YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Minato's Laundromat S2(2023)Ep4.WEB-DL.720(CM).mp4

187.04 MB N/A video/mp4 31 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Noble Intentions
6

ဘယ်ဆိုတဲ့ အသက် ၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ဟာ အဖေဆုံးသွားပြီးနောက် အမေနဲ့နေထိုင်ရင်းက ကင်ဆာရောဂါသည်အမေကို ဆေးကုသဖို့အတွက် ငွေပမာဏအမြောက်အမြားလိုလာပါတယ်။ သူ့နာမည်နိုဘယ်က မြင့်မြတ်တယ်လို့ အဓိပ္ပာယ်ရပေမဲ့ မိခင်ကိုချစ်တဲ့စိတ်ကြောင့် ငွေအများကြီးရှာနိုင်ဖို့ လမ်းစရှာရင်း နာမည်နဲ့မလိုက်တဲ့ အလုပ်တွေလုပ်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အစကတော့ ချီတုံချတုံဖြစ်နေခဲ့ပေမဲ့ ဘဝကြီးမှာ တခြားရွေးချယ်စရာကလည်း ဘာမှရှိမနေပြန်တော့ အရင်ကတစ်ခါမှမစဉ်းစားခဲ့ဖူးတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကိုလုပ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ တရားမဝင်တဲ့အလုပ်ကိုလုပ်ကိုင်ကြပြီး အကြောင်းပြချက်ကြီးကြီးမာမားမရှိပေမဲ့ လူတစ်ယောက်ကို အလွယ်တကူဒုက္ခပေးဖို့ ဝန်မလေးတတ်ကြတဲ့ လောကကြီးထဲမှာပါဝင်ပတ်သက်ရင်း နိုဘယ်တစ်ယောက် ဘယ်လိုအခက်အခဲတွေကြုံရမလဲ၊ အန္တရာယ်များပေမဲ့ငွေဝင်လွယ်တဲ့လောကကြီးထဲကနေရော သူရုန်းထွက်နိုင်ပါ့မလား၊ နဂိုရည်ရွယ်ချက်ဖြစ်တဲ့ ဆေးဖိုးရပြီး အမေနေကောင်းဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်ရော ပြည့်ဝသွားရဲ့လားဆိုတာတွေကို ခံစားကြည့်ရှုနိုင်မယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.8 GB)/(910 MB)/(435Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Monica May

Action • Adventure • Fantasy
6 2023 108 mins
Noble Intentions
The Day After Halloween
4

The Day after Halloween 2022 (ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ ဇာတ်၀င်ခန်းတွေပါ၀င်တာကြောင့် မိသားစုနဲ့ကြည့်ရှုဖို့မသင့်ပါ) ဟေးစ်နဲ့အက်ဒီဆင်တို့က ငယ်ငယ်ကတည်းကပေါင်းလာတဲ့သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ပါ။ သူတို့က drive-in cinema တို့လို မော်တော်ကား‌တွေပါ ပါကင်၀င်ထိုးပြီးရုပ်ရှင်ကြည့်လို့ရမဲ့ မြေကွက်လပ်ကိုငှားရမ်းပေးတဲ့ လုပ်ငန်းလုပ်ကိုင်ကြတာပါ။ ဒီလိုနဲ့ ဟောလိုး၀င်းညမှာတော့ သူတို့အိမ်မှာ ဟေးစ်ရဲ့ရည်းစားနဲ့ တခြားအပေါင်းအသင်းတွေကိုခေါ်ပြီး ပါတီပေးရင်း ကွဲကြပြဲကြတာပေါ့။ နောက်တစ်ရက်မနက်မှာတော့ အိမ်ကရေချိုးကန်ထဲမှာ အလောင်းကြီးတစ်လောင်းရောက်နေတာ တွေ့လိုက်ရတဲ့အခါမှာတော့ သူတို့ဘယ်လိုဖြေရှင်းကြမလဲဆိုတာ တခွီးခွီးရယ်ရင်း ကြည့်ရှုရမှာပါ။ File size…(1.3 GB)/(700 MB)/(410 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:24:00 Genre...Horror, Comedy, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Drama • Horror • Mystery
4 2022 84 mins
The Day After Halloween
The Swimmers
7.5

The Swimmers (2022) ================= IMDb Rating – 7.5/10 ဒီတစ်ခေါက်တော့ကိုယ်တွေ့ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ Netflix ကအသစ်ထွက်ရှိလိုက်တဲ့ The Swimmers ဇာတ်ကားက Rio De Jeneiro မှာ ကျင်းပတဲ့ 2016 Olympics Champion တစ်ဦး ဖြစ်ခဲ့တဲ့ ဆီးရီးယားလူမျိုး ရေကူးချန်ပီယံ Yusra Mardini ရဲ့ ဂရိ ပင်လယ်ထဲကနေ ကုန်းမြေအထိလက်ပစ်ကူးပြီး လူတွေကိုကယ်တင် ပေးခဲ့တဲ့ခက်ခဲကြမ်းတမ်းလှတဲ့ဘဝဇာတ်ကြောင်းကိုပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ ရူစရာတို့ညီအစ်မတွေတစ်ဘက်မှာပျော်ရွှင်နေကြပေမဲ့ နိုင်ငံတွင်းမှာဗုံးကြဲခံနေရတာကိုမြင်တွေ့ရမှာပါ။ သူတို့သူငယ်ချင်းတွေ ဗုံးဒဏ်ကြောင့်သေဆုံးခဲ့ရပြီး သူတို့ ရေကူးလေ့ကျင့်တဲ့ကန်အထိပါ ဗုံးကြဲ ခံရပီးနောက် သူ့ကို အိုလံပစ်ချန်ပီယံအမြဲဖြစ်စေချင်ခဲ့တဲ့ နည်းပြဖြစ်သူ အဖေကိုယ်တိုင်က သမီး၂ယောက်ကို ဂျာမနီကိုပို့ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ စိတ်ကူးအတိုင်းမဟုတ်ပဲခက်ခဲလှတဲ့လက်တွေ့ဘဝရဲ့ဒုက္ခအခက်အခဲပေါင်းစုံကို လမ်းခရီးမှာ စတင်တွေ့ကြုံရပါတော့တယ်။ ပိုက်ဆံအမြောက်အမြားတောင်းပြီး တာဝန်ယူမှုမရှိတဲ့ လူကုန်ကူးသူတွေက လှေအစုတ်တစ်စီးနဲ့လူအများကြီးကို ပင်လယ်ထဲဖြတ်သန်းခိုင်းရာကနေ စလိုက်တဲ့ ဒုက္ခဆင်းရဲပေါင်းများစွာကို ကြံ့ကြံ့ခံဖြတ်ကျော်ရင်း ဖခင်အရမ်းဖြစ်စေချင်တဲ့ အိုလံပစ်ချန်ပီယံဆုကို ဘယ်လို ဆွတ်ခူးနိုင်သွားလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမဲ့အပြင် နိုင်ငံရေးမငြိမ် သက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ပြည်သူတွေရဲ့ဘဝကိုကိုယ်ချင်းစာကရုဏာ သက်စေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Lai မှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများ ကတော့ Nyein Lai, Khant Sett Naing တို့ဖြစ်ပါတယ်) File Size……….(2.62 GB) / (1.2 GB) / (681 MB) Quality…………WEBrip 1080p / 720p / 480p Duration………2Hr 14mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Biography, Drama, Sport Translator…….Nyein Lai, Khant Sett Naing Encoder……….Zin Phyo Aung

Action • Crime • Thriller
7.5 2022
The Swimmers
The Drop
5

သမီးရည်းစားလင်မယားတွေအနေနဲ့ လက်ထပ်ကြမယ် ဒါမှမဟုတ် လက်ထပ်ပြီးခဲ့ပြီရှိသော် နောက်ထပ်တက်လှမ်းရမယ့် အဆင့်တွေထဲက တစ်ခုကတော့ သားသမီးထွန်းကားရေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ ခေါင်းစဉ် Drop ဆိုတဲ့အတိုင်း မန်နီနဲ့ လက်စီတို့ လင်မယားဟာ ကျွန်းပေါ်မှာ ကျင်းပမယ့် သုငယ်ချင်း မင်္ဂလာဆောင်ကို လာကြရင်း မယားဖြစ်သူ လက်စီက သူများကလေးကို ပွေ့ချီထားရင်း လွတ်ကျမိတာကနေ ဇာတ်လမ်းကို အခြေတည်ထားပါတယ်။ ဇနီးဖြစ်သူရဲ့ ကလေးတစ်ယောက်ကို လက်လွတ်စပယ်လွတ်ကျမှုဟာ မိခင်ကောင်းတစ်ယောက်ဖြစ်နိုင်ပါရဲ့လားဆိုတာကနေ ဇာတ်လမ်းကို ဆွဲခေါ်သွားမှာပဲ ဖြစ်ပါတယ်။ ဒီကားကို လင်မယားတွေ သမီးရည်းစားတွေအနေနဲ့ သင်ခန်းစာလည်းရ အပန်းလည်းပြေအောင် ကြည်သင့်တယ်လို့ အကြံပြုပါရစေ File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:30:00 Type__Comedy Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

5 2022
The Drop
The Men Who Stare at Goats
6.2

ယခုရုပ်ရှင်ကနာမည်တူစာအုပ်ကိုအခြေခံထား ပြီး Ewan McGregor နဲ့ George Clooney တို့ဦး ဆောင်ပါ၀င်ထားပါတယ်။ ဇာတ်လမ်းအစမှာ သတင်းစာသမားဖြစ်တဲ့ ဝဲလ်တန် ဟာ အယ်ဒီတာရဲ့စေခိုင်းမှုအရ နယ်ခံ စစ်မှုထမ်း‌ ဟောင်းတစ်ယောက်ကိုအင်တာဗျူးဖို့ဖြစ်လာပါတယ်။ အဆိုပါအင်တာဗျူးကြောင့်ဝဲလ်တန်တစ်ယောက် အမေရိကန်အစိုးရရဲ့အထူးစစ်သားတွေဖန်တီးနေတဲ့ လျှိုဝုက်ပရိုဂရမ်အကြောင်းကိုသိခွင့်ရခဲ့ပါတယ်။ အထူးစစ်သားတွေဟာ နံရံတွေကိုဖြတ်ကျော်သွားနိုင်သလို အကြည့်တစ်ချက်နဲ့ သက်ရှိတွေရဲ့နှလုံးခုန်ကို ရပ်တန့်အောင်ပြုလုပ်နိုင်တဲ့စိတ်စွမ်းအင်ရှိတဲ့သူတွေဖြစ်တယ်ဆိုပါတယ်။ ဝဲလ်တန်အနေနဲ့ကနဦးမှာအယုံအကြည့်မရှိခဲ့ပေမယ့် စစ်ပွဲသတင်းတွေရေးဖို့ကူဝိတ်ကိုရောက်ရှိသွားရာမှာ အထူစစ်သားအဖွဲ့ကအတော်ဆုံးအဖွဲ့၀င် လန့်ကတ်စတီ အမှတ်မထင်ဆုံမိကြပြီး ခရီးလမ်းတစ်လျောက်မှာ အထူးအဆန်းတွေကိုဆက်တိုက်ကိုကြံရပါတော့တယ်။ File size…(1.3 GB)/(646 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:34:00 Genre…Comedy, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Yani

6.2 2009 94 mins
The Men Who Stare at Goats
Asih 2
6.2

Asih 2 (2020) 2018 တုန်းက ထွက်ခဲ့တဲ့ Asih ရဲ့ အဆက်ဖြစ်ပြီးတော့ ပထမဇာတ်ကားမှာတုန်းက ကလေးကို ခိုးယူသွားတဲ့ သရဲမ Asih က ကလေးပျောက်သွားပြီး ခြောက်နှစ်အကြာမှာ ပြန်ပေါ်လာပါတယ်။ Asih ခိုးယူသွားတဲ့ ကလေးမလေးက အက်ဆီးဒင့်ဖြစ်ပြီး ဆေးရုံကို ရောက်လာတဲ့အခါမှာတော့ မိသားစုမရှိ၊ ဆွေမျိုးမရှိဖြစ်နေတာကို ဆေးရုံကဆရာဝန် Dr.Sylvia က သနားသွားပြီး မွေးစားဖို့ လုပ်ပါတယ်။ Dr.Sylvia တို့လင်မယားက ကလေးတစ်ယောက် ဆုံးရှုံးထားဖူးတဲ့ စိတ်ဒဏ်ရာကြောင့် အဲဒီကလေးမလေးကို တွေ့တဲ့အချိန်မှာ ဘုရားသခင်က အခွင့်အရေးထပ်ပေးတယ်လို့သတ်မှတ်ပြီး ကလေးကို အိမ်ခေါ်သွားပါတော့တယ်။ သူတို့မသိတာက ကလေးနဲ့အတူတူ Asih ရဲ့ဝိညာဉ်ပါ ပါလာတယ်ဆိုတာပါပဲ။ ဒီဇာတ်လမ်းမှာလည်း ကိုယ့်ကလေးကိုယ်သတ်ပစ်ပြီး သူ့ကိုယ်သူသတ်သေသွားတဲ့ သရဲမ Asih က ဘယ်လိုတွေခြောက်လှန့်ဦးမလဲ ဆိုတာကို ဆက်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ အညွန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Horror Quality…. 1080p | 720p File size… 1GB | 560MB Format… mp4 Duration…. 1h 44min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

6.2 2020 104 mins
Asih 2
[18+] Pantasya ni Tami

Pantasya ni Tami (2024) တာမီဆိုတဲ့ကောင်မလေးဟာ Anime ပရိသတ်တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင် Fanfic တွေရေး၊ ကာရိုက်တာတွေနေရာမှာ စိတ်ကူးယဉ်ဝင်ခံစားပြီး ဖီးတက်လေ့ရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူငယ်ချင်းဖြစ်သူနဲ့စကားဆက်မိရာက Anime Con တစ်ခုကို Cosplay သမားအဖြစ် ပွဲသွားတက်ရာကနေ ဝါသနာတူ အသွင်တူမိတ်ဆွေတွေအများကြီးရခဲ့တဲ့နောက်မှာတော့ Cosplay လောကထဲဝင်ဖို့စိတ်အားထက်သန်လာခဲ့ပါတယ်။ အဲဒီပွဲမှာတွေ့ခဲ့တဲ့ ဓာတ်ပုံဆရာတစ်ယောက်က သူ့ကို Gravure Model လို့ခေါ်တဲ့ ယောက်ျားသားတွေစိတ်ဝင်စားရာ မပေါ့်တပေါ်ဝတ်စုံလေးတွေနဲ့ ဓာတ်ပုံမော်ဒယ်လုပ်ရင် ဝင်ငွေလမ်းဖြောင့်နိုင်တယ်ဆိုတာ အလင်းဖွင့်ပြခဲ့တဲ့နောက် ဒီလောကထဲ ထဲထဲဝင်ဝင်ရောက်သွားချိန်မှာတော့… တာမီအဖြစ် ပရိသတ်အသည်းကျော် Azi Acosta လေးက Costume တွေတစ်စုံပြီးတစ်စုံ ချွတ်လိုက်ဝတ်လိုက်နဲ့ အထူးသရုပ်ဆောင်ပြထားတာဖြစ်တဲ့အတွက် တာမီလေးနဲ့အတူစိတ်ကူးယဉ်ကြည့်လိုက်ကြရအောင်ပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.9GB, 1.55GB, 795MB Quality – 4K HEVC, 1080p, 720p Format – mp4 Duration – 1H 54Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

0 2024
[18+] Pantasya ni Tami
Freaky Friday

ဒီတစ်ခါမှာတော့ ၂၀၀၃ ခုနှစ်ကထွက်ခဲ့တဲ့ မိသားစု ဟာသ ဇာတ်မြူးလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အိမ်တစ်အိမ်မှာ အလုပ်အရမ်းလုပ်တဲ့ အမေ တစ်ယောက်ရှိပါတယ်။ သူ့သမီး အန်နာက တော့ Rock ဆိုမှ Rock ဖြစ်နေပြီး သူဝါသနာပါတာကိုပဲ လုပ်နေသလို ကျောင်းမှာလဲ သိပ်တော့ အဆင်ပြေမနေပါဘူး။ ယောက်ျားဆုံးသွားလို့ တစ်ခုလပ် အမေ ဖြစ်တဲ့ တက်စ် ကိုးလ်မန်းကလည်း သူ့ယောကျ်ားအသစ်လေးနဲ့ လက်ထပ်ဖို့အတွက်ပြင်ဆင်ရင်း စိတ်လှုပ်ရှားနေပါတယ်။ တစ်ရက် သူတို့ နှစ်ယောက် အိပ်ရာက နိုးလာတဲ့ မနက်ခင်းလေးမှာတော့ ထူးဆန်းစွာပဲ အမေနဲ့သမီး ဟာ စိတ်ချင်းလဲသွားပါတော့တယ်။ မင်္ဂလာဆောင်ဖို့ တစ်ရက်အလိုမှာပဲ စိတ်ချင်းလဲသွားကြတဲ့အတွက် နှစ်ယောက်သား အကြပ်ရိုက်ပြီး ဖြေရှင်းကြပုံကို ဟာသနှောပြီး တင်ဆက်ထားတာကို ကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးက အမေနဲ့ သမီးကြားက အသက်အရွယ်ကွာခြားမှုကြားမှာ ရှိတဲ့ စိန်ခေါ်မှုတွေ၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို ရယူသွားပုံတွေနဲ့ မိဘနဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာကို တင်ပြထားတဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ အမေနေရာမှာ သရုပ်ဆောင်တဲ့ Jamie Lee Curtis ကလည်း ဆယ်ကျော်သက်ပုံစံကို အမိအရ သရုပ်ဆောင်နိုင်တာကို တွေ့ရမှာဖြစ်ပြီး သမီးနေရာမှာ သရုပ်ဆောင်တဲ့ Lindsay Lohan ကလည်း စိန်ခေါ်မှုတွေနဲ့ပြည့်နေတဲ့ ဆယ်ကျော်သက်ဘဝကို ရင့်ကျက်တဲ့ အမူအရာနဲ့ အမေတစ်ယောက်လိုပုံဖော်ရင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်အိမ်လေးကလည်း စိတ်ဝင်စားဖို့ကောင်းတဲ့အပြင် အချိန်ကုန်သွားမှန်းတောင် သိလိုက်မှာမဟုတ်လို့ Heart Warming ဖြစ်တဲ့ ဒီဇာတ်ကားလေးကို ကိုယ့်မိဘ မဟုတ်လည်း ချစ်ခင်ရသူတွေနဲ့အတူတူ အချိန်ပေးကြည့်ဖြစ်ရင် ပိုကောင်းမယ်လို့ အကြံပေးရင်းနဲ့ပဲ ကဲ ရှုစားလိုက်ကြပါဦးဗျာ။ File size…(2.0 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min

0 2003
Freaky Friday
Mentalese Express
5.7

ထိုင်ဝမ်ကားလေးတွေကြိုက်နှစ်သက်တဲ့သူတွေအတွက် အခု တင်ဆက်ပေးမှာကတော့ Mentalse Express လို့ခေါ်တဲ့ Comedy , Romance ဇာတ်လမ်းတိုလေးပဲဖြစ်ပါတယ် 2024 ခုနှစ်မှာထွက်ရှိထားပြီး မင်းသားအနေနဲ့. Mizukami Koshi မင်းသမီးအနေနဲ့ Joanne Missingham တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးက ဇာတ်လမ်းတိုလေးဖြစ်လို့ အညွှန်းရေးရင် အကုန်ပါသွားမှာစိုးပါတယ် ။ ဇာတ်လမ်းလေးကို လိုတိုရှင်းပြောရရင် ဓာတ်လှေကားထဲမှာ အမြဲလိုလို ဆုံဖြစ်နေတဲ့ ထိုင်ဝမ်ကိုပြောင်းလာတဲ့ ဂျပန်နိုင်ငံသားကောင်လေးနဲ့ တရုတ်မလေးတို့ရဲ့ ဇာတ်လမ်းလေးပါပဲ ။ နှစ်ယောက်သား အမြဲလိုလိုတွေ့နေတော့ တစ်ယောက်က ကံကြမ္မာလို့ထင်နေပေမဲ့ နောက်တစ်ယောက်က stalker နောက်ကလိုက်နေတဲ့ ဆိုက်ကိုလို့ထင်သွားတဲ့အချိန်မှာ ဖြစ်လာတဲ့အလွဲလေးတွေကို ကြည့်ရှူရမှာပါ ။.

Horror • Thriller
5.7 2024
Mentalese Express
Atrocious
5.6

မင်ကော်ခေတ်အတွင်းမှာ ဓားပြတစ်ဖွဲ့ကြောင့် ရှန်မိသားစုရွာ တစ်ခုလုံး ခေါင်းဖြတ်သတ်ခြင်း ခံခဲ့ရပါတယ်။ နောက်မှာတော့ ရှန်မိသားစုရဲ့ ရွှေ ၈ အိုး၊ ငွေ ၈ အိုးနဲ့ ကျောက်စိမ်းရတနာ ၈ အိုးကို အဲဒီရွာမှာ ရှိကြောင်းကောလာဟလ ပြန့်နေတဲ့အတွက် လူမိုက်တွေက ရွာပျက်မှာ လာရောက် စုဝေးနေကြပါတယ်။ ဒါပေမဲ့ ရွာပျက်ထဲကို ဝင်လိုက်တာနဲ့ ခေါင်းပြတ်သရဲ တွေရဲ့ ခြောက်လှန့်ခြင်း၊ ပုံရိပ်ယောင်တွေ မြင်ရခြင်း စတဲ့ ထိတ်လန့်စရာ အဖြစ်တွေနဲ့ ကြုံတွေ့ခဲ့ကြပါတယ်။ လူမိုက်အဖွဲ့က ရတနာကို ရှာတွေ့နိုင်မလား…… ရှန်မိသားစုရွာ တစ်ရွာလုံးကို ရက်စက်စွာ သတ်ဖြတ်သွားတဲ့ သမိုင်းကြောင်းက ဘယ်လိုဖြစ်မလဲ…… ခေါင်းပြတ်သရဲတွေကရော တကယ်ရှိနေသလား…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Horror • Thriller
5.6 2025
Atrocious