနာတွေကနေ ရှောင်ပြေးချင်ကြတဲ့ လူငယ်တွေ သုံးကြတာများပါတယ်။ ယခုဇာတ်ကားလေးမှာလဲ လူငယ်လေးတစ်ယောက် ဘဝရဲ့ စိတ်ညစ်စရာတွေကနေ ရှောင်ပြေးရင်း မူးယစ်ဆေးသုံးစွဲရာမှ ရဲအဖမ်းခံခဲ့ရကာ ရဲသတင်းပေးအဖြစ် အခြေအနေအရပ်ရပ်မှ တွန်းပို့လိုက် ခဲ့ရာ ကျောင်းသားဘဝ သူငယ်ချင်းအပေါင်းအသင်း ချစ်သူရည်းစားတို့နဲ့ပါ ဝေးကွာလာပြီး တစ်ကိုယ်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ မူးယစ်ဆေးဝါးရဲ့ အမှောင်ဘက်ခြမ်းတွေ ရဲနဲ့ မူးယစ်ဆေးဂိုဏ်းကြား ကြားညှပ်ခဲ့ရတဲ့ ကောင်လေးတစ်ယောက်နဲ့ သူ့ဘဝရဲ့ ငွေရောင်အနားကွပ်လေးတွေကို ဘယ်လိုပြန်လည်ရှာဖွေမလဲဆိုတာကို အတူစီးမျော ကြည့်ရှုကြရမှာပါ File size…(1.53GB)/(855MB)/(414MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:42:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by K.He

Action • Adventure • Science Fiction
4.3 2021
The Runner
Shakespeare in Love
7.1

“Shakespeare in Love” ဆိုတဲ့နာမည်ကို ကြားလိုက်တာနဲ့တင် အထွေအထူးညွှန်းနေစရာမလိုတော့လောက်ဘူး ထင်ပါတယ်။ ဒီနာမည်ကို မရင်းနှီးကြတဲ့သူတွေအတွက်ကတော့ “ရိုမီရိုနဲ့ ဂျူးလိယက်” လို့ဆိုလိုက်ရင် မသိသူမရှိလောက်တော့ပါဘူး။ အော်စကာဆုပေါင်း ၇ ဆုတိတိ ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားဟာဆိုရင် “ရိုမီရိုနဲ့ ဂျူးလိယက်” ပြဇာတ် ဖြစ်တည်လာခဲ့တဲ့ ဇာတ်ကြောင်းရင်းခံပဲဖြစ်ပါတယ်။ William Shakespeare ဟာ သူရဲ့ ပြဇာတ်အသစ်ဖြစ်တဲ့ “ရိုမီရိုနဲ့ ပိုင်းရိတ်သမီးတော် အီသယ်” ကို ကြိုရောင်းထားနှင့်ပြီးသားပေမဲ့ Writer Block ဖြစ်နေတာကြောင့် စလုံးရေ မစနိုင်ဖြစ်နေခဲ့တယ်။ သူရဲ့စိတ်ကူးယဉ်ပုံစံအမျိုးသမီးလေး Viola De Lesseps နဲ့ မတွေ့ခင်အထိပေါ့ Lady Viola က လက်ထပ်ရမဲ့ သူရှိပြီးသားဖြစ်တဲ့ ဆွေကြီးမျိုးကြီးသခင်မလေးတစ်ယောက်ဖြစ်သလို ပြဇာတ်ကို အရူးအမူးသဘောကျတဲ့ သူတစ်ယောက်။ ဒါပေမဲ့ သူတို့ခေတ်တုန်းက အမျိုးသားတွေပဲ ပြဇာတ်ကခွင့်ရှိတာကြောင့် သူက ‌ယောက်ျားလေးလို ဟန်ဆောင်ပြီး ပြဇာတ်အတွက် Audition ဝင်ဖြေရာကနေ Romeo ဇာတ်ကောင်နေရာကို ရသွားခဲ့ပါတယ်။ အဲကနေတစ်ဆင့် သူတို့နှစ်ဦးကြား ချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ကြတယ်။ လက်ထပ်ရမဲ့သူရှိနှင့်ပြီးသား သခင်မလေးတစ်ယောက်နဲ့ သူဆင်းရဲ ကဗျာဆရာ၊ ပြဇာတ်ရေးဆရာတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ရှိတ်စပီးယားရဲ့ ပြဇာတ်အသစ် “ရိုမီရိုနဲ့ ဂျူးလိယက်” ဖြစ်သွားခဲ့ပြီး အခုထက်တိုင် အချစ်နဲ့ ပတ်သတ်လာရင် လူတိုင်းဥပမာတွေပေးနေကြဆဲ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လာခဲ့ပါတော့တယ်။ File size…(2.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama, Comedy, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi

Drama • Comedy
7.1 1998 123 mins
Shakespeare in Love
The Sacrament
6.1

ဒီဇာတ်လမ်းက​တော့ ဂိုဏ်းဂဏ​တွေ၊cultအယူမှား​တွေနဲ့ အယူကြီး အယူသည်းတဲ့သူ​တွေကြားက ဖြစ်ရပ်ဆိုးတစ်ခုကို ​ပုံ​ဖော်ရိုက်ကူး ထားတာပဲ ဖြစ်ပါတယ်။ Midsommarနဲ့ ဇာတ်လမ်း​ကျောရိုးချင်း အ​​တော်​လေးဆင်တူသလို တချို့ပြကွက်​တွေက စိတ်မခိုင်သူ​တွေ ကြည့်ဖို့မသင့်တဲ့ ပြကွက်​တွေလည်း ပါဝင်ပါတယ်။ နယူး​ယောက်က နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ VICE ကုမ္ပဏီရဲ့ တည်​ထောင်သူ၂​ယောက်က သူတို့မိတ်​ဆွေ ကင်မရာဆရာရဲ့ ညီမ ဆီက ​ရောက်လာတဲ့ စာတစ်​စောင်​ကြောင့် စိတ်ဝင်စားဖို့​ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ​ရနိုင်မယ်ဆိုတဲ့ ​မျှော်လင့်ချက်နဲ့ သူမဖိတ်တဲ့ ​ နေရာတစ်ခုကို အတူတူခရီးထွက်လာကြပါတယ်။ ညီမဖြစ်သူဟာ ​ဆေးဖြတ်စခန်းကို ​ရောက်​နေသူဖြစ်​ပေမယ့် ဖာသာတစ်​ယောက်ရဲ့ လမ်းညွှန်မှု​ကြောင့် ​ဆေးပြတ်သွားသလို လက်ရှိမှာ ဖာသာနဲ့အတူ ​တောတွင်းတစ်​နေရာမှာ ​ကျောင်း​တော်တစ်ခု​ ထောင်ထားတယ်လို့ စာထဲမှာ ​ရေးထားတာပါ။ ဒီလိုနဲ့ပဲ သူငယ်ချင်း၃​ယောက် အဲဒီ​နေရာကို​ ရောက်သွားတဲ့အခါမှ စာထဲမှာရေးထားတဲ့ ​အေးချမ်းဆိတ်ငြိမ်ပြီး ​မောဟကင်းတဲ့ရပ်ဝန်း တစ်ခု၊ ငြိမ်းချမ်းတဲ့ဘဝကို​ ရောက်​စေမယ့်ကျင့်စဉ်ဆိုတဲ့ ​ရေးထား တာ​တွေ တစ်ခုမှမရှိ​နေဘဲ အထင်နဲ့အမြင် တက်တက်စင်လွဲ​နေတဲ့၊ တစ်ခုခုမှားယွင်း​နေတဲ့ ​နေရာတစ်ခုကို ​ရောက်သွားရာ အဲဒီ​နေရာက ပြန်ထွက်​ပြေးလွတ်​မြောက်ဖို့ ကြိုးစားရပါ​တော့တယ်။ File size…2.15GB / 1.11GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 39m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

6.1 2013
The Sacrament
My Life as a Zucchini
7.8

ဒီဇာတ်ကားလေးထူးခြားပါတယ်။ ကျွန်တော်စကြည့်တုန်းက ဘာမှမျှော်လင့်မထားပေမယ့် အခုတော့ ကျွန်တော်အကြိုက်ဆုံး stop motion ဇာတ်ကားလို့တောင် ပြောလို့ရပါတယ် ။ အားလုံး stop motion ကာတွန်းလေးတွေကြည့်ဖူးကြမယ် ထင်ပါတယ်။ အများစုကတော့ Shawn The Sheepတို့လို ချစ်စရာ ကောင်းပြီးတော့ ရယ်ရတာမျိုးတွေ များပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားလေးကတော့ ဇာတ်လမ်းအစကနေ အဆုံးအထိ မိဘမဲ့ကလေးတွေ ကြုံတွေ့ခဲ့ရတာတွေ၊ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ပျော်စရာတမျိုး၊ ဝမ်းနည်းစရာတမျိုး၊ နွေးထွေးစရာတမျိုး ရသအဖုံဖုံ မြောက်အောင် တင်ဆက်ပေးထားလို့ ကျွန်တော်တော့ တော်တော် သဘောကျပါတယ်။ ဇာတ်လမ်း‌အကျဥ်းက Zucchini (ကျွန်တော်ကတော့ ဖိုးသခွားလို့ ချစ်စနိုးနဲ့ ဘာသာပြန်ထားပါတယ်ခင်ဗျာ) ဆိုတဲ့ ကလေးလေးက သူ့အမေနဲ့ နှစ်ယောက်တည်းအတူနေရတာပါ။ တနေ့ကျတော့ Zucchini က သူ့အမေကို မရည်ရွယ်ပဲ သတ်လိုက်သလို ဖြစ်သွားတာကြောင့် မိဘမဲ့ဂေဟာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမိဘမဲ့ဂေဟာရောက်မှ သူ့ဘဝဟာ စတာပါ။ ဘဝတူကလေး အချင်းချင်းရဲ့ နားလည်မှုတွေ ချစ်ခြင်းတရားတွေ ယုံကြည်မှုတွေ တစ်ယောက်ယောက်တယောက် ကာကွယ်စောင့်ရှောက်ကြပုံတွေကြောင့် ကျွန်‌တော်ကြည့်နေရင်း မျက်ရည်ဝဲမိပါတယ်။ ဇာတ်ကား‌လေးကို ကြည့်ပြီးမှ ကျွန်တော့်မိဘတွေကို ပိုပြီး တန်ဖိုးထားမိပါတယ်။ IMDB အနေနဲ့ 7.8 ရထားပြီးတော့ ခရမ်းချဥ်သီး 99% တောင် ရထားတာမလို့ stop motion ဇာတ်လမ်းတွေထဲမှာတင်မကပဲ animation တွေထဲမှာတောင် rating က အရမ်းကောင်းတဲ့ ထဲ ပါတာမလို့ ဇာတ်လမ်းဘယ်လောက် ကောင်းကြောင်းကတော့ ညွှန်းနေစရာ လိုမယ် မထင်ပါဘူး။ မြင်တွေ့နေကျနဲ့ မတူထူးခြားတဲ့ My Life As a Zucchini ရဲ့ စိတ်ခံစားချက်နဲ့လိုက်တဲ့ အရောင်တင်ဆက်ပြသမှုတွေ ဇာတ်အိမ်ကောင်းမှုတွေကို ခံစားကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်။ မှတ်ချက် – ပြင်သစ်ဇာတ်လမ်းမလို့ English ဘာသာပြန်ထားတဲ့ စာဖိုင်ကို ပြန်ကြည့်ပြီး မြန်မာမှုပြု ဘာသာပြန်ရတာမလို့ ကျွန်တော်ကြည့်ပြီးပြန်တဲ့ စာဖိုင်နဲ့ ဇာတ်လမ်းထဲက အသံနဲ့က ကွဲနိုင်လို့ ဘာသာပြန်လိုအပ်ရင် နားလည်ခွင့်လွှတ်ပေးကြပါခင်ဗျာ။ File size… 863 MB / 372 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 10m Genre ….. Comedy/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by DrZac

Drama
7.8 2016
My Life as a Zucchini
Shaun of the Dead
7.9

ကဲ Three Flavours Cornetto Trilogy ထဲက ပထမဆုံးကားလာပါပြီ…. Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။ Shaun of The Dead (2004) ရုပ်ရှင်ကတော့ Cornetto Trilogy ရဲ့ ပထမဆုံးဇာတ်ကားဖြစ်တာနဲ့အညီ IMdb Rating (7.9) Rotten Tomatoes (92%) ထိ ရရှိခဲ့ပြီး အနုပညာအရည်အသွေးမြင့် Comedy Horror ရုပ်ရှင်ကားဖြစ်ခဲ့ပါတယ်…ရိုက်ကူးကုန်ကျစရိတ် Budget $6 million ပဲကုန်ကျခဲ့ပေမယ့် Box office $38.7 million ထိ ပြန်လည်ရရှိခဲ့တာကြောင့် ဝင်ငွေအရလဲအောင်မြင်ခဲ့ပြီး နောက်ဆက်ထွက်မယ့် ၂ ကားကိုလဲ ပံ့ပိုးနိုင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… ရှောင်ဆိုတဲ့ အသက်သုံးဆယ်ကျော် အရှုံးသမားတစ်ယောက်ဟာသူ့အချစ်ဆုံးသူငယ်ချင်း ငကြောင် အတ်ဒ်နဲ့ အတူနေထိုင်ပါတယ်။ သူ့မှာ ကြွားစရာဆိုလို့ သူ့ရည်းစား လစ်ဇ်ပဲရှိပါတယ်။ တစ်နေ့တော့ သူတို့ရဲ့ငကြောင်ကမ္ဘာထဲမှာ ဇွန်ဘီတွေ ပေါ်လာတဲ့အချိန်မှာတော့ ရှောင်တို့အဖွဲ့ အသက်ရှင်လွတ်မြောက်နိုင်မှာလား? ဇွန်ဘီတွေကြားထဲ သူတို့အဖွဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ….ရယ်မောပျော်ရွှင်အောင်ရိုက်ကူးထားပါတယ်။ Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ်မခံသင့်ပါဘူး။

Thriller • Crime • Drama
7.9 2004 99 mins
Shaun of the Dead
Life After Fighting
6.5

Life After Fighting ဇာတ်ကားဟာ ၂၀၂၄ ထွက် သြစတြေးလျ Action Drama ဇာတ်ကားကောင်း တစ်ကားပဲ ဖြစ်ပါတယ်။ သြစတြေးလျရိုက်တာဆိုပေမဲ့ ရုပ်ရှင် အရည်အသွေးက ဟောလီဝုဒ်မှီပါတယ်။ ဇာတ်လမ်းလေးကို အမြည်းပြောရရင် အဲလက်စ်ဆိုတဲ့ ကမ္ဘာကိုယ်ခံပညာချန်ပီယံ သူ ကျန်းမာရေးကိစ္စတွေကြောင့် အနားယူပြီး ကိုယ်ခံပညာသင်တန်းဖွင့်နေတဲ့သူ တစ်ယောက်ပါ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့သူမို့ သွေးတိုးစမ်းချင်သူတွေလည်း ရှိနေပါတယ်။ တစ်ရက်တော့ သူ့သင်တန်းက ကလေး ၂ ယောက် သူ့မိတ်ဆွေရဲ့ ကလေးအပါအဝင် သင်တန်းနားကနေ ပျောက်သွားခဲ့ပါတယ်။ ပြန်ရှာဖို့ ကြိုးစားရင်းပဲ ဘယ်လိုအခက်အခဲတွေရင်ဆိုင်ရမလဲ လူတွေက ထင်ထားသလို ဟုတ်ပါ့မလား အဆုံးသတ်မှာ ဘယ်သူတွေသေပြီး ဘယ်သူတွေ ရှင်မှာလဲ စတာတွေကို တစ်ကားလုံး သေနတ်မသုံးဘဲ hand-to-hand တိုက်ခိုက်မှုတွေ တဝကြီး ကြည့်ရမှာ ဖြစ်ပါတယ်။ ဒီကားကို ကြည့်ရင်း ငယ်ငယ်က ဂျက်ကီချန်းငယ်စဉ်က ကားတွေကိုတောင် သတိရမိစေပါတယ်။ ဒါကြောင့် အက်ရှင်ကြမ်းကြမ်း ကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးပါလို့ လက်တို့လိုက်ပါရစေ..,… File size…2.37GB / 944MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h Genre ….. Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Drama • Mystery • Horror
6.5 2024 126 mins
Life After Fighting
The Other Side
7.4

ဒီတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် Drama အမျိုးအစား ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်… အသက် ၄၀ အရွယ် Carlos ဟာ ဒဿနိကဗေဒပါမောက္ခ တစ်ဦးဖြစ်ပြီး ကဗျာဆရာတစ်ဦးလည်းဖြစ်ပါတယ်.. ဇာတ်လမ်းအစ ဆေးရုံတစ်ခုမှာနိုးထလာတဲ့ Carlos တစ်ယောက် ကိုယ့်အမေကိုယ် သတ်ဖြတ်မှုအတွက် အမှုရင်ဆိုင်ရဖို့ဖြစ်လာပါတယ် သို့သော်လည်း Carlos ဟာ အမေဖြစ်သူရဲ့ဆန္ဒအရ သတ်ဖြတ်တာ ဖြစ်ကြောင်းကို သူ့ရှေ့နေရဲ့ဆန္ဒကိုလွန်ဆန်ပြီး ဝန်ခံပြောဆိုကာ အပြစ်မရှိကြောင်း အခိုင်အမာပြောဆိုတဲ့နောက်မှာတော့ ရှေ့နေ ဖြစ်သူဟာ တစ်သက်တစ်ကျွန်းကျမယ့်ဘေးကနေ Carlos ကို ကယ်တင်ဖို့ အခက်အခဲဖြစ်လာပါတော့တယ်.. တစ်ဖက်မှာလည်း တရားလိုရှေ့နေဖြစ်သူ Gloria ဟာ မိန်းမသားများအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေကို အထူးကျွမ်းကျင်သူ ဖြစ်ကာ အမှုတိုင်းလိုလို အနိုင်ယူနိုင်သူတစ်ယောက်ဖြစ်နေပါတယ် ထို့အတွက်ကြောင့်ပင် Carlos ရဲ့ရှေ့နေဟာပိုအကျပ်ရိုက်လာရပြီး ထောင်ဒဏ်အနည်းနဲ့အများ ကျခံရမယ့် ရွေးချယ်မှုကိုသာ လုပ်ဆောင်ဖွယ်ရာရှိလာကာ ကွင်းလုံးကျွတ်လွတ်ဖို့ရာဟာ ဘယ်လိုမှ မမျှော်လင့်နိုင်စရာဖြစ်လို့နေပါတယ်.. ထိုရုံးချိန်းအပြီး တစ်ရက် ထောင်တွင်းအချုပ်ခံထားရစဉ် Carlos ထံသို့ Sierra အမည်ရတဲ့ ရှေ့နေတစ်ယောက်ရောက်ရှိလာပြီး အမှုတွင်ကူညီ ပေးမည့်အကြောင်း ပြောဆိုလာရာ နောက်ရုံးချိန်းမှာပဲ စတင်ရှေ့နေ လိုက်ပေးပြီး စိတ်ဝင်စားဖွယ်ပြန်လှန်ချေပချက်တွေ ကြားသိရတဲ့ နောက်မှာတော့ ယခင်အစိုးရရှေ့နေနဲ့အတူ မျှော်လင့်ချက်မဲ့ခဲ့သမျှဟာ မျှော်လင့်ချက်အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်လာခဲ့တဲ့ နောက်မှာတော့… ဒီကားလေးဟာဆိုရင် ဒဿနိကဆိုင်ရာအတွေးအခေါ်တစ်ခုကို အနုပညာမြောက်စွာ ကျစ်ကျစ်လျစ်လျစ် ဖန်တီးပြသထားပြီး တရားခွင်က ရှေ့နေနှစ်ယောက်ရဲ့အပြန်အလှန် ချေပချက် ထိုး နှက်ချက်တွေ၊ သားအမိနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာ၊ ဘဝအပေါ်ရှုမြင်ပုံတွေ၊ နာတာရှည်ရောဂါသည်တို့ရဲ့ မတူညီတဲ့ ဘဝနေထိုင်မှုတွေကို မြင်တွေ့နေကျမဟုတ်တဲ့ ရှုထောင့်ကနေ တင်ပြထားတာဖြစ်လို့ တွေးတွေးခေါ်ခေါ် စဉ်းစဉ်းစားစားရုပ်ရှင် တွေကိုမှ ကြည့်ရှုလိုသူ ရုပ်ရှင်ချစ်ပရိသတ်များအတွက် အချိန်ပေး ရကျိုးနပ်မယ့် ဇာတ်ကားလေးဖြစ်လို့ မြည်းစမ်းကြည့်ရှုနိုင်ရန် ညွှန်းဆိုလိုက်ရပါတယ်ခင်ဗျာ……………. File size… (2.16 GB) / (1.02 GB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

7.4 2024
The Other Side
Boléro
6.6

Boléro (2024) IMDb Rating (6.6) ပြင်သစ် သီချင်းရေးဆရာကြီး Maurice Ravel ရဲ့ ဘဝနဲ့ သူ မသေဆုံးခင်မှာ Ida Rubinstein ဆိုသူဘဲလေးကချေသည်အမျိုးသမီးအတွက် ရေးပေးခဲ့တဲ့ နာမည်ကြီး Boléro ဆိုတဲ့ တေးသွားကို ရေးစပ်ခဲ့ပုံကို Director Anne Fontaine က ရိုက်ကူးထားတာပါ။ Maurice Ravel ရေးစပ်ခဲ့တဲ့ Boléro တေးသွားဟာ ၁၇မိနစ် ကြာမြင့်ပြီး ၁မိနစ်စာ တေးသွားကို ၁၇ခါပြန်ကျော့ထားတာလည်းဖြစ်ပါတယ်။ အောင်မြင်မှုအနေနဲ့ ကမ္ဘာတစ်ဝှမ်းမှာလည်း လူမျိုးပေါင်းစုံ ယဥ်ကျေးမှုပေါင်းစုံက တင်ဆက်မှုအမျိုးမျိုးနဲ့ ဒီတေးသွားကိုပြန်လည် တီးခတ်ထားကြပါတယ်။ ဇာတ်လမ်းအစမှာ Maurice ဟာ သူ့မိတ်ဆွေ ဘဲလေးကချေသည် Ida ကို စက်ရုံတစ်ခုကို ခေါ်သွားပြီး စက်ရုံက ဆူညံသံတွေက သူ့အတွက် တေးဂီတဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ Ida နဲ့ Maurice ဟာ 1927 ခုနှစ်ဧည့်ခံပွဲတစ်ခုမှာတွေ့ဆုံခဲ့ပြီး Ida ရဲ့ ဘဲလေးကဇာတ်အတွက် Maurice ကို သီချင်းတစ်ပုဒ်ရေးစပ်ခိုင်းခဲ့တာပါ။ ပုံမှန်ဆို Mauriceဟာ စိတ်ကူးတစ်ခု ရဖို့ ၁၀စုနှစ် တစ်ခုလည်း ကြာရင်ကြာသွားတတ်ပြီး သူ့ရဲ့ အနုပညာဟာ အချိန်အကြာကြီး လိုအပ်ကြောင်း အမေရိကား နယ်လှည့်ဖျော်ဖြေပွဲမှာ စာနယ်ဇင်းသမားတွေကို ပြောသွားခဲ့ပါတယ်။ ဒါပေမယ့် အမေရိကားက ပြန်ရောက်ရောက်ချင်း Ida က Maurice ကို တေးသွားတစ်ပုဒ်စပ်ဖို့ ၂လပဲ အချိန်ပေးခဲ့ပါတယ်။ အဲ့ဒီ၂လမှာ စိတ်ကူးတွေ အကြံဥာဏ်တွေပေါ်လာအောင် ကမ်းခြေဘက်လည်း ခရီးသွားခဲ့ပေမယ့် ၂ပတ်လောက် အလိုအထိကို ဘာမှ မရေးမစပ်နိုင်ခဲ့ပါဘူး။ သို့ပေမယ့်လည်းသတ်မှတ်ချိန်ပြည့်သွားတဲ့အခါမှာ ဂန္တဝင် တေးသွားတစ်ပုဒ်ဖြစ်တဲ့ Boléro က Ida Rubinstein ရဲ့ ဘဲလေးကဇာတ်ကနေ မွေးဖွားလာခဲ့ပါတယ်။ Maurice Ravelဟာ သူ့ဘဝ နေဝင်ချိန်မှာ ဦးနှောက် အာရုံကြောရောဂါကို ခံစားခဲ့ရပြီး သီချင်းမရေးနိုင်၊ ဘာကိုမှ မမှတ်မိတော့တဲ့ အချိန်မှာ သူရေးစပ်ခဲ့တဲ့ Bolero ကိုတောင် မမှတ်မိတော့ပါဘူး။ ဒါပေမယ့်လည်း သူဟာ နောက်ဆုံးအချိန်ထိ သူ့အာရုံနဲ့ စိတ်ဝိဥာဥ်ကို တေးဂီတထဲမှာ မြှုပ်နှံခဲ့တဲ့ ပညာရှင်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size…(1.9 GB) / (770 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,History,Music Duration….02:02:09 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Leonie

Horror • Thriller
6.6 2024 120 mins
Boléro
Conjuring Baba

သရဲတစ္ဆေတွေထက် လူတွေကပိုပြီးတော့ကြောက်ိဖို့ကောင်းပါတယ်တဲ့ သရဲတစ္ဆေတွေနဲ့ဆက်သွယ်ပြောဆိုနိုင်တဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်တဲ့ သူကတော့ သရဲတစ္ဆေတွေဆိုတာ မကောင်းတဲ့သူဆိုတဲ့ အယူအဆကို လက်မခံသူတစ်ယောက်ပါ သရဲတစ္ဆေတွေထဲမှာ ကောင်းတဲ့သူတွေလည်းရှိတယ်ဆိုတာကိုသက်သေပြချင်သူတစ်ယောက်ပါ သူတက်နေတဲ့ကျောင်းမှာလည်းကျောင်းသူများစွာဟာ နေ့မြင်ညပျောက်ဆိုသလိုပဲ တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးနေကြလို့ ဒီကိစ္စကိုအဖြေရှာဖို့ကြိုးပမ်းနေသူတစ်ယောက်ပါ ဒီလို အဖြေရှာရင်းနဲ့ ဘာဘာ ဆိုတဲ့ သက်တမ်းရင့်ဝိဉာည်တစ်ကောင်နဲ့ ဘယ်လိုတွေဖြေရှင်းရင်ဆိုင်သွားမလဲဆိုတာကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ် File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Myat Noe YaMone

Action • Animation • Adventure • Comedy • Fantasy
0 2024
Conjuring Baba