YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Miracle.Workers.2019.S02E05.1080p.AMZN.WEB-DL.(CM).mp4

405.34 MB N/A video/mp4 149 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dreaming Walls: Inside the Chelsea Hotel
5

Dreaming Walls: Inside the Chelsea Hotel (2022) ~ IMDb - 6.1/10, Rotten Tomatoes - 70% ~ ဒါကတော့ 1884 ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး နယူးယော့မြို့ မန်ဟက်တန်မှာရှိတဲ့ နာမည်ကြီးဂန္ထဝင် ချဲလ်ဆီးဟိုတယ်အကြောင်း Documentary လေးပဲဖြစ်ပါတယ်။ ရိုက်ကူးထားတာကတော့ ဟိုတယ်ကိုပြန်လည်ပြုပြင်မွမ်းမံရေးလုပ်နေတဲ့အချိန်မှာပါ။ ဒီဟိုတယ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးရသလဲဆိုတော့ ဒီနေရာဟာ အရင့်အရင်တုန်းက အနုပညာရှင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့သလို မန်ဟက်တန်အနုပညာတစ်ခေတ်မှာလည်း တကယ့်နာမည်ကြီးအနုပညာ‌ရှင်တွေနေထိုင်သွားတဲ့နေရာတစ်ခုဖြစ်ခဲ့လို့ပါ။ အမေရိကန်ကိုလာတဲ့အနုပညာရှင်တိုင်း ချဲလ်ဆီးဟိုတယ်လေးမှမတည်းရရင် အမေရိကန်ပြည်ရဲ့အနုပညာအသိုင်းအဝိုင်းကိုမထိတွေ့လိုက်ရသလိုခံစားရလောက်အောင် အရှိန်အဝါရှိခဲ့တာဖြစ်ပါတယ်။ နေထိုင်သွားခဲ့တဲ့အဆိုတော်ပေါင်းမြောက်များစွာထဲ ‌Bob Dylan, Bob Marley, Jimi Hendrix တို့ပါဝင်သလို Madonna ကလည်း ဓာတ်ပုံရှုတင်တစ်ခုရိုက်ခဲ့ပါသေးတယ်။ Mark Twain တို့ Dylan Thomas တို့ Thomas Wolfe တို့လို ဂန္ထဝင်စာရေးဆရာကြီးတွေအပြင် တခြားပန်းချီအနုပညာ‌ရှင်ပေါင်းများစွာနေထိုင်သွားခဲ့တဲ့ ဟိုတယ်တစ်ခုပါ။ အန်ဒီဝါးဟိုးလ်နဲ့ ပေါလ်မောရစ်ဆီတို့ကလည်း Chelsea Girls ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်သွားခဲ့ပါသေးတယ်။ ဒီဟိုတယ်ဟာ ဒီလိုအနုပညာရှင်တွေကြောင့်ဂုဏ်သိက္ခာကြီးမားခဲ့တဲ့အပြင် သရဲခြောက်တယ်ဆိုတဲ့ဇာတ်လမ်းတွေကြောင့်လည်းနာမည်ကြီးပါသေးတယ်။ ဒီ Documentary ကတော့ ချဲလ်ဆီးဟိုတယ်ပြုပြင်နေဆဲကာလမှာ ဟိုတယ်မှာကျန်နေတဲ့ မူလလက်ဟောင်းအိမ်ငှားတွေရဲ့ဘဝကို အသားပေးရိုက်ကူးထားပြီး သူတို့နဲ့ဟိုတယ်ကြီးကြား နှောင်ကြိုးတွေကိုပြောပြထားတာပါ။ အသည်းကွဲဇာတ်လမ်းကနေ အနုပညာဈာန်ဝင်စားတဲ့အထိ ဟိုတယ်မှာဖြစ်ပျက်ခဲ့သမျှနဲ့ ဒီဟိုတယ်ကြီးဟာ ဘယ်လို နယူးယော့မြို့အနုပညာရှင်တွေရဲ့ ဉာဏ်ကွန့်မြူးရာဘူမိနက်သန်ဖြစ်လာခဲ့ရသလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ အိမ်ငှားအိုကြီးတွေက ဟိုတယ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှေး‌ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း ဟိုတယ်ကြီးရဲ့အမွေအနှစ်ကိုချပြသွားတာပါ။ ဒီလိုဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းထည်ဝါတဲ့ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို အနုပညာဆန်ဆန်၊ ဘဝသရုပ်မှန်မှန် ရိုက်ကူးထားတဲ့ Documentary ပါပဲ။ နိုင်ငံတကာဆုကြီးတွေမရခဲ့ပေမယ့် အကောင်းဆုံး Documentary အဖြစ် ဆန်ကာတင်စာရင်းများစွာဝင်ခဲ့ပါတယ်။ "နံရံတွေသာစကားပြောတတ်ရင် ချဲလ်ဆီးဟိုတယ်ကအခန်းတွေ ပါးစပ်‌ကိုပိတ်တော့မှာမဟုတ်ဘူး" လို့ပြောရလောက်အောင် သမိုင်းကြောင်းတွေ၊ ဇာတ်လမ်းတွေပြည့်ဝခဲ့တဲ့ ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို စိတ်ဝင်စားရင်တော့ မြည်းကြည့်ဖို့အကြံပေးလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 620MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 17Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5 2022 80 mins
Dreaming Walls: Inside the Chelsea Hotel
O Kala
7

ဒီတစ်​ခေါက်တင်ဆက်​ပေးမှာက​တော့ မသိသူမရှိတဲ့ထုတ်လုပ်​​ရေးကြီးဖြစ်တဲ့ "Disneyနဲ့ Hotstar" တို့က ပူး​ပေါင်းပြီးရိုက်ကူးထားတဲ့ O Kalaဆိုတဲ့ တေလဂူ အချစ်ရိုမန့်စ်ကား​​ကောင်း​လေးပဲဖြစ်ပါတယ် ထုတ်လုပ်​ရေးအပိုင်းကလည်းရှယ်ဖြစ်သလို ​အော်စတာဆုရဒါရိုက်တာ Ss Rajamouliကိုယ်တိုင်က First Lookကိုထုတ်လွှင့်ခဲ့တာဖြစ်ပြီး Deepak Kolipakaဆိုတဲ့ အရည်ချင်းရှိဒါရိုက်တာ​ကရိုက်ထားတာလည်းဖြစ်ပါတယ် ဒီကားရဲ့အဓိက​ခေါင်း​ဆောင်​တွေအ​နေနဲ့က​​တော့ မင်းသား​နေရာမှာ ​အောင်မြင်မှူ​တွေနဲ့အလားအလာရှိပြီးသရုပ်​​ဆောင်ရာမှာ စိတ်အားထက်သန်တဲ့ မင်းသား Gourish Yeleti နဲ့ ​မင်းသမီး​နေရာမှာက​တော့ မြန်မာနိုင်ငံမှာလူသိများတဲ့ "​လေဆန်တိုးမယ့်မညှိုးပန်း"ဇာတ်ကားထဲက ​ စောမြရဲ့ညီမအဖြစ်သရုပ်​​​ဆောင်ခဲ့တဲ့ Roshni Sahotaတို့ပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အစမှာ​တော့ "ဟာရီကာ" ကစိတ်ဓါတ်ကျပြီး သတ်​သေဖို့အထိ​တောင်​တွေး​နေတဲ့ မိန်းက​လေးတစ်​ယောက်ဖြစ်ပြီး မ​သေခင်အ​ကြောင်းအရင်းတစ်ခု​ကြောင့် ဘားကိုသွားရာမှ " ဟာရှာ "ဆိုတဲ့​ကောင်​လေးနဲ့ ​တွေ့ပြီးဘဝဇာတ်​ကြောင်း​တွေကို ဖလှယ်ခဲ့ကြပါတယ် မူလအစက​တော့ ဟာရီကာက ယုံကြည်မှူအပြည့်နဲ့ စွန့်စားလိုစိတ်ရှိတဲ့​​ခေတ်လူငယ်တစ်ဦးဖြစ်ခဲ့ပြီး သူ့အတန်း​ဖော်တစ်​ယောက်နဲ့ ကုမ္ပဏီတစ်ခုတည်​ထောင်ခဲ့ကာ အိုးချင်းထားအိုးချင်းထိပြီး ချစ်ကြိုးသွယ်ခဲ့ကြပါတယ် အချစ်​​ရေး​ရော​ရှေ့​ရေးပါ အဆင်​​ပြေ​နေတဲ့သူ့ဆီမှာ မ​မျှော်လင့်ထားတဲ့ ကံကြမ္မာဆိုးကဝင်​မွှေတဲ့အခါ ဟာရီကာ ဘယ်လို​ဖြေရှင်းမလဲ သူကြုံလိုက်ရတဲ့ ကံကြမ္မာဆိုးကဘာလဲ သူရင်ဖွင့်သမျှကိုစိတ်ရှည်ရှည် နား​ထောင်​ပေး​နေတဲ့ ဟာရှာဆိုသူက​ရော ဘယ်လို​နောက်​ကြောင်း​တွေရှိ​​နေမလဲ ဘာရည်ရွယ်ချက်နဲ့သူ့အနားကပ်လာသလဲ သူတို့နှစ်​ယောက်ဘာ​တွေဆက်ဖြစ်ကြမလဲဆိုတာ ရင်ခုန်စွာကြည့်ရှူ့ရမှာဖြစ်ပါတယ် File size…1.7GB / 700MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ Khin Khin

Drama • Romance
7 2023 120 mins
O Kala
Retribution
6.2

ဂျပန်ရဲ့ David Cronenbergလို့တင်စားကြတဲ့ ဂျပန်horrorမှာနာမည်ကြီး ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kiyoshi Kurosawaရိုက်ကူးထားတဲ့ horror/mysteryရုပ်ရှင်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်တစ်ယောက်ဖြစ်တဲ့ "ခိုးဂျိ ရခုရှော"ဟာ ကမ်းစပ်မြို့တစ်ခုမှာ တာဝန်ကျနေပြီး လူသတ်မှုတွေကို လိုက်လံစုံစမ်းနေပါတယ်။ ငလျင်လှုပ်ပြီးတဲ့တစ်နေ့မှာတော့ အပျက်အစီးပုံတွေကြားမှာ သေဆုံးနေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရပါတယ်။ သူ့ကို ဆားငန်ရေထဲ နှစ်သတ်ပြီးမှ လာရောက်စွန့်ပစ်ထားပုံ ရတာမို့ ဒီအမှုကို ဆက်စုံစမ်းခဲ့ပါတယ်။ ဒါပေမဲ့ အမှုရဲ့ သဲလွန်စတွေက သူကိုယ်တိုင်ကိုပဲ တရားခံအဖြစ် ညွှန်ပြနေပြီး သူလည်းဘာမှမမှတ်မိတာမို့ အကျပ်ရိုက်နေပါတယ်။ မကြာခင်မှာပဲ အသတ်ခံထားရတဲ့ ကျောင်းသား အလောင်းတစ်လောင်း ထပ်ပေါ်လာပါတယ်။ သူ့ကိုလည်း စစ်ဆေးတဲ့အခါမှာလည်း ဆားငန်ရေတွေတွေ့ရပြီး ကြိုးနဲ့ချည်ခံထားရပရပုံပေါက်တာမို့ လူသတ်သမားက ကွင်းဆက်လူသတ်သမားဖြစ်နိုင်ခြေများလာပါတယ်။ ဒီအမှုတွေကို စုံစမ်းနေစဉ်မှာပဲ သူ့အနားကို ဝတ်စုံနီဝတ်ထားတဲ့ သရဲမက အမြဲရောက်လာပြီး နှောင့်ယှက်တာကို ခံနေရပါတယ်။ သူ့ကို အမြဲနှောင်ယှက်နေတဲ့ သရဲမနဲ့ ဒီအမှုတွေက ဘယ်လိုဆက်စပ်ပြီး ဘာကြောင့် စုံထောက်ကိုပဲ အမြဲတမ်းနှောင့်ယှက်နေရလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြရအောင်ပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Ingyin San ပါ ) File Size__(1.8GB) Quality__1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__01:44:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Family • Fantasy
6.2 2006 104 mins
Retribution
Hidimbha
7

Hidimbha 2023 IMDb 9.2/10 Action/Drama သည်းထိတ်ရင်ဖိုနဲ့စိတ်ဝင်တစားကြည့်ရှုရမယ့် တေလဂူးရဲကားလေးကို တင်ဆက်လိုက်ပေးလိုက်ပါတယ်။ ဟိုက်ဒရာဘတ်မြို့က ရဲအရာရှိ အက်ဘ်ဟေးဟာ မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် ပျောက်ဆုံးနေတဲ့အမှုကို စုံစမ်းနေကြရပါတယ်။ ဘာသဲလွန်စမှလည်းမရှိပဲ သေသလား ရှင်သလား မသိရပါဘူး။ ဒါကြောင့်ပဲ ဒီကိစ္စဟာ မီဒီယာတွေ စာနယ်ဇင်းတွေကြားမှာ ဝေဖန်စရာဖြစ်ခဲ့ပြီး အဘက်ဘက်ကနေ ဖိအားတွေများလာတဲ့အမှုဖြစ်လာပါတယ်။ ဒီကိစ္စကို ကူညီပြီးစုံစမ်းဖို့အတွက် ရဲအရှိအဒယာရောက်ရှိလာပါတယ်။ နှစ်ယောက်ပူးပေါင်းပြီး ဆက်စုံစမ်းရင်းနဲ့ပဲ ဒီအမှုမှာ ပါဝင်ပတ်သက်တဲ့သူတွေ များလာပါတယ်။ နောက်တော့ ဒီကိစ္စဟာDark Webနဲ့ဆက်စပ်နေတာကို သိခဲ့ကြရပါတယ်။ ဒီလိုဆန်းကြယ်တဲ့အမှုကို သူတို့ဘယ်လိုဆက်ပြီးဖြေရှင်းကြမလဲ။ ဒီကိစ္စရဲ့အရင်းအမြစ်ကရော ဘာလဲဆိုတာကို ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~V~Cherry~BpLတို့ပဲဖြစ်ပါတယ်။) File size…2.19GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni~V~Cherry~BpL

Drama
7 2023 135 mins
Hidimbha
The Sisters Brothers
6.8

ဒီတစ်ခါတော့ The Sisters Brothers ဆိုတဲ့ အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချာလီနဲ့ အီလိုင်လို့ခေါ်တဲ့ ညီအကိုနှစ်ယောက်ဟာ အော်ရီဂွန်မြို့က တပ်မှူးအားကိုးရတဲ့ တိုက်ခိုက်ရေးသမားတွေပဲ ဖြစ်ပါတယ်။ ခိုင်းစေသမျှတာဝန်မှန်သမျှကို ဘယ်တော့မှ လွဲလျော်လေ့မရှိပဲ အောင်မြင်ခဲ့တာကြောင့် Sisters Brothers ဆိုပြီး နာမည်ကျော်ကြားသူတွေလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့တပ်မှူးက ရွှေတူးတာကို ဖော်မြူလာတစ်ခုတီထွင်နိုင်ခဲ့တဲ့ လူတစ်ယောက်ကို လိုက်ရှာခိုင်းတဲ့အခါမှာတော့ တိုက်တိုင်းအောင် ညီအကိုတွေရဲ့ ဒီတစ်ခေါက် စစ်ဆင်ရေးက ဘယ်လိုတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကောင်းဘွိုင်ခေတ် အငွေ့အသက်တွေနဲ့ အက်ရှင်ကားကောင်းတစ်ကောင်းကို တင်ဆက်ပေးလိုက်တာမို့လို့ အားပေးကြပါဦးဗျာ File Size : (965 MB) and (260MB) Quality : Web DL 720p Running Time :2hr 01 min Format : Mp4 Genre : Adventure  , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tar Tee Poe Encoded by Moe Myint Lwin

Comedy • Drama • Sci-Fi & Fantasy
6.8 2018 121 mins
The Sisters Brothers
Fighting with My Family
6.9

ပေ့ဂျ် ဆိုတဲ့ကောင်မလေးဟာ မိန်းကလေးပီပီ  တခြားသူတွေလို အချစ်ဒရမ်မာကားလေးတွေကြည့် လှတပတလေးတွေဝတ်ပြီးနေချင်ပုံရတယ်...သို့ပေမယ့် တစ်နေတော့  သူမရဲ့ အဖေနဲ့ အမေရဲ့စီစဉ်မှုကြောင့် နပမ်းပွဲတစ်ခုမှာ ပြိုင်ပွဲမဝင်ချင်ဘဲ ဝင်လိုက်ရတယ်... သူမနဲ့ ယှဉ်ပြိုင်သူကို ကြမ်းပြင်ပေါ်တစ်ချက်ထဲနဲ့မှောက်သွားစေနိုင်မယ့် ဖြတ်ရိုက်ကွက်တစ်ကွက်သုံးလိုက်တယ်...အဲ့ဒီအချိန်မှာ ပွဲကြည့်တဲ့သူတွေရဲ့ " လုပ်ထားစမ်းကွ....မိုက်တယ်... မင်းသမီးလေး လုပ်ထားစမ်း"ဆိုပြီး လက်ခုပ်သံတစ်ဖြောင်းဖြောင်းက သူမရဲ့စိတ်တွေနဲ့ ဗီဇတွေကို နိုးဆွလိုက်ပုံပေါ်တယ်.. ဒီအချိန်မှာဖြစ်သွားတဲ့ ကောင်မလေးရဲ့အပြုံးက နပမ်းပွဲမှာ တိုက်ခိုက်ရတာ ငါ့အတွက်ကျေနပ်ဆုံးသောအရာပါ့လားဆိုတာကို သိပ်လိုက်ရတဲ့အပြုံးမျိုး.... ငယ်ငယ်တုန်းက SmackDown လို့ အခေါ်များတဲ့ WWE နပမ်းပွဲတွေကို အတော်များများကြည့်ဖူးကြမှာပါ။.. အားလုံးလည်း အနည်းဆုံးတစ်ယောက်ကိုတော့ သဘောကျဖူးမှာပါပဲ.... The Rock, Undertaker, John Cena စသည်ဖြင့်ပေါ့။ ဒီရုပ်ရှင်ကတော့ WWE ရဲ့နာမည်ကျော် ဗြိတိန်အမျိုးသမီး နပမ်းသမား  ပေ့ဂျ် အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်.... သူတို့မိသားစုဟာ အခြေခံမိသားစုဖြစ်ပြီး ဒီလောကထဲမှာ အတော်ရုန်းကန်ခဲ့ရပါတယ်... ခပ်ကြောင်ကြောင်မိသားစုလို့ခေါင်းစဉ်တပ်ခံရတဲ့အပြင် တကယ့်တကယ်မှာတော့ အခက်အခဲပေါင်းများစွာ သူတို့မိသားစုရင်ဆိုင်ခဲ့ရပါတယ်...သူတို့ဘယ်လိုရုန်းကန်ခဲ့ရလဲ... ဒီလောကဟာ ဘယ်လိုပုံစံမျိုးလဲခံစားကြည့်ရှုလိုက်ကြရအောင်... လက်ရှိ IMDb 7.5 ရှိပြီး Rotten ...92%ရရှိထားလေတော့ ကောင်းမကောင်း ဆုံးဖြတ်စရာမလိုတော့ဘူးထင်တယ်.. ဘယ်အချိန်ကြည့်ဖြစ်မလဲပဲဆုံးဖြတ်ရမယ်ထင်တယ်.. မင်းသမီးချောလေး Florence Pugh   အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Little Neo ပဲဖြစ်ပါတယ်.....

Comedy • Drama
6.9 2019 108 mins
Fighting with My Family
Raymond & Ray
6.2

Raymond & Ray (2022) ဒီရုပ်ရှင်ကိုတော့ The Sopranos လို မာစတာပိစ်စီးရီးကြီးမှာ ဝင်ရိုက်ဖူးပြီး ဆုရဇာတ်လမ်းတွဲတွေကိုလည်း ရိုက်ကူးရေးသားဖူးတဲ့ Rodrigo Garcia လို့ခေါ်တဲ့ ဒါရိုက်တာက ရိုက်ကူးထားပြီး Legend actor ဆရာကြီးနှစ်ပါးဖြစ်တဲ့ Ethan Hawke နဲ့ Ewan McGregor တို့က Main character နှစ်ယောက် ရေမွန်နဲ့ရေး အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကတော့ Comedy, Drama ပေမဲ့ Black Comedy လို့ပြောရင် ပိုတိကျပါမယ်။ အီသန်နဲ့ အီဝန်ဟာ ရေးနဲ့ ရေမွန်ဆိုတဲ့ အဖေတူ မအေကွဲ ညီအစ်ကိုတွေပါ။ သူတို့၂ယောက်စလုံးရဲ့ အမေတွေကလည်း သူငယ်ချင်းတွေပါ၊ သူတို့အခေါ်အရတော့ ဖွတ်ဖွတ်ကြေဇနီးများကလပ်ဝင်တွေလို ဖြစ်နေကြသပေါ့။ သူတို့အဖေက သူတို့၂ကောင်ကို ငယ်ငယ်ကတည်း အသေအနိုင်ကျင့် နှိပ်စက်ပါတယ်။ သူတို့၂ယောက်စလုံးက သူတို့အဖေကို မုန်းကြပါတယ်။ နှစ်အတော်ကြာပြီး တစ်နေ့မှာ သူတို့ဟာ သူတို့အဖေရဲ့ အသုဘကို သွားဖို့အကြောင်းဖန်လာပါတယ်။ သူတို့အဖေဟာ သူတို့ကို သူတို့မြေကျင်းကိုယ်တိုင်တူးပြီး မြုပ်စေချင်တာ အပါအဝင် ကကျိုးကကြောင် တောင်းဆိုချက်တွေထားခဲ့ပါတယ်။ သူတို့တောင်မသိတဲ့ ညီတွေလည်း ထားခဲ့ပါသေးတယ်။ အဖေ့အသုဘကို သွားကြတဲ့ ဘူလီခံခဲ့ရတဲ့ ညီအစ်ကို ၂ကောင်အကြောင်းကို Black Comedy ဆန်ဆန်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အီသန်နဲ့ အီဝန်ရဲ့ သရုပ်ဆောင်ချက်တွေနဲ့တင်‌ တော်တော်လေးတန်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.82GB, 842MB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 45Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Crime • Drama
6.2 2022 106 mins
Raymond & Ray
United States of Love
6.1

၆၆ ကြိမ်မြောက် ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာပြသဖို့ ရွေးချယ်ခံရတဲ့ ပိုလန်ဒရမ်မာရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ပုံမှန်ကြည့်နေကြရုပ်ရှင်ကားတစ်ကားနဲ့တော့ မတူတာအမှန်ပါပဲ။ သေချာကြည့်လေလေ တွေးစရာအတွေးပေါ်လာလေလေဆိုတာ ဒီရုပ်ရှင်ကားမျိုးကိုပြောချင်တာဖြစ်ပါလိမ့်မယ်။ မတူညီတဲ့အသက်အရွယ်မှာရှိနေကြတဲ့ အမျိုးသမီးလေးယောက်ရဲ့ မတူညီတဲ့ စိတ်ခံစားချက်၊ အိမ်ထောင်ရေးပြသာနာ၊ နေ့စဉ်ဘဝတွေကို အချိတ်အဆက်မိမိရိုက်ပြပေးထားတာမို့ တွေးခေါ်ရတာကြိုက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ရုပ်ရှင်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းလေးမိတ်ဆက်ပေးရရင်… အိမ်ထောင်သက်တမ်းကြာနေပြီဖြစ်ပေမယ့် စိတ်ခံစားချက်တစ်မျိုးပြောင်းလဲနေတဲ့ အမျိုးသမီးအာဂါတာ.. ခင်ပွန်းဖြစ်သူကို တစ်ဖြည်းဖြည်းချင်း သဘောမတွေ့၊ လင်မယားကြား သွေးအေးတိုက်ပွဲတွေ ခဏခဏဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းက ဘာများဖြစ်မလဲ ? စည်းကမ်းကြီးတဲ့ကျောင်းအုပ်ဆရာမကြီး အီဇာကတော့ အိမ်ထောင်သည်ဆရာဝန်တစ်ယောက်နဲ့ ခြောက်နှစ်ကြာအောင် ချစ်ကြိုက်နေတာတောင် ဘယ်သူမှမသိကြပါဘူး။ တရားဝင်ဇနီးသေဆုံးသွားတဲ့အချိန် အီဇာက သူ့ချစ်သူဆရာဝန်ဆီလိုက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ? အီဇာရဲ့ကျောင်းမှာဆရာမလုပ်နေတဲ့ ရီနာတာကတော့ အသက်အရွယ်အရ ပင်စင်ယူဖို့တိုက်တွန်းခံနေရပါတယ်။ ကျောင်းဆရာမအလုပ်သာမရှိတော့ရင် ဘာဆက်လုပ်ရတော့မလဲဆိုပြီး အတွေးတွေနဲ့စိတ်ဓါတ်ကျနေတုန်း အီဇာရဲ့ညီမဖြစ်သူ မာဇီနာ နဲ့ ရင်းနှီးခွင့်ရခဲ့ပါတယ်။ ရီနာတာကတော့ မာဇီနာနဲ့ အများကြီးပိုရင်းနှီးခွင့်ရချင်နေပါတယ်။ ငယ်ရွယ်နုပျိုတဲ့ မာဇီနာကတော့ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်ဖို့အိပ်မက်ရှိပေမယ့်… အိပ်မက်နောက်ကိုလိုက်နေရင်းနဲ့ သူ့ဘဝကြီးတစ်ခုခုလိုအပ်နေသလို ခံစားနေရတဲ့အခါ ဘာတွေများမိုက်ရူးရဲဆန်ခဲ့ကြမလဲ… သူတို့လေးယောက်ရဲ့ နက်ရှိုင်းရှုပ်ထွေးတဲ့စိတ်ခံစားချက်ကို ဒါရိုက်တာက မီးခိုးမှိုင်းလေးတိုက်ပြီးရိုက်ပြထားလို့ ပိုပြီးပေါ်လွင်သွားစေပါတယ်။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းဆိုတဲ့ ဘဝအပိုင်းအခြားတစ်ခုကို ရှုပ်ထွေးမှုပေါင်းများစွာနဲ့ ဖြတ်သန်းသင့်ပါသလား? သင်ဆိုရင်ရော နေ့စဉ်ဘဝကို ဘယ်လိုမျိုးစိတ်ခံစားချက်နဲ့ ဖြတ်သန်းချင်မိလဲ… ကျွန်တော်ကတော့ ပျော်ရွှင်မှုနဲ့ပဲနိုးထပြီး ပျော်ရွှင်မှုနဲ့ပဲ အိပ်စက်ချင်ပါတယ်….. ဒီဇာတ်ကားလေးနဲ့ အတွေးတစ်စရရှိပြီး ဆေးရောင်စုံနေ့ရက်တွေပိုင်ဆိုင်နိုင်ပါစေဗျာ… File size… 1.6 GB / 746 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 46m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJoa Va

6.1 2016
United States of Love
Concrete Utopia
7.3

Concrete Utopia(2023) ********************* ၂၀၂၃ခုနှစ် ၈လပိုင်း ၉ရက်​နေ့မှာ စတင်ပြသခဲ့တဲ့ thriller ရုပ်ရှင် Concrete Utopia နာမည်ကြီး မင်းသား​ မင်းသမီးတွေဖြစ်တဲ့ အီ​​ဗြောင်ဟွန်း(Lee Byung-hun), ဘတ်​ဆောဂျွန်း (Park Seo-joon)နဲ့ ဘတ်ဘို​ယောင်း(Park Bo-young)တို့ အဓိကပါဝင်သရုပ်​ဆောင်ထားပြီး All of us are dead မှ မင်းသမီး​ချော ဘတ်ဂျီဟူ(Park Ji-hu)လည်း ပါဝင်အားဖြည့်​​ပေးထားပါတယ်။ ရာသီဥတု​ဖောက်ပြန်​ပြောင်းလဲပြီး မြေငလျင်အကြီးစားတစ်ခု လှုပ်ခတ်ခဲ့တဲ့အတွက်​ကြောင့် အပျက်အစီးပုံထဲကိုဆိုးလ်မြို့တစ်ခုလုံးကျရောက်သွားတယ်.. ကံကောင်းထောက်မစွာ ကွန်ကရစ်တော်ဝင်တိုက်တစ်တိုက်ကတော့ အပျက်အစီးတွေကြားထဲမှာ မားမားမတ်မတ်ကြီးကျန်ရှိနေတယ်…တိုက်ခန်းမှာ အရင်ကတည်းကနေခဲ့တဲ့သူတွေအတွက်တော့ ကံကောင်းတယ်လို့ဆိုရပေမဲ့ အပြင်မှာအသေမသေဘဲကျန်ခဲ့တဲ့သူတွေအတွက်ကတော့ ငရဲကျနေသလိုဖြစ်နေတယ်..အေးလွန်းလှတဲ့ရာသီဉတုဒဏ် စားစရာ အိပ်စရာမရှိတဲ့ ဒုက္ခသည်တွေအတွက်တော့ ဒီတိုက်ကြီးဟာ မျက်စိကျစရာဖြစ်လာပါတယ်.. သို့ပေမဲ့ နေဖို့အကန့်အသတ်ရှိတဲ့အတွက်ကြောင့် တိုက်မှာနေတဲ့သူတွေက လက်မခံကြပါဘူး.. ဒါ့ကြောင့် ဒုက္ခဒဏ်တွေမခံစားနိုင်တဲ့သူတွေဟာ ဒီတိုက်မှာနေဖို့ ရသမျှနည်းနဲ့ကြိုးစားလာကြပါတော့တယ်… လူမျိုးစုံစရိုက်မျိုးစုံနဲ့ နောက်ဆုံးလူသတ်ဖို့ပါဝန်မလေးတော့တဲ့လူအုပ်ကြီးထဲမှာ ဘယ်သူတွေအသက်ရှင်ကျန်ကြမလဲဆိုတာကိုတော့…အညွှန်းကိုတော့Stary မှရေးသားပေးထားပါတယ်… File Size : 899MB | 2.4GB Quality : WEB-DL720p | 1080p Format…mp4 Duration…02:1၀:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Hana Stary, Treasure Miri & Hnin Wai Oo Encoded by Phyo Pyae

7.3 2023
Concrete Utopia
Role Play
5.5

The Big Bang Theoryထဲက ပန်နီရဲ့ အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အမ်မီဆိုတာ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာတော့ ဖုံးကွယ်ထားတဲ့ဘ၀တစ်ခုရှိနေခဲ့ပါတယ်။ အမ်မီတို့ ဇနီးမောင်နှံဟာ သူများတွေအတွက် စံပြစုံတွဲဖြစ်ကြပေမဲ့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်စကြင်စကလို စိတ်လှုပ်ရှားမှုနည်းလာတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချင်းချင်း သူစိမ်းတွေအဖြစ်ဟန်ဆောင်ကာ ဟိုတယ်ဘားမှာ မတော်တဆတွေ့တဲ့ပုံနဲ့ ရိုးပလေးလုပ် သိုင်းချဖို့တိုင်ပင်စီစဉ်လိုက်ကြပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲ ဟိုတယ်ဘားမှာ တခြားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားတဲ့ အမ်မီဆီကို သူစိမ်းယောက်ျားတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာတော့…။ ဒီရုပ်ရှင်လေးဟာ သိုင်းကားမဟုတ်ပေမဲ့ ပန်နီလေးရဲ့ ကြွကြွရွရွ ငွားငွားစွင့်စွင့်အလှတွေကို မကြာခဏမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းကလည်း အက်ရှင် သည်းထိတ်ရင်ဖိုကို ပုံစံကျကျနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(868 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre…Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

Comedy • Horror
5.5 2023 101 mins
Role Play
Kingdom of the Planet of the Apes
7.5

ဒီ ရုပ်ရှင်ကတော့ War for the Planet of the Apes (2017) ရဲ့ သီးသန့်အဆက်ဖြစ်ပြီးတော့ ဆီဇာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာ ကာလကို ရိုက်ကူးထားတာပါ။ Apes ရုပ်ရှင် အတွဲတွေမှာတော့ လေးကားမြောက်ပါ။ ဒါရိုက်တာကတော့ Maze Runner တွေရဲ့ ဖန်တီးရှင် Wes Ball ပါပဲ။ Apes ရုပ်ရှင် ၄ ကားလုံးကိုကို Channelmyanmar App နဲ့ Website မှာ ကြည့်ရှုနိုင်ပါတယ်။ 1. Rise of the Planet of the Apes 2011 2. Dawn of the Planet of the Apes 2014 3. War for the Planet of the Apes 2017 4. Kingdom of the Planet of the Apes 2024 တို့ပါ။ ဒါ့အပြင် ပထမဆုံးထွက်ခဲ့တဲ့ ဗားရှင်းတွေကိုလည်း Channelmyanmar App နဲ့ Website မှာ တင်ပေးထားပါသေးတယ်။ Planet of the Apes (1968) … Beneath the Planet of the Apes (1970) … Escape From the Planet of the Apes (1971) … Conquest of the Planet of the Apes (1972) … Battle for the Planet of the Apes (1973) … ဇာတ်လမ်းအကျဉ်း ဆီဇာမရှိတော့တဲ့နောက်ပိုင်းမှာ လူဝံတွေဟာ မျိုးနွယ်စုလိုက် နေထိုင်နေကြပါပြီ။ နိုရာကတော့ လင်းယုန်တွေကို မွေးပြီး အတူအစာရှာတဲ့ လင်းယုန်မျိုးနွယ်စုက လူဝံတစ်ယောက်ပါ။ သူတို့က ဆီဇာကိုတောင်မသိကြပါဘူး။ တစ်နေ့မှာ သူတို့မျိုးနွယ်ကို ပရောက်စိမပ် ဆိုတဲ့ လူဝံကြီးဦးဆောင်တဲ့ အဖွဲ့တွေက ဝင်သတ်ပြီး အချို့တွေကို ဖမ်းသွားပါတယ်။ ပရောက်စိမပ်တို့ကတော့ ဆီဇာရဲ့ နာမည်ကိုအသုံးချပြီး ဆီဇာရဲ့အဆုံးအမတွေကို လိုရာဆွဲသုံးပြီး သောင်းကျန်းနေတဲ့အုပ်စုပါ။ နိုရာကတော့လွတ်မြောက်သွားပြီး လမ်းမှာ ဆီဇာကို ကိုးကွယ်တဲ့ မျိုးနွယ်စုက နောက်ဆုံးလက်ကျန် လူဝံနဲ့အတူ လူသားတစ်ယောက်နဲ့ပူးပေါင်းပြီး ပရောက်စိမပ်လက်ကနေ မျိုးနွယ်စုတွေကို ပြန်ကယ်ဖို့ ကြိုးစားရပါတော့တယ်။ File size… (6.3 GB)/ (2.83GB) / (1.36GB) Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mkv/mp4 Duration….2h 25m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

7.5 2024 145 mins
Kingdom of the Planet of the Apes
Peak Season
6.7

ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ ခရီးသွားရာသီရဲ့ တစ်ခန်းရပ် အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အေမီနဲ့ မက်စ်ဟာ မကြာခင်မှာ လက်ထပ်ကြတော့မဲ့ စုံတွဲတွေပါ။ အေမီကတော့ မွန်းကျပ်စရာကောင်းတဲ့ သူ့အလုပ်ကနေထွက်ပြီး အနားယူဖို့ Wyoming က Jackson မြို့လေးဆီ မက်စ်နဲ့အတူ ခရီး ထွက်လာခဲ့ပါတယ်။ လက်ထပ်ပွဲအကြို ခရီးစဉ်လေးပေါ့လေ။ မက်စ်ကတော့ နဂိုအလုပ်များသူမို့ ခရီးသာထွက်လာတယ် သူ့အလုပ်နဲ့သူ ရှုပ်နေဆဲပါ။ ဒီလိုနဲ့ ရုတ်တရက် အလုပ်အရေးကြီး ကိစ္စကြောင့် မက်စ်တစ်ယောက် နယူးယောက်ကိုခဏပြန်ဖို့အကြောင်း ဖန်လာခဲ့ပါတယ်။ Jackson မြို့မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ အေမီတစ်ယောက် ခရီးသွားလမ်းညွှန်၊ ငါးဖမ်းနည်းပြဖြစ်တဲ့ လော်ရန် နဲ့အတူ ငါးဖမ်းထွက်ကြ၊ မြို့အနီးအနားက အထင်ကရနေရာတွေ သွားဖြစ်ခဲ့ကြပါတယ်။ တစ်ဘဝစာလုံးအတွက် အလုပ်တွေပဲလုပ် ပိုက်ဆံရှာရင်း အချိန်ကုန်နေခဲ့တဲ့ အေမီဟာ လွတ်လပ်ပေါ့ပါးပြီး သဘာဝနဲ့ တစ်သားတည်းကျနေတဲ့ လော်ရန်နဲ့ဆုံမိတဲ့အခါ သံယောဇဉ်လေးတွေနှောင်ဖွဲ့လာပါတော့တယ်။ သို့ပေမဲ့လည်း အေမီဟာ ဒီမြို့လေးကို ခဏသာ အလည်လာပြီး ဆိုင်သူရှိနေတဲ့ ဧည့်သည်လေးပါပဲ။ ဒီဇာတ်ကားဟာ ခဏတာကြုံကြိုက်ပြီး အချိန်တန်ရင် ခွဲခွာရမဲ့ အေမီနဲ့လော်ရန်တို့ရဲ့ နှောင်ကြိုးလေးတစ်ခုကိုတင်ဆက်ရိုက်ကူး ပေးထားတာဖြစ်ပါတယ်။ Wyoming ရဲ့ သဘာဝအလှအပတွေနဲ့ တစ်ခန်းရပ်အချစ်ဇာတ်လမ်းလေးကို အားလုံးပဲ ခံစားကြည့်ရှုလိုက်ကြပါဦး။ File size… 1.60GB / 742MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 22m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror
6.7 2023 82 mins
Peak Season
A Carpenter Christmas Romance
6.4

A Carpenter Christmas Romance (2024) IMDb Rating (6.4) ဒါကတော့ အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါး healingဖြစ်စေမယ့် ရိုမန့်ဒရာမာကားတွေရှာနေတဲ့ပရိသတ်အတွက်ပါပဲ။ အန်ဒရီယာက စာရေးဆရာမတစ်ယောက်ပါ။ ရေးလက်စစာအုပ်ရဲ့ဇာတ်သိမ်းက ပေါက်ကြားသွားပြီး ပရိသတ်အချစ်တော်ဇာတ်ကောင်ကိုသတ်ပစ်လို့ ဇာတ်သိမ်းကိုပြန်ပြင်ရေးဖို့ ဖိအားပေးခံနေရပါတယ်။ ညီမဖြစ်သူရဲ့အကြံပေးမှုနဲ့ ခရစ်စမတ်ကာလမှာ အနားယူဖို့ မွေးရပ်မြေက မိသားစုပိုင်အိမ်ကိုပြန်လာခဲ့ရာမှ အဲဒီမှာ ဒဏ်ရာဟောင်းလဲဖြစ် အချစ်ဦးလဲဖြစ်တဲ့ ဆက်သ်နဲ့ပြန်တွေ့ပါတယ်။ အန်ဒီရဲ့စိတ်မလုံခြုံမှုတွေကို ဆက်သ်တစ်ယောက် ဘယ်လိုကုစားပေးမလဲ။ ဒဏ်ရာတွေကိုယ်စီနဲ့ အချင်းချင်းဖေးမကြတာကို ဆွတ်ပျံကြည်နူးဖွယ်ကြည့်ရှုနိုင်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Soe thiri swe ဖြစ်ပါတယ်။) File size…(1.2 GB) / (560 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:27:40 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Soe thiri swe

6.4 2024 85 mins
A Carpenter Christmas Romance
Forget Me Not
6.7

Forget Me Not (2015) ============== IMDB – 6.7/10 ကျွန်တော့်နာမည်က Takashi အထက်တန်း တတိယနှစ်ကျောင်းသား၊ သူငယ်ချင်း ၃ ယောက်နဲ့ အေးဆေးပဲနေတယ်။ တစ်ရက်ကျ ညခွေသွားဝယ်တုန်း ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိတယ်၊ သူ့ပုံစံကထူးဆန်းတယ် စကားလည်းပြန်မပြောဘူး။ အဲဒါနဲ့ နောက်ရက် ကျောင်းမှာတွေ့တယ် လိုက်တောင်းပန်တယ်၊ အဲဒါကိုသူက အူကြောင်ကြောင်နဲ့ ကျွန်တော့်ကို သူခေါ်ချင်ရာခေါ်သွားတယ်။ နာမည်မေးတယ် မေးလို့လည်းမရဘူး အတန်းကတော့ D ခန်းကတဲ့၊ ကျွန်တော့်ဘော်ဒါတွေ အများကြီးရှိတဲ့ အတန်းကပဲ တစ်ခါမှလည်းမမြင်ဖူးဘူး။ နောက်ရက်လည်း ကျွန်တော့်ရှေ့ သူပေါ်ချင်သလိုပေါ်လာတယ် လျှောက်သွားတယ် စကားတွေပြောတယ် နာမည်မေးတယ် မရသေးဘူး ဖုန်းမေးတယ် အီးမေးလ်မေးတယ် ဘာမှမရှိ/မကိုင်ဘူးတဲ့။ တစ်ရက် D ခန်းက ဘော်ဒါတွေနဲ့ မုန့်စုစားတုန်း သူ ရုတ်တရက်ရောက်လာတယ်၊ ဒါနဲ့ မိတ်ဆက်ပေးတော့ကျ D ခန်းချင်းတူတူ သူ့ကို ဘယ်သူမှမသိကြဘူး အခန်းမှာ မရှိပါဘူးတဲ့။ ဒီမှာ သူရုတ်တရက် ပြေးထွက်သွားတော့ နောက်ကလိုက်မေးမိတယ်၊ အဲဒီမှာ မယုံနိုင်စရာ သူပြန်ပြောလိုက်တာကတော့…….။ ထပ်ပြောပြရင် ပေါ့မှာစိုးလို့ ဒီလောက်နဲ့ပဲ ရပ်ထားလိုက်ပါတယ်။ ထုံးစံအတိုင်း ဂျပန်ကျောင်းသား အချစ် ဇာတ်လမ်းလေးဆိုပေမယ့် ပုံမှန်ကနေကွဲထွက်ပြီး အရမ်းကိုထူးဆန်းနေခဲ့တယ်။ ဂျပန်တောင်ဘေးမြို့ရှုခင်းလေးတွေရယ်… မင်းသမီး Akari Hayami ရဲ့ ဂျပန်ကုလားစပ် မျက်နှာလေးရယ်… ဝတ်လိုက်တိုင်း ဂါဝန်အဝဲလေးတွေရယ်… မင်းသားကလည်း Alice in Borderland ထဲက ဉာဏ်ကြီးရှင်နေရာက Nijirō Murakami ဗျာ… ဒီတော့ ဒီကားက ပျော့ပျော့လေးနဲ့ ခင်ဗျားတို့ကို မျက်ရည်ချူမယ့်ကားလေးမို့ ခံစားလိုက်ကြပါဦးလို့ ပြောပါရစေ…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 1.3 GB / 650 MB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Drama, Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Comedy
6.7 2015 94 mins
Forget Me Not