YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Modern.Love.Mumbai.S01E01.1080p.AMZ WEBDL.AAC5.1CH(CM).mp4

741 MB N/A video/mp4 127 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Secret Garden
7.4

~ IMDb - 7.3/10, RT - 88%, Meta - 74% ~ ဒီတစ်ခေါက်မှာတော့ လျှို့ဝှက်ဥယျာဥ်တစ်ခုဆီအလည်သွားရ​အောင်။ စာရေးဆရာ Frances Hodgson Burnett ရဲ့ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Fantasy Movie "The Secret Garden" ​ကို​ နွေရာသီနဲ့လိုက်ဖက်စွာတင်ဆက်ပေးလိုက်ရပါတယ်။ အိန္ဒိယမှာ ဗြိတိသျှမိသားစုနဲ့အတူနေထိုင်တဲ့ မေရီလန်းနက်ခ်ဆိုတဲ့ ၁၀ နှစ်အရွယ်ကောင်မလေး။ မိဘတွေဆီက အာရုံစိုက်မှု ချစ်ခင်ကြင်နာမှုနည်းနည်းလေးတောင်မရတဲ့မေရီဟာ ခံစားချက်မဲ့ပြီး ရင့်သီးတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူငယ်ချင်းရယ်လို့လည်းမရှိခဲ့ဘူး။ တစ်နေ့မှာ မေရီ့မိဘနှစ်ပါးလုံး ငလျင်တစ်ခုကြောင့် သေဆုံးသွားခဲ့တယ်။ မိဘမဲ့ဖြစ်သွားတဲ့မေရီကို အင်္ဂလန်ကဦးလေး ကရေဗင်ကခေါ်ယူမွေးစားခဲ့တယ်။ ယော့ခ်ရှိူင်းယားပြည်နယ်ကမြက်ခင်းလွင်ပြင်မှာ ခြောက်ကပ်စွာတည်ရှိနေတဲ့ မစ်ဇယ်ဝိတ်ရဲတိုက်ကြီး။ ရဲတိုက်ရဲ့သခင် ကရေဗင်က လူတွေနဲ့အဆက်အသွယ်မလုပ်တော့လို့ ရဲတိုက်ကြီးလည်းတိတ်ဆိတ်ခြောက်ကပ်လာခဲ့တာ ၁၀ နှစ်ကျော်ကြာခဲ့​ပြီ။ အိပ်မက်ထဲကဝိညာဥ်တစ်ခုက မေရီ့ကို လျှို့ဝှက်ဥယျာဥ်တစ်ခုဆီခေါ်နေခဲ့တယ်။ ရဲတိုက်အပြင်ကို တစ်ယောက်တည်း ခိုးထွက်ခဲ့တဲ့အခါ ရဲတိုက်ကြီးရဲ့အလွန် တောစပ်တစ်နေရာမှာ လျှို့ဝှက်ဥယျာဥ်တစ်ခု တကယ်ရှိနေတာကိုတွေ့လိုက်ရပါတော့တယ်။ မှော်ဆန်တဲ့ လျှို့ဝှက်ဥယျာဥ်ထဲကို အလည်သွားရင်း မထုံတတ်တေးလေးမေရီက ရဲတိုက်ကြီးအတွက် ဘယ်လို အပြောင်းအလဲတွေယူဆောင်လာခဲ့လဲဆိုတာကိုလည်းကြည့်ရှုခံစားလိုက်ကြပါဦး... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 870MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 41Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Action • Comedy
7.4 1993 102 mins
The Secret Garden
The Gray Man
7

နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ အေဂျင်စီက ပြန်ငှားလိုက်တာကတော့ နာမည်ဆိုးနဲ့ ကြေးစား လွိုက်ဟန်ဆန် (ခရစ်စ် အီဗန်) ပါပဲ။ သူတို့နှစ်ယောက် စိန်ပြေးတမ်းကစားကြရင်း တိုက်ခိုက်ကြ သတ်ကြဖြတ်ကြတာတွေကို အက်ရှင်ကားပီပီသသပဲ ဝုန်းဒိုင်းကျဲနေအောင် ကြည့်ရမှာပါပဲ။ File size…(1.76GB)/(1 GB)/(729MB) Quality….4K HEVC ,Webrip 1080p , 720p  Format…mp4 Duration….02:02:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Horror
7 2022 128 mins
The Gray Man
Santaman
7

Santaman (2022) ပူလောင်ခြင်းတွေမပါဘဲ ငယ်ဘဝကာတွန်းကား အနှစ်သာရကို ခံစားချင်ပါသလား မိတ်ဆွေ... အဲ့ဒါဆိုရင် ဒီကားလေးက သင့်အတွက်ပါပဲနော်... ဇာတ်လမ်းအကျဥ်း ခရစ္စမတ်တိုင်းရဲ့ ဇာတ်လိုက်ကျော် ဆန်တာကလော့စ်ဟာ ခရစ္စမတ်နေ့မှာ လက်ဆောင်ထုတ်တွေပို့ရင်း သူ့ရဲ့ လက်ဆောင်အိတ်ကို သူခိုးတွေ လုတာခံလိုက်ရပါတယ်။ ထာဝရအသက်ရှင်နေသမျှ ကာလပတ်လုံး လူကောင်းတွေအတွက် လက်ဆောင်တွေကို နှစ်စဥ်ပို့နေပေမယ့် လူဆိုး အမည်ပျက်စာရင်းဝင်တဲ့သူတွေအတွက် ဘာမှမလုပ်ပေးနိုင်တာမို့ အားမလိုအားမရဖြစ်နေတာပေါ့။ အဲ့လိုနဲ့ ဆန်တာတစ်ယောက် လူဆိုးတွေကို ဖမ်းဆီးဖို့ ဆန်တာမန်းအဖြစ် အလုပ်တွေကြိုးစားပါတော့တယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာ ဆန်တာရဲ့ထာဝရအသက်ရှင်နိုင်စွမ်းကိုလိုချင်နေတဲ့လူဆိုးတစ်ယောက်ရှိနေပြန်တယ်။ လူဆိုးရဲ့ ရည်ရွယ်ချက်အထမြောက်သွားနိုင်မလား...? ဆန်တာကို ဘယ်သူတွေကူညီကြမလဲ...? လူဆိုးကရော ဘယ်သူလဲ...? ကဲ... ဆျာဘတ်ဗားရှင်း ဆန်တာမန်းကို ခံစားကြည့်ရှုကြပါဦး... File size…(1.92GB)/(990MB)/(506MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Animation / Adventure /  Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Northener

Drama • Thriller
7 2022 88 mins
Santaman
Pacto de Fuga
7.5

~ IMDb - 7/10, Rotten Tomatoes - 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ "နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး" ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.1GB Quality - 1080p, 720p IMDb Rating - 7/10 Format - mp4 Duration - 2H 15Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

7.5 2020 138 mins
Pacto de Fuga
Eli
6

Eli ဆိုတဲ့ကလေးလေးက ထူးခြားတဲ့ရောဂါတစ်ခုဖြစ်နေပါတယ်။ အဲဒါကတော့ လေနဲ့မတည့်တာပါ။ လေရှုလိုက်ရင် သူ့အရေပြားတွေလောင်ကုန်ပြီး ပေါက်ကွဲမလိုဖြစ်တဲ့ ရောဂါဆန်းပါ။ သူအိမ်မှာနေရလဲ မှန်လုံအိမ်ထဲလိုနေရာမျိုးမှာလေ Filter နဲ့နေရပါတယ်။ လေတင်မကဘူး ရေလည်းထိလို့မရပါဘူး ?။ အဲတာနဲ့ပဲ သူ့အဖေနဲ့အမေက သူ့ကို ဆေးကုဖို့ Doctor Horn ဆိုတဲ့ ဆရာဝန်မ အိမ်မှာနေရင်းဆေးကုဖို့ လုပ်ခဲ့ကြပါတယ်။ အဲဒီ အိမ်က လေ filtration နဲ့ရေ filtration system တွေပြည့်နေတာမို့ Eli လေးတစ်ယောက် မှန်လုံအိမ်နဲ့ အလုံပိတ်ထားတဲ့ အင်္ကျီထဲမှာနေစရာ မလိုတော့ပါဘူး။ သူ့ကိုဆေးကုနေရင်းနဲ့ပဲ Step 1 အဆင့်မှာ ဒီအိမ်ကသာမန်မဟုတ်ပဲ သရဲခြောက်တဲ့အိမ်ဆိုတာသိခဲ့ရတယ်။ သူကအပြင်ထွက်မရပေမယ့် အပြင်ဘက်မှာ Harley ဆိုတဲ့ မိန်းကလေးနဲ့ မှန်တစ်ဖက်တစ်ချက်စီက စကားပြောရင်းခင်ခဲ့ပါတယ်။ သရဲတွေကခြောက်တာ တဖြည်းဖြည်းဆိုးလာတာတွေရော Harley ကြောင့်ပါ ဒီအိမ်ကြီးက လုံးဝမူမမှန်သလို Doctor Horn ကလည်းသူထင်ခဲ့သလို မဟုတ်မှန်းသိလာခဲ့တယ်။ သရဲတွေက Doctor Horn သတ်ခဲ့တဲ့ကလေးတွေလား ?... Doctor Horn ကဘာလို့ သူမကယ်နိုင်မှန်းသိတဲ့ကလေးတွေကိုသတ်ရတာလဲ ? ကလေးတွေကို စမ်းသပ်ချင်ရုံ သက်သက်လား ? သူ့အဖေနဲ့အမေကရော ဘာလို့ Eli ပြောသမျှမယုံပဲ ဒီဆရာဝန်မလက်ထဲ အပ်ချင်နေရတာလဲ........ Brainwashed ခံထားရပြီးလား....သူ့တစ်ယောက်ထဲ ဒီအိမ်ကြီးကနေဘယ်လိုရုန်းထွက်မလဲ ထွက်ပြေးမလဲဆိုတာ... ?Review ( Spoiler alert) ? Netflix ကနေ Halloween အတွက်ရုပ်ရှင်တွေအများကြီးထွက်လာသလို In the tall grass ဆိုလည်းတော်တော်ကောင်းပါတယ်။ Netflix က Horror movie တွေကတော့ အရမ်းမကောင်းရင်တောင်အထင်သေးလို့မရပါဘူး။ ဒီဇာတ်ကားကိုလည်း Trailer ကြည့်ပြီးကတည်းက Sci Fi လိုလို ဇာတ်လမ်းမျိုးကို Horror ထည့်ပြီးရိုက်ထားတဲ့ ဇာတ်ကား ဆိုပြီး မထွက်ခင်ကတည်းကအရမ်းကြည့်ချင်နေခဲ့တာပါ။ ကြည့်ပြီးသွားတော့လည်း ကိုယ့်အကြိုက်နဲ့ ထပ်တူမကျခဲ့ပေမယ့် Plot Twist လေးတွေကိုကြိုက်မိတာတော့အမှန်ပဲ။ ကိုယ်မှန်းသမျှ လွဲတာဒီကားပဲရှိဦးမယ်?။ လုံးဝမထင်မှတ်ထားတဲ့ Plot တွေနဲ့ ချပြသွားတာ Woww ကနဲ ပဲ... အဆုံးသတ်ထိ အော်အာ့လိုလားဆိုပြီးဖြစ်သွားတာလားဆိုပြီး အံ့သြစရာအတွေးတွေနဲ့ကျန်နေခဲ့တယ် .. horror ကားတွေကြိုက်တဲ့သူတွေအတွက်တော်တော်ကြည့်ကောင်းမယ့် ဇာတ်ကားပါပဲ။ အိမ်ကြီးထဲမှာကလေးလေးတစ်ယောက်ပဲ အသက်ဘေးအတွက်ရုန်းကန်နေတာကိုကြည့်ရတာလဲ အသက်ပါရှုရခက်သလို အရမ်းလည်းကြည့်ကောင်းပါတယ်။ Harley နေရာကသရုပ်ဆောင်တဲ့မင်းသမီးကလည်း Stranger things ထဲက Max ပါပဲ။ Eli နေရာကသရုပ်ဆောင်တဲ့ကလေးကလည်း ဝါရင့်သရုပ်ဆောင်ပီပီ သရုပ်ဆောင်တော်တော်ကောင်းပါတယ်။ Eli ရဲ့သရုပ်ဆောင်ချက်တွေကအံ့မခန်းပါပဲ။ IMDb 6 သာရထားပေမယ့် အဲဒီ Rating ထက်ပိုပေးချင်ပါတယ်။ (ရှပ်ရှင်အညွှန်းကို Naw Pyae Sone FB မှ ကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ May Myat Thu ပါ)

Comedy • Drama
6 2019 98 mins
Eli
Herd

Herd (2023) ဒီလအတွင်းမှာမှ လတ်လတ်​ဆတ်ဆတ် ထွက်ရှိထားတဲ့ Herd ဆိုတဲ့ အက်ရှင် သည်းထိတ်ရင်ဖိုကား​​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။ ~ ဇာတ်လမ်းအညွှန်း ~ ​ဂျေမီတစ်​ယောက် သူမရဲ့ နာကျင်စရာ အတိတ်က​နေ လွတ်​မြောက်ဖို့အ​ရေး သူမရဲ့ ချစ်သူ အဲလက်နဲ့အတူ ထွက်​ပြေးလာရာက​နေ ဖုတ်​ကောင်ကူးစက်မှု​တွေပျံ့နှံ့​နေတဲ့ အ​ခြေအ​နေဆိုးနဲ့ ကြုံ​တွေ့လာရတဲ့အခါ… တစ်ဖက်မှာလည်း ဖုတ်​ကောင်​တွေကို ရှင်းလင်းဖို့ အဖွဲ့ဖွဲ့စည်းထားကြ​ပေမဲ့ မိမိကိုယ်ကျိုးကိုသာဦးစား​ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ​ဂျေမီတို့​ရောက်သွားတဲ့အခါ… ​ဂျေမီတို့ဘယ်လိုအခက်အခဲ​တွေကြုံရမလဲ… သူမရဲ့ အတိတ်​ဆိုး​တွေက​နေ​ရော လွတ်​မြောက်​အောင်လုပ်နိုင်ခဲ့လား… ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကား​လေးဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 845MB Quality – 1080p, 720p Format – mp4 Duration – 1H 37Min Genre – Action, Horror Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Romance • Comedy
0 2023
Herd
Shot Boot Three
8.6

Shot Boot Three (2023) “ခွေးလေးမက်စ်နဲ့ သူငယ်ချင်းတစ်စု” IMDb-8.7/10 မိသားစုတွေအတူတူ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ရမယ့် တမီးလ်မိသားစုဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အဓိကဇာတ်ကောင်ကတော့ ကလေးလေးယောက်နဲ့ ခွေးလေးတစ်ကောင်ပေါ့။ ဟာသမင်းသားကြီး ယိုဂီဘာဘူပါဝင်အားဖြည့်ပေးထားပါတယ်။ တစ်ကျောင်းတည်းအတူတက်နေတဲ့ သူငယ်ချင်းသုံးယောက်။မိဘဖြစ်သူတွေက အလုပ်တွေများတော့ ကလေးအပေါ်မှာ အချိန်မပေးနိုင်။ဒီတော့ သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူက ခွေးလေးတစ်ကောင်မွေးလိုက်ပါတယ်။သူငယ်ချင်းသုံးယောက်လုံးဒီခွေးလေးနဲ့ အချိန်ကုန်ပျော်ရွှင်နေကြပါတယ်။ နောက်တော့ ခွေးလေး ပျောက်သွားတဲ့အတွက် သူငယ်ချင်းသုံးယောက်ပေါင်းပြီး ခွေးပျောက်ရှာပုံတော်ဖွင့်ကြပါတော့တယ်။ မိဘတွေ ကိုယ့်သားသမီးကိုပစ်ထားခဲ့မိတာတွေကို နောင်မှရတဲ့နောင်တတွေ၊ သူငယ်ချင်းတွေကြားက သံယောဇဉ်တွေနဲ့အတူ ရယ်စရာပြုံးစရာဇာတ်ကွက်လေးတွေနဲ့ ပေါ့ပေါ့ပါးပါးကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

Drama • Music
8.6 2023 117 mins
Shot Boot Three
Selfie 69
6

Selfie 69 (2016) သမီးရည်စားရန်ဖြစ်ရာမှ စပြီး အသည်းကွဲကာ သူငယ်ချင်းတွေလူငယ်ပီပီ ဘယ်လို ပေါက်ကရတွေလုပ်ပြီး အလွဲလွဲအမှားမှားတွေဖြစ်မလဲကို ကြည့်ရှုရမယ့် ပညာပေးအချစ်ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ သူငယ်ချင်းတွေ အသည်းကွဲ မူးရူးပြီး ဘယ်သူအရင်ဆုံးလက်ထပ်နိုင်မလဲ လောင်းကစားလုပ်ရာမှ နောက်ပိုင်းဖြစ်ပျက်မှုတွေမှတစ်ဆင့် သင်ခန်းစာများနဲ့တကွ ရသ အမျိုးမျိုးကို ခံစားကြည့်ရှုရမယ့် ပညာပေးလူကြီးဇာတ်ကားဖြစ်ပါတယ်။ သူငယ်ချင်းအုပ်စု ၂ ဖွဲ့ဘယ်လိုမတူညီတဲ့ ဒုက္ခတွေ အလွဲလွဲ အမှားမှားတွေကို ဟာသအမြင်နဲ့ ခံစားပြီး မိဘအလိုလိုက်မှုကြောင့် ခြေဦးတည့်ရာ ပေါက်ကရတွေလုပ်ရင်း အချစ်ကိုတစ်ဖန်ပြန်လည်ရှာတွေ့နိုင်မလား အန္တရာယ်များတဲ့အမှောင်ဒုစရိုက်လောကဘက်ကို ရောက်သွားပြီး ဒုက္ခတစ်မျိုးစီနဲ့ သူငယ်ချင်း ၃ယောက် တစ်ယောက်တစ်မျိုးဆီ ဘယ်လို အလွဲတွေ သင်ခန်းစာ‌တွေကြားက အချစ်ကိုဘယ်လိုရှာကြမလဲ ဘယ်လိုမထင်မှတ်ဘဲတွေ့မလဲ ရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုကြရမှာပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Romance Quality…. 1080p | 720p File size… 1.4GB | 810MB Format… mp4 Duration…. 1h 56min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Robin Encoder ….. Aaron

Crime • Comedy
6 2016 116 mins
Selfie 69
Inside À l’intérieur
6.7

Horror နှစ်သက်သူတွေအတွက်တော့ တကယ့်ကိုကားကောင်းတစ်ကားရလိုက်ပါပြီ။ Horror ရုပ်ရှင်တွေဆို ဝေဖန်လေကန်မှုတွေ ရှယ်ကြမ်းကြပေမယ့် Inside (2007) ကားလေးကိုတော့ ဝေဖန်ရေးသမားတော်တော်များများက Horror ကားအစစ်လို့ မှတ်ချက်ပြုထားကြတဲ့အတွက် အကြိုက်တူမတူ ပြောပေးကြဦးနော်…. ဇာတ်လမ်းအစမှာ ဆာရာ နဲ့ သူ့အမျိုးသားတို့စီးလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး အမျိုးသားက ပွဲချင်းပြီးဆုံးသွားပါတယ်။ ဆာရာကတော့ ကိုယ်ဝန်နဲ့အတူအသက်ဆက်ရှင်ခဲ့ပါတယ်။ မီးဖွားဖို့ရက်နီးလာပေမယ့် ဆာရာကတော့ ခင်ပွန်းစိတ်နဲ့ ဝမ်းနည်းနေတုန်းပါ။ ကလေးမွေးဖွားခါနီးတစ်ရက်အလိုမှာတော့ ဆာရာရဲ့အိမ်ကို အမည်မသိအမျိုးသမီးတစ်ယောက် တံခါးခေါက်ပြီး လာနှောင့်ယှက်ခဲ့ပါတယ်။ ဘယ်လိုပဲမောင်းထုတ်ပါစေ ထွက်မသွားတဲ့နောက် ရဲကိုဖုန်းဆက်တိုင်လိုက်ရပါတယ်။ ရဲတွေလည်း လာစစ်ဆေးပေမယ့် လာနှောင့်ယှက်တဲ့အမျိုးသမီးကို ရှာမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့…. ဆာရာနေထိုင်တဲ့ သာမာန်အိမ်လေးတစ်လုံးထဲမှာ စစ်မြေပြင်အလားထင်မှတ်ရလောက်အောင် သွေးသံတရဲရဲနဲ့အပြည့်ဖြစ်နေခဲ့ပါပြီ။ အမည်မသိအမျိုးသမီးကရော ဘယ်သူလဲ ? ဘာလို့ဒီလောက်အထိ ရက်စက်ရတာလဲ ? ဇာတ်လမ်းကရော ဘယ်လိုဆက်ဖြစ်သွားမလဲ? Horror Fan တွေဆက်ကြည့်လိုက်ပါတော့နော်… R rated ဖြစ်ပြီး သွေးသံတရဲရဲနဲ့မို့ နှလုံးကောင်းသူတွေသာ ကြည့်ဖို့တော့ အကြံပြုချင်ပါတယ်ဗျာ ။ ။ File size… 1.8 GB / 611 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre ….. Horror/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoVa

Drama
6.7 2007 83 mins
Inside À l’intérieur
Misty Assassination
5.8

သိုင်းကားကြိုက်ကြတဲ့ ပရိသတ်ကြီးအတွက် လှပတဲ့သိုင်းကွက်တွေအပြင် ၊ စက်ယန္တရားလှလှပပတွေကိုပါ မြင်ရမဲ့ သိုင်းကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာ လုပ်ကြံသူတစ်စုဟာ မမလေးချင်းထျန်းလို့ခေါ်တဲ့ သခင်မလေးနောက်ကိုလိုက်သတ်ကြပါတယ် ။ မမလေးချင်းထျန်းကို ကာကွယ်ပေးနေတဲ့ ကိုယ်ရံတော်ဝေ့ဖျင်ကသိုင်းပညာမြင့်မားတဲ့သူပါ။ အဲဒါကြောင့် ကိုယ်ရံတော်ဝေ့နဲ့ လုပ်ကြံသူခေါင်းဆောင်တို့ တစ်လမ်းလုံးသိုင်းပညာပြိုင်ရင်း ပြေးရလွှားရပါတော့တယ် ။ ဒါပေမဲ့ မထင်မှတ်ထားစွာနဲ့ လုပ်ကြံသူခေါင်းဆောင်နဲ့ ကိုယ်ရံတော်ဝေ့တို့က အချင်းချင်းသိုင်းကွက်တွေရင်းနှီးနေတဲ့အချိန်မှာတော့….. မမလေးချင်းထျန်းကိုလုပ်ကြံသူအုပ်စုကဘာလို့လိုက်သတ်ကြတာဖြစ်မလဲ ? လုပ်ကြံသူခေါင်းဆောင်နဲ့ရင်းနှီးနေတဲ့ ကိုယ်ရံတော်ဝေ့ကရော ဘယ်လိုသရုပ်မှန်ဖြစ်နေမလဲ‌ဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

5.8 2024
Misty Assassination
The World’s End
7

ကဲ Three Flavours Cornetto Trilogy ထဲက နောက်တစ်ကားလာပါပြီ…. Cornetto Trilogy ဆိုတာကတော့ ဒါရိုက်တာ Edgar Wright ရိုက်ကူးပြီး မင်းသား Simon Pegg နဲ့ Nick Frost တို့အတွဲပါဝင်တဲ့ Shaun of The Dead (2004), Hot Fuzz (2007) နဲ့ The World’s End (2013) ဇာတ်ကားတွေပဲဖြစ်ပါတယ်။Trilogy ဆိုပေမယ့်တစ်ကားနဲ့တစ်ကားဆက်စပ်မှုတော့မရှိဘဲ အတည်ပေါက်ကြီးသရော်ထားတဲ့ရုပ်ရှင်အမျိုးအစားအဖြစ်သာ တူညီမှုရှိပါတယ်။ The World’s End (2013) ရုပ်ရှင်မှာတော့ Simon Pegg နဲ့ Nick Frost တို့အပြင် Martin Freeman , Rosamund Pike တို့လိုနာမည်ကျော်သရုပ်ဆောင်တွေပါအားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးကြီး တစ်ခုကို ပြန်လုပ်ကြဖို့ ကြံစည်လာကြပါတယ်။ အဲဒီ စစ်ဆင်ရေးကတော့ သူတို့မြို့ရဲ့ လမ်းတစ်လျှောက်လုံးက အရက်ဆိုင် အကုန်လုံးက အစကနေ အဆုံးထိ ရောက်အောင်တစ်ညထဲနဲ့ သောက်သွားဖို့ပါပဲ။ အရက်ကို ခွေးလိုဝက်လို့ သောက်ဖို့အကြံနဲ့ ဇာတိမြို့ကို ချီတက်လာတဲ့ ဇိုးတစ်သိုက်ဟာ သူတို့မြို့ကို ရောက်ရှိလာချိန်မှာတော့ မထင်မှတ်ထားပဲ လူသားအားလုံးနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ…… ဒီရုပ်ရှင်က အတော်လေးလည်း ရယ်ရပြီး တွေးစရာလေးတွေလည်း ပေးထားမှာမို့ ကိုယ်တိုင်ကြည့်ပြီးမှ တွေးလို့ ပြုံးလိုက် လုပ်နေရမယ့် အမျိုးအစားမျိုးပါပဲ။ Cornetto Trilogy ၃ ကားစလုံး အတည်ပေါက်နဲ့ရယ်နေရတာမလို့ လက်လွတ်မခံသင့်ပါဘူး။

Comedy • Crime
7 2013 109 mins
The World’s End
Underground
8

IMDb 8/10 ဒုတိယကမ္ဘာစစ် နာဇီတွေ ဥရောပမှာအင်မတန်တန်ခိုးထွားနေချိန်…. နာဇီဆန့်ကျင်ရေးအတိုက်အခံ ယူဂိုစလပ်ကွန်မြူနစ်တွေကို လက်နက်မှောင်ခိုထုတ်ပြီးရောင်းတဲ့ ”မာကို”နဲ့ ”ဘလက်ကီ”(ဆိုးဖော်ဆိုးဖက်သူငယ်ချင်းနှစ်ယောက်) ဘလက်ကီတစ်ယောက် နာဇီနှိပ်စက်ခံရပြီး မာကို့အိမ်အောက်က လက်နက်မှောင်ခိုထုတ်တဲ့ဧရာမမြေအောက်ခန်းကြီးထဲမှာ ဆေးကုရင်း တခြားရဲဘော်တွေနဲ့အတူ နေထိုင်ဖို့ဖြစ်လာရာကနေ မာကိုဟာ ဘလက်ကီတို့တစ်သိုက်ကို သွေးအေးအေးနဲ့အချိုသပ်ပြီး ရက်ရက်စက်စက် ကြိုးကိုင်ဖို့ကြိုးစားခဲ့ပါတော့တယ်….. ဒီရုပ်ရှင်ဟာ dark comedy,drama ဖြစ်ပြီး ဒုတိယကမ္ဘာစစ်၊ စစ်အေးခေတ်နောက်ခံနဲ့ နိုင်ငံရေးရှုပ်ထွေးမှုတွေကိုအခွင့်ကောင်းယူပြီိး ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့တဲ့ လူတန်းစားနဲ့ သူတို့ကြောင့်ဘဝပျက်သွားရတဲ့လူတန်းစားနှစ်ရပ်အကြောင်းကို dark comedy ဝေဝေဆာဆာနဲ့ ဇာတ်ကောင်တစ်ခုချင်းစီ ပီပီပြင်ပြင်ပုံဖော်ထားတာမို့ ကြည့်ရတာတန်မဲ့ ကားကောင်းတစ်ကားပါပဲ File size…(3.8 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:47:00 Genre… Comedy, Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C An Dy

8 1995
Underground
Holiday in the Vineyards
6.2

Holiday in the Vineyards (2023) IMDb Rating (6.2) နာမည်းကြီး၀ိုင်ထုတ်လုပ်တဲ့ Baldwyn Wines လုပ်ငန်းဟာ သူတို့မပိုင်သေးတဲ့ Los Santos ကို စပျစ်ခြံတစ်ခုကို၀ယ်ယူဖို့ကြိုစားနေပါတယ်။ ဒီခြံဟာ လေလံတင်ထားတာကြောင့် ပိုင်ရှင်ဖြစ်တဲ့ Margo Baldwyn က သူ့သားဖြစ်တဲ့ Carter ကို စေလွှတ်ပြီး တိတ်တဆိတ်သတင်းတွေ နှိုက်ဖို့စေလွှတ်ခဲ့ပါတယ်။ ဒီတော့ Carter လည်း Los Santos ကိုရောက်ရှိသွားခဲ့ပြီး သူ့အလုပ်ကို အတွင်းလူအဖြစ်စတင်လှုပ်ရှားပါတော့တယ်။ သူကတော့ Val လို့ခေါ်တဲ့ အိမ်ခြံမြေအကျိုးဆောင်အေဂျင့်ရဲ့အိမ်မှာ လက်သမားဆရာအဖြစ်၀င်ရောက်လုပ်ကိုင်ပြီး သူတို့နဲ့ရင်းနှီးမှုယူခဲ့ပါတယ်။ Los Santos ရောက်တော့ Carter ဟာ ဒီလူအဖွဲ့အစည်းရဲ့ ၀ိုင်အပေါ်ကိုထားရှိတဲ့ စိတ်အားထက်သန်မှုတွေ, ကောင်းမွန်တဲ့၀ိုင်ထုတ်လုပ်မှုတွေကို တွေ့ရှိပြီးတဲ့နောက်မှာ စိတ်ပြောင်းလာပါတယ်။ Baldwyn Wines လုပ်ငန်းဟာ နာမည်သာရှိပြီး ကောင်းတဲ့၀ိုင်တွေမထုတ်လုပ်နိုင်ပါဘူး။ အဲဒါကြောင့်ဒီအကြံဟာ မသင့်တော်မှန်းအမြင်မှန်ရပြီးတဲ့နောက်မှာ သူအမေရဲ့အကြံကိုဆန့်ကျင်လာပါတော့တယ်။ စီပွားရေးကို စိတ်အားထက်သန်တဲ့သူ့အမေကို Carter နဲ့ Los Santos က ၀ိုင်ထုတ်လုပ်သူတွေက Baldwyn Wines လုပ်ငန်းကို ဘယ်လိုတွန်းလှန်မလဲဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Son Gohan ဖြစ်ပါတယ်။) File size…(2.1 GB) / (890 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:49:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Son Gohan

6.2 2023 107 mins
Holiday in the Vineyards
American Psycho
7.6

American Psycho (2000) ********************************* IMDb….7.6,,,,Rotten…69% အမေရိကန် ပြည်ထောင်စု ၉၀နှစ်ဝန်းကျင်မှာ ကုမ္ပဏီ လူကြီးမင်းတွေကြားက အချင်းချင်းပြိုင်ဆိုင်မှုတွေ မနာလိုမှုတွေ အဆင့်အတန်းခွဲ ခြားမှုတွေပြည့်နှက်နေခဲ့တယ် .. ..ရယ်မောစကားပြောနေပေမဲ့ အတွင်းစိတ်က မုန်းတီးနေကြတဲ့ ပတ်ဝန်းကျင်တစ်ခု…. . ဒီလိုအနေအထားမှာ ပက်ထရစ် ဘိတ်မန်း တစ်ယောက် သူကြည့်မရတဲ့ လုပ်ဖော်ကိုင်ဘက်ကို သတ်ပစ်ခဲ့တယ် .. .သူ့လုပ်ရပ်တွေက အကုန်အဆန်းတွေကြီးပဲ… ဒီကားဟာ TOP IMDB ထဲမှာပါသလို ရုပ်ရှင်ဝေဖန်ရေးသမားတွေအသိအမှတ်ပြုဇာတ်ကားတစ်ကားဖြစ်တယ်… .ဒီကားကိုကြည့်တဲ့သူတွေအဖို့ ဘိတ်မန်းရဲ့ စရိုက် အမူအကျင့်တွေ ပတ်ဝန်းကျင်ကို ဆက်ဆံပုံတွေ အသေးစိတ် မျက်ခြေမပြတ်လိုက်ရပါ့မယ်.. ….သူလုပ်ရပ်တွေဟာ အမှန်တကယ်ဖြစ်ခဲ့တာလား…စိတ်ကူးယဉ်သက်သက်လား….သူစီစဉ်ခဲ့တာတွေဟာ ဘာအတွက်လဲ…. ဘာကြောင့်လဲ…ဒီကားက အတော်ကို ခေါင်းစားပါတယ်.. .နောက်ပြီးအဖော်အချွတ်အခန်းတစ်ချို့ ပါလို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး..ဒီကားရဲ့ အဓိကသရုပ်ဆောင် Christian Bale ကိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်.. .ဒီကားဟာ ကျွန်တော့်အမြင်ပြောရရင် ကြည့်ရှူသူကို အဖြေတွေရှာခိုင်းတာ ဒါမှမဟုတ် ခံစားဆုံးဖြတ်နိုင်စွမ်းဘယ်လောက်ရှိသလဲ စမ်းသပ်နေတာနဲ့ပိုတူပါတယ်. ..ဆိုတော့ကား ဒီကားကြည့်ပြီး ခံစားသိမြင်တာလေးတွေကို ကျွန်တော်တို့ channel myanmar group မှာ လာရောက်ဆွေးနွေး မျှဝေပေးဖို့ဖိတ်ခေါ်အပ်ပါတယ်… File Size : 1.39GB/ 680MB Quality : Blu-Ray 1080p/720p Format…mp4 Duration…01:44:00 Genre : Thriller, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Thet Htet Oo

7.6 2000 102 mins
American Psycho
Alien Weekend

Alien weekend ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် sci-fi အမျိုးအစားရုပ်ရှင်လေးပဲဖြစ်ပါတယ် ဗိုင်အိုလက်၊တက်စ်၊ဂါတီနဲ့ကင်မီတို့က ဆယ်ကျော်သက်အရွယ် သူငယ်ချင်းမလေးတွေပဲဖြစ်ပါတယ်… ဗိုင်အိုလက်ကရုပ်ပြစာအုပ်ဆိုင်တစ်ခုမှာသူနဲ့အတူအလုပ်လုပ်တဲ့ အောဂတ်စ်ဆိုတဲ့ကောင်လေးနဲ့ချစ်ကြိုက်နေတာပါ….ဗိုင်အိုလက်အလုပ်လုပ်နေတဲ့ရုပ်ပြစာအုပ်ဆိုင်ကို သူ့သူငယ်ချင်းသုံးယောက်ကညခင်းလာကြိုပါတယ်….အဲ့ညမှာပဲဗိုင်အိုလက်ကအန်ချင်သလိုလိုဖြစ်နေလို့ စစ်ကြည့်လိုက်တော့ ကိုယ်ဝန်ရှိနေမှန်းသိခဲ့ရပါတယ်…. ထို့နောက်သူမတို့သူငယ်ချင်းလေးယောက်ဗန်ကားမောင်းလာရင်း သူမတို့ကားရှေ့ကနေအရာဝတ္ထုတစ်ခု ဖြတ်သန်းသွားပြီးတော့ပျက်စီးသွားတာကိုတွေ့လိုက်ရပါတယ်….,ထိုအရာကတော့ ဂြိုလ်သားမျိုးနွယ်စုတစ်စုရဲ့ဥတစ်လုံးပဲဖြစ်နေပါတော့တယ်….ထိုအခါဗိုင်အိုလက်ကအဲ့ဥကိုသူမအိမ်ကိုယူလာပြီးတော့ထိန်းသိမ်းထားချင်ပေမဲ့ သူငယ်ချင်းတွေကတော့သက်ဆိုင်ရာကိုပို့‌ဖို့အကြံပေးခဲ့ကြပါတယ်…. ဒီတော့ ဂြိုလ်သားဥကကမ္ဘာပေါ်ကိုဘာကြောင့်ရောက်လာတာလဲ….ဗိုင်အိုလက်တို့ရောထိုဥကိုစောင့်ရှောက်ရင်းနဲ့ဘာတွေဘယ်လိုကြုံတွေ့ရမလဲဆိုတာကိုဆက်လက်ကြည့်ရှုကြပါခင်ဗျာ….. File size… (1.1 GB) / (592 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

Drama
0 2024
Alien Weekend