YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Missing Link.2019.WebDl720p.pp.mp4

850.59 MB 720p video/mp4 1028 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Violent Night
7.5

Dead Snow တို့ Hansel & Gretel: Witch Hunters တို့လို အက်ရှင်ဟာသတွေ ရိုက်ခဲ့တဲ့ ဒါရိုက်တာ Tommy Wirkola ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ မင်းသားကတော့ Stranger Things မှာ အားလုံးချစ်တဲ့ ရဲမှူးကြီး David Harbour ပါပဲ။ ရုပ်ရှင်ကတော့ ဟာသ အက်ရှင်အမျိုးအစားဖြစ်ပြီး အသတ်အဖြတ်တွေ ကြမ်းတာကိုတော့ သတိပေးထားချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆန်တာကလောက်ဟာ ဆန်တာမဖြစ်ခင်က အတိုက်အခိုက်အသတ်အဖြတ်ကြမ်းတဲ့ စစ်သည်တော်ကြီးဖြစ်ခဲ့ပါတယ်။ အများသိတဲ့မူရင်းဆန်တာပုံပြင်နဲ့တော့ မတူဘူးပေါ့။ အခုတော့ ဆန်တာကလောက်ဟာ နှစ်ပေါင်းများစွာ ခရစ္စမတ်လက်ဆောင်တွေပေးလာရင်း တဖြည်းဖြည်း လောဘကြီးလာ ပျက်စီးလာတဲ့ ကမ္ဘာကြီးနဲ့ သူ့အလုပ်ကို စိတ်ကုန်လာပါပြီ။ နို့နဲ့ကွတ်ကီးအစား အိမ်ထဲဝင်ရင် အရက်ပုလင်းရှာမော့တဲ့အဆင့်ဖြစ်နေပြီး ခရစ္စမတ်ရဲ့ ကောင်းခြင်းတွေကိုလည်းအယုံအကြည်မရှိတော့ပါဘူး။ ဒါပေမဲ့ တာဝန်အရ လိမ္မာတဲ့ကလေးစာရင်းမှာပါတဲ့ ကလေးမလေး ထရူဒီရဲ့အိမ်ကို လက်ဆောင်ပေးဖို့ ရောက်လာပါတယ်။ ထရူဒီရဲ့မိသားစုဟာ သန်းကြွယ်သူဌေး လောဘအိုး လူ့ဂွစာတွေဖြစ်ပြီး ခရစ္စမတ်မှာဆုံတိုင်း ဘာအမြတ်ထုတ်ရမလဲ စဉ်းစားနေတဲ့လူမျိုးတွေပါပဲ။ အခု ခရစ္စမတ်ညမှာတော့ သူတို့မိသားစုစံအိမ်ကြီးကို လက်နက်ကိုင်တစ်ဖွဲ့က ဝင်စီးနင်းပြီး ဒေါ်လာ သန်း ၃၀၀ ကို အလုံခန်းထဲက ဖောက်ယူဖို့ ကြိုးစားလာပါတော့တယ်။ ဆန်တာလည်း မူးမူးရူးရူးနဲ့အိမ်ထဲပိတ်မိနေပြီး ဓားပြတစ်ဖွဲ့လုံးနဲ့ ရင်ဆိုင်ရပါတော့တယ်။ အဆဲအဆိုတွေ ဟာသတွေ အက်ရှင်ကြမ်းကြမ်းတွေနဲ့မို့ လူကြီးတွေအတွက် ခရစ္စမတ်မှာဖျော်ဖြေနိုင်မယ့် ရုပ်ရှင်တစ်ခုပါပဲ။ File size…(1.66Gb) / (1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:52:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Action • Comedy • Fantasy
7.5 2022 112 mins
Violent Night
Christmas Carol
5.8

GOT7 အဖွဲ့၀င် မင်းသားချောလေး Park Jin-young ရဲ့ မကြာခင်ကမှ ရုံတင်ပြသထားတဲ့ movie လေးလာပါပြီ။ ဒီဇာတ်ကားထဲမှာ Jin-young က လုံး၀မတူညီတဲ့ ကာရိုက်တာနှစ်ခုကို နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပြီး သရုပ်ဆောင်ချက်တွေကလည်း တအားမိုက်လို့ တကယ်ကို ကြည့်သင့်တဲ့ကားလေးလို့ ညွှန်းချင်ပါတယ်။ ဒီနေ့လို ခရစ္စမတ်အကြိုနေ့လေးမှာ ခရစ္စမတ်အကြောင်းပါ၀င်နေတဲ့ ဇာတ်ကားလေးကို ကြည့်ရတော့ အမှတ်တရလည်းဖြစ်တာပေါ့။ ဇာတ်လမ်းအကျဉ်း ... ဂျူအီးဝူနဲ့ ဂျူဝေါဝူတို့ဟာ အမြွှာညီအစ်ကိုတွေဖြစ်ကြပြီး ခရစ္စမတ်နံနက်ခင်းမှာ ညီဖြစ်သူ ဝေါဝူကို သေလျက်သား တွေ့ရှိခဲ့ရတယ်။ ရိုးရိုးရှင်းရှင်းမတော်တဆမှုကြောင့်ဆိုပြီး အမှုပိတ်လိုက်ပေမဲ့ အစ်ကိုဖြစ်သူ အီးဝူဟာ ဒါကိုလက်မခံနိုင်ခဲ့ဘူး။ အဲဒါကြောင့် သူ့ညီရဲ့ သေဆုံးမှုကို ကိုယ်တိုင်စုံစမ်းဖော်ထုတ်ပြီး ပါဝင်ပတ်သက်နေသူ ဖုံးကွယ်ပေးသူအားလုံးကို လက်စားချေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ အီးဝူမှာရှိနေတဲ့ သဲလွန်စက ဝေါဝူနဲ့ နောက်ဆုံးဖုန်းပြောတုန်းက ဖုန်းထဲကနေ ကြားလိုက်ရတဲ့အသံတစ်ခုတည်းသာပါ။ ဒါပေမဲ့လည်း ညီဖြစ်သူအတွက် တရားမျှတမှု ဖော်ဆောင်ဖို့နဲ့ တရားခံကိုရှာဖို့အတွက် အီးဝူတစ်ယောက် ကြိုးစားစုံစမ်းရင်းကနေမှ လူငယ်ထိန်းသိမ်းရေးစခန်းကို ရည်ရွယ်ချက်ရှိရှိ၀င်သွားတဲ့အခါမှာတော့ ... (ဇာတ်လမ်းအညွှန်းကို ကို Hnin က ရေးပေးထားပါတယ်။) File Size          : 1.5GB, 560MB, 283MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 11mins Genre              : Thriller Translated by Hnin, Tiff & Miri Encoded by Kinnov

Comedy
5.8 2022 131 mins
Christmas Carol
2037
7.2

အကျဥ်းထောင်ထဲကဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် လတ်တလောထွက်ရှိထားတဲ့ "2037" ဆိုတဲ့ ရုပ်ရှင်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ... ၁၉နှစ်အရွယ် ယွန်းယောင်းဆိုတဲ့ ကောင်မလေးဟာ အချိန်ပိုင်းအလုပ်လုပ်ရင်း အစိုးရဝန်ထမ်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေပါတယ်။ ဉာဏ်ကောင်းတဲ့သူဖြစ်တဲ့အလျောက် သူငယ်ချင်းတွေလို ကျောင်းတက်ချင်ပေမယ့် မသန်စွမ်းမိခင်ကြီးအတွက် အစိုးရဝန်ထမ်းစာမေးပွဲ အောင်မြင်ဖို့သာ ဦးစားပေးနေရသူလေးဖြစ်ပါတယ်။ ငွေကြေးချို့တဲ့တာကလွဲရင် အမေဖြစ်သူနဲ့ ပျော်ရွှင်နေတဲ့ ယွန်းယောင်းတို့ဘဝထဲ ကံကြမ္မာမုန်တိုင်းတစ်ခု တိုက်ခတ်လာပါတော့တယ်။ မမျှော်လင့်ထားတဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ယွန်းယောင်းတစ်ယောက် "နစ်နာသူ" ကနေ "လူသတ်သမား" ဖြစ်သွားပြီး မတရားသဖြင့် ထောင်ငါးနှစ် ကျခံခဲ့ရပါတယ်။ အကျဥ်းထောင်ထဲမှာ "ယွန်းယောင်း" ဆိုတဲ့နာမည်အစား "၂၀၃၇" ဆိုတဲ့ အကျဥ်းသားနံပါတ်ကို ခေါ်ဝေါ်သံနဲ့အတူ မျှော်လင့်ချက်မဲ့နေတဲ့ ကောင်မလေးကို ဇာတ်လမ်းကိုယ်စီရှိကြတဲ့ အကျဥ်းခန်းအဖော်တွေက ဘယ်လိုလက်ကမ်းကူညီပေးကြမလဲဆိုတာ ဒီကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (အညွှန်းကိုတော့ က Ei Phyu Khin ရေးပေးထားပါတယ်) File Size : 2.6GB, 902MB, 418MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 2hr & 6min Genre : Family, Drama Translated by Ei Phyu Khin & Hnin Pale Encoded by Kinnov

Horror • Thriller
7.2 2022 126 mins
2037
Paycheck
6.2

Paycheck ( 2003 ) ပရိသတ်တို့ရဲ့ အချစ်တော်မင်းသားကြီး Ben Affleck ရဲ့ 2003 ခုနှစ်ကတည်းက ထွက်ရှိထားတဲ့ Action ဇာတ်ကားကောင်းဖြစ်ပါတယ်။ နည်းပညာအသစ်အဆန်းတွေကို သူများထက်သာလွန်ပြီး လျင်မြန်တဲ့ နည်းလမ်းတွေနဲ့ ဖန်တီးတည်ဆောက်နိုင်တဲ့ အင်ဂျင်နီယာလေး မိုက်ခ်ဟာ သူ့ရဲ့ဦးနှောက်ကို ပိုက်ဆံတွေနဲ့ အလဲအလှယ်လုပ်လေ့ရှိပါတယ်။ တစ်နေ့တော့ သူ့သူငယ်ချင်း ဂျင်မီရဲ့ ငွေမက်လုံးပေးမှုကြောင့် သူ့ရဲ့သုံးနှစ်တာကို ထုံးစံအတိုင်း အရောင်းအဝယ်လုပ်ဖို့ ကြိုးစားရာကနေ သူ့ဘဝအလှည့်အပြောင်းကြုံလာခဲ့ပါတယ်။ သူတည်ဆောက်ခဲ့တာက ဘယ်လိုမျိုးနည်းပညာဖြစ်ပြီး ဘယ်လိုမျိုး ကိုယ့်ရှူးကိုယ်ပတ်ပြီး ကြားထဲမှာ လမ်းကြုံ ချစ်ရသူဒေါက်တာမလေးနဲ့ ဒရမ်မာခင်းတာတွေလည်း ပါဝင်ပါတယ်။ ကြည့်ရတန်တဲ့ဇာတ်လမ်းဖြစ်တာမို့ စဥ်းစားမနေဘဲ Playlist ထဲထည့်ဖို့ အကြံပြုချင်ပါတယ်ရှင်။ File size…(2.64GB/(1.35GB)/(677MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:59:00 Genre...Action / Mystery / Sci -Fic Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Susan

Crime • Thriller
6.2 2003 119 mins
Paycheck
The House That Jack Built
7.2

Rating 7.2 နဲ့ ကြည့်ဖူးသမျှလူသတ်ကားတွေထဲမှာ အမိုက်ဆုံးလို့ပြောလို့ရတဲ့ လူသတ်ကားဖြစ်ပါတယ်... တချို့တွေက ကိုယ်တန်ဖိုးတဲ့အရာကိုဖန်တီးတာကို အနုပညာလို့ယူဆကြပါတယ်... ဒါပေမယ့် လူသတ်တာကို အနုပညာတစ်ခုလိုသဘောထားပြီး လုပ်တာကတော့ တော်တော်ကြီးကို ဆိုးဝါးတဲ့အလုပ်ပါ.... ဂျက်ဆိုတဲ့လူဟာ လူတွေကိုအကြောင်းမရှိဘဲနဲ့ လိုက်လံသတ်ဖြတ်နေတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပဲဖြစ်ပါတယ် သူဟာတခြားသောလူသတ်သမားတွေနဲ့မတူဘဲ လူသတ်ရသည်ကို ဂန္တဝင်အနုပညာရပ်တစ်ရပ်အနေနဲ့တွေးပြီး ကျူးလွန်တတ်တဲ့သူပါ သူ့အနေနဲ့ ဘယ်လိုဘယ်ပုံတွေ ဆက်ဖြစ်မယ်ဆိုတာကိုတော့... လူသတ်ကားတွေကိုမှကြိုက်တဲ့လူတွေအတွက် စနစ်တကျလူသတ်နည်းတွေနဲ့ များလှသောလူသတ်ခန်းတွေပါလို့ Rating လည်းးလန်းတယ် လူသတ်တာတွေလည်း ပက်စက်တယ်ဆိုတော့ .... ကဲ ကြည့်ကြမှာလား မကြည့်ကြဘူးလား...... File Size : (1 GB) and (304MB) Quality : WebDL 720p Running Time :2hr 32min Format : Mp4 Genre : Drama , Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Pone Thone Encoded by Moe Myint Lwin

Action & Adventure • Drama • War & Politics
7.2 2018 151 mins
The House That Jack Built
The Hit List
6

အယ်လန် ကမ့်ဘဲလ်ဆိုတာက အရှုံးသမား အကြွေးကဝိုင်း မိန်းမကလည်း အချစ်‌ဆုံးသူငယ်ချင်းနဲ့ဖောက်ပြန် အလုပ်မှာ ရာထူးတိုးကလည်းမရ။ ဒီလိုနဲ့ပဲ ညဘက်အရက်ဆိုင်မှာမှောက်ဖို့ကြံနေတဲ့သူ့ဆီကို မိတ်ဆက်လာတာကတော့ ဂျိုးနားစ် အာဘာ။ အထူးအေးဂျင့်အနေကနေ ပြေးလာပြီးတော့ ဒီမြို့လေးမှာ အချိန်လာဖြုန်းလုပ်ချင်ရာလုပ်နေတဲ့လူ။ အ ယ်လန်ရင်ဖွင့်သမျှကြားပြီး ဂျိုးနားစ်က သူ့ကိုကမ်းလှမ်းခဲ့တာက အယ်လန်အမုန်းဆုံးလူ နာမည်ငါးခုချရေး ဂျိုးနားစ်ကရှင်းပေးမယ်။ ဂျိုးနားစ်ကတော့မယုံမကြည် မူးမူးနဲ့ရေးပေးလိုက်ပြီး နောက်နေ့မနက် ပထမတယောက်ကို တကယ်ဖြစ်လာတဲ့အခါမှာတော့ အယ်လန်တယောက် ကျန်တဲ့လူတွေကိုပါ ဂျိုးနားစ်ရဲ့ရန်ကနေ ကာကွယ်ဖို့ကြိုးစားရပါတော့တယ်။ ဂျိုးနားစ်ရဲ့ကစားပွဲအောက်မှာ အယ်လန်တယောက် စာရင်းထဲပါသူတွေကို ကယ်တင်နိုင်ပါ့မလား။ ဂျိုးနားစ်ကရော ဘာဖြစ်လို့ ဒီလိုမျိုးလုပ်နေတာလဲ။ ဒီကစားပွဲရဲ့အဆုံးသတ်မှာ သူတို့နှစ်ယောက်ထဲက ဘယ်သူကအောင်မြင်သွားမလဲဆိုတာကိုCMပရိတ်သတ်ကြီးက ဒီဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦးခင်ဗျ။

Action • Drama
6 2011 90 mins
The Hit List
Jacir
6.7

Jacir (2022) ========== IMDb Rating – 6.7/10 ဒီဇာတ်လမ်းက Syrian စစ်ဘေးရှောင် ဒုက္ခသည်တစ်ယောက် ဖြစ်တဲ့ Jacir အမေရိကန်ပြည်ထောင်စုရဲ့ Memphis မှာ နေထိုင် အလုပ်လုပ်ရင်း ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဖော်ပြထား ပါတယ်။ အင်္ဂလိပ်စကားကို သင်ယူရင်း အမေရိကန်လူနေမှုဘဝ ကို နေသားကျအောင် ကြိုးစားနေတဲ့ Jacir ပေါ့။ ဒါပေမဲ့ တခြားနိုင်ငံမှာ အလုပ်လုပ်ရင်း နေထိုင်နေရတဲ့ Jacir ဘဝက အရမ်းခက်ခဲခဲ့တယ်။ Syria မှာ​ သူ့မိသားစုဝင်တွေ အကုန်လုံးကို ဆုံးရှုံးခဲ့ရတာမို့ Jacir တစ်ယောက်တည်း အာရပ် စားသောက်ဆိုင်တစ်ခုမှာ အလုပ်လုပ်ရင်း စားဝတ်နေရေးအတွက် ငွေရှာရတယ်။ ဒီကြားထဲ လူမျိုးရေး ခွဲခြားတာတွေ၊ ရဲတွေဆီက နယ်နှင်ဒဏ်ခြိမ်းခြောက်ခံရတာတွေ၊ ဆင်းရဲချို့တဲ့မှုနဲ့ ​မူးယစ်ဆေး အပေးအယူ ကိစ္စတွေပါ ​ပါဝင်လာလို့ ပြဿနာပေါင်းစုံ ရှောင်လေ တိုးလေ ဖြစ်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ လူအချင်းချင်း ကြင်နာတတ်ဖို့၊ Friendshipရဲ့ အရေးပါပုံနဲ့ Jacir ရဲ့ ဘဝအပေါ် ခံယူထားတဲ့ အဓိကအချက်ဖြစ် တဲ့ “ဘယ်လောက်ပဲ နာကျင်ရပါစေ ပျက်ဆီးနေတဲ့ အရာတွေကို ပြန်ပြင်ပြီး ဘဝကို ပျော်​ပျော်နေထိုင်ဖို့” ဆိုတဲ့ နာကျင်မှုတွေကို လက်လွှတ်တတ်ဖို့ကိုလည်း သင်ပေးသွားမှာဖြစ်လို့ အတုယူစရာ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်) File Size……….(1.72 GB) / (640 MB) / (337 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 45Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thwal Htoo Zin Encoder……….SWM

6.7 2022
Jacir
Chasing Kawashima Yoshiko
5.9

ယိုရှီကို ခါဝါရှီးမား ဟာ တရုတ်-ဂျပန် ဒုတိယစစ်ပွဲကာလအတွင်းက စွဲဆောင်မှုအပြည့်နဲ့ထက်မြက်တဲ့မိန်းမတစ်ပါ။ သူ့ကိုသေမိန့်ချတဲ့အထိ အများပြည်သူဟာ အရှေ့တိုင်းမိစ္ဆာမဆိုပြီး မုန်းတီးခံရတဲ့သူတစ်ယောက်လဲဖြစ်ပါတယ်။ ဟုတ်ပါတယ် ယိုရှီကိုဟာတရုတ်နိုင်ငံရဲ့သစ္စာဖောက်မတစ်ဦးပါ… မန်ချူးမင်းဆက်ရဲ့ မင်းသမီးတစ်ယောက်ဖြစ်တဲ့သူက တရုတ်ပြည်ကိုသစ္စာဖောက် ဂျပန်နဲ့ပူးပေါင်းပြီး မန်ချူးနိုင်ငံပြန်ထူထောင်ဖို့အိပ်မက်မက်နေတဲ့သူတစ်ယောက်ပေါ့…… ယိုရှီကိုဟာနိုင်ငံရေးသမားတစ်ထောင်ကျော်နဲ့ပတ်သက်ခဲ့ပြီး အရေးကြီးဂျပန်သတင်းပေးသူလျှိုတစ်ယောက်တဲ့အတွက် တရုတ်တော်လှန်ရေးသမားတွေဟ ယိုရှီကိုကို မဖြစ်မနေသတ်ဖို့ လိုအပ်တာကြောင့် ယိုရှီကို ခါဝါရှီးမားကိုတော်လှန်ရေးသမားတွေ ဖမ်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဉာဏ်များတဲ့ သမိုင်းဝင်သူလျှို ယိုရှီကိုတစ်ယောက် တရုတ်တော်လှန်ရေးသမားတွေထပ် အမြဲခြေတစ်လှမ်းစောနေတာကို ဘယ်လိုဖမ်းကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်

Comedy • Drama
5.9 2023
Chasing Kawashima Yoshiko
Radical
8

Radical (2023) ~ IMDb – 8/10, RT – 94%, Meta – 70% ~ Directed by “Christopher Zalla” မက္ကဆီကန်နယ်စပ်က ဘယ်သူမှဘောင်မသွင်းကြတဲ့ အပယ်ခံကျောင်းက အပယ်ခံအတန်းကို အတန်းပိုင်ဆရာအသစ်ယောက်ရောက်လာခဲ့တယ်။ အဲဒီအတန်းက ကျောင်းသားတွေမှာ အမှိုက်ကောက်စားရတဲ့ကလေးတွေလည်းပါတယ်။ မူးယစ်ဆေးရောင်းတဲ့ ကလေးတွေလည်းပါတယ်။ အောက်ခြေလူတန်းစားကလေးတွေချည်းပေါ့။ ဒီလိုကလေးတွေလည်း ဖြစ်နေသလို စာမေးပွဲမှာလည်း အမှတ်တွေမကောင်းကြတော့ အားလုံးက ဝိုင်းကြဉ်တာခံနေရတဲ့ အတန်းဆိုလည်း မမှားဘူး။ ရောက်လာတဲ့ဆရာက “ခေတ်ကြောင့်ကလေးတွေဟာ ထက်လာကြပေမဲ့ ပညာရေးစနစ်ကတော့ အဲဒီလို ထက်တဲ့ ကလေးတွေနဲ့ မလိုက်အောင် ခေတ်နောက်ကျန်နေတဲ့အရာ” လို့ ယုံကြည်တဲ့သူ။ သူ့စကားအရတော့ ခေတ်ကြီးကလည်း ပြောင်းလဲသွားပြီ။ ကလေးတွေလည်း ပြောင်းလဲသွားကြပြီ။ ပညာရေးနစ်ကြီးကပဲ နှစ်တစ်ရာလုံး ဘာမှမပြောင်းလဲဘဲ ကျန်နေတယ်တဲ့။ ဒီပညာရေးစနစ်ကြီးက လုပ်ပေးနိုင်တဲ့တစ်ခုတည်းသောအရာက ကလေးတွေကို ယန္တရားအသေကြီးတစ်ခုထဲက အစိတ်အပိုင်းအသေလေးတွေဖြစ်လာပြီး သူတို့အိပ်မက်နောက် သူတို့မလိုက်နိုင်အောင် တားထားနိုင်တာပဲလို့ သူကယုံတယ်။ ကျွန်တော်တို့မြင်နေကျ ပညာရေးဆိုတာက တစ်ခုခုကို ဆရာက နှုတ်တိုက်ရှင်းပြသင်ပေးမယ်။ သင်ပြီးရင် တပည့်က အလွတ်ကျက်ပြီး သူ ဒီစာကို ရကြောင်း ပြန်ပြရတယ်။ ဒီလောက်ပဲ။ အခြေခံပညာရေးတွေ တက္ကသိုလ်ပညာရေးတွေကစလို့ ဟိုသင်တန်း ဒီသင်တန်းတွေအဆုံး ဒီထက်ပိုတဲ့ပညာရေးမျိုး ကျွန်တော်တော့ မမြင်ဖူးဘူး။ ပရက်တီကယ်တို့ ကျူတိုရီရယ်တို့ ဖီးဒ်ဆင်းတို့ ဆိုတာလည်း အဖြစ်သဘောထက် ပိုမနေဘူး။ ဆုပေးဒဏ်ပေးစနစ်တောင် အဆစ်ပါတတ်တယ်။ တပည့်တွေကလည်း ဘာမှများများစားစားမမေးရဲသလို ဆရာတွေကလည်း မေးရဲအောင် မလုပ်ကြသလိုပါပဲ။ ဒီလိုမမေးရဲတဲ့ ပုံစံအတိုင်း အစကတည်းက ပုံသွင်းခံလာခဲ့ရလားတော့ မသိဘူးပေါ့။ တစ်ခါတလေတော့ ဒီရုပ်ရှင်ရဲ့ အဆုံးမှာပါတဲ့ အိုင်းစတိုင်းရဲ့ စကားလိုပဲ ပညာရေးဆိုတာ တစ်စုံတရာကိုသင်ယူဖို့မှာ အကြီးဆုံးအနှောင့်အယှက်ဖြစ်နေတဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်တာပဲ။ Radical ထဲက ဆရာကတော့ ပညာရေးဆိုတာ အလွတ်ကျက်ဖို့မဟုတ်ဘဲ ကိုယ့်ဘာသာတွေးတတ်အောင်သင်ပေးဖို့ဆိုတာကို ကောင်းကောင်းကြီး လက်ခံထားပုံပါပဲ။ စာစသင်တော့ သူစလုပ်တာက စာမသင်တာပဲ။ သူလုပ်တာက ကလေးတွေကို သူတို့ဘာသာတွေးလာအောင် လမ်းကြောင်းပေးပြီး လွှတ်ထားလိုက်တာပဲ။ သူလမ်းကြောင်းပေးတဲ့နောက် သူတို့ဘာသာ တိုင်ပင်ရင်း အဖြေရှာရင်း သူတို့ဘာသာအဖြေရှာတွေ့သွားတာက ပိုတတ်မြောက်စေတယ်လို့ သူက ယုံကြည်တယ်။ တကယ်လည်း ဟုတ်တာပဲ။ စစချင်း ပထမနေ့မှာသူက လှေအကြောင်းစပြောတယ်။ ပြောပြနေရင်း မေးခွန်းတွေမေးတော့ မှားမှာကြောက်လို့ ဘယ်သူမှမဖြေရဲဘူး။ ဒီမှာသူပြောတာက မှားမှာမကြောက်လို့ မဖြေဘဲ မနေနဲ့ မှားတာကို သူကပိုတောင်ကြိုက်သေးတယ် မှားတယ်ဆိုတာ အမှန်ကိုသိဖို့လမ်းစတဲ့။ နောက်နေ့ကျ သူက ကျောင်းသားတွေကို ဘာသင်မလဲ မင်းတို့ဆုံးဖြတ် မင်းတို့ဆုံးဖြတ်တဲ့ဟာကို ငါသင်မယ်ပြောတော့ ဘယ်ကောင်မှ ဘာမှမပြောကြဘူး။ မင်းတို့မပြောရင် ငါလည်းမသင်ဘူး ထိုင်နေမယ်ဆိုပြီး ထိုင်နေတယ်။ ပြီးမှ ပြောထွက်လာအောင်လုပ်ရင်း တစ်ယောက်က မနေ့က လှေအကြောင်းစိတ်ဝင်စားတယ်ပြောတော့ အဲဒီအကြောင်းသင်မယ်ဆိုပြီး နောက် ရေပေါ်မှာပေါ်နိုင်ခြင်းအကြောင်း ပြောတယ်။ အဲဒီကနေမှ သူတပည့်တွေကို အလေးချိန် ထုထည်နဲ့ ဒြပ်ထုကို နားလည်အောင်ဆက်သင်ပေးတယ်။ တပည့်တွေလည်း စိတ်ဝင်စားပြီး သူတို့ပတ်ဝန်းကျင်က အရာတွေကို စမ်းသပ်ကြတယ်။ သူနဲ့ကျောင်းအုပ်ဆရာကြီးကိုယ်တိုင်လည်း ကလေးတွေရဲ့ အစမ်းသပ်ခံဖြစ်ခဲ့တာပါပဲ။ နောက်ပိုင်းလည်း သူက သူသင်တယ်ရယ်လို့ မဟုတ်ဘဲ ကလေးတွေ သင်ချင်တဲ့အရာတွေကို သူက စိတ်ဝင်တစားနဲ့ လိုက်သင်ပေးတယ်။ ဒဿနိကဗေဒ ဖီလော်ဆော်ဖီကို စိတ်ဝင်စားတဲ့ကလေးမလေးတစ်ယောက်နဲ့အတူတူ တစ်ခန်းလုံး ဝိုင်းဆွေးနွေးကြရင်း တစ်ယောက်တစ်ပေါက်နဲ့ ရန်ထဖြစ်တော့မလိုလိုဖြစ်တဲ့အဖြစ်တွေလည်းရှိသလို အာကာသယာဉ်မှူးဖြစ်ချင်တဲ့ နက္ခတာရာကို စိတ်ဝင်စားတဲ့ ကလေးမလေးနဲ့အတူတူ ဂြိုဟ်တွေအကြောင်းလေ့လာဖို့ ဂြိုဟ်နာမည်တွေ ကိုယ်မှာကပ်ပြီး ဂြိုဟ်တွေလည်ပတ်ပုံကို ကိုယ်တိုင်သရုပ်ပြတဲ့အဖြစ်တွေလည်းရှိခဲ့တယ်။ ဒီလိုအကုန်သင်နေလို့ သူက အကုန်တော်နေတာလားဆိုတော့ မဟုတ်ဘူး။ ဒါကို သူကိုယ်တိုင်လည်း ကောင်းကောင်းသိတယ်။ ဆရာတစ်ယောက်အနေနဲ့ သိထားရမယ့် အရေးအကြီးဆုံးအသိဖြစ်တဲ့ သူဘာမှမသိသေးဘူးဆိုတာကိုလည်း သူလက်ခံထားတယ်။ အင်တာနက်သာရှိနေရင် ကလေးတွေကတော်တော့ သူ့ကိုတောင်လိုမှာတောင်မဟုတ်ဘူးလို့လည်း သူပြောခဲ့တယ်။ ဆိုခဲ့သလို သူစာသင်တဲ့နည်းဟာ ကလေးတွေဟာ ဘာမှသင်စရာမလိုတာမို့ လမ်းကြောင်းပေးပြီး သူတို့ဘာသာ သင်ယူနိုင်အောင် လုပ်ပေးလိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ သူတို့ဘာသာ သင်ယူချင်စိတ်ပေါ်လာအောင်လုပ်လိုက်တဲ့ သင်နည်းလည်းဟုတ်တယ်။ အဓိကကတော့ ကလေးတွေကို သူတို့ပုံစံကို သူတို့ဖော်ထုတ်နိုင်အောင် လမ်းပြပေးလိုက်တာပါပဲ။ နည်းပြတစ်ယောက်နဲ့တောင် တူလိမ့်မယ်။ ဒီလိုတွေသင်နေတော့ ကျောင်းစာ ဘာတတ်မှာလဲလို့ မေးစရာရှိတယ်။ တတ်ပါတယ်။ အလွတ်ကျက်တဲ့တတ်နည်းမဟုတ်ဘဲ တကယ်တတ်တဲ့နည်းနဲ့တတ်သွားတာခြင်းပေါ့။ ဒီလိုတတ်တာက အလွတ်ကျက်ပြီး တတ်တာနဲ့ မတူတာကိုလည်း ရုပ်ရှင်ထဲကောင်းကောင်းကြီး ပြသွားတယ်။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းပါ။ အဲဒီဆရာကလည်း အခုထိ စာသင်နေသေးသလို ဒီဇာတ်ထဲကလူတွေကလည်း တကယ်ရှိနေကြသေးတယ်။ အာကာသယာဉ်မှူးဖြစ်ချင်တဲ့ ဂျီးနီးယပ်စ်ကောင်မလေး ကာရိုက်တာကလွဲလို့ ကျန်တဲ့ ကာရိုက်တာတွေကိုတော့ အဲဒီကျောင်းက ကလေးတွေရဲ့ကာရိုက်တာတွေကို ပေါင်းစပ်ပြီး ပုံဖော်ထားတယ်။ အပြင်က၃ယောက်ကို ၁ယောက်တည်းဖြစ်အောင် ပုံဖော်ထားတာမျိုးပေါ့။ ဒီကျောင်းဆရာ ဒီလိုလုပ်နေနိုင်တာက ကျောင်းအုပ်ကျေးဇူးလည်းမကင်းဘူးပေါ့။ သူသာ အားမပေးခဲ့ရင် ဒီလိုသင်ဖို့ဆိုတာ တော်တော်လေး မဖြစ်နိုင်တဲ့ကိစ္စပါ။ ဘယ်တော့မှ တစ်ယောက်တည်းနဲ့ မပြီးတဲ့ အရာတွေပါပဲ။ သင်ယူလေ့လာဖို့ လမ်းကြောင်းပေးရမယ့် ပညာရေးဟာ အိုင်းစတိုင်းပြောသလို သင်ယူလေ့လာဖို့မှာ ခလုတ်ကန်သင်းပြန်ဖြစ်နေသင့်တဲ့ အရာမျိုးတော့ မဟုတ်ဘူးပေါ့။ ဒီကားထဲက အမြင်တွေက အသစ်မဟုတ်ပေမဲ့ အမြင်ဟောင်းတွေက မပြောင်းလဲတဲ့နောက် ဒီအမြင်တွေက သစ်နေတုန်းပဲ။ အားလုံးဟာ သူများကိုသင်ပေးရမှာနဲ့ဖြစ်ဖြစ် ကိုယ်ကသင်ယူရမှာနဲ့ဖြစ်ဖြစ် မကင်းနိုင်ကြတော့ Radical ဟာ အားလုံးကြည့်သင့်တဲ့ ရုပ်ရှင်လို့ ဆိုရမယ်။ Radical ဟာ သစ်သေးတဲ့ သီချင်းဟောင်းလေးအတိုင်းပဲ… အမှားတွေကိုဖြတ်သန်းပြီး အမှန်တွေကိုရှာတဲ့အကြောင်းပေါ့။ ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကျောင်းသားလေးတစ်ယောက်က သူကောင်မလေးတစ်ယောက်ကို ကြိုက်နေကြောင်းပြောပြီး ဘယ်လိုလိုက်ရမလဲမေးတော့ ဆရာက သူကြိုက်နေတဲ့ကောင်မလေးကိုပါ သိနေခဲ့တယ်။ လိုက်နည်းကိုလည်း ပြောပြခဲ့တယ်။ ကျောင်းသားလေးက ဆရာ ဘာလို့အကုန်သိနေတာလဲလို့မေးတော့ သူ့ဆရာဖြေတာက… “ ငါ အမှားတွေအများကြီးလုပ်ဖူးတယ်လေ “တဲ့။ ” အမှန်အမှားတွေ ကိုယ်တွေ့ရှာ မှားသွားလည်း နေပါစေ အမှန်တရားကို ရှာတဲ့သူ ရဲရဲပဲရှာပါစေ “ ~ လူငယ်လေးတစ်ယောက်အကြောင်း (သုခမိန်လှိုင် | ပလေးဘွိုင်သန်းနိုင်) (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 685MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 5Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
Radical
Uncanny
6.2

Uncanny (2015) ******************* အခုခေတ်မှာ AI နည်းပညာတွေက အရမ်းအောင်မြင်နေပေမဲ့ ဒီလိုအောင်မြင်လာဖို့အတွက် ဟိုးအရင်ကတည်းကစတင်ကြိုးစားခဲ့ကြရတာပါ။ အဲ့ဒါရဲ့ရလာဒ်အနေနဲ့ဟိုးအရင်ကတည်းက AI နဲ့ပတ်သတ်တဲ့ ရုပ်ရှင်တွေလည်းအများကြီးထွက်ရှိခဲ့ပါတယ်။ AI ဆိုတာ လူလုပ်အသိဉာဏ်တုဖြစ်ပြီး အဲ့ဒီအသိဉာဏ်တုကို ကိုယ်လိုချင်တဲ့ပုံစံအတိုင်း ပြည့်စုံအောင် ပုံဖော်ဖန်တီးရတာဖြစ်တဲ့အတွက် လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုတင်ဆက်ပေးမဲ့ 2015 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ Uncanny ဆိုတဲ့ IMDb 6.2 ရရှိထားတဲ့ဇာတ်ကားမှာလည်း ပြည့်စုံတဲ့ AI တစ်ခုကိုဖန်တီးရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာအပြင် ဖြစ်လာနိုင်မဲ့ဘေးထွက်ဆိုးကျိုးတွေကိုပါ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒေးဗစ်ခရန်ဆန်ဆိုတဲ့လူက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ကျောင်းတွေအများကြီးပြီး အဆင့်မြင့်ဘွဲ့တွေအများကြီးရရှိထားပြီး စက်ရုပ်နည်းပညာကို အရမ်းစိတ်ဝင်စားတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အခုလည်းကက်စတယ်လို့ခေါ်တဲ့ အလုပ်ရှင်ကြီးတစ်ယောက်က သူ့ကိုလုပ်ခိုင်းထားတဲ့လူသားနဲ့ လုံး၀ချွတ်စွတ်တူပြီးပြည့်စုံတဲ့ AI စက်ရုပ်တစ်ခုကို အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ကြိုးစားတီထွင်နေပါတော့တယ်။ သူ့လက်ရာတွေက အရမ်းပြောင်မြောက်ပြီး နာမည်ကြီးတဲ့အတွက် သတင်းထောက်တစ်ယောက်က သူ့အကြောင်းဆောင်းပါးရေးဖို့ တစ်ပတ်တာလာလေ့လာခဲ့ပါတယ်။ သူလက်ရှိတီထွင်ထားတဲ့စက်ရုပ်က ဘယ်လောက်တောင်ပြောင်မြောက်လဲဆိုရင် စစချင်းတုန်းကသတင်းထောက်ဟာ သူ့လက်ထောက်အက်ဒမ်လို့ထင်တဲ့လူကို ထွင်ထားတဲ့စက်ရုပ်ဖြစ်နေမှန်းတောင် လုံး၀မသိခဲ့ပါဘူး။ ဒီလိုနဲ့သတင်းထောက်မလေးက သူတို့အလုပ်တွေကို တစ်ပတ်တာလေ့လာရင်းနဲ့ AI စက်ရုပ်အက်ဒမ်က သတင်းထောက်မလေးအပေါ်မှာ ခံစားချက်တွေရှိလာတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.23GB / 629MB Quality… Blu Ray 1080p/ 720p Format…mp4 Duration….1h 27m Genre ….. Sci-Fi, Horror, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

6.2 2015 91 mins
Uncanny
A House On Fire

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်… ဇာတ်လမ်းကတော့ မွန်ဆယ်ဆိုတဲ့အမျိုးသမီးဟာ ကွဲကွာသွားခဲ့တာကြာပြီဖြစ်တဲ့ ခင်ပွန်းဟောင်း ကာလိုစ့်…သမီးဖြစ်သူ ဂျူလီယာ…သားဖြစ်သူ‌ ဒေးဗစ် တို့နဲ့အတူ ကမ်း‌ခြေကသူမပိုင်တဲ့အိမ်မှာ မိသားစုပြန်ဆုံစည်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပါ မွန်ဆယ်ကသူမရဲ့အမေကိုရိပ်သာပို့ဖို့ ပိုက်ဆံလိုလို့ ကမ်းခြေကအိမ်ကိုရောင်းဖို့အတွက် ပစ္စည်းတွေသိမ်းရင်းနဲ့ မိသားစုပြန်စုံစည်းဖို့စီစဉ်ခဲ့တာပါ… မိသားစုပြန်စုံစည်းတဲ့အခါမှာတော့ ပျော်စရာတွေအပြင် မိသားစုအကြားအချင်းပွားစရာတွေဖြစ်လာတဲ့အခါမှာတော့…. ဒီရုပ်ရှင်ကားလေးဟာ စပိန်မိသားစုတစ်ခုအကြား ချစ်ခြင်းမေတ္တာနဲ့အဆင်မပြေမှုတွေကို လှပသောကာရိုက်တာများဖြင့်ပုံဖော်ထားပြီး အဓိကအားဖြင့် မိခင်တစ်ယောက်ရဲ့ အချစ်ကြီးပုံနဲ့ ပေးဆပ်မှုတို့ကို တင်ဆက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…ခံစားကြည့်ကြပါခင်ဗျာ… File size…(1.5 GB)/(964 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 2024
A House On Fire
Kali: Avenging Angel
5.8

ဒီတစ်ခေါက်မှာတော့မင်းသမီး‌တစ်ယောက်တည်း ရှယ်ကြမ်းပြမဲ့ ပြင်သစ် အက်ရှင်ဇာတ်ကားတစ်ခုကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ လီဆာဟာ မကြာသေးခင်ကမှ သားဖြစ်သူကိုဆုံးရှုံးထားရတာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်နေရတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးပါ။ သူ့ခင်ပွန်းဖြစ်သူ အဲရစ်ဟာလည်း သူ့လို အေးဂျင့်တစ်ဦးဖြစ်တာမို့ နိုင်ငံရပ်ခြားမှာ စစ်ဆင်ရေးတွေသွားရောက်ဆောင်ရွက်နေရသူပါ။ တစ်နေ့မှာ လီဆာရဲ့ ခင်ပွန်းဖြစ်သူ အဲရစ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရဲ့ ပြင်သစ်သံရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်တာခံလိုက်ရပါတယ်။ သားဖြစ်သူကိုဆုံးရှုံးထားရပြီး တစ်ဦးတည်းသောကျန်တဲ့ ‌ ခင်ပွန်းကလည်း အသတ်ခံလိုက်ရတော့ လီဆာလည်း အရူးမီးဝိုင်း သလိုဖြစ်တော့တာပါပဲ။ ဒီလိုနဲ့ သူ့ခင်ပွန်းအတွက်လက်စားချေဖို့ ဘရာဇီးကိုလိုက်သွားပြီး တစ်စတစ်စစုံစမ်းရင်းကနေမှ မထင် မှတ်ထားဘဲ လူပေါင်းများစွာကို အသက်အန္တရာယ်ပေးနေတဲ့ နောက်ကွယ်ကအမှုကြီးတစ်ခုကို သိရှိသွားရပါတော့တယ်။ လီဆာတစ်ယောက်တည်း တစ်ဆင့်ပြီးတစ်ဆင့်‌‌ ဖော်ထုတ်ရင်းနဲ့ နောက်ကွယ်ကကြိုးကိုင်ထားတဲ့ လက်မည်းကြီးကို လက်စားချေဖို့ ကြိုးပမ်းပုံကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီတော့ အဲရစ်ကဘာကြောင့်သေသွားရတာလဲ၊ အံ့ဩလောက်စရာ အမှုကြီးကရော ဘာများဖြစ်မလဲ၊ ‌ဒီကိစ္စကိုဘယ်သူက ကြိုးကိုင် ထားပြီး ဘယ်သူတွေပါဝင်ပတ်သက်နေမလဲဆိုတာကို ဇာတ်လမ်း ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.44GB) / ( 835MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Drama
5.8 2024
Kali: Avenging Angel
Aiden

အိမ်တွင်းအကြမ်းဖက်မှု သားကောင်ဖြစ်ခဲ့တဲ့ အေဒန်ဟာ မိမိရဲ့လွတ်လပ်မှုနဲ့ ခံစားချက်တွေကို ပြန်လည်ရှာဖွေဖို့ စိတ်ကျန်းမာရေးဆရာဝန်တစ်ဦးကို လာရောက်တိုင်ပင် ဆွေးနွေးခဲ့တယ်။ ဆရာဝန် အကြံပေးတဲ့ စိတ်ကျန်းမာရေးကုသမှု ပရိုဂရမ် ကတော့ ရှင်းပါတယ်။ တောရွာအိမ်ငယ်လေးတစ်လုံးမှာ တစ်ပတ်လောက် ထမင်းမစား၊ ဘယ်သူနဲ့မှ စကားမပြောဘဲ ကိုယ့်ရဲ့ခံစားချက်တွေကို ပြန်ရှာဖို့ပါ။ ဒါပေမဲ့ ဒီပရိုဂရမ်အတိုင်း လိုက်နေစဉ်မှာပဲ အေဒန်ဟာ အိပ်မက်လား လက်တွေ့လား ဝေခွဲမရတဲ့ ဖြစ်ရပ်တွေ ကြုံလာခဲ့ပြီး ထူးဆန်းတဲ့အရာတွေ တစ်ခုခုပြီး ဖြစ်လာခဲ့တဲ့ အခါမှာ အကြမ်းဖက်ခံခဲ့ရတဲ့ အေဒန်ရဲ့စိတ်ကပဲ သံသယ လွန်ကဲနေတာလား ဒါမှမဟုတ် အိမ်အပြင်မှာ တကယ်ပဲ တစ်ခုခုရှိနေသလား…. ဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… (1.82GB) / (850MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 14m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

Drama • Comedy
0 2024 73 mins
Aiden
Paddington in Peru
6.8

Paddington in Peru (2024) IMDb Rating (6.8) / Rotten Tomatoes (94%) ဒီကားလေးကတော့ ပိတ်ရက်မှာ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံ‌လေး Paddington ကို သိကြမှာပါ။ ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်း ပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။ အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။ အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size… (6.4 GB) / (2.2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Comedy, Family, Mystery Duration….01:46:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vader

Horror • Thriller
6.8 2024 106 mins
Paddington in Peru
Brave the Dark
6.6

Brave the Dark (2025) IMDb Rating (6.6) / Rotten Tomatoes (74%) ဒီ Movie ကတော့ ထုတ်လုပ်သူနေသန်နီရယဲဒင်းရဲ့ ငယ်ဘ၀ကို ရိုက်ကူးထားတဲ့ကားပါ။ ဇာတ်ကြောင်းကတော့ သူ့အမေကို အဖေကမျက်စိရှေ့မှာတင် သတ်လိုက်တာကို မြင်လိုက်ရတဲ့ နိတ်ဆိုတဲ့ကောင်လေးတစ်ယောက်က ပတ်၀န်းကျင်ရဲ့အပြောတွေကြားမှာ ဆိုးဆိုးဝါးဝါးနဲ့ ဂရုစိုက်မှုမခံရပဲကြီးပြင်းလာခဲ့ပါတယ်။ မိဘတွေမရှိတော့ပဲ ဆွေမျိုးတွေက ပစ်ထားတော့ ဖြစ်ချင်တိုင်းဖြစ်ပြီး ကားပေါ်မှာနေနေရပါတယ်။ ဒါပေမဲ့ သူ့ရဲ့ဆရာဖြစ်သူစတန်ဒင်းက သူ့ကျောင်းသားရဲ့ကောင်းကွက်ကိုမြင်ခဲ့ပြီး အကူအညီပေးခဲ့ပါတယ်။ မိဘမေတ္တာငတ်နေတဲ့ ကလေးတစ်ယောက်က သူ့ရဲ့ဆရာဖြစ်သူရဲ့ ကြီးကြပ်စောင့်ရှောက်ပေးမှုအောက်မှာ ဘ၀စတင်ပြောင်းလဲလာခဲ့ပါတယ်။ လမ်းမှားရောက်တော့မယ့် ကလေးတစ်ယောက်ကို အခြားသူတွေလို ပစ်မထားပဲ အတတ်နိုင်ဆုံး လမ်းမှန်ပေါ်ဆွဲတင်ပေးခဲ့တဲ့ ဆရာတစ်ယောက်ရဲ့ မေတ္တာကို ရိုးရိုးလေးရိုက်ကူးပြထားတဲ့ကားပါ။ ဒီကားကိုဖန်တီးခဲ့တာကလည်း သူ့ဘ၀ရဲ့မှောင်မိုက်နေတဲ့အချိန်တွေမှာ အလင်းဆောင်ကျဉ်းပေးပြီး လမ်းမှန်ပြပေးခဲ့တဲ့ ဆရာဖြစ်သူရဲ့စေတနာမေတ္တာကို ပြပေးချင်ခဲ့တာကြောင့်ပါ။ Plot twist တွေဘာတွေမပါတဲ့ ပေါ့ပေါ့ပါးပါးကားလေးမို့ ကြည့်ရတန်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(1.5 GB) / (740 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:51:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phu Thet Khin

6.6 2025 110 mins
Brave the Dark