YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Midnight Museum (2023) (Ep9)_720p.mp4

254.86 MB N/A video/mp4 123 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Boy, the Mole, the Fox and the Horse
8.4

IMDb Rating - 8.0/10 ကြာချိန် ၃၄မိနစ်သာရှိတဲ့ Animation ဇာတ်လမ်းတိုလေးတစ်ပုဒ် ဖြစ်ပါတယ်။ လမ်းပျောက်နေတဲ့ကောင်လေးတစ်ယောက်ရယ်၊ ကိတ် မုန့်ကြိုက်တဲ့ပွေးတစ်ကောင်ရယ်၊ စကားနည်းတဲ့မြေခွေးတစ်ကောင် ရယ်၊ ဆွတ်ဆွတ်ဖြူတဲ့မြင်းတစ်ကောင်ရယ်။ ဒီ Animation လေးထဲမှာ ကောင်လေးဟာ လမ်းပျောက်နေတယ်။ ဒီလိုနဲ့ပွေးတစ်ကောင်နဲ့ဆုံတယ်။ မြေခွေးတို့ မြင်းတို့နဲ့ ထပ်ဆုံပြီး ကောင် လေးလိုချင်တဲ့အိမ်ကို လိုက်ရှာပေးကြတယ်။ ဇာတ်လမ်းလေးကဒါပါပဲ။ သို့သော်........။ "မင်းပြောဖူးသမျှထဲ အရဲရင့်ဆုံးစကားကဘာလဲ"၊ "ကူညီပါ"။ တစ်ယောက်တည်း မလုပ်နိုင်တာတွေ ကြုံရတဲ့အခါ အကူအညီတောင်းပါ။ အကူအညီတောင်းတာက အရှုံးပေးတာမဟုတ်ပါဘူး။ ရှက်တာလိုလိုနဲ့ မာန ခံပြီး ပေတေနေမှသာ တကယ်ရှုံးသွားမှာပါ။ လူတိုင်းလမ်းပျောက်တတ်ကြတယ်။ ကိုယ့်ကိုယ်ကိုယ် လမ်းပျောက်လို့ပျောက် နေမှန်း သိရင်ခင်ဗျားတော်တယ်။ တစ်ချို့ လမ်းပျောက်တာကျ အပျင်းကြီးပြီး ထိုင်နေလို့ လမ်းပျောက်တာမဟုတ်ဘူး။ ရှေ့ဆက်သွားနေလို့၊ မရပ်တန့်ဘဲ ဆက် ကြိုးစားနေလို့သာ လမ်းပျောက်တာ။ ဇာတ်ကောင်အားလုံးပေါင်းမှ ၄ကောင်တည်း။ ကြာချိန်ကလည်းနာရီဝက်သာ သာတည်း။ ဒါပေမယ့် တဒင်္ဂနစ်မျောသွားစေမယ့် မျက်လုံးအေးစေမယ့် ဇာတ် လမ်းလေး။ ကြည့်ပြီးသွားရင် တွေးစရာတစ်ခုခု၊ ရလဒ်အဖြေတစ်ခုခုကျန်ခဲ့ပါ စေကြောင်း.....။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin Lynn ဖြစ်ပါတယ်) File Size..........(674 MB) Quality............WEB-RIP 1080p Duration.........32mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Family Translator.......Ngwe Zin Encoder..........SWM

Drama • Fantasy
8.4 2022 34 mins
The Boy, the Mole, the Fox and the Horse
The Big Hit
5.9

The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ် ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း သူ့အရှိန်နဲ့သူသွားနေတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ကြည့်နေရင်း အချိန်ကုန်သွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး၊ နောက်ဆုံးအနေနဲ့ထပ်ဖြည့်ပြီးပြောရရင် ခဲခိုနေရာမှာသရုပ်ဆောင်တဲ့ ကောင်မလေးတော်တော်ချောတယ်ဗျာ။ ဇာတ်လမ်းဇာတ်သွားကလည်း ကောင်းတဲ့ထဲပါပြီး မင်းသားကလည်းကောင်း၊ မင်းသမီးကလည်းချောတော့ ကြည့်သာကြည့်လိုက်ပါတော့ဗျို့။ File size…(1.74GB)  / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:31:00 Genre... Comedy / Crime /  Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

5.9 1998 91 mins
The Big Hit
In the Shadow of the Naga
6.5

ပန် ပေါ် စင်ဆိုတဲ့သူငယ်ချင်းသုံးယောက်ဟာ ငွေသယ်ဆောင်လာတဲ့ကားကို ဓားပြတိုက်ခဲ့ပြီး ရဲတွေလိုက်ဖမ်းတာခံရလို့ ပေါ်ဟာငွေအိတ်ယူသွားပြီး ပါလွမ့်ဘုန်းကြီးကျောင်းမှာဖွက်ထားခဲ့ပါတယ် ပေါ်နဲ့ပန်ဟာ မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးချင်လို့ စင်နဲ့ပေါင်းပြီးဓားပြတိုက်ဖို့ဆုံးဖြတ်ခဲ့တာပါ ဒါပေမယ့် ဘုန်းကြီးကျောင်းကိုပြန်လာတဲ့အချိန်မှာတော့ ပေါ်ငွေအိတ်ဖွက်ထားတဲ့နေရာမှာ ကျောင်းတော်ကြီးဆောက်ထားပါတယ် ဒါနဲ့ပဲ ဘုန်းကြီးကျောင်းမှာငွေအိတ်ရှာဖို့အတွက် နေနိုင်တဲ့တနည်းကတော့ ဘုန်းကြီးဝတ်တာပါပဲ ဘုန်းကြီးအတုအနေနဲ့ဘုန်းကြီးကျောင်းမှာနေနိုင်ဖို့ စင်ဟာ ဆရာတော်ချင့်ကို သူနဲ့ပန်ကိုဘုန်းကြီးဝတ်ပေးဖို့ဖိအားပေးပါတော့တယ် ဒီလိုနဲ့ပဲ စင်နဲ့ပန်ဟာဘုန်းကြီးအတုတွေလုပ်ပြီး ငွေအိတ်ကိုရှာနေခဲ့ပါတယ် ငွေအိတ်ကိုရှာနိုင်ပါ့မလား ရဲတွေရော သူတို့ကိုဖမ်းနိုင်မလား ပေါ်နဲ့ပန်ရော မျက်မမြင်အမေကို မျက်လုံးခွဲစိတ်ပေးနိုင်မလားဆိုတာ ဇာတ်ကားထဲမှာကြည့်ရှူလိုက်ရအောင်ပါနော် ? File Size__(1.6GB) Quality__1080p IMDb Rating__6.8/10 Format__mp4 Duration__01:32:00 Type__Action, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Nang Mwe Kham Encoded by Naing Aung Latt

Action • Adventure
6.5 2008 92 mins
In the Shadow of the Naga
Crazy Beautiful You
6.9

KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့... ဂျက်ကီဆိုတဲ့ ကောင်မလေးဟာ ငယ်ငယ်ကတည်းက မိခင်ထားသွားတာခံခဲ့ရပြီး အဖေနဲ့အတူနေခဲ့ရတယ်။ သူ့ကို ထားသွားရပါ့မလားဆိုပြီး အမေဖြစ်သူကို နာကျည်းရင်း ဂျစ်ကန်ကန် ကောင်မလေးအဖြစ် ကြီးပြင်းလာခဲ့တာပေါ့။ တစ်နေ့ သူ အချုပ်ထဲ ခဏရောက်နေတဲ့အချိန်မှာ အမေဖြစ်သူက ရောက်လာပြီး သူ့ကို အချုပ်ထဲကထုတ်ပေးသွားတယ်။ နောက်ပြီး သူနဲ့အတူလာနေဖို့ ခေါ်သွားခဲ့တာပေါ့။ နောက်တစ်ရက် သူ့အမေဆီသွားဖို့ အစ်ကိုဖြစ်သူက လာကြိုတဲ့အချိန် ဂျက်ကီဟာ လမ်းတစ်နေရာမှာ ကားရပ်ခိုင်းပြီး ထွက်ပြေးဖို့ ကြိုးစားတော့တယ်။ အဲဒီမှာ ကီကိုဆိုတဲ့ကောင်လေးနဲ့ စတွေ့တော့တာပါပဲ။ ကီကိုဆိုတာက မြို့တော်ဝန်ရဲ့သားဖြစ်ပြီးတော့ ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့အစည်းမှာ မြို့တော်ဝန်အစား ကူလုပ်ပေးနေတဲ့ ကောင်လေးတစ်ယောက်ပါ။ မြို့တော်ဝန်ရဲ့သားဆိုပေမဲ့ တရားဝင်အသိမှတ်ပြုခံရတဲ့သူမဟုတ်ဘဲ တန်ထမ်းတစ်ယောက်လိုပဲ သဘောထားခံရသူပါ။ သူက အသက်အများကြီးငယ်တဲ့ မောင်နှမတွေနဲ့ မိသားစုအရေးဆို စိတ်မဝင်စားတဲ့ အမေဖြစ်သူကြားမှာ ခေါင်းခံတာဝန်ယူနေရတဲ့ ကောင်လေးဆိုလည်း မမှားပြန်ပါဘူး။ ဒါပေမဲ့ ကီကိုက အရာရာကို အကောင်းမြင်တဲ့စိတ်နဲ့ပဲ ကြည့်တတ်ပြီး အရမ်းသဘောကောင်းတဲ့သူပေါ့။ ဒီလိုမျိုး ဘဝဒဏ်ရာကိုယ်စီနဲ့ ဂျက်ကီနဲ့ ကီကိုတို့က ဂျက်ကီအမေရဲ့ ပရဟိတအဖွဲ့မှာ အလုပ်အတူတွဲလုပ်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုမျိုး စိတ်သဘောထားချင်း မတူညီတဲ့နှစ်ယောက်က အလုပ်အတူ တွဲလုပ်တဲ့အခါ ဘယ်လိုမျိုးတွေ ကြုံတွေ့ကြရမလဲ၊ ဂျစ်ကန်ကန် ကောင်မလေး ဂျက်ကီကရော ဘယ်လိုပြောင်းလဲသွားမလဲ၊ နှစ်ယောက်သားကရော နီးစပ်သွားနိုင်မလား၊ ဘယ်လိုအလှည့်အပြောင်းတွေ ကြုံတွေ့ကြမရမလဲဆိုတာကို Crazy Beautiful You ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Elizabeth Khant မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/81 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.8 GB)/(1.2 GB) Quality…WEB-DL AMZ (Clean Version) 1080p / 720p Format…mp4 Duration….01:54:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Elizabeth Khant

Action • Crime • Thriller
6.9 2015 115 mins
Crazy Beautiful You
(21+) The Love Machine
4.7

မိန်းမတယောက်ရဲ့အငြိုး လုံးကြီးပေါက်လှ အမေရိကန်ပျိုဖြူတွေရဲ့အလှကို အတိုင်းသား အားပါးတရခံစားကြည့်ရအောင် မိန်းမတွေအငြိုးကြီးလာရင် အရမ်းကြောက်စရာကောင်းပြီး သွေးအေးအေးနဲ့ ဘယ်လို‌တွေကြံစည်တက်လဲဆိုတာ ဒီ ဇာတ်ကားလေးကို နမူနာအနေနဲ့ ကြည့်ပြီးသိနိုင်ပါတယ် အိမ်ထောင်သည်ဘဝကြာလာရင် မိန်းမတွေက လိင်စိတ်ကုန်လာ တာဟာ သဘာဝပဲလို့ဆိုပါတယ် ဒါပေမဲ့ ယောင်္ကျားတယောက်အတွက်တော့ ဒါဟာ အင်မတန်မှဖြေရှင်းရခက်တဲ့ ကိစ္စပဲလေ ဒါပေမဲ့ကံကောင်းထောက်မစွာပဲ သူတို့မြို့လေးမှာ ဒေါက်တာဘရက်ရှောနဲ့ သူရဲ့ အချစ်စက်လို့ခေါ်တဲ့ ကိရိယာတခု နာမည်ကြီးနေပါတယ် သူက လိင်စိတ်ကုန်နေတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေကို အထူးကုသပေးနေတာဖြစ်ပါတယ် သူ့ရဲ့လူနာ‌တွေက သူနဲ့တွေ့ပြီးနောက်ပိုင်း ဖလန်းဖလန်းထလာပြီး ဘယ်လိုတွေပွဲကြမ်းလဲဆိုတာ အရမ်းကြည့်ကောင်းတာမို့ DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် File size…1.5GB / 776MB Quality…1080p / 720p Format…mp4 Duration….1h 21m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi

Comedy • Horror • Romance
4.7 2016 81 mins
(21+) The Love Machine
The Dig
6.9

IMDb Rating - 7.1/10 "ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxons‌တွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ဒီဆိုက်ကို ဗြိတန်ပြတိုက်က ကမကထပြုတူးဖော်ခဲ့တာမဟုတ်ဘဲ အီဒစ်ပရီတီလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးမြေပိုင်ရှင်မ တစ်ယောက်က ကမကထပြုပြီး ဘာဆေးဘရောင်းလို့ခေါ်တဲ့ အလယ် တန်းနဲ့ကျောင်းထွက်ခဲ့တဲ့ ရှေးဟောင်းသုတေသနပညာကို ကိုယ်ထူကိုယ်ထ လေ့လာထားတဲ့သူက တူးဖော်ခဲ့တာပါ။ The Dig ဟာ Sutton Hoo ဆိုက်ကို မတူးဖော်ခင် ဘာဆေးဘရောင်းနဲ့ အီဒစ်ပရီတီ စတွေ့ကြတဲ့ အချိန်ကစလို့ ဆိုက်ကို တူးဖော်ရာမှာ ကြုံခဲ့တဲ့ အခက်အခဲတွေ၊ အလယ်ခေတ်က သင်္ဘောစတွေ့တဲ့ အချိန်မှာ ဗြိတန်ပြတိုက်က မောင်ပိုင်စီးလုပ်တာတွေကနေ နောက်ဆုံး ဆိုက်ကရခဲ့တဲ့ ရတနာတွေ ဘာဖြစ်သွားတယ်ဆိုတာအထိ ပြည့်ပြည့်စုံစုံပုံဖော်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ပျိုးချိန်ကိုလည်း ထည့်သွင်းပုံဖော်သွားပြီး ကာရိုက်တာတွေကိုလည်း အီဒစ်ရဲ့ဘ၀နဲ့ ဘာဆေးရဲ့ ဘွဲ့ရမဟုတ်ပေမဲ့ သူ့ပညာကိုချစ်တဲ့စိတ် ၊ ဘွဲ့ရမဟုတ်လို့ လူရာမ၀င်ခဲ့ခြင်းတွေကိုပါ ပြည့်ပြည့်စုံစုံပုံဖော်သွားပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်လုဆဲဆဲကာလမှာ တူးကြတာဆိုတော့ စစ်မခြေအနေနဲ့ သူတို့အခြေအနေကိုလည်း ပေါင်းစပ်ပုံဖော်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ Sutton Hooက ရတနာတွေကို လန်ဒန် မြေအောက်ဘူတာရုံမှာ သိုဝှက်ထားခဲ့ပါတယ်။ သရုပ်ဆောင်တွေကလည်း ဂတ်စ်ဘီရဲ့ဒေစီ Carey Mulligan၊ စင်ဒရဲလား Lily Jamesနဲ့ Schindler's List, The English Patient ,The King's Manက Ralph Fiennesတို့လို နာမည်ကျော် သရုပ်ဆောင် တွေပါပဲ။ Simon Stoneကရိုက်ထားပြီး Biography , History, Drama အမျိုးအစားကားပေမဲ့ စီနီမာ တိုဂရပ်ဖီဟာ အတော်မျက်စိထဲ ၀င်တာကြောင့် ကြည့်ရတာပျင်းဖို့မကောင်းဘဲ ဆွဲဆောင်မှုရှိပါတယ်။ Sutton Hooဆိုက်ကို တူးဖော်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ် အစပျိုးစပြုနေပါပြီ။ စစ်ဖြစ်တော့မှာမို့ တစ်ချို့လုပ်ငန်းတွေကိုတောင် ရပ်နားထားရပါပြီ။ ဘာဆေးရော အီဒစ်ရော ဗြိတန်ပြတိုက်က တာ၀န်ရှိ သူတွေရောဟာ စစ်ထက် ပိုအရေးကြီးတဲ့အရာလို့ ခံယူပြီး ဆက်တူးဖော်ခဲ့ကြတာပါပဲ။ ရုပ်ရှင်ထဲက ဘာဆေးရဲ့ စကားအတိုင်းပြောရရင် "ရှေးဟောင်းသုတေသနဟာ အတိတ်အတွက်မဟုတ်သလို ပစ္စုပ္ပန်အတွက်လည်း မဟုတ်ပါဘူး။ အနာဂတ်အတွက်ပါပဲ။ ‌ဒါမှနောက်မျိုးဆက်တွေက သူတို့ဘယ်ကဆင်းသက်လာလဲသိမှာဖြစ်ပြီး ရှေးဟောင်းသုတေသနဆိုတာ လူတွေကို သူတို့ဘိုးဘေးဘီဘင်တွေနဲ့ ဆက်စပ်ပေးထားတဲ့ ကြိုးပါပဲ။" ထိုနည်း၎င်းပဲ " သမိုင်းသင်တယ်ဆိုတာ မအအောင်လို့"ဆိုတဲ့ ဒေါက်တာသန်းထွန်းစကားအတိုင်းဆို ရှေးဟောင်းသုတေသနဟာ အနာဂတ်အမျိုးဆက်တွေ မအဖို့အတွက်ပါပဲ။ အနာဂတ်အတွက်ပါပဲ။ The Digဟာ မအအောင် ကြည့်သင့်တဲ့ ရှေးဟောင်းသုတေသနကို လက်တွေ့ကျကျ ပုံဖော်ထားတဲ့ ရှားပါးရုပ်ရှင်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.65 GB) / (772 MB) / (502 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, History Translator – WiRa Aung Encoder – SWM

Comedy • Drama
6.9 2021 112 mins
The Dig
Toy Story 4
7.5

ရုပ်ရှင်ချစ်သူတွေထဲမှာ တွိုင်းစတိုရီကို မကြည့်ဖူးဘဲ ကြီးပြင်းလာတဲ့သူဆိုတာ အတော်ရှားပါလိမ့်မယ်။ ငယ်ငယ်တုန်းကတည်းက တွိုင်းစတိုရီကိုကြည့်ပြီး ကိုယ့်အရုပ်လေးတွေ ဘယ်လိုများ အသက်ဝင်မလားမလဲတောင် ချောင်းကြည့်ဖူးကြတဲ့သူတွေ ရှိမလားမသိဘူး။ ဝုဒီတို့ ဘက်ဇ်တို့နဲ့ မိတ်ဆွေတစ်သိုက်ဟာ မိတ်ဆွေတွေတိုးရင်း စွန့်စားခန်းတွေ ဖွင့်ရင်း နေလာခဲ့တာ နှစ်ပေါင်းတွေ ကြာလာခဲ့ပါပြီ။ အရုပ်တွေအတွက ်သူတို့ရဲ့ ပိုင်ရှင် ကလေးငယ်ဆိုတာ ဘဝကြီးပါပဲ။ ဒါပေမယ့် အဲဒီပိုင်ရှင်တွေရဲ့ သက်တမ်းက တိုတောင်းပါတယ်။ သေဆုံးသွားတာ မဟုတ်ပေမယ့်လည်း ကြီးပြင်းလာတဲ့အချိန်မှာ အရုပ်တွေကို စွန့်ပစ်ကြတာ၊ ဒါမှမဟုတ် အခြားကလေးကို ပေးပစ်ကြတာတွေ လုပ်ကြတာပေါ့။ ဒီလိုနဲ့ ဘိုပိ ဟာလည်းအခြားပိုင်ရှင်တစ်ယောက်ဆီကို ရောက်သွားပြီး ဝုဒီတို့နဲ့ ကွဲကွာသွားခဲ့ပါပြီ။ ဒီတစ်ခေါက်မှာလည်း အန်ဒီဟာ ဘွန်နီဆိုတဲ့ ကလေးမလေးဆီကို သူ့ရဲ့အရုပ်တွေ ပေးပစ်လိုက်တာကနေ စတင်ပါတယ်။ ဘွန်နီဟာ အရုပ်လေးတွေကိုချစ်ပြီး နေ့တိုင်းကစားတတ်ပေမယ့် သူ ရွေးနေကျမဟုတ်ဘဲ ချန်ထားခဲ့တဲ့ အရုပ်လေးတွေ ရှိတတ်ပါတယ်။ အဲဒီအထဲမှာ တစ်ချိန်က အန်ဒီရဲ့ အချစ်တော် ဝုဒီလည်း ပါနေတာပေါ့။ ဒီလိုနဲ့ ဘွန်နီလေး ပထမဆုံး မူကြိုကို ကြောက်ကြောက်လန့်လန့်နဲ့ သွားရင်းနဲ့ ဇွန်းခရင်း တစ်ခါသုံးလေးကို ဖော့ကီဆိုတဲ့ အရုပ်အဖြစ် ဖန်တီးလိုက်မိပါတယ်။ ပြီးတော့ အဲဒီ ခရင်းရုပ်လေးက ဘွန်နီရဲ့ မူကြိုကျောင်းမှာ အားပေးမယ် အဖော်လေးဖြစ်လာပါတော့တယ်။ ဒါပေမယ့် ဖော့ကီဟာ မထင်မှတ်ဘဲ ဘွန်နီနဲ့ ကွဲကွာသွားတဲ့အခါမှာတော့ ဝုဒီဟာ ဖော့ကီကို လိုက်ကယ်ဖို့ သူ့မိတ်ဆွေတွေနဲ့ အတူ စွန့်စားခန်းတွေ ဖွင့်ရပါတော့မယ်…. တွိုင်းစတိုရီ-၄ ဟာလည်း အရင်ကားတွေလိုပဲ မိတ်ဆွေစိတ်တွေ၊ အရုပ်တွေနဲ့ ကလေးတွေရဲ့ သံယောဇဉ်တွေကို လှလှပပ ပုံဖော်ထားတာပဲမို့ ကြည့်တဲ့သူတွေ ကြိုက်ကြမှာပါ။ ရုပ်ရှင်ကားကို Little Neo က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Adventure • Animation • Family • Fantasy
7.5 2019 100 mins
Toy Story 4
Ginger Snaps 2: Unleashed
6.4

Ginger Snaps 2: Unleashed (2004) တစ်မှာတုန်းက အဖြစ်အပျက်တွေအပြီးမှာ ဘရစ်ဂျက်တစ်ယောက် သူ့အစ်မလိုဖြစ်မသွားအောင် တိဝုပင်ကိုပဲ အားကိုးနေရပါပြီ။ ဒါပေမဲ့ အဲဒါက ဖြေဆေးမဟုတ်ပဲ အချိန်ဆွဲပေးရုံသက်သက်ဖြစ်တာကြောင့် သူမပြောင်းသွားခင် အချိန်သိပ်မကျန်တော့သလို သူ့နောက်ကိုလိုက်နေတဲ့ သတ္တဝါဆိုးကြီးကလည်း ရှိနေပြန်ပါတယ်။ အရေးထဲ သူ့ကို ဆေးစွဲနေတယ်ထင်ပြီး ဆေးဖြတ်စခန်းကို အတင်းခေါ်သွားခံရတဲ့အခါ … သူ အဲဒီမှာ ဘယ်သူတွေနဲ့ ဘယ်လို စခန်းဆက်သွားမလဲဆိုတာ သည်းထိပ်ရင်ဖို ဆက်ကြည့်ရှုခံစားလိုက်ပါဦး။ ပထမကား ကို မကြည့်ရသေးရင် Ginger Snaps (2000) မှာ ကြည့်လို့ရပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat ပါ။) File Size : 1.9GB, 675MB & 335MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 34mins Genre : Drama, Horror, Fantasy Translated by May Myat Encoded by Kinnov

Action & Adventure • Comedy • Sci-Fi & Fantasy
6.4 2004 94 mins
Ginger Snaps 2: Unleashed
Summer Palace
7.1

Summer Palace (2006) ~ IMDb – 7.1/10, Rotten Tomatoes – 72% ~ Directed By “Lou Ye” Summer Palace ဟာ ထူမန်ဆိုတဲ့ တရုတ်နဲ့မြောက်ကိုရီးယားနယ်စပ် နယ်ဘက်ကျေးဘက်က မြို့ကလေးက ယုဟုန်ဆိုတဲ့ ဆယ်ကျော်သက်မကလေးရဲ့ အချစ်နဲ့ဘဝဇာတ်ကြောင်းလို့ ပြောရမလိုလိုပဲ။ ဇာတ်ကို ၁၉၈၀နှောင်းပိုင်းလောက်မှာ စထားတယ်။ အဲဒီကာလမှာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင် ယုဟုန်ဟာ ပေချင်ကောလိပ်ဝင်ခွင့်ရပြီး နယ်မြို့လေးကနေ ပေကျင်းကို တက်ဖို့အကြောင်းဖန်လာတယ်။ တရုတ်အစိုးရကို ကြောက်လို့ တကယ်မရှိတဲ့ ကောလိပ်နာမည်သုံးထားတာပေမဲ့ ပေကျင်းတက္ကသိုလ်ကိုပဲ ရည်ညွှန်းတယ်ပြောတယ်။ သူ့ရည်းစားကောင်လေးကတော့ နယ်မှာပဲ ကျန်ရစ်ခဲ့တယ်။ ဆယ်ကျော်သက်တွေ သဘာဝအတိုင်း ပေကျင်းကိုမသွားခင် ကောင်မလေးနဲ့ ကောင်လေး လက်တည့်စမ်းကြတယ်။ Lou Ye ဟာ ရှေ့ကရိုက်ခဲ့တဲ့ကားတွေအတိုင်းပဲ ဝတ်လစ်စားလစ်အခန်းတွေ တော်တော်သုံးထားတယ်။ အထူးသဖြင့် ယောက်ျားလေး ဝတ်လစ်စားလစ်တွေဘက် ပိုပြတယ်။ Lou Ye ရဲ့လိင်မှုခန်းတွေဟာ ပီပြင်သမှုနဲ့ နာမည်ကျော်ပြီးသားဆိုတော့ ထွေထွေထူးထူးတော့ ပြောစရာမလိုပါဘူး။ Summer Palace ရဲ့ လိင်မှုခန်းတွေကတော့ ဒီတိုင်းတင်မဟုတ်ဘဲ နိုင်ငံရေးအခြေအနေတွေကိုပါ ပုံဖော်ထားတယ်လည်း ပြောကြတယ်။ ” နွေညနေခင်းမှာတိုက်တဲ့ လေပြေလို ဆိုင်းမဆင့်ဗုံမဆင့်ဆိုက်ရောက်လာတတ်တဲ့ အရာတစ်ခုရှိတယ်။ အဲဒီအရာက လူကို မိုးမမြင်လေမမြင်ဖြစ်အောင်လုပ်နိုင်ပြီး ပူလောင်ခြင်းတွေနဲ့ ထားခဲ့တတ်တယ်။ အဲဒီအရာက ကိုယ့်နောက်ကို အရိပ်လိုလိုက်နေတတ်ပြီး အဲဒီအရာကို ဘယ်လိုမှ ထိန်းချုပ်လို့မရဘူ။း အဲဒီအရာကို ဘာပါလို့တော့ ကျွန်မတပ်အပ်မသိဘူး။ အဲဒီအရာကို ကျွန်မ အချစ်လို့ပဲ အမည်တပ်ပေးနိုင်တယ် “ ကောင်မလေးက စိတ်ကစားတယ်ပဲပြောရမလား သူ့အချစ်ကိုခံယူပုံကပဲ ထူးခြားတယ်ပဲ ပြောရမလားတော့ မသိဘူး။ တက္ကသိုလ်ရောက်တော့လည်း တခြားကောင်လေးတစ်ယောက်နဲ့တွဲတယ်။ ပထမကောင်လေးနဲ့တုန်းက ငယ်သေးလို့လားမသိ ခံစားချက်သိပ်မများဘူးလို့ထင်ရပေမဲ့ ဒီဒုတိယကောင်လေးနဲ့ကျ ကောင်မလေးဟာ တော်တော်လေး ခံစားတတ်လာသလို ကောင်လေးကြောင့် ခံစားရတာတွေလည်းများလာတယ်။ ဒါကို သူ့ Monologue အရှည်ကြီးတွေနဲ့ ပြသွားတယ်။ ထူးတာက ဒီထဲက မိန်းကလေးဇာတ်ကောင်ဟာ ရုပ်ရှင်ဇာတ်ကောင်တစ်ခုဆိုတာထက် ကျွန်တော်တို့ ကြုံနေမြင်နေရတဲ့ မိန်းကလေးတွေနဲ့ စိတ်နေသဘောထား ဘာညာ တော်တော်တူတယ်။ သူ့ Monologue တွေအရဆိုလည်း ဒီအချက်က ပိုသိသာတယ်။ ဒီအတွက် တွဲဖက်အမျိုးသမီးဇာတ်ညွှန်းဆရာမတွေရဲ့ ကျေးဇူးလည်း မကင်းလောက်ဘူး။ ဒီကားရဲ့ ဇာတ်အိမ်ထက် ဇာတ်ကောင်က ပိုအဓိကကျနေတဲ့အတွက် မြင်နေကြုံနေကျ မိန်းကလေးဇာတ်ကောင်မျိုးကို ပေးနိုင်တာကိုက သူ့အရသာဖြစ်နေလိမ့်မယ်။ နောက်ကောလိပ်တက်နေတဲ့ ဇာတ်ကောင်တွေရဲ့ လူငယ်တို့ဘာသာသဘာဝ ကတောက်ကဆတွေ ဝေးကွာခြင်းတွေကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ သူက နိုင်ငံရေးစွတ်လာတယ်။ ၁၉၈၉မှာ ဖြစ်ခဲ့တဲ့ တရုတ်ပြည်ရဲ့ နာမည်ကျော် ထျန်းအန်းမင် အရေးအခင်း ဖြစ်နေတဲ့ကာလနဲ့ ဆက်စပ်ပြသွားတယ်။ ငါတို့နိုင်ငံမှာ ငါတို့ဟာ အကျဉ်းသားတွေပြန်ဖြစ်နေတာကို ကမ္ဘာကသိစေချင်တယ်ဆိုပြီး ပီကင်းတက္ကသိုလ်က ဆရာမတစ်ယောက်က ဒီအရေးအခင်းမှာ ဟောပြောခဲ့သလို လူ ၃၀၀၀လောက်သေခဲ့တဲ့ အရေးအခင်းကြီးပေါ့။ Lou Ye ဟာ အရေးအခင်းနဲ့ လူငယ်တွေရဲ့ ဘဝရဲ့အပြောင်းအလဲတွေကို ယှဉ်တွဲပြသွားခဲ့သလို ဒီရုပ်ရှင်ကို ဝေဖန်ရေးဆရာတွေကတော့ နိုင်ငံရေးနဲ့ ကိုယ်ရေးကိုယ်တာကို အလှပဆုံးရောစပ်ထားတဲ့ ရုပ်ရှင်လို့လည်း ဆိုကြတယ်။ ဒီရုပ်ရှင်ထဲက ကောလိပ်ကျောင်းသားဘဝတွေဟာ ကြည်နူးစရာတစ်ကွက်မှမမြင်မိပေမဲ့ ကောလိပ်ကျောင်းသားဘဝရဲ့ အငွေ့အသက်ကို ရနေတယ်ဆိုတာတော့ ငြင်းမရဘူး။ Zhang Yimou တို့၊ Chen Kaige တို့ မျိုးဆက်အလွန် Jia Zhangke တို့၊ Wang Xiaoshuai တို့၊ Lou Ye တို့ရဲ့ ၆ဆက်မြောက်ထဲ Lou Ye ဟာ ဒီမျိုးဆက်ရဲ့အထင်ရှားဆုံးလူတွေထဲ ပါပါတယ်။ Summer Palace ဟာလည်း သူ့ရဲ့အထင်ရှားဆုံးကားတွေထဲပါတယ်။ ထုံးစံအတိုင်း တရုတ်ပြည်မက ကားပေမဲ့ ကားကောင်းမှန်သမျှ လိုက်ဘန်းပြီး ပေါ်လစီကားပဲ ခွင့်ပြုတတ်တဲ့ တရုတ်ကြီးတို့ဟာ ထျန်းအန်းမင်အရေးအခင်းက Footage တွေကို သုံးထားတဲ့အတွက် ဒီကားကိုဘန်းလိုက်ပြန်တာပါပဲ။ ဒါပေမဲ့လည်း ဒီကားထဲက အချက်အလက်တော်တော်များကတော့ လှီးလွဲသုံးထားတာတွေပါ။ အဲဒီခေတ်မှာ တကယ်မရှိသေးတဲ့ အရာတွေလည်းပါသလို တကယ်မရှိတဲ့နေရာတွေလည်း ပါနေပြန်တာပါပဲ။ ဒါတောင် အပိတ်ခံရပါတယ်။ Lou Ye ဟာ တစ်ကားရိုက်တစ်ကားဆိုသလို အကြောင်းမျိုးစုံပြပြီး တရုတ်အစိုးရ ရိုက်ခွင့်ပိတ်နေရတဲ့ ဘဲပါပဲ။ ဒီကားအပြီးလည်း ငါးနှစ်ထပ်အပိတ်ခံခဲ့ရပါတယ်။ မတတ်နိုင်ခြင်းတွေနဲ့ ကြည့်နေရတဲ့ ကျွန်တော်တို့ခေတ်ထဲ ဖောခြင်းသောခြင်း စီးဆင်းနေတဲ့အရာတွေဟာ ဝေးကွာခြင်းတွေပဲဆိုတော့ တချို့အတွက်တော့ ဒီရုပ်ရှင်ဟာ အနည်းနဲ့အများ တိုက်ဆိုင်နေမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 2H 38Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.1 2006 135 mins
Summer Palace
The Stratum
4.1

The Stratum (2023) ============== ဒီတစ်ခါ CM ပရိတ်သတ်ကြီးတို့ကို တင်ဆက်ပေးမဲ့ကားလေးကတော့ ၂၀၅၀ခုနှစ်နောက်ပိုင်းတွေကို အခြေတည်တဲ့ အနာဂတ်စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ အဲဒီခေတ် လေကနေတဆင့်ကူး စက်တဲ့ ချောင်းဆိုးသွေးပါရောဂါကပ်ကြီးကလည်း ပျံ့နှံ့နေပြီး သူဌေး တွေကတော့ အာကာသထဲကယာဉ်ပျံကြီးတွေပေါ်မှာ သီးသန့်နေကြ ပါတယ်။ အောက်ခြေကလူတွေကို ဓာတ်ရောင်ခြည်တွေသင့်စေပြီး ဂုတ်သွေး စုပ်အမြတ်ထုတ်နေတဲ့ သူဌေးတွေကို ပြန်တော်လှန်တဲ့အဖွဲ့ရယ်၊ အဲ အဖွဲ့က ငှားထားတဲ့ကြေးစားဟက်ကာ ဇာတ်လိုက်ရယ်၊ အာကာသ ထဲက ရွိုက်ကော့ပ်လုပ်ငန်းစုအကြီးအကဲရဲ့ဖွက်ထားတဲ့သမီး(မင်းသ မီး)တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (586 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Sci-Fi Translator……Ngwe Zin Encoder……….SWM

4.1 2023
The Stratum
Don’t Buy the Seller
7.8

Don’t Buy the Seller aka Target (2023) Shin Hye Sun ရဲ့ ဇာတ်လမ်းအသစ်လေး ထွက်လာပါပြီ၊ Kang Tae Oh ကလည်း စစ်မှုမထမ်းခင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းမို့ အလွမ်းပြေလေး ကြည့်လို့ရပါပြီ ဒီဇာတ်လမ်းကတော့ သရဲထက်ပိုကြောက်ဖို့ကောင်းတဲ့ လူတွေရဲ့ လောဘစိတ်ကြောင့်ဖြစ်လာတာကို အခြေခံပြီး ရိုက်ကူးထားတဲ့ Thriller ဇာတ်လမ်းကောင်းကောင်းလေးဖြစ်ပါတယ် လစာနဲ့လည်ပတ်နေတဲ့ လခစားတွေဆိုရင် ပေါချောင်ကောင်းပစ္စည်းလေးတွေကို ရှာဝယ်တတ်ကြပါတယ်.. ဒီဇာတ်လမ်းရဲ့ ဇာတ်လိုက် ဂျန်ဆူဟျွန်းဟာဆိုလည်း အဝတ်လျှော်စက်ကို တစ်ပတ်ရစ် website ကနေမှာလိုက်ရာကနေ မပြီးဆုံးနိုင်တဲ့ ဇာတ်လမ်းစလာပါတော့တယ် တစ်ပတ်ရစ်ဈေးကနေ အလိမ်ခံလိုက်ရပြီးတော့ အဲလူလိမ်ကို ဖော်ထုတ်ဖို့ကြိုးစားရင်းကနေ ဖုန်းနံပါတ်၊ အိမ်လိပ်စာကစလို့ ကိုယ်ရေးအချက်အလက်တွေ အကုန်ပေါက်ကြားသွားပြီး အိမ်မှာနေရတာကိုက ထိတ်တလန့်လန့်ဖြစ်နေရပါတော့တယ် တစ်နေ့တစ်မျိုးမရိုးနိုင်အောင် ဒုက္ခပေးနိုင်လွန်းတဲ့ အဲလူလိမ်ကို ဂျန်ဆူဟျွန်းက ဘယ်လိုအနိုင်တိုက်မလဲ.. ဖြစ်လာသမျှကို ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ကြည့်လိုက်ကြပါဦးနော် အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz & Hmwe ပဲ ဖြစ်ပါတယ် Genre….. Crime, Mystery, Thriller Quality…. 1080p | 720p File size… 1.1GB | 439MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz & Hmwe Encoder ….. Aaron

7.8 2023
Don’t Buy the Seller
Falimy
7

Falimy (2023) “မိစားသု” IMDb 7.1/10 မလေယာလမ်း မိသားစုရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဆိုတဲ့ မိသားစု မမည်ပဲ “Family”ကို “Falimy”လို့ဘာကြောင့်နာမည်ပေးထားရတာလဲဆိုတာ ကြည့်ပြီးတဲ့အချိန်မှာတော့ သဘောပေါက်သွားကြပါလိမ့်မယ်။ အိမ်မှာနေရတာပျင်းလို့ ကာရှီခရီးစဉ်ကိုတစ်ယောက်တည်းထွက်သွားချင်တဲ့အဘိုးအိုတစ်ယောက် .. သုံးခါတိတိ ထွက်ပြေးဖို့လုပ်လည်း အိမ်ကသားတော်မောင်တွေ မြေးတော်မောင်တွေက ဘူတာမှာလိုက်လိုက်ဖမ်းပြီးလို့ အိမ်ပြန်ပြန်လာရသူပေါ့ သူ့ရဲ့သားအကြီးကောင်ကတော့၁၅ကြိမ်လောက်အိမ်ထောင်ဘက်တွေလည်း တစ်ခါမှအဆင်မပြေခဲ့သူ ဒီလိုနဲ့နောက်ဆုံးသူ့ဘဝထဲကျောင်းဆရာမလေးတစ်ယောက်ဝင်လာခဲ့ပါတယ် ရေငတ်တုန်းရေတွင်းထဲကျ မုတ်ဆိတ်ပျားစွဲသလို လူပျိုကြီးရဲ့ကမ္ဘာက ပျားရည်ဆမ်းထားတဲ့ နှင်းဆီပန်းခင်းထားတဲ့လမ်းပေါ်လျှောက်နေရသလို အရာရာအဆင်ပြေနေရာကနေ စေ့စပ်ပွဲပျက်သွားတဲ့အခါမှာတော့ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုဖြစ်ရာကနေ အဘိုးသွားချင်တဲ့ကာရှီကိုလိုက်ပို့မယ်ဆိုပြီးတော့ မိသားစုလိုက်ထွက်လာရာကနေ အလွဲလွဲအချော်ချော်တွေနဲ့ဘယ်လိုဒုက္ခတွေကျော်ဖြတ်ရမယ်ဆိုတာကတော့… (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7 2023 125 mins
Falimy
The Duel
5.5

ဂျူးလိယက်ဆီဇာရဲ့ဝတ်ရုံမှာ ဘရူးတက်စ်ရဲ့ဓားချက်က အနက်ဆုံးဖြစ်နေသလိုပဲ လူရင်းထိုးတဲ့ဓားက ရန်သူထက်ပိုနက်တတ်ပါသတဲ့။ ဆမ် ကယ်ဗင် ဝူဒီ ကောလင်ဆိုတဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးယောက်။ ဒီထဲမှာမှ ဝူဒီနဲ့ကောလင်ကတော့ ညီအစ်ကိုရင်းထက်ပိုတယ်ဆိုတဲ့ သံယောဇဉ်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ ဒါပေမဲ့ ကောလင်တစ်ယောက် ဝူဒီလက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့ အက်ဘီဆိုတဲ့ကောင်မလေးနဲ့ ကောလင်အတူအိပ်လိုက်တယ်ဆိုတာကို ဝူဒီသိသွားချိန်မှာတော့ လှပတဲ့ခင်မင်မှုတွေထဲ မုန်တိုင်းဝင်တော့တာပါပဲ။ အသည်းနှလုံးကိုထိ‌တော့ အူနုကျွဲခတ်သလို ရှူးရှူးရှဲရှဲဖြစ်နေတဲ့ ဝူဒီတစ်ယောက် ကောလင်အဖေရဲ့ နောက်ဆုံးချန်ရစ်ခဲ့တဲ့ပစ္စည်းကို ဖျက်ဆီးလိုက်ချိန်မှာ ပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေး ဒီအချိန်မှာ ဝူဒီတစ်ယောက် ကောလင်ကို လူကြီးလူကောင်းပီပီ သိက္ခာရှိရှိ တစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး သူတို့ကြားက ရန်ကြွေးကိုချေဖို့ စိန်ခေါ်လိုက်ချိန်မှာတော့….. အချစ်နဲ့စစ်မှာမတရားတာမရှိဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်လို့ ဒီနှစ်ယောက်ကြားက စီးချင်းတိုက်ပွဲရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.02GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy

5.5 2023 99 mins
The Duel
The Assessment
7.1

The Assessment (2025) IMDb Rating (7.1) / Rotten Tomatoes (83%) Elizabeth Olsen နဲ့ Himesh Patel တို့ ပါဝင်ထားတဲ့ သိပ္ပံစိတ်ကူးယဉ် ဆိုက်ကိုဒရာမာပါ။ လူနည်းနည်းနဲ့ ဇာတ်လမ်းအဆန်းမျိုးကို ကြိုက်တဲ့သူတွေအတွက် ကွက်တိပါပဲ။ ဒီလို ဇာတ်လမ်းမျိုးလည်း အရင်က မကြည့်ဖူးကြသေးလောက်ပါဘူး။ ဇာတ်လမ်းအကျဉ်း ကမ္ဘာကြီးမှာ သယံဇာတနဲ့ စားစရာတွေကုန်ခါနီး အချိန်မှာ လူတစ်စုက ကမ္ဘာပေါ်မှာပဲ နေရာတစ်ခုကို ဖန်လုံအိမ်ပုံစံတည်ဆောက်ပြီး အသက်ရှင်အောင်နေကြပါတယ်။ အဲဒီ နေရာကို မလာရတဲ့လူတွေကတော့ ကမ္ဘာဟောင်းမှာ စုတ်ပြတ်နေအောင် နေကြရတာပါ။ အဲဒီ ကမ္ဘာသစ်ထဲမှာ လိုတာအကုန် အပြည့်အစုံရရုံမက ဆီနိုစီဒင်းဆိုတဲ့ ဆေးတစ်မျိုးကိုပါ ဖော်စပ်နိုင်ခဲ့ပြီး နေမကောင်းဖြစ်တာတွေ အသက်ကြီးတာတွေ အားလုံးကိုပါ ရပ်တန့်စေခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာသစ်ထဲကလူတွေက တစ်ယောက်အသက်ကို တစ်ယောက် မှန်းလို့မရကြပါဘူး။ အဲဒီနေရာရဲ့ ကန့်သတ်ချက်ကတော့ ကလေးမွေးခွင့်မရှိတာပါပဲ။ ရင်းမြစ်တွေမလောက်မှာဆိုးတဲ့အတွက် ကလေးတစ်ယောက်ယူခွင့်ရဖို့ဆိုရင် ခက်ခက်ခဲခဲ လျှောက်လွှာတင်ရပြီး အရမ်းခက်ခဲတဲ့ စစ်ဆေးမှုကို ခံယူရပါတယ်။ အဲဒီစစ်ဆေးမှုကို အောင်မှပဲ ကလေးမွေးခွင့်ရမှာပါ။ ဒီဇာတ်လမ်းထဲက စုံတွဲကလည်း ကလေးမွေးခွင့်လျှောက်ထားပြီးနောက်မှာ စစ်ဆေးရေးမှူးက အိမ်မှာ ၇ ရက် အတူလာနေပြီး မိဘဖြစ်ဖို့ အရည်အချင်းမီမမီ မျိုးစုံစစ်ဆေးပါတော့တယ်။ ဒီတော့ နောက်ဆုံး ရလဒ်က ဘာဖြစ်မလဲ၊ ဘာလှည့်ကွက်တွေ ရှိနေမလဲဆိုတာ တရစ်ချင်း ဖြည်ပြပါလိမ့်မယ်။

7.1 2025 114 mins
The Assessment