YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Mobile Suit Gundam - The Witch from Mercury - 08 (720p).mp4

134.66 MB 720p video/mp4 343 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Romancham
8

IMDb 8.1 ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့သရဲခေါ်ဘုတ်ပြားကတစ်ဆင့် ဝိညာဥ်ဆင့်ခေါ်ခဲ့မိတဲ့သူငယ်ချင်း၇ယောက်... ငယ်စဉ်ကလေးဘဝကတုန်းက သရဲခေါ်နည်းပေါင်းစုံကစားဖူးကြမှာပါ ဘောပင်နဲ့ခေါ်တာ ဘုတ်ပြားပေါ် ဖယောင်းတိုင်တို့၊ဖန်ခွက်တို့နဲ့ခေါ်တာမျိုးတို့ပေါ့ ဒီဇာတ်ကားထဲမှာလည်း စစချင်းမှာ ကိုမာကြောင့်ဆေးရုံမှာလှဲနေရတဲ့ ဂျီဘင်ဆိုသူရှိပါတယ် သူဘာကြောင့်ဒီလိုဖြစ်ခဲ့ရလဲမမှတ်မိဘူးပေါ့ နောက်ကြောင်းပြန်ရရင်တော့ သရဲခေါ်ဘုတ်ပြားကနေစမှာပါ တစ်အိမ်တည်းမှာအတူစုနေကြတဲ့သူငယ်ချင်း၇ယောက်ရှိပါတယ် ငှားရမ်းခကို အတူတူစုခံပြီး ညနေဘက်တိုင်း ဘော်လီဘောကစားကြတဲ့ပျော်ပျော်နေတတ်တဲ့သူငယ်ချင်းတစ်သိုက် ... သူတို့ထဲကတစ်ယောက်က ကစားနည်းပျင်းလာလို့ဆိုပြီး သရဲခေါ်ကစားနည်းဆော့ခဲ့ရာမှ ကမောက်ကမဖြစ်ကြရမဲ့သူတို့ဘဝတွေ... ဇာတ်လမ်းကြည့်ရင်းနဲ့ကိုဖြစ်ရပ်မှန်ဆိုတဲ့အသိကြောင့်အသည်းတစ်ယားယားဖြစ်နေမှာပါပဲရှင် File size…2.21GB / 889MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Khin Khin ~BpL~ Yunni

Comedy • Mystery
8 2023 132 mins
Romancham
Werewolf Cabal
4.5

Horror ဝတ္ထုတွေရေးတဲ့ စာရေးဆရာ မိုက်ကယ် ကီဖာဟာ မိခင်ရင်းဆုံးသွားပြီးနောက် သူ့အတွက်ချန်ထားရစ်ခဲ့တဲ့ အမွေတွေကိုလက်ခံယူဖို့အတွက် UK ကျေးလက်ဘက်ကရွာလေးတစ်ရွာကိုရောက်လာခဲ့တယ်ပေါ့နော်။ ကီဖာဟာ ငယ်ကတည်းက မွေးစားဖို့ ပေးပစ်ခံရသူဖြစ်ပြီး မိခင်ရင်းဖြစ်သူအကြောင်း၊ မိခင်ရင်းရဲ့ရွာလေးအကြောင်းကိုလည်း ဘာမှမသိဘူးပေါ့၊ မိခင်ဖြစ်သူသေဆုံးသွားရတဲ့ အကြောင်းအရင်းကလည်း ခွေးကိုက်ခံရလို့ဆိုပြီး ရွာကလူတွေကပြောကြတာပဲ။ နောက်တော့ သူ့မှာမအေတူညီလေးတစ်ယောက်ရှိကြောင်း၊ ရွာထဲမှာလည်း လူတွေကလည်း အမျိုးမျိုးပြောနေတာတွေ ကြုံလာရပြီးတဲ့နောက်မှာတော့ မိုက်ကယ်ကီဖာတစ်ယောက် ဘာတွေဆက်ဖြစ်ဦးမလဲ၊ ရွာထဲကလူတွေက ဘာတွေလျှို့ဝှက်ထားကြတာလဲဆိုတာတော့ ဒီသမန်းဝံပုလွေဇာတ်လမ်းထဲမှာဆက်ကြည့်နိုင်ပါတယ်။ File Size :(1.5 GB) and (682 MB) Quality : WEB-DL 1080P, 720p Format…mp4 Duration…01:48:00 Genre : Comedy , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae

Horror
4.5 2022 109 mins
Werewolf Cabal
The In Between
7.4

Valentine Day အမှီ အေးဆေးဖီးလ်နဲ့ကြည့်လို့ရမယ့် အချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ တက်စ်ဆာဆိုတာ အချစ်ကိုအယုံကြည်မရှိဘဲ ဘ၀ထဲကိုဝင်လာတဲ့ လူမှန်သမျှ တွန်းထုတ်နေမိတဲ့ ကောင်မလေးတစ်ယောက်ပေါ့ .... အဖြူအမည်းကင်မရာနဲ့ဓာတ်ပုံ‌ေ‌တွရိုက်ရတာ သဘောကျပြီး အချစ်အကြောင်းတွေကိုအများကြီးပြောတတ်တယ်... ပျော်ရွှင်စရာအဆုံးသတ်တွေကိုမယုံတဲ့ တက်စ်ဆာဟာ စကိုင်လာဆိုတဲ့ ကောင်လေးနဲ့ရုပ်ရှင်တစ်ရုံမှာတေ‌ွ့ရာကနေ ချစ်သူတွေဖြစ်လာပြီး သူ့အတွက် ပျော်စရာအဆုံးသတ်တစ်ခုဖြစ်လာမယ်ထင်ထားခဲ့တယ် ဒါပေမယ့် ကားအက်စီးဒင့်‌ေကြာင့် စကိုင်လာဟာသေဆုံးခဲ့ပြီး တက်စ်ဆာလည်း မသေရုံတမယ်အသက်ရှင်ခဲ့ပါတယ် ... နောက်ပိုင်းမှာ စကိုင်လာရဲ့ ဝိဉာည် ‌ပေါ်လာကာ တက်စ်ဆာကို တမလွန်က ဆက်သွယ်လာပြီး မပြီးပြတ်ခဲ့တဲ့ အရာ...မပြောဖြစ်ခဲ့တဲ့စကားတေ‌ွကို In-Between ဆိုတဲ့ ဝိဉာည်လောက ကနေ ဆက်သွယ်ပြောဆိုလာခဲ့တဲ့အခါမှာတော့...... သဘာ၀လွန်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဘယ်လိုအဆုံးသတ်သွားမလဲ ကိုယ်တိုင်ပဲခံစားလိုက်ကြည့်လိုက်ပါ. အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ပဲ ဖြစ်ပါတယ်။ Genre.....Drama, Romance, Sci-fi Quality….WEB-DL 1080p and 720p File size…1.6GB, 834MB, 278MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....Thiha Yan Naing Encoder ..... August

Action • Fantasy
7.4 2022 116 mins
The In Between
Isle of Dogs
7.9

Isle of Dogs (2018) IMDb - 7.9/10_____Rotten - 90% ဒီဇာတ်လမ်းလေးအကြောင်းကို စမပြောခင် Animation ရဲ့ Graphic ပုံစံဟာ မြင်တွေ့နေကြပုံစံမျိုးမဟုတ်ပါဘူးလို့ စကားဦးခံထားပါရစေ ဘာလို့လဲဆိုတော့ ဘာသာပြန်ဖို့စကြည့်တဲ့အချိန်မှာ မိမိကိုယ်တိုင်လည်း ဘယ်လိုကြီးလဲဆိုပြီး အတွေးဝင်မိလို့ဖြစ်ပါတယ် ဒါပေမယ့် ဒီကားဟာ IMDb 7.9 တောင်ရရှိထားပြီး အသံသရုပ်ဆောင်တွေကလည်း ထိပ်ထိပ်ကြဲတွေဖြစ်တဲ့ Scarlett Johnson တို့ Breaking Bad ကမင်းသားကြီး Bryan Cranston တို့ Bill Murray တို့ပါဝင်သရုပ်ဆောင်ထားကြဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ကဲ ဇာတ်လမ်းအကြောင်း ဆက်လိုက်ကြရအောင် လွန်ခဲ့တဲ့ ရာစုနှစ်ဆယ်စုစာတုန်းက ခွေးတွေဟာ လူတွေရဲ့ အမိန့်ကို နာခံတတ်ကြတဲ့ အိမ်မွေးတိရစ္ဆာန်တွေမဟုတ်ကြပါဘူး အဲ့အချိန်မှာ ခွေးမုန်းတီးရေးဝါဒီကိုဘာယားရှီမျိုးနွယ်တွေဟာ ခွေးတို့ိကို စစ်အင်အားအလုံးအရင်းနဲ့ဝင်တိုက်ပါတော့တယ် အဲ့အချိန်မှာ ခွေးတွေဘက်က ရပ်တည်ပေးတဲ့ သူရဲကောင်းကလေးတစ်ဦး ပေါ်ပေါက်လာတာတော့တယ် ခွေးတွေကတော့ လူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေဖြစ်လာပါတယ် နောက်နှစ် နှစ်ဆယ်ကြာလာတဲ့အခါ ခွေးတုပ်ကွေးရောဂါပြန့်ပွားမှုဟာ ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပါတယ် အဲ့အချိန်မှာ ခွေးမုန်းတီးတဲ့ ကိုဘာယားရှီအာဏာပိုင်တွေဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခွေးတွေကို အမှိုက်ကျွန်းကို ပို့ပစ်ပါတော့တယ် ကိုဘာယားရှီရဲ့တူဖြစ်သူ အာတာရီရဲ့ ခွေးလေး စပေါ့ကိုပါ ပို့ပစ်လိုက်တဲ့အတွက် အာတာရီဟာ လေယာဉ်တစ်စီးကိုခိုးပြီး အမှိုက်ကျွန်းကို သွားပါတော့တယ် အမှိုက်ကျွန်းမှာ လမ်းဘေးခွေးချိဖ်တို့တစ်အုပ်နဲ့တွေ့ပြီး စပေါ့စ်ရှာဖွေရေးကြီးစတင်ပါတော့တယ် လမ်းခရီးတစ်လျှောက် ဘာတွေဆက်ဖြစ်မလဲ စပေါ့စ်ကိုပြန်တွေ့ပါမလား ခွေးတွေကို အမြစ်ဖြတ်သုတ်သင်ချင်နေတဲ့ အာဏာပိုင်တွေကိုရော တားဆီးနိုင်ပါ့မလားဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ် သခင်ဆိုတာကို အယုံအကြည်မရှိတဲ့ ချိပ်တစ်ကောင် အာတာရီကို ဘယ်လိုသံဃောဇဉ်တွယ်သွားမလဲ Man and his best friend လို့တင်စားရတဲ့ လူနဲ့ခွေးကြားက မေတ္တာတရားကို ခံစားကြည့်ရှုရမှာမလို့ ခွေးချစ်သူတွေအတွက် ကြည့်လို့ကောင်းမယ့်ကားလေးတစ်ကားပါပဲလို့ ပြောကြားလိုက်ပါရစေ (ဘာသာပြန်သူကတော့ မေမြတ်သူပါ) File Size : (800 MB) Quality : Blu-Ray 720p Running Time : 1hr 41min Format : Mp4 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Myat Thu Encoded by Thanhtike Zaw

Drama
7.9 2018 101 mins
Isle of Dogs
The Get Together
4.7

The Get Together (2022) ================== Plot twist တွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ရှာနေတယ်ဆိုရင်တော့ ဒီကားလေးကို ကြည့်ကြည့်ပါ။ သောကြာနေ့ညရဲ့ ပါတီပွဲတစ်ခုကို အခြေခံထားပြီး အဲဒီပါတီပွဲက ဇာတ် လမ်းလေးတွေနဲ့ပဲ တစ်ညတည်း အပြီးရိုက်ပြထားသလိုမျိုးလေးပေါ့။ ကဲလက်ဘ်၊ ဘက်စီ၊ ဒေမီယန်၊ လူးကက်စ်၊ လေစီ၊ မက်ကောလ် စတဲ့ သူငယ်ချင်းတွေ တစ်ယောက်ချင်းစီရဲ့ ဇာတ်လမ်းလေးတွေကို playback ပြန်ပြန်ပြပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ပေးထားပါတယ်။ အားလုံးက သောကြာ ညလေးမှာ အခြေခံထားတာဆိုတော့ သူတို့ဆီက လူငယ်တွေ ပါတီပွဲ ဖြတ်သန်းကြပုံတွေ၊ ပျော်ကြပါးကြပုံတွေကိုတော့ တဝကြီး ကြည့်ရှု့ရမှာပါ။ စုံတွဲတစ်တွဲရဲ့ လက်ထပ်ခွင့်တောင်းပုံတောင်းနည်းအဆန်းလေးကိုလည်း မြင်ရပါလိမ့်မယ်။ ဟာသဇာတ်မြူးကားလေးဆိုပေမယ့် ကလိထိုးရယ်ခိုင်းတဲ့ plot တွေမပါဘဲ တွေးတွေးပြီးနားလည်ကြရမယ့် ပုံစံမျိုးလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(922 MB) / (467 MB) Quality…………WebDL 1080p / 720p Duration………1Hr 14mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….May Thet Khine Soe Encoder……….SWM

History • War
4.7 2022
The Get Together
Of Mice and Men
7.5

Of Mice and Men (1992) ~ IMDb – 7.5/10, Rotten Tomatoes – 97% ~ အမေရိကန်စာရေးဆရာကြီး ဂျွန်စတိုင်းဘတ် (John Steinbeck) ရဲ့ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ Of Mice and Men ကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ ရှေးတစ်ခေတ်က အမေရိကန်ကျောမွဲလယ်လုပ်သားတွေရဲ့ဘဝကို ပုံဖော်ထင်ဟပ်ထားတဲ့ဇာတ်လမ်းပါပဲ။ ကျွန်တော်တို့ဆီမှာလည်း လယ်ပိုင်နွားပိုင်မရှိတဲ့ စာရင်းငှား(သူရင်းငှား) လယ်ကူလီလို့ခေါ်ကြတဲ့ လူတန်းစား ရှိတာပါပဲ။ ၁၉၂၀ ဝန်းကျင်လောက်က အမေရိကန်နိုင်ငံမှာလည်း ကိုယ်ပိုင်မြေမရှိ၊ အနာဂတ်မရှိ လယ်တောခြံတစ်ခုကနေတစ်ခု ပြောင်းရွှေ့ပြီး အလုပ်လုပ်ကြရတဲ့ လယ်လုပ်သားတွေ ရှိခဲ့ပါတယ်။ ဂျော့ နဲ့ လန်နီ တို့ဟာ အဲဒီလို ရွှေ့ပြောင်းလယ်လုပ်သားနှစ်ယောက်ပါ။ ဂျော့ က ပညာမတတ်ပေမယ့် ထက်ထက်မြက်မြက်ရှိသူတစ်ယောက်။ လန်နီကတော့… လန်နီကတော့ ထွားကျိုင်းသန်စွမ်းလှတဲ့သူဖြစ်ပေမယ့် ပြောရရင် ဦးနှောက်ဖွံ့ဖြိုးမှုအားနည်းတယ် လို့ ဆိုရမလား၊ ကျပ်မပြည့်ဘူးလို့ပဲ မညှာမတာပြောရမလား အဲလိုလူတစ်ယောက်ပါ။ လန်နီဟာ ပင်ကိုယ်စိတ်ရင်းက ကလေးတစ်ယောက်လို အလွန်နူးညံ့ပါတယ်။ လှလှပပ ချောချောမွေ့မွေ့အရာလေးတွေ ဥပမာ – ကတ္တီပါစလိုဟာလေးတွေ၊ အဝတ်လှလှလေးတွေ၊ ကြောင်ကလေး ခွေးကလေးတွေရဲ့ အမွေးလေးတွေကိုတွေ့ရင် သူက ယုယုယယ ပွတ်သပ်ပေးနေချင်တာ။ ဒါပေမဲ့ သူ့ခွန်အားကို သူက မထိန်းသိမ်းတတ်တော့ ဘာကောင်မှ သူ့လက်ထဲကြာကြာမခံဘူး။ အဲဒီအကျင့်ကြောင့်လည်း ဘယ်အလုပ်ထဲမှာမှ မမြဲဘဲ ပြေးခဲ့ကြရပေါင်းလည်း များလှပြီ။ ( ဥပမာ – ကောင်မလေးတစ်ယောက် ဝတ်ထားတဲ့ ဝတ်စုံလှလှလေးကို သွားပြီး ကိုင်ကြည့်မိလို့ ကောင်မလေးက သူ့ကို မုဒိန်းကျင့်ဖို့ကြံစည်တယ်ထင်ပြီးအော်ပါလေရော။ လူတွေက လိုက်ဖမ်းကြတော့ သူတို့နှစ်ယောက် အသက်လုပြီး ထွက်ပြေးရတာမျိုးပေါ့ ) နောက်ပြီး သူက မှတ်ဉာဏ်ကလည်း မကောင်းတော့ ဘာပဲဖြစ်ဖြစ် အကုန်မေ့သွားတာပဲ။ သူမမေ့တာဆိုလို့ တစ်ခုပဲရှိတယ်။ အဲဒါက ဘာလဲဆိုတော့… လန်နီ နဲ့ ဂျော့တို့မှာ အိပ်မက်တစ်ခုရှိတယ်။ တစ်နေ့ကျရင် သူတို့နှစ်ယောက် ကိုယ်ပိုင်မြေတစ်ကွက် ဝယ်ကြမယ်။ အဲဒီမြေပေါ်မှာ သူတို့ နေမယ့်အိမ်ကလေးတစ်လုံးရှိမယ်။ နွားတွေ ဝက်တွေ ကြက်တွေ မွေးကြမယ်။ လန်နီကတော့ ယုန်လေးတွေမွေးမယ် တဲ့။ ယုန်လေးတွေကို သူပဲ ထိန်းမှာတဲ့။ အဲဒီအကြောင်းတွေကို ဂျော့က လန်နီ့ကို အိပ်ယာဝင်ပုံပြင်လို မကြာခဏပြောပြရလေ့ရှိပါတယ်။ သူ မပြောချင်လည်း လန်နီက သတိရတိုင်းပြောခိုင်းတာပဲ။ ဒီဇာတ်ကားကိုရိုက်ကူးခဲ့တဲ့ မူရင်းဝတ္ထု ထွက်ရှိခဲ့တဲ့ အချိန်တုန်းက ဝတ္ထုထဲမှာ စကားလုံးအသုံးအနှုန်းတွေက ကြမ်းတမ်းလို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေပါလို့ဆိုပြီး အမေရိကန်နိုင်ငံက စာကြည့်တိုက်တွေ ကျောင်းတွေမှာ ပိတ်ပင်ခံခဲ့ရပါသတဲ့။ ဆင်ဆာအထိဆုံးစာအုပ်တစ်ရာ စာရင်းတွေထဲမှာလည်း မကြာခဏ ပါနေခဲ့တဲ့ စာအုပ်ဖြစ်ပါတယ်။ တကယ်တော့ စာရေးဆရာက အမေရိကန်ကျေးလက်လူတန်းစားရဲ့ အငွေ့အသက်ကို အရှိအတိုင်း ပုံဖော်ထားတဲ့အတွက် အဲဒီလိုစကားလုံးတွေ ပါနေတာလို့ပဲ ယူဆပါတယ်။ ဇာတ်ကားထဲမှာလည်း အဲဒီစရိုက်က ပီပြင်ပါတယ်။ ဘာပဲပြောပြော အဆဲကလေးနဲ့ပြောတာမျိုး၊ သဒ္ဒါမမှန်တဲ့ စကားပြောတွေ၊ အနှိမ်ခံရတဲ့ လူမည်းတစ်ယောက်ရဲ့ ရင်ပွင့်စကား(ရင်ဖွင့်မဟုတ်)တွေ စသဖြင့်…။ ဒီဝတ္ထုကို ကျွန်တော်တို့ဆီက စာရေးဆရာ၊ ကဗျာဆရာ # ပိုင်သ က “တို့ပိုင်တဲ့မြေ” ဆိုတဲ့နာမည်နဲ့ ဘာသာပြန်ဖူးကြောင်း သိရပါတယ်။ ဗီဒီယိုရိုက်ဖို့လည်း ကြိုးစားဖူးပါသတဲ့။ ဆင်ဆာအဖွဲ့က ဒီဇာတ်လမ်းကို ရိုက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။ ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်ရိုက်တဲ့အခါ ပျက်သွားတာများပါတယ်။ ဒီတစ်ခုကတော့ ဝတ္ထုနဲ့ရုပ်ရှင်နှစ်ခုလုံးက ပေးစွမ်းနိုင်တဲ့ ခံစားမှု အရသာချင်း ထပ်တူနီးပါး ရနိုင်မှာပါ။ ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေကပါ အားပေးချီးကျူးမှုများစွာ ရခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါကြောင်း။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 880MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 55Min Genre – Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Drama
7.5 1992
Of Mice and Men
Once Upon a Lifetime
7.4

ဒီဇာတ်လမ်းလေးကတော့ Once upon a lifetime ဆိုတဲ့အတိုင်း ချစ်ခြင်းမေတ္တာတွေ ခွင့်လွှတ်ပေးမှုတွေနဲ့ healing ဖြစ်စေတဲ့ခံစားချက်တွေကို joy ဆိုတဲ့ ထူးခြားဆန်းကြယ်လွန်းတဲ့ကောင်မလေးတစ်ယေက်နဲ့ပုံဖော်ပြီး ရောထွေးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဒီဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… လူကောင်သေးသေးလေးဖြစ်တဲ့ သောမတ်စ်တစ်ယောက် ပန်းခြံထဲမှာတစ်ယောက်တည်း ထိုင်ကစားနေတဲ့အချိန်မှာ သူ့အတန်းထဲကလူကောင်ကြီးကြီးတစ်ယောက်ရောက်လာပြီး သူ့ကိုလာအနိုင်ကျင့်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အာရုံကတော့သစ်ပင်လေးတွေကိုပဲ စိုက်ကြည့်နေတဲ့ကောင်မလေးဆီမှာပဲ ရှိနေခဲ့တာပေါ့ ဒီလိုနဲ့ကောင်မလေးကိုသွားစကားပြောရင်းနဲ့ ကောင်မလေးကသောမတ်စ်ကို မျက်စိကျသွားပြီး အိမ်အထိလိုက်လာတဲ့အထိဖြစ်သွားပါတယ်။ ထူးဆန်းတာက ကောင်မလေးမှာမျိုးရိုးနာမည်ရော ဘယ်သူဘယ်ဝါလဲဆိုတာကို အဲဒီကောင်မလေးကိုယ်တိုင်မသိခဲ့တာပါ။ ဒီလိုကနေ သောမတ်စ်ရဲ့အမေက သူတို့အိမ်မှာတစ်ညအိပ်ခိုင်းလိုက်ပြီး နောက်တစ်နေ့ရောက်တဲ့အချိန်မှာ တစ်ညတွင်းအချင်း ကောင်မလေးက ၉ နှစ်အရွယ်ကနေ အသက် ၁၅ နှစ်အရွယ်ကိုပြောင်းသွားတာကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှူခံစားပေးကြပါဦး။ File size…(1.3 GB)/(623 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee

7.4 2021 85 mins
Once Upon a Lifetime
The Legend of Muay Thai: 9 Satra
7.3

“မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး” မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက် သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီး ပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့် ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ… မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီး ဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာ မွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့ စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်း အကျဥ်းချထားပါတယ်။ ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာ ဖျက်ဆီးဖို့ကြံပါတော့တယ်…။ သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာ မှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာ အဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့် မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ.. လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူ တော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…2.04GB / 1.03GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.3 2018
The Legend of Muay Thai: 9 Satra
Hangdog
7.1

ဒီဇာတ်ကားလေးကတော့ ဟာသနဲ့ ဒရာမာကို အချိုးကျကျ ရောစပ်ထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကား ကြည့်ချင်တဲ့ သူတွေအတွက် မိနစ် ကိုးဆယ်ကျော်ကျော််လေးအတွင်းမှာ အရသာခံပြီး ကြည့်ရမယ့် ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဝေါ့ ဆိုတဲ့ လူတစ်ယောက်ဟာ သူ့ ကောင်မလေးနဲ့အတူ အိမ်ပြောင်းလာရင်း မြို့အသစ်မှာ အခြေချရပါတယ်။ ဝေါ့ဟာ ရှပ်ပြာပြာနဲ့ စိုးရိမ် ပူပန်တတ်တဲ့သူ ပီပီ အဲဒီမှာ ပြဿနာတွေ တက်ပါတော့တယ်။ တစ်ရက်မှာ သူ့ကောင်မလေးက အလုပ်ကိစ္စနဲ့ သုံးရက်တာ ခရီး ထွက်သွားရတဲ့အခါ ဝေါ့ရဲ့ ကောင်မလေးက သူ့ရဲ့ခွေးကို ဂရုစိုက်ဖို့ ဝေါ့ကို မှာထားခဲ့ပါတယ်။ ဒါပေမဲ့ ပထမရက်မှာပဲ ခွေးက အခိုးခံ လိုက်ရပြီး ပျောက်ဆုံးသွားတဲ့အခါ ခွေး မချစ်တတ်တဲ့ ဝေါ့ တစ်ယောက် ခွေးကို အဆုံးရှုံးခံလိုက်ရမလား .. ဒါမှမဟုတ် သူ့ကောင်မလေးကိုရောပါ သူ့အနေနဲ့ ဆုံးရှုံးလိုက်ရမလား ဆိုတာကတော့ ဇာတ်ကားထဲမှာ ဆက်လက် ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဘဝမှာ စိုးရိမ်ပူပန်မှုတွေနဲ့ လုံးထွေးရင်း ကိုယ့်ရဲ့ အကြောက် တရားတွေ .. စိတ်မလုံခြုံမှုတွေကြောင့် ကိုယ့်ရဲ့ ကိုယ်ပိုင် တန်ဖိုးနဲ့ ကိုယ့်ပတ်ဝန်းကျင်က ချစ်ခြင်းမေတ္တာတွေကို မမြင်နိုင်တော့တဲ့အခါ .. ကိုယ့်ကိုယ်ကိုယ် ပိတ်မိနေပြီး လမ်းပျောက်နေတဲ့အခါ .. ဘယ်လို ကျော်လွှားရမလဲဆိုတဲ့ မက်ဆေ့ကိုလည်း ဒီဇာတ်ကားလေးထဲမှာ အထင်းသား မြင်တွေ့နိုင်ပါတယ် ခင်ဗျာ……. ( ဇာတ်လမ်း အညွှန်းနှင့် ဘာသာပြန် BZW ဖြစ်ပါတယ်) File size… (1.78 GB) / (809 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

Comedy • Action
7.1 2023 92 mins
Hangdog
By the Stream
6.9

By the Stream (2024) ******************** IMDb…..6.9 ကျွန်တော်တို့ CM ကနေ ယခုတစ်ခေါက် တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ Drama အမျိုးအစားလေးဖြစ်ပြီး Toronto International Film Festival မှာ ပြသခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ The HandMaiden ထဲက မင်းသမီး Kim Minhee, Parasyte:The Grey ထဲက စုံထောက် မင်းသား Kwon Hae Hyo, ပြဇာတ်မင်းသမီး Cho Yoon Hee, မင်းသား Ha Seong Guk နဲ့ အခြားသရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားပါတယ်။ -ဇာတ်လမ်းအညွှန်း- ဂျွန်အင်း (Kim Min Hee) ဟာ စမ်းချောင်းဘေးမှာ ထိုင်ကာ သဘာဝတရားကို ခံစားရင်း သူ့အထည်အလိပ်တွေရဲ့ ဒီဇိုင်းကို ရေးဆွဲလေ့ရှိသူပဲ ဖြစ်တဲ့အပြင် အမျိုးသမီးတက္ကသိုလ်တစ်ခုက ဆရာမတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ တက္ကသိုလ်ရဲ့ နှစ်စဉ်ဟာသပြဇာတ်တိုအတွက် သူမရဲ့ဌာနမှ တာဝန်ယူရသော်လည်း ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ ကျောင်းသားတစ်ယောက် လူမှုရေးကိစ္စဖြစ်ပြီး အဖွဲ့မှ နှုတ်ထွက်သွားတဲ့အခါ ဆရာမ ဂျွန်အင်းတစ်ယောက် တစ်ခေတ်တစ်ခါက နာမည်ကြီး သရုပ်ဆောင်-ဒါရိုက်တာဖြစ်တဲ့အပြင် သူမ၏ ဦးလေးဖြစ်သူ ချူရှီအွန်း (Kwon Hae Hyo) ကို အကူအညီ တောင်းရပါတော့တယ်။ တစ်ဖက်မှာလည်း ဂျွန်အင်းတို့ဌာနက ပါမောက္ခဂျောင် (Cho Yoon Hee) ဟာ ဦးလေး ချူရှီအွန်းရဲ့ အမာခံပရိသတ်တစ်ဦး ဖြစ်နေပြန်ပါသေးတယ်။ ပြဇာတ်တိုအတွက် လေ့ကျင့်တဲ့ အချိန်အတွင်း ဖြစ်ပေါ်လာမဲ့ ဆရာနဲ့ တပည့်တွေကြားက တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှု ခင်မင်ရင်းနှီးလာပုံတွေကို ရိုက်ကူးပြသထားတဲ့ Drama ကားကောင်းလေးမို့လို့ By the Stream ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ Theint မှ ရေးသားထားပါတယ်။) File Size : 2.00GB/ 900MB Quality : WEB-DL 1080p/720p Format…mp4 Duration…01:52:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Thet, Thinn & Nyein Sandi Encoded by Tiff

Family • Drama • Music
6.9 2024 111 mins
By the Stream
Anna and the King

Anna and The King (1999) ဒီဇတ်ကားလေးကတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ဇတ်ကားပဲဖြစ်ပါတယ်။ အင်္ဂလိပ်အမျိုးသမီးအန်နာလီယွန်နိုဝမ်စ်က ထိုင်းဘုရင်မောင်းကွတ်ရဲ့ သားတော်သမီးတော်တွေကို အင်္ဂလိပ်စာသင်ပေးဖို့ထိုင်းနိုင်ငံမှာ ၆နှစ်ကြာနေထိုင်ခဲ့ပါတယ်။အင်္ဂလန်ကိုပြန်လာတဲ့အခါ ခရီးသွားမှတ်တမ်းတွေကိုရေးခဲ့ပါတယ် ။ အဲဒီမှတ်တမ်းတွေကိုအခြေခံပြီး စာရေးဆရာမ Margaret London(မာဂရက်လန်ဒန်) က Anna and The King ဝတ္ထုကိုရေးခဲ့ပါတယ် ။ဒီဇတ်ကားကမာဂရက်လန်ဒန်ရဲ့ ဝတ္ထုကိုရိုက်ထားတာပါ။ဒီဝတ္ထုကိုရုပ်ရှင်အဖြစ်သုံးခါရိုက်ကြသလို တီဗွီစီးရီးစ်တွေနဲ့ အန်နီမေးရှင်းရုပ်ရှင်အဖြစ်ပါရိုက်ကူးခဲ့ကြပါတယ်။ ဂျိုးဒီဖော်စတာ(အန်နာ) နဲ့ ချောင်ယွန်ဖက်( ဘုရင်မောင်းကွတ်)တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။Anna and The King ကဝင်ငွေအရအောင်မြင်ပေမဲ့ သမိုင်းအရမတိကျတာတွေပါလို့ ထိုင်းမှာပြသဖို့ပိတ်ခံရပါတယ်။ ဇတ်လမ်းအကျဥ်းအင်္ဂလိပ်အမျိုးသမီး အန်နာလီယိုနိုဝမ်စ်ဟာ သူ့သားလူးဝစ်နဲ့အတူ ထိုင်းနိုင်ငံကိုထိုင်းဘုရင်ရဲ့ဖိတ်ကြားချက်နဲ့အတူ ထိုင်းဘုရင်မောင်းကွတ်ရဲ့ကလေးတွေကိုစာသင်ဖို့ ရောက်လာပါတယ်။အန်နာ ဘုရင်နဲ့တွေ့ဖို့စောင့်နေတာသုံးပတ်ကြာပြီးတဲ့နောက် တွေ့ဖို့သွားတော့ကြန့်ကြာနေပြီး နောက်ထပ်ထပ်စောင့်ရမလိုဖြစ်တော့ အန်နာက ရဲရဲရင့်ရင့်ပဲ ဘုရင်ကိုဝင်တွေ့လိုက်ပါတယ်။ စာသင်နေတုန်း သူ့သားလူးဝစ်နဲ့အိမ်ရှေ့မင်းသားချူလာလောင်ကွန် ထရန်ဖြစ်နပန်းလုံးကြပါတယ်။နှစ်ယောက်လုံးကို အပြစ်ပေးတဲ့အနေနဲ့ စာလုံးတစ်ထောင်ရေးခိုင်းပါတယ်။အဲဒီညမှာပဲမင်းသားချူလာလောင်ကွန်နဲ့အန်နာနားလည်မှုရသွားပါတယ်။နောက်တော့ချူလာလောင်ကွန်နဲ့ လူးဝစ်နဲ့လည်း ပြန်တည့်သွားပါတယ်။ အဲဒီညက ကျွန်မတစ်ယောက်ကို အခန်းတစ်ခုထဲမှာ သံကြိုးခတ်ပြီးထားထားတာကို အန်နာနဲ့ချူလာလောင်ကွန်တွေ့ပြီးအဲဒီအမှုလည်း အန်နာ့ကြောင့် ဘုရင့်ဆီရောက်ပြီး ကျွန်မကိုလွတ်လပ်ခွင့်ပေးလိုက်ရပါတယ်။ကလေးတွေက အန်နာစသင်တာကိုကြိုက်ကြပြီး အန်နာ့ကိုလည်းချစ်ကြပါတယ်။ အန်နာကမိဘုရားနဲ့ကိုယ်လုပ်တော်အချို့ကိုလည်းစာသင်ပေးရပါတယ်။ ဘုရင်က အင်္ဂလိပ်မှူးမတ်တွေနဲ့သံတမန်တွေဖိတ်ပြီး နှစ်ပတ်လည်ပွဲလုပ်တော့အန်နာ့ကိုဦးစီးခိုင်းပါတယ်။ပွဲမှာအနောက်တိုင်းဝေါ့ဇ်အကကိုထည့်ထားပြီးဘုရင်ကအန်နာနဲ့ကပါတယ်။ပွဲမှာ အန်နာကအင်္ဂလိပ်လိပ်ကုန်သည်တစ်ယောက်ကိုရဲရဲရင့်ရင့်ပဲ ထိုင်းဘက်ကနေကာကွယ်ပြောလိုက်လို့ ဘုရင်ကအန်နာထင်တဲ့ဟာကိုအမြဲပြောဖို့ခွင့်ပေးခဲ့ပါတယ်။ ဘုရင်ရဲ့သမီးတော်လေးဖားရင်က ပုံဆွဲတာဝါသနာပါပြီး အန်နာ့ကိုပုံလေးတွေပေးတတ်ပါတယ်။ဖားရင်နေမကောင်းဖြစ်ပြီးဆုံးခါနီးတော့အန်နာနာမည်ကိုချည်းခေါ်နေလို့ အန်နာနဲ့ပေးတွေ့လိုက်တဲ့အခါ အန်နာ တစ်အားခံစားရပါတယ်။ ဘုရင်ကလည်းသမီးတော်လေးဆုံးပြီးကတည်းက စိတ်တွေတိုနေလို့ အန်နာကကလေးတွေနဲ့ ပျော်ပွဲစားထွက်ဖို့ခေါ်တော့မလိုက်ဘူးလိုလိုနဲ့ စကားအခြေအတင်ပြောကြပြန်ပါတယ်။ အန်နာကအင်္ဂလိပ်တွေထိုင်းကိုသိမ်းမယ့်အကြံကိုဆိုလက်မခံပါဘူး။ထိုင်းကုန်သည်တွေသတ်ခံရတာအင်္ဂလိပ်တွေရဲ့လက်ချက်လားလို့ရဲရဲရင့်ရင့်သွားမေးပါသေးတယ်။ကိုယ်လုပ်တော်တပ်တင်ရဲ့ အမှုကိစ္စတစ်ခုအတွက်အန်နာကဘုရင်ကိုသွားပြောတဲ့အခါ ဘုရင်က လက်မခံခဲ့ပါဘူး။ တပ်တင်နဲ့ဘာလတ်ကွပ်မျက်ခံရလို့အန်နာဝမ်းနည်းပြီးအင်္ဂလိပ်လန်ကိုပြန်ဖို့လုပ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်က အန်နာ့ဆီလိုက်လာပြီးစစ်သူကြီးအယ်လတ်ကတိုက်ခိုက်အာဏာသိမ်းဖို့လုပ်နေပြီး ဘုရင်နဲ့မိဖုရားတွေသားတော်သမီးတော်တွေနန်းတော်ကနေ ရှောင်ရဖို့ဖြစ်လာတဲ့အခါ အန်နာဘယ်လိုဆုံးဖြတ်မယ် ဘာတွေဖြစ်မယ်ကတော့ဖန်သားပြင်ပေါ်ဆက်ကြည့်နိုင်ပါတယ်။ ဇတ်ကားပေးချင်တဲ့အနှစ်သာရယဥ်ကျေးမှုတွေ ရိုးရာဓလေ့ထုံးတမ်းတွေမှာ ဘယ်နိုင်ငံကပိုသာတယ်ဆိုတာမရှိပါဘူး။အန်နာကထိုင်းနိုင်ငံရဲ့အနာဂတ်အတွက်တောက်ပတဲ့ အလင်းတန်းတစ်ခုကိုဖြစ်စေခဲ့ပါတယ်တဲ့။နောက်တော့ထိုင်းဘုရင်က ကျွန်စနစ်ကိုဖျက်သိမ်းခဲ့တယ်။တရားစီရင်ရေးကိုပြုပြင်ခဲ့တယ်။ထိုင်းရဲ့လွတ်လပ်ရေးကိုထိန်းသိမ်းနိုင်ခဲ့တယ် ။ File size… (3.3 GB) / (1.6 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Romance, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

Romance • Drama
0 1999
Anna and the King