YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Minato's Laundromat S2(2023)EP1.WEB-DL.720P(CM).mp4

184.48 MB 720p video/mp4 61 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Estate
5.7

ဇာတ်လမ်းနာမည်ကိုကြည့်လိုက်ရင်တော့ ဟာသကားလို့ မထင်ရပေမဲ့ တကယ့်တကယ် အတော်လေးခွီရတဲ့ ဇာတ် ကားလေးတစ်ပုဒ်ပါပဲ။ ဇာတ်လမ်းအစမှာ Macey နဲ့ Savanna တို့ညီအစ်မနှစ်ယောက်က သူတို့အဖေအရမ်းသဘောကျခဲ့တဲ့ သူတို့ကော်ဖီဆိုင်လေးကို အကြွေးတွေပိပီးပိတ်ပစ်ခါနီးမို့ အကြပ်ရိုက်နေချိန်၊ သူတို့အဒေါ် ဖြစ်တဲ့ အပျိုကြီးဘောစိက ကင်ဆာရောဂါနဲ့ နောက်ဆုံးအချိန် ရောက်နေပီဆိုတာသိရှိရတော့ အမွေရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ သွားခဲ့ပါတယ်။ ဟိုရောက်တော့ သူတို့ညီအစ်မ၂ယောက်ထဲပဲရှိမယ်လို့ထင်ထားခဲ့ ပေမဲ့ တကယ့်တကယ် တခြားအမွေလိုချင်တဲ့ သူတို့ဝမ်းကွဲမောင်နှမ တွေ ဖြစ်တဲ့ Beatrice နဲ့ Richard တို့ပါရောက်နေခဲ့ပါတယ်။ ဒီတော့ သူတို့အားလုံးက အဒေါ့်ဆီကအမွေရဖို့အတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဘယ်လိုကြိုးစားရယူမလဲဆိုတာကို ဟာသလေးတွေ အလွဲလေးတွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာမင်းသားကြီး Ron Livingston လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Translator တွေကိုယ်တိုင်အော်ပီးခွီရတဲ့ကားမို့ စိတ်အမောတွေပြေဖို့ဆိုရင် မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါကြောင်း…….. (ဒီဇာတ်လမ်းရဲ့အညွှန်းကို Nyein Laiမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.78 GB) / (655 MB) / (360 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 36mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......CM Team Encoder...........SWM

Comedy • Drama
5.7 2022 91 mins
The Estate
Dragonflies
7.2

ဇာတ်ကားနာမည်က စပိန်လို Libelulas ဖြစ်ပီး မြန်မာလို ဆိုရင်တော့ ပုဇဉ်းလေး ဆိုတဲ့အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းခေါင်းစဉ်အတိုင်း သူတို့ရဲ့ဇာတိမြေကနေ အဝေးကို ပျံသန်းသွားချင်တဲ့ဆန္ဒက အဲလက်စ်နဲ့ ကာတာတို့ရင်ထဲမှာအပြည့်ပါ။ သူတို့သူငယ်ချင်း၂ယောက်က ဘာအလုပ်မှရေရေရာရာမလုပ်ပဲ ညတိုင်း ပါတီလုပ် ကလပ်သွားပျော်ပီး ကိုယ်စီစိတ်ဒဏ်ရာတွေကို ကုစားနေတဲ့ လူငယ်သူငယ်ချင်း၂ယောက်ပါပဲ။ အဲလက်စ်က ၇နှစ် အရွယ်မှာပဲ သူ့အမေအဆုံးစီရင်သွားတာကိုမြင်တွေ့ခဲ့ရသူဖြစ်ပီး ကာတာကတော့ အရင်တုန်းကမိသားစုအပေါ်တာဝန်မကျေပွန်ခဲ့တဲ့ လေဖြတ်နေတဲ့ဖခင်ကြီးကိုပြုစုရင်းခက်ခက်ခဲခဲ ဘဝကိုဖြတ်သန်း ရပါတယ်။ တစ်နေ့တော့ အဲလက်စ်ဟာ သူ့ရဲ့အမေရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားရတဲ့ ဒီမြို့မှာဆက်မနေချင်တော့တဲ့ဆန္ဒကြောင့် ဘိန်းရောင်းရတဲ့ ငွေတွေယူပြီး သူ့ချစ်သူဂျေအတူ ထွက်သွားဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ အရာအားလုံးက သူတချိန်လုံးတောင့်တနေခဲ့တဲ့အတိုင်းလွယ် ကူမလား၊ တခြားဘယ်လိုမမျှော်လင့်တဲ့အခက်အခဲတွေရောက်ရှိလာဦး မလဲဆိုတာ သည်းထိပ်ရင်ဖိုစောင့်ကြည့်ရမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Nyein Lai ဖြစ်ပါတယ်) File Size..........(1.4 GB) / (512 MB) / (324 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Nyein Lai Encoder...........SWM

Comedy • Drama • Romance
7.2 2022 103 mins
Dragonflies
Predator 2
6.2

ဒီဇာတ်ကားကတော့ ၁၉၈၇ မှာထွက်ရှိခဲ့တဲ့မင်းသားကြီးအာနိုးရဲ့ Predator ဇာတ်ကားရဲ့ Sequel ပါပဲ။ တခြားကမ္ဘာကဂြိုဟ်သားတွေကို ရဲတပ်ဖွဲ့ဝင်တွေကရင်ဆိုင်တိုက်ခိုက်ရတဲ့ဇာတ်လမ်းနဲ့ဗီလိန်ဖြစ်တဲ့ Predator ကိုသာကျောရိုးယူထားပြီး အဓိကဇာတ်ဆောင်တွေနဲ့ Storyline ပဲကွာသွားတာပါ။ ဒီတစ်ခါမှာတော့ရဲအုပ်ကြီးဟယ်ရီဂန်နဲ့သူ့ရဲ့အဖွဲ့က ဒီအမျိုးအမည်မသိရပဲ လူအစုလိုက်သတ်ဖြတ်မှုတွေဆက်တိုက်ကျူးလွန်နေတဲ့ Predator ကိုကြိုးစားဖမ်းဆီးကြပုံတွေကို ထုံးစံအတိုင်းအက်ရှင်ခန်းတွေမြိုင်မြိုင်ဆိုင်ဆိုင်နဲ့ကြည့်ရှုရမှာပါ။ အက်ရှင်အသားပေးသိပ္ပံစိတ်ကူးယဥ်ဇာတ်လမ်းဖြစ်တာကြောင့်ရှည်ရှည်ဝေးဝေးညွှန်းစရာရယ်တော့သိပ်မရှိလှပါဘူး။ ထူးခြားချက်ကတော့ သူ့ခေတ်သူ့အခါနဲ့အထူးပြုလုပ်ချက်တွေကတကယ်ကိုချီးကျူးစရာပါ။ အခုအချိန်မှာတော့ ဒီ Predator franchise ထဲကဇာတ်ကားခုနစ်ကားထိထွက်ရှိထားပြီဖြစ်ပြီး နောက်ဆုံးဇာတ်ကားဖြစ်တဲ့ Prey ဟာဆိုရင်ဒီနှစ်ထဲမှာပဲလောလောလတ်လတ်ထွက်ရှိထားတာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။) Predator ဇာတ်ကားအကုန်လုံးကို ဒီမှာ https://channelmyanmar.org/category/special-package/predator/  ကြည့်ပါ။ File size…(2.8 GB)/(1.2 GB) Quality…BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Khant Bo

Comedy • Drama • Romance
6.2 1990 108 mins
Predator 2
Touching Gold Captain
10

အုတ်ဂူဖောက်တဲ့ရတနာသိုက်ရှာပုံတော်တွေကိုကြိုက်နှစ်သက်တဲ့ ပရိသတ်တို့အတွက် ဒီတခါမှာလည်း လျို့ဝှက်ဆန်းကြယ်မှုတွေ၊ ကျိန်စာတွေ၊ မိစ္ဆာတွေ နဲ့အတူ အုတ်ဂူဖောက်ကြမယ့် စွန့်စားခန်းဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ ချောင်ရွှင့်ဆိုတဲ့လူငယ်လေးဟာ မောကျင်းရဲ့ ၄၆ မြောက်မျိုးဆက်ဖြစ်ပါတယ်။ မောကျင်းဆိုတာကတော့ အုတ်ဂူဖောက်တဲ့နေရာမှာဆရာတစ်ဆူလို့ သတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။ ချောင်ရွှင့်ဟာမောကျင်းမျိုးဆက်ဖြစ်သော်ငြားလည်း၊ ငယ်ကတည်းကအဖေကစွန့်ပစ်သွားပြီးအမေကလည်းဆုံးပါးသွားတာမို့ အုတ်ဂူဖောက်ပညာမပြောနဲ့ ဘာပညာကိုမှတောင်မသင်လိုက်ရပါဘူး။ သူတတ်တာကတော့ လိမ်လည်လှည့်ဖြားတာပါပဲ။ ဒါပေမဲ့လည်း တစ်နေ့မှာ ဆိုက်ဆိုက်မြိုက်ဆိုက် အန္တရာယ်ကရောက်ရှိလာပါတယ်။ အေးအေးချမ်းချမ်းနေနေတဲ့သူတို့ရွာလေးကို တိုင်းတစ်ပါးသားတွေရောက်ရှိလာပြီး၊ ထိုသူတွေရဲ့ရည်ရွယ်ချက်ကတော့ အုတ်ဂူဖောက်ပြီးရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကိုလာရှာတာပါပဲ။ တစ်ရွာလုံးရဲ့အသက်နဲ့ခြိမ်းခြောက်တဲ့အခါမှာတော့ ချောင်ရွှင့်ဟာ အုတ်ဂူဖောက်သူအဖြစ်နဲ့ ရှေးခေတ်ဘုရင်များရဲ့ ဂူသင်္ချိုင်းထဲကို လိုက်ပါသွားရတဲ့အခါမှာတော့.... စောင့်ကြိုနေတဲ့ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးမိစ္ဆာတွေကိုကျော်ဖြတ်နိုင်ပါ့မလား ဂူထဲကရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres: Action , Adventure , Mystery Runtime : 1h 24 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Nu Mon , Hnin Wutt Hmone Encoded by LK

Horror • Mystery • Thriller
10 2022 84 mins
Touching Gold Captain
Palm Springs
7.3

IMDb Rating - 7.4/10 အကယ်၍ ကျွန်တော်တို့သာ ဒီနေ့ကိုပဲနေ့တိုင်းဖြတ်သန်းရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ဖြတ်သန်းနေကြမလဲ။ မနက်အိပ်ယာကနိုးလာတိုင်း ဒီနေ့ပဲဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ဒီဇာတ်ကားလေးထဲမှာတော့ နိုင်းလ်စ်ဟာ အချိန်ပတ်လမ်းကြောင်းတစ်ခုမှာပိတ်မိနေပြီး တစ်နေ့တည်းကိုပဲ နေ့စဉ်ဖြတ်သန်းနေရပါတယ်။ တစ်နေ့တော့ ဆာရာဆိုတဲ့ ကောင်မလေးကိုမထင်မှတ်ပဲ ဆွဲထည့်မိလိုက်တဲ့အခါ ကျတော့ သူရဲ့ တစ်နေ့တာ ဖြတ်သန်းမှုမှာ ဆာရာပါ ပါဝင်လာပြီး နှစ်ယောက်အတူတူအလွဲပေါင်းစုံနဲ့တစ်နေ့တာကိုပဲ နေ့တိုင်းဖြတ်သန်းနေရတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဇာတ်ကားလေးက အချစ်ဟာသဇာတ်ကားလေးဖြစ်လို့ ပေါ့ပေါ့ပါးပါးဖြစ်ပြီ….. ဖောင်းဒိုင်းရှူးရှဲချင်ယောင်ဆောင်ထားတဲ့ အခန်းလေးတွေတော့ပါတာမလို့ သတိပြုကြည့်ရှူ ကြပါလို့တော့ ပြောချင်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ အချစ်တော် စူပါမန်း မင်းသား ကလပ် (Tyler Hoechlin) လည်း ဇာတ်ဝင်ခန်းတစ်ချို့မှာ ပါဝင်ထားတယ်ဆိုတာလည်း ထပ်လောင်းပြောပါရစေ။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 30min Subtitle – Myanmar Hardsub Format – Mp4 Genre : Comedy, Fantasy, Mystery Source : 1080p.WebRip Translator – Chit Tee Encoder – SWM

Action • Thriller
7.3 2020 90 mins
Palm Springs
Alive
6.1

မြို့တစ်မြို့မှာ အကြောင်းအရင်းမသိရတဲ့ ဗိုင်းရပ်စ်တစ်ခု ပျံ့နှံ့လာပြီး ထိန်းချုပ်မရဖြစ်လာတဲ့အချိန် တိုက်ခန်းတွဲကြီးတစ်ခုမှာ အသက်ရှင်ကျန်ရစ်သူနှစ်ယောက်ပဲ ရှိလာတဲ့အခါ... သူတို့နှစ်ယောက် ဇွန်ဘီလူသားတွေကို ဘယ်လိုကျော်ဖြတ်ကြမလဲ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တဲ့အချိန်တွေမှာ ဘယ်လိုကူညီပေးကြမလဲ ဖုန်းလိုင်းမမိသေးတဲ့အချိန် ဘယ်လိုဆက်သွယ်ကြမလဲ ဘယ်လိုလွတ်မြောက်အောင်ကြံစည်ကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်ရမှာပါ trailer ထွက်ကတည်းက ဒိတ်ဒိတ်ကြဲတွေဖြစ်တဲ့ မင်းသားနဲ့မင်းသမီးကြောင့် ဇာတ်ကားကိုရင်းနှီးပြီးသားဖြစ်နေကြမှာပါ ထိတ်လန့်သည်းဖိုတွေကို သဘောကျတတ်ရင် သေချာပေါက်စိတ်မပျက်စေမယ့်ကားမလို့ ဒီကားလေးကို ညွှန်းပေးလိုက်ပါတယ်နော် File Size : ( 923 MB , 459 MB) Quality : WEB DL 720p Running Time : 1 hr 38 min Format : Mp4 Genre : Action , Drama , Horror  Subtitle : Myanmar Subtitle (Hard Sub) Translated by P Encoded by Moe Myint Lwin

Horror • Thriller
6.1 2020 91 mins
Alive
Metamorphosis
5

ဒီဇာတ်ကားက ၂၀၂၂ ခုနှစ်​ကထွက်ရှိခဲ့တဲ့​ Horror/Drama အမျိုး​အစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အိမ်​ထောင်​ရေးပြိုကွဲလုနီးနီးဖြစ်နေတဲ့​ ဇနီး​မောင်နှံ​နှစ်ယောက်​ဟာ​ အိမ်​ထောင်​ရေးကိုရှေ့ဆက်နိုင်ဖို့ နှစ်ဦးအကြားနားလည်မှုယူဖို့အတွက် လူသူ​မနီးတဲ့ကျွန်းတစ်ကျွန်းပေါ်မှာ​ အတူအပန်းဖြေဖို့ရောက်လာခဲ့ကြပါတယ်။ လူသူ​မရှိသလောက်နည်းတဲ့ ကျွန်းပေါ်မှာနေကြရင်းနဲ့ ခင်ပွန်း​ဖြစ်သူ​ရဲ့​စိတ်ကျန်းမာရေးက တစ်နေ့တခြား ဆိုးဝါးဖောက်ပြန်လာ​ပြီး​ လူသားကိုပါစားတဲ့အထိဖြစ်လာတဲ့အခြေအနေကို ဇနီး​ဖြစ်သူ​ အလစ်ဆာ​တစ်ယောက်​ရင်​ဆိုင်ရပါတော့တယ်။ ဒီကြားထဲ ကျွန်း​ပေါ်​မှာ​ မသင်္ကာစရာမုဆိုးနှစ်ယောက်လည်းရှိနေတဲ့အတွက် ဒီအခြေအနေတွေကနေ အလစ်ဆာတစ်ယောက်​ လွတ်မြောက်​နိုင်​ပါ့​မလား​ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.13 GB)/(504 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Drama, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Adventure • Drama • Fantasy • Romance
5 2022 82 mins
Metamorphosis
[18+] Haseena
4.3

Haseena (2018) မိန်းမလှလေးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဟဆီနားတဲ့။ သူဟာ လူကုံထံတွေ လုပ်ငန်းရှင်တွေကိုပစ်မှတ်ထားပြီး သူမရဲ့အလှနဲ့ဖမ်းစားတယ်။ ပြီးရင် သူတို့ပိုင်ဆိုင်သမျှကို လုယက်တတ်တဲ့ ကြောင်ဆိုးမလေးပေါ့။ ပြီးတော့ ရာဟူလ် ရိုဟစ် နဲ့ ရာဂျန်းဆိုတဲ့ သုံးယောက်ပေါင်းလောင်းကျော် သူငယ်ချင်းသုံးယောက်ရှိတယ်။ သူဋ္ဌေးသားလေးတွေပေါ့။ ဂိုအာခရီးစဉ်ကို ကဲဖို့သွားနေတုန်း ဟဆီနားဟာ သူတို့ကို မျက်စိကျသွားပါတော့တယ်။ ဒီလိုနဲ့ ဒီသူဋ္ဌေးသားလေးတွေရဲ့ဘဝဟာ ဘယ်လိုတွေ ရိုလာကိုစတာစီးရတော့မလဲဆိုတာကိုတော့ ၁၈အပေါင်းအခန်းလေးတွေနဲ့ ရှုစားတော်မူကြပါဦးနော်။ ဒီတော့ လူငယ်တွေလည်း လှတာချည်း မက်မနေကြပါနဲ့..မုန့်ကိုမြင်တာတော့ မြင်ပါ တုတ်ကိုလည်း တွေ့အောင်ရှာပါလို့ ညွှန်းဆိုပေးလိုက်ပါတယ်နော်။

Romance • Drama
4.3 2018
[18+] Haseena
Bedurulanka (2023)
6.3

Bedurulanka 2012 (2023) IMDB 6.2/10 ရထားတဲ့ အိန္ဒိယ Telugu ဘာသာစကားပြော ဟာသ/ဒရာမာ ဇာတ်ကားသစ်လေးပဲဖြစ်ပါတယ် Telugu မင်းသား Kartikeya Gummakonda သရုပ်ဆောင်ထားပါတယ် 2012 ဆိုတာ တစ်ချိန်က နာမည်ပေါက်သွားခဲ့တဲ့ Hollywood ကမ္ဘာပျက်ဇာတ်လမ်းပါ ဒီကားလေးကလည်း အဲဒီ 2012 ဒီဇင်ဘာ 21ရက်နေ့အကြောင်းကိုသတင်းမီဒီယာတွေ တကြော်ကြော်ပြောနေတာတွေနဲ့ စတင်ထားပါတယ် Bedurulanka ဆိုတဲ့ ရွာလေးက ပညာတတ်နည်းပါးပြီး အုပ်ချုပ်ရေးမှူးကအစ တကယ့်သောက်တလွဲပါ ထိုအချိန်မှာ မီဒီယာရဲ့စကားတွေကို ထပ်ဆင့်ခုတုံးလုပ်ပြီး စီးပွားရှာချင်တဲ့ လူတစ်စုကလည်း ရှိနေပြန်ပါတယ် ရှီဗာဆိုသူက ရွာမွေးခြံပေါက်ဆိုပေမဲ့ မြို့မှာ ရုပ်ရှင်ဇာတ်ကားတွေအတွက် CGI effect တွေပြုလုပ်တဲ့ artist တစ်ယောက်ဖြစ်ပါတယ် ရွာမှာတော့ သူချစ်ရတဲ့ မိန်းကလေးကျန်နေခဲ့ပါတယ် တစ်နေ့ လက်ပေါက်ကပ်တဲ့ စီးပွားရှင် နဲ့ အနုပညာသမား ရှီဗာနဲ့ စကားအဝေ မတည့် ဖြစ်ပြီး ရှီဗာတစ်ယောက် အလုပ်ကထွက်လို့ ရွာပြန်လာပါတော့တယ် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ အတိုင်း ဘေးဒုက္ခရောက်မယ်ဆိုကာမှ | အသွင်ပေါ်လာတဲ့လူတွေရဲ့ ကိုယ်ကျင့်တရားကို ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါးပဲ အပန်းပြေအောင်ရိုက်ကူးထားပါတယ် အညွှန်းကို KKKZ မှရေးသားထားပြီး ဘာသာပြန်သူတွေကတော့ KKKZ ~ ToMo ~ Alex ~ Dee တို့ပဲဖြစ်ပါတယ်

6.3 2012
Bedurulanka (2023)
Head Count
5.5

ဇာတ်လမ်းအကျဉ်းကတော့ ကျောင်းခဏတာပိတ်တဲ့အတွက် အဲဗန်ဟာ အစ်ကိုဖြစ်သူပေတန်ဆီကို အတူနေဖို့ထွက်လာပါတယ်။ ပေတန်က ဥယျာဉ်မှာ သဘာဝတရားကိုခံစားရင်းနဲ့အေးချမ်းတည်ငြိမ်တဲ့ ဘဝကိုတည်ဆောက်နေပါတယ်။ အဲဗန်လည်းရောက်သွားတော့ ပေတန်က ညီဖြစ်သူနဲ့အတူအချိန်ကုန်ချင်တဲ့အတွက် ဥယျာဉ်ထဲမှာတောင် တက်ဖို့ပြောတယ်။ ညီအစ်ကိုနှစ်ယောက် စကားပြောရင်းနဲ့ခရီးဆက်လာကြပြီး တောင်ကုန်းတစ်နေရာအရောက်မှာ လူငယ်တစ်ချို့နဲ့ဆုံဖြစ်တယ်။ အဲဗန်ဟာ အဲ့အဖွဲ့က ဇိုး ဆိုကောင်မလေးကိုသဘောကျသွားတယ်။ ဒါကို ဇိုး ရဲ့သူငယ်ချင်း ကမ်မီးလ်က သတိထားမိပြီးဝင်ရောက်ကြံဖန် ပေးလိုက်တဲ့အခါ တစ်ဖွဲ့လုံးနဲ့ခင်သွားတယ်။ညနေစောင်းပြန်ကြတဲ့အခါ ကမ်မီးလ်က အဲဗန်နဲ့ပေတန်ကိုသူတို့ဆီလာဖို့ဖိတ်ခေါ်တယ်။ ပေတန်ကမလိုက်ပေမယ့်ညီဖြစ်သူကို သွားခွင့်ပြုလိုက်တယ်။ ညအရောက်မှာတော့ လူငယ်တွေပီပီသောက်စားမူးယစ်ကြရင်းနဲ့ သရဲအကြောင်းပြောကြတယ်။ အဲဗန်အလှည့်လည်းရောက်ရော မပြောတတ်တာနဲ့ အင်တာနက်ပေါ်က ဇာတ်လမ်းတစ်ပုဒ်ကို ကျပန်းရွေးပြီးဖတ်ပြလိုက်တယ်။ အမှတ်မထင် အဲဗန်ဖတ်ပြတဲ့ ဇာတ်လမ်းက မကောင်းဆိုးဝါးဆင့်‌ခေါ်တဲ့ မန္တာန်ပါနေတဲ့အခါမှာ…….. File size…1.09 GB / 513 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 30m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Drama
5.5 2018
Head Count
Vengeance
6.5

Vengeance (2009) ~ IMDb – 6.5/10, Rotten Tomatoes – 68% ~ Directed by “Johnnie To” ဂျွန်နီတိုဟာ အတော်ဆုံး ဟောင်ကောင်အက်ရှင်ဒါရိုက်တာတွေထဲပါပေမဲ့ သူ့တင်ပြပုံက ကျန်တဲ့အတော်ဆုံးတွေနဲ့ မတူအောင်ကွဲပြားနေသလို ဂိုဏ်းတွေကြားက ပြဿနာတွေကို ရက်ရက်စက်စက် လှလှပပ ပြနိုင်တဲ့ ဒါရိုက်တာပါပဲ။ ပုဂ္ဂလိကအမြင်အရတော့ ဟောင်ကောင် Crime Action လိုင်းမှာ သူ့ထက်သာတဲ့လူရှိတယ်လို့ မမြင်မိဘူး။ သူ့အရသာမျိုးရိုက်နိုင်တဲ့ ဒါရိုက်တာကိုလည်း မမြင်ဖူးဘူး။ ယုတ်စွအဆုံး လက်ရှိခေတ်ထနေတဲ့ K Industry မှာတောင် Infernal Affairs ကို မူရင်းထက် လူကြည့်ပျော်အောင် ခဏခဏဆိုသလို ရိုက်ပြနေကြပေမဲ့ ဂျွန်နီတိုလိုတစ်ကားလောက်ရိုက်ပြနိုင်တဲ့လူမရှိဘူး။ အဲဒီကားတွေထဲမှာ Vengeance ကတော့ ထူးထူးခြားခြားပါပဲ။ ဂျွန်နီတိုက ဒီကားမှာ သူသုံးနေကျလူတွေဖြစ်တဲ့ Anthony Wong, Gordon Lam, Lam Suet နဲ့ Simon Yam တို့ကိုထည့်သုံးထားပေမဲ့ အဓိကဇာတ်ကောင်ကတော့ ပြင်သစ်လူမျိုး အဆိုတော်သရုပ်ဆောင် Johnny Hallyday ဖြစ်နေတယ်။ သူ့သမီးနဲ့သမက်ရော မြေးနှစ်ယောက်လုံးကိုရော တရုတ်လူသတ်သမားတွေက သတ်သွားလို့ မကာအိုကို လာပြီး သတ်တဲ့တရားခံကိုရှာပြီး လက်စားချေဖို့ အန်သိုနီဝေါင်တို့ အုပ်ကို သူပိုင်သမျှအကုန်ပေးပြီး ငှားလိုက်တဲ့ အဘိုးကြီးတစ်ယောက်ရဲ့ လက်စားချေတဲ့ဇာတ်ပေါ့။ နာမည်နဲ့တော့ ကွက်တိပါပဲ။ ဒီကားက ဂျွန်နီတိုရဲ့ အကောင်းဆုံး ၇ကားစာရင်းလောက်တော့ ဝင်လိမ့်မယ်။ အန်သိုနီဝေါင်ပါခဲ့ဖူးတဲ့ Exiled က အရသာမျိုးခပ်ဆင်ဆင်ပဲထပ်ရတယ်။ အဲဒီကလိုပဲ အသတ်အဖြတ်တွေကြားက ကကျိုးကကြောင်အဖြစ်တွေလည်း ပါတယ်။ ကကျိုးကကြောင်ဆိုတာက ဒီဂိုဏ်းစတားတွေက အဘိုးကြီးမိသားစုကို သတ်သွားတဲ့ အုပ်ကို လိုက်သတ်တယ်။ ၂ဖက်စလုံးထိခိုက်ပြီး ပြန်လာရတယ်။ သူတို့နားနေတုန်း သူတို့ဘော့စ်က သူတို့ဆီဖုန်းဆက်ပြီး သူ့လူတွေကို လူတစ်အုပ်က တိုက်နေကြောင်းအထိနာနေကြောင်းပြောပြီး သွားကူခိုင်းတယ်။ နောက်ဆုံးပြောသွားတာက တရုတ်လေးကောင်နဲ့ နိုင်ငံခြားသားတစ်ကောင်ပါတဲ့အုပ်တဲ့။ သူတို့ကိုပဲပြောနေတာ။ ဒီတော့ သူတို့က နေရာမေးပြီး သွားသတ်ပစ်လိုက်ရော။ စားတော့စားတယ်။ ဒါပေမဲ့ ဒီလိုကကျိုးကကြောင်တွေက ဂျွန်နီတို့ ဂိုဏ်းစတားကားတွေမှာ ကျွန်တော်တို့မြင်နေကျပဲ။ နောက် ဂိုဏ်းစတားတွေရဲ့ သတ္တိတွေ သစ္စာတွေလည်းပါတယ်။ ပြင်သစ်အဘိုးကြီးက ခေါင်းမှာကျည်ဝင်နေတော့ သူအပ်ထားတဲ့အလုပ်ကို သူမေ့နေတာတောင် သူတို့လက်ခံထားတဲ့အလုပ်အတွက် သူတို့သေနိုင်မှန်းသိပေမဲ့ ရဲရဲကြီး အသေခံသွားတဲ့ ဂိုဏ်းစတားတွေအကြောင်းပေါ့။ ဂျွန်နီတိုရဲ့ ထုံးစံအတိုင်း ပုံမှန်အက်ရှင် ဒါရိုက်တာတွေပြနေကျမဟုတ်တဲ့ ဇာတ်ကွန့်တွေ ကကျိုးကကြောင်အဖြစ်တွေနဲ့ ကြည့်ရမယ့် ဂိုဏ်းစတားအက်ရှင်ကားပဲ။ ဂျွန်နီတို့ရုပ်ရှင်တွေကို ကြိုက်ရင်တော့ Vengeance (2009) ကတော့ လုံးဝလက်လွတ်ခံလို့မဖြစ်တဲ့ ရုပ်ရှင်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 985MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 48Min Genre – Action, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Mystery
6.5 2009 108 mins
Vengeance
How to Rob a Bank
6.6

How to Rob a Bank (2024) IMDb – 6.6/10 ၁၉၉၀နှောင်းပိုင်းခုနစ် ဆီအာတယ်မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်တွေကို အခြေခံတဲ့ မှုခင်းမှတ်တမ်းရုပ်သံကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ရဲ့ နံပါတ်တစ်အလိုရှိဆုံး ဘဏ်ဓားပြကြီး ဟောလိ၀ုဒ်။ သူ့ကိုဟောလိ၀ုဒ်လို့ နာမည်ပြောင်ပေးထားရတာက ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာလို ရုပ်ပြောင်းရုပ်လွဲ ပိုင်နိုင်လွန်းလို့။ Point Break (1991)ရုပ်ရှင်ထဲက ဇာတ်ကောင် Bohdiက သူ့ကိုဒီဘဏ်ဓားပြမှုတွေ လုပ်နိုင်စေဖို့ လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ ဟောလိ၀ုဒ်ရဲ့ နာမည်အရင်းက စကော့စကားလော့ခ်။ အစပိုင်းမှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ဓာတုဗေဒဓာတ်ခွဲခန်းမှာ သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့တာက Breaking Badထဲက ဆရာကြီးဝေါ်တာဝှိုက်လိုမျိုး သန့်စင်လှတဲ့ crystal methတွေ ဖန်တီးစေတတ်ခဲ့တာပါပဲ။ ကျောင်းနားရက်တွေမှာ ကျောင်းဓာတ်ခွဲခန်းထဲခိုးဝင်ပြီး မူးယစ်ဆေးချက်တာကို ပရော်ဖက်ဆာတွေမိသွားချိန်မှာ အပြီးတိုင်ကျောင်းနားလိုက်ရပါတယ်။ ဒီမှာပဲ စကော့ချက်တဲ့ မူးယစ်ဆေးတွေက ပြည်နယ်ထဲမှာတော့ အကောင်းဆုံးဆိုပြီး နာမည်ကြီးပေမဲ့ ဆေးဖြန့်တဲ့လူအသတ်ခံလိုက်ရချိန်မှာတော့ စကော့ရဲ့မူးယစ်ဆေးချက်လုပ်တာ တစ်ခန်းရပ်ခဲ့ပါတယ်။ ဒီမှာပဲ အားနေတဲ့ချိန် ရုပ်ရှင်တွေကြည့်ရင်း ဘဏ်ဓားပြဖို့စိတ်ကူးပေါ်လာရာကစလို့ FBIရဲ့ နံပါတစ်အလိုအရှိဆုံး ဘဏ်ဓားပြကြီးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alexတို့ပဲဖြစ်ပါတယ်)

6.6 2024 87 mins
How to Rob a Bank
Declaration of War
7

‘ချစ်ခြင်းဖြင့်ဖွဲ့သီသော’ CM ပရိတ်သတ်ကြီးရေ ဇာတ်လမ်းထဲက မိဘတစ်ယောက်ရဲ့ သောကဗျာပါဒမီးဟာ ကြည့်ရှုသူကိုကူးစက်လာအောင်အထိ ရိုက်ပြတဲ့ဇာတ်လမ်းမျိုးမြည်းစမ်းကြည့်လိုပါသလား။ မိဘတွေဟာ သားသမီးအပေါ်ဘယ်လိုပေးဆပ်ကြောင်း မိနစ် ၁၀၀ လောက် ကောင်းကောင်းကြီးတွေ့ကြုံလိုပါသလား။ ဒါဆိုရင်တော့ ဒီရုပ်ရှင်လေးနဲ့ကိုယ်တိုင်ခံစားကြည့်ပါလို့ပြောပါရစေ။ ဇာတ်ကားနာမည်က စစ်ကြေညာစာတမ်းတဲ့ ဒါပေမယ့် ဘယ်စစ်ပွဲမှလည်းမတိုက်သလို သတ်တာပုတ်တာလည်းတစ်ခုမှမပါပါဘူး။ ရှိတ်စပီးယားရဲ့ရိုမီယိုနဲ့ဂျူးလိယက်ဟာ အချစ်အတွက်မိဘတွေကိုစစ်ခင်းခဲ့ကြသလိုပဲ (တင်စားပြောတာဟ) ဒီတစ်ခေါက် IMDB 7 ရရှိထားပြီး ၂၀၁၁ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ထဲက ရိုမီယိုနဲ့ဂျူးလိယက်တို့ဟာလည်း သူတို့သားလေးအတွက် Brain Tumor နဲ့စစ်ခင်းရင်း မေတ္တာဆိုတာဘာလဲနဲ့ သစ္စာတွေ ယုံကြည်မှုတွေဆိုတဲ့ စကားလုံးတွေကိုနောက်ခံတေးဂီတကောင်းကောင်းနဲ့ ဆွတ်ပျံ့ဖွယ်ဖော်ကျူးထားတာကိုရှုစားရမှာပဲဖြစ်ပါတယ်။ တင်ပြပုံကောင်းသလို ပိုပြီးအံ့သြဖို့ကောင်းတာက ဒီရုပ်ရှင်ထဲကမင်းသားမင်းသမီးဟာ အပြင်မှာတကယ့်လင်မယားတွေဖြစ်ပြီး ဒီရုပ်ရှင်ထဲကအဖြစ်အပျက်တွေဟာလည်း တကယ့်လက်တွေ့ဘဝက သူတို့ရဲ့ကင်ဆာရောဂါရှင်သားဦးလေးနဲ့အတူ ဘဝဖြတ်သန်းခဲ့ရပုံဖြစ်ရပ်မှန်တွေကိုရိုက်ပြထားတာဖြစ်ပါတယ်။ ဒီတော့ အများကြီးမညွှန်းတော့ဘူး။ တစ်ခုပဲသတိပေးချင်တာက ပြင်သစ်ရုပ်ရှင်တို့ရဲ့ထုံးစံအတိုင်း အသံက ရုတ်တရက်ဆောင့်ဆောင့်ထွက်လာတတ်တာလေးတစ်ခုပါပဲ။ ကျွန်တော်ကတော့ Alex666 ပါ။ ရှုစားလိုက်ကြပါဦး။ File size…(1.6 GB)/(800 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:40:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alex666

Thriller • Horror
7 2001 100 mins
Declaration of War
Brother
7.1

Brother (2000) IMDb Rating (7.1) / Rotten Tomatoes (47%) Brother ဆိုတာ တကာရှီ ကီတာနိုရဲ့ ဒါရိုက်တာအဖြစ်နဲ့ ဂျပန်-အမေရိကန် ယာကူဇာဇာတ်ကားတစ်ကားပါ။ ယာကူဇာအဖွဲ့ပြိုကွဲပြီးတဲ့အခါ ယမမတိုဆိုတဲ့ ဇာတ်လိုက်က ဂျပန်ကို စွန့်ခွာပြီး လော့စ်အိန်ဂျလိစ်ကို သွားရပါတယ်။ အဲဒီမှာ သူ့ညီဖြစ်သူ ကင်ကို ရှာဖွေပြီး မိမိရဲ့အခြေခံကို ပြန်တည်ဆောက်ဖို့ ကြိုးစားပါတော့တယ်။ ယမမတိုအနေနဲ့ တကာရှီ ကီတာနိုရဲ့ သရုပ်ဆောင်မှုက တကယ်ကိုအေးဆေးတည်ငြိမ်နေတာနဲ့ ကြမ်းတမ်းမှုတွေကို တစ်ပြိုင်နက်တည်းပေးစွမ်းနိုင်တာ အံ့သြစရာပါပဲ။ ဇာတ်လမ်းက မိသားစုတန်ဖိုး၊ သစ္စာရှိမှု၊ ယာကူဇာရဲ့ယဉ်ကျေးမှုတွေအပြင် အကြမ်းဖက်မှုရဲ့ကျိန်စာတွေကိုပါ ထိထိရောက်ရောက် ဖော်ပြထားပါတယ်။ ဂျပန်ယာကူဇာယဉ်ကျေးမှုနဲ့ အမေရိကန်လမ်းသရဲဂိုဏ်းတွေ ပေါင်းစပ်မှုကလည်း တမူထူးခြားတဲ့ ပုံစံတစ်ခုကို ဖန်တီးပေးနိုင်ပါတယ်။ ဇာတ်လမ်းရဲ့အဆုံးသတ်ကတော့ ဝမ်းနည်းစရာဖြစ်စေနိုင်သလို တကယ်တန်ဖိုးရှိတဲ့ သင်ခန်းစာကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ရိုက်ချက်ကလည်း ရိုးရှင်းပြီး တကာရှီရဲ့ထုံးစံအတိုင်း ဟာသနဲ့ ကြမ်းတမ်းမှုတွေကို သေချာပေါင်းစပ်ထားတာဆိုတော့ ကြည့်ရတာ တကယ်ပျော်ဖိုလည်းကောင်းသလိုအထာလည်းကျပါတယ်။ ယာကူဇာဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ Brother ကို လက်မလွှတ်ဘဲ ကြည့်သင့်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(4 GB) / (1.3 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Crime,Drama,Thriller Duration….01:53:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

7.1 2000 114 mins
Brother